အခန်း (၁၂၇-၁၂၈)
Vol. 13 Ch. 127-128
အခန်း ၁၂၇: ဒါက လူငယ် အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်ရဲ့ သဘာဝလွန်ဖြစ်စဉ်ပဲ...
စူးချန်ကဲ၏ မည်းနက်သော ဆံပင်များသည် ရူးသွပ်စွာ လူးလွန့်နေပြီး သူ၏ မျက်လုံးများသည် တိုက်ခိုက်လိုစိတ်များဖြင့် လောင်ကျွမ်းနေပေ၏။
ယခင်က သူ တစ်ခါမှ မခံစားဖူးသော တိုက်ခိုက်လိုခြင်း ခံစားချက်တစ်ခုက သူ၏ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားခဲ့သည်။ သူ၏ အထွတ်အထိပ် အရိုးသည် အသက်ဝင်လာသည့်အလား ရူးသွပ်စွာ ခုန်ပေါက်နေသည်ကို သူ အာရုံခံမိလုနီးပါး ပင်။
တစ်ဖက်လူကို စကားတစ်ခွန်း ပြောရန်ပင် သူ အချိန်မဖြုန်းခဲ့ချေ။
နောက်တစ်စက္ကန့်တွင်....
မျက်စိကျိန်းလောက်အောင် တောက်ပသော မရေမတွက်နိုင်သော နတ်ဘုရားအလင်းတန်းများသည် သူ၏နံဘေးပတ်လည်တွင် ဝေ့ဝိုက်နေပြီး ကောင်းကင်ယံသို့ ထိုးတက်သွားသည်။ သူ၏သွေးချီများသည် နဂါးတစ်ကောင်အလား လှိုင်းထလာကာ သူသည် သူတော်စင်နယ်ပယ် အဖိုးအိုကို သတ်ဖြတ်ရန် လေဟာနယ်ကို တက်ကြွစွာ ဆုတ်ဖြဲပြီး ပြေးဝင်သွားခဲ့သည်။
ဘုန်း...
ဘုန်း...
ဘုန်း...
"ဟင်..."
အဖိုးအိုသည် တခဏမျှ ကြောင်အမ်းသွားခဲ့လေ၏။ တစ်ဖက်လူ၏ တက်ကြွသော တိုက်ခိုက်မှုနှင့်အမူအရာသည် သူ့ကို တစ်ခုခုအား သတိရသွားစေခဲ့သည်။
ထိုအရာမှာ လူငယ်အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်၏ သဘာဝလွန်ဖြစ်စဉ်ပင်။
သို့ရာတွင် သူ အံ့အားသင့်နေရန် အချိန်မရှိခဲ့ချေ။
သူ ရှေ့သို့ခြေတစ်လှမ်း လှမ်းလိုက်ရာ လောကကြီး ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားသည်။ သူတော်စင်နယ်ပယ်၏ နတ်ဘုရားစွမ်းအားများမှ ကြီးကျယ်ခမ်းနားမှုမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်လှသည်။
သူတို့ နှစ်ဦးသည် ချက်ချင်းထိပ်တိုက်တွေ့ဆုံသွားကြပြီး ကောင်းကင်ဘုံကိုးလွှာအထက်တွင် သူတို့၏ပုံရိပ်များ ပြင်းထန်စွာ တိုက်ခိုက်နေစဉ် တိုက်ပွဲ၏ မှုန်ဝါးဝါးမြင်ကွင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
အပြန်အလှန် တိုက်ခိုက်မှုတိုင်းသည် ကြယ်များ ပြိုကွဲသွားသည့်အလား တောက်ပသော အလင်းရောင်တစ်ခုဖြင့် ပေါက်ကွဲထွက်လာသည်။
သူတော်စင်နယ်ပယ်၏ တာအိုဥပဒေသများနှင့် နတ်ဘုရားအလင်းတန်းများက မိုးရေအလား ပန်းထွက်လာပြီး မှော်စာလုံးတစ်သောင်းသည် အဆက်မပြတ် ချေမှုန်းခြင်း ခံနေရလေ၏။
အသက်တစ်ရှိုက်စာ အချိန်လေးအတွင်း သူတို့ နှစ်ဦးသည် အကြိမ်တစ်ရာမက အပြန်အလှန် တိုက်ခိုက်ပြီးဖြစ်သည်။ သူတို့၏အမြန်နှုန်းမှာ အောက်ဘုံမှ ကျင့်ကြံသူတစ်ဦး၏ အမြင်အာရုံ ဖမ်းယူနိုင်စွမ်း အကန့်အသတ်ကို များစွာကျော်လွန်သွားခဲ့လေပြီ။
"ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ ရုပ်ခန္ဓာကိုယ်လဲ..."
"ဒါက ဘယ်လို နတ်ဘုရားမီးတောက် ရုပ်ခန္ဓာကိုယ်မျိုးလဲ... အဲ့ဒါက နတ်ဘုရား ရုပ်ခန္ဓာကိုယ်လည်း မဟုတ်ဘူး... ဒီကောင်လေးက မူလဘူတ သားရဲကြီး ဆယ်ကောင်ရဲ့ သားပေါက်တွေနဲ့အတူ ငယ်ငယ်ကတည်းက အသိုက်တစ်ခုထဲမှာ နေခဲ့တာလား... သူက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ကြံ့ခိုင်နေရတာလဲ..."
အဖိုးအိုသည် တိုက်ခိုက်နေစဉ်အတွင်း ယခင်က မရှိဖူးသော ထိတ်လန့်မှု အရိပ်အယောင်တစ်ခုကို ပြသနေခဲ့သည်။
စူးချန်ကဲ၏ ရုပ်ခန္ဓာကိုယ်မှာ အဓိပ္ပာယ်မရှိလောက်အောင် သန်မာအားကောင်းလှသည်။
ရုပ်ပိုင်းဆိုင်ရာ အရည်အသွေး တစ်ခုတည်းတွင် သူသည်ပင်လျှင် ထိုလူငယ်အား မယှဉ်နိုင်မည်ကို သူ ကြောက်ရွံ့နေခဲ့သည်။
နတ်ဘုရားတောင်များကို ခြေမွှနိုင်ပြီး သက်ရှိအားလုံးကို ဖျက်ဆီးပစ်နိုင်စွမ်းရှိသော သူ၏ သူတော်စင်နယ်ပယ် တာအိုဥပဒေသ တိုက်ခိုက်မှုများမှာ တစ်ဖက်လူကို ထိမှန်ချိန်၌ မျက်စိကျိန်းလောက်အောင် တောက်ပသော မီးပွားများနှင့် ကျယ်လောင်သော သတ္တုရိုက်ခတ်သံများသာ ထွက်ပေါ်လာခဲ့သည်။ သူ၏တိုက်ခိုက်မှုများသည် တစ်ဖက်လူအား အခြေခံကျသော ထိခိုက်ပျက်စီးမှု တစ်စုံတစ်ရာကို အမှန်တကယ် မဖြစ်ပေါ်စေခဲ့ချေ။
ဆန့်ကျင်ဘက်အနေဖြင့် စူးချန်ကဲ၏ တိုက်ခိုက်မှုတိုင်းသည် ပေါက်ကွဲနေသော ကြယ်တာရာမြစ်တစ်ခုအလား ပြင်းထန်လှသည်။
သူ၏လက်သီး မှော်စာလုံးများနှင့် လက်ဝါး လေပြင်းများအတွင်း၌ ပါဝင်နေသော မဟာတာအိုတစ်သောင်း၏ စွမ်းအားသည် နတ်ဘုရားမီးတောက်နယ်ပယ်ထက် ကျော်လွန်သွားခဲ့သည်မှာ ကြာမြင့်နေလေပြီ။ သူ၏မည်သည့် ပေါ့ပေါ့ပါးပါး တိုက်ခိုက်မှုမဆို ထွက်ပေါ်လာသော စွမ်းအားသည် နတ်ဘုရားမီးတောက်နယ်ပယ် အထွတ်အထိပ် ကျွမ်းကျင်သူတစ်ဦး၏ အစွမ်းကုန် ပေါက်ကွဲထွက်မှုထက် များစွာသာလွန်နေသည်။
တိုက်ပွဲ ဆက်လက် ဖြစ်ပွားလာသည်နှင့်အမျှ အဖိုးအို ပို၍ထိတ်လန့်လာခဲ့သည်။ သူ့ထံ၌ သူတော်စင်နယ်ပယ် ကျင့်ကြံခြင်းသာ မရှိဘဲ တူညီသောနယ်ပယ်တွင် ရှိနေပါက တစ်ဖက်လူထံမှ တိုက်ခိုက်မှုတစ်ချက်ကိုပင် သူ ခံနိုင်ရည်ရှိမည် မဟုတ်ချေ။
ဤကောင်လေးသည် မွန်းစတားဆန်သော ပါရမီရှင်တစ်ဦး ဖြစ်သည်ဟု သူ တွေးတောလိုက်၏။
အောက်ဘက်တွင် လူတိုင်းသည် သူတို့၏ ကဏဦးထိတ်လန့်မှုမှ ပြန်လည်သတိဝင်လာကြပြီး သူတို့၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသော ကောင်းကင်ယံရှိ တိုက်ပွဲကို ကြောင်အမ်းအမ်းဖြင့် ကြည့်နေခဲ့ကြသည်။
"အိုး ဘုရားရေ... သခင်စူးက အရမ်းအစွမ်းထက်တာပဲ..."
