← Chapters

အခန်း (၇၃-၇၄)

Vol. 8 Ch. 73-74

အခန်း (၇၃-၇၄)

Vol. 8 Ch. 73-74

အခန်း (၇၃)

ရှင်ဘုရင်ကသွေးမျိုးဆက်ကြောင့်ဂုဏ်မယူဘူး၊ သွေးမျိုးဆက်ကတော့ ရှင်ဘုရင်ကို လေးစားတယ်

"မင်းအဆင်ပြေတယ်မလား..."

မုန့်ချန်ချင်း ရွှေနီကို ကြည့်လိုက်သည်။

"ငါအဆင်...ပြေပါတယ်.... နည်းနည်းအနားယူဖို့ပဲ လိုတာပါ...."

ဤအခိုက်အတန့်၌ ရွှေနီစကားပြောပုံက ပုံမှန်အတိုင်းပြန်ထစ်သွားခဲ့သည်။

"ဒါဆိုလည်းကောင်းပြီလေ။ ငါအခုသွားတော့မယ်။ လျို့ဝှက်နယ်မြေထဲမှာ အခြားလုပ်စရာကိစ္စတွေရှိသေးတယ်...."

မုန့်ချန်ချင်း ခပ်ဖွဖွပြုံးလိုက်၏။

"ကောင်းပြီ..."

ရွှေနီခေါင်းညိတ်လိုက်၏။

လျို့ဝှက်နယ်မြေက ၇ ရက်ဖွင့်တာဖြစ်ပြီး ယနေ့မှ ၄ ရက်သာရှိသေး၏။

ထွက်မသွားခင် မုန့်ချန်ချင်း ရှီဂွမ်းနှင့် ရှီယောင်တို့ကိုလည်း ခေါင်းညိတ်ပြသွားသည်။

သူတို့ကလည်း ချက်ချင်းတုံ့ပြန်လိုက်၏။

သူတို့မျက်လုံးထဲ၌ မုန့်ချန်ချင်းက သာမန်စီနီယာအကိုတစ်ယောက် မဟုတ်တော့ပေ။

"စီနီယာအကိုမုန့်ရဲ့ အစစ်အမှန်ခွန်အားက ဒီလောက်ကြောက်စရာကောင်းမယ်လို့ ထင်မထားဘူး..."

ရှီယောင် စိတ်လှုပ်တရှားဆံထွေးမျိုချပြီး သူ၏ကြီးမားသည့်မျက်လုံးကြီးတွေထဲ၌ ကြောက်ရွံ့သည့်အရိပ်အယောင်တွေ မြင်နိုင်တာပဲဖြစ်သည်။

"ဟုတ်တယ်...."

ရှီဂွမ်း ခေါင်းညိတ်လိုက်၏။

သူနှင့် သူ့ညီပေါင်းလျှင်တောင် အစောပိုင်းဓားချက်ကို တားနိုင်မည်မဟုတ်ပေ။

ထိုအရာက လုံးဝကို လွမ်းမိုးနိုင်သည့်ခွန်အားဖြစ်၏။

သို့ပေမယ့် သူ သွေးမျိုးဆက်နည်းစနစ်ကိုနားလည်နိုင်သည်နှင့်တစ်ပြိုင်နက် တားနိုင်သင့်၏။

ဤသို့တွေးပြီး ရှီဂွမ်း မျက်လုံးတင်းကြပ်စွာမှိတ်လိုက်သည်။

သူသာ ခြင်ဆီကျောက်တုံးကို အလုံးစုံစုပ်ယူနိုင်သည်နှင့် သွေးမျိုးဆက်နည်းစနစ်ကို နားလည်ပြီဖြစ်သည်။

အခြားလုပ်စရာတွေရှိသေး၍ မုန့်ချန်ချင်း ဤနေရာမှာ မနေတော့ပေ။

သူက ရရှိထားသောစွမ်းရည်တွေကို ပေါင်းစပ်ရအုန်းမည့်အပြင် အထူးမီးတောက်တစ်ခုလည်းရှာရအုန်းမည်ဖြစ်သည်။

အဆင့် ၂ ဆေးဖော်စပ်ဆရာတစ်ယောက်အနေဖြင့် အထူးမီးတောက် မရှိလို့မဖြစ်ပေ။

မုန့်ချန်ချင်းထွက်ခွာသွားသည်နှင့် တပည့်တွေကြား သူ့အကြောင်းဆွေးနွေးမှုတွေက ပျောက်ကွယ်မသွားပေ။

ဆန့်ကျင်ဘက်အနေဖြင့် တစ်စထက်တစ်စ ပိုမိုကျယ်ပြန့်လာခဲ့သည်။

အဆုံးမှာတော့ ယနေ့မတိုင်ခင်၌ မုန့်ချန်ချင်းနှင့်ပတ်သက်ပြီး သတင်းအနည်းငယ်သာရှိခဲ့၏။

ထို့ကြောင့် လူများစွာ ယနေ့ သူ့အကြောင်းကို လေ့လာနေခဲ့ကြသည်။

မုန့်ချန်ချင်းပုံစံက တကယ်ကိုမြင်းနက်တစ်ကောင်၏ခံစားချက်ကို ပေးစွမ်းနေ၏။

ထွက်ခွာလာပြီးနောက် မုန့်ချန်ချင်း တံခါးပိတ်ကျင့်ကြံမည့်နေရာတစ်ခုရှာပြီး ခြေချိတ်ထိုင်ကာ အချက်အလက်ဇယားကို ဖွင့်လိုက်သည်။

ဤတစ်ချိန်၌ သူက မိတ်ဆွေသုံးယောက် ဆက်တိုက်ပေါင်းထည့်နိုင်ခဲ့ပြီး အတော်လေး ရိတ်သိမ်းနိုင်ခဲ့၏။

[ပိုင်ရှင်- မုန့်ချန်ချင်း]

[....]

