အခန်း (၇၉-၈၀)
Vol. 8 Ch. 79-80
အခန်း (၇၉)
မြေကမ္ဘာအဆင့်သိုင်းပညာ
"ကျွန်တော် စဦးအဆင့်မြေကမ္ဘာအဆင့်သိုင်းပညာကိုရွေးမယ်..."
မုန့်ချန်ချင်း လုံးဝတွေဝေမနေပေ။
သူ့၌ မြေကမ္ဘာအဆင့်နည်းစနစ် ၂ ခုရှိနေပြီဖြစ်သော်လည်း တစ်ခုက စစ်မှန်ချီပမာဏတိုးဖို့ဖြစ်ပြီး ကျန်တစ်ခုမှာ လျို့ဝှက်နည်းစနစ်တစ်ခုဖြစ်သည်။
တစ်ခုမှ သိုင်းပညာမဟုတ်ပေ။
အတိတ်၌ မုန့်ချန်ချင်း အလျှင်မလိုခဲ့ပေ။
သို့ပေမယ့် ယခုက ခြားနားသွားပြီဖြစ်သည်။
စစ်မှန်တပည့်တွေထဲ၌ အထူးသဖြင့် အဆင့်မြင့်မှလူတွေပင်, သူတို့၌ သေချာပေါက် မြေကမ္ဘာအဆင့်သိုင်းပညာတစ်ခုရှိမည်ပင်။
သူ့မှာသာမရှိလျှင် အရေးနိမ့်နေမည်ဖြစ်သည်။
ထို့ကြောင့် သူ့အုတ်မြစ်ကို ဖြစ်နိုင်သမျှမြန်မြန် တိုးမြှင့်ရမည်ဖြစ်သည်။
"ကောင်းပြီ..."
အကြီးအကဲယဲ့ သူ့အိတ်ထဲမှ တုံကင်တစ်ခုထုတ်ပြီး မုန့်ချန်ချင်းကို ပေးလိုက်သည်။
တုံကင်က တစ်ခုလုံးငွေရောင်ဖြစ်ပြီး ရှေ့၌ ထိုက်ရွမ်အမှတ်အသားထွင်းထားတာ ကျောဘက်၌ မြေကမ္ဘာ ဟူသည့်စကားလုံးထွင်းထား၏။
"ဒီတုံကင်နဲ့ဆို မင်း သိုင်းကျွမ်းဆောင်ကိုသွားပြီး မြေကမ္ဘာအဆင့်နည်းစနစ်နဲ့ လဲနိုင်လိမ့်မယ်..."
အကြီးအကဲယဲ့ ပြုံးပြီး ပြောလိုက်သည်။
တစ်ချိန်တည်းမှာပဲ သူ့မျက်လုံးထဲ၌ တပ်မက်သည့်အရိပ်အယောင်တစ်ခုလည်း ရှိနေခဲ့သည်။
သူက အတွင်းစည်းအကြီးအကဲတစ်ယောက်ဖြစ်သော်လည်း သူ့နေရာက အကြီးအကဲတွေထဲ၌ အနိမ့်ဆုံးဖြစ်သည်။
အကြောင်းမှာ ပါရမီမလုံလောက်သောကြောင့်ပင်။
အသက် ၄၀ နားကပ်နေပေမယ့် ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်၌ တစ်နေပြီး အဆင့်မချိုးဖျက်နိုင်ဖြစ်နေသည်။
အဆုံး၌ အတွင်းစည်းအကြီးအကဲတစ်ယောက်ဖြစ်ဖို့သာ ရွေးချယ်နိုင်၏။
ထို့ကြောင့် သဘာဝအတိုင်း အဖိုးတန်မြေကမ္ဘာအဆင့်သိုင်းပညာက သူရနိုင်တာကို ကျော်လွန်နေခဲ့သည်။
အမှန်တော့ ဂိုဏ်း၏စစ်မှန်တပည့်အားလုံးက မြေကမ္ဘာအဆင့်နည်းစနစ်ကို မကျင့်ကြံနိုင်ကြပေ။
ဆန့်ကျင်ဘက်အနေဖြင့် ၎င်းမှာ အတော်လေး ရှားပါး၏။
အဘယ်ကြောင့်ဆိုသော် မည်သည့်အင်အားစုအတွက်မဆို မြေကမ္ဘာအဆင့်နည်းစနစ်မှာ အဓိကရတနာတွေဖြစ်ပြီး တပည့်တွေကို အလွယ်တကူသင်ပေးလို့မရပေ။
ကဏ္ဍများစွာမှ စဥ်းစားဖို့လိုအပ်၏။
"ကောင်းပါပြီ..."