လီဖိုကျွင်းသည် မိုင်တစ်ရာအကွာရှိ အပျက်အစီးနယ်မြေထဲတွင် ခေါင်းတစ်ခြမ်း ချိုင့်ဝင်နေကာ ခွေးသေတစ်ကောင်အလား လဲကျနေသည့် ယွီတောက်ရွှမ်ကို ကြည့်လိုက်သည်။ ထို့နောက် သူ၏စိတ်ဝိညာဉ်ကို တုန်လှုပ်သွားစေသော ကောင်းကင်ယံရှိ တိုက်ပွဲမှ အကြွင်းအကျန်လှိုင်းများကို ခံစားလိုက်ရလေသည်။ သူ၏စိတ်နှလုံးသားကို လုံးဝမယုံကြည်နိုင်မှု ခံစားချက်တစ်ခုက လွှမ်းခြုံသွားလေ၏။
လွန်ခဲ့သော အချိန်အခိုက်အတန့်တွင် သူတို့၏အသက်များကို သူ၏လက်ထဲတွင် ကိုင်ထားပြီး မြင့်မြတ်ကာ ခမ်းနားနေသော လူငယ် သခင်လေးသည် ယခုချိန်၌ မျက်တောင်တစ်ခတ်စာ အချိန်အတွင်း၌ ခွေးသေတစ်ကောင်အလား ဖြစ်နေသလောဟု သူ တွေးမိသည်။
ထို့ပြင် ကြီးထွားရန် အချိန်လိုအပ်သော ပါရမီရှင်တစ်ဦးဟု သူ အမြဲတစေ တွေးထင်ခဲ့သည့် သခင်စူးသည် ယခုအချိန်၌ ဒဏ္ဍာရီလာ သူတော်စင်နယ်ပယ် ကျွမ်းကျင်သူတစ်ဦးနှင့် တိုက်ခိုက်နေသလော...
အကယ်၍ သူသာ မျက်မြင်ကိုယ်တွေ့ မတွေ့ခဲ့ရလျှင် ထိုကိစ္စကို သူ မည်သို့မျှ ယုံကြည်လိမ့်မည် မဟုတ်ချေ။
ရှောင်မေ့သည် ပါးစပ်ကို ပိတ်ထားကာ သူမ၏ လှပသော မျက်လုံးများတွင် အံ့အားသင့်မှုနှင့် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ သူမသည် မိုးကောင်းကင်ယံရှိ တိုက်ပွဲကို အာရုံမခံနိုင်ချေ။ သူမ၏မျက်လုံးထဲတွင် ယခင်က ကြောက်မက်ဖွယ်ကောင်းသော လူငယ်သခင်လေးက မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲကျနေသည်ကိုသာ မြင်တွေ့မိလေ၏။
ယွမ်ရှန်းဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် ကျန်းကျစ်ယွမ်မှာ ပို၍ပင် ကြောင်အမ်းနေပြီး သူ၏စိတ် နှလုံးသားထဲ၌ အော်ဟစ်နေစဉ် သူ၏ပါးစပ် မဲ့ရွဲ့နေခဲ့သည်။
"ဒါက ထိုက်ချင်ဂိုဏ်းရဲ့ သူတော်စင်သားတော်လား..."
"ဘာလို့ အစောကြီးကတည်းက မပြောတာလဲ..."
"သောက်ကျိုးနည်း....ငါက မင်းတို့တွေကို တိုက်ခိုက်ဖို့ ဘာလို့ကြိုးစားခဲ့မိတာလဲ..."
"အဲ့ဒီသခင်က သေမသွားလောက်ပါဘူးနော်..."
ထိုအချိန်မှာပင် အဖိုးအိုရွှမ်ထက် အနည်းငယ် အားနည်းသော်လည်း သူတော်စင်နယ်ပယ် ဖိအားကို ထုတ်လွှတ်နေသည့် ပုံရိပ်နှစ်ခု တဖြည်းဖြည်း ထွက်ပေါ်လာသည်။ လေဟာနယ်ထဲတွင် လှိုင်းဂယက်များ နောက်တစ်ကြိမ် တလိမ့်လိမ့်ထလာခဲ့ကာ အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးသည် လေဟာနယ် ထဲမှ ထွက်ပေါ်လာပေ၏။
သူတို့သည် အထက်ဘုံမှ ဆင်းသက်လာသော အထက်စီးဆန်သည့် အရှိန်အဝါတစ်ခုကို သယ်ဆောင်ထားကာ ခမ်းနားပြီး ရှေးဟောင်းဆန်သည့် ရွှေရောင်တိမ်တိုက်ပုံစံ ဝတ်ရုံများ ကို ဝတ်ဆင်ထားကြသည်။
အမျိုးသားတွင် အေးစက်သော မျက်နှာနှင့် သိမ်းငှက်အလား စူးရှသော မျက်လုံးများရှိသည်။
အမျိုးသမီးသည် လှပသော်လည်း ယခုအချိန်၌ သူမ၏မျက်နှာတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေပေ၏။
"နတ်ဘုရားမီးတောက်နယ်ပယ် ကျင့်ကြံသူတစ်ယောက်က အဖိုးအိုရွှမ်ကို ဒီအခြေအနေအထိ တိုက်ခိုက်နိုင်တာလား... အောက်ဘုံက လူတစ်ယောက်က သူတော်စင်တစ်ယောက်ကို အနိုင်ယူနေတာလား..."
"ဒီလိုမျိုးကို မမြင်ရတာ ဘယ်နှစ်နှစ်တောင် ရှိပြီလဲ... အောက်ဘုံက ဒီစုတ်ပြတ်နေတဲ့ နေရာကနေ ဒီလို မွန်းစတားတစ်ကောင်ကို ဘယ်လိုလုပ်ပြီး မွေးဖွားနိုင်မှာလဲ..."
