တစ္ဆေတိုင်ပြည်၏တိုင်းပြည်ကံကြမ္မာချီစွမ်းအားကတွေ့ရှိသွားခြင်
Vol. 24 Ch. 326
အခန်း (၃၂၆) တစ္ဆေတိုင်ပြည်၏တိုင်းပြည်ကံကြမ္မာချီစွမ်းအားကတွေ့ရှိသွားခြင်း
တောအုပ်တစ်ခုထက်ရှိ သစ်ပင်တစ်ပင်ထက်တွင် ကျန်းလန် မတ်တတ်ရပ်လျှက် ရှိသည်။
သူက သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို ထုတ်ဖော်လိုက်ပြီးနောက် သူ၏နတ်ဘုရားရာထူးမှ တောက်ပနေသည့် အလင်းစက်လေးကို လက်ဖြင့်အသာထိလိုက်သည်။
ထိုအခါ စိတ်အာရုံထဲတွင် ဆုတောင်းသံများ အဆက်မပြတ်ကြားလာရသည်။ သို့သော် ပုံရိပ်များကိုတော့ တွေ့မြင်ရခြင်း မရှိပေ။
"ငါ နတ်ဘုရားရာထူးကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်နေပြီ ၊ ဒါတောင်မှ ဒီဆုတောင်းသံတွေကို မကြားရအောင် တားဆီးလို့မရသေးဘူး"
ကျန်းလန် မည်သို့မှ မတတ်နိုင်စွာ တွေးလိုက်သည်။
ဆုတောင်းသံများက အရင်ကလောက် သူ့အပေါ်သက်ရောက်မှုမရှိတော့သည့်တိုင် လွှမ်းမိုးမှုအချို့ကတော့ ရှိနေဆဲပင်။
ကျန်းလန်က ချင်းမုကို ကိုယ်စားပြုသည့် အလင်းရောင်အစက်အပျောက်လေးကို ထိလိုက်သည့်တိုင် တစ္ဆေတိုင်းပြည်မှ အခြေအနေကို တွေ့မြင်ရခြင်း မရှိပေ။
ဝေးကွာလွန်းလွန်းသည့်အတွက် အခြေအနေကို တွေ့မြင်ရန် ခက်ခဲခြင်း ဖြစ်နိုင်၏။
ကျန်းလန် တောင်နှင့်ပင်လယ်ကြေးမုံမှန်ကို ထုတ်ယူပြီး နတ်ဘုရားရာထူးနှင့် ချိတ်ဆက်ကြည့်လိုက်တော့မှ မြင်ကွင်းများ ထွက်ပေါ်လာသည်။
ကြေးမုံမှန်ထက်တွင် အဆုံးမဲ့တောင်တန်းဒေသတစ်ခုကို တွေ့မြင်ရသည်။ ထိုနေရာတွင် တစ္ဆေကျင့်ကြံသူများစွာ စုဝေးနေကြသည်။
ထိုတစ္ဆေကျင့်ကြံသူများ၏ရှေ့တွင် ကျောက်တုံးရုပ်တု (၂)ခု ရှိနေ၏။
ရုပ်တုတစ်ခုက နံရံကိုမှီပြီး မတ်တတ်ရပ်နေသည့် ပုံသဏ္ဌဖြစ်ပြီး နောက်ရုပ်တုတစ်ခုကတော့ လက်သီးများကို တင်းတင်းဆုပ်ထားသည့် ရုပ်တုတစ်ခု ဖြစ်သည်။
သို့သော် ထိုရုပ်တု၏အသွင်အပြင်ကို ရှင်းလင်းပြတ်သားစွာ မတွေ့မြင်ရပေ။ ပင်ကိုယ်ကပင် မှုံဝါးဝါးအသွင် ဖြစ်ဟန်တူသည်။
