အခန်း (၁၂၉-၁၃၀)
Vol. 13 Ch. 129-130
အခန်း ၁၂၉: သူက ဘာလို့ တိုက်ခိုက်လေလေ ပိုပြီးအစွမ်းထက်လာလေလေ ဖြစ်နေရတာလဲ
ပထမဆုံး ဓားကျောက်စာတိုင်၏ ဟင်းလင်းပြင် အတွင်း၌....
ကျက်သရေရှိသော ပုံရိပ်တစ်ခုက ရုတ်တရက် မတ်တတ်ရပ်လာခဲ့သည်။
ထိုလူမှာ ဤနေရာတွင် အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့ရပြီး မေ့လျော့ခံလိုက်ရမည်ကိုအနည်းငယ် စိုးရိမ်နေခဲ့သော လော့လန်ပင်။
"သခင်... သခင် နောက်ဆုံးတော့ ကျွန်မကို သတိရသွားပြီပဲ..."
ထိန်းချုပ်၍မရသော စိတ်လှုပ်ရှားမှုများသည် သူမ၏မျက်လုံးများတွင် ပေါက်ကွဲထွက်လာပြီး သူမ၏ ပုံရိပ်သည် မျက်စိကျိန်းလောက်အောင် တောက်ပသော နတ်ဘုရား အလင်းတန်းကိုးခုအဖြစ် ချက်ချင်းပြောင်းလဲသွားသည်။ ထိုအရာများသည် အပြင်ဘက်ရှိ ကောင်းကင်သို့ ထိုးတက်နေသော ရှေးဟောင်းဓားကျောက်စာတိုင် ကိုးခုထဲသို့ အသီးသီး ဝင်ရောက်သွားခဲ့လေ၏။
ဝုန်း...
ထိုက်ချင်ဂိုဏ်းအတွင်း၌ မြေပြင်တုန်ခါသွားပြီး တောင်များ ယိမ်းယိုင်သွားသည်။
နှစ်တစ်သောင်းတိုင်တိုင် တိတ်ဆိတ်နေခဲ့သော ထိုက်ချင် ဓားကျောက်စာတိုင်ကိုးခုသည် ဤအချိန်အခိုက်အတန့်တွင် ရုတ်တရက် ပြင်းထန်စွာ တုန်ခါလာသည်။ ထိုအရာများမှတဆင့် ကောင်းကင်သို့ ထိုးတက်နေသော ဓားစိတ်ဆန္ဒ များကို ပေါက်ကွဲထွက်စေကာ မြေပြင်မှ မြင့်တက်လာပြီး ဓားသင်္ချိုင်း၏ဟင်းလင်းပြင်ကို ဖောက်ထွက်သွားခဲ့သည်။
"ရန်သူ လာတိုက်တာလား..."
ဂိုဏ်းထဲတွင် ကျန်ရှိနေသော တပည့်များနှင့် အကြီးအကဲများသည် ထိတ်လန့်မှုကြောင့် ဖြူရော်သွားကြပြီး အစွမ်းထက်သော ရန်သူတစ်ဦးကို ရင်ဆိုင်နေရသည့်အလား ကောင်းကင်ယံသို့ တစ်ယောက်ပြီးတစ်ယောက် ပျံသန်းသွားကြသည်။
သို့ရာတွင် ကောင်းကင်ယံရှိအရာမှာ ပြင်ပ ရန်သူ မဟုတ်ဘဲ ဓားကျောက်စာတိုင်ကိုးခု အလိုအလျောက် နိုးထလာခြင်းဖြစ်ကြောင်း သူတို့ ရှင်းလင်းစွာ မြင်လိုက်ရသောအခါ သူတို့ အားလုံး နေရာတွင်ပင် ကြောင်အမ်းသွားခဲ့ကြသည်။
"ဒါတွေက... ဓားသင်္ချိုင်းက ထိုက်ချင် ဓားကျောက်စာတိုင်တွေလား..."
"ဘာဖြစ်တာလဲ... ဓားကျောက်စာတိုင်တွေက ဘာလို့ သူ့အလိုလို နိုးထလာရတာလဲ..."