အမျိုးသမီးက အံ့အားသင့်စွာ အော်ဟစ်လိုက်ပြီး သူမ၏အကြည့်သည် အဖိုးအိုကို တိုက်ခိုက်နေသော စူးချန်ကဲအပေါ် တင်းကြပ်စွာ ကျရောက်နေပြီး မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
ပုံမှန်အခြေအနေများအောက်တွင် နတ်ဘုရားမီးတောက်နယ်ပယ် ကျင့်ကြံသူတစ်ယောက်သည် သူတော်စင်နယ်ပယ် ကျင့်ကြံသူကို အနိုင်ယူရန် မဖြစ်နိုင်သလောက်နီးပါးပင်။ အကြောင်းအရင်းမှာ သူတော်စင်နယ်ပယ်သည် တာအို မျိုးစေ့နှင့် ပေါင်းစည်းခြင်း၏ အစဖြစ်ပြီး ကောင်းကင်နှင့်မြေကြီး၏ ပြီးပြည့်စုံသော မဟာတာအိုကို သိမြင်နိုင်စွမ်း ရှိသောကြောင့် ပင်။ သူတို့၏ခွန်အားသည် ကောင်းကင်နတ်ဘုရားတစ်ပါး၏ ဆယ်ဆ သို့မဟုတ် အဆပေါင်းများစွာပင် ရှိပေ၏။
"အဲ့ဒီမှာ အံ့အားသင့်ပြီး ရပ်မနေနဲ့... အရှင့်ကို ကယ်ဖို့က ဦးစားပေးပဲ..."
အေးစက်သောမျက်နှာဖြင့် အမျိုးသားက အော်ဟစ်လိုက်ရာ သူ၏လေသံမှာ အရေးတကြီးဖြစ်နေပြီး အနည်းငယ် တုန်ရီနေခဲ့သည်။
နောက်တစ်စက္ကန့်တွင် သူတို့၏ပုံရိပ်များသည် လင်းလက်သွားပြီး ယွီတောက်ရွှမ်၏နံဘေးတွင် ချက်ချင်းထွက်ပေါ်လာခဲ့သည်။ သူတို့က သူ့ကို အပျက်အစီးများထဲမှ ဆွဲထူရန် ကြိုးစားလိုက်ကြပြီး သူတို့၏လက်များမှ အသက်ကယ် အလင်းတန်းများ၏ ထူထပ်သော အရှိန်အဝါတစ်ရပ် ဖြာထွက်လာပေ၏။
"ထွက်သွား..."
ယွီတောက်ရွှမ်သည် သူတို့၏ လက်များကို ပြင်းထန်စွာ ပုတ်ထုတ်လိုက်ပြီး မတ်တတ်ရပ်ရန် ရုန်းကန်လိုက်သည်။ သူ၏ဘယ်ဘက်ပါးပြင်မှာ ချိုင့်ဝင်နေပြီး သူ၏ပါးစပ်မှ သွေးများ စီးကျနေကာ သူ့ကို မယုံကြည်နိုင်လောက်အောင် ရုပ်ဆိုးသွားစေခဲ့သည်။ သူ၏ မျက်လုံးများတွင် ရန်လိုမှုနှင့် ရူးသွပ်မှုများဖြင့် ပြည့်နှက်နေကာ ကောင်းကင်ယံရှိ စူးချန်ကဲကို စူးစူးဝါးဝါး စိုက်ကြည့်နေလေ၏။ လွန်ကဲသောဒေါသနှင့် အရှက်ရမှုတို့ကြောင့် သူ၏တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ရီနေခဲ့သည်။
တစ်ကြိမ်တည်းသော တွေ့ဆုံမှုမှာပင်...
သူ့ကိုယ်သူ ကောင်းကင်က ပေးသနားထားသော ပါရမီရှင်ဟု ဂုဏ်ယူနေသော ရွှီဟွာနတ်ဘုရားအင်ပါယာ၏နတ်ဘုရားသားတော်ဖြစ်သည့် သူက ပါးတစ်ချက် ရိုက်ခံရရုံဖြင့် လွင့်စင်သွားခဲ့သည်။ ထို့ပြင် ပုရွက်ဆိတ်တစ်ကောင်ဟု သူ သတ်မှတ်ထားသော အောက်ဘုံကတည်ရှိမှုတစ်ခုကြောင့် မျက်တောင်တစ်ခတ်စာ အချိန်အတွင်း သူ အသတ်ခံရလုနီးပါး ဖြစ်သွားခဲ့သလော...
ဤကြီးမားသော ခွန်အားကွာဟချက်က သူ့ကို အရှက်ရစေခဲ့သည်။
သူ၏စိတ်နှလုံးသားတွင် မနာလိုမှုများဖြင့် လုံးဝပြည့်နှက်နေပေ၏။
အဲ့ဒီကောင်မှာ ဘာအခွင့်အရေး ရှိလို့လဲ...
ငါယွီတောက်ရွှမ်က ငယ်ငယ်ကတည်းက အစစ်အမှန် နတ်ဘုရားနဂါးသွေးထဲမှာ ရေချိုးခဲ့ပြီးတော့ ထိပ်တန်းရတနာအမျိုးပေါင်း တစ်ရာမက စားသုံးခဲ့တယ်... ငါ့မှာ ထိပ်တန်းနတ်ဘုရားရုပ်ခန္ဓာကိုယ် မရှိပေမဲ့ သာမန်နတ်ဘုရားရုပ်ခန္ဓာကိုယ်ထက်တော့ သေချာပေါက် အားမနည်းဘူး...
ငါက ဘယ်လိုလုပ်ပြီး အောက်ဘုံက သာမန်လူ တစ်ယောက်ရဲ့ အရိုက်ခံရမှာလဲ...
သူသည် ဤအမှန်တရားကို လုံးဝလက်မခံနိုင်ခဲ့ပေ။
"သေစမ်း..."
"အောက်ဘုံက အမှိုက်ကောင်..."
ယွီတောက်ရွှမ်၏မျက်နှာ ရှုံမဲ့သွားသည်။ သူ၏ ဒဏ်ရာများကို လျစ်လျူရှုကာ သူ၏နတ်ဘုရား စွမ်းအားကို ရူးသွပ်စွာ လှည့်ပတ်လိုက်ပြီး သူ၏ သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒသည် ကောင်းကင်သို့ ထိုးတက်သွားပေ၏။ သူသည် နောက်ထပ်အဆင်အခြင်မဲ့ တိုက်ခိုက်ရန် ပြင်ဆင်ရင်း ဒေါသတကြီး ပြောလိုက်သည်။
သို့ရာတွင် သူ၏စကား မဆုံးမီမှာပင်...
ယခုလေးတင် ရောက်လာသော သူတော်စင်နယ်ပယ် ကျွမ်းကျင်သူနှစ်ဦး၏ မျက်လုံးသူငယ်အိမ်များသည် ရုတ်တရက် ကျုံ့ဝင်သွားခဲ့လေ၏။
အချိန်များ တခဏမျှ ရပ်တန့်သွားပုံရသည်။
အချိန်တာအိုဥပဒေသများ၏ စွမ်းအားများ ချက်ချင်းဆင်းသက်လာခဲ့သည်။
သူတို့သည် မှောင်ရိပ်ထဲတွင် ပုန်းအောင်းနေခဲ့ပြီး စူးချန်ကဲ၏လှုပ်ရှားမှုကို သိရှိကာ ပြင်ဆင်ထားခဲ့သည်။ သို့ရာတွင် ဤတစ်ကြိမ် ခြားနားချက်မှာ ဤအချိန်စွမ်းအား၌ အချိန်မူလအစ၏ အရိပ်အယောင်လေးတစ်ခု အမှန်တကယ် ပါဝင်နေခြင်းပင်။
"အချိန်ရဲ့စွမ်းအားကို ဆန့်ကျင်တဲ့နေရာမှာ သူတော်စင်နယ်ပယ် တာအိုဥပဒေသတွေက အသုံးမဝင်ဘူး... သူက တကယ်ကို အချိန် မူလအစကို ထိတွေ့နိုင်ခဲ့တာလား..."
အမျိုးသမီးသူတော်စင်၏မျက်နှာ ထိတ်လန့်မှုကြောင့် ဖြူရော်သွားခဲ့သည်။
"အရှင်... သတိထားပါ..."