ထိုအချိန် ပျော်ရွှင်စွာ အော်ဟစ်ကြွေးကျော်သံများကို ကျန်းလန် ကြားလိုက်ရသည်။ ထိုအသံများမှာ အောက်ဘက်တွင်ရပ်နေကြသည့် တစ္ဆေကျင့်ကြံသူများထံမှ ထွက်ပေါ်လာကြခြင်းဖြစ်သည်။
"လက်သီးနတ်ဘုရား ၊ ဧကရာဇ်ယိုတု…"
"လက်သီးနတ်ဘုရား ၊ ဧကရာဇ်ယိုတု…"
"ဧကရာဇ်ယိုတုတဲ့လား"
ထိုနာမည်ကြားသည်နှင့် ကျန်းလန်၏စိတ်ထဲ ထူးဆန်းသွားသည်။
ဧကရာဇ်ယိုတုဆိုသည်က တစ္ဆေတိုင်းပြည်မှ နတ်ဘုရားလား။ ဤသည်က နတ်ဘုရားရာထူး အသစ်တစ်ခုလား။
သို့သော် ယခုနှစ်များတစ်လျှောက် နတ်ဘုရားရာထူးအသစ်တစ်ခု ထွက်ပေါ်လာသည်ဟု သူ မကြားသိခဲ့ရပေ။
ပြီးတော့…
ကိုးကွယ်နေကြသည့် နတ်ဘုရားရုပ်တုက အဘယ့်ကြောင့် ရုပ်တု (၂)ခု ရှိနေရပါသနည်း။ နာမည် (၂)ခုကလည်း အတော်လေး ကွဲပြားခြားနားသည်။
ထိုခဏတွင် ဧကရာဇ်ရှီးဟယ်ပြောသည့်စကားမှန်ကန်သည်ဟု ကျန်းလန်ခံစားလိုက်ရသည်။ "ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား" ဆိုသည်မှာ တကယ့်ကို မလှမပနာမည်ကြီးပင်။
ဧကရာဇ်ယိုတုနာမည်နှင့်ပတ်သက်၍တော့ သံသယဝင်စရာမရှိပေ။ ထိုနာမည်မှာ နတ်ဘုရားရာထူးလုံးဝမရှိကြောင်း သူ ခံစားမိသည်။
ထို့ပြင် ထုလုပ်ထားသည့် ကျောက်ရုပ်တု (၂)ခုတွင်လည်း ဧကရာဇ်ယိုတု၏ရုပ်တုက လက်သီးနတ်ဘုရားရုပ်ထုတက် သိသိသာသာ နိမ့်ကျနေသည်။
ခဏမျှ အခြေအနေများကို လေ့လာပြီးနောက်…
"ဒီ ဧကရာဇ်ယိုတုဆိုတာက နတ်ဘုရားရာထူးတစ်ခုရဖို့ ငါ့ကို အသုံးချနေတာလား ၊ ဒါမှမဟုတ် သူက နတ်ဘုရားရာထူးရဖို့ အတော်လေးနီးစပ်နေတာမို့လို့ ငါနဲ့အတူ ကိုးကွယ်ခံနေရတာလား"
ထိုအချက် (၂)ခုက ဖြစ်နိုင်ခြေမြင့်မားကြောင်း ကျန်းလန် ခံဏားမိသည်။
ထိုနေရာတွင် ရုပ်တု (၂) ခု ရှိနေသည်။
"ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား" ကတော့ တကယ်တည်ရှိနေသည့် နတ်ဘုရားတစ်ပါး ဖြစ်ပြီး "ဧကရာဇ်ယိုတု" ကတော့ အမှန်တကယ် တည်ရှိမနေခဲ့ပေ။
မရှိသေးသည့် နတ်ဘုရားရာထူးကို တည်ရှိပြီးသား နတ်ဘုရားရာထူးဖြင့် တွဲဖက်ပြီး ကိုးကွယ်ခြင်းဖြင့် နတ်ဘုရားရာထူးတစ်ခုရရှိရန် နီးစပ်မည် ဖြစ်သည်။
"အဲဒါ ဖြစ်နိုင်ခြေရှိတယ်"
ကျန်းလန် တွေးလိုက်သည်။
