← Chapters

တာအိုကိုနားလည်ခြင်း

Vol. 24 Ch. 327

တာအိုကိုနားလည်ခြင်း

Vol. 24 Ch. 327

အခန်း (၃၂၇) တာအိုကိုနားလည်ခြင်း

နေ့လည်ခင်း ဆိုင်ရှင်အဘိုးပြန်ရောက်လာသည်နှင့် ကျန်းလန်က အကောင်းစားသေရည်တစ်အိုးယူကာ သေရည်ဆိုင်မှ ပြန်လာခဲ့သည်။

ဆိုင်ရှင်အဘိုး ပြန်မလာခင်အချိန်တွင် သူက နက်ရှိုင်းသည့်နားလည်မှုတစ်ခု ရရှိနိုင်မလားဆိုသည့် ရည်ရွယ်ချက်ဖြင့် နာမ်ဝိညာဉ်သေရည်ဆိုင်အတွင်းသို့ ဝင်ရောက်ခဲ့သည်။

သူ၏ လက်ရှိကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုလျှင် အရာအားလုံးကို ပိုမိုနားလည်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။

နောက်ဆုံးတစ်ကြိမ်ကကဲ့သို့ အခွင့်အရေးမျိုးရရှိလျှင် သူ သေချာပေါက် ရယူရန် ဆုံးဖြတ်ထားသည်။ ဆရာဖြစ်သူက အခွင့်အရေးရလျှင် တွန့်ဆုတ်မနေဘဲ အရယူရန် မှာထားသည် မဟုတ်ပါလား။

သို့သော် ကံမကောင်းစွာပင် ယခုတစ်ကြိမ် သူ မည်သည့်အရာကိုမှ မကြုံတွေ့ခဲ့ရပေ။

သူ အနားယူနေစဉ် ကောင်ငယ်လေးနှင့် ဇာမဏီကောင်မလေးသည်လည်း သူ၏စိတ်အာရုံထဲဝင်ရောက်ရန် ကြိုးစားကြသေးသည်။

သူတို့ထပ်ခါထပ်ခါ ကြိုးစားခဲ့ကြသည့်တိုင် ရရှိခဲ့သည်က ကျရှုံးမှုသာလျှင် ဖြစ်သည်။

သေရည်ဆိုင်မှ လူများအားလုံးက ကံကြမ္မာအခွင့်ကောင်းရောင်ဝါ ရရှိထားကြသူများ ဖြစ်၏။

ကောင်ငယ်လေးတွင် ကံကြမ္မအခွင့်ကောင်းရောင်ဝါကြိုးမျှင်တစ်ခု အပြည့်အဝရှိနေသည်။

ကြည့်ရသည်မှာ ဆိုင်ရှင်အဘိုးက မြေးဖြစ်သူအတွက် ကိုယ်တိုင် ရယူပေးထားခြင်း ဖြစ်ပေလိမ့်မည်။ ထို့ပြင် သူ၏ နတ်ဘုရားရာထူးနှင့် ချိတ်ဆက်နေသည့် ကံကြမ္မာအခွင့်ကောင်းရောင်ဝါတစ်ခုလည်း ရှိနေသေးသည်။

ဇာမဏီမျိုးနွယ်ကောင်မလေးတွင်လည်း ကံကြမ္မာအခွင့်ကောင်းရောင်ဝါကြိုးမျှင်တစ်ခု ရှိနေပြီး ထိုအရာက နတ်ဘုရားရာထူးတစ်ခုဖြင့် တိုက်ရိုက်ချိတ်ဆက်နေခြင်း မရှိပေ။

အဋ္ဌမမင်းသားကတော့…

မတူညီသော နတ်ဘုရားရာထူး (၄)ခုနှင့် ချိတ်ဆက်ထားသည့် ကံကြမ္မာအခွင့်ကောင်းရောင်ဝါ (၄)ခု ရှိနေလေရာ အလွန်ထူးခြားသည်ဟု ဆိုရမည်။

