← Chapters

အခန်း (၄၄၉-၄၅၀)

Vol. 29 Ch. 449-450

အခန်း (၄၄၉-၄၅၀)

Vol. 29 Ch. 449-450

အခန်း ၄၄၉ ။ အကောင်းဆုံး ရွေးချယ်မှု

ညဉ့်နက်လှပြီ။

တတိယမင်းသား၏ တဲနန်းအတွင်း၌ ဖယောင်းတိုင်မီးမှာ လင်းထိန်နေဆဲဖြစ်၏။ သူသည် အမှန်တကယ်ပင် ကြိုးစားအားထုတ်သူဖြစ်ရာ ဤအချိန်အထိ စာဖတ်နေဆဲပင်။

ရုတ်တရက် တဲတံခါးဝမှ စကားပြောသံများ ကြားလိုက်ရသည်။ ခနအကြာတွင် အပါးတော်မြဲ ‘လျန်ကျောက်’ အထဲဝင်လာကာ အသံကို နှိမ့်၍ - “မင်းသားလေး... တတိယမင်းသားကြီးရဲ့ သား (အိမ်ရှေ့စံ) က အစေခံအသွင်နဲ့ လာပါတယ်။ မင်းသားလေးအတွက် အဆီအဆိမ့် ပြေစေမယ့် လက်ဖက်ရည် လာပို့တာပါတဲ့” ဟု လျှောက်တင်သည်။

တတိယမင်းသား၏ သူငယ်အိမ်မှာ အနည်းငယ် ကျုံ့ဝင်သွားကာ လက်ထဲမှ စာအုပ်ကို ချလိုက်သည် - “ဝင်ခိုင်းလိုက်ပါ။ ငါလည်း ညစာတုန်းက အသားကင်တွေ အများကြီး စားလိုက်မိလို့ ဗိုက်ထဲမှာ တကယ်ပဲ အင့်နေတာ”

“ဟုတ်ကဲ့ပါ” လျန်ကျောက်က ဦးညွှတ်သည်။ သူ အပြင်မထွက်မီ မင်းသားက ထပ်မံမှာကြားသည် - “သတင်း မပေါက်ကြားစေနဲ့၊ တံခါးကို သေသေချာချာ စောင့်ထားစမ်း”

ဟန်ဆောင်ပန်ဆောင် ဟန်လုပ်မှုများအပြီးတွင် ဟုန်ကဲ့အာသည် ဗန်းကို ကိုင်ဆောင်ကာ တဲထဲသို့ ဝင်လာခဲ့သည်။

“အိမ်ရှေ့စံ ထိုင်ပါဦး၊ ဒီလောက် ညဉ့်နက်မှ ရောက်လာရတာ ဘာကိစ္စရှိလို့လဲ” တတိယမင်းသားက လက်ယမ်းပြသည်။ သူသည် မိမိကိုယ်ကိုယ် အထက်လူကြီး တစ်ယောက်ကဲ့သို့ တည်ငြိမ်အောင် ကြိုးစားနေသော်လည်း၊ ဟုန်ကဲ့အာ မတ်တပ်ရပ်လိုက်သည့်အခါ မိမိထက် ခေါင်းတစ်လုံးသာနေသည့် အရပ်အမောင်းကြောင့် ရင်ထဲတွင် အနည်းငယ်တော့ ရှိန်သွားမိသည်။

လူငယ်နှစ်ဦး၊ တစ်ဦးက ၁၃ နှစ်၊ တစ်ဦးက ၁၅ နှစ်။ သို့သော် နှစ်ဦးစလုံးမှာ သာမန်လူငယ်များကဲ့သို့ စိတ်ထားရိုးရှင်းသူများ မဟုတ်ကြပေ။ ဟုန်ကဲ့အာက ဝတ်ရုံကို မ၍ ထိုင်လိုက်ကာ ပွင့်ပွင့်လင်းလင်းပင် စကားစလာသည် -

“မင်းသားက အိမ်ရှေ့စံနေရာကို လိုချင်နေတယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ မင်းသားရဲ့ လက်ထဲမှာ စစ်အာဏာကို ကိုင်ထားတဲ့သူတွေရဲ့ ထောက်ခံမှု မရှိဘူးလေ။ စတုတ္ထမင်းသားကို မယှဉ်နိုင်ဘူး။ ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ ခမည်းတော်က မင်းသားကို တစ်ဖက်တစ်လမ်းက ကူညီချင်ပါတယ်”

