အခန်း (၇၅-၇၆)
Vol. 8 Ch. 75-76
အခန်း (၇၅)
တိမ်ကြွေမီးတောင်နှင့် ခေါင်းသုံးလုံးမီးကြေးခွံစပါးအုံးမြွေ
လျို့ဝှက်နယ်မြေထဲရှိ လက်ရှိအခြေအနေတွေအတွက်တော့ မုန့်ချန်ချင်း သဘာဝအတိုင်း ဘာမှမသိပေ။
အချိန်အတော်ကြာခရီးသွားပြီးနောက် သူက ဦးတည်ရာကိုရောက်လာခဲ့သည်။
တိမ်ကြွေမီးတောင်...
လမ်းတစ်လျှောက်၌ တပည့်များစွာကို တွေ့ခဲ့ရသည်။
အချို့က အရင်းအမြစ်တွေရှေ့ရှိ စက်ယန္ဒယားတွေထဲပိတ်မိနေပြီး အချို့က နတ်ဆိုးသားရဲတွေ လိုက်ခံနေရသည်။
သူလည်း မျက်လုံးစုံမှိတ်မနေပဲ လက်တစ်ဖက်ငှားပေးခဲ့သည်။
အဆုံးမှာတော့ သူတို့အားလုံးက တစ်ဂိုဏ်းတည်းသားတွေဖြစ်သည်။
"တိမ်ကြွေမီးတောင်..."
မုန့်ချန်ချင်း ကြီးမားသည့်ကျောက်တုံးကြီးတစ်ခုပေါ်၌ ရပ်လိုက်၏။
ရှေ့၌ ကမ္ဘာကြီးကနီရဲနေပြီး အဝေးရှိမီးတောင်မှစီးစင်းနေသည့် ချော်ရည်များ မြစ်ချောင်းများကဲ့သို့ ယှက်သန်းစီးဆင်းနေခဲ့သည်။
လေအေးတွေတိုက်ခတ်သွားသည့်အခါ မီးလျှံလှိုင်းလုံးများ ထိုးထွက်လာ၏။
ထိုလှိုင်းလုံးများ၏အပူချိန်မှာ အလွန်မြင့်မားပြီး ခန္ဓာကိုယ်ကို လောင်ကျွမ်းစေရုံသာမက မီးအဆိပ်တွေလည်းပါဝင်နေခဲ့သည်။
ခန္ဓာသန့်စင်မှုအဆင့်တစ်ခုထိမရှိပဲ လူတစ်ယောက်က ဤနေရာမှာ အချိန်အတော်ကြာနေနိုင်မည်မဟုတ်ပေ။
"အင်ပါယာဖျက်ဆီးရေးနေမီးတောက်နည်းစနစ်..."
မုန့်ချန်ချင်း စိတ်ထဲတွေးလိုက်ရာ နည်းစနစ် ချက်ချင်းပဲ အသက်ဝင်လာ၏။
ထိုအခါ သူ့ခန္ဓာကိုယ်မျက်နှာပြင်ပေါ်၌ မျက်စိဖြင့်မြင်နိုင်သည့် အနီရောင်မျဥ်းကြောင်းတွေ တဖြည်းဖြည်းပေါ်လာပြီး တစ်ခုနှင့်တစ်ခု မီးတိမ်တိုက်ပုံသဏ္ဍာန်ကဲ့သို့ ချိတ်ဆက်လာခဲ့သည်။
ဤအရာက ဆေးဘုရင်တောင်ထိပ်မှ အဆင့်မြင့် ခန္ဓာသန့်စင်နည်းစနစ်ဖြစ်၏။
သို့ပေမယ့် ၎င်း၏အဓိကအထူးပြုမှုမှာ မီးခုခံမှုနှင့် မီးတောက်တွေကို ထိန်းချုပ်နိုင်မှုဖြစ်သည်။
"ငါ့ကံအရမ်းကြီးမဆိုးဖို့ မျှော်လင့်ရတာပဲ...."