"ဒါက အရင်က တစ်ခါမှ မဖြစ်ဖူးဘူး... ရှေးဟောင်းကျမ်းစာတွေထဲမှာတောင် မှတ်တမ်းမတင်ထားဘူး..."
လူတိုင်း မတုံ့ပြန်နိုင်မီတွင်ပင်....
ဝှစ်...
ဝှစ်...
ဝှစ်...
တောင်များအလား ကြီးမားသော ဓားကျောက်စာတိုင်ကိုးခုသည် မြေပြင်မှ ရုတ်တရက် ထိုးတက်လာပြီး ကောင်းကင်နှင့်မြေကြီးကို ထိုးဖောက်သွားသော ကျယ်ပြန့်သည့် နတ်ဘုရား အလင်းတန်းကြီးကိုးခုအဖြစ် ပြောင်းလဲသွားသည်။ အကွာအဝေးကို လျစ်လျူရှုထားသော အမြန်နှုန်းဖြင့် ထိုကျောက်စာတိုင်များသည် ကောင်းကင်ယံကို ချက်ချင်းဆုတ်ဖြဲပြီး မိုးကုတ်စက်ဝိုင်း၏ အဆုံးသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့သည်။
ပျံသန်းနေစဥ်အတွင်းတွင် ဓားကျောက်စာတိုင်ကိုးခု၏မျက်နှာပြင်ပေါ်ရှိ အချိန်ကြောင့် မှုန်ဝါးနေသော ရှေးဟောင်းဓားမှော်စာလုံးများသည် တစ်ခုပြီးတစ်ခု လင်းလက်လာပေ၏။
ပထမဆုံး ဓားကျောက်စာတိုင်ကို ဗဟိုပြုကာ ကျန်ရှိသော ကျောက်စာတိုင်ရှစ်ခုသည် ဘုရင်ကို အရိုအသေပေးနေသော လက်အောက်ခံများအလား အကန့်အသတ်မဲ့ ဓားတာအိုကံကြမ္မာ တစ်ခုကို သယ်ဆောင်ကာ ပထမဆုံးဓားကျောက်စာတိုင်ထဲသို့ တိုးဝင်သွားကြသည်။
"ဝီ..."
ကောင်းကင်နှင့်မြေပြင်ကြားတွင် လျှို့ဝှက်ဆန်းကြယ်ပြီး နက်နဲသိမ်မွေ့သော တာအိုအသံတစ်ခုသည် ခမ်းနားကြီးကျယ်စွာ ပဲ့တင်ထပ်သွားခဲ့သည်။
"တောင်ပိုင်းလီမှာ ချင်းချန်လို့ အမည်ရတဲ့ ဓားတစ်လက်ရှိတယ်... ကိုးပိုင်းခွဲလိုက်ရင် ရှူရာကို ဖိနှိပ်နိုင်တယ်... တစ်ခုတည်း ပေါင်းစပ်လိုက်ရင် ကောင်းကင်ကို ဖြတ်တောက်နိုင်တယ်..."