တတိယမင်းသားသည် နောက်မြီးဆွဲထားသော လက်သီးကို တင်းကျပ်စွာ ဆုပ်လိုက်ပြီး အကြည့်များ မှောင်ကျသွားသည် - “နန်ချီရဲ့အိမ်ရှေ့စံဆိုတာ အရည်အချင်းရှိသူကပဲ ရရမှာပါ။ မင်းတို့လို အမတ်တွေက ပါးစပ်ထဲရှိသလို ပြောစရာမဟုတ်ဘူး။ ငါ့မှာ အရည်အချင်းရှိရင် ခမည်းတော်က မြင်မှာပဲ၊ ဘယ်သူ့အကူအညီမှ မလိုဘူး”

“တကယ်လို့ မင်းသားတစ်ယောက်တည်းပဲ ထူးချွန်နေရင်တော့ အရှင်မင်းကြီးက မြင်မှာပေါ့။ ဒါပေမဲ့ စတုတ္ထမင်းသားကလည်း မညံ့ဘူးလေ” ဟု ဟုန်ကဲ့အာက ပြုံးစစဖြင့် စိုက်ကြည့်သည် - “ဒါတင်မကဘူး... အရှင်မင်းကြီးက ကွေ့ဖေးကို ချစ်မြတ်နိုးတာလေ။ ‘ချစ်တဲ့သူရဲ့ အိမ်ခေါင်မိုးပေါ်က ကျီးကန်းကိုတောင် ချစ်တယ်’ ဆိုတဲ့ စကားရှိသားပဲ။ တတိယမင်းသားမှာ ဒီလောက်အထိ ယုံကြည်ချက် ရှိနေလို့လား?”

သူ ပြောလေလေ တတိယမင်းသား၏ မျက်နှာမှာ ပို၍ ညိုမှောင်လာလေဖြစ်သော်လည်း နှုတ်ကတော့ ဘာမှ ပြန်မပြောသေးပေ။ ဟုန်ကဲ့အာကလည်း မလောဘဲ ဆက်ပြောသည် -

“ကျုံးယုံဟို ယဲ့ကျယ်က စစ်သည် သုံးသိန်းကို ကိုင်ထားပြီး မြောက်ဘက်နယ်စပ်ကို စောင့်ကြပ်နေတာပါ။ မင်းသားသာ အိမ်ရှေ့စံနေရာ ရသွားရင်တောင်မှ... အဲဒီနေရာမှာ မြဲမြံအောင် ထိုင်နိုင်ပါ့မလားလို့ မစိုးရိမ်ဘူးလား”

နောက်ဆုံးစကားတစ်ခွန်းက တတိယမင်းသား၏ မခိုင်မာလှသော စိတ်ဓာတ်ကို အပြီးအပိုင် ရိုက်ချိုးလိုက်သည်။ ဟုတ်သားပဲ... ယဲ့မိသားစုမှာ စစ်အာဏာရှိနေတာပဲ။ အကယ်၍ ယဲ့ကျယ်က သူ၏ တူအရင်းဖြစ်သော စတုတ္ထမင်းသားအတွက် စစ်တပ်ကို အသုံးချလိုက်လျှင် မိမိ တောင့်ခံနိုင်ပါ့မလား။ စစ်သည် သုံးသိန်းဆိုသည်မှာ ခမည်းတော်ပင်လျှင် ထည့်တွက်ရမည့် အင်အားဖြစ်ရာ၊ အခြေခံမရှိသော မိမိအတွက်တော့ မတွေးဝံ့စရာပင်။

“ပြောစမ်း... မင်းတို့ သားအဖ ဘာလိုချင်တာလဲ။ ငါပေးနိုင်တာဆိုရင်တော့ ဆွေးနွေးဖို့ လမ်းစရှိတာပေါ့” တတိယမင်းသားက အေးစက်စွာ မေးလိုက်သည်။ ကမ္ဘာပေါ်တွင် အလကားရသော အကျိုးအမြတ် မရှိမှန်း သူ သိသည်။

ဟုန်ကဲ့အာက ပြုံးလျက် ဂါရဝပြုသည် - “မင်းသားက တကယ်ကို ပါးနပ်ပါတယ်။ စိတ်ချပါ... ကျွန်တော့် ခမည်းတော် လိုချင်တာက အများကြီး မဟုတ်ပါဘူး။ နန်ချီမှာ ဧကရာဇ်တစ်ပါးတည်းပဲ ရှိရသလို၊ ကျားစခ်မှာလည်း ‘မင်းသားကြီး’ တစ်ဦးတည်းပဲ ရှိသင့်တာ မဟုတ်လား”