မုန့်ချန်ချင်း ခြေဖျားထောက်ပြီး ရှေ့ကိုပြေးထွက်သွားခဲ့သည်။
ဆေးဖော်စပ်ဆရာတွေအသုံးများသည့် ထူးခြားမီးတောက်များမှာ သားရဲမီးတောက်၊ အနှစ်သာရမီးတောက်တို့ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ၎င်းတို့မှ ရှာရလွယ်ပြီး ကြမ်းကြုတ်မှုနည်းသောကြောင့်ဖြစ်သည်။
ထို့ပြင် ဆေးဖော်စပ်ခြင်းနှင့် တိုက်ခိုက်ရေး နှစ်မျိုးလုံးအတွက် သင့်တော်၏။
ဆန်းကြယ်သည့်ကောင်းကင်မီးတောက်တွေအတွက်တော့ တွေးရုံပဲတွေးနိုင်မည်ဖြစ်သည်။
၎င်းမီးတောက်တွေကို တွေ့နိုင်မလားဆိုတာ မပြောသေးနှင့် တွေ့လျှင်တောင် သိမ်းသွင်းနိုင်မည်မဟုတ်ပေ။
အကယ်၍ ထိုမီးတောက်မှ အသိဉာဏ်ဖွံဖြိုးနေလျှင် အသက်ပါပေးရနိုင်၏။
သဘာဝအတိုင်း မုန့်ချန်ချင်း ကောင်းကင်မီးတောက်တွေကို မတွေးပေ။
ပထမအချက်, အင်ပါယာဖျက်ဆီးခြင်းနေမီးတောက်နည်းစနစ်က သားရဲမီးတောက်တို့နှင့်သာ ယှဥ်နိုင်ပြီး ကောင်းကင်မီးတောက်တွေအတွက်တော့ မဖြစ်နိုင်ပေ။
ဒုတိယအချက် ဤအရာက ရွမ်ချင်းနယ်မြေသာဖြစ်ပြီး ဖန်တီးထားသည့် အဆင့် ၂ နယ်မြေသာဖြစ်၏။
ဘယ်လိုလုပ် ကောင်းကင်မီးတောက်တွေရှိနိုင်မည်နည်း။
သူက သားရဲမီးတောက်စုဆောင်းလိုသောကြောင့် အစွမ်းထက်မီးအမျိုးအစား နတ်ဆိုးသားရဲကို ရှာရမည်ဖြစ်သည်။
ယခင် ကုန်းလင်းရွယ် သူနှင့်စကားစမြည်ပြောတုန်းက ဤအကြောင်းပြောခဲ့၏။
ဥပမာ, တိမ်ကြွေမီးတောင်အချို့နေရာတွေ၌ အစွမ်းထက်သားရဲတွေရှိသည်။ အစရှိသဖြင့်ပင်....
အကယ်၍ သူ့မှာသာ ဤသတင်းအချက်အလက်တွေမရှိခဲ့လျှင် မုန့်ချန်ချင်း စမ်းတဝါးဝါးဖြင့် ပတ်သွားနေရပြီး အချိန်အတော်များများ ဖြုန်းတီးမိမည်ဖြစ်သည်။
ယခုတော့ သူ၏ဦးတည်ချက်ကို ဖြောင့်ဖြောင့်တန်းတန်းသွားနိုင်ခဲ့၏။
မကြာမီ မုန့်ချန်ချင်း ရေကန်တစ်ခုကိုရောက်လာခဲသည်။
၎င်းကို ရေကန်ဟုခေါ်သော်လည်း တကယ်တော့ တစ်ကီလိုမီတာလောက်ကျယ်ဝန်းသည့်ချော်ရည်ကန်ကြီးဖြစ်သည်။
ဗွက်! ဗွက်! ဗွက်!
ကန်အထက်လေထုထဲ၌ အနက်ရောင်မီးခိုးတွေပြည့်နှက်နေပြီး ရံဖန်ရံခါ ငါးကဲ့သို့နတ်ဆိုးသားရဲတွေ ကူးခတ်နေပြီး လှိုင်းတွန့်လေးတွေဖြစ်ပေါ်နေခဲ့သည်။
ကန်အစွန်း၌တောင် အပူချိန်က အတော်မြင့်သည်ဟု ပြောလို့ရ၏။
ပိုနက်နက်သာသွားလျှင် ဘာဖြစ်မလဲဆိုတာ စိတ်ကူးကြည့်နိုင်တာပဲဖြစ်သည်။
မီးခုခံမှုမြှင့်တင်သည့်နည်းစနစ်အချို့မရှိပဲ ဝင်ရောက်သွားလျှင် ချက်ချင်းပြာကျသွားမည်ဖြစ်သည်။
"ငါ့ခုလက်ရှိခုခံမှုနဲ့ အင်ပါယာဖျက်ဆီးရေးနေမီးတောက်နည်းစနစ်မရှိရင်တောင် ဒီတောက်တွေဘာမှလုပ်နိုင်မှာမဟုတ်ဘူး.."
မုန့်ချန်ချင်း မျက်လုံးတွေ အနည်းငယ်လှုပ်ရှားသွား၏။
ကျောက်တုံးသွေးမျိုးဆက်၏တိုးမြှင့်မှုက ရုပ်ခန္ဓာခုခံမှုတစ်ခုတည်းတင်မဟုတ်ပဲ ဘက်စုံကာကွယ်ပေးခြင်းဖြစ်သည်။
မဟုတ်လျှင် ၎င်းကို ထိပ်တန်းခန္ဓာသန့်စင်သွေးမျိုးဆက်အဖြစ် မည်သည့်ယူဆနိုင်မည်နည်း။
သို့ပေမယ့် သူက အင်ပါယာဖျက်ဆီးခြင်းနေမီးတောက်နည်းစနစ်ကို လေ့ကျင့်ဖို့ လိုအပ်ဆဲဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် မီးတောက်တွေစုစည်းပြီး ခန္ဓာကိုယ်ထဲပေါင်းစပ်ဖို့လိုအပ်သောကြောင့်ပင်။
"ခေါင်းသုံးလုံးမီးကြေးခွံစပါးအုံးမြွေ..."