ဤအချိန်အခိုက်အတန့်တွင် ဓားကျောက်စာတိုင်ကိုးခု ပျောက်ကွယ်သွားခဲ့သည်။
ထိုကျောက်စာတိုင်များ၏ နေရာတွင် ရိုးရှင်းပုံရသော အစိမ်းရောင် သစ်သားဓားတစ်လက်သည် ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ ထွက်ပေါ်လာပေ၏။
ဤသစ်သားဓားသည် အလွန်ရှေးဟောင်းဆန်ပြီး ထိုဓား၏ဓားသွားသည် ကျယ်ပြန့်ပြီး လူသူကင်းမဲ့သော အရှိန်အဝါတစ်ခုဖြင့် သဘာဝကျကျ ဝန်းရံထားသည်။
ထိုဓား ဖြတ်သန်းသွားသော နေရာတိုင်းတွင် အောက်ဘက်ရှိ အဆုံးမရှိသော တောင်များနှင့် မြစ်များသည် မမြင်နိုင်သော ဓားအရှိန်အဟုန်ဖြင့် ဆုတ်ဖြဲခံလိုက်ရသည်။
လောကကြီးတစ်ခုလုံးကို နှစ်ခြမ်းခွဲလိုက်သည့်အလား သစ်သားဓား၏ လမ်းကြောင်းတလျှောက်တွင် မိုင်ပေါင်းသိန်းနှင့်ချီ ရှည်လျားသော ကြီးမားပြီး အောက်ခြေမရှိသည့် ချောက်ကမ်းပါးကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
ဓားစိတ်ဆန္ဒ၏ ကြောက်မက်ဖွယ်ကောင်းသော အကြွင်းအကျန်လှိုင်းများသည် ကြီးမားသော ဓားတာအိုသမုဒ္ဒရာတစ်ခုကို ဖန်တီးကာ ကောင်းကင်ယံကို လွှမ်းခြုံသွားခဲ့သည်။
မရေမတွက်နိုင်သော ကျင့်ကြံသူများနှင့် သက်ရှိများသည် ဤကမ္ဘာပျက်မည့် မြင်ကွင်းကြောင့် ကြောက်လန့်တကြား ဖြစ်သွားကြ၏။ သူတို့သည် ကမ္ဘာကြီးအပေါ် ကြီးမားသော ကပ်ဘေးကြီးတစ်ခု ကျရောက်လာပြီဟု ထင်မှတ်ကာ မြေပြင်ပေါ်တွင် ဝပ်တွားပြီး အကြိမ်ကြိမ် ဦးညွှတ်နေခဲ့ကြသည်။
တစ်ချိန်တည်းတွင်...
အထီးကျန်ကောင်းကင် မြို့တော်မှ မိုင်ပေါင်း သိန်းနှင့်ချီ ဝေးကွာသောနေရာတွင်...
လေဟာနယ်သည် ရေလှိုင်းများအလား ပြင်းထန်စွာ လှိုင်းထသွားခဲ့သည်။
ဝုန်း...
ကြည်လင်ပြတ်သားသော အသံတစ်သံနှင့်အတူ ဟင်းလင်းပြင် အတားအဆီးသည် အတင်းအကြပ် ဆုတ်ဖြဲခြင်း ခံလိုက်ရပေ၏။
ထိုနေရာမှ လျှိုရူယန်က ပထမဆုံး ထွက်လာခဲ့သည်။
သူမ၏နောက်တွင် ထိုက်ချင်ဂိုဏ်း၏ တောင်ထိပ်သခင်ရှစ်ဦးနှင့် နတ်ဘုရားမီးတောက်နယ်ပယ်မှ ဆယ်နှင့်ချီသော အကြီးအကဲများက ထပ်ချပ်မကွာ လိုက်ပါလာခဲ့သည်။
ဤတစ်ကြိမ်တွင် ထိုက်ချင်ဂိုဏ်းသည် ဂိုဏ်း၏ အထွတ်အထိပ် တိုက်ခိုက်ရေး စွမ်းအားကို စေလွှတ်လိုက်ခြင်းပင်။ နတ်ဘုရားမီးတောက်နယ်ပယ်အောက်ရှိ မည်သူမဆို ဤနေရာသို့ ရောက်လာပါက အဓိပ္ပာယ်မဲ့ပေလိမ့်မည်။
"ဒီအရှိန်အဝါက... သူတော်စင်နယ်ပယ် ဓမ္မပုံရိပ်ယောင်လား..."
ဤမစိမ်းသက်သော အရှိန်အဝါကို ခံစားလိုက်ရသောအခါ လျှိုရူယန်၏မျက်နှာသည် ချက်ချင်း သေလောက်အောင် ဖြူရော်သွားပြီး သူမ၏ နှလုံးသားထဲတွင် ကျိန်ဆဲလိုက်သည်။
"ဒုက္ခပါပဲ..."
"သူတော်စင် တစ်ပါးက အစွမ်းကုန် ထုတ်သုံးလိမ့်မယ်လို့ ငါ မျှော်လင့်မထားခဲ့ဘူး... သူက ဒါကို ဘယ်လိုလုပ်ပြီး ခံနိုင်ရည် ရှိမှာလဲ..."
"ဒီရွှံ့နွံတွေထဲ ဝင်မပါဖို့ ငါ နင့်ကို ပြောခဲ့သားပဲ... ဒါပေမဲ့ နင်က နားမထောင်ဘူး... ရွှီဟွာနတ်ဘုရားအင်ပါယာ... နင်တို့ သေသင့်တယ်..."