“လွန်ခဲ့တဲ့ နှစ်တွေက ကျွန်တော့်ရဲ့ အဘိုး ‘ကျော်လီခယ့်ထူ’ ဘယ်လို သေခဲ့ရလဲဆိုတာ ကျွန်တော်တို့ မျိုးနွယ်စု တစ်သက်လုံး မမေ့ဘူး။ အောက်ချီ နဲ့ ချင်းကော်အာထိုက်တို့ဟာ ကျွန်တော်တို့ဆီမှာ အသက်ကြွေး ရှိနေတယ်!”

ထိုစဉ်က မင်းသားကြီး ကျော်လီခယ့်ထူမှာ ရည်မှန်းချက်ကြီးမားသဖြင့် နင်ချန်၏ ညွှန်ကြားချက်အရ အခြားမင်းသားကြီး နှစ်ဦးက ပူးပေါင်းသတ်ဖြတ်ခဲ့ခြင်းဖြစ်၏။ သို့သော် နင်ချန်မှာ ကြင်နာတတ်သူဖြစ်သဖြင့် မင်းသားကြီး၏ သမီးငယ် စူးဒီယာ (ကွယ်လွန်သူ ယွီဖေး) ကို ကိုယ်လုပ်တော်အဖြစ် သိမ်းပိုက်ကာ၊ အန်းဟယ်ကျင်းအား ရာထူးဆက်ခံစေခဲ့သည်။ သို့သော် လောဘစိတ်မှာ သွေးထဲမှာ ပါလာခဲ့ပြီဖြစ်ရာ၊ အန်းဟယ်ကျင်းသည် ကျေးဇူးကို မသိဘဲ ‘ကလဲ့စားချေခြင်း’ ကို အကြောင်းပြကာ မိမိ၏ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် ကြံစည်နေခြင်းဖြစ်၏။

ဟုန်ကဲ့အာက အမှန်တရားကို ဖုံးကွယ်ထားသည်။ မိမိတို့ အမှန်တကယ် ကလဲ့စားချေချင်သူမှာ နင်ချန် ဖြစ်ကြောင်းကို တတိယမင်းသားအား သိစေ၍ မဖြစ်ပေ။

“တကယ်လို့ တတိယမင်းသားကြီးက ငါ့ကို ထီးနန်းဆက်ခံဖို့ တကယ် ကူညီနိုင်မယ်ဆိုရင်... ငါ့ဘက်ကလည်း မင်းသားကြီးကို ပြန်ပြီး မျက်နှာသာ ပေးမှာပေါ့” ဟု တတိယမင်းသားက အလေးအနက် ဆိုလိုက်သည်။ ၎င်းမှာ သဘောတူလိုက်ခြင်းပင်။

ဟုန်ကဲ့အာသည် ဒူးတစ်ဖက်ထောက်ကာ ကျားစခ် ရိုးရာအတိုင်း ဦးညွှတ် ဂါရဝပြုလိုက်သည် - “မင်းသား စိတ်ချပါ။ ကျွန်တော့် ခမည်းတော်က ကတိဖျက်တဲ့သူ မဟုတ်ပါဘူး”

တတိယမင်းသားက သူ့ကို တွဲထူလိုက်သည်။ သူ၏ အမြင်အရမူ ယခုအချိန်တွင် တတိယမင်းသားကြီးနှင့် မဟာမိတ်ဖွဲ့ခြင်းမှာ ‘အကောင်းဆုံး ရွေးချယ်မှု’ ပင် ဖြစ်တော့သည်။

……

အန်းဟယ်ကျင်းသည်လည်း ကတိအတိုင်း အလုပ်မြန်လှသည်။ နောက်တစ်နေ့ ညနေပိုင်းတွင် ဟုန်ကဲ့အာမှတစ်ဆင့် - အရာရာကို အဆင်သင့် ပြင်ဆင်ပြီးဖြစ်ကြောင်း သတင်းပါးလာခဲ့သည်။