ဤအရာက မုန့်ချန်ချင်း၏ပစ်မှတ်ဖြစ်၏။
ထို့ပြင် ဤနယ်မြေထဲရှိ အသန်မာဆုံး မီးအမျိုးအစားနတ်ဆိုးသားရဲဖြစ်သည်။
တပည့်အနည်းငယ်သာ ၎င်းကို သတ်နိုင်သည်။
ထိုအရာအတွက် အကြောင်းပြချက်နှစ်ခုရှိ၏။
တစ်ခုက ထိုသားရဲ၏ခွန်အားဖြစ်ပြီး အဆင့် ၂ အထွတ်အထိပ်ရှိ၏။
ဒုတိယတစ်ချက်က ဤနေရာက မီးကန်တစ်ခုဖြစ်နေသောကြောင့် နတ်ဆိုးသားရဲတွေ၏အိမ်ကွင်းဖြစ်ပြီး မီးစွမ်းအားတွေအလျံပယ်ရှိ၏။
နတ်ဆိုးသားရဲတွေ၏ခွန်အားကိုလည်း အကြီးအကျယ်တိုးမြှင့်နိုင်ပြီး အဆင့် ၃ နှင့်မခြားပေ။
ထို့ကြောင့် အချိန်ကြာလာသည်နှင့် လူအနည်းငယ်သာ ဤနေရာလာကြတော့သည်။
မုန့်ချန်ချင်း သူ့ကိုယ်တွင်းရှိ အေးစက်လမင်းစစ်မှန်ချီကိုထုတ်ဖော်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွမ်းလိုက်သည်။
ပိုပြီးတိတိကျကျပြောရလျှင် အဝတ်အစားတွေကိုဖြစ်သည်။
သူ၏အသားက မီးတောက်တွေကြောင့် လောင်းကျွမ်းမသွားသော်လည်း ဤအဝတ်တွေက မခုခံနိုင်ပေ။
သူက ဤမီးကန်မျက်နှာပြင်၌ ကိုယ်လုံးတီး လျှောက်သွားမနေချင်ပေ။
စိတ်ကိုစုစည်းပြီး မုန့်ချန်ချင်း ရှေ့တက်သွားသည်။
တလှမ်းခြင်းတစ်လှမ်းခြင်းဖြင့် များပြားသည့်ချော်ရည်ပူထဲရောက်လာခဲ့သည်။
ပတ်ဝန်းကျင်အပူချိန်က အလွန်အမင်းမြှင့်နေပုံပေါ်သော်လည်း လုံးဝ သူ့အပေါ် မသက်ရောက်ပေ။
ဝှစ်!
ရုတ်တရက် အနီရောင်အရိပ်တစ်ခု ဘေးဘက်မှပြေးထွက်လာပြီး နီရဲသည့်မျက်လုံးတွေနှင့် ပါးစပ်ထဲ၌အချွန်အတက်တွေအပြည့်ပင်။
၎င်းက မုန့်ချန်ချင်းဆီ တိုက်ရိုက်ပဲ ခုန်အုပ်လာ၏။
သို့ပေမယ့် မုန့်ချန်ချင်း တစ်ချက်တောင်မကြည့်ပေ။
လက်နှောက်ပစ်ထားပြီး စစ်မှန်ချီကိုရေခဲထားဖြင့်ပြောင်းကာ နတ်ဆိုးသားရဲကို နှစ်ခြမ်းခွဲပစ်လိုက်၏။
အဆင့် ၂ အလယ်အလတ်အဆင့်သားရဲ ချက်ချင်း သေသွားခဲ့သည်။
ဝှစ်! ဝှစ်! ဝှစ်!
နတ်ဆိုးသားရဲ၏သေဆုံးမှုက အခြားသားရဲတွေကို ကြောက်မသွားစေပေ။
ဆန့်ကျင်ဘက်အနေဖြင့် ၎င်းတို့ကို ပိုပြီး ကြမ်းကြုတ်သွားစေခဲ့သည်။
ခွန်အားကွာခြားမှုရှိနေလျှင်တောင် ရှေ့ကို တစ်ကောင်ပြီးတစ်ကောင် ပြေးထွက်လာခဲ့သည်။
သို့ပေမယ့် အကြွင်းမဲ့ခွန်အားနှင့်ရင်ဆိုင်ရာ၌ အရေအတွက်မှာ အဓိပ္ပာယ်မရှိတော့ပေ။
"မင်းခုထိ ထွက်မလာသေးဘူးလား..."
မုန့်ချန်ချင်း မီးကန်အလယ်ကိုရောက်သည့်အခါ ပတ်ဝန်းကျင်၌ အလောင်းတွေပြည့်နှက်နေပြီဖြစ်သည်။
တကယ်တော့ သူက ထိုသားရဲတွေပေါ်က ပါရမီစွမ်းရည်အချို့ကြောင့် ဆွဲဆောင်ခံရသော်လည်း ကံမကောင်းစွာဖြင့် အသိဉာဏ်ကင်းမဲ့နေခဲ့သည်။
ဝေါင်း...