မုန့်ချန်ချင်း ခေါင်းညိတ်လိုက်၏။
"ဒါ့ပြင်, ငါမင်းကိုပြောချင်တဲ့ကိစ္စတစ်ခုလည်းရှိသေးတယ်...."
တစ်စုံတစ်ခုကို အမှတ်ရသွားသကဲ့သို့ အကြီးအကဲယဲ့ သူ့ခေါင်းကို ရိုက်လိုက်သည်။
"အကြီးအကဲယဲ့, ပြောပါ..."
"နောက်သုံးလကြာရင် သွေးကြော ၇ ခုသိုင်းပြိုင်ပွဲရှိလိမ့်မယ်။ အချိန်အတိအကျမသတ်မှတ်ရသေးပေမယ့် မကြာခင်ကြေညာတော့မှာ..."
အကြီးအကဲယဲ့ ပြောလိုက်သည်။
"သွေးကြော ၇ခု သိုင်းပြိုင်ပွဲ..."
မုန့်ချန်ချင်း အနည်းငယ်ကြောင်သွား၏။
"ဟမ်? မင်းမသိဘူးလား..."
အကြီးအကဲယဲ့ မုန့်ချန်ချင်းတုံ့ပြန်မှုပုံကြောင့် အနည်းငယ်အံ့အားသင့်သွား၏။
အတွင်းစည်းတပည့်တစ်ယောက်အနေဖြင့် သူက သွေးကြော ၇ ခုသိုင်းပြိုင်ပွဲကို သိသင့်၏။
သို့ပေမယ့် မုန့်ချန်ချင်းက အတွင်းစည်းကိုမကြာသေးခင်ကမှဝင်ရောက်ခဲ့တာဖြစ်၍ မသိတာ သဘာဝပင်။
"သွေးကြော ၇ ခုသိုင်းပြိုင်ပွဲဆိုတာ ထိုက်ရွမ်ဂိုဏ်းရဲ့ တောင်ထိပ် ၇ ခုစုဝေးယှဥ်ပြိုင်တဲ့ သိုင်းပြိုင်ပွဲကြီးပဲ...."
"တစ်နည်းပြောရရင်, တောင်ထိပ်အသီးသီးက တပည့်တွေရဲ့ ခွန်အားကို အကဲဖြတ်တာပေါ့..."
"ဘယ်လိုပဲဖြစ်ဖြစ် အရမ်းအရေးကြီးတယ်...."
အကြီးအကဲယဲ့ ပြောလိုက်၏။
"ကျွန်တော်နားထောင်နေပါတယ်..."
မုန့်ချန်ချင်း ရုတ်တရက် နားလည်လိုက်သည်။
ဤသိုင်းပြိုင်ပွဲက တပည့်တွေကြားရှိပြိုင်ပွဲဟုထင်ရသော်လည်း အရင်းအမြစ်ခွဲဝေခြင်းနှင့် သက်ဆိုင်နေခဲ့သည်။
အဆုံးမှာတော့ အရင်းအမြစ်တွေက အကန့်အသတ်ရှိ၏။
အရင်းအမြစ်တွေ၏အဆင့်မြင့်လေလေ ရှားပါးလေလေဖြစ်သည်။
တစ်ဂိုဏ်းတည်းသားတွေအနေဖြင့် သူတို့က သေသည်အထိ မတိုက်ခိုက်နိုင်ပေ။ ထို့ကြောင့် ဤနည်းလမ်းကိုသာ အသုံးပြုနိုင်၏။
"ဒါ့ပြင်, ငါကြားမိတာတော့ ဒီတစ်ကြိမ် သိုင်းပြိုင်ပွဲက နည်းနည်းထူးခြားမယ်ဆိုပဲ...."
အကြီးအကဲယဲ့ ရုတ်တရက် လျို့ဝှက်ဆန်းကြယ်ပုံပေါ်သွား၏။
"အို, အကြီးအကဲပြောပြပေးပါအုန်း..."
"ပြောကြတာတော့ ဂိုဏ်းချုပ်က ဒီတစ်ခေါက်ပြိုင်ပွဲကနေ ဆက်ခံသူတစ်ယောက် ရွေးမယ်ဆိုပဲ...."
ဤစကားတွေက မုန့်ချန်ချင်းမျက်ခွံတွေကို အနည်းငယ်ကျုံ့သွားစေခဲ့သည်။
ဆက်ခံသူ?...
နောက်တက်မည့်ဂိုဏ်းချုပ်မဟုတ်လား?....
ဒီလောက်နှစ်တွေကြာတာတောင် ဂိုဏ်း၌ ဆက်ခံသူတစ်ယောက်မရှိသေးဘူးလား?...
