← Chapters

အခန်း (၇၁-၇၂)

Vol. 8 Ch. 71-72

အခန်း (၇၁-၇၂)

Vol. 8 Ch. 71-72

အခန်း (၇၁)

မင်းကိုသတ်သည်ဖြစ်စေ မသတ်သည်ဖြစ်စေ ငါကတော့ ပြိုင်ဘက်ကင်းလမ်းစဥ်ပေါ် လျှောက်လမ်းမှာပဲ...

"ဘုရားရေ, ဒါ ဘယ်အဆင့်ရှိတဲ့စွမ်းအားလဲ..."

ပတ်ဝန်းကျင်ရှိတပည့်တွေ လုံးဝကို အံ့အားသင့်နေ၏။

သူတို့အများစုက အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်တွေဖြစ်တာကြောင့် ဤစွမ်းအားက သူတို့နားလည်နိုင်စွမ်းကို ကျော်လွန်နေခဲ့သည်။

ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ရောက်နေသည့် ဓားရူးနှင့် အခြားသူတွေတောင် အတူတူပင်ဖြစ်သည်။

ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ရောက်ပြီးသော်လည်း သူတို့သိပ်သည်းနိုင်သည့် ဓာစွမ်းအင်က ၄ မီတာ ၅ မီတာ လောက်သာ ရှိ၏။

သို့ပေမယ့် မုန့်ချန်ချင်း?...

မီတာ ၁၅၀ လောက်ထိ ရှိ၏။

ခြားနားချက်က ကြောက်မက်ဖွယ်ဖြစ်ပြီး ကောင်းကင်နှင့်မြေကြီးကဲ့သို့ပင်။

"ဒီကောင် ဘယ်လိုလုပ်ခဲ့တာလဲ..."

ဓားရူး မယုံနိုင်ဖြစ်နေ၏။

"ပြီးတော့ သူ့စစ်မှန်ချီပမာဏက မတန်မဆကိုများလွန်းတယ်..."

ရှောင်ကျန်း ပေါင်းထည့်ပြောလိုက်သည်။

သူက လက်သီးတင်းကြပ်စွာဆုပ်ထားပြီး မျက်လုံးတွေထဲ၌ တုန်လှုပ်မှုနှင့် ဆန္ဒမရှိမှုတွေ ရှိနေခဲ့သည်။

နှစ်ယောက်လုံးက ထိပ်တန်းပါရမီရှင်တွေဖြစ်သော်လည်း ဤအခိုက်အတန့်၌ သူတို့က အကွာအဝေးတစ်ခုနှင့်စွမ်းအားမဲ့မှုကို ခံစားလိုက်ရသည်။

ဤအရာက သူတို့ ဘယ်တော့မှလိုက်မမှီသည့် ကွာဟချက်တစ်ခုဖြစ်သည်။

သူတို့သာ ဤဓားချက်နှင့်ရင်ဆိုင်ရမည်ဆိုလျှင် အသက်ရူကျပ်သွားမည်ကို စိတ်ကူးကြည့်နိုင်တာပဲဖြစ်သည်။

ရေခဲမြူတွေဖြည်းဖြည်းချင်းပျောက်ကွယ်သွားသည့်အခါ အထဲရှိအခြေအနေ တဖြည်းဖြည်းချင်း ရှင်းလင်းလာခဲ့သည်။

ရွှေမျောက်ဝံ ချိုင့်ခွက်ကြီးတစ်ခုထဲမှာလဲလျောင်းနေပြီး ခန္ဓာကိုယ်တစ်ခုလုံး၌ ဓားဒဏ်ရာတွေနှင့်ပြည့်နှက်နေကာ သွေးတွေအဆက်မပြတ်စီးထွက်နေ၏။

ဒဏ်ရာအပြင်းအထန်ရသွားပုံပင်။

သို့ပေမယ့် လက်တွေ့၌ ဤကဲ့သို့မဟုတ်ပေ။

"မင်းဘာလို့ ငါ့ကိုမသတ်တာလဲ..."

ရွှေမျောက်ဝံ အားနည်းစွာ ရေရွတ်လိုက်သည်။

၎င်းက မတ်တပ်မရပ်နိုင်ပေမယ့် ဆက်လှဲနေလို့ရ၏။

အစောပိုင်းထိုဓားချက်က သေချာပေါက် သူ့ကိုသတ်နိုင်၏။

သို့ပေမယ့် အဆုံးမှာ ရုတ်တရက်ပျောက်ကွယ်သွားပြီး ပြန်ဆုတ်သွားခဲ့သည်။

"ဘာလို့သတ်ရမှာလဲ..."

မုန့်ချန်ချင်း ပုံရိပ်ပျောက်ကွယ်သွားပြီး သူ့ရှေ့မှာ ပေါ်လာခဲ့သည်။

ဤကဲ့သို့ပြင်းထန်သည့်တိုက်ပွဲဖြစ်ပြီးနောက်တောင် သူ၏အခြေအနေက အလွန်ကောင်းနေဆဲဖြစ်သည်။

အဝတ်အစားတွေတောင် အများကြီးမပျက်စီးသွားပေ။

"ဘာလို့ဆို ဒါက ငါ့ကံကြမ္မာမိုလို့ပဲ..."