[ကျင့်ကြံရေးနည်းစနစ်နှင့် သိုင်းပညာ- ပင်လယ်နက်မူလသို့ပြန်ခြင်း (ပြီးပြည့်စုံခြင်းအဆင့်)၊ လင်းလုံမဟာကျော့ကွင်းကောင်းကင်(တစ်စိတ်တစ်ပိုင်းကျွမ်းကျင်)၊ လင်းလုံအေးစက်လမင်း (ပြီးပြည့်စုံခြင်းအဆင့်)၊ ကေင်းကင်အုပ်စိုးခြင်းခန္ဓာ (ပြီးပြည့်စုံခြင်းအဆင့်)၊ .... ]

[မပေါင်းစပ်ရသေးသည့်စွမ်းရည်- ကျောက်တုံးလူသားသွေးမျိုးဆက်၊ အစွမ်းထက်နတ်ဆိုးမျောက်ဝံသွေးမျိုးဆက်]

[ကျန်ရှိသည့်ဆုလဒ်- မြေကမ္ဘာအဆင့် ကျွမ်းကျင်ကဒ် ၂ ကဒ်၊ သွေးမျိုးဆက်သန့်စင်ခြင်းကဒ် ၁ ကဒ်]

"ထိပ်တန်း သွေးမျိုးဆက်နှစ်ခု...."

မုန့်ချန်ချင်း အင်္ကျီလက်အောက်၌ လက်သီးအနည်းငယ်ဆုပ်လိုက်သည်။

တစ်ခုပိုင်ဆိုင်သည့်မည်သူမဆို လုံလောက်အောင် ကောင်းချီးပေးခံရတာဖြစ်ပြီး နှစ်ခုဆိုလျှင်တော့ ပြောစရာကို မလိုတော့ပေ။

သို့ပေမယ့် ၎င်းတို့ကို မပေါင်းစပ်ခင် ကိစ္စများစွာကို အရင်းဆုံး ရှင်းလင်းအောင်လုပ်ထားရဖို့ လိုသေး၏။

"စနစ်, ငါ ကျောက်တုံးလူသားသွေးမျိုးဆက်ကို ပေါင်းစပ်လိုက်ရင်, ရှီညီအကိုလိုဖြစ်လာမှာလား..."

မုန့်ချန်ချင်း မေးလိုက်သည်။

"ဆိုလိုတာ... အဲ့အသွင်အပြင်က ကျောက်တုံးလူသားသွေးမျိုးဆက်ရဲ့ သီးသန့်အသွင်အပြင်လား....."

[သွေးမျိုးဆက်ပေါင်းစပ်မှုကို ပိုင်ရှင်က ထိန်းချုပ်ဦးဆောင်မှာဖြစ်၍ မည်သည့်မူမမှန်သည့်ပြောင်းလဲမှုမှ ဖြစ်မည်မဟုတ်ပေ]

စနစ်၏အဖြေက တိုတောင်းသော်လည်း လိုရင်းရောက်လှသည်။

မုန့်ချန်ချင်း မျက်လုံးတွေ ချက်ချင်း တောက်ပသွား၏။

ထိုသို့ဆိုလျှင် သူက ဘာကိုမှစိုးရိမ်စရာမလိုပဲ လွတ်လွတ်လပ်လပ် ပေါင်းစပ်နိုင်ပြီဖြစ်သည်။

ရှီဂွမ်း၊ရှီယောင်တို့လိုပြောင်းလဲသွားခြင်း၊ လူသားသွေးမျိုးဆက်နှင့် နတ်ဆိုးသွေးမျိုးဆက်ကြား ဆန့်ကျင်မှုဖြစ်ပွားခြင်း အစရှိသည့် ဘာကိုမှစိုးရိမ်စရာမလိုတော့ပေ။

"စနစ်, သွေးမျိုးဆက်တွေ တစ်ခုပြီးတစ်ခု ပေါင်းစပ်မယ်...."

မုန့်ချန်ချင်း မိတ်လုံးမှိတ်ပြီး တိတ်တဆိတ်စုတောင်းနေခဲ့သည်။

ဒင်!

[ပေါင်းစပ်မှု စတင်ပါပြီ]

ထိုစကားသံထွက်ပေါ်လာသည့်အခိုက်အတန့် မုန့်ချန်ချင်း ခန္ဓာကိုယ်မှ တုန်လှုပ်မှုကို ခံစားလိုက်ရသည်။

အေးစိမ့်စိမ့်ခံစားချက်တွေလည်း ကိုယ်တွင်းမှ တဖြည်းဖြည်း ပျံ့နှံ့လာခဲ့သည်။

ထိုအခါ ချက်ချင်းပဲ အတွင်းပိုင်းအမြင်အာရုံကိုအသက်သွင်းကာ သူ၏သွေးမျိုးဆက်ထဲရှိ ပြောင်းလဲမှုတစ်ခုချင်းဆီကို ကြည့်ရှုနေခဲ့သည်။

"ဒီတော့, ဒါက ကျောက်တုံးလူသားသွေးမျိုးဆက်လား..."