ထိုနှစ်ရက်အတွင်း ယဲ့ကျယ် နှင့် ဟိုဖျင်ပေ တို့သည်လည်း မိမိတို့ တပ်စခန်းများမှ ရောက်ရှိလာကြသည်။ ယဲ့ကျယ်သည် သူ၏ ဇနီး ယင်ရှီနှင့်အတူ လာခြင်းဖြစ်သော်လည်း သားငယ်ကိုမူ ခေါ်မလာခဲ့ပေ။

နင်ချန်သည် ယနေ့တွင် မင်းသားကြီးများနှင့် အလုပ်ကိစ္စ ဆွေးနွေးရန် စီစဉ်ထားသဖြင့်၊ ယဲ့ယွင်အား မိသားစုနှင့်တွေ့ဆုံရန် အချိန်ပေးလိုက်သည်။ ထို့ကြောင့် ယဲ့ကျယ်တို့ ဇနီးမောင်နှံ ရောက်သည်နှင့် ယဲ့ယွင်၏တဲနန်းသို့ ဦးစွာ ခေါ်ဆောင်သွားခဲ့သည်။ ဟိုရှိုးယွမ်သည်လည်း သူမ၏ အစ်ကိုနှင့် တွေ့ဆုံခွင့် ရခဲ့သည်။

တဲနန်းအတွင်း၌ - ယဲ့ကျယ်နှင့် ယင်ရှီတို့က ယဲ့ယွင်အား ဦးစွာ ဂါရဝပြုကြသည်။

“အစ်ကိုကြီးနဲ့ မရီး... အားနာမနေပါနဲ့ဦး။ မိသားစုချင်းပဲဟာ... ရင်းရင်းနှီးနှီးပဲ နေကြရအောင်” ယဲ့ယွင်က အမြန် လက်ယမ်းပြသည်။ ဘေးမှ စတုတ္ထမင်းသားကလည်း သူ့ဦးလေးအား အမြန် တွဲထူပေးရှာသည်။

ယဲ့ရှုရန်မှာမူ ခန ကြောင်နေပြီးမှ၊ သူမ၏ မိခင် ယင်ရှီကို သွားရောက် တွဲထူလိုက်သည်။ သမီးဖြစ်သူကို မြင်သည်နှင့် ယင်ရှီမှာ မျက်ဝန်းများ နီမြန်းလာကာ၊ သူမ၏ လက်ကလေးများကို ဆုပ်ကိုင်ရင်း တုန်ရီနေရှာသည်။

“မေမေ... သမီး မေမေ့ကို ဂါရဝပြုပါတယ်” ယဲ့ရှုရန်က အမြန် ဦးညွှတ်သည်။ ယင်ရှီက သူမအား ရင်ခွင်ထဲသို့ ဆွဲသွင်းကာ တင်းကျပ်စွာ ဖက်ထားရင်း မျက်ရည်များ ကျလာတော့သည်။

“ရှုရန်... ငါ့ရဲ့ သမီးလေး။ မေမေက မကောင်းလို့ပါ၊ သမီး ဒီလောက်တောင် အရပ်ရှည်လာတာကို မေမေ မသိခဲ့ဘူး။ မေမေ ချုပ်ပေးထားတဲ့ အဝတ်အစားတွေတောင် သမီး ဝတ်လို့ ရပါဦးမလား မသိဘူး”

“မိန်းမရယ်... ဝမ်းမနည်းပါနဲ့တော့။ အခု တွေ့ရပြီပဲ မဟုတ်လား” ယဲ့ကျယ်ကလည်း မျက်ဝန်းများ စိုစွတ်လျက် ဇနီးဖြစ်သူ၏ပခုံးကို ပုတ်ကာ အားပေးရှာသည်။ ယဲ့ရှုရန်သည် ဖခင်ဖြစ်သူကိုလည်း ဂါရဝပြုလိုက်သည်။

မိသားစု သုံးဦးစလုံးမှာ အတိုင်းမသိ စိတ်လှုပ်ရှားနေကြသည်။ ယဲ့ယွင် ကြည့်ရင်းနှင့် ရင်ထဲ၌ စိတ်မကောင်းဖြစ်ရသည်။ လေးငါးနှစ်ကြာမှ ပြန်တွေ့ရခြင်း မဟုတ်လား။