အကြောင်းပြချက်အချို့ကြောင့်, ရွှေမျောက်ဝံ စကားပြောချောမွေ့လာပြီး အစောပိုင်းကလို ထစ်ငေါ့မနေတော့ပေ။

"ကံကြမ္မာ..."

မုန့်ချန်ချင်း မျက်ခုံးတွေ မြင့်တက်သွား၏။

"ငါက မင်းတို့ထိုက်ရွမ်းဂိုဏ်းတပည့်တွေအတွက် ဓားသွေးကျောက်ပဲ။ ငါ့ကိုသတ်တာက ပြိုင်ဘက်ကင်းလမ်းစဥ်ကို သက်သေပြနိုင်တယ်...."

ရွှေမျောက်ဝံပြောလိုက်သည်။

ထိုအရာကိုကြားည့်အခါ, မုန့်ချန်ချင်း နားလည်သွား၏။

ရွှေမျောက်ဝံက အဆင့်သတ်မှတ်ချက်တစ်ခုဖြစ်နိုင်၏။

၎င်းကိုသတ်နိုင်လျှင် လူတစ်ယောက်၏အလားအလာက ထိပ်တန်းပါရမီရှင်တွေကို ကျော်တက်သွားပြီဟု သက်သေပြနိုင်ပြီး ပြိုင်ဘက်ကင်းလမ်းစဥ်သို့တက်လှမ်းဖို့ အရည်အချင်းပြည့်မှီသွားဖြစ်သည်။

ထိုပြိုင်ဘက်ကင်း ဆိုသည့်အရာက...

သဘာဝအတိုင်း ပြိုင်ဘက်ကင်းစွမ်းအားရှင်တစ်ယောက်ဖြစ်လာခြင်းကို ဆိုလို၏။

သို့ပေမယ့် သတ်ဖြတ်ခြင်းနှင့် အနိုင်ရခြင်းက မတူညီသည့်အယူအဆနှစ်ခုဖြစ်၏။

ရွှေမျောက်ဝံကို အနိုင်ယူဖို့က ၎င်းထက် အနည်းငယ်သန်မာရုံဖြင့်ရ၏။

သို့ပေမယ့် သတ်ဖို့ကတော့...

"မင်းက သွေးမျိုးဆက်ရှိတဲ့ နတ်ဆိုးသားရဲတစ်ကာင်ပဲ။ ငါမင်းကိုသတ်လိုက်ရင် ဂိုဏ်းက နောင်တရမလားလောက်ဘူးလား..."

မုန့်ချန်ချင်း အသိပြန်ဝင်လာပြီး သာမန်အတိုင်း ပြောလိုက်သည်။

"ငါက နတ်ဆိုးသားရဲတစ်ကောင်လေ။ ငါ့သွေးမျိုးဆက်က ကောင်းနေရင်တောင် သူတို့က ငါ့အတွက် အရင်းအမြစ်တွေ သုံးချင်မှာမဟုတ်ဘူး..."

ရွှေမျောက်ဝံ ခါးသီးမှုအနည်းငယ်ဖြင့် ပြောလိုက်သည်။

"ငါ့ဘဝမှာ, အဆင့် ၃ ပဲရောက်ပြီး ဓားသွေးကျောက်ဖြစ်လာဖို့ ကံသတ်မှတ်ပြီးသား..."

မုန့်ချန်ချင်း ထိုအရာအတွက် မည်သည့်ဂရုဏာမှ မရှိပေ။

ဤအရာက မျိုးနွယ်စုနှင့်ဆိုင်သည့် စစ်ပွဲဖြစ်၏။

လွန်ခဲ့သည့်မရေမတွက်နိုင်သည့်ခေတ်တွေတုန်းက လူသားမျိုးနွယ်သာ ရှုံးနိမ့်ခဲ့လျှင် ယခု သူတို့လည်း ဓားသွေးကျောက်ဖြစ်နေမည်ဖြစ်သည်။

ဂိုဏ်းက တကယ်ပဲ အရင်းအမြစ်တွေကို နတ်ဆိုးသားရဲတစ်ကောင်ဆီ ရင်းနှီးမြှပ်နှံမည်မဟုတ်ပေ။

သူတို့ကိုယ်ပိုင်တပည့်တွေလေ့ကျင့်ဖို့သုံးတာ ပိုမကောင်းဘူးလား။

မျိုးနွယ်ခြားတွေ၌ အမြဲတမ်း မတူညီသည့်စိတ်ဓာတ်တွေရှိ၏။

"သတ်တာက လုပ်ရိုးလုပ်စဥ်ကြီးတစ်ခုပါပဲ..."