လျှိုရူယန်က အံ့တင်းတင်းကြိတ်လိုက်ရာ သူမ၏မျက်လုံးများတွင် အဆုံးမရှိသော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများ လင်းလက်နေခဲ့သည်။ သူမ စိတ်လှုပ်ရှားရန် ဟန်ပြင်လိုက်ချိန်တွင်ပင် ကြောက်မက်ဖွယ်ကောင်းသော ဓားစိတ်ဆန္ဒတစ်ခုသည် သူမအား ဖိနှိပ်လိုက်၏။
"ဒါက...ဓားပျံလား..."
တစ်ချိန်တည်းတွင်...
ကျန်းရွှမ်ကျိသည် လေးနက်သော အမူအရာဖြင့် ထွက်လာပြီး မိုင်ပေါင်းသိန်းနှင့်ချီ ဝေးကွာသော နေရာမှပင် ခံစားနိုင်သေးသည့် ကောင်းကင်ယံရှိ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားလှိုင်းများကို ကြည့်ကာ သူ၏ဦးရေပြား ထုံကျင်သွားသည်ကို ခံစားလိုက်ရသည်။
"ဒါက စိတ်ဝိညာဉ်နယ်မြေက သူတော်စင် တစ်ပါးရဲ့ အရှိန်အဝါလား..."
သို့ရာတွင် သူ၏ မျက်လုံးများတွင် သတ္တိကြောင်ခြင်း မရှိခဲ့ချေ။ ထိုအစား သူ၏မျက်လုံးများသည် လျှပ်စီးများအလား လင်းလက်သွားပြီး ပြတ်သားစွာ ပြောလိုက်၏။
"ဟင်းလင်းပြင် ကူးပြောင်းရေး ဝင်္ကပါ ရဲ့ အကန့်အသတ်က ဒီအထိပဲ... မင်းတို့အားလုံး ငါနဲ့အတူ တိုက်ခိုက်ကြစမ်း...သူတော်စင်သားတော် ကို ကယ်ဖို့ ငါတို့ သေတဲ့အထိ တိုက်ခိုက်မယ်..."
သူသည် အလျှင်မြန်ဆုံးဖြစ်ပြီး ကောင်းကင်ယံကို ဖြတ်သန်းသွားသော လျှပ်စီးတစ်တန်းအလားပင်။
ဘုန်း...
ဘုန်း...
ဘုန်း...
သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ကောင်းကင်သို့ ထိုးတက်နေသော အရှိန်အဝါများ ချက်ချင်းပေါက်ကွဲထွက်လာခဲ့သည်။
ယောင်ရှင်းယဲ့သည် သူ၏လက်ကို ဝှေ့ယမ်းကာ ဖျက်ဆီးခြင်းအရှိန်အဝါများ ဖြာထွက်နေသော ရှေးဟောင်း အဆောင်လက်ဖွဲ့ဆယ်ခုကို သူ၏နံဘေးပတ်လည်တွင် ဝန်းရံထားရန် ဆင့်ခေါ်လိုက်၏။ ထိုအဆောင်လက်ဖွဲ့များ၏ မှော်စာလုံးများသည် ကောင်းကင်ယံ၏မိုးကြိုးများကို ဆွဲခေါ်လာခဲ့သည်။
လီချင်းဖုန်း၏ရှေ့တွင် အနက်နှင့် အဖြူ စစ်တုရင်နယ်ရုပ်များသည် ကြယ်တာရာ စစ်တုရင်ခုံတစ်ခုအဖြစ် ပြောင်းလဲသွားပြီး တာအိုစည်းချက်များ စီးဆင်းနေကာ ထိုဧရိယာကို ချိတ်ပိတ်လိုက်သည်။
တခြားတောင်ထိပ်သခင်များနှင့် နတ်ဘုရားမီးတောက်နယ်ပယ် အကြီးအကဲများသည်လည်း တစ်ယောက်ပြီးတစ်ယောက် ဟိန်းဟောက်လိုက်ကြပြီး သူတို့၏ဝှက်ဖဲဖြစ်သော နတ်ဘုရားစွမ်းရည်များနှင့် မှော်ရတနာများကို ထုတ်လွှတ်လိုက်ကြသည်။ သူတို့၏ နတ်ဘုရားမီးတောက်များ လောင်ကျွမ်းသွားပြီး ကောင်းကင်တစ်ဝက်ကို လင်းထိန်သွားစေသည်။