“အစ်ကိုကြီးနဲ့ မရီးလည်း ခရီးပန်းလာမှာပေါ့၊ အရင်သွားပြီး နားလိုက်ကြဦး။ နေ့လည်စာ စားချိန်ကျရင် တို့လူလွှတ်ပြီး ခေါ်လိုက်မယ်။ ရှုရန်... မင်းလည်း မင်းရဲ့ မိဘတွေနောက် လိုက်သွားပြီး အဖော်လုပ်ပေးလိုက်ဦး” ဟု ယဲ့ယွင်က ကြင်နာစွာ ဆိုလိုက်သည်။

မိသားစုဝင် သုံးဦးမှာလည်း အတူတူ စကားပြောချင်နေကြသဖြင့်၊ ဝမ်းမြောက်ဝမ်းသာ ဦးညွှတ်ကာ ထွက်ခွာသွားကြလေသည်။

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)

IC 450

အခန်း ၄၅၀ ။ လန့်သွားသောမြင်း

အခြားသူများ ထွက်သွားပြီးနောက် စတုတ္ထမင်းသားသည် ယဲ့ယွင်အနားသို့ ပါးနပ်စွာ တိုးကပ်လာသည်။

"မေမေ... ပိလဲ့ကော့က မနေ့က သားတော်ကို ပြောတယ်၊ အစ်မဝမ်းကွဲက အရမ်းလှတာပဲတဲ့။ သူ အစ်မဝမ်းကွဲကို သဘောကျနေတာလား မသိဘူးနော်"

"ဒီကောင်စုတ်လေး... မင်းရဲ့ အစ်မဝမ်းကွဲက ခုမှ ဆယ့်နှစ်နှစ်ပဲ ရှိသေးတာကို ဘာတွေ လျှောက်ပြောနေတာလဲ!"

ယဲ့ယွင်က သားဖြစ်သူ၏နဖူးကို လက်ဝါးဖြင့် တစ်ချက် ပုတ်လိုက်သည်။ စတုတ္ထမင်းသားက ‘အား’ ခနဲ အော်ကာ နောက်သို့ ဆုတ်သွားပြီး၊ မိခင်ရင်းကို အလိုမကျသော မျက်ဝန်းများဖြင့် ကြည့်လာသည်။

"နာလိုက်တာ... ကျွန်တော်က သားအရင်းရော ဟုတ်ရဲ့လား။ ဒီတိုင်း ပြောကြည့်တာပါပဲ၊ ညီမလေး ယွမ့်အာတောင်မှ ရွှီချင်းလင်ကို ချောတယ်ဆိုပြီး အမြဲ လိုက်ကပ်နေတာပဲလေ"

ယဲ့ယွင်က မျက်စောင်းထိုးကာ လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်သည် - "ယွမ့်အာက ငါးနှစ်ပဲ ရှိသေးတာ၊ သူ ဘာသိမှာလဲ။ ဒါပေမဲ့ ရွှီမိသားစုက ကောင်လေးက တကယ်တော့ ရုပ်ရည်သန့်တာ မှန်ပါတယ်"

"အဲဒါကြောင့်လည်း သားတော်က သူ့ကို စာသင်ဖော်အဖြစ် ရွေးခဲ့တာပေါ့။ စိတ်မကောင်းတာက သူ့အိမ်မှာ ကိစ္စရှိလို့ မလိုက်နိုင်တာပဲ၊ မဟုတ်ရင် ဒီတစ်ခေါက် ကျားစခ် ခရီးစဉ်မှာ သားတော်နဲ့အတူ ပါလာမှာ" ဟု စတုတ္ထမင်းသားက ဟီးခနဲ ရယ်ရင်း ဆိုသည်။

ယဲ့ယွင်မှာတော့ ဆွံ့အသွားရသည်။ ကဲ... သူမ မွေးထားတဲ့ ဒီသားကတော့ ‘ရုပ်ကြည့်ပြီး’ အပေါင်းအဖော် ရွေးနေလေပြီ။

"ကဲ... သွားတော့၊ သွားဆော့တော့။ ငါ့ကို လာမနှောင့်ယှက်နဲ့တော့" ယဲ့ယွင်က လက်ယမ်းပြသည်။

စတုတ္ထမင်းသားသည် မျက်ခုံးပင့်ကာ လူငယ်လူရွယ်ပုံစံဖြင့် လက်အုပ်ချီနှုတ်ဆက်သည် - "ဟုတ်ကဲ့ပါ... သားတော် သွားပါပြီ!"