"ဂိုဏ်းချုပ်က အရမ်းငယ်သေးတယ်, အသက်တစ်ရာကျော်ပဲရှိသေးတာ...."
မုန့်ချန်ချင်းသံသယကိုမြင်တော့ အကြီးအကဲယဲ့ နားလည်သွားပြီး အပြုံးတစ်ခုနှင့် ရှင်းပြလိုက်သည်။
"သိုင်းပြိုင်ပွဲစဖို့ အချိန်သိပ်မလိုတော့ဘူးဆိုပေမယ့် မင်းခွန်အားနဲ့ဆို အဆင့်အရမ်းကြီးနိမ့်မှာမဟုတ်ဘူးဆိုတာ ငါယုံတယ်...."
"ဖြစ်နိုင်သလောက် ခွန်အားကိုတိုးမြှင့်။ သိုင်းပြိုင်ပွဲရဲ့ဆုလဒ်တွေက ရွမ်ချင်းနယ်မြေထက် အများကြီးသာတယ်။ အဆင့် ၃, အဆင့် ၄နဲ့ အဆင့် ၅အရင်းအမြစ်တွေတောင် ပါနိုင်တယ်...."
"အဆင့် ၄, အဆင့် ၅ အရင်းမြစ်?...."
မုန့်ချန်ချင်းလက်တွေ တင်းကြပ်စွာဆုပ်သွား၏။
သူက ရွမ်ချင်းနယ်မြေ၌ အရင်းအမြစ်များစွာရခဲ့သော်လည်း မကြာခင် ကုန်သွားမည်ဖြစ်သည်။
မိသားစုအတွက်တော့ သူတို့က သူ့ကို နောက်ထပ်ထောက်ပံ့နိုင်တော့မည်မဟုတ်ပေ။
ယခုမှစ၍ သူ့ကိုယ်ကိုသာ အားကိုးရတော့မည်ဖြစ်သည်။
ထို့ပြင် ယခု သွေးကြော ၇ ခုသိုင်းပြိုင်ပွဲက မမျှော်လင့်ပဲ ဤကဲ့သို့ရက်ရက်ရောရော ဆုချီးမြှင့်လာခဲ့သည်။
ဤအခွင့်အရေးကို လွဲချော်သွားလို့မဖြစ်ပေ။
"ကံကောင်းပါစေ, ပြိုင်ပွဲမှာ မင်းတောက်ပတာကို ကြည့်ရဖို့ ငါမျှော်လင့်နေမယ်...."
"အခြားကိစ္စရှိသေးလို့ အရင်သွားနှင့်ပြီ..."
အကြီးအကဲယဲ့ အပြုံးနှင့်ပြောလိုက်သည်။
ထို့နောက်လှည့်ကာ ထွက်ခွာသွားခဲ့သည်။
သူက ဤကဲ့သို့ပြောသော်လည်း အပြောသာဖြစ်သည်။
အတွင်းစည်းအဆင့်နှင့်မတူပဲ စစ်မှန်တပည့်တွေ၏အုတ်မြစ်က နက်ရှိုင်း၏။
ထိုထိပ်တန်းပါရမီရှင်များ အဆင့်မြင့်နေခြင်းမှာ အကြောင်းရှိ၏။
သူတို့ကို ငယ်စဥ်တကည်းက တောင်ထိပ်အသီးအသီးမှပျိုးထောင်ပေးခဲ့ပြီး တိုက်ပွဲစွမ်းရည်တွေက အတော်လေးကြောက်စရာကောင်း၏။
မုန့်ချန်ချင်းအလားအလာက တကယ်ပဲမြင့်ပေမယ့် သူက စစ်မှန်တပည့်အဆင့် ဝင်ခါစသာရှိသေးသည်။
ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်က အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်နှင့်တူညီသည့်အဆင့်မဟုတ်ပေ။ ကျင့်ကြံရေးအဆင့်တိုးတက်မှုက အရမ်းကြီးမမြန်နိုင်ပေ။
"ဂရုစိုက်ပါ, အကြီးအကဲ..."