အချိန်ဆွဲ၍ တိုက်ခိုက်ရန် အခွင့်အရေး မရှိကြောင်း သူတို့ ကောင်းစွာသိထားကြသည်။ အကယ်၍ သူတို့၏ဝှက်ဖဲများကို ယခု မသုံးလျှင် နောက်ထပ်အခွင့်အရေး ရတော့မည် မဟုတ်ပေ။
နောက်ဆုံးမှ ထွက်လာသော မင်းသမီးဟွမ်ယွဲ့ သည် ထိုက်ချင်ဂိုဏ်း၏စည်းလုံးမှုကို မြင်သောအခါ စိတ်ရှုပ်ထွေးသော အမူအရာတစ်ခု ရှိနေပြီး သူမ၏နီမြန်းသောနှုတ်ခမ်းများကို တင်းကြပ်စွာ ကိုက်ထားခဲ့သည်။
လက်ရှိတွင် ထိုက်ချင်ဂိုဏ်းမှ ပြသနေသော အခြေခံအုတ်မြစ်သည် ထျန်းရွှမ်နိုင်ငံထက် များစွာသာလွန်နေသည်ဆိုသည့် အချက်ကို ဖယ်ထားလိုက်လျှင်ပင် ဘုံရန်သူကို ရင်ဆိုင်ရာတွင် အစွမ်းထက်သော ရန်သူများကို မကြောက်ရွံ့သည့် ဂိုဏ်း၏စိတ်ဓာတ်သည် သူမ၏နိုင်ငံမှ လိုက်မီရန် မျှော်လင့်၍ မရနိုင်သော အရာတစ်ခုပင်။
"အားချီ... စီနီယာအစ်ကိုက..."
နင်ဖူယောင်သည် သူမ၏စိတ်နှလုံးသားထဲတွင် စိုးရိမ်တကြီး အော်ခေါ်လိုက်သည်။
အားချီ၏အသံ ချက်ချင်း ပဲ့တင်ထပ်လာခဲ့ပြီး အံ့အားသင့်မှု အရိပ်အယောင်တစ်ခု ပါဝင်နေခဲ့သည်။
"မလန့်ပါနဲ့ သခင်မ... မင်းရဲ့ စီနီယာအစ်ကို ရဲ့ အရှိန်အဝါက ရှိနေတုန်းပဲ... ပြီးတော့... ဟင် ဒါက..."
"'ဓား... လာခဲ့...ဟူး ဒါကတော်တော်လေး အထင်ကြီးစရာပဲ..."
"ဒီဓားက စိတ်ဝင်စားစရာပဲ... အဲ့ဒီအရာရဲ့ မူလအစ အရှိန်အဝါက အရမ်းရှေးဟောင်းဆန်တယ်..."
နင်ဖူယောင် ကြောင်အမ်းသွားခဲ့သည်။ သူမသည် ထပ်မေးရန် ဟန်ပြင်လိုက်ချိန်တွင်ပင် သူမ၏နံဘေးရှိ နတ်ဘုရားမီးတောက်နယ်ပယ် အကြီးအကဲတစ်ဦးသည် ကောင်းကင်ယံကို လက်ညှိုးထိုးကာ မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်ကို သူမ ကြားလိုက်ရသည်။
"ကြည့်လိုက်အုံး... အဲ့ဒါက ဘာကြီးလဲ"
ဤစကားကို ကြားသောအခါ လူတိုင်း မော့ကြည့်လိုက်ကြသည်။
အလွှာပေါင်းများစွာရှိသော ဟင်းလင်းပြင်ကို ဆုတ်ဖြဲလာသည့် အစိမ်းရောင် အလင်းတန်း တစ်ခုကို သူတို့ မြင်လိုက်ရသည်။ သူတို့၏ နတ်ဘုရားစိတ်အာရုံပင်လျှင် ခက်ခဲစွာ ခြေရာခံနိုင်သော ကြောက်မက်ဖွယ်ကောင်းသည့် အမြန်နှုန်းဖြင့် ထိုအလင်းတန်းသည် သူတို့ ခေါင်းပေါ်ရှိ လေဟာနယ်ကို ချက်ချင်းဖြတ်သန်းသွားပြီး အထီးကျန်ကောင်းကင် မြို့တော်ဆီသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့သည်။
"အရမ်းမြန်တာပဲ..."