သူ့ခန္ဓာကိုယ်ထဲ၌ ငွေရောင်သွေးတွေ လိမ့်တက်လာပြီး မူလအနီရောင်နှင့် လုံးဝခြားနားနေခဲ့သည်။

တစ်ဆက်တည်းမှာပဲ အသားနှင့်အရိုးတွေလည်း အလျှင်အမြန် မာကျောလာခဲ့သည်။

ကျောက်တုံးလူသားသွေးမျိုးဆက်က ခန္ဓာသန့်စင်ခြင်းသွေးမျိုးဆက်တစ်ခုဖြစ်၏။

မည်သည့်နည်းစနစ်မှမလေ့ကျင့်ထားလျှင်တောင် ခုခံမှုမှာ ပြိုင်ဘက်ကင်း၏။

သူခန္ဓာကိုယ်က သံမဏိနှင့်ကျောက်တုံးတွေကဲ့သို့ မာကျောလာခဲ့သည်။

သွေးမျိုးဆက်ပေါင်းစပ်ခြင်းက မလျှင်မြန်ပေ။

ပြီးစီးဖို့ ၁ နာရီအပြည့်အချိန်ယူလိုက်ရ၏။

ဟူး...

မုန့်ချန်ချင်း မျက်လုံးဖွင့်လိုက်သည်။

ထိုအခါ ပြင်းထန်သည့်အော်ရာတစ်ခု သူ့ခန္ဓာကိုယ်မှထွက်ပေါ်လာပြီး ဖျက်ဆီးမရသည့်တောင်တစ်လုံးကဲ့သို့ပင်။

"တကယ်ကို ထိပ်တန်းအဆင့် ခန္ဓာသန့်စင်သွေးမျိုးဆက်တစ်ခုပဲ။ ရုပ်ခန္ဓာခုခံမှုတစ်ခုတည်းနဲ့ကို သိမ်မွေ့အဆင့်ရုပ်ခန္ဓာသန့်စင်နည်းစနစ် အစောပိုင်းအဆင့်နဲ့ ယှဥ်နိုင်တယ်...."

"ကောင်းကင်အုပ်စိုးခြင်းခန္ဓာ ကိုသာ အသက်သွင်းလိုက်ရင် ခုခံမှုက ပိုပြီးတောင် စိတ်ကူးကြည့်လို့မရတော့ဘူး..."

"အစွမ်းထက်သိုင်းပညာ ဒါမှမဟုတ် အဆင့်မြင့်စိတ်ဝိညာဥ်လက်နက်သာမရှိရင် ငါ့ခုခံမှုကို ချိုးဖျက်ဖို့ ခက်လိမ့်မယ်..."

မုန့်ချန်ချင်း ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

ဤသို့ဖြင့် ခုခံရေးအားနည်းမှုက နောက်ထပ်မရှိတော့ပေ။

သူ့အား စစ်ဆေးချိန်အများကြီးမပေးပဲ စနစ် အစွမ်းထက်နတ်ဆိုးမျောက်ဝံသွေးမျိိုးဆက်ကို စတင်ပေါင်းစပ်လိုက်၏။

ထိုအခါလည်း အားကောင်းသည့်အေးစက်မှုတစ်ခု ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွား၏။

သို့ပေမယ့် သူ၏ကြည့်ရှုအောက်၌ ကျောက်တုံးလူသားသွေးမျိုးဆက်နှင့်မတူပဲ အစွမ်းထက်နတ်ဆိုးမျောက်ဝံသွေးမျိုးဆက်မှာ မဲနက်ပြီး ရိုင်းစိုင်းကြိမ်းကြုတ်မှုတွေအပြည့်ပင်။

သဘောတရားအရ မတူညီသည့်သွေးမျိုးဆက်နှစ်ခုတွေ့သည့်အခါ တွန်းကန်မှုတွေရှိလာမည်ဖြစ်သည်။

သို့ပေမယ့် ဤနေရာမှာတော့ ဖြစ်မလာခဲ့ပေ။

ထူထည်းသည့်သွေးကြောတွေထဲ၌ အနီ၊ငွေဖြူ၊ အနက် စသည့်သွေးတွေက အစီအစဥ်တကျ စီးဆင်းနေခဲ့သည်။

၎င်းတို့က တစ်ခုနှင့်တစ်ခု လျစ်လျူရှုထားပြီး မတိုက်ခိုက်သလို စိတ်လည်းမဝင်စားပေ။

"စနစ်, မိုက်တယ်ကွာ..."

မုန့်ချန်ချင်း လက်မထောင်ပြလိုက်၏။

ပုံမှန်အခြေအနေအောက်၌ သူ၏မူလသွေးမျိုးဆက်က ကျောက်တုံးသွေးမျိုးဆက်၏ဝါးမျိုခြင်းခံရပြီး ကျောက်တုံးလူသားအဖြစ် အပြည့်အဝပြောင်းသွားမည်ဖြစ်သည်။

ထို့နောက် ကျောက်တုံးလူသားသွေးမျိုးဆက်နှင့် အစွမ်းထက်နတ်ဆိုးမျောက်ဝံသွေးမျိုးဆက်က တွန်းကန်လာကြမည်ဖြစ်သည်။