အကြီးအကဲယဲ့ထွက်ခွာသွားပြီးနောက်, မုန့်ချန်ချင်း ပတ်ပတ်လည်ကို ကြည့်လိုက်သည်။
သူ ယခင်ကနေခဲ့ရတာ သေးငယ်သည့်ခြံဝန်းလေးတစ်ခုဖြစ်သော်လည်း ယခုမှာမူ စိတ်ဝိညာဥ်တောင်တစ်လုံးဖြစ်နေပြီဖြစ်သည်။
ကွာဟမှုက တကယ်ကို သိသာလွန်း၏။
အမှန်တော့ မည်သည့်ကမ္ဘာ၌မဆို ခွန်အားကသာ အရေးကြီးဆုံးဖြစ်သည်။ အဆက်မပြတ်ပိုသန်မာနေမှသာ ပိုကောင်းသည့်ပစ္စည်းတွေကို ရနိုင်မည်ဖြစ်သည်။
စိတ်ဝိညာဥ်တောင်၏ ထိပ်ဖျားက အတော်လေးကျယ်၏။
ဓားတစ်ချက်တည်းဖြင့် ပိုင်းဖြတ်ထားသလိုပင်။
ဝါးသစ်တောတွေလည်း နေရာအနှံ့ရှိနေပြီး လေပြေလေညင်းကြောင့်ဝှေ့ယမ်းနေရာ တရှဲရှဲမြည်သံတွေ ထွက်ပေါ်နေခဲ့သည်။
ထို့ပြင် လက်နက်တောင်၊ ရေကန်၊ ကျမ်းစာဆောင်နှင့် မျှော်စင်တွေလည်း ရှိ၏။
ပတ်ဝန်းကျင်က အတော်လေး လှပလှသည်။
ပတ်ဝန်းကျင်ကို အနည်းငယ်လေ့လာပြီးနောက် မုန့်ချန်ချင်း ထွက်ခွာသွားခဲ့သည်။
သူက သိုင်းကျမ်းဆောင်ကိုသွားပြီး မြေကမ္ဘာအဆင့်သိုင်းပညာကို အမြန်ဆုံးလဲလှယ်ဖို့ လိုအပ်၏။
သူ၏လက်ရှိနားလည်နိုင်စွမ်းနှင့် ကိုယ်တိုင်လေ့ကျင့်လျှင်တောင် ပြဿနာမရှိပေ။
သို့ပေမယ့် စနစ်ရှိနေ၍ မိတ်ဆွေဖွဲ့ကာ အချိန်နှင့်လုံ့လကို လျော့ချနိုင်မည်ဖြစ်သည်။
သိုင်းပညာလဲလှယ်ပြီးနောက် သူက အနာဂတ်မှာ မည်သည့်စိုးရိမ်မှုမှမရှိပဲ ပေါ်ပေါ်တင်တင်သုံးနိုင်မည်ဖြစ်သည်။
ဂိုဏ်းက သိမ်မွေ့အဆင့်သိုင်းပညာတွေ၏ အဝင်အထွက်ကိုတောင် အလွန်စည်းကမ်းကြီးရာ မြေကမ္ဘာအဆင့်ဆိုလျှင်တော့ ပြောစရာကို မလိုတော့ပေ။
သူက လျို့ဝှက်နယ်မြေထဲ၌ ကောင်းကင်အုပ်စိုးခြင်းခန္ဓာကို ရရှိခဲ့၍ လဲလှယ်ဖို့လိုအပ်၏။ မဟုတ်လျှင် ပေါ်ပေါ်တင်တင်သုံးနိုင်မည်မဟုတ်ပေ။
ရင်းနှီးနေသည့်လမ်းကြောင်းနှင့် မုန့်ချန်ချင်း နောက်တစ်ကြိမ် သိုင်းကျမ်းဆောင်ကို ရောက်လာခဲ့သည်။
ယနေ့ ဤနေရာ၌ အနည်းငယ်တပည့်တွေ ပိုများနေခဲ့သည်။
လျို့ဝှက်နယ်မြေအဆုံးသတ်ထားတာကြောင့် ဖြစ်နိုင်၏။
ကျမ်းဆောင်စောင့်အကြီးအကဲ လှုပ်ကုလားထိုင်ပေါ်မှာ အိပ်နေဆဲဖြစ်ပြီး မျက်နှာပေါ် စာအုပ်တစ်အုပ်တင်ထားတာ ညင်သာစွာလွဲယမ်းနေ၏။
အတော်လေး သက်တောင့်သက်သာရှိလှသည်။
မုန့်ချန်ချင်း ဤအကြီးအကဲကို အချိန်အတော်ကြာကတည်းက အားကျနေခဲ့ပြီး ကြည့်ရှုရေးမျက်လုံးကို အသက်သွင်းလိုက်သည်။
အခြေခံအချက်အလက်-
[အမည်- ယွင်ပုကျဲ]
[မျိုးနွယ်- လူသား]
[ကျင့်ကြံရေး- ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ် အဆင့် ၁ (ယာယီ)]
ပင်ကိုယ်စွမ်းရည်အချက်အလက်-