"အဲ့ဒါက ဓားတစ်လက်လား..."
"ဒီအရှိန်အဝါက ဘာလို့ ဒီလောက်ထိ ရင်းနှီးနေရတာလဲ..."
"နေအုံး... အဲ့ဒါက ထိုက်ချင် ဓားကျောက်စာတိုင် တွေရဲ့အရှိန်အဝါနဲ့ တူတယ်..."
လူတိုင်း ကြောင်အမ်းသွားခဲ့ပြီး အဝေးသို့ မရောက်သေးသော ကျန်းရွှမ်ကျိသည်လည်း ကြောင်အမ်းသွားခဲ့သည်။ သို့ရာတွင် ယခုအချိန်သည် ထိုကဲ့သို့ ကိစ္စများကို တွေးတောနေရမည့် အချိန် မဟုတ်ချေ။ သူသည် ထိုနေရာမှ ပျောက်ကွယ်ပြီး အထီးကျန်ကောင်းကင်မြို့တော် အထက်ရှိ တိုက်ပွဲမြေပြင်သို့ အလျင်အမြန် သွားရန် လူတိုင်းကို ချက်ချင်းအမိန့်ပေးလိုက်သည်။
"ဓား လာခဲ့" ဆိုသည့် စကားများ အဆုံးသတ်သွားသည်နှင့်တပြိုင်နက်...
လေထဲသို့ ဖြတ်သန်းလာသော အစိမ်းရောင် အလင်းတန်းသည် မျက်တောင်တစ်ခတ်စာ အချိန်အတွင်း၌ ရောက်ရှိလာပြီး စူးချန်ကဲ၏ လက်ထဲသို့ ခိုင်မာစွာ ဝင်ရောက်သွားကာ ရိုးရှင်းပြီး ရှေးဟောင်းဆန်သော ချင်းချန်သစ်သား ဓားအဖြစ် ပြောင်းလဲသွားခဲ့သည်။
ဓားသည် သူ၏လက်ထဲသို့ ဝင်ရောက်လာသည့် အချိန်အခိုက်အတန့်တွင် စူးချန်ကဲ၏ အရှိန်အဝါများ ပြင်းထန်စွာ ပြောင်းလဲသွားခဲ့သည်။ ဤသည်မှာ အမြင့်ဆုံး သက်တောင့်သက်သာရှိမှု အခြေအနေတစ်ခုပင်။
လက်ထဲတွင် ဓားတစ်လက်ဖြင့် တိုက်ခိုက်ခြင်းနှင့် ဓားမပါဘဲ တိုက်ခိုက်ခြင်းသည် လုံးဝ ကွဲပြားသော အယူအဆနှစ်ခုပင်။
"သခင်... သခင့်ရဲ့အစေခံ ရောက်လာပါပြီ..."
လော့လန်၏အသံသည် စူးချန်ကဲ၏ နားထဲတွင် ပဲ့တင်ထပ်သွားသော်လည်း သူသည် သူမကို လျစ်လျူရှုလိုက်၏။ သူ၏အကြည့်သည် ပေတစ်ထောင်မြင့်သော ဓမ္မပုံရိပ်ယောင်ရှေ့ရှိ ငယ်ရွယ်သော အဖိုးအိုရွှမ်အပေါ်သို့ ကျရောက်သွားပြီး သူ၏နှလုံးသားထဲတွင် တီးတိုးရေရွတ်လိုက်သည်။
'အဲ့ဒါဆိုရင် ငါ့ရဲ့လက်ရှိ တိုက်စစ် ဝှက်ဖဲတွေက ဘယ်လောက်အထိ သွားနိုင်မလဲဆိုတာ ကြည့်ကြတာပေါ့...'