ထိုကံကြမ္မာအခွင့်ကောင်းရောင်ဝါက မည်သို့အသုံးဝင်သည်ကို လက်ရှိတွင် မည်သူမှ မသိနိုင်ပေ။

ကျန်းလန် သိရှိသည်ကတော့ ထိုရောင်ဝါများက ကျင့်ကြံခြင်းကို လျှင်မြန်စေပြီး နတ်ဘုရားရာထူးကို ထိန်းချုပ်နိုင်ရန် အထောက်အကူပြုသည်။

***

"ဂိုဏ်းတူအစ်မ ၊ အခု မင်းအလှည့်"

နောက်တစ်နေ့တွင်တော့…

နံနက်အရုဏ်တက်သည်နှင့် ကျန်းလန် ကျောက်စိမ်းရေကန်သို့ ထွက်လာခဲ့သည်။

ကျောက်စိမ်းရေကန်အတွင်းမှ ထွက်ပေါ်လာသည့်လုန်ယွိကို သူတွေ့လိုက်ရသည်။ မြင်ကွင်းက အလွန်တရာမှ လှပလွန်းသည်။

ကျန်းလန်က လုန်ယွိကို ဘူးသီးခြောက်တစ်ခုပေးလိုက်ပြီး သူမ၏သွေးများဖြည့်ခိုင်းလိုက်သည်။ ထိုဘူးသီးခြောက်တွင် သူတို့ (၂)ယောက်လုံး၏ သွေးများထည့်ရန် ရည်ရွယ်ထားသည်။

ယနေ့ ကျန်းလန်က အစီအရင် စတင်တည်ဆောက်မည့်နေ့ ဖြစ်သည်။

မနေ့က ပဉ္စမတောင်ထွတ်မှ ဆရာဒေါ်လေးမြောင်ယွဲ့က သူ့ထံသို့ ပြင်ဆင်ထားသည့် အစီအရင်မူကြမ်းကို ပို့ပေးခဲ့သည်။ ကျောက်စိမ်းရေကန်နှင့် လိုက်လျောညီထွေရှိစေရန် အချို့သော အသေးစိတ်အချက်အလက်များကို ဆရာဒေါ်လေးက ပြင်ဆင်ပေးထားသည်။

လုန်ယွိက ကျန်းလန်ရှေ့သို့ ရောက်လာပြီး ဘူးသီးခြောက်ကို ခံစားချက်ကင်းမဲ့သည့် မျက်နှာထားဖြင့် ယူလိုက်သည်။ ထို့နောက် သူမ၏ ခန္ဓာကိုယ်ကျုံ့ဝင်သွားပြီး ရှောင်ယွိအဖြစ်ပြောင်းလဲသွားသည်။

ထို့နောက် သူမက ကျန်းလန်ကို မကျေမနပ်ဖြင့် ကြည့်လိုက်၏။

"သွေးလိုချင်တယ်ဆိုလည်း ရှင်နဲ့ကျွန်မ တစ်ယောက်တစ်ဝင်မဟုတ်ဘူးလား ၊ ကျွန်မက ဘာလို့ ပိုပေးရမှာလဲ"

"နဂါးတစ်ကောင်က ခန္ဓာကိုယ်လည်း ရှည်တော့ သွေးလည်းပိုများတယ်လေ ၊ ဒါကြောင့် ပိုပေးသင့်တယ်"

ထိုစကားကို ကျန်းလန် စိတ်ထဲမှသာ ပြောလိုက်ခြင်းပင်။

လက်တွေ့တွင်တော့ သူက မည်သည့်စကားမှ ပြန်မပြောဘဲ ရှောင်ယွိအတွက်ဝယ်လာသည့် ထီးလေးကို ထုတ်ယူလိုက်သည်။

"ကိုယ် ဂိုဏ်းတူအစ်မကို ထီးတစ်လက် ဝယ်ပေးမယ်လို့ ကတိပေးထားတယ်လေ"