[အမြစ်ရိုး- အဆင့် ၃]
[နားလည်နိုင်စွမ်း- သာလွန်]
[ကျင့်ကြံရေးနည်းစနစ်နှင့် သိုင်းပညာ- သန့်ရှင်းသောဝိညာဥ်ပိုင်းဖြတ်ခြင်းဓားသိုင်း (ပြီးပြည့်စုံခြင်းအဆင့်)၊ မြေကြီးတစ်လက်မကျုံ့ခြင်းကျင့်စဥ်(ကျွမ်းကျင်)၊ မဟာဂရုဏာလေလက်ဝါး (ကျွမ်းကျင်)]
(ရှေ့မှာ ကျွမ်းကျင်နေရာ၌ အလယ်အလတ်ဟု ရေခဲ့သည်။ အတူတူပဲနဲ့တူပါတယ်။)
အခန်း (၈၀)
မဟာနက်နဲခြင်းရွှေရောင်ဓားသိုင်းနှင့် သိုင်းကျမ်းဆောင်စောင့်အကြီးအကဲ၏တုန်လှုပ်မှု
မုန့်ချန်ချင်း သိုင်းကျမ်းဆောင်ထဲရှိ သိုင်းပညာအားလုံးနီးပါးကိုမြင်ဖူး၏။
တစ်ခုမှ ဇယားပေါ်မှနည်းစနစ်တွေမပါပေ။
သိသာစွာပင်, ကျမ်းဆောင်စောင့်အကြီးအကဲလေ့ကျင့်ထားသည့်နည်းစနစ်တွေက မြေကမ္ဘာအဆင့်တွေပင်။
မြေကမ္ဘာအဆင့်သိုင်းပညာတစ်ခုသာ သိုင်းကျမ်းဆောင်ထဲ၌ မထားတာဖြစ်သည်။
ထို့ပြင် ၎င်းတို့နာမည်တွေအရ အတော်လေးအဆင့်မြင့်ပုံပင်။
သို့ပေမယ့် ကျမ်းဆောင်စောင့်အကြီးအကဲကို မိတ်ဆွေအဖြစ်ပေါင်းထည့်ဖို့ကလည်း အတော်ခက်၏။
ပထမဦးစွာ အကြီးအကဲက ဤနေရာရှိ ဖုံးကွယ်ထားသည့်ကျွမ်းကျင်သူတစ်ယောက်ဖြစ်နိုင်၏။
ဒုတိယအနေဖြင့် သူတို့ကြား၌ သိသာသည့် အသက်ကွာခြားမှုရှိနေသည်။
ထို့ကြောင့် မိတ်ဆွေဖွဲ့ရတာ အခြားလူတွေထက် အဆပေါင်းများစွာ ပိုခက်၏။
သို့ပေမယ့် ခက်ခဲလျှင်တောင် ကြိုးစားရမည်ဖြစ်သည်။
ဤအရာက သူ့ရှေ့၌အသင့်ရှိနေသည့် ရတနာတုံးကြီးဖြစ်သည်။
မည်သည့်သိုင်းပညာကိုပဲရရ ကြီးမားသည့်ရိတ်သိမ်းမှုဖြစ်မည်ဖြစ်သည်။
"အကြီးအကဲကို အရိုအသေပေးပါတယ်..."
အနားရောက်သည့်အခါ မုန့်ချန်ချင်းအမူအရာ လေးစားသည့်အမူအရာဖြစ်သွားပြီး အနည်းငယ်လက်ချင်းယှက်ကာ ပြောလိုက်သည်။
ဤအရာကိုကြားသည့်အခါ ကျမ်းဆောင်စောင့်အကြီးအကဲ ချက်ချင်းမျက်နှာပေါ်ရှိ စာအုပ်ကို ဖယ်လိုက်သည်။
ထိုအခါ မုန့်ချန်ချင်း စာအုပ်ခေါင်းစဥ်ကို သတိထားမိလိုက်သည်။
လေနှင့်လ၏တပသီမှတ်တမ်း....
နာမည်အရ အတော်လေးဖတ်ကောင်းမည့်ပုံပင်။
"အို, မင်းပဲ..."
အကြီးအကဲ စာအုပ်ကိုသာမန်အတိုင်းဘေးချထားလိုက်၏။
"အကြီးအကဲ, မင်း ငါ့ကိုမှတ်မိတာလား..."
မုန့်ချန်ချင်း အံ့အားသင့်သွား၏။
အကြီးအကဲ သူ့ကိုမှတ်မိနေဖို့ မမျှော်လင့်ထားပေ။ သူတို့ယခင်က တစ်ကြိမ်သာဆုံဖူးတာဖြစ်သည်။
သိုင်းကျမ်းဆောင်ကို နေ့တိုင်းတပည့်များစွာ ဝင်ထွက်နေ၍ ကျမ်းဆောင်စောင့်အကြီးအကဲ သူ့ကိုမမှတ်မိသင့်ပေ။
သူ့ရှေ့၌ မကြာခဏပေါ်လာသည့်တပည့်တွေဆိုလျှင်တော့ တစ်မျိုးဖြစ်သည်။
"ငါ့မှာ ထင်မြင်ချက်အချို့ရှိရုံပါ..."