တစ္ဆေတိုင်းပြည်က အများထင်သလို မတုံးလှဟု ကျန်းလန် သိလိုက်သည်။
အခြားအင်အားကြီးအုပ်စုများဆိုလျှင် ထိုသို့အခွင့်အရေးမျိုး မရရှိခဲ့ပေ။ ဘာပဲဖြစ်ဖြစ် ဧကရာဇ်ယိုတုဆိုသည့် နတ်ဘုရားရာထူးတစ်ခု အောင်မြင်စွာ ဖြစ်တည်လာရန် ထင်သလောက်တော့ မလွယ်ကူနိုင်ပေ။
ခွန်လွန်တောင်သည် ရှေးယခင်အချိန်ကတည်းက "ဧကရာဇ်ရှီးဟယ်" ဆိုသည့် နတ်ဘုရားရာထူးကို ရရှိခဲ့သော်လည်း ထိုနတ်ဘုရားရာထူးက ခွန်လွန်တောင်၏ တစ်ခုတည်းသောနတ်ဘုရားရာထူးဖြစ်ပြီး ရရှိရန်လည်း အလွန်ခက်ခဲခဲ့ဟန်တူသည်။
အခြားအင်အားစုများတွင်လည်း နတ်ဘုရားရာထူးတစ်ခုရရှိရန် မလွယ်ကူခဲ့ကြပေ။
သူကတော့ လွယ်ကူစွာပင် နတ်ဘုရားရာထူးတစ်ခု ရရှိခဲ့၏။ သူ့အခြေအနေက အလွန်ထူးခြားသည်ဟု ပြောရမည်။
အမှန်ဆိုလျှင် သူက တစ္ဆေတိုင်းပြည်မှ နတ်ဘုရားရာထူးကို လုယူခဲ့သလိုဖြစ်သွားပြီး အခြေအနေများကို အသေးစိတ်သိရှိရန် ခက်ခဲသည်။
ကျန်းလန် စဉ်းစားနေစဉ်မှာပင် တောင်နှင့်ပင်လယ်ကြေးမုံမှန်ထက်တွင် အနက်ရောင်တိမ်တိုက်တစ်ခုထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။
အနက်ရောင်တိမ်တိုက်ထဲတွင် ချက်ချင်ပင် လူသားမျက်နှာကြီးတစ်ခု ထွက်ပေါ်လာပြီး ကျန်းလန်ရှိရာသို့ လှမ်းကြည့်လာသည်။
တစ်ဖက်လူ သူ့ကို တွေ့မြင်သွားပြီဖြစ်ကြောင်း ကျန်းလန် ချက်ချင်းကြည့်လိုက်သည်။
ထိုအချိန်…
တောင်နှင့်ပင်လယ်ကြေးမုံမှန်ကို ဖြတ်ကျော်ပြီး အသံတစ်သံထွက်ပေါ်လာသည်။
"ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားလား"
ထိုအသံကိုကြားသည်နှင့် ကျန်းလန်၏မျက်လုံးအိမ်များကျဉ်းမြောင်းသွားသည်။
သူ ချက်ချင်းပင် တောင်နှင့်ပင်လယ်ကြေးမုံမှန်နှင့် အဆက်အသွယ် ဖြတ်တောက်ပစ်လိုက်ပြီး သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို အဆုံးထိထုတ်ဖော်လိုက်သည်။
ထို့နောက် နေရာမှ အမြန်ဆုံး ထွက်ခွာလာပြီး အလျှင်အမြန်ပင် ခွန်လွန်တောင်သို့ ပြန်လာခဲ့သည်။ လက်ရှိ သူရောက်နေသည့်နေရာက ခွန်လွန်တောင်နှင့် အလှမ်းဝေးလွန်းလှသောကြောင့် အန္တရယ်များနိုင်သည် မဟုတ်လား။