အမျိုးသားသူတော်စင်က အော်ဟစ်လိုက်ပြီး အမျိုးသမီးနှင့်အတူ သူတော်စင်နယ်ပယ် တာအိုဥပဒေသများကို ပေါက်ကွဲထွက်စေကာ အချိန်၏စွမ်းအားကို ခုခံရန် သူတို့၏နံဘေးပတ်လည်ရှိ အချိန်လေဟာနယ်ကို တွန့်လိမ်နိုင်ရန် ကြိုးစားလိုက်၏။
သို့ရာတွင် သူတို့ မလုပ်နိုင်ခဲ့ဘဲ စက္ကန့်တစ်စိတ်စာမျှ နှေးကွေးနေဆဲပင်။
စူးချန်ကဲသည် ဟင်းလင်းပြင် အမှတ်အသား တစ်ခုကိုနင်းကာ 'ခြေတစ်လှမ်းအကွာမှာ ရှိနေပေမဲ့ ကောင်းကင်ရဲ့ အဆုံးသတ်အလား ဝေးကွာခြင်း'ကို အသုံးပြုလိုက်သည်။ သူ၏ပုံရိပ်သည် အချိန်ကို ဖြတ်ကျော်ကာ အကွာအဝေးကို လျစ်လျူရှုသွားပုံရပြီး ယွီတောက်ရွှမ်၏ ရှေ့ရှိ လေဟာနယ်အတွင်းမှ ထွက်ပေါ်လာခဲ့သည်။
ဖြန်း...
ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားအရှိန်အဝါကို သယ်ဆောင်လာသည့် နောက်ထပ် ပြတ်သားသော ပါးရိုက်ချက်တစ်ချက်သည် ယွီတောက်ရွှမ်၏ ညာဘက်ပါးပြင်ပေါ်သို့ ကျရောက်သွားခဲ့လေ၏။
ဂျွတ်...
အရိုးကျိုးပဲ့သွားသည့်အသံ နောက်တစ်ကြိမ် ပဲ့တင်ထပ်သွားခဲ့သည်။
ယွီတောက်ရွှမ်၏ ညာဘက်မျက်နှာ ချက်ချင်းချိုင့်ဝင်သွားသည်။
နောက်တစ်စက္ကန့်တွင်...
မျက်စိကျိန်းလောက်အောင် တောက်ပသော အကာအကွယ်ပေးသည့် လျှို့ဝှက်ဆန်းကြယ် အလင်းရောင်တစ်ခုသည် သူ၏နံဘေးပတ်လည်တွင် နောက်တစ်ကြိမ် ပေါက်ကွဲထွက်လာခဲ့ပေ၏။
ထိုအရာမှာ သူ၏ဘိုးဘေးတစ်ဦးမှ ပေးသနားထားသော အသက်ကယ် ရတနာတစ်ခုဖြစ်ပြီး သေရေးရှင်ရေး အချိန်အခိုက်အတန့်တွင်သာ အလိုအလျောက် အသက်ဝင်လာပေမည်။ ဆိုလိုသည်မှာ ဤပါးရိုက်ချက်သည် သူ့ကို သေစေနိုင်ကြောင်းပင်။
သို့ရာတွင် ထိုစွမ်းအားသည် ထိုးဖောက်ဝင်ရောက်လာဆဲဖြစ်ပြီး သူ၏ခန္ဓာကိုယ်တွင်းကလီစာများကို နောက်တစ်ကြိမ် တုန်ခါသွားစေသည်။ ဤသည်က သူ၏နတ်ဘုရားစိတ်ဝိညာဉ် ကို တုန်လှုပ်သွားစေပြီး သူ၏အမြင်အာရုံကို မှောင်မိုက်သွားစေခဲ့သည်။ သူသည် နောက်သို့ တည့်တည့်လဲကျသွားပြီး နောက်တစ်ကြိမ် သတိလစ်မေ့မြောသွားပေ၏။
"မြန်မြန်... အရှင့်ကို အရင်ကယ်ရမယ်..."
အမျိုးသမီး သူတော်စင်က အော်ဟစ်လိုက်ရာ သူမ၏သူတော်စင်နယ်ပယ် တာအိုဥပဒေသများသည် ဒီရေအလား လှိုင်းထလာပြီး သူတို့ ၏နံဘေးပတ်လည်ရှိ ထူထပ်သော အချိန် ကန့်သတ်ချက်များကို အတင်းအကြပ် ချိုးဖျက်လိုက်သည်။
သူမ၏ကျောက်စိမ်းအလား နူးညံ့ချောမွတ်သောလက်များ လူးလွန့်သွားပြီး ကြီးမားသော သက်ဝင်လှုပ်ရှားမှုကို သယ်ဆောင်လာသည့် တောက်ပသော အစိမ်းရောင် အလင်းတန်းတစ်ခုက သတိလစ်နေသော ယွီတောက်ရွှမ်ကို ချက်ချင်းလွှမ်းခြုံသွားခဲ့သည်။
သူမ၏နံဘေးရှိ အမျိုးသားသူတော်စင်သည်လည်း အချိန်မဆွဲဝံ့ဘဲ ယွီတောက်ရွှမ်၏ကျောပြင်ကို သူ၏လက်ဝါးများဖြင့် ဖိထားလိုက်၏။ ပင်လယ်အလား ကျယ်ပြန့်လှသော နတ်ဘုရား စွမ်းအားများကို ခြွင်းချက်မရှိ ထည့်သွင်းပေးလိုက်ပြီး သူ၏ရှုပ်ထွေးနေသော သွေးချီ များကို တည်ငြိမ်စေရန် ကြိုးစားလိုက်သည်။
"အား..."
တန်ကြေးပေးပေးဆပ်ရမည်ကို ဂရုမစိုက်သော သူတော်စင်နယ်ပယ် ကျွမ်းကျင်သူနှစ်ဦး၏ ကုသမှုအောက်တွင် ယွီတောက်ရွှမ်၏ မျက်လုံးများ ရုတ်တရက် ပွင့်လာပြီး သွေးစွန်းနေသော သွေးကြောများက သူ၏မျက်လုံးသူငယ်အိမ်များကို ချက်ချင်းပြည့်နှက်သွားစေခဲ့သည်။
သူသည် သူတို့နှစ်ဦးကို ကြမ်းတမ်းစွာ ပုတ်ထုတ်လိုက်ပြီး အရူးတစ်ယောက်အလား ပြုမူနေပေ၏။ သူသည် ကောင်းကင်ယံရှိ အဖိုးအိုရွှမ်ကို တိုက်ခိုက်နေသော အဖြူရောင်ဝတ်စုံဝတ် ပုံရိပ်ကို စူးစူးဝါးဝါး စိုက်ကြည့်နေပြီး သားရဲတစ်ကောင်အလား ဟိန်းဟောက်လိုက်သည်။
"သာမန်သေမျိုးကောင်... မင်းကို ငါ သတ်မယ်... မင်းကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်မယ်..."
သို့ရာတွင် သူ၏အသံ မဆုံးမီမှာပင်...
နှလုံးခုန်မြန်စေသော အချိန်စွမ်းအားက နောက်တစ်ကြိမ် တိတ်ဆိတ်စွာ ဆင်းသက်လာခဲ့သည်။ သူတော်စင်နှစ်ဦးသည် ထိုအရာကို ကြိုတင် အာရုံခံမိပြီး ထိုစွမ်းအား၏အများစုကို ပူးပေါင်း၍ခုခံခဲ့သော်လည်း အကြွင်းအကျန် လှိုင်းများသည် ယွီတောက်ရွှမ်၏လှုပ်ရှားမှုများကို သေစေနိုင်လောက်သော အခိုက်အတန့်လေး တစ်ခုအထိ နှေးကွေးသွားစေခဲ့ဆဲပင်။
"အရှင်... သတိထားပါ..."
အမျိုးသား သူတော်စင်က အရေးတကြီး သတိပေးလိုက်သော်လည်း နောက်ကျသွားခဲ့လေပြီ။
ဖြန်း...