"သွားစမ်းပါ" ယဲ့ယွင်က ပြုံးလျက် ဆဲဆိုလိုက်သော်လည်း နောက်မှ လှမ်းမှာလိုက်သေးသည် - "မြင်းစီးရင် သတိထားဦးနော်!"

"မေမေ စိတ်ချပါ၊ သားတော် အကောင်းအတိုင်း ပြန်လာခဲ့ပါ့မယ်!" စတုတ္ထမင်းသားမှာ အဝေးသို့ ပြေးထွက်သွားရင်း လှမ်းအော်ဖြေရှာသည်။

သားဖြစ်သူ ထွက်သွားမှ ဟွေယွဲ့က ယဲ့ယွင်အား လက်ဖက်ရည် ထပ်ထည့်ပေးရင်း ပြုံးလျက် ဆိုသည် - "မင်းသားလေးက ကြီးလာတာတောင် မယ်မယ်နဲ့ အင်မတန် ရင်းနှီးတာပဲနော်"

"အကြီးကတော့ မျက်စိအောက်မှာ ရှိနေလို့ စိတ်အေးရတာပေါ့။ နန်းတော်ထဲက ကျန်တဲ့ကလေး နှစ်ယောက်ကော ဘယ်လိုနေမလဲ မသိဘူး" ယဲ့ယွင်က အငယ်နှစ်ဦးကို သတိရသွားသည်။

နန်ကျစ်က ဖျောင်းဖျသည် - "မယ်မယ် စိတ်ချပါ။ ပို့လိုက်တဲ့စာတွေလည်း မကြာခင် အကြောင်းပြန်လာမှာပါ။ ဟွေ့သယ့်ဖေးက အမြဲစေ့စပ်သလို၊ ခုန်းချင်းတို့လည်း ရှိနေတာဆိုတော့ ဘာမှ မဖြစ်နိုင်ပါဘူး"

ယဲ့ယွင် ခေါင်းညိတ်ကာ အတွေးကို ပြန်သိမ်းလိုက်သည်။

"ဒါကို ထားလိုက်ပါတော့။ မင်းတို့ အပြင်ထွက်ပြီး စုံစမ်းကြည့်ဦး... ပထမမင်းသားကြီးရဲ့ သားက ငါ့ရဲ့ တူမ ရှုရန်အပေါ် တကယ်ပဲ စိတ်ရှိနေတာလား၊ ဒါမှမဟုတ် မင်းသားကြီးကပဲ တစ်ခုခု စေခိုင်းထားတာလား ဆိုတာကိုပေါ့။ ရှုရန်ကို သေသေချာချာ ကာကွယ်ပေးရမယ်၊ သူက မိန်းကလေးဆိုတော့ သိက္ခာအဖျက်မခံနိုင်ဘူး"

ယဲ့ယွင်မှာ မသင်္ကာစိတ်ရှိနေခြင်း မဟုတ်သော်လည်း၊ သူမ၏သမီးမှာ ငယ်သေးသဖြင့် အခြားသူများက သူမ၏ တူမအပေါ်တွင် အကြံအစည် ရှိလာမည်ကို ကြိုတင် ကာကွယ်ခြင်းဖြစ်၏။ ယခုခေတ်တွင် မိန်းကလေးများမှာ ၁၅ နှစ်တွင် အရွယ်ရောက်ကာ ၁၆၊ ၁၇ နှစ်တွင် အိမ်ထောင်ပြုကြရာ - ၁၂ နှစ်အရွယ် ရှုရန်လေးမှာလည်း အရာရာကို စတင် နားလည်နေပြီဖြစ်သည်။ ပိလဲ့ကော့မှာ ရှုရန်ထက် တစ်နှစ်ကျော် ကြီးသဖြင့် ပို၍ သိမြင်နေပေလိမ့်မည်။

ကလေးချင်း စိတ်ကူးယဉ်မှုသက်သက် ဖြစ်လျှင် တော်သေးသော်လည်း၊ အကျိုးအမြတ်များ ပါဝင်လာမည်ကို သူမ မလိုလားပေ။ သူမ၏ အယူအဆမှာတော့ ကလေးများ အနည်းဆုံး ၁၈ နှစ်ပြည့်မှသာ အိမ်ထောင်ပြုသင့်သည်ဟု ဆုံးဖြတ်ထားသည်။