တစ်ချိန်တည်းတွင်ပင် သူသည် သူ၏စိတ်နှလုံးသားထဲတွင် ပြောလိုက်သည်။
'စနစ်... ငါ့ကို နောက်ထပ် တစ်ရက်စာ ကျင့်ကြံခြင်း အတွေ့အကြုံ ပေးပါ...'
နောက်တစ်စက္ကန့်တွင် ကုန်ခန်းလုနီးပါး ဖြစ်နေပြီဖြစ်သော သူ၏ခန္ဓာကိုယ်ထဲရှိ နတ်ဘုရား စွမ်းအားများ ချက်ချင်းဆိုသလိုပင် ပြန်လည်၍ ပြည့်ဝသွားခဲ့သည်။
ဤတိုက်ပွဲအတွင်း သူ၏ကျင့်ကြံခြင်း အတွေ့အကြုံများတွင် တခြားအံ့အားသင့်စရာကောင်းသော အသုံးဝင်မှုများ ရှိကြောင်း သူ တွေ့ရှိခဲ့ရသည်။ ဥပမာအနေဖြင့် ထိုအတွေ့အကြုံများကို အသုံးပြုပြီး သူ၏ နတ်ဘုရားစွမ်းအားကို ပြန်လည်၍ ရယူနိုင်ပေ၏။ တစ်ရက်စာကျင့်ကြံခြင်းသည် သူ့အား အထွတ်အထိပ် အခြေအနေသို့ ပြန်လည်ရောက်ရှိစေရန် လုံလောက်သည်။ ဤသည်မှာ အမှန်တကယ်ကို ကောင်းကင်အား ဆန့်ကျင်လှသည်။ ရန်သူသည် စူးချန်ကဲကို အမြစ်ပြတ်ခြေမွှနိုင်ခြင်း မရှိသရွေ့ သူတို့ကို သေသည်အထိ စွမ်းအားပြုန်းတီးစေရန် သူ ဆောင်ရွက်နိုင်သည်။
သူ့ထံ၌ ကျန်ရှိနေသော ကျင့်ကြံခြင်း အတွေ့အကြုံသည် သူ၏နတ်ဘုရား စွမ်းအားကို အကြိမ်ပေါင်း ဆယ်နှင့်ချီ၍ ပြန်လည် ဖြည့်တင်းပေးရန် လုံလောက်နေဆဲပင်။
တူညီသော ကျင့်ကြံဆင့်နယ်ပယ်ရှိ မည်သူက ထိုကိစ္စကို ခံနိုင်ရည် ရှိမည်နည်း....
ဤအချိန်အခိုက်အတန့်တွင်...
ဖုံးကွယ်၍မရနိုင်သော အံ့အားသင့်မှု အရိပ်အယောင်တစ်ခုသည် အဖိုးအိုရွှမ်၏ မျက်လုံးများတွင် ပထမဆုံးအကြိမ်အဖြစ် ထွက်ပေါ်လာခဲ့သည်။
"ဓားတာအို... ပြီးတော့... သူတော်စင်အဆင့် မူလအစဓား..."
သူ၏အကြည့်သည် စူးချန်ကဲ၏ သစ်သာ ဓားအပေါ်သို့ ကျရောက်သွားပြီး ရှားပါးသော လောဘအရိပ်အယောင်တစ်ခုသည် သူ၏ မျက်လုံးများကို ဖြတ်သန်းသွားခဲ့လေ၏။
ရိုးရိုးသားသား ပြောရလျှင် သူ သွေးဆောင်မခံရရန် ခက်ခဲလှသည်။
သာမန်သူတော်စင်အဆင့် ရတနာများပင်လျှင် စိတ်ဝိညာဉ်နယ်မြေတွင် အလွန်ရှားပါးလှရာ မူလအစ ပါဝင်နေသော ဤချင်းချန်ဓားကိုမူ ဆိုဖွယ်ရာပင် မရှိတော့ချေ။
ထိုမျှသာမက...