ဤသို့ဖြင့် သူ့ခန္ဓာကိုယ်က တိုက်ပွဲကွင်းပြင်တစ်ခုအဖြစ် ပြောင်းသွားပြီး မည်သည့်ရလဒ်ကောင်းမှ ရမလာနိုင်ပေ။

သို့ပေမယ့် ယခုတော့ လုံးဝကို မည်သည့်ပုံမှန်မဟုတ်မှုမှ မရှိပေ။

သူ၏ကိုယ်ပိုင်သွေးမျိုးဆက်ကသာ ကျန်နှစ်ခုကို ထိန်းချုပ်ထားခဲ့သည်။

ဤအရာကလည်း မုန့်ချန်ချင်းအလိုချင်ဆုံးအရာဖြစ်ပြီး မူလအခြေအနေကို ထိန်းထားနိုင်မှာဖြစ်သည်။

သွေးမျိုးဆက်နှင့်ပတ်သက်လျှင် လူများစွာက ၎င်းကိုကိုးကွယ်ကြပြီး လွမ်းမိုးမှုကိုခံချင်ကြ၏။

သို့ပေမယ့် မုန့်ချန်ချင်းအမြင်၌ သွေးမျိုးပဲဖြစ်ဖြစ် အထူးရုပ်ခန္ဓာပဲဖြစ်ဖြစ် အားလုံးက ပြင်ပစွမ်းအားတွေသာဖြစ်သည်။

၎င်းတို့မှာ ပိုသန်မာလာဖို့အတွက် ပစ္စည်းတွေသာဖြစ်၏။

သိုင်းပညာရှင်တစ်ယောက်ကို အစစ်အမှန်အစွမ်းထက်လာစေတာက ကိုယ့်ကိုယ်ပိုင်နှလုံးသားပင်။

သွေးမျိုးဆက်စွမ်းအားက တကယ်ပဲသန်မာသည့်အတွက် လေ့လာလိုက်စားဖို့ လိုအပ်၏။

သို့ပေမယ့် လူတစ်ယောက်က ရှင်ဘုရင်နှင့် စီးတော်မြင်း၏နေရာကိုတော့ ရောထွေးသွားလို့မရပေ။

သွေးမျိုးဆက်ကိုထိန်းချုပ်ဖို့လိုအပ်ပြီး ၎င်း၏ထိန်းချုပ်မှုကို မခံသင့်ပေ။

ရှေးစကားပုံအတိုင်း "ရှင်ဘုရင်က သွေးမျိုးဆက်ကို ဂုဏ်မယူပေမယ့် သွေးမျိုးဆက်က ရှင်ဘုရင်ကို လေးစားတယ်" ဟူ၍ပင်။

မုန့်ချန်ချင်း ဖြည်းညင်းစွာ ထရပ်လိုက်၏။

သူက ဤအချက်ကို အမြဲတမ်း ရှင်းရှင်းလင်းလင်းသိထားသည်။

အစွမ်းထက်နတ်ဆိုးမျောက်ဝံသွေးမျိုးဆက်က နတ်ဆိုးမျိုးနွယ်၏ ခန္ဓာသန့်စင်သွေးမျိုးဆက်တစ်ခုဖြစ်၏။

၎င်းက ခုခံရေးထက် ခွန်အားကို ပိုအသားပေး၏။

ဘုန်း...

မုန့်ချန်ချင်း ညာလက်မြောက်ပြီး လက်သီးတစ်ချက်ပစ်သွင်းလိုက်သည်။

ထိုအခါ ကြောက်မက်ဖွယ်လက်သီးအားတစ်ခု ပြေးထွက်သွားပြီး မီတာတစ်ရာအတွင်းရှိ သစ်ပင်တွေကို ပြိုလဲသွားစေခဲ့သည်။

"အခု ငါ လက်သီးနဲ့လက်ဝါး နည်းစနစ်တွေလေ့ကျင့်ရင် စွမ်းအားက ဓားချီနဲ့အဆင့်မြင့်ထားတဲ့ဓားသိုင်းထက် အားနည်းမှာမဟုတ်တော့ဘူး..."

"အဆုံးမှာတော့, အစွမ်းထက်နတ်ဆိုးမျောက်ဝံသွေးမျိုးဆက်ရဲ့ခွန်အားတိုးမြှင့်မှုက ဆယ်ဆ ပတ်လည်လောက်ရှိတယ်...."

"သွေးမျိုးဆက်စွမ်းရည်ဖြစ်တဲ့ 'နတ်ဆိုးမျောက်ဝံနတ်ဘုရားစွမ်းအား' သာနိုးထလာလို့ကတော့ ဓားချီကိုတောင် ကျော်သွားလိမ့်မယ်..."

"ဒါပေမယ့် ဒီသွေးမျိုးဆက်ကို ပေါ်ပေါ်တင်တင်သုံးလို့မရဘူး..."

မုန့်ချန်ချင်း ကိုယ့်ကိုယ်ကို ပြောလိုက်သည်။

တစ်ချိန်တည်းမှာပဲ သူ့လက်ဝါးကိုကြည့်လိုက်သည်။

ဤအခိုက်အတန့်၌ သူ့ခန္ဓာပတ်လည်မှာ နတ်ဆိုးချီတွေ ပျံ့နှံ့နေပြီး အသွင်ပြောင်းနတ်ဆိုးသားရဲတစ်ကောင်ကဲ့သို့ပင်ဖြစ်သည်။

"ဒါကို မတတ်သာတဲ့အဆုံးမှ သုံးရမယ်။ လုံးဝမလိုအပ်ရင် သုံးလို့မဖြစ်ဘူး..."