သူပြောပြီးသည်နှင့် ချော်ရည်ကန်ရုတ်တရက် ရုတ်ရင်းဆန်ခတ်ဖြစ်လာ၏။
နောက်တစ်ခဏ၌ ကြီးမားသည့်နတ်ဆိုးသားရဲကြီးတစ်ကောင် ကန်ထဲမှထွက်ပေါ်လာပြီး အဝေးရှိမုန့်ချန်ချန်ဆီ ပြေးဝင်လာ၏။
သားရဲမှာ မီတာ ၅၀ လောက်ရှည်လျားပြီး တစ်ကိုယ်လုံးအနီရောင်ကြေးခွံတွေ ဖုံးလွမ်းနေကာ ဖျက်ဆီးမရပုံပေါ်၏။
ထို့ပြင် ခေါင်းသုံးလုံးရှိပြီး တစ်လုံးချင်းဆီက သီးခြားရပ်တည်နေပုံပင်။
၎င်း၏သွေးရောင်မျက်လုံးတွေထဲ၌ ပြင်းထန်သည့်သတ်ဖြတ်လိုစိတ်တွေလည်းရှိနေခဲ့သည်။
ခေါင်းသုံးလုံးမီးကြေးခွံစပါးအုံးမြွေ....
၎င်းက ဤနယ်မြေရှိ အသန်မာဆုံးသားရဲဖြစ်သည်။
ရှီညီအကိုအဆင့်ရှိ တပည့်မဟုတ်လျှင် မည်သူမှ အဆင့်တူထဲ၌ ပြိုင်ဘက်ဟုတ်မည်မဟုတ်ပေ။
မုန့်ချန်ချင်းအနက်ရောင်ဆံပင်တွေ ပြင်းထန်သည့်အပူလှိုင်းကြောင့် ကြမ်းတမ်းစွာ လှုပ်ရှားနေခဲ့သည်။
သူ့အမူအရာက တည်ငြိမ်နေဆဲဖြစ်သည်။
အချက်အလက်ဇယားစစ်ဆေးဖို့ ကြည့်ရှုရေးမျက်လုံးကိုတောင် အသက်သွင်းလိုက်သည်။
အခြေခံအချက်အလက်-
[အမည်- ခေါင်းသုံးလုံးမီးကြေးခွံစပါးအုံးမြွေ]
[မျိုးနွယ်- နတ်ဆိုးသားရဲ]
[အဆင့်- အဆင့် ၂ အထွတ်အထိပ်]
ပင်ကိုယ်ပါရမီအချက်အလက်-
[နတ်ဆိုးသားရဲပါရမီစွမ်းရည်- မြေမီးတောက်]
[နတ်ဆိုးသားရဲပါရမီစွမ်းရည်- မီးတောက်နဂါးဟိန်းသံ]
"သာမန်ပါပဲ...."
မုန့်ချန်ချင်း တန်ဖိုးဖြတ်ပေးလိုက်၏။
၎င်းမှာ သွေးမျိုးဆက်နတ်ဆိုးသားရဲတစ်ကောင်မဟုတ်သဖြင့် မည်သည့်အစွမ်းထက်စွမ်းရည်မှ မရှိနိုင်ပေ။
ဝေါင်း...
အချိန်ဆွဲမနေပဲ ခေါင်းသုံးလုံးမီးကြေးခွံစပါးအုံးမြွေ မုန့်ချန်ချင်းဆီ ပြေးဝင်လာခဲ့သည်။
၎င်း၏ခန္ဓာကိုယ်က တောင်တစ်လုံးကဲ့သို့ကြီးမားပြီး ဖိအားတွေအပြည့်ပင်။
၎င်း၏တိုက်ခိုက်မှုကို မည်သည့်အရာမှ မတားဆီးနိုင်သကဲ့သို့ပင်ဖြစ်သည်။
သို့ပေမယ့်...
ဝှစ်!
မုန့်ချန်ချင်း ညာလက်ဖြင့်ဓားဆွဲထုတ်ပြီး သာမန်အတိုင်းခုတ်ချလိုက်သည်။
နှင်းကဲ့သို့ဓားအလင်းတန်းတစ်ခု အေးစက်မှုတွေနှင့်ပြည့်နှက်နေပြီး ခေါင်းသုံးလုံးမီးကြေးခွံစပါးအုံးကြီးကို ပိုင်းချလိုက်သည်။
ဘန်း! ဘန်း! ဘန်း!
ခန္ဓာကိုယ်ကြီး ချက်ချင်းအပိုင်းပိုင်းပြတ်သွားပြီး မြေပြင်ပေါ် ပြုတ်ကျသွားသည်။
ခေါင်းသုံးလုံးထဲမှတစ်လုံးမှာ မုန့်ချန်ချင်းခြေထောက်နားကျရောက်သွားပြီး မျက်လုံးထဲ၌ သတ်ဖြတ်လိုစိတ်တွေ ပြည့်နှက်နေခဲ့သည်။
၎င်းသေသွားတာတောင် သိသေးပုံမရပေ။
အခန်း (၇၆)
လျို့ဝှက်နယ်မြေအဆုံးသတ်ခြင်း၊ သွေးကြောခြောက်ခု၏အကြီးအကဲများ
"အဆင့်မြင့်စိတ်ဝိညာဥ်လက်နက်က မဆိုးပါဘူး...."