ပြတ်သားပြီး ရင်းနှီးနေသော အသံသည် ကျိန်စာတစ်ခုအလား နောက်တစ်ကြိမ် ပဲ့တင်ထပ်သွားခဲ့သည်။
နောက်ထပ် တိကျပြီး ရက်စက်သော ပါးရိုက်ချက်တစ်ခုသည် ယွီတောက်ရွှမ်၏မျက်နှာပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားခဲ့လေ၏။
သူ့ကို အကာအကွယ်ပေးနေသည့် လျှို့ဝှက်ဆန်းကြယ်သော အလင်းရောင်သည် တုံ့ပြန်သည့်အနေဖြင့် လင်းလက်သွားပြီး သူ၏ အသက်ကို နောက်တစ်ကြိမ် ကယ်တင်ပေးခဲ့သည်။ သို့ရာတွင် ထိုကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည် သူ၏မျက်နှာတစ်ခုလုံးရှိ အရိုးများကို ချိုင့်ဝင်သွားစေခဲ့သည်။ သူ၏နှာခေါင်းရိုး ကျိုးသွားပြီး သူ၏နှုတ်ခမ်းများ အထက်သို့လန်သွားကာ သူ၏မျက်နှာသွင်ပြင်များ တွန့်လိမ်ပြီး ဖျစ်ညှစ်ခံထားရသော အစုအဝေးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ဤအချိန်အခိုက်အတန့်တွင် သူသည် လူနှင့်လည်း မတူသည့်အပြင် သရဲနှင့်လည်း မတူဘဲ စူးရှသော ကြောက်မက်ဖွယ် သွင်ပြင်မျိုး ထွက်ပေါ်နေခဲ့သည်။
ဘုန်း...
ယွီတောက်ရွှမ်သည် တိုးညင်းသော ညည်းတွားသံ တစ်သံကိုပင် မထုတ်လွှတ်နိုင်မီ သူ၏ ခန္ဓာကိုယ် ပျော့ခွေသွားပြီး မြေပြင်ပေါ်သို့ လဲကျသွားကာ နောက်တစ်ကြိမ် သတိလစ်မေ့မျောသွားလေ၏။
အခန်း ၁၂၈: ဓား... လာခဲ့
"..."
နံဘေးတွင်ရပ်နေသော အမျိုးသမီးသူတော်စင် ၏နှုတ်ခမ်းများ ပြင်းထန်စွာ တွန့်ကွေးသွားခဲ့သည်။ မြေပြင်ပေါ်ရှိ လူပုံမပေါက်တော့သော နတ်ဘုရားသားတော်ကို ကြည့်ရင်း မည်သို့ တုံ့ပြန်ရမည်ကို သူမ မသိတော့ချေ။
သူမ၏နံဘေးရှိ အမျိုးသားသူတော်စင်မှာ ခေါင်းကိုက်ပြီး ကွဲထွက်တော့မလို ခံစားနေရကာ သူ၏နားထင်သွေးကြောများ ခုန်နေခဲ့သည်။ သူသည် အသံကို နှိမ့်ကာ အနည်းငယ် စိတ်ရှုပ်ထွေးမှု အရိပ်အယောင်ဖြင့် မေးလိုက်သည်။
"ငါတို့ သူ့ကို ကယ်... ကယ်သင့်သေးလား..."
"သောက်ကျိုးနည်း... အဲ့ဒီအစား အဲ့ဒီကောင်လေးကို ချက်ချင်း သတ်ဖို့ ဘာလို့ အတူတူမတိုက်ခိုက်ရမှာလဲ..."
သတ်ဖြတ်လိုခြင်း အရိပ်အယောင်တစ်ခုသည် အမျိုးသမီးသူတော်စင်၏ မျက်လုံးများတွင် ဖြတ်ပြေးသွားခဲ့လေ၏။
"မရဘူး... အရှင်ကို ဘယ်တော့မှ အစောင့်အရှောက်မဲ့ ထားခဲ့လို့ မရဘူး...တကယ်လို့ ငါတို့ ထွက်သွားတဲ့ အခိုက်အတန့်မှာ အရှင်က နောက်ထပ် တိုက်ခိုက်ခံရရင် အဲ့ဒီတာဝန်ကို ဘယ်သူ ယူနိုင်မှာလဲ..."
အမျိုးသားသူတော်စင်က ထိုအကြံအစည်ကို ချက်ချင်းငြင်းဆိုလိုက်ကာ သူ၏လေသံ လေးလံနေခဲ့သည်။
"အဖိုးအိုရွှမ်က ဘာဖြစ်နေတာလဲ... သူ့ကို ဘယ်လိုလုပ်ပြီး မတားနိုင်ရတာလဲ..."
"အဲ့ဒီကောင်လေးရဲ့ လှုပ်ရှားမှုနည်းစနစ်က ထူးဆန်းပြီး ခန့်မှန်းရခက်တယ်... အဲ့ဒါက သေချာပေါက် သူတော်စင်အဆင့် နတ်ဘုရားစွမ်းရည်တစ်ခုပဲ... ပြီးတော့ အဲ့ဒီထဲမှာ အချိန်စွမ်းအားတောင် ပါဝင်နေသေးတယ်... အမြန်နှုန်းနဲ့ အချိန်ကိုက်မှု တစ်ခုတည်းမှာတင် အဖိုးအို ရွှမ်က လောလောဆယ်မှာ သူ့ကို အပြည့်အဝ ကန့်သတ်နိုင်မှာမဟုတ်ဘူး... ဒါ့ပြင် ငါတို့က ထျန်းဟန်မျိုးနွယ်စုကနေ အောက်ဘုံကို တိတ်တဆိတ် လာတာဆိုတော့ အဖိုးအိုရွှမ်က အထက်ဘုံက လူတွေကို သတိပေးမိမှာ စိုးရိမ်လို့ သူက အစွမ်းကုန် ထုတ်မသုံးရဲဘူးလေ..."
အမျိုးသမီး သူတော်စင်က ကူကယ်ရာမဲ့စွာ ခွဲခြမ်းစိတ်ဖြာလိုက်ပြီး သူမ၏အမူအရာ တင်းမာခက်ထန်နေခဲ့သည်။
"အဲ့ဒါဆို အခု ငါတို့ ဘာလုပ်ရမလဲ... အရှင် ဒီလို သတိလစ်နေတာကို ဒီတိုင်း ကြည့်နေရမှာလား..."
"သူ့ကို ကယ်ကြရအောင်..."
သူတို့နှစ်ဦး အကြည့်ခြင်း ဖလှယ်လိုက်ကြရာ တစ်ယောက်၏ မျက်လုံးများထဲရှိ ကူကယ်ရာမဲ့မှုနှင့်စိတ်ပျက်မှုတို့ကို တခြားတစ်ယောက်က မြင်တွေ့လိုက်ရသည်။ သူတို့သည် သူတို့၏ သူတော်စင်ဥပဒေသများကို နောက်တစ်ကြိမ် လှည့်ပတ်ပြီး ယွီတောက်ရွှမ်၏ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပေးရုံမှလွဲ၍ တခြားရွေးချယ်စရာ မရှိတော့ချေ။
တခဏအကြာတွင် ယွီတောက်ရွှမ်၏မျက်ခွံများ လှုပ်ရှားသွားပြီး သူ ဖြည်းညှင်းစွာ သတိပြန်လည်လာခဲ့လေသည်။
သူသည် သူတို့ နှစ်ဦးကို ကြောင်အမ်းအမ်း အကြည့်ဖြင့် ကြည့်လိုက်ရာ ဤတစ်ကြိမ်တွင် ယာယီမှတ်ဉာဏ်ပျောက်ဆုံးခြင်းကို ခံစားနေရပုံရသည်။
သို့ရာတွင် ချက်ချင်းဆိုသလိုပင် သူ၏အရိုးများ ကျိုးပဲ့သွားသည့် ပြင်းထန်သော နာကျင်မှုသည် ဒီရေအလား သူ့အပေါ်သို့ လွှမ်းခြုံလာပြီး သူ့ကို ရက်စက်သော လက်တွေ့ဘဝဆီသို့ ချက်ချင်း ပြန်ဆွဲခေါ်သွားခဲ့သည်။
သူသည် သူ၏နံဘေးတွင် ခေါင်းငုံ့ကာ မတ်တတ်ရပ်နေသော သူတော်စင်နှစ်ဦးကို တစ်ချက်ကြည့်လိုက်ပြီး သူ၏သွားများကြားမှ တိုးညှင်းသော ဟိန်းဟောက်သံတစ်ခုကို ညှစ်ထုတ်လိုက်၏။
"အမှိုက်တွေ..."