ထို့နောက် အစွမ်းထက်နတ်ဆိုးမျောက်ဝံသွေးမျိုးဆက်ကို ဖယ်ရှားလိုက်ရာ မုန့်ချန်ချင်း မူလအသွင်အပြင်ပြန်ဖြစ်သွားခဲ့သည်။

အခန်း (၇၄)

ရွှေရောင်သွေးမျိုးဆက်၊ ရှေးဟောင်းနတ်ဆိုးမျိုးနွယ်၏အသန်မာဆုံးအမွေဆက်ခံမှု

"နောက်တစ်ဆင့်က သွေးမျိုးဆက်သန့်စင်ခြင်းကဒ်ပဲ..."

အတွေးတွေကိုပြန်ရုတ်ပြီး မုန့်ချန်ချင်း အချက်အလက်ပြဇယားကို ကြည့်လိုက်သည်။

ဤအရာက ရွှေနီကိုမိတ်ဆွေဖွဲ့ရာ၌ ရရှိခဲ့သည့် အပိုဆောင်းဆုလဒ်ဖြစ်သည်။

သူက ဘေးရှိသက်ဆိုင်ရာအချက်အလက်ကို နှိပ်လိုက်သည်။

[သွေးမျိုးဆက်သန့်စင်ကဒ်- သွေးမျိုးဆက်သန့်စင်မှုကို မြှင့်တင်နိုင်ပြီး ရရှိမည့်အကျိုးအမြတ်မှာ အခြေအနေပေါ်မူတည်ပြီး ကွဲပြားနိုင်သည်]

"မျော်လင့်ထားတဲ့အတိုင်းပဲ..."

မုန့်ချန်ချင်း လုံးဝ အံ့သြမသွားပေ။ ထိုအရာက သူတွေးထားတာသည့်အတိုင်းပင်။

သွေးမျိုးဆက်တွေအတွက် သန့်စင်မှုက အရေးကြီးသည့်အချက်တစ်ချက်ဖြစ်၏။

၎င်းမှာ သွေးမျိုးဆက်သယ်ဆောင်သူ၏ခွန်အားနှင့် အလားအလာကို ဆုံးဖြတ်ပေး၏။

သန့်စင်မှုမြင့်မားလေလေ ထုတ်လွတ်နိုင်သည့်စွမ်းအားအကန့်အသတ်မှာ ပိုမြှင့်လေလေဖြစ်သည်။

သွေးမျိုးဆက်နည်းစနစ်ကဲ့သို့သောအရာတွေကိုလည်း အလွယ်တကူနားလည်နိုင်ပြီး သွေးမျိုးဆက်နိမ့်ကျသူတွေထက် အများကြီး ပိုသန်မာ၏။

ထို့ပြင် သွေးမျိုးဆက်တွေကြား၌ သန့်စင်မှုပိုမြင့်သူက သန့်စင်မှုအနိမ့်နှင့်လူတွေအပေါ် ဖိအားတစ်ခုထိလည်း ထုတ်လွတ်နိုင်၏။

"စနစ်, ကျောက်တုံးလူသားသွေးမျိုးဆက် သန့်စင်မှုကို အဆင့်မြှင့်တင်မယ်...."

နှစ်ခုထဲ၌ မုန့်ချန်ချင်း ကျောက်တုံးလူသားသွေးမျိုးဆက်ကို မတွေဝေပဲ ရွေးချယ်ခဲ့သည်။

အဆုံးမှာတော့ ဤတစ်ခုက ပေါ်ပေါ်ထင်ထင် အသုံးပြုနိုင်၏။

သို့ပေမယ့် အစွမ်းထက်နတ်ဆိုးမျောက်ဝံ သွေးမျိုးဆက်က မဟုတ်ပေ။

ဒင်!

[သွေးမျိုးဆက်သန့်စင်ကဒ် ၁ ကဒ် သုံးနေပါသည်]

[တိုးမြှင့်မှု စတင်ပါပြီ]

စနစ်ပြီးစီးသွားသည်နှင့် မုန့်ချန်ချင်း သူ့ကိုယ်ထဲရှိ ကျောက်တုံးလူသားသွေးမျိုးဆက် စတင်ဆူပွက်လာတာကို ခံစားမိ၏။

၎င်းအတွင်းရှိ မသန့်စင်မှုတွေလည်း အရည်ပျော်သွားပြီး တဖြည်းဖြည်း သန့်စင်သည့် ကျောက်တုံးလူသားသွေးမျိုးဆက်ဖြစ်လာခဲ့သည်။

ထို့ပြင် မုန့်ချန်ချင်းကိုယ်ပေါ်ရှိ ကျောက်တုံးလူသားသွေးမျိုးဆက်အော်ရာက ပိုလို့တောင် ရှေးကျလာခဲ့သည်။

၎င်းက လူတစ်ယောက်၏ ဝိညာဥ်နှင့်စိတ်ကို တုန်လှုပ်သွားစေနိုင်၏။

ဒင်!