ကံကောင်းသည်မှာ ဟွေယွဲ့က စုံစမ်းပြီးနောက် - ၎င်းမှာ မင်းသားကြီး အောက်ချီ စေခိုင်းထားခြင်း မဟုတ်ကြောင်း သိရသဖြင့် ယဲ့ယွင် စိတ်အေးသွားရသည်။ ကလေးတွေက ငယ်သေးသဖြင့် သတိထား စောင့်ကြည့်ရုံဖြင့် လုံလောက်လှပြီ။

……

စစ်သူကြီးများ ရောက်ရှိလာသဖြင့် အမဲလိုက်ပွဲမှာ ပို၍ စည်ကားလာခဲ့သည်။ သာမန် အမဲလိုက်ရုံတင် မဟုတ်ဘဲ မြားပစ်ပြိုင်ပွဲ၊ မြင်းပြိုင်ပွဲနှင့် နပန်းပွဲများကိုပါ ထည့်သွင်း ကျင်းပခဲ့ကြသည်။

နောက်ဆုံးတွင် လူငယ်လေးများစုပေါင်းကာ မြင်းပြိုင်ပွဲတစ်ခု ကျင်းပရန် ဆုံးဖြတ်လိုက်ကြသည်။ စည်းကမ်းမှာ ကွင်းအတွင်း သုံးပတ် အရင်ပြည့်သူက အနိုင်ရလိမ့်မည်။ ကွင်းမှာ အင်မတန်ကျယ်ဝန်းပြီး တစ်ပတ်လျှင် မီတာ ၂၀၀၀ ရှိသည်။ ကလေးများအတွက် ဘေးကင်းစေရန် အတားအဆီးများ မထားဘဲ ကွင်းပြင်သက်သက်၌သာ ပြိုင်ခိုင်းခြင်းဖြစ်၏။

ပွဲမစမီ ယဲ့ယွင်သည် စတုတ္ထမင်းသား၏ဝတ်စုံကို လူကိုယ်တိုင် ပြင်ဆင်ပေးရင်း တိုးတိုးလေး မှာကြားသည် - "မင်းက အသက်အငယ်ဆုံးပဲ၊ ရှုံးလည်း ဘာမှမဖြစ်ဘူး။ တမင် အနိုင်မလုနဲ့... ဘေးကင်းဖို့က အရေးကြီးဆုံးပဲ။ ငါတို့တွေ ပျော်ဖို့ပဲ ဆော့ကြမယ်နော်"

"မေမေ စိတ်ချပါ၊ သားတော် သိပါတယ်" ဟု စတုတ္ထမင်းသားက မျက်ခုံးပင့်ကာ ဆိုသည်။ သူသည် အစွမ်းအစမရှိဘဲ ကြွားဝါတတ်သူ မဟုတ်ပေ။ ဤအချက်မှာ ယဲ့ယွင်နှင့် တူလှသည်။

လူငယ် ရှစ်ဦး မြင်းပေါ်တက်ကာ နေရာယူကြသည်။ စင်မြင့်ပေါ်မှ ဖခင်များမှာ ဂုဏ်ယူနေကြသလို မိခင်များမှာမူ စိုးရိမ်တကြီး ကြည့်နေကြသည်။

မောင်းသံ မြည်လာသည်နှင့် လူငယ်များ မြင်းကို အရှိန်နှင့် နှင်ထွက်သွားကြသည်။ စတုတ္ထမင်းသားမှာ ပထမတစ်ပတ်တွင် အလယ်အလတ် လောက်၌ ရှိနေပြီး၊ ဒုတိယမင်းသားမှာမူ အနောက်ဆုံးမှ လိုက်နေသည်။ တတိယမင်းသားမှာမူ အင်မတန် လက်ရည်ပြောင်လှသည်၊ သူသည် ပိလဲ့ကော့၊ ဟုန်ကဲ့အာတို့နှင့်အတူ အရှေ့ဆုံးမှ ဦးဆောင်နေသည်။

ယိဖေးသည် ထိုမြင်ကွင်းကို ကြည့်ရင်း ဂုဏ်ယူဝင့်ကြွစွာ ခေါင်းမော့နေတော့သည်။ ယဲ့ယွင်ကတော့ စတုတ္ထမင်းသား၏ ဘေးကင်းမှုကိုသာ အာရုံစိုက်ကာ မျက်ခြေမပြတ် ကြည့်နေရှာသည်။

ဒုတိယအပတ် ကုန်ဆုံးခါနီးတွင် စတုတ္ထမင်းသားမှာ အနည်းငယ် နောက်ကျကျန်ခဲ့သည်။ အရှေ့မှ ဦးဆောင်နေသော ဟုန်ကဲ့အာက စတုတ္ထမင်းသားကို ကျော်တက်စဉ် လှမ်းအော်သည် - "စတုတ္ထမင်းသား... ကျွန်တော်တို့ အရင်သွားနှင့်ပြီနော်!"