မုန့်ချန်ချင်း ကျေနပ်စွာခေါင်းညိတ်လိုက်၏။
သူ သိုင်းနည်းစနစ်မသုံးပဲ စစ်မှန်ချီဖြင့်သာ သာမန်ခုတ်ပိုင်းလိုက်တာဖြစ်သည်။
ဤဓား၏ထက်ရှမှုတစ်ခုတည်းဖြင့် ခေါင်းသုံးလုံးမီးကြေးခွံစပါးအုံးမြွေကို အသာအယာသတ်နိုင်ခဲ့သည်။
"နောက်တစ်ဆင့်က မီးတောက်သိမ်းသွင်းဖို့ပဲ...."
မုန့်ချန်ချင်း ခေါင်းသုံးလုံးမီးကြေးခွံစပါးအုံးမြွေ ခေါင်းကို ခြေထောက်ဖြင့်နင်းခြေလိုက်ရာ ခေါင်းတစ်လုံး၌ မီးတောက်တစ်ခုထွက်ပေါ်လာခဲ့သည်။
ဝှစ်!
မီးတောက်တွေ စိတ်ဝိညာဥ်ရှိနေသကဲ့သို့ ချော်ရည်ကန်ထဲထိုးဆင်းဖို့ ပြင်လိုက်ကြသည်။
သို့ပေမယ့် မုန့်ချန်ချင်း ပြင်ဆင်ထားခဲ့သည်။
သူက တိုက်ရိုက်ပဲ ၎င်းတို့ကို အားသုံးဆုပ်ကိုင်လိုက်၏။
ထိုအခါ မီးတောက်တွေ ရူးသွပ်စွာရုန်းကန်လာပြီး အလွန်အမင်းမြင့်မားသည့်မီးတောက်တွေ ထုတ်လွတ်လာခဲ့သည်။
မုန့်ချန်ချင်းလက်ကို ပြာအဖြစ်လောင်ကျွမ်းဖြစ်ဖို့ ကြိုးစားလိုက်၏။
သို့ပေမယ့်...အချည်းနှီးပင်။
၎င်းမှာ မုန့်ချန်ချင်းလက်ဝါးပေါ်၌ အရာတစ်ခုတောင် ချန်မထားနိုင်ပေ။
"အင်ပါယာဖျက်ဆီးခြင်းနေမီးတောက်...."
သူ့လက်ဝါးထဲ၌ သိပ်သည့်သည့်မီးတိမ်တိုက်တစ်ခုစုဝေးလာပြီး မီးတောက်တွေကိုရစ်ပတ်ကာ အရေပြားထဲ တဖြည်းဖြည်းပေါင်းစပ်လိုက်၏။
"နောက်ထပ် ၂ ခုရှိသေးတယ်...."
မီးမြွေပိုသန်မာနေရသည့်အကြောင်းအရင်းမှာ ခေါင်းသုံးလုံးရှိနေခြင်းကြောင့်ဖြစ်သည်။
ပေါင်းစပ်လိုက်သည့်အခါ ၎င်းတို့က အရည်အသွေးပိုင်းဆိုင်ရာပြောင်းလဲသွားမည်ဖြစ်သည်။
၎င်းမှာ ကောင်းကင်မီးတောက်ကို မယှဥ်နိုင်သော်လည်း သာမန်သားရဲမီးတောက်တွေထက် သာလွန်နေဆဲဖြစ်သည်။
ဆေးဖော်စပ်ဆရာတွေအတွက် အထူးသင့်တော်၏။
တူညီသည့်နည်းလမ်းဖြင့် မုန့်ချန်ချင်း ကျန်မီးတောက်နှစ်ခုကိုလည်း စုပ်ယူလိုက်၏။
အင်ပါယာဖျက်ဆီးခြင်းနေမီးတောက်နည်းစနစ်မှာ ကောင်းကင်မီးတောက်တွေကို မကိုင်တွယ်နိုင်သော်လည်း ဤသားရဲမီးတောက်တွေကိုတော့ အသာလေး ကိုင်တွယ်နိုင်၏။
ဝေါင်း...
သူ၏ဒန်ထျန်အထက်၌ သားရဲမီးတောက်သုံးခုတွေ့ဆုံသွား၏။
နည်းစနစ်၏လုပ်ဆောင်မှုအောက် ၎င်းတို့မှာ တစ်ခုနှင့်တစ်ခု ပေါင်းစပ်လာခဲ့သည်။
လုံးဝပေါင်းစပ်ပြီးသည့်အခါ ပိုပြင်းထန်သည့်မီးတောက်တစ်ခုသာ ကျန်တော့၏။
အသွင်အပြင်မှာ ခေါင်းသုံးလုံးမီးကြေးခွံစပါးအုံး အတိုင်းပင်။
ဒေါသကြီးကြမ်းကြုတ်၏။
မီးတောက်တွေက သဘာဝအလျောက်ရုန်းကန်ကြသော်လည်း သူ့ခန္ဓာကိုယ်အတွင်း၌ များပြားသည့်အနီရောင်ချိန်းကြိုးတွေထွက်ပေါ်လာပြီး နေရာမှာတုတ်နှောင်ထားလိုက်ရာ လှုပ်မရတော့ပေ။
နေ့ဝက်လောက်ရုန်းကန်ပြီးနောက် ၎င်းမှာ နောက်ဆုံးလုံးဝငြိမ်ကျသွားပြီး ကံကြမ္မာကိုလက်ခံလိုက်သလိုပင်။
"ပြီးပြီ...."