သူတို့နှစ်ဦး၏မျက်နှာများ ဖြူရော်ပြီး ပြာနှမ်းသွားသော်လည်း သူတို့သည် ဦးညွှတ်၍ လက်ပူးဆုပ်ကာ ပြောလိုက်ရုံသာ တတ်နိုင်ခဲ့သည်။
"အရှင့်ရဲ့လက်အောက်ငယ်သားတွေက... အရည်အချင်း မရှိပါဘူး..."
"သုံးကြိမ်...သုံးကြိမ်ဆက်တိုက်..."
ယွီတောက်ရွှမ်က တီးတိုးရေရွတ်လိုက်သည်။ အစပိုင်းတွင် သူသည် တိုးညှင်းပြီး သူ့ကိုယ်သူ လှောင်ပြောင်သော လှောင်ရယ်သံတစ်ခုကို ထုတ်လွှတ်လိုက်သည်။ ထို့နောက် သူ၏ရယ်မောသံက ပို၍ကျယ်လာပြီး ပို၍ရူးသွပ်လာပေ၏။
"ဟီးဟီး... ဟားဟားဟား... ဟားဟားဟားဟားဟား..."
ရယ်မောသံသည် အပျက်အစီးများအပေါ် ပဲ့တင်ထပ်သွားပြီး အဆုံးမရှိသော အရှက်ရမှု၊ ဒေါသနှင့် ပြိုလဲလုနီးပါး ရူးသွပ်မှုတို့ဖြင့် ပြည့်နှက်နေကာ လူတစ်ယောက်၏ ဆံပင်များကိုပင် ထောင်မတ်သွားစေနိုင်သည်။
နောက်ဆုံးတွင် သူ၏ရယ်မောသံ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
သူ၏မျက်လုံးများ နက်ရှိုင်းသောနေရာတွင် အလောင်းတောင်များနှင့် သွေးပင်လယ်များ နိမ့်ချည်မြင့်ချည် ဖြစ်နေသည့်အလားပင်။ အကန့်အသတ်မဲ့ နာကြည်းမှုနှင့် သတ်ဖြတ်လိုသည့် စိတ်ဆန္ဒတို့သည် သူ့ထံမှ လျှံကျတော့မလို ဖြစ်နေခဲ့လေ၏။ သူသည် အံ့တင်းတင်းကြိတ်ကာ စကားလုံးတစ်လုံးချင်းစီ ကျိန်ဆဲလိုက်သည်။
"ငါ... ဒီနယ်မြေမှာရှိတဲ့... သက်ရှိဝိညာဉ်တိုင်းကို... သေစေချင်တယ်..."
သို့ရာတွင် ထိုစကားလုံးများ သူ၏ပါးစပ်မှ ထွက်သွားသည့် အခိုက်အတန့်တွင် ယွီတောက်ရွှမ် နောင်တရသွားခဲ့သည်။ သူ့ထံသို့ ထိုခံစားချက် ပြန်ရောက်လာလေပြီ။
သူ၏မျက်လုံးသူငယ်အိမ်များ ပြင်းထန်စွာ ကျုံ့ဝင်သွားပြီး သူ၏မျက်နှာပေါ်မှ သွေးရောင်များ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။
မမြင်နိုင်သော စွမ်းအားတစ်ရပ်သည် သူ့ကို လွှမ်းခြုံသွားပြီး အချိန်နှေးကွေးသွားသည့် ထိုရင်းနှီးပြီး ကြောက်မက်ဖွယ်ကောင်းသော ခံစားချက်...
သောက်ကျိုးနည်း...
မင်း ဒါကို ထပ်လုပ်နေပြန်ပြီ...
နောက်တစ်စက္ကန့်တွင်...
"အရှင်... သတိထားပါ..."
"သတိထားတာကို ငရဲသွားခိုင်းလိုက်..."
"မြန်မြန်... အရှင့်ကို ကယ်..."
"ငါ့ဖင်ကြီးကို ကယ်... ငါ့ကို ကယ်တာ ရပ်ပြီး သူ့ကို သွားသတ်စမ်း..."
ဖြန်း...
ဤလက်ဝါးသည် ပို၍ပင် ပြင်းထန်ပြီး ယွီတောက်ရွှမ် ကို ချက်ချင်းသတိလစ်သွားစေကာ သူ၏ နတ်ဘုရားစိတ်ဝိညာဉ်တွင် အက်ကွဲကြောင်းများကို စွဲထင်ကျန်ရစ်စေခဲ့သည်။
"..."
အမျိုးသမီးသူတော်စင်...
"..."
အမျိုးသားသူတော်စင်...
"နင် တစ်ခုခုကို သတိထားမိလား..."
အမျိုးသမီး သူတော်စင်က ရုတ်တရက် လေးလံသောလေသံဖြင့် ပြောလိုက်သည်။
အမျိုးသားက တည်ကြည်လေးနက်သော အမူအရာဖြင့် ခေါင်းညိတ်လိုက်၏။
"သူ့ရဲ့ နတ်ဘုရားစွမ်းအားက အရမ်းကို ပေါများနေတယ်... အဲ့ဒါက အဆုံးမရှိဘူး... သာမန် နတ်ဘုရားမီးတောက်နယ်ပယ် ကျင့်ကြံသူဆိုရင် အခုလောက်ဆို ပင်ပန်းနေလောက်ပြီ... ဒါကို အခြေခံအုတ်မြစ် တစ်ခုတည်းနဲ့ မလုပ်နိုင်ဘူး... သူက သူတော်စင်အဆင့်ထက် ကျော်လွန်တဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ ကျင့်ကြံနည်းစနစ်တစ်ခုကို ကျင့်ကြံနေတာ သေချာတယ်..."
အမျိုးသမီး သူတော်စင်က အနည်းငယ် ခေါင်းညိတ်လိုက်ပြီးနောက် ပြောလိုက်သည်။
"နင် ဘယ်လိုထင်လဲ..."
"သူက အောက်ဘုံက ပုရွက်ဆိတ် တစ်ကောင် မဟုတ်ဘူး... ဒါပေမဲ့ သူ ဘယ်အင်အားစုက လာလဲဆိုတာကို ပြောဖို့ ခက်တယ်..."
အမျိုးသားသူတော်စင်က ထပ်ဖြည့်ပြောလိုက်ပြီးနောက် ရက်စက်မှု အရိပ်အယောင်တစ်ခုက သူ၏မျက်လုံးများတွင် ဖြတ်သန်းသွားခဲ့သည်။
"ဒါပေမဲ့ သူက အရှင့်ကို ဒီလောက်အထိ အရှက်ခွဲခဲ့မှတော့ သူက ငါတို့ နတ်ဘုရားအင်ပါယာရဲ့ သေရာပါရန်သူ ဖြစ်သွားပြီ... သူ ဘယ်ကလာလာ ငါတို့က အဖိုးအိုရွှမ်ကို သူ့ကို ဖိနှိပ်ပြီး သတ်ခိုင်းရမယ်..."
"မှန်တယ်... ဒီကောင်လေးရဲ့ပါရမီက နည်းနည်းတေ မွန်းစတားဆန်လွန်းတယ်... ဟင်းလင်းပြင် ကို ပိတ်လှောင်လိုက်ကြစို့..."
အမျိုးသမီး သူတော်စင်က သဘောတူလိုက်သည်။
"သဘောတူတယ်..."