"မင်းကိုသတ်သတ် မသတ်သတ် ငါက ပြိုင်ဘက်ကင်းလမ်းစဥ်ကို တက်လှမ်းဦးမှာပဲ..."

မုန့်ချန်ချင်း လက်နှောက်ပစ်ပြီး ရပ်နေခဲ့သည်။

တိုက်ခတ်နေသည့်လေပြေလေညင်းကြောင့် သူ၏အနက်ရောင်ဆံပင်က ညင်သာစွာဝှေ့ယမ်းနေပြီး မျက်လုံးထဲ၌ ယုံကြည်မှုတွေ တဖျတ်ဖျတ်လက်နေ၏။

"မင်းအလားအလာက ငါ့ထက်သာတယ်။ အဲ့လိုတည်ရှိမှုတစ်ခုဖြစ်လာဖို့ တကယ်ပဲ ထိုက်တန်ပါတယ်..."

ကြက်သွေးရောင်ရူးသွပ်ခြင်းရွှေမျောက်ဝံ မုန့်ချန်ချင်းကို ကြည့်လိုက်သည်။

ဤငယ်ရွယ်တောက်ပနေသည့်အမူအရာက သူ့အား တကယ်ပဲ မနာလိုဖြစ်သွားစေ၏။

သူလည်း ဤကဲ့သို့မားမားမတ်မတ်ရပ်ချင်ပေမယ့် ကံကြမ္မာက အလွန်မတန်ရက်စက်၏။

"မင်းကိုသတ်တာထက် ငါ မင်းနဲ့မိတ်ဆွေပိုဖြစ်ချင်တယ်...."

မုန့်ချန်ချင်း ရွှေမျောက်ဝံကိုကြည့်ပြီး အနည်းငယ်ပြုံးလိုက်သည်။

"မိတ်ဆွေ?..."

ရွှေမျောက်ဝံမျက်နှာပေါ်၌ အံ့အားသင့်သည့်အမူအရာတစ်ခုရှိနေခဲ့သည်။

ဤကမ္ဘာကြီး၌နေလာသည့် နှစ်ပေါင်း ၂၀ ကျော်သက်တမ်းတစ်လျှောက် တစ်ယောက်မှ သူ့ကို ဤကဲ့သို့စကားမပြောခဲ့ပေ။

လူသားမျိုးနွယ်၏မျက်လုံးထဲ၌ သူက ဝန်ထုပ်ဝန်ပိုးသားရဲတစ်ကောင်သာဖြစ်သည်။

သို့ပေမယ့် ဤလူသားက သူနှင့် မိတ်ဆွေဖြစ်ချင်နေခဲ့သည်။

"မင်းက ငါမြင်ဖူးသမျှသားရဲတွေထဲမှာ ခွန်အားအရကော အလားအလာအရကော အသန်မာဆုံးပဲ။ ဒါကြောင့် မင်းနဲ့ မိတ်ဆွေဖြစ်ချင်တာ..."

မုန့်ချန်ချင်း လက်ကမ်းပေးလိုက်၏။

"ငါတို့ အနာဂတ်မှာ ထပ်ယှဥ်ပြိုင်ရဖို့ မျှော်လင့်တယ်..."

ဤအရာက အမှန်တရားဖြစ်၏။

ရွှေမျောက်ဝံနှင့်တိုက်ပွဲက အကျိုးကျေးဇူးများသော်လည်း သူက ခုထိ မကျေနပ်သေးပေ။

ထို့ပြင် အဓိကရည်ရွယ်ချက်မှာ ကြက်သွေးရောင်ရူးသွပ်ခြင်းရွှေမျောက်ဝံ၏ စွမ်းရည်တွေဖြစ်သည်။

ရှေးဟောင်းနတ်ဆိုးမျောက်ဝံသွေးမျိုးဆက်...

ထို့ပြင် နောက်ဆုံးသွေးမျိုးဆက်စွမ်းရည်ဖြစ်သည့် "နတ်ဆိုးမျောက်ဝံနတ်ဘုရားစွမ်းရည်"မှာ ခွန်အားကို အကြီးအကျယ်ကို တိုးမြှင့်သွားစေ၏။

သူသာ "လင်းလုံမဟာကျော့ကွင်းကောင်းကင်"ကို လေ့ကျင့်မထားလျှင် ၎င်းကိုအနိုင်ယူဖို့ ပြင်းထန်သည့်တိုက်ပွဲတစ်ခု တိုက်ရမည်ပင်။