ရှောင်ယွိက ကျန်းလန်ပေးသည့်ထီးလေးကို လှမ်းကြည့်လိုက်သည်။

ထို့နောက် ဘူးသီးခြောက်ကို ဘေးသို့အသာချလိုက်ပြီး ထီးလေးကို လှမ်းယူလိုက်ပြီး ဖွင့်ကြည့်လိုက်သည်။ ထီးလေးက သာမန်ထီးတစ်လက်သာ ဖြစ်သည်။

"ဂိုဏ်းတူမောင်လေးက ရွေးလည်း မရွေးတတ်ဘူး"

ရှောင်ယွိက ထီးလေးကိုကြည့်ရင်းဆိုသည်။

သို့သော် သူမက ထီးလေးကို ရင်ခွင်ထဲဖက်ထားရင်း ကျန်းလန်ကို တောက်ပစွာ ပြုံးပြလိုက်သည်။

"ဒါပေမဲ့ ကျွန်မ အရမ်းသဘောကျတယ် သိလား"

ကျန်းလန်က တုတ်ထိုးသကြားလုံး (၂)ချောင်းကို ရှောင်ယွိထံ ကမ်းပေးလိုက်ရင်း…

"ဒါလေးရောပဲ"

ရှောင်ယွိက ပျော်ရွှင်စွာပင် တုတ်ထိုးသကြားလုံးများကို ယူလိုက်သည်။

"ကောင်းပြီ ၊ ရှင်က ကျွန်မအတွက် လက်ဆောင်တွေအများကြီး ဝယ်လာမှတော့ ကျွန်မ သွေးပိုပြီးပေးပါ့မယ်"

ကျန်းလန် တိတ်ဆိတ်သွားသည်။

ထို့နောက် ရှောင်ယွိ သူ့သွေးများ ဖောက်ထုတ်လိုက်သည်ကို ကျန်းလန် ကြည့်နေသည်။

သူမက နဂါးအသွင်ပြောင်းပြီးမှ သွေးများကို ထုတ်ယူခြင်း ဖြစ်သည်။ မဟုတ်ပါက လူသားအသွင်က ပိန်သွယ်သွယ်လေးဖြစ်လေရာ သွေးအားနည်းရောဂါ ရသွားနိုင်၏။

ကျန်းလန် ထိုအကြောင်းများကို အရေးမစိုက်တော့ဘဲ ကျောက်စိမ်းရေကန်တစ်လျှောက် လှည့်ပတ်ရင်း အဋ္ဌမမင်းသားနှင့် အခြားသူများ၏ သွေးကို အသုံးပြုကာ ပတ်ဝန်းကျင်တစ်ခုလုံး တည်ငြိမ်အောင် ပြုလုပ်လိုက်သည်။

ထို့နောက် အစီအရင်ကို စတင်အုတ်မြစ်ချလိုက်၏။ ထိုသို့ပြုလုပ်မှသာ အစီအရင်အစပိုင်းကတည်းက ပြီးပြည့်စုံမှုရှိမည် ဖြစ်သည်။

ထိုနေ့မှစပြီး ကျန်းလန်တစ်ယောက် မနက်မိုးလင်းသည်နှင့် ကျောက်စိမ်းရေကန်သို့ ရောက်လာကာ အစီအရင် ပြုလုပ်သည်။

ညဘက်တွင်တော့ မရဏဂူသို့ပြန်ပြီး ကျင့်ကြံသည်။

လုန်ယွိကတော့ ကျန်းလန် ကျောက်စိမ်းရေကန်သို့ရောက်လာတိုင်း သူ အစီအရင်ပြုလုုပ်သည်ကို တိတ်ဆိတ်စွာကြည့်ရင်း အဖော်ပြုပေးတတ်သည်။

သူမက ကျန်းလန် မအားလျှင် ကျန်းလန်ကို လုံး၀ မနှောက်ယှက်တတ်ပေ။ စကားပြောစရာလည်းမလိုသောကြောင့် သူမက လုန်ယွိပုံစံဖြင့်သာ နေထိုင်ခဲ့သည်။