အပြုံးတစ်ခု မုန့်ချန်ချင်းနှုတ်ခမ်းပေါ်၌ ပေါ်လာ၏။
ဤသားရဲမီးတောက်ကိုသိမ်းသွင်းတာက သူမျှော်လင့်ထားသည်ထက် အများကြီးပိုလွယ်နေခဲ့သည်။
သေချာပေါက်ပင်။ ထိုအရာက သူ ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ကိုရောက်ပြီး ခွန်အားသာလွန်နေသောကြောင့်ဖြစ်သည်။
မဟုတ်လျှင် ဤမီးမြွေနှင့်ရင်ဆိုင်ဖို့ ပိုအားစိုက်ရမည်ဖြစ်သည်။
အတွေးတစ်ခုနှင့် မီးတောက်အမျှင်တစ်ခု သူ့လက်ဝါးထဲမှာ ပေါ်လာခဲ့သည်။
ထို့နောက်မီးတောက်လှုပ်ရှားသွားပြီး ခေါင်းသုံးလုံးမီးကြေးခွံစပါးအုံးအဖြစ်ပြောင်းသွားသည်။
အပူချိန်က မုန့်ချန်ချင်း၏အေးစက်လမင်းစစ်မှန်ချီကိုတောင် သက်ရောက်နေ၏။
"သုံးခုပေါင်းလိုက်တော့ မဆိုးပါဘူး။ အပူချိန်က မီးတောက်တစ်ခုတည်းထက် အများကြီးပိုမြင့်တယ်...."
မုန့်ချန်ချင်း အတော်လေးကျေနပ်နေခဲ့သည်။
ထိန်းချုပ်မှုအောင်မြင်သွားသော်လည်း ဤအရာမှာ အစသာရှိသေးသည်။ အနာဂတ်၌ မီးတောက်ပိုသန်မာလာဖို့ စစ်မှန်ချီဖြင့် အဆက်မပြတ်ကျွေးမွေးနေဖို့ လိုတာပဲဖြစ်သည်။
စစ်မှန်ချီအတွက်တော့ သူက လုံးဝရှားပါးမနေပေ။
"တစ်ရက်ကျန်လောက်သေးတယ်။ နည်းနည်းပိုရှာကြာကြည့်တာပေါ့...."
မကြာမီ....
လျို့ဝှက်နယ်မြေ အဆုံးသတ်တော့မည်ဖြစ်သည်။
ဝင်သွားကြသည့်တပည့်အားလုံး ရိတ်သိမ်းမှုအချို့ရခဲ့ကြပြီး ပမာဏမတူရုံသာဖြစ်သည်။
ရင်ပြင်၌ အလင်းတံခါး ရှိနေဆဲဖြစ်သည်။
ဤအခိုက်အတန့်၌ ပုံရိပ်များစွာ ပေါ်လာခဲ့သည်။
အကြီးအကဲယဲ့၊ အကြီးအကဲလင်းတို့အပြင် အခြားပုံရိပ်လေးခုလည်း ပါ၏။
သိသာစွာပင် စိတ်ဝိညာဥ်တောင်ထိပ်နှင့် သိုင်းပညာတောင်ထိပ်အပြင် အခြားတောင်ထိပ် လေးခုမှအကြီးအကဲတွေဖြစ်ကြသည်။
ဤနေရာလာသည့် သူတို့ရည်ရွယ်ချက်က ရိုးစင်း၏။
တပည့်ဘယ်လောက်များများ ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ကိုတက်လှမ်းသွားသလဲဆိုတာ ကြည့်ပြီး စစ်မှန်တပည့်အဖြစ် အဆင့်တိုးပေးဖို့ပဲဖြစ်သည်။
ဂိုဏ်းတစ်ဂိုဏ်းအတွက် စစ်မှန်တပည့်တစ်ယောက်ချင်းဆီကို ဂိုဏ်း၏စစ်မှန်သည့်ထောက်တိုင်တွေအဖြစ်ယူဆနိုင်၏။
အဘယ်ကြောင့်ဆိုသော် ဤအရွယ်နှင့် ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်တက်လှမ်းနိုင်ခြင်းအရ သူတို့၏အနာဂတ်အောင်မြင်မှုက မသေးဘူးဆိုတာကို ဆိုလိုနေတာပဲဖြစ်သည်။
"ဒီတစ်ချိန် ဂိုဏ်းက အဆင့်မြင့်အရင်းအမြစ်တွေအများကြီးထုတ်ပေးထားတာ။ ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ချိုးဖျက်နိုင်တဲ့တပည့်အရေအတွက် နည်းနည်းတော့များသင့်တယ်..."