တစ်ချိန်တည်းမှာပင် တတိယမင်းသားလည်း ကျော်တက်သွားရင်း လှမ်းအော်သည် - "စတုတ္ထလေး... မလောနဲ့ဦးနော်၊ ပြုတ်ကျဦးမယ်။ အစ်ကိုတော် ပထမဆုရရင် မင်းကို ဆုလာဘ် ပြန်ပေးမယ်!"

စတုတ္ထမင်းသားမှာ စိတ်ထဲတွင် အနည်းငယ် မကျေမနပ်ဖြစ်သွားသဖြင့် ဇက်ကြိုးကို တင်းတင်းဆုပ်ကာ မြင်းကို နှင်တံဖြင့် တစ်ချက် ရိုက်လိုက်သည်။ သို့သော် ထိုခဏမှာပင် - မြင်းမှာ ရုတ်တရက် အပြင်းအထန် နာကျင်သွားဟန်ဖြင့် ဟိန်းဟောက်ကာ ရှေ့သို့ ရူးသွပ်စွာ ပြေးထွက်သွားတော့သည်။

ဘေးမှ ဖြတ်သွားသော တတိယမင်းသားကြီး၏ သားငယ် အန်ချင်းကိုပင် စတုတ္ထမင်းသား၏ မြင်းက တိုက်မိသွားသဖြင့် အန်ချင်းမှာ မြင်းပေါ်မှ လဲကျလုနီးပါး ဖြစ်သွားခဲ့သည်။

"ကျင့်အာ!" ယဲ့ယွင် ထိတ်လန့်တကြား အော်ဟစ်လိုက်ရင်း စင်မြင့်ပေါ်မှ ဆင်းကာ ကွင်းထဲသို့ ပြေးဝင်ရန် ပြင်တော့သည်။ နင်ချန်လည်း အလားတူပင် ထိတ်လန့်သွားရသည်။

ကံကောင်းထောက်မစွာဖြင့် ယဲ့ကျယ်က တုံ့ပြန်မှု မြန်လှသည်၊ သူသည် မြင်းပေါ်သို့ လွှားခနဲ တက်ကာ ကွင်းထဲသို့ ပြေးဝင်ပြီး စတုတ္ထမင်းသားနောက်သို့ အမှီလိုက်ရင်း အော်ပြောသည် -

"စတုတ္ထမင်းသား... ဇက်ကြိုးကို တင်းတင်းဆုပ်ထား! မြင်းကျောပေါ်မှာ ဝပ်နေလိုက်၊ လုံးဝ လက်မလွှတ်နဲ့နော်!"

ယခုအချိန်တွင် စတုတ္ထမင်းသားမှာ အကြီးအကျယ် ထိတ်လန့်နေပြီး၊ နားထဲတွင် လေတိုးသံများသာ ကြားနေရကာ ဗိုက်ထဲက အင်္ဂါများပင် ပြုတ်ထွက်မတတ် ခံစားနေရသည်။ သို့သော် ဆရာများ သင်ကြားပေးခဲ့သော အရေးပေါ်အခြေအနေကို သတိရကာ၊ အသက်ရှင်လိုစိတ်ဖြင့် ဇက်ကြိုးကို အစွမ်းကုန် ကျစ်ကျစ်ဆုပ်ထားလိုက်သည်။

ယဲ့ကျယ်သည် အနားသို့ ကပ်ကာ စတုတ္ထမင်းသား၏ မြင်းပေါ်သို့ ကူးပြောင်းရန် ကြိုးစားသော်လည်း၊ မြင်းမှာ အကြီးအကျယ် လန့်နေသဖြင့် လုံးဝ အနားကပ်၍ မရပေ။ မတတ်သာသည့်အဆုံး ယဲ့ကျယ်သည် သူ့ဓားကို ဆွဲထုတ်လိုက်ပြီး၊ အခွင့်ကောင်းကို စောင့်ကာ မြင်း၏ ခြေထောက်ကို အားရပါးရ ခုတ်ချလိုက်လေသည်။

***

All Chapters