သို့ပေမယ့် နတ်ဆိုးသွေးမျိုးဆက်ကို လက်ခံနိုင်မလားတော့ မသေချာပေ။

အဆုံးမှတော့ သူက လူသားတစ်ယောက်ဖြစ်၏

နောက်မှ စနစ်ကို မေးရမည်ဖြစ်သည်။

ပေါင်းစပ်လို့မရလျှင်တောင် ပယ်ဖျက်နိုင်သေး၏။

ဤအဆင့်စွမ်းရည်က အဆင့်မြင့်ပစ္စည်းတစ်ခုနှင့်လဲနိုင်မည်ဟု သူယုံ၏။

ဤအရာကိုကြားသည့်အခါ ရွှေမျောက်ဝံ အနည်းငယ် လက်သီးဆုပ်လိုက်၏။

စိတ်ထဲမှာလိမ့်တက်လာသည့် ခံစားချက်တွေကို ဖော်ပြဖို့ ခက်ခဲနေခဲ့သည်။

၎င်း၏သားရဲသက်တမ်းတစ်လျှောက် ဤကဲ့သို့ အသိမှတ်ပြုခံရမှု တစ်ခါမှမရရှိခဲ့ဖူးပေ။

"လူသား, မင်းက ငါ့အသက်ကို ချမ်းသာပေးခဲ့တော့ မင်းအပေါ်ငါအကြွေးတင်သွားပြီ။ ဒါ့ပြင်, မင်းကစိတ်ထဲမထားမှတော့ ငါလည်း မင်းနဲ့မိတ်ဆွေဖြစ်ဖို့ ဆန္ဒရှိပါတယ်..."

ရွှေမျောက်ဝံ မတ်တပ်ရပ်လိုက်ပြီး လက်ဆန့်ထုတ်လိုက်သည်။

၎င်းလက်နှင့်ယှဥ်လျှင် မုန့်ချန်ချင်းလက်က သဘာဝအတိုင်း အများကြီးပိုသေး၏။

သို့ပေမယ့် သူတို့က လက်ဆွဲနှုတ်ဆက်လိုက်ဆဲဖြစ်သည်။

ဒင်!

[ကြက်သွေးရောင်ရူးသွပ်ခြင်းရွှေမျောက်ဝံကို မိတ်ဆွေအဖြစ် အောင်မြင်စွာ ပေါင်းထည့်ပြီးပါပြီ]

[လက်ရှိနှစ်သက်မှု- ကြယ် ၁ လုံး]

[ရရှိသောစွမ်းရည်- သွေးမျိုးဆက် (အစွမ်းထက်နတ်ဆိုးမျောက်ဝံ)]

[အပိုဆောင်းဆုလဒ်- သွေးမျိုးဆက်သန့်စင်ကဒ် ၁ ကဒ်]

စနစ်၏အသံ သူ့စိတ်ထဲမှာ ပေါ်လာခဲ့သည်။

မုန့်ချန်ချင်းမျက်နှာပေါ်၌ အပြုံးတစ်ခု ချက်ချင်းပဲ ပေါ်လာခဲ့သည်။

မဆိုးပါဘူး, သူက အကောင်းဆုံးစွမ်းရည်ကို ရရှိခဲ့သည်။

သွေးမျိုးဆက်စွမ်းရည်သုံးဖို့ လူတစ်ယောက်က သွေးမျိုးဆက်ကို အရင်ပိုင်ဆိုင်ရမည်ဖြစ်သည်။

မဟုတ်လို့ သူက "နတ်ဆိုးမျောက်ဝံနတ်ဘုရား"စွမ်းရည်ကို ရခဲ့လျှင်တောင် သုံးနိုင်မည်မဟုတ်ပေ။

ထို့ပြင်, အပိုဆောင်းဆုလဒ်လည်းရှိသေး၏။

သွေးမျိုးဆက်သန့်စင်ကဒ်...

ထိုအရာက ပထမဆုံးအကြိမ်ထွက်ပေါ်လာခြင်းဖြစ်သည်။

၎င်းနာမည်အရ သွေးမျိုးဆက်သန့်စင်ဖို့အတွက် အသုံးပြုတာဖြစ်သင့်၏။

"မင်းအသွင်အပြင်အရ, မင်းက ကြက်သွေးရောင်ရူးသွပ်ခြင်းရွှေမျောက်ဝံမလား..."

မုန့်ချန်ချင်း အသိပြန်ဝင်လာပြီး သိချင်စွာဖြင့် မေးလိုက်သည်။

"ငါ့နာမည်က မုန့်ချန်ချင်းပါ..."

"ဟုတ်တယ်..."

ကြက်သွေးရောင်ရူးသွပ်ခြင်းရွှေမျောက်ဝံ ခေါင်းညိတ်လိုက်၏။

အံ့အားသင့်သည့်အရိပ်အယောင်တစ်ခုလည်း သူ့မျက်လုံးထဲပေါ်လာခဲ့သည်။

တကယ်တော့, နတ်ဆိုးသားရဲဆိုတာ ယေဘူယျအသုံးအနှုန်းတစ်ခုသာဖြစ်ပြီး ၎င်းတို့၌ မတူညီသည့် အမျိုးအစားများစွာရှိ၏။

ထို့ပြင် သူက ရှားပါးမျိုးစိတ်တွေထဲမှ တစ်ကောင်ဖြစ်၏။

သဘောတရားအရ လက်ရှိခေတ်၌ သူ့ကိုမှတ်မိသည့်လူများစွာ မရှိပေ။

သို့ပေမယ့် ဤလူသားကတော့ သိနေခဲ့သည်။

ကြည့်ရတာ ဗဟုသုတလည်း အတော်ကြွယ်ဝပုံပေါ်၏။

"ဒီနာမည်ကရှည်လွန်းတယ်။ ငါမင်းကို ရွှေနီလို့ခေါ်လို့ရမလား..."