ဤအချိန်အခိုက်အတန့်တွင် ဤမြင်ကွင်းကို အဝေးမှလူများလည်း မြင်တွေ့ခဲ့ကြသည်။ ရှောင်မေ့က အနည်းငယ် စိတ်မထိန်းနိုင်တော့ဘဲ အသံထွက်၍ ရယ်မောလိုက်၏။
စူးချန်ကဲက ယွီတောက်ရွှမ်၏ခန္ဓာကိုယ်ကို တစ်ချက်ကြည့်လိုက်ရုံသာဖြစ်ပြီး တွေးတောလိုက်သည်။
"မင်းမှာ အသက်ကယ်ရတနာ ဘယ်နှစ်ခုရှိလဲဆိုတာ ကြည့်ကြသေးတာပေါ့..."
ဤအချိန်အခိုက်အတန့်တွင် ကောင်းကင်ယံ၌ စူးချန်ကဲနှင့် ပြင်းထန်သော တိုက်ပွဲတစ်ခုကို ဆင်နွှဲနေသည့် အဖိုးအိုရွှမ်က ဤမြင်ကွင်းကို မြင်လိုက်ရသည်။ သူ၏မျက်လုံးများ ကွဲထွက်တော့မလို ဖြစ်နေပြီး သူ၏အဆုတ်များသည် ဒေါသကြောင့် ပေါက်ကွဲထွက်တော့လုနီးပါးပင်။
ငါ ပြန်သွားရင် ဘယ်လို သောက်ကျိုးနည်း ပြစ်ဒဏ်မျိုးကို ခံရမှာလဲ...
အဖိုးအိုရွှမ်က တွေးတောလိုက်သည်။
"ဂျူနီယာလေး... မင်းက အရမ်းရဲတင်းလွန်းတယ်..."
"ငါ့ရဲ့သခင်ကို အကြိမ်ကြိမ် အရှက်ခွဲနေတယ်..."
"ငါ့ရှေ့မှာတင် ဒီလောက် မောက်မာရဲတယ်ပေါ့... ငါ့ကို မင်းက မရှိဘူးလို့ ထင်နေတာလား..."
သူ၏ဟိန်းဟောက်သံက ကောင်းကင်ကို တုန်ခါသွားစေခဲ့လေသည်။ သူသည် သူ၏ သူတော်စင်နယ်ပယ် အလယ်အလတ်အဆင့်ကျင့်ကြံခြင်းကို ခြွင်းချက်မရှိ ထုတ်လွှတ်လိုက်၏။ သူတော်စင်နယ်ပယ် တာအို ဥပဒေသများသည် ကျဆင်းနေသော ကြယ်မြစ်တစ်ခုအလား ကောင်းကင်ကို ဖုံးလွှမ်းသွားပြီး သံကြိုးများအဖြစ် ပြောင်းလဲကာ စူးချန်ကဲကို လုံးဝချည်နှောင်ပြီး ခြေမွှဖျက်ဆီးရန် ရည်ရွယ်လိုက်သည်။
လောကကြီးတစ်ခုလုံး ဤအချိန်အခိုက်အတန့်တွင် တုန်ခါသွားခဲ့သည်။
ဝီ...
တာအို ဟိန်းဟောက်သံတစ်သံသည် အထီးကျန်ကောင်းကင်မြို့တော်ရှိ လူတိုင်း၏စိတိဝိညာဉ်မှ နက်ရှိုင်းသောနေရာသို့ တိုက်ရိုက်ပဲ့တင်ထပ်သွားလေ၏။
အဖိုးအိုရွှမ်ထံမှ သန်းရာနှင့်ချီသော မျက်စိကျိန်းလောက်အောင် တောက်ပသည့် နတ်ဘုရားအလင်းတန်းများ ပေါက်ကွဲထွက်လာခဲ့သည်။ သူ၏ မူလက ညှိုးနွမ်းပြီး သေးငယ်သော ခန္ဓာကိုယ်သည် ကြီးမားလာပြီး သူ၏ ဆံပင်ဖြူများက သာမန်မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် ထူထပ်ကာ မည်းနက်လာပြီး သူ၏မျက်နှာပေါ်ရှိ အရေးအကြောင်းများ လုံးဝပြေပြစ်သွားသည်။
မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် သူသည် သေခါနီး အစေခံအိုကြီးတစ်ဦးမှ အေးစက်ပြီး ထင်ရှားသော မျက်နှာရှိသည့် သူရဲကောင်းဆန်ကာ ခမ်းနားသော လူငယ်စစ်နတ်ဘုရားတစ်ပါးအဖြစ် ပြောင်းလဲသွားခဲ့လေ၏။
သို့ရာတွင် ဤသည်မှာ သူ၏စစ်မှန်သော ခန္ဓာကိုယ် ငယ်ရွယ်မှုသို့ ပြန်လည်ရောက်ရှိသွားခြင်းမဟုတ်ဘဲ သူ၏အကန့်အသတ်မဲ့ သွေး စွမ်းအင်နှင့် တာအိုဥပဒေသများ အထွတ်အထိပ်သို့ စုစည်းသွားခြင်း၏ သရုပ်သဏ္ဍာန်ပင်။
တစ်ချိန်တည်းမှာပင် စကားလုံးများဖြင့် ဖော်ပြ၍မရနိုင်လောက်အောင် ခမ်းနားသော ပေတစ်ထောင်မြင့်သည့် ဓမ္မပုံရိပ်ယောင်တစ်ခုသည် သူ၏နောက်တွင် ထွက်ပေါ်လာပြီး မိုးကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲသည်။
ဓမ္မပုံရိပ်ယောင်၏ မျက်နှာသည် သူ၏လက်ရှိ လူငယ် အသွင်အပြင်နှင့် တစ်ထပ်တည်းတူလေ၏။ ထိုအရာ၏မျက်လုံးများမှာ သေမျိုးလောကကို အထက်စီးမှ ကြည့်ရှုနေသော တောက်ပနေသည့် နေနှစ်စင်းအလားပင်။ ထိုမျက်လုံးအကြည့် ကျရောက်သော နေရာတိုင်းတွင် လေဟာနယ်သည် ပြိုကျပြီး အစုလိုက်အပြုံလိုက် ပျက်စီးသွားခဲ့သည်။
ဓမ္မပုံရိပ်ယောင်ကို မရေမတွက်နိုင်သော သံကြိုးများဖြင့် ရစ်ပတ်ထားပြီး နဂါးများအလား ထူထပ်သိပ်သည်းကာ မျက်စိကျိန်းလောက်အောင် တောက်ပသော မှော်စာလုံးများဖြင့် လင်းလက်နေပေ၏။ ဤသံကြိုးများ၏ လှုပ်ရှားမှုတိုင်းသည် မိုင်တစ်သောင်းပတ်လည်အတွင်းရှိ ကောင်းကင်နှင့်မြေကြီး ဥပဒေသများ ကို ပဲ့တင်ထပ်သွားစေခဲ့သည်။
ကျယ်ပြန့်သော သူတော်စင်အရှိန်အဝါသည် စကြဝဠာ၏ဒီရေအလား လှိုင်းထလာသည်။ အောက်ဘက်ရှိ မြေပြင်သည် ရူးသွပ်စွာ စတင်၍ ပြိုကျလာပြီး တောင်တန်းများ အစုလိုက်အပြုံလိုက် ပြိုကွဲကာ မြစ်များ နောက်ပြန်စီးပြီး အငွေ့ပျံသွားသည်။
ဤဖိအားအောက်တွင် လီဖိုကျွင်း ရှောင်မေ့နှင့် တခြားသူများမှာ မတ်တတ်ပင် မရပ်နိုင်ကြတော့ချေ။ သူတို့အားလုံး မြေပြင်ပေါ်သို့ လဲကျသွားပြီး သူတို့၏နတ်ဘုရားစိတ်ဝိညာဉ်များမှာ ဤသန့်စင်သော စွမ်းအားကြောင့် အမှုန်အမွှားအဖြစ် ခြေမွှခံရတော့မည့်အလား ခံစားလိုက်ရသည်။
ဤအချိန်အခိုက်အတန့်တွင် သူတော်စင်နယ်ပယ် ကျင့်ကြံသူတစ်ဦးက သူတို့၏စွမ်းအားကုန် အမှန်တကယ် ထုတ်လွှတ်လိုက်ပြီး ဥပဒေသသံကြိုးများနှင့် သူတော်စင်နယ်ပယ် ဓမ္မပုံရိပ်ယောင်တို့ကို အပြည့်အဝ ဖြန့်ကျက်လိုက်လေသည်။
မျှော်လင့်ချက်မဲ့သည့် လေထုက အထီးကျန်ကောင်းကင်မြို့တော်ကို ချက်ချင်းလွှမ်းခြုံသွားပေ၏။
မရေမတွက်နိုင်သော ကျင့်ကြံသူများသည် နတ်ဘုရား သို့မဟုတ် မကောင်းဆိုးဝါး တစ်ကောင်အလား ကောင်းကင်ယံရှိ ဧရာမပုံရိပ်ကို မော့ကြည့်လိုက်ကြရာ သူတို့၏မျက်နှာများတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေသည်။ ဤမြင်ကွင်းသည် သူတို့၏နှလုံးသားထဲတွင် အခိုင်အမာ ထွင်းထုခံရလိမ့်မည်ဟု တွေးထင်ရသည်။
"သူတော်စင်နယ်ပယ်နဲ့ နတ်ဘုရားမီးတောက်နယ်ပယ်က ခြေတစ်လှမ်းပဲ ကွာပေမဲ့ ကောင်းကင်နဲ့မြေကြီးအလား ကွာခြားမှု ရှိတယ်... ဓမ္မပုံရိပ်ယောင်အောက်မှာ သက်ရှိတွေအားလုံးက ပုရွက်ဆိတ်တွေပဲ..."