လုန်ယွိပုံစံဖြင့်ဆိုလျှင် သူမက ခံစားချက်ကင်းမဲ့ပြီး စကားနည်းသည့်ပုံစံ အကျင့်ပါနေပြီး ရှောင်ယွိပုံစံဖြင့်သာလျှင် ကျန်းလန်နှင့် ရင်းရင်းနှီးနှီး ပြောဆိုပေါင်းသင့်လေ့ ရှိသည်။

ကျန်းလန်သည်လည်း လုန်ယွိပုံစံနှင့် သိပ်ပြီး မရင်းနှီးပေ။

စကားပြောရာတွင်လည်း သူက ရှောင်ယွိထက်ဆာလျှင် လုန်ယွိကို ပိုပြီး ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုဆက်ဆံတတ်လေသည်။

***

နွေဦးရာသီကုန်ဆုံးပြီး ဆောင်းဦးသို့ ရောက်ရှိလာခဲ့သည်။

ထိုသို့ဖြင့် ရာသီအလီလီ ပြောင်းလဲသွားခဲ့လေသည်။

ကျန်းလန်မှာ ကျောက်စိမ်းရေကန်နှင့် နဝမတောင်ထွတ်အကြား နှစ်ပေါင်း (၂၀) ခန့် သွားချည်ပြန်ချည်လုပ်နေခဲ့ရသည်။ ဤ အနှစ် (၂၀)အတွင်း နေ့ခင်းဘက်တွင် အစီအရင်တည်ဆောက်ပြီး ညဘက်တွင် ကျင့်ကြံလေ့ ရှိခဲ့သည်။

အစီအရင်ပြုလုပ်ရင်း အားလပ်သည့်အချိန်များတွင် သူက လုန်ယွိနှင့်အတူ နေထွက်ချိန် ၊ နေဝင်ချိန် ရှုမျှော်ခင်းများကို ကြည့်ရှုခံစားတတ်သည်။

ပြီးလျှင် စာအုပ်ဖတ်လျှင်ဖတ် ၊ မဖတ်လျှင်လည်း နဂါးဘာသာစကားကို သင်ယူလေ့လာသည်။

ရှောင်ယွိက သူ့ကို လက်ရေးလှလေ့ကျင့်စေသောကြောင့် ကျန်းလန် နဂါးဘာသာစကားကို အတော်လေး မုန်းတီးမိသည်။

သို့သော် ရှောင်ယွိကတော့ ကျန်းလန်ကို နဂါးဘာသာစကားသင်ပေးရခြင်းကို အလွန်ပျော်ရွှင်လျှက် ရှိ၏။

ဤနှစ်ပေါင်း (၂၀) အတွင်း ကျန်းလန်၏ ကျင့်ကြံခြင်းက မှန်မှန်ပင် မြင့်တက်လာသည်။ မဟာတာအိုကိုနားလည်ခြင်းကလည်း ဖြည်းဖြည်းချင်း ပေါင်းစုမိနေပြီ ဖြစ်၏။

သူ ခွန်လွန်တောင်သို့ရောက်သည်မှာ နှစ်ပေါင်း (၄၂၅)နှစ် ရှိပြီ ဖြစ်ပြီး သူ၏ ကျင့်ကြံခြင်းအဆင့်က မိုးကောင်းကင်အင်မော်တယ် ၊ ကနဦးအဆင့်ဖြစ်သည်။

သူ၏ ကျင့်ကြံခြင်းအဆင့်က မှန်မှန်တိုးတက်နေသည်ဆိုသော်လည်း အခြားသူများထက်ဆာလျှင် ရွှေခန္ဓာရရှိရန် ပိုမိုမြန်ဆန်နေသည်။

သို့သော် မိုးကောင်းကင်အင်မော်တယ် ၊ အလယ်ဆင့်သို့တက်လှမ်းနိုင်ရန် အချိန်အတော်ကြာနေသေးသည်။