"ငါ အတော်လေး သတိလက်လွတ်ဖြစ်မိသွားတာပဲ"
သူ အတော်လေး စွန့်စားလိုက်မိကြောင်း ကျန်းလန် နားလည်လိုက်သည်။
ထိုနေရာတွင် တစ္ဆေတိုင်းပြည်တစ်ခုလုံးက ယာဇ်ပူဇော်ခြင်း ၊ သို့မဟုတ် ဆုတောင်းကိုးကွယ်ခြင်းအခမ်းအနားတစ်ခုကို ပြုလုပ်နေကြခြင်း ဖြစ်သည်။
သို့ဖြစ်ရာ သူ့ဆရာ သို့မဟုတ် ဧကရာဇ်ရှီးဟယ်တို့ကဲ့သို့ တန်ခိုးစွမ်းအားမြင့်မားသည့် တစ္ဆေတိုင်းပြည်၏ အကြီးအကဲများ သေချာပေါက် ရှိနေမည်ပင်။
ထိုသို့သော တန်ခိုးစွမ်းအားမြင့်မားသူတစ်ယောက်က သူ ချောင်းမြောင်းကြည့်နေသည်ကို သိရှိမည်မျာ အသေအချာပင်။ အနည်းငယ်မျှ သတိလက်လွတ်ဖြစ်သွားခြင်းက သူ့ကို သေချာပေါက် ဒုက္ခဖြစ်စေနိုင်သည်။
ကျန်းလန် ထွက်ပြေးသွားပြီး သိပ်မကြာမီ သူ၏ သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို တစ်စုံတစ်ယောက် ထိုးဖောက်ကြည့်နေကြောင်း တုံ့ပြန်လာသည်။
ထိုးဖောက်ကြည့်ရှုမှုက အလွန်လျှင်မြန်စွာ သစ်ရွက်အမြင်တန်ခိုးစွမ်းအားအတွင်း ဖြတ်ကျော်လာသည်။
ကျန်းလန်က လုံး၀ မရပ်တန့်ဘဲ ခွန်လွန်တောင်ဘက်သို့ အရှိန်အဟုန်ဖြင့် ပြန်လာခဲ့သည်။ မကြာခင် သူ၏ သစ်ရွက်အမြင်တန်ခိုးစွမ်းအား ပြိုကွဲသွားသည်ကို ခံစားလိုက်ရသည်။
သို့သော် ကောင်းကင်ထက်မှ သစ်ရွက်တစ်ရွက် ကျဆင်းလာပြီး သူ့ကို ထိုးဖောက်ကြည့်နေသူ၏ မျက်ဝန်းများကို ပိတ်ဆို့တားဆီးထားလိုက်သည်။
သစ်ရွက်အမြင်တန်ခိုးစွမ်းအားထက် အဆင့်မြင့်သည့် ကောင်းကင်လွှမ်းသစ်ရွက်တန်ခိုးစွမ်းအားပင် ဖြစ်၏။
တစ်ဖက်လူက အချိန်အတိုင်းအတာတစ်ခုအထိ ထိုးဖောက်ခဲ့သော်လည်း ကျန်းလန်အကြောင်း သိရှိသွားခြင်း မရှိခဲ့ပေ။
ထိုအခါမှ ကျန်းလန်လည်း စိတ်သက်သာရာရသွားမိသည်။
"အရမ်းတန်ခိုးစွမ်းအား မြင့်မားတဲ့သူပဲ ၊ ငါ့ရဲ့ သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို သူ တကယ်ထိုးဖောက်လာတာပဲ"
ကျန်းလန်၏ နဖူးထက်တွင် ချွေးစေးများပျံလျှက် ရှိသည်။