ကျန်းကျစ်ယွမ်က ကောင်းကင်ယံရှိ ဓမ္မပုံရိပ်ယောင်ကို ကြည့်ကာ အနည်းငယ် မနာလိုစွာဖြင့် တီးတိုးရေရွတ်လိုက်သည်။ ဤသည်မှာ စူးချန်ကဲ၏ သနားစရာကောင်းသော ရှုံးနိမ့်မှုကို သူ ကြိုတင်မြင်တွေ့ထားပြီး ဖြစ်သည့်အလားပင်။
"သူတော်စင်နယ်ပယ် ကိုယ်ပိုင်ဓမ္မပုံရိပ်ယောင်ကို ကျင့်ကြံထားတဲ့ သူတော်စင်နယ်ပယ် ကျင့်ကြံသူ..."
လီဖိုကျွင်းသည် လေထဲသို့ ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေပြီး ခွန်အားမဲ့မှုနှင့် စိတ်ပျက်အားငယ်မှုတို့က သူ၏နှလုံးသားထဲသို့ တလိမ့်လိမ့်တိုးဝင်လာခဲ့သည်။
သူတော်စင်နယ်ပယ် ကျင့်ကြံသူများတွင်လည်း အားသာချက်များနှင့် အားနည်းချက်များရှိပြီး ကိုယ်ပိုင်ဓမ္မပုံရိပ်ယောင်ကို ကျင့်ကြံထားခြင်း ရှိမရှိဆိုသည်မှာ ကမ္ဘာကြီးတစ်ခုလုံးစာ ကွာခြားသည်။
နံဘေးမှ စောင့်ကြည့်နေသော တခြားသူတော်စင်နယ်ပယ် ကျင့်ကြံသူနှစ်ယောက် ရှိနေသည်ကိုမူ ထည့်ပြောရန်ပင် မလိုတော့ချေ။
ဒါ... ဒါက တကယ်ပဲ သေလုနီးပါး အကျပ်အတည်းလား... အခု သခင်စူးက ဘယ်လိုလုပ်ပြီး အခြေအနေကို ပြောင်းပြန်လှန်နိုင်မှာလဲ...
"အစ်ကိုကြီး... မကြောက်ပါနဲ့... ကြည့်... အစ်ကို့ရဲ့ သခင်က ပြုံးနေတုန်းပဲ..."
ဓမ္မပုံရိပ်ယောင်၏ ကြောက်မက်ဖွယ်ကောင်းမှုကို သတိမထားမိသော ရှောင်မေ့သည် လီဖိုကျွင်း၏ သနားစရာ အပြုံးကို မြင်သောအခါ အလျင်အမြန် နှစ်သိမ့်လိုက်သည်။
လီဖိုကျွင်းသည် ဤစကားများကြောင့် ကြောင်အမ်းသွားပြီး ကောင်းကင်ယံရှိ အစိမ်းရောင်ပုံရိပ်ကို မော့မကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲသည်။
လေထုထဲတွင်...
"ဓမ္မပုံရိပ်ယောင်... ဟုတ်လား... ပေတစ်ထောင်ပဲလား... နည်းနည်းတော့ သနားစရာကောင်းတယ်..."
စူးချန်ကဲက ပြုံးလိုက်၏။ငယ်စဉ်က သူ၏ မိသားစု အကြီးအကဲများထံမှ အပြစ်တင်ခံရသည်ကို သူ သတိရသွားခဲ့လေသည်။
"ပေရှစ်ထောင်ကို ဓမ္မပုံရိပ်ယောင်လို့ ခေါ်ရဲတယ်လား"
"ငါတို့ စူးမိသားစုရဲ့ ဘယ်သူတော်စင်နယ်ပယ် အဖွဲ့ဝင်က ပေတစ်သောင်းကနေ စပြီးမရှိလို့လဲ"
"ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲဖို့ ဒီလိုအမှိုက်မျိုးကို အပြင်ထုတ်မလာနဲ့"
သို့ရာတွင် လက်ရှိ စူးချန်ကဲအတွက် တစ်ဖက်လူ၏ခွန်အားသည် လေ့ကျင့်ရန်အတွက် လုံလောက်နေသည်။ သူ၏စိတ်နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်တစ်ခုကို သူ ခံစားလိုက်ရလေသည်။ နောက်ဆုံး၌ သူသည် တခြားနည်းလမ်းတချို့ကို အသုံးပြု၍ရပြီဟု တွေးတောလိုက်သည်။
"ဟူး..."
ကောင်းကင်အပြည့် သူတော်စင်အရှိန်အဝါနှင့် ဥပဒေသများ၏ မုန်တိုင်းကြားတွင် စူးချန်ကဲသည် နောက်ကျိနေသောလေကို ညင်သာစွာ ရှူထုတ်လိုက်၏။ သူ၏ခန္ဓာကိုယ် မျက်နှာပြင်ပေါ်ရှိ အထွတ်အထိပ်အရိုး၏ ရွှေရောင် အလင်းတန်းနှင့် မူလဘူတနဂါးချီတို့ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။
"ဟင်... ရုန်းကန်တာကို လက်လျှော့လိုက်တာလား"
အဖိုးအိုရွှမ်သည် တစ်ဖက်လူကို အနည်းငယ် စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သော်လည်း နောက်တစ်စက္ကန့်တွင် သူ၏မျက်လုံးသူငယ်အိမ်များ ပြင်းထန်စွာ ကျုံ့ဝင်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုကို မြင်လိုက်ရသည့်အလားပင်။
ထိုအချိန်မှာပင် စူးချန်ကဲသည် လေဟာနယ်ကို မျက်နှာမူကာ လက်တစ်ဖက်ကို ဖြည်းညင်းစွာ မြှောက်ပြီး တီးတိုးရေရွတ်လိုက်သည်။
"ဓား... လာခဲ့..."
တစ်ချိန်တည်းမှာပင်...
ထိုက်ချင်ဂိုဏ်း ဓားသင်္ချိုင်းမှ ဓား ကျောက်စာတိုင်ကိုးခုသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားလှိုင်းများဖြင့် ပေါက်ကွဲထွက်လာပြီး မြေပြင်မှ ချက်ချင်းထိုးတက်လာခဲ့သည်။