သူသာ လောကကို ပိုမိုနက်ရှိုင်းစွာ ရှုမြင်နိုင်မည်ဆိုလျှင် မဟာတာအိုကို ပိုမိုနားလည်မည် ဖြစ်သည်။ ထို့နောက် မိုးကောင်းကင်တာအို၏ အသိအမှတ်ပြုခြင်းကို ရရှိမှသာ ရွှေခန္ဓာကို အရှိန်အဟုန်ဖြင့် ထိန်းချုပ်နိုင်မည် ဖြစ်သည်။

ယနေ့…

ကျန်းလန် မက်မွန်ပင်အောက်တွင်ထိုင်နေပြီး နေထွက်လာသည်ကို ကြည့်နေ၏။

ကောင်းကင်တစ်ခုလုံး ညိုမှောင်သည်တိမ်တိုက်များဖြင့် ပြည့်နက်နေလေရာ အချိန်မရွေး မိုးရွာသွန်းတော့မည့် အနေအထားပင်။

"ကြည့်ရတာ နေထွက်လာတာကို မမြင်ရလောက်တော့ဘူး ထင်တယ်"

ကျန်းလန်နံဘေးတွင် ထိုင်နေသည့် ရှောင်ယွိက တိုးလျစွာ ဆိုသည်။

သူမက လုန်ယွိပုံစံဖြင့် ကျန်းလန်နှင့် တဖြည်းဖြည်း ရင်းနှီးလာပြီ ဖြစ်သော်လည်း ရှောင်ယွိပုံစံလေးဖြင့် နေရသည်ကို သဘောကျနေဆဲ  ဖြစ်သည်။

"ဂျိမ်း"

မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး မိုးဖွဲလေးများကျဆင်းလာသည်။

ကျန်းလန်က ရှောင်ယွိကို ခေါင်းညိတ်ပြလိုက်သည်။

အမှန်တော့ နံနက်ခင်းနေထွက်လာမည့်အချိန်ဖြစ်သော်လည်း ယခုတော့ မိုးများရွာသွန်းတော့မည် ဖြစ်၏။

သူ ရှောင်ယွိကို စကားပြန်ပြောရန် ဟန်ပြင်လိုက်စဉ် ကောင်းကင်ထက်တွင်အနီရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။

ထိုအလင်းတန်းက နေမင်းထွက်ပေါ်လာသည့် နေရောင်ခြည်တန်းပင် ဖြစ်သည်။

"ဂျိမ်း"

အရှေ့ဘက်မှ နေရောင်ခြည်ထွက်ပေါ်လာချိန် ကျယ်လောင်သည့် မိုးခြိမ်းသံကြီးတစ်သံလည်း ထွက်ပေါ်လာသည်။

ထိုအချိန် ကျန်းလန်၏ အကြည့်က အနီရောင်နေမင်းကြီးထံတွင် ရပ်တန့်သွား၏။

မြင့်တက်လာသည့် နေရောင်ခြည်မှ အနီရောင်အလင်းတန်းများ လင်းလက်လျှက် ရှိသည်။

တိမ်ညိုများက ကောင်းကင်ကိုဖုံးလွှမ်းထားလေရာ မြင်ကွင်းကတော့ မှုံဝါးဝါးပင်။

ယန့ နေရောင်ခြည်ကို တွေ့မြင်ရသည်က အလွန်ထူးခြားသည်ဟု ဆိုရမည်။

ကျန်းလန်၏မျက်ဝန်းထဲတွင် အနီရောင်နေရာင်ခြည်က ရောင်ပြန်ထင်ဟပ်လျှက် ရှိသည်။

တစ်ချိန်တည်းပင် သူ့ခန္ဓာကိုယ်ပတ်ပတ်လည်မှ အလင်းတန်းတစ်ခုသည်လည်း ထွက်ပေါ်လာ၏။

မိုးများအုံ့မှိုင်းနေသည့်ကြားက နေထွက်လာသည်ကို တွေ့ရသည့်အခါ ရှောင်ယွိ အံ့အားသင့်သွားပြီး ကျန်းလန်ကို စကားပြောာရန် လှည့်ကြည့်လိုက်သည်။