မုန့်ချန်ချင်း မေးလိုက်သည်။

အခန်း (၇၂)

သွေးကြော ၇ ခုသိုင်းပြိုင်ပွဲနှင့် ကြက်သွေးရောင်ကောင်းကင်အမည်ရဓား

"ကောင်းပြီလေ..."

ကြက်သွေးရောင်ရူးသွပ်ခြင်းရွှေမျောက်ဝံ တစ်ခဏတွေးပြီး ခေါင်းညိတ်လိုက်သည်။

ထိုအကြောင်းပြောမှ သူ့၌ တကယ်ပဲ ကိုယ်ပိုင်နာမည်မရှိပေ။

ရွှေနီ...

နားထောင်လို့တော့ကောင်း၏။

"မင်း...နိုင်သွားပြီဆိုတော့... သွား လက်နက်တစ်ခုရွေးလိုက်...."

ရွှေနီဘေးဖယ်ပေးလိုက်သည်။

ဤနေရာ၌ ပြင်းထန်သည့်တိုက်ပွဲတစ်ခုဖြစ်ခဲ့သော်လည်း စိတ်ဝိညာဥ်လက်နက်တွေရှိသည့်ကွင်းပြင်မှာ ဘာမှသက်ရောက်မှုမရှိပေ။

သိသာစွာပဲ ကာကွယ်ရေးအစီရင်တစ်ခုရှိနေခဲ့သည်။

"စိတ်ဝိညာဥ်လက်နက်..."

မုန့်ချန်ချင်း ကြည့်လိုက်သည်။

အစောပိုင်းတိုက်ပွဲ၌ သူ၏သန့်စင်ခြင်းတစ်ရာလက်နက် နောက်တစ်ကြိမ်ကျိုးပဲ့သွားပြီး ဤအရာနှင့်ဆို သုံးခုကျော်ပြီဖြစ်သည်။

"စီနီယာအကိုမုန့် နိုင်သွားပြီ..."

ရေခဲမြူတွေတဖြည်းဖြည်းပျောက်ကွယ်သွားပြီး မြင်ကွင်းရှင်းလင်းလာတော့ စိတ်ဝိညာဥ်တောင်ထိပ်တပည့်တွေ အရင်ဆုံး အော်ဟစ်အားပေးလိုက်ကြ၏။

သူတို့မျက်လုံးတွေ၌ စိတ်လှုပ်ရှားမှုတွေ အပြည့်ပင်။

ဤအရာက သွေးမျိုးဆက်ရှိသည့် နတ်ဆိုးသားရဲတစ်ကောင်ဖြစ်ပြီး ထိပ်တန်းပါရမီရှင်တွေတောင် အကူအညီမဲ့ရသည့် ဖြစ်တည်မှုတစ်ခုဖြစ်သည်။

မုန့်ချန်ချင်း ၎င်းကို အနိင်ရခဲ့သည့်အတွက် သူက ထိပ်တန်းပါရမီရှင်အများစုကို ကျော်တက်သွားပြီဟု ဆိုလိုနေသည်မဟုတ်လား။

အစစ်အမှန် ပါရမီရှင်တစ်ယောက်ပင်။

"သူက တကယ်သန်မာတာပဲ..."

အခြားတောင်ထိပ်မှတပည့်တွေလည်း အံံ့အားသင့်စွာ ပြောလိုက်သည်။

တကယ်တော့ အစောပိုင်းဓားချက်ထွက်ပေါ်လာချိန်၌ သူတို့က နတ်ဆိုးသားရဲရှုံးတော့မည်ဟု မသိစိတ်အရထင်လိုက်၏။

အမှန်တကယ်လည်း ထိုသို့ဖြစ်လာခဲ့သည်။

တစ်ခုတည်းသောကွာခြားချက်က အံ့သြစရာကောင်းစွာဖြင့် နတ်ဆိုးသားရဲ သေမသွားတာပင်။

သို့ပေမယ့် မုန့်ချန်ချင်း အလျော့ပေးခဲ့တာဖြစ်နိုင်၏။

တိုက်ပွဲကွင်းပြင်ရှိအခြေအနေက ဤကဲ့သို့ပြောနေခဲ့သည်။

သူသာ လုံးဝထိန်းချုပ်မထားခဲ့လျှင် တိုက်ပွဲကွင်းပြင်က ဤထက်ပိုပြီး ပျက်စီးနေမည်ဖြစ်သည်။

"လျို့ဝှက်နယ်မြေပြီးဆုံးတဲ့အခါကျရင်, စီနီယာအကိုမုန့်က စစ်မှန်တပည့်တစ်ယောက်ဖြစ်လာလိမ့်မယ်..."