[တိုးမြှင့်မှု ပြီးစီးပါပြီ]

နောက်တစ်ခဏ၌ စနစ် အသံထွက်ပေါ်လာခဲ့သည်။

မုန့်ချန်ချင်း အလျှင်အမြန်ပဲ စစ်ဆေးကြည့်လိုက်သည်။

သို့ပေမယ့် သူက မူလငွေရောင်သွေးမျိုးဆက်နေရာ၌ ရွှေရောင်အမျှင်တန်းတစ်ခုကို တွေ့လိုက်ရသည်။

ထို့ပြင် ဤရွှေရောင်က အလွန်အမင်းအထက်တန်းကျပြီး ဒဏ္ဍာရီလာနတ်သမီးတစ်ပါးကဲ့သို့ပင်။

အစွမ်းထက်ရှေးဟောင်းအော်ရာတစ်ခုကို လည်းထုတ်လွတ်နေခဲ့သည်။

"ဒါ အရည်သွေးပိုင်းဆိုရာ ပြောင်းသွားတာများလား..."

"ကြည့်ရတာ သိသိသာသာ အဆင့်မြှင့်သွားပုံပဲ..."

မုန့်ချန်ချင်း မျက်လုံးတွေ အနည်းငယ် အရောင်လက်သွား၏။

နှစ်ဆသုံးဆလောက်သန့်စင်သွားရုံဖြင့် ဤလောက်ကြီးမားသည့်ပြောင်းလဲမှုမျိုး ဖြစ်သွားမည်မဟုတ်ပေ။ အနည်းဆုံး ၅ ဆ လောက်သန့်စင်သွားပုံပင်။

သွေးမျိုးဆက်သန့်စင်ကဒ်က ပုံသေမဟုတ်ပဲ အခြေအနေအပေါ်မူတည်၏။

၎င်းမှာ တစ်ခါတစ်ရံအဆင့်မြင့်ပြီး တစ်ခါတစ်ရံအဆင့်နိမ့်၏။

ထို့ကြောင့် လူပြိန်နားလည်အောင်ပြောရလျှင် ဤတစ်ချိန် အကျိုးများသွားခဲ့သည်။

"လျို့ဝှက်နယ်မြေထဲကထွက်ရင် ကျောက်တုံးလူသားသွေးမျိုးဆက်နဲ့ဆိုင်တဲ့ မှတ်တမ်းတွေ ရှာဖတ်ရမယ်...."

မုန့်ချန်ချင်း ဆုံးဖြတ်လိုက်၏။

သူက ကျောက်တုံးသွေးမျိုးဆက်နှင့်ပေါင်းစပ်ပြီးသော်လည်း သူ၏ ဤသွေးမျိုးဆက်အပေါ်နားလည်မှုက အတော်လေး အပေါ်ယံဆန်သေး၏။

သူသိသည့်တစ်ခုတည်းသောအရာမှာ ခုခံရေးတိုးမြှင့်နိုင်ပြီး ခန္ဓာသန့်စင်သူတွေအတွက် သင့်တော်သည်ဟူ၍ပင်။

အခြားအကြောင်းအရာတွေအတွက်တော့ ဘာမှမသိပေ။

သို့ပေမယ့် ဤအရာအတွက် သူ့ကို အပြစ်တင်၍မရပ။

အဆုံးမှာတော့ ကျောက်တုံးလူသားသွေးမျိုးဆက်နှင့်ပတ်သက်သည့်သတင်းတွေက အတော်လေးရှားတာပဲဖြစ်သည်။

သို့ပေမယ့် ဤအရာက ထိုက်ရွမ်ဂိုဏ်းဖြစ်၍ သက်ဆိုင်သည့်မှတ်တမ်းတွေတော့ရှိသင့်၏။

အကယ်၍ တစ်ခုမှမရှိခဲ့လျှင် သူက ရှီညီအကိုကို မေးနိုင်တာပဲဖြစ်သည်။

"အခု သွေးမျိုးဆက်သန့်စင်မှုကို တိုးမြှင့်ပြီးသွားပြီ။ ငါ့တစ်ကိုယ်လုံးရဲ့ ခုခံမှုကလည်း သေချာပေါက် သိသိသာသာမြင့်တက်သွားလောက်ပြီ...."

မုန့်ချန်ချင်း နှုတ်ခမ်းတွေ အနည်းငယ်ကွေးတက်သွား၏။

သူက လုပ်ကြံသတ်ဖြတ်ရေးကျွမ်းကျင်သည့် တစ်စုံတစ်ယောက်နှင့်တွေ့လျှင်တောင် အများကြီးစိုးရိမ်ဖို့ မလိုအပ်တော့ပေ။

သူတို့က နတ်ဘုရားလက်နက် ဒါမှမဟုတ် ထူးခြားသည့်နည်းစနစ်တွေ တတ်မထားလျှင် သူ့လက်သည်းအနည်းငယ်တောင် ထိခိုက်အောင်လုပ်နိုင်မည်မဟုတ်ပေ။

အကောင်းဆုံးတိုက်စစ်မှာ အကောင်းဆုံးခုခံမှုဆိုသည့် စကားပုံရှိ၏။

ထိုအရာက တကယ်မှန်၏။

သို့ပေမယ့် ခက်ခဲလွန်းသည်။

ကျရှုံးဖို့လည်း အတော်လေးနိမ့်ပေမယ့် ခုခံမှုကို မြှင့်တင်ထားတာ ပိုစိတ်ချရ၏။

သူသာ အလုံအလောက်မာကျေနေသ၍ မည်သည့်အရာကိုမဆို ခုခံနိုင်မည်ဖြစ်သည်။

ထို့နောက် အများကြီးတွေးမနေပဲ မုန့်ချန်ချင်း မြေပုံထုတ်ကြည့်လိုက်သည်။

သူ၏မူလအစီအစဥ်အရ နေရာများစွာကိုသွားရမည်ပင်။

အဘယ်ကြောင့်ဆိုသော် အဆင့်ချိုးဖျက်ဖို့ အရင်းအမြစ်များစွာ လိုအပ်သောကြောင့်ဖြစ်သည်။

သို့ပေမယ့် ဂိုဏ်း၏အခွင့်အလမ်းတွေက သူ့အား ကြေးမှုံငယ်အဆင့်ချိုးဖျက်ခြင်းဆေးလုံးကို တိုက်ရိုက်ပဲပေးခဲ့သည်။