ယခုအချိန်ထိ သူ၏ သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို ထိုးဖောက်ကြည့်နိုင်သူဆို၍ ဧကရာဇ်ရှီးဟယ် တစ်ဦးတည်းသာ ရှိသည်။ သို့သော် ဧကရာဇ်ရှီးဟယ်သည်လည်း သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို ထိုးဖောက်နိုင်သည့်တိုင် ကောင်းကင်လွှမ်းသစ်ရွက်တန်ခိုးစွမ်းအားကိုတော့ ထိုးဖောက်နိုင်ခြင်း မရှိပေ။
ယခုတော့ တစ္ဆေတိုင်းပြည်မှ အကြီးအကဲသည်လည်း သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို ထိုးဖောက်နိုင်ခဲ့သည်။
"ဆရာဆိုရင်ရော ငါ့ရဲ့ သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို ထိုးဖောက်ကြည့်နိုင်မလား မသိဘူး"
ကျန်းလန် ပဟေဠိ ဖြစ်စွာ တွေးလိုက်သည်။
သို့သော် ဆရာဖြစ်သူက သူ့ကို ထိုးဖောက်ကြည့်မြင်ရန် ဘယ်သောအခါမှ မကြိုးစားခဲ့ဖူးကြောင်း ကျန်းလန် သေသေချာချာ သိရှိသည်။
အမှန်တော့ သူ့ကို ထိုးဖောက်ကြည့်မြင်ရန်မှာ အလွန်ခက်ခဲသည်။
ခွန်လွန်စိတ်ကျမ်း၏ သက်ရောက်မှုကလည်း မသေးလှသလို စနစ်ကိုယ်တိုင်ကလည်း လျှို့ဝှက်ချက်များကို ဖုံးကွယ်ပေးနိုင်စွမ်း ရှိသည် မဟုတ်ပါလား။
***
အချိန်အနည်းငယ်ကြာပြီးနောက် ကျန်းလန် ရေခဲပုစဉ်းရင်ကွဲတောအုပ်သို့ ရောက်လာခဲ့သည်။
ဤနေရာက ခွန်လွန်တောင်နှင့် နီးကပ်သည်ဖြစ်ရာ အန္တရယ်ကင်းနိုင်လေသည်။ သူ့အနေဖြင့် နောက်တစ်ခါဆိုလျှင်တော့ တစ္ဆေတိုင်းပြည်ကို ပေါ့ပေါ့တန်တန်သဘောထားကာ ကြည့်ဝံ့တော့မည် မဟုတ်ပေ။
ရေခဲပုစဉ်းရင်ကွဲတောအုပ်ကို ဖြတ်သွားသည့်အခါ ကျန်းလန် တောအုပ်အတွင်းသို့ တစ်ချက်လှမ်းကြည့်လိုက်သည်။ အဋ္ဌမမင်းသားနှင့် အခြားသူများပြောသည့်စကားအရ အထဲတွင် နတ်လူသားမျိုးနွယ်များ ရှိနေသည်ဟု ဆိုသည်။
သို့ရာတွင် ကျန်းလန်က အလျင်စလို လှုပ်ရှားခြင်း မပြုပေ။
လက်ရှိတွင် သူ့အတွက် အရေးကြီးဆုံးမှာ ရှောင်ယွိ မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို အောင်မြင်ပြီး အင်မော်တယ်ဖြစ်လာရန် ဖြစ်သည်။
နတ်လူသားမျိုးနွယ်များက မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ကြသေးလေရာ သူတို့ကို သွားရောက်ရန်စစရာ မလိုပေ။