အကြီးအကဲတစ်ယောက်ပြောလိုက်သည်။
သူက တုတ်ခိုင်သန်မာပြီး ထူထည်းသည့်ဆံပင်တွေကို ဆံထုံးတစ်ခုအဖြစ်စည်းနှောင်ထားခဲ့သည်။
သူ့ဆီမှ မဖော်ပြနိုင်သည့်ကြမ်းတမ်းမှုတစ်ခုလည်း ထုတ်လွတ်နေခဲ့သည်။
သူက ခရမ်းမြူတောင်ထိပ်၏အတွင်းစည်းအကြီးအကဲတစ်ယောက်ဖြစ်ပြီး နာမည်က ချင်ဖြစ်သည်။
"ဒါပုံမှန်ပါပဲ။ ဒီလိုအဆင့်မြင့်အရင်းအမြစ်တွေနဲ့ဆို အဆင့်ချိုးဖျက်တာက သေချာတဲ့ကိစ္စတစ်ခုပဲ...."
အစီရင်တောင်ထိပ်မှ အကြီးအကဲရွမ်း ပြောလိုက်သည်။
"ဒီမျိုးဆက်က တကယ်ကံကောင်းတယ်။ ငါတို့တုန်းကနဲ့ အခြားမျိုးဆက်တွေမှာဆို ခုလို ဆက်ဆံမှုမျိုး ဘယ်မှာရှိခဲ့လို့လဲ...."
"ရွမ်းချင်းနယ်မြေထဲမှာတင် အဆင့် ၃ အရင်းမြစ်တွေရနိုင်တယ်...."
ဆေးဘုရင်တောင်ထိပ်၏အကြီးအကဲဖုန်း ပြောလိုက်သည်။
အခြားအကြီးအကဲတွေလည်း သဘောကျစွာ ခေါင်းညိတ်လိုက်သည်။
ထိုအကျိုးအမြတ်ဆိုသည့်အရာကလည်း ပုန်းကွယ်နဂါးမှတ်တမ်းနှင့် သက်ဆိုင်နေ၏။
သူတို့ဂိုဏ်းက ထျန်လင်းစီရင်စု၌ အာဏာရှိအင်အားစုတစ်ခုဖြစ်သော်လည်း တစ်ခုတည်းသောဂိုဏ်းတော့မဟုတ်ပေ။
အခြားအင်အားစုတွေဖြစ်သည့် ဘီးလူဝိညာဥ်ဂိုဏ်း၊ နေမီးတောက်တောင်ကြားနှင့် တိမ်တိုက်မြို့တော်လည်း ရှိ၏။
လွန်ခဲ့သည့်ရက်အနည်းငယ်က ဘီလူးဝိညာဥ်ဂိုဏ်းနှင့် နေမီးတောက်တောင်ကြားပူးပေါင်းပြီး ပုန်းကွယ်နဂါးမှတ်တမ်းရှိ တပည့်တွေကို စိန်ခေါ်ခဲ့သည်။
ထို့ပြင် သူတို့က တစ်ယောက်ပြီးတစ်ယောက်အနိုင်ယူပြီး ပုန်းကွယ်နဂါးမှတ်တမ်းမှ နေရာခြောက်နေရာကိုလုယူသွားခဲ့သည်။
ထိုအရာက ကြီးမားသည့်ဆုံးရှုံးမှုဟုလည်း ယူဆနိုင်၏။
ထိုနေရာတွေကို ပြန်ရဖို့အလို့ငှာ, သူတို့က တပည့်တွေအား ပိုပြီးလုံ့လရှိရှိကျင့်ကြံခိုင်းဖို့သာ တတ်နိုင်၏။
"ထိပ်တန်းပါရမီရှင်တွေအတွက်တော့ အနီရင့်အခွင့်လမ်းနေရာတွေက ဘာအခက်အခဲမှရှိမှာမဟုတ်ဘူး။ သူတို့ ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ကို ရောက်တာနဲ့ ဒါက သေချာတဲ့ကိစ္စဖြစ်သွားပြီ...."
"အရေးကြီးဆုံးက အနီနက်အခွင့်လမ်းနေရာပဲ...."
"အဲ့မှာ သွေးမျိုးဆက်နတ်ဆိုးသားရဲတစ်ကောင်စောင့်ကြပ်နေတယ်။ ပြီးတော့ သာမန်သွေးမျိုးဆက်မဟုတ်ဘူး..."
"အဲ့သားရဲကို ဘယ်သူအနိုင်ယူနိုင်မလဲ သိချင်မိသား..."
ခရမ်းမြူတောင်ထိပ်မှ အကြီးအကဲ ဖြည်းညင်းစွာ ပြောလိုက်သည်။
"ဂိုဏ်းရဲ့ရည်ရွယ်ချက်ကလည်း အတွင်းမှာရှိတဲ့ ကောင်းကင်ဆန့်ကျင်တဲ့ပါရမီရှင်တွေကို မြင်ရဖို့ပဲလေ..."