သို့သော် ကျန်းလန်မှာ မျက်လုံးများကို မှေးမှိတ်လျှက် သူ့ခန္ဓာကိုယ်မှ ရောင်ဝါသည်လည်း ပြောင်းလဲနေကြောင်း ရှေင်ယွိ နားလည်လိုက်သည်။

ဉာဏ်အလင်းပွင့်ခြင်း…။

ရှောင်ယွိ ချက်ချင်းပင် ငြိမ်သက်သွားသည်။

သူမက ဒူးထက်လက်ထောက်ရင်း ပါးပြင်ထက် လက်နှစ်ဖက်တင်ကာ ကျန်းလန်နံဘေးတွင် ထိုင်နေလေသည်။

သူမ၏အကြည့်များကတော့ ကျန်းလန်ဆီသို့ ကျရောက်နေ၏။

"ဂိုဏ်းတူမောင်လေးက နောက်ထပ် ဉာဏ်အလင်းပွင့်ပြန်ပြီလား"

သူမသာ ကျန်းလန်ကို သေသေချာချာ မကြည့်မိလျှင် ကျန်းလန် ဉာဏ်အလင်းပွင့်သည့်အခြေအနေသို့ ရောက်ရှိသွားသည်ကို ရိပ်မိမည် မဟုတ်ပေ။

အခြားသူများဆိုလျှင် တစ်ဘဝလုံးနေမှ တစ်ခါလောက်သာ ဉာဏ်အလင်းပွင့်ကြသော်လည်း ကျန်းလန်ကတော့ (၁၀)နှစ်လျှင်တစ်ခါလောက် ဉာဏ်အလင်းပွင့်နေခဲ့သည်။

ဤအတိုင်းသာဆိုလျှင် တရားပေါက်သွားသည့် အဘိုးကြီးတစ်ယောက် သေချာပေါက် ဖြစ်သွားပေလိမ့်မည်။

ရှောင်ယွိ ကျန်းလန်ကို အချိန်ကြာမြင့်စွာ ကြည့်နေပြီးနောက် သူမသည်လည်း ကျန်းလန်နံဘေးတွင် ကျင့်ကြံနေလိုက်လေသည်။

ဤကျောက်စိမ်းရေကန်က သူမနေထိုင်ရာ သူမ၏ပိုင်နက်ဖြစ်သည်။

သူမ၏ခွင့်ပြုချက်မရဘဲမည်သူမှ ဤနေရာသို့ မချဉ်းကပ်နိုင်ပေ။

ထို့ကြောင့် ဤနေရာက ကျန်းလန်အတွက် အန္တရယ်ကင်းသည်။

သူမ၏ ဂိုဏ်းတူမောင်လေး အေးဆေးစွာပင် ဉာဏ်အလင်းပွင့်ခြင်းကို ရင်ဆိုင်နိုင်မည် ဖြစ်သည်။

***

ထိုသို့ဖြင့်…

နွေဦးရာသီ ဖြတ်ကျော်သွားပြီး ဆောင်းဦးသို့ ရောက်ရှိလာခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ပေါင်း (၁၀၀၀) ခန့် ကုန်ဆုံးသွားသည့်အလား ထင်မှတ်ရသည်။

သို့သော် တကယ်တမ်းမှာတော့ အချိန် (၁၀) နှစ်ခန့်သာ ကုန်ဆုံးသွားခဲ့လေသည်။

ကျန်းလန်ကတော့ ကျောက်စိမ်းရေကန်နံဘေးရှိ မက်မွန်ပင်အောက်တွင် ထိုင်နေဆဲ ဖြစ်သည်။

ရှောင်ယွိသည်လည်း ကျန်းလန်နံဘေးတွင် အချိန် (၁၀) နှစ်လုံးလုံး အဖော်ပြုပေးနေခဲ့သည်။

သူမ အေးအေးဆေးဆေး ကျင့်ကြံရင်း တစ်ခါတစ်ရံတော့ အပြင်သို့ ထွက်ခွာသွားတတ်သည်။

ရေသဖန်းပင်လေးနှင့် သားရဲဥလေးကို ဝိညာဉ်ဆေးရည်များလောင်းပေးရန် နဝမတောင်ထွတ်သို့ သွားခြင်း ဖြစ်၏။