"ဒါပေမယ့် သူက စစ်မှန်တပည့်အဆင့်ဝင်ရောက်ခါစဆိုရင်တောင် စီနီယာအကို၊အမ အများစုထက် ပိုသန်နေဆဲပဲ..."

တစ်စုံတစ်ယောက် မနေနိုင်ပဲ ပြောလိုက်သည်။

"ဒါပေါ့, စစ်မှန်တပည့်တွေမှာလည်း အားကြီးသူနဲ့ အားနည်းသူဆိုပြီးရှိတယ်။ ပြီးတော့ စီနီယာအကိုမုန့်ပြခဲ့တဲ့ခွန်အားအရ အနည်းဆုံး အလယ်အလတ်အဆင့်ကနေ ထိပ်ဆုံးအဆင့်မှာ ရှိနိုင်တယ်..."

လူတိုင်း စိတ်လှုပ်ရှားစွာ ဆွေးနွေးနေခဲ့သည်။

ဤကဲ့သို့မကောင်းဆိုးဝါးပါရမီရှင်နှင့် မျိုးဆက်တစ်ခုတည်းဖြစ်ရတာ တကယ်ကို ဂုဏ်ယူစရာပင်။

အနာဂတ်၌ ၎င်းမှာ ကြွားဝါစရာပုံပြင်တစ်ပုဒ်ဖြစ်လာမည်ဖြစ်သည်။

"လျို့ဝှက်နယ်မြေဖွင့်တိုင်း, မကြာခင်မှာပဲ သွေးကြော ၇ ခုပြိုင်ပွဲကို ကျင်းပတယ်..."

တစ်စုံတစ်ယောက် ရုတ်တရက် ပြောလိုက်သည်။

ချက်ချင်းပဲ ဆက်စပ်သည့်မှတ်ဉာဏ်တွေ လူတိုင်းစိတ်ထဲ ပေါ်လာခဲ့သည်။

သွေးကြော ၇ ခုပြိုင်ပွဲ....

ဤအရာက ဂိုဏ်း၏ အကြီးမားဆုံးပြိုင်ပွဲဟုလည်း ပြောနိုင်၏။

တောင်ထိပ််တစ်ခုချင်းစီက ယှဥ်ပြိုင်ဖို့ တပည့်တွေ စေလွတ်မည်ဖြစ်ရာ ပါရမီရှင်တွေစုဝေးလာကြမည်ဖြစ်သည်။

အဆင့်မြင့်ရသည့်လူတွေက ကျင့်ကြံရေးအရင်းအမြစ်များစွာရနိုင်ရုံသာမက ထိုက်ရွမ်ရတနာတိုက်ကိုလည်း ဝင်ရောက်ဖို့အရည်အချင်းပြည့်မှီ၏။

ထိုက်ရွမ်ရတနာတိုက်...

ဤအရာက ဂိုဏ်း၏ အရေးကြီးဆုံးနေရာဖြစ်သည်။

အထဲမှာရှိသည့်အရာတိုင်းက ကမ္ဘာ့ရတနာတွေအဖြစ် ယူဆနိုင်၏။

သိုင်းပညာနှင့် နည်းစနစ်တွေကို ဥပမာအဖြစ်ပြောရလျှင် ထိုနေရာ၌ မြေကမ္ဘာအဆင့်မှစ၏။

"စီနီယာအကိုမုန့် သွေးကြော ၇ ခုပြိုင်ပွဲမှာ ဘယ်လောက်ဝေးဝေးသွားနိုင်မလဲ သိချင်မိတယ်.."

တစ်စုံတစ်ယောက်မနေနိုင်ပဲ ပြောလိုက်သည်။

အဆုံးမှာတော့ မုန့်ချန်ချင်းက သူတို့မြင်ဖူးသည့် တစ်ယောက်တည်းသော ပါရမီရှင်ဖြစ်သည်။

"သွေးကြော ၇ ခုသိုင်းပြိုင်ပွဲ...."