ထို့ကြောင့် ခရီးအဝေးကြီးသွားစရာမလိုတော့သည့်အပြင် အဆင့် ၂ အရင်းအမြစ်တွေအတွက် အချိန်အများကြီးသုံးစရာလည်း မလိုတော့ပေ။

ထို့ပြင် သူက ယခု ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ကိုရောက်နေပြီဖြစ်ရာ အဆင့် ၂ အရင်းအမြစ်တွေက အများကြီးအသုံးဝင်တော့မည်မဟုတ်ပေ။

ထို့ကြောင့် လက်ရှိ၌ မပြီးဆုံးသေးသည့်အရာမှာ တစ်ခုသာကျန်တော့၏။

ထိုအရာက ထူးခြားမီးတောက်ပင်။

ဆေးဖော်စပ်မီးတောက်မရှိပဲနှင့် သူ၏အဆင့် ၂ ဆေးဖော်စပ်ဆရာအထောက်အထားကို တရားဝင်မဖော်ထုတ်နိုင်သည့်အပြင် ဆေးလုံးတွေလည်း ကိုယ်တိုင်သန့်စင်နိုင်မည်မဟုတ်ပေ။

"တိမ်ကြွေမီးတောင်...."

မြေပုံပေါ်၌ မြောက်ဘက်အကျဆုံးနေရာ၌ အနီနက်ရောင်ဧရိယာတစ်ခုရှိ၏။

သေးငယ်သော်လည်း အလွန်သိသာမြင်သာရှိ၏။

ကုန်းလင်းရွယ်တစ်ခါက ပြောဖူး၏။ သူမ၏မီးတောက်ကို ထိုနေရာမှရခဲ့တာဟူ၍ပင်။

ရွမ်းချင်းနယ်မြေ၌ နေ၊လ၊ကြယ်တာယာ ဟူ၍ မရှိပေ။

မဆုံးမရှိသည့်မီးခိုးရောင်တိမ်တိုက်တွေသာ ကောင်းကင်၌ပြည့်နှက်နေပြီး လူတစ်ယောက်ကို အချိန်အား အလွယ်တကူ မသိနိုင်ဖြစ်စေ၏။

သူတို့က သူတို့ဤနေရာ၌ရှိနေတာ ဘယ်လောက်ကြာသွားမှန်းတောင် မသိကြပေ။

ထို့ပြင် မုန့်ချန်ချင်းသတင်းကလည်း ရွမ်ချင်းနယ်မြေတစ်လျှောက် တဖြည်းဖြည်းပျံ့နှံ့သွားခဲ့သည်။

"မင်းကြားပြီးပြီလား?။ လျို့ဝှက်နယ်မြေထဲက အလယ်ဗဟိုနေရာကို သွေးမျိုးဆက်ရှိတဲ့ သားရဲတစ်ကောင် စောင့်ကြည့်နေတာတဲ့..."

"သွေးမျိုးဆက်သားရဲ? အဲ့တာဆို ဘယ်သူက အနိုင်ယူနိုင်တော့မှာလဲ..."

"ဒါပေါ့, တစ်စုံတစ်ယောက် အနိုင်ယူခဲ့တယ်။ အဲ့ဒီအခွင့်အရေးနေရာက ယူသွားခံရပြီးပြီ.."

"သန်မာလွန်းတယ်။ ရှီညီအကိုလား..."

"မဟုတ်ဘူး, ရှီညီအကိုရှုံးသွားတယ်။ ပြီးတော့ မျက်မြင်တွေ့တဲ့သူတွေဆီက ငါကြားတာတော့ ရှီညီအကိုမှာလည်း သွေးမျိုးဆက်ရှိတယ်တဲ့...."

"ဝိုး, သွေးမျိုးဆက်... ဟုတ်မှာပဲ အဲ့ညီအကိုနှစ်ယောက်က သာမန်လူတွေနဲ့မတူပါဘူးလို့..."

"သူတို့တောင် မနိုင်ရင် ဘယ်သူနိုင်နိုင်မှာလဲ...."

"အဲ့တာ စိတ်ဝိညာဥ်တောင်ထိပ်ရဲ့ ပါရမီရှင် မုန့်ချန်ချင်းတဲ့..."

"သူက ဓားချီကိုနားလည်ထားပြီး ဝှက်ဖဲတွေ အများကြီးရှိတယ်တဲ့.... သွေးမျိုးဆက်နတ်ဆိုးသားရဲကို အနိုင်ယူရုံတင်မဟုတ်ဘူး သတ်တောင်သတ်နိုင်တယ်ဆိုပဲ...."

"မုန့်ချန်ချင်း? သစ္ဆေလက်ချောင်းပိုင်ချန်ခဲ့ကို သတ်ခဲ့တဲ့ တပည့်လား..."

"ဟုတ်တယ်..."