တစ်ဖက်လူ၏ ကျင့်ကြံခြင်းအဆင့်ကိုလည်း မသိသောကြောင့် သူ့ဘက်က အလောတကြီးတိုက်ခိုက်မိပါက ဖြစ်လာမည့်အကျိုးဆက်ကို မခန့်မှန်းနိုင်ပေ။
***
နောက်တစ်နေ့။
ကျန်းလန် သေရည်ဆိုင်သို့ ရောက်လာသည်။
သူ ဆိုင်ထဲဝင်လိုက်သည်နှင့် ဆိုင်ထောင့်တစ်နေရာရှိ စားပွဲများထက်တွင် သေနေကြသည့် အဋ္ဌမမင်းသားနှင့် ကောင်ငယ်လေးကို တွေ့လိုက်ရသည်။
ကျန်းလန်က သူတို့ကို တစ်ချက်လှမ်းကြည့်ပြီးနောက် ကောင်တာဆီသို့ သွားလိုက်သည်။
"ဆိုင်ရှင်အဘိုး ဒီနေ့ပြန်ရောက်လာမှာလား"
ကျန်းလန်က မေးလိုက်သည်။
ကောင်တာထိုင်နေသူက ဇာမဏီမျိုးနွယ်ကောင်မလေး ဖြစ်သည်။
လူငယ်များ အလုပ်ကို သေသေချာချာ မလုပ်ကြသည်မှာ သဘာဝပင်။ သူ သေရည်ဆိုင်ရောက်စကဆိုလျှင် ဆိုင်စောင့်နေသည့် အနှီကောင်ငယ်လေး အိပ်နေသည် မဟုတ်ပါလား။
"အကောင်းစားသေရည်လိုချင်င်တော့ နေ့လည်အထိ စောင့်ရပါမယ်"
ဟုန်ယာက ခပ်တိုးတိုးလေသံဖြင့် ပြောသည်။
ကျန်းလန်က ခေါင်းညိတ်လိုက်ပြီး အဋ္ဌမမင်းသားနှင့် ကောင်ငယ်လေးရှိရာသို့ လှမ်းကြည့်လိုက်သည်။
ဟုန်ယာက…
"သူတို့ သွေးတွေအများကြီးဆုံးရှုံးထားလို့ ပင်ပန်းပြီး အိပ်ပျော်နေကြတာ"
ကျန်းလန် အံ့အားသင့်သွားသည်။
ကောင်ငယ်လေးက လူသားအင်မော်တယ် ၊ အဋ္ဌမမင်းသားက အစစ်အမှန်အင်မော်တယ်ဖြစ်လေရာ ဘယ်လိုဖြစ်၍ သွေးဆုံးရှုံးသည်နှင့် ဒီလောက်ပင်ပန်းရပါသနည်း။
ကျန်းလန် ထိုင်ခုံတစ်ခုတွင် ဝင်ထိုင်လိုက်သည်။ ထို (၂)ယောက် အနားယူလိုကြသည်ဆိုလျှင် သူ မနှောက်ယှက်လိုပေ။
သူလည်း ဆိုင်ရှင်အဘိုးပြန်လာသည်အထိ စောင့်ရဦးမည်ဖြစ်လေရာ အလျင်လိုစရာအကြောင်း မရှိပေ။
သူက အပြင်သို့ထွက်ခဲသည်ဖြစ်ရာ ရောက်တုန်းရောက်ခိုက် ဆရာဖြစ်သူအတွက် အကောင်းစားသေရည်တစ်အိုးတော့ ဝယ်သွားရမည်ပင်။
ထို့ကြောင့် ဆိုင်ရှင်အဘိုးကိုစောင့်ရင်း ထို (၂)ယောက် သွေးအဆင်သင့်ဖြစ်ပြီလားဟု မေးမြန်းရန် စောင့်နေခဲ့သည်။
အတန်ကြာမှ အဋ္ဌမမင်းသား အိပ်ယာမှ နိုးလာသည်။ သူက မျက်လုံးများကို ပွတ်သပ်နေပြီး ကျန်းလန်ကို တွေ့သည်နှင့် ကျောက်စိမ်းဘူးသီးခြောက် (၂)ခုကို ထုတ်ယူလိုက်သည်။