အကြီးအကဲ သာမန်အတိုင်းဖြေလိုက်သည်။
အဓိကအကြောင်းပြချက်ကတော့ သူက ယခင်က ဤတပည့်ဆီမှ အလားအလာကို ခံစားမိသောကြောင့်ဖြစ်သည်။
မသေချာသော်လည်း ထိုအရာက သူ့အပေါ် ထင်မြင်ချက်အချို့ချန်ထားခဲ့၏။
"မဆိုးပါဘူး, မှတ်မိလောက်စရာပါပဲ..."
ကျမ်းဆောင်စောင့် အကြီးအကဲထပ်ပေါင်းပြောလိုက်သည်။
ဤအရာက မုန့်ချန်ချင်းလုံးဝမမျှော်လင့်ထားသည့်အရာဖြစ်သည်။
တစ်ယောက်နှင့်တစ်ယောက်ရင်းနှီးဖို့ အခွင့်ကောင်းလည်ဖြစ်၏။
"ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ရောက်တာ အံ့သြစရာကောင်းနေပြီဆိုပေမယ့် အနာဂတ်မှာ ကျင့်ကြံရေးက ပိုခက်လာတော့မယ်..."
"မင်း အရင်းအမြစ်တွေရဖို့ ဂိုဏ်းတာဝန်ပေါ်အာရုံစိုက်ပြီး စိတ်စွမ်အားကိုပျိုးထောင်ပါ..."
"စိတ်စွမ်းအား၊ စိတ်ဝိညာဥ်နဲ့ စိတ်အခြေအနေ တိုးတက်မှုတွေကို လျစ်လျူရှုမထားနဲ့။ ကျင့်ကြံရေးတိုးတက်လာတာနဲ့ အဲ့တာတွေက ပိုပိုအရေးကြီးလာပြီ...."
မုန့်ချန်ချန်းအလားအလာရှိတာကိုခံစားမိ၍ဖြစ်နိုင်၏။ ကျမ်းဆောင်စောင့်အကြီးအကဲ ပုံမှန်ထက်ပိုပြီး အကြံဉာဏ်ပေးနေခဲ့သည်။
"အသိပေးလို့ ကျေးဇူးတင်ပါတယ်, အကြီးအကဲ..."
မုန့်ချန်ချင်း ခေါင်းညိတ်လိုက်။ ဤအကြံဉာဏ်က အဓိပ္ပာယ်ရှိ၏။
သန်မာသည့်စွမ်းအားကိုထိန်းချုပ်ဖို့ သန်မာသည့်စိတ်စွမ်းအားလိုအပ်၏။
"မင်းဒီလာတာ သိုင်းပညာလဲလှယ်ဖို့မလား..."
"မြန်မြန်သွားလေ..."
ကျမ်းဆောင်စောင့်အကြီးအကဲ ရှေးဟောင်းစာအုပ်ကောက်ပြီး ဆက်ဖတ်ဖို့ပြင်လိုက်၏။
"အကြီးအကဲ, မင်းနာလည်မှုလွဲနေပြီး။ ကျွန်တော်ဒီလာတာ သိုင်းပညာလဲလှယ်ဖို့မဟုတ်ဘူး။ အကြီးအကဲဆီလာတာ...."
မုန့်ချန်ချင်းပြောလိုက်ပြီး ငွေရောင်တုံကင်တစ်ခုထုတ်ပေးလိုက်သည်။
"ငါ့ဆီလာတာ..."
တုံကင်ကိုမြင်သည့်အခါ ကျမ်းဆောင်စောင့်အကြီးအကဲ အနည်းငယ်အံ့အားသင့်သွား၏။
ထိုအရာက စဦးအဆင့်မြေကမ္ဘာအဆင့်တုံကင်ပင်။
ဤတုံကင်နှင့် လူတစ်ယောက်က ဤနေရာရှိစဦးအဆင့်မြေကမ္ဘာအဆင့်သိုင်းပညာတစ်ခု ငှားလို့ရတာဖြစ်သည်။
သို့ပေမယ့် မြေကမ္ဘာအဆင့်တုံကင်က လူတိုင်းရနိုင်သည့်အရာမဟုတ်ပေ။
စစ်မှန်တပည့်တွေကြား၌တောင် ထူးချွန်သည့်လူတွေမှ ရနိုင်တာဖြစ်သည်။
ဤတပည့်က ခုလေးမှပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ကိုဝင်ရောက်ရုံရှိသေး စဦးအဆင့်မြေကမ္ဘာသိုင်းတုံကင်ကို ရနေပြီဖြစ်သည်။?