အနီးနားရှိဆွေးနွေးသံတွေကြားတော့ ဓားရူး ခေါင်းအနည်းငယ်ခါယမ်းလိုက်သည်။

လျို့ဝှက်နယ်မြေက သေးငယ်သည့်စုဆောင်းမှုလေးတစ်ခုသာဖြစ်သည်။

သွေးကြော ၇ ခု သိုင်းပြိုင်ပွဲကမှ ပါရမီရှင်တွေ အစစ်အမှန်စုဝေးရာ နေရာဖြစ်သည်။

ထိုအချိန်၌ ဂိုဏ်းတပည့်တွေ၏အုတ်မြစ်အစစ်အမှန်နှင့် ပြိုင်ဘက်ကင်းတိုက်ခိုက်ရေးစွမ်းအားတွေကို မြင်နိုင်တာပဲဖြစ်သည်။

မုန့်ချန်ချင်းက ဤအဆင့်ကိုရောက်နေပြီဖြစ်သော်လည်း အစမှနေ၍တောင်ထိပ်အသီးသီးမှာကြီးထွားနေပြီးဖြစ်သည့် ထိုပါရမီရှင်တွေနှင့်တော့ အကွာအဝေးအချို့ရှိနေဆဲဖြစ်သည်။

သူတို့ပိုင်ဆိုင်သည့်အလားအလာ၊ သုံးသည့်အရင်းအရင်းအမြစ်၊ လေ့ကျင့်သည့်သိုင်းပညာ၊ အစရှိသဖြင့် အားလုံးက သာမန်လူတွေထက် များစွာသာလွန်နေခဲ့သည်။

"ဒါနဲ့စကားမစပ်, မင်း တွမ့်ဟွမ်ကို မြင်မိသေးလား..."

ရှောင်ကျန်း ရုတ်တရက်မေးလိုက်သည်။

"မမြင်ဘူး..."

ဓားရူးခေါင်းခါယမ်းလိုက်သည်။

"ပြီးတော့ ဝမ်ထန်းမင်ကောပဲ..."

"ဝမ်ထျန်းမင်ကိုတော့ မေ့လိုက်။ သူက ဆေးဖော်စပ်ဆရာတစ်ယောက်ပဲ, ဒီအဆင့်မှာ ဘယ်သူ့ကိုရိုက်နိုင်မှာလဲ...."

"ပျော်ဖို့အတွက်တော့ လာမယ်မထင်ဘူး..."

ရှောင်ကျန်း ပြန်ဖြေလိုက်သည်။

မုန့်ချန်ချင်း များစွာသော အဆင့်မြင့်စိတ်ဝိညာဥ်လက်နက်တွေရှိရာကို လျှောက်သွားလိုက်သည်။

ဤစိတ်ဝိညာဥ်လက်နက်တွေ၌ အမျိုးအစားများစွာရှိ၏။

လှံရှည်၊ အသွားပါလှံ၊ လေးလံထူ၊ တိုက်ပွဲပုဆိန်၊ ဓားများစွာ၊ အစရှိသဖြင့်ပင်...

၎င်းတို့၏အသွင်အပြင်တွေက မတူသော်လည်း အားလုံးက အသက်ရှိနေသကဲ့သို့ အလင်းရောင်တွေ ထုတ်လွတ်နေခဲ့သည်။

သူက ဓားသိုင်းလေ့ကျင့်မှတော့ သဘာဝအတိုင်း ဓားတစ်ချောင်းရွေးရမည်ဖြစ်သည်။

ဤနေရာ၌ အဆင့်မြင့်စိတ်ဝိညာဥ်လက်နက် ၁၃ ခု ရှိပြီး ဓားတစ်ချောင်းသာရှိသည်။

ထို့ထက်ပိုတိတိကျကျပြောရလျှင် လက်နက်တစ်မျိုးကို တစ်ခုသာရှိသည်ဟု ပြောရမည်ပင်။

ကြည့်ရတာ ဂိုဏ်းက လူအများကြီး ၎င်းတို့ကိုရမည်ဟု မျှော်လင့်ထားပုံမပေါ်ပေ။

ထို့ထက် ရွှေနီကိုအနိုင်ရသည့်တပည့်က မည်သည့်လက်နက်သုံးလဲဆိုတာ မသေချာတာပဲဖြစ်သည်။

ထို့ကြောင့် ပိုများသည့်ရွေးချယ်မှုတွေ ထားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်သည်။

မုန့်ချန်ချင်း စိတ်ဝိညာဥ်ဓားဆီလျှောက်သွားပြီး ဆွဲနှုတ်လိုက်သည်။

ရွစ်!

ဓားက အတော်လေးရှည်ပြီး သာမန်ဓားတွေထက် အနည်းငယ်ပိုရှည်၏။

"သံစိမ်းသုံးပေ" ဟုစကားပုံရှိသော်လည်း ဤဓားက လေးပေရှည်နေခဲ့သည်။

ထို့ပြင် ဓားတစ်ခုလုံးကို ခြုံငုံကြည့်လျှင် စိတ်ဝိညာဥ်စွမ်းအင်တွေပြည့်နှက်နေပြီး နေရာတိုင်းက ထက်ရှနေခဲ့သည်။

အထူးသဖြင့်, ဓားသွားပင်, ထိုနေရာရှိတောက်ပသည့်အလင်းတန်းက လူတွေအား သူတို့၏အရေပြားပြတ်တောက်သွားတော့မည်ဟု ခံစားချက်ကို ပေးစွမ်းနေ၏။

"စိတ်ဝိညာဥ်ပစ္စည်း..."