"ဘုရားရေ, သိုင်းပညာအဟုန်ကိုနားလည်ပြီး သွေးမျိုးဆက်နတ်ဆိုးသားရဲကို အနိုင်ယူတယ်.... တကယ်ကိုပါရမီရှင်ပဲ...."

နေရာအသီးသီးမှတပည့်များစွာ တွေ့ဆုံသည့်အခါ ဆွေးနွေးနေကြသည်။

"ဆရာ, သူတို့ စီနီယာအကိုမုန့်အကြောင်းပြောနေတာလား...."

အရင်းအမြစ်နေရာတစ်ခုမှထွက်လာလာခြင်း ပိုင်စုရှီအနီးနားရှိလူနှစ်ယောက်စကားပြောနေတာကို ကြားလိုက်ရသည်။

ထို့ပြင် သူတို့ပြောသည့်အကြောင်းအရာအားလုံးကလည်း မုန့်ချန်ချင်းအကြောင်းတွေပင်။

ရုတ်တရက်, သူမအနည်းငယ် မှိန်မောသွား၏။

"သူတို့က နာမည်တပ်ပြောမှတော့ သူပဲဖြစ်မယ်..."

"ဒီလိုကျယ်ပြောတဲ့ ထိုက်ရွမ်ဂိုဏ်းမှာ နောက်ထပ်မုန့်ချန်ချင်းတစ်ယောက် မရှိနိုင်ဘူး...."

အိုဟောင်းသည့်အသံ ထွက်ပေါ်လာခဲ့သည်။

"စီနီယာအကိုမုန့်က သန်မာလွန်းတယ်။ သူတကယ်ပဲ သွေးမျိုးဆက်နတ်ဆိုးသားရဲကို အနိုင်ယူနိုင်တာပဲ...."

အသိပြန်ဝင်လာပြီးနောက် ပိုင်စုရှီမနေနိုင်ပဲ စိတ်လှုပ်ရှားသွား၏။ သူမ၏ရီဝေသည့်မျက်လုံးတွေထဲမှာလည်း သဘောကျမှုတွေ ထွက်ပေါ်လာခဲ့သည်။

ထိုအရာက ရက်အနည်းငယ်သာရှိသေး၏။

စီနီယာအကိုမုန့်က ကမ္ဘာတုန်လှုပ်စေမည့်တစ်စုံတစ်ခုကို လုပ်ပြီးသွားပြီဖြစ်သည်။

"အဲ့ဒီသွေးမျိုးဆက်နတ်ဆိုးသားရဲဆိုတဲ့အကောင်က အခြေခံအားဖြင့် အလွန်အစွမ်းထက်တဲ့ သွေးမျိုးဆက်ရှိတယ်..."

"သူတို့ကိုအနိုင်ယူဖို့, သတ်ဖို့ဆိုရင်တော့ပြောမနေတော့... လူတစ်ယောက်ခွန်အားက သူတို့ထက် အများကြီးပိုမြှင့်နေမှရမှာ..."

အိုဟောင်းသည့်အသံ ခဏတိတ်ဆိတ်သွားပြီး ဆက်ပြောလိုက်သည်။

"အဲ့ကလေး ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ရောက်တာနဲ့ ဒီလောက်အားကောင်းတဲ့ခွန်အားမျိုးပိုင်ဆိုင်သွားတာ တကယ်မယုံနိုင်စရာပဲ....'

ထိုအချိန် သူမတုန်းကတောင် ဤကဲ့သို့ မှတ်တမ်းမျိုးမရှိခဲ့ဖူးပေ။

"လျို့ဝှက်နယ်မြေကထွက်ရင်, နင် အဆင့်ချိုးဖျက်ဖို့ကိုပဲ အာရုံစိုက်သင့်တယ်...."

"နင် ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ရောက်တာနဲ့ ငါ နင့်ကို ငါတို့ရှေးဟောင်းနတ်ဆိုးမျိုးနွယ်ရဲ့ အသန်မာဆုံးအမွေအနှစ်ကို သင်ပေးနိုင်ပြီ..."

"အဲ့အခါကျရင်, နင် သေချာပေါက် အဲ့ကလေးကို ကျော်ပြီ..."

အိုဟောင်းသည့်သံ ပြောလိုက်သည်။

သူမစကားတွေ၌ ယှဥ်ပြိုင်လိုသည့်အရိပ်အယောင်တစ်ခု ပါဝင်နေခဲ့သည်။

နတ်ဆိုးလမ်းစဥ်၏အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်အနေဖြင့် သူမက သူမတပည့်ကို အပတ်တကုတ်သင်ကြားပေးခဲ့၏။

သို့ပေမယ့် သူတို့ကို ဘာနောက်ခံမှမရှိသည့်ကောင်လေးက အမြဲကျော်တက်နေခဲ့သည်။

သူမ တကယ်ပဲ အနည်းငယ်ဆန္ဒမရှိပေ။

သို့ပေမယ့် နောက်မှပွင့်သောပန်းက အရင်ပွင့်သည့်ပန်းထက် သာ၏။

စောစီးစွာဦးဆောင်နေခြင်းမှာ အများကြီးအရေးမပါပေ။

ပိုင်စုရှီ ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ကို ရောက်ပြီး အမွေအနှစ်ဆက်ခံပြီးသည်နှင့် မုန့်ချန်ချင်းကို တစ်ချက်တည်းဖြင့်ကျော်တက်သွားမည်ဟု သူမယုံ၏။

All Chapters