သို့သော် ထိုအလုပ်လေးလုပ်ပေးရန်က အချိန်ခဏမျှသာ ကြာမြင့်သည်။

ထိုအချိန်…

ကျန်းလန်သည် နေရောင်ခြည်ရှေ့တွင့် မားမားမတ်မတ်ရပ်လျှက် ကမ္ဘာမြေပြင်ထက်မှ ခြေတစ်လှမ်းလှမ်းတက်ကာ နေနှင့်လကို ရင်ဆိုင်နေသည့်အလား ခံစားနေရသည်။

ဤလောကတွင် သူက သဲမှုံတစ်စပမာ အရေးမပါသူတစ်ယောက်ဖြစ်သည်။

သို့သော် သူသာ လောကနှင့် ပေါင်းစပ်သွားနိုင်လျှင်တော့ မိုးကောင်းကင်တာအို၏ အသိအမှတ်ပြုမှုကို ရရှိနိုင်မည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။

သို့ရာတွင် ကျင့်ကြံသူတစ်ယောက်သည် မိုးနဲ့မြေ၏ အမှန်တရားကို နားမလည်ပါက လောကနှင့်ပေါင်းစပ်ရန် မဖြစ်နိုင်ပေ။

ယခု သူ ကြုံတွေ့နေရသည်က မိုးနဲ့မြေ၏ မဟာတာအိုလေလား။

ကျန်းလန် နေရာတွင်ပင်မတ်တတ်ထရပ်လိုက်သည်။ သူ မိုးကောင်းကင်အင်မော်တယ်အဆင့်ကို ပိုပြီး နက်ရှိုင်းစွာ နားလည်သဘောပေါက်လာသည်။

မဟာတာအိုကို နားလည်ခြင်းက မဟာတာအိုနှင့် ပေါင်းစပ်သွားသည်။

ပိုးအိမ်ကိုဖျက်စီးဖောက်ထွက်ပြီး မျှော်လင့်ချက်ကို ရှာဖွေသည့်ပမာ မိုးနဲ့မြေ၏ ချည်နှောင်ခြင်းကို ချိုးဖျက်နိုင်ရန် ပေးစွမ်းသည်။

ထိုအချိန်…

ကျန်းလန်၏ ခန္ဓာကိုယ်မှ တာအိုရောင်ဝါများထွက်ပေါ်လာသည်။ သေရည်ဆိုင်တွင် ရရှိခဲ့သည့် ကံကြမ္မာကောင်းအခွင့်အရေး ပြန်လည်ထွက်ပေါ်လာခြင်း ဖြစ်၏။

ကျန်းလန်သည် နေရာတွင်သာ ရပ်နေလေသည်။

သူ့ခြေထောက်အောက်တွင် မြက်ပင်များရှည်လျားလျှက် ပန်းပင်များသည်လည်း ပန်းများပွင့်လန်းက တောထနေပြီ ဖြစ်သည်။

နေရောင်ခြည်က အရှေ့ဘက်မှ ထွက်ပေါ်လာသည်။

အရာအားလုံးကို ငေးစိုက်ကြည့်ရင်း ကျန်းလန်သည် မဟာတာအို၏လမ်းမထက်တွင် ရပ်နေသည့်အလား ခံစားရသည်။

***

တောက်ပသည့် နေမင်းက ကောင်းကင်ထက် တွဲလဲခိုလျှက် ရှိသည်။

ကျန်းလန် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်လေသည်။

All Chapters