မုန့်ချန်ချင်းမျက်လုံးတွေ အရောင်တောက်သွား၏။

စိတ်ဝိညာဥ်လက်နက်တွေ အလွန်ဈေးကြီးရခြင်းမှာ ၎င်းတို့၏ခိုင်ခံမှုနှင့် စစ်မှန်ချီကို ခုခံနိုင်တာကြောင့်သာမက စိတ်ဝိညာဥ်ပစ္စည်းတစ်ခုခုပါနေသောကြောင့်လည်းဖြစ်သည်။

ထိုစိတ်ဝိညာဥ်ပစ္စည်းမှာ ဝေးလံခေါင်သည့်နေရာတွေ၌ မွေးဖွားကြပြီး အမျိုးမျိုးသော ဂုဏ်သတ္တိတွေပိုင်ဆိုင်ကြ၏။

လက်နက်တစ်ခုထဲပေါင်းထည့်လိုက်သည့်အခါ ၎င်းတို့က လက်နက်ကို အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းသွားစေမည်ဖြစ်သည်။

ဥပမာ သူ့လက်ထဲရှိစိတ်ဝိညာဥ်ဓားက ဓားမြက်နှင့်ဓားသလင်းကျောက် ပေါင်းစပ်ထားပုံရသောကြောင့် အလွန်အမင်းထက်ရှနေရခြင်းဖြစ်သည်။

ဓားချက်ထုတ်ဖော်သည့်အခါ ဓားချီက ပုံမှန်ထက ၃၊ ၄ ဆလောက်ပိုသည့် စွမ်းအားကို ထုတ်လွတ်ပေးမည်ဖြစ်သည်။

တိုက်ပွဲတစ်ပွဲ၌ အနည်းငယ်လေးကွာခြားမှုကတောင် အနိုင်အရှုံးကို ဆုံးဖြတ်ပေးနိုင်၏။

အဆများစွာဆိုလျှင်တော့ ပြောစရာကို မလိုတော့ပေ။

အများကြီးမတွေးပဲ မုန့်ချန်ချင်း လက်ချောင်းကိုကိုက်ကာ ဓားပေါ်သို့ သွေးတစ်စက်ချလိုက်၏။

ထိုအခါ ချက်ချင်းပဲ ထူးဆန်းသည့်ချိတ်ဆက်မှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ဤအရာက သွေးစာချုပ်ပင်။

ဘုန်း!

မုန့်ချန်ချင်း သာမန်အတိုင်း ဓားချက်ထုတ်ဖော်လိုက်ရာ မီတာဒါဇင်ချီအဝေး၌ နက်ရှိုင်းသည့်ဓားရာအမှတ်အသားတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

"ဓားကောင်းပဲ...."

မုန့်ချန်ချင်း မျက်လုံးတွေ တောက်ပလာ၏။

ဤအရာက သာမန်ခုတ်ချက်သာဖြစ်ပေမယ့် ဤကဲ့သို့စွမ်းအားပိုင်ဆိုင်ထားခဲ့သည်။

အကယ်၍ အစွမ်းကုန်သာထုတ်သုံးလျှင်...

သူ တကယ်ကို မတွေးရဲပေ။

ရွှေနီနှင့် နောက်တစ်ကြိမ်တိုက်ခိုက်လျှင် ဤဓားက ရွှေနီ၏ခန္ဓာကိုယ်ကို ပိုင်းဖြတ်ဖို့လုံလောက်၏။

"မင်းကို ဘယ်လိုနာမည်ပေးသင့်လဲ..."

မုန့်ချန်ချင်း သူ့ရှေ့ရှိဓားကိုကြည့်နေပြီး ဓားအလင်းရောင်တစ်ခု သူ့မျက်လုံးထဲမှာ အလင်းပြန်နေခဲ့သည်။

"ကြက်သွေးရောင်ကောင်းကင်လို့ ခေါ်ကြတာပေါ့...."

မုန့်ချန်ချင်း ပြောလိုက်သည်။

စိတ်ဝိညာဥ်တောင်ထိပ်မှမွေးဖွားပြီး ရွှေနီကို အနိုင်ရခြင်းမှ ရရှိခဲ့သည်။

ဝှစ်!

သူက ဓားကိုဓားအိမ်ထဲထည့်ပြီး ခါးမှာချိတ်လိုက်သည်။

အော်ရာလည်းတည်ငြိမ်သွားပြီး တည်ငြိမ်သည့်အခြေအနေကို ပြန်ရောက်လာခဲ့သည်။

ဤအခိုက်အတန့်၌ သူက ယခင်ကကဲ့သို့ ပြိုင်ဘက်ကင်းအမူအရာတွေ မရှိတော့ပေ။

မိသားစုကြီးတစ်ခုမှ သာမန်သခင်လေးတစ်ယောက်ကဲ့သို့ဖြစ်ပြီး ချောမောတာမှလွဲ၍ ဘာမှမထူးခြားပေ။

All Chapters