ဘူးသီးခြောက်ထဲတွင် သွေးများတစ်ဝက်ခန့်စီ ရှိနေကြ၏။
"ယောက်ဖ ၊ ဒါက ကျုပ်သွေးနဲ့ ချီလင်ကောင်မလေးရဲ့ သွေးတွေပဲ"
ထိုဘူးသီးခြောက်များက သိုလှောင်ဘူးသီးခြောက်များဖြစ်ကြလေရာ သွေးများက ဘူးသီးခြောက်တစ်ဝက်မျှသာ ဖြစ်သော်လည်း တကယ်တမ်းတွင် အလွန်များပြားသည့် ပမာဏဖြစ်သည်။
ထိုစဉ်…
ကောင်ငယ်လေးသည်လည်း အိပ်ပျော်ရာမှ ဝုန်းကနဲထလာပြီး ဘူးသီးခြောက် (၂)ခုကို ကျန်းလန်ထံ ပေးလိုက်သည်။
"ဒါက ဖီရှိုးနဲ့ ကျွန်တော့်ရဲ့ သွေးတွေ ၊ ကျွန်တော်က အများဆုံးပဲ"
အဋ္ဌမမင်းသားက မကျေမနပ်ဖြင့်…
"ကျုပ်က အများဆုံးကွ"
သူတို့ (၂)ယောက် ငြင်းခုန်ကြပြီး ထသတ်ကြပြန်ရာ သွေးများထုတ်ယူထားသည့် ဒဏ်ရာများပေါက်ပြဲကာ သွေးများ ထပ်ထွက်လာပြန်သည်။
"……"
ကျန်းလန်မှာ သူတို့ကို ကြည့်ပြီး ဆွံ့အသွားမိ၏။
"ဒီလိုသတ်နေလို့လည်း သွေးတွေအများကြီးဆုံးရှုံးကုန်တာနေမှာ" ဟု ကျန်းလန် တွေးလိုက်သည်။
ကျန်းလန်က…
"ဒါနဲ့ ဖီရှိုးဆီက သွေးယူရတာရော လွယ်ရဲ့လား"
အဋ္ဌမမင်းသားက…
"လွယ်မှလွယ်… သူ့ကို ဝိညာဉ်ကျောက်တုံး ကျွေးလိုက်ရုံပဲလေ"
ကြည့်ရသည်မှာ ဖီရှိုးထံမှ သွေးရယူရန် ဝိညာဉ်ကျောက်တုံး အတော်များများ ကျွေးလိုက်ရဟန်တူသည်။
ကျန်းလန်က ကောင်ငယ်လေးကို အားနာသွားဟန်ဖြင့် ကြည့်လိုက်ပြီး ဝိညာဉ်ကျောက်တုံးများ ပြန်ပေးရန် ဟန်ပြင်လိုက်သည်။
"မလိုဘူး အစ်ကိုကြီး ၊ ဝိညာဉ်ကျောက်တုံးတွေ ပြန်မပေးနဲ့ ၊ ဟုန်ယာ ကျွန်တော့်ကို ပြန်ကြိုက်အောင် ဘယ်လိုလုပ်ရမလဲဆိုတာပဲ သင်ပေးပါလား"
"……"
ပေးထားသည့်သွေးများကိုသာ ပြန်ပေးလိုက်ချင်တော့သည်။
သို့သော် သွေးကလည်း လိုအပ်နေသည်ဖြစ်ရာ တကယ်တမ်းတွင် ပြန်မပေးနိုင်ပါပေ။ ကောင်ငယ်လေးက လူသားပုံစံဖြစ်သော်လည်း တကယ်တမ်းတွင် တန်ခိုးစွမ်းအားမြင့်မားသည့် ချုန်ချီသားရဲဖြစ်သည်။
သို့ဖြစ်ရာ အစီအရင်ပြုလုပ်ရာတွင် အလွန်သင့်တော်မည် ဖြစ်သည်။
လက်ရှိတွင် သူ့အနေဖြင့် အစီအရင်ပြုလုပ်ရာတွင် အာရုံစူးစိုက်ရမည် မဟုတ်ပါလား။