အကြီးအကဲယဲ့ တုံ့ပြန်လိုက်၏။
ကောင်းကင်ဆန့်ကျင်သည့်ပါရမီရှင်နှင့် ပါရမီရှင်မှာ စကားတစ်လုံးသာ ခြားနားသော်လည်း ကွာဟချက်မှာ ကြီးမားလွန်း၏။
အင်အားစုတစ်ခု၌ ပါရမီရှင်မှာ အလယ်အလတ်အဆင့်မြင့်ကို ကိုယ်စားပြုပြီး ကောင်းကင်ဆန့်ကျင်ပါရမီရှင်မှာတော့ ထိပ်တန်းအဆင့်ကိုကိုယ်စားပြု၏။
အင်မောတယ်လမ်းစဥ်၌ ကောင်းကင်ဆန့်ကျင်ပါရမီရှင်တွေသာ ပထမဦးစားပေးဖြစ်၏။
"ငါ့အမြင်အရတော့, ခရမ်းမြူတောင်ထိပ်က ရှီညီအကိုမှာပဲ အခွင့်အရေးရှိတယ်..."
သိုင်းပညာတောင်ထိပ်မှ အကြီးအကဲလင်း ပြုံးပြီး ပြောလိုက်သည်။
"ငါကြားတာ သူတို့မှာ သွေးမျိုးဆက်ရှိတယ်ဆိုပဲ..."
"ပြီးတော့ အတော်ရှားတဲ့ ကျောက်တုံးလူသားသွေးမျိုးဆက်တဲ့...."
"ဟုတ်တယ်...."
အကြီးအကဲချင် လက်ပိုက်ပြီး ပြုံးလိုက်သည်။
ကျောက်တုံးလူသားသွေးမျိုးဆက်မှာ ထိပ်တန်းရုပ်ခန္ဓာသွေးမျိုးဆက်တစ်ခုဖြစ်ပြီး ခရမ်းမြူတောင်ထိပ်အတွက် မွေးဖွားလာခြင်းပင်။
တောင်ထိပ်သခင်ဟောင်း တံခါးပိတ်ကျင့်ကြံရာမှထွက်လာချိန်ကို မှတ်မိသေး၏။
ထိုရယ်မောသံက ကောင်းကင်ကို ထိုးဖောက်သွားလုမတတ်ပင်။
"ဂုဏ်ယူပါတယ်..."
အခြားအကြီးအကဲတွေမနာလိုရုံသာ တတ်နိုင်၏။
"အဲ့လောက်လည်းမဟုတ်ပါဘူး, အဲ့လောက်လည်း မဟုတ်ပါဘူး...."
အကြီးအကဲချင် အပြုံးတစ်ခုနှင့် လက်ဝှေ့ယမ်းပြလိုက်၏။
"ကျောက်လူသားသွေးမျိုးဆက်နဲ့ အဲ့ညီအကိုနှစ်ယောက်မှာ ရွှေမျောက်ဝံကိုအနိုင်ရဖို့ အခွင့်အရေးအတော်လေးရှိတယ်...."
အကြီးအကဲယဲ့လည်း ပြောလိုက်သည်။
"ဟ..ဟ... အဲ့ညီအကိုအကြောင်းမပြောသေးဘူး..."
"မင်းတို့စိတ်ဝိညာဥ်တောင်ထိပ် အတွင်းစည်းမှာလည်း ဖျက်မြင်းတစ်ကောင်ရှိတယ်မလား..."
အကြီးအကဲချင်ပြောလိုက်သည်။
"ပြောတာတော့အတွင်းစည်းမရောက်ခင်ကတည်း ဓားချီကိုနားလည်ထားတယ်ဆို...."
"မင်းက အဲ့ကလေးကိုပြောတာလား..."
အကြီးအကဲယဲ့ မျက်နှာ၌ ချက်ချင်းအပြုံးတစ်ခု ပေါ်လာခဲ့သည်။
ဤအရာကလည်း စိတ်ဝိညာဥ်တောင်ထိပ်၏ တစ်ခုတည်းသော တောက်ပသည့်အရာဖြစ်သည်။
"သူ့ရဲ့နားလည်နိုင်စွမ်းက တကယ်ကြောက်စရာကောင်းတယ်။ ဒါပေမယ့် အတွင်းစည်းကိုရောက်တာ မကြာသေးတော့ အုတ်မြစ်က မနက်ရှိုင်းသေးဘူး..."
"အဆင့်မြင့်သိုင်းပညာတောင် မသင်ရသေးလောက်ဘူး..."
"ဓားချီရှိရင်တောင် ရွှေမျောက်ဝံကို နိုင်မှာမဟုတ်ဘူး..."
အခြားအကြီးအကဲတွေလည်း မငြင်းပေ။
ဓားချီက သန်မာပေမယ့် ၎င်းမှာ စွမ်းအားတိုးမြှင့်ဖို့သာဖြစ်သည်။
လူတစ်ယောက်၌ အနည်းဆုံး ခိုင်မာသည့်အုတ်မြစ်ရှိရမည်ဖြစ်သည်။
ဝှစ်!
စကားပြောဆိုမှုတွေအလယ်မှာပဲ အလင်းတံခါးတုန်ခါလာခဲ့သည်။
သိသာစွာပဲ လျို့ဝှက်နယ်မြေပိတ်တော့မည်ဖြစ်သည်။