သို့ပေမယ့် သူက အများကြီးမမေးပေ။ မုန့်ချန်ချင်းကိုကြည့်သည့်သူ့အကြည့်လည်း လုံးဝပြောင်းလဲသွား၏။
ထို့နောက် လက်ဝှေ့ယမ်းလိုက်ရာ သူ့ရှေ့၌ သစ်သားသေတ္တာနှစ်ခုပေါ်လာ၏။
"တစ်ခုရွေးပါ..."
သေတ္တာတစ်ခုချင်းစီပေါ်၌ ၎င်းတို့၏နာမည်တွေကို ရေထားခဲ့သည်။
"မဟာနက်နဲခြင်းရွှေရောင်ဓားသိုင်း..."
"သမုဒ္ဒရာထဲရှိဓားဒီရေမြင့်တက်ခြင်းမှတ်တမ်း..."
'သန့်စင်းသောဝိညာဥ်ပိုင်းဖြတ်ခြင်းဓားသိုင်း မပါဘူးလား?...'
မုန့်ချန်ချင်း အနည်းငယ်မျက်ခုံးပင့်ပြီး တွေးလိုက်သည်။
၎င်းမှာလဲလှယ်လို့မရတာ သို့မဟုတ် ပိုမြင့်သည့်အဆင့်၌ ရှိနေတာဖြစ်ရမည်ဖြစ်သည်။
"အကြီးအကဲ, မှတ်ချက်ပေးနိုင်မလား...."
မုန့်ချန်ချင်းအသိပြန်ဝင်လာပြီး အများကြီးတွေးမနေတော့ပေ။
မည်သည့် စဦးမြေကမ္ဘာအဆင့်သိုင်းပညာမဆို သူ၏ခွန်အားကို သိသိသာသာတိုးမြှင့်ပေးနိုင်၏။
"ဒါက မင်းပုံစံအပေါ်မှာမူတယ်..."
"မင်းက တိုက်ခိုက်ရေးကိုအသားပေးချင်ရင် မဟာနက်နဲခြင်းရွှေရောင်ဓားသိုင်းကို ရွေးလိုက်...."
"ရွှေရောင်ဓားသိုင်းရဲ့စွမ်းအားက အလွန်အမင်းထက်ရှပြီး ဓားသမားတွေအတွက် အထူးသင့်တော်တယ်..."
"ကျွမ်းကျင်သွားရင်, သာမန်အလယ်အလတ်အဆင့်ထက် နိမ့်မှာမဟုတ်ဘူး..."
ကျမ်းဆောင်စောင့်အကြီးအကဲ ခဏရပ်ပြီး ဆက်ပြောလိုက်သည်။
"ခုခံမှုအသားပေးတာဆိုရင်တော့, "သမုဒ္ဒရာထဲရှိဓားဒီရေမြင့်တက်ခြင်းမှတ်တမ်း"ကို ရွေးနိုင်တယ်..."
"ဒီဓားနည်းစနစ်က အတော်လေးပြုလွယ်ပြင်လွယ်ရှိပြီး မာကျော်မှုကို ပျော့ပျောင်းမှုနဲ့အနိုင်ယူဖို့ တီထွင်ထားတာ..."
"နားလည်ပါပြီ..."
မုန့်ချန်ချင်း ခေါင်းညိတ်လိုက်၏။
ကျောက်တုံးလူသားသွေးမျိုးဆက်နှင့် သူက ခုခံရေးကို အများစိတ်ပူဖို့မလိုအပ်ပေ။
ထို့ကြောင့် တိုက်ခိုက်ရေးတစ်ခုကို ရွေးဖို့လိုအပ်၏။
"အကြီးအကဲ, ငါ "မဟာနက်နဲခြင်းရွှေရောင်ဓားသိုင်း" ရွေးတယ်..."
မုန့်ချန်ချင်း တွေဝေမနေပဲ သစ်သားသေတ္တာတစ်ခု ကောက်ယူလိုက်သည်။
"ကောင်းတယ်..."
ကျမ်းဆောင်စောင့်အကြီးအကဲ အခြားသေတ္တာကိုသိမ်းလိုက်၏။
"ပုံမှန်စည်းမျဥ်းအတိုင်းပဲ။ သိုင်းပညာတွေကို အခြားသူတွေဆီသင်ပေးလို့မရဘူး။ ၆ လနေရင်ပြန်ပေးရမယ်...."
သူက မုန့်ချန်ချင်း၏ရွေးချယ်မှုကို မအံံသြပေ။
အမျိုးသားတပည့်အများစုက ရှေ့တစ်ခုကိုသာ ရွေးကြ၏။
မုန့်ချန်ချင်းထွက်ခွာသွားပြီးနောက် ကျမ်းဆောင်စောင့်အကြီးအကဲ တစ်ယောက်တည်းခေါင်းညိတ်လိုက်၏။
"ဒီကလေး, တကယ်ထူးချွန်တယ်..."
ကျမ်းဆောင်စောင့်အကြီးအကဲ နောက်ဆုံး၌ လွန်ခဲ့သည့်တစ်လ သူ၏ခန့်မှန်းချက်ကို အတည်ပြုနိုင်ခဲ့သည်။
ထိုစဥ်က "အလားအလာ"ကိုခံစားမိတာ မမှားပေ။
ဤကောင်လေးက တကယ်ကို ပါရမီရှင်တစ်ယောက်ဖြစ်၏။
ထို့ပြင် အစောပိုင်းစကားပြောတာမှ သူက ကြောက်စရာကောင်းသည့်သတင်းအချက်အလက်တစ်ခုကို သိလိုက်ရသည်။
ထိုအရာက မုန့်ချန်ချင်းဟာ သွေးကြောပုံသွင်းခြင်းနယ်ပယ်ကတည်းက ဓားချီကိုနားလည်ထားတာဆိုတာပဲ ဖြစ်သည်။
ဤအရာက ကြောက်စရာကောင်းလွန်းလှ၏။
ဓားချီက သိုင်းပညာ၏အနှစ်သာရဖြစ်၏။
နားလည်ဖို့အလွန်ခက်ခဲပြီး ကျင့်ကြံရေးနှင့် သိုင်းပညာဗဟုသုတများစွာလိုအပ်၏။
သဘောတရားအရပြောရလျှင် ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ရောက်ပြီး ခိုင်မာသည့်အုတ်မြစ်တည်ဆောက်ပြီးမှသာ နားလည်နိုင်တာဖြစ်သည်။
သို့ပေမယ့် မုန့်ချန်ချင်းက သွေးကြောပုံသွင်းခြင်းနယ်ပယ်ကတည်းက နားလည်ထားခဲ့သည်။
မယုံနိုင်စရာကောင်းလှ၏။
"နားလည်နိုင်စွမ်းမှာဆို, သူက အဲ့ဒီပါရမီရှင်တွေထက် သာလောက်တယ်..."
ကျမ်းဆောင်စောင့် အကြီးအကဲ တစ်ယောက်တည်းတွေးလိုက်သည်။
ဤရှင်းပြချက်ကသာ အခြေအနေကို အဓိပ္ပာယ်ရှိစေ၏။
"ဒီလိုမကောင်းဆိုးဝါးဆန်တဲ့ပါရမီရှင်မျိုးကို တပည့်အဖြစ်လက်မခံသေးရင် စိတ်ဝိညာဥ်တောင်ထိပ်က အကြီးအကဲတွေ ရူးနေလို့ပဲဖြစ်မယ်..."
"ဒီလိုပါရမီရှင်မျိုးကို မျက်စိလျှံနေကြတာလား...."
"စောနက ငါ သူ့ကို သန့်ရှင်းသောဝိညာဥ်ပိုင်းဖြတ်ခြင်းဓားသိုင်း ပေးလိုက်သင့်တာ။ သူ့နားလည်နိုင်စွမ်းနဲ့ဆို ပြီးပြည့်စုံခြင်းအဆင့်ထိ ကျင့်ကြံနိုင်မှာ သေချာတယ်...."
ကျမ်းဆောင်စောင့် အကြီးအကဲ နှမြေတသစွာ ညီးတွားမိ၏။
သို့ပေမယ့် ခဏနေတော့ ခေါင်းခါယမ်းလိုက်သည်။
"မေ့လိုက်ပါ, အပြစ်ပေးတောင်ထိပ်က အဲ့လူအိုကြီးသာသိသွားရင်, ပြဿနာတက်နေအုန်းမယ်..."
"သူတို့အားလုံးက ခေါင်းမာတဲ့လူအိုကြီးတစ်သိုက်ပဲ။ အမြဲတမ်း စည်းကမ်းနဲ့ အမိန့်တွေအကြောင်းပဲ ပြောနေကြတာ..."
"သူတို့က ဂိုဏ်းချုပ်ကိုတောင် အပြစ်ပေးချင်ကြတာ။ ငါ ဆင်ဆင်ခြင်ခြင်နေမှဖြစ်မယ်...."
"ဒါပေမယ့် ငါတို့ နောက်တစ်ကြိမ်တွေ့ရင်, အကျိုးကျေးဇူးအချို့ တိတ်တဆိတ်ပေးအုန်းမယ်..."
"ဟီ...ဟီ..."