အကယ်၍ သူသာ ထိုဓားကို ပိုင်ဆိုင်နိုင်ပါက သူ၏ တိုက်ခိုက်ရေးစွမ်းအားသည် နောက်ထပ် အဆင့်တစ်ခုသို့ သေချာပေါက် တိုးတက်လာပေလိမ့်မည်။
သို့ရာတွင် မကြာမီတွင် အဖိုးအိုရွှမ်သည် တစ်ခုခု မှားယွင်းနေကြောင်း အာရုံခံမိပြီး သူ၏အကြည့်ကို စူးချန်ကဲထံသို့ ပြောင်းလိုက်သည်။
'သူက ငါ့ကို မလုံခြုံတဲ့ ခံစားချက်ကို တကယ်ကြီး ခံစားရစေတယ်...'
'ဒီကောင်လေးရဲ့ အကြီးမားဆုံး စွမ်းအားက ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု မဟုတ်ဘဲ ဓားတာအိုများ ဖြစ်နေမလား...'
'ကြောက်ဖို့ကောင်းတဲ့ ဓားစိတ်ဆန္ဒတစ်ခုက သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ စုစည်းနေတယ်... သောက်ကျိုးနည်း... သူက စွမ်းအားကုန်ခန်းလုနီးပါး ဖြစ်နေပြီ မဟုတ်လား... သူက ဘယ်လိုလုပ်ပြီ စွမ်းအားတွေ ပြန်ပြည့်နေရတာလဲ...'
'သူ့ရဲ့ နတ်ဘုရားစွမ်းအားက မကုန်ခမ်းနိုင်ဘူးလား... သူက ဘယ်လိုလုပ်ပြီး တိုက်ခိုက်လေလေ ပိုပြီးအစွမ်းထက်လာလေလေ ဖြစ်နေရတာလဲ...'
စူးချန်ကဲ၏အခြေအနေ ပြန်လည်ကောင်းမွန်လာကြောင်း အဖိုးအိုရွှမ်သည် ရုတ်တရက် သတိပြုမိလိုက်ပြီး သူ၏မျက်ခွံများ တဆတ်ဆတ်တုန်ရီသွားသည်။ ရိုးရိုးသားသား ပြောရလျှင် သူသည် အနည်းငယ် ကြောင်အမ်းသွားခဲ့လေ၏။ ဤသည်က မည်ကဲ့သို့ မိစ္ဆာမျိုးဖြစ်သနည်းဟု သူ တွေးလိုက်မိသည်။
သူတော်စင်ဆေးလုံးများ အဆုံးမရှိ ထောက်ပံ့ပေးထားလျှင်ပင် ရုပ်ခန္ဓာကိုယ်သည် ဤကဲ့သို့ စွမ်းအားအလွဲသုံးစားလုပ်မှုကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
'ဒီကောင်လေးက အရမ်းထူးဆန်းတယ်... သူ့ကို သတ်ရမယ်...'
'တကယ်လို့ သူက တကယ်ပဲ စိတ်ဝိညာဉ်နယ်မြေ က လာတယ်ဆိုရင်တောင်မှ သူ့ရဲ့ နောက်ခံက ငါတို့အင်ပါယာထက် ပိုပြီးအစွမ်းထက်တဲ့ အင်အားစုတစ်ခု လုံးဝ မဖြစ်နိုင်ပါဘူး... သူ ရှေးဟောင်းမြင့်မြတ်နယ်မြေတစ်ခုကို မဝင်ရောက်ခင် ဒီနေ့ သူ့ကို ငါ ရှင်းလင်းရမယ်... အဲ့ဒီလိုမဟုတ်ရင် အနာဂတ်မှာ သူက ငါတို့အင်ပါယာအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှု တစ်ခု သေချာပေါက် ဖြစ်လာလိမ့်မယ်...ဒါဆိုရင် ငါ ဘယ်တော့မှ ငြိမ်းချမ်းမှုကို ရတော့မှာ မဟုတ်ဘူး...'
အခန်း ၁၃၀:ကံကောင်းထောက်မပြီးတော့ သူ့မှာ အောက်ဘုံက နိမ့်ကျတဲနောက်ခံပဲရှိတယ်...
နောက်တစ်ခဏတွင်....
အဖိုးအိုရွှမ်၏ သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒသည် အထွတ်အထိပ်သို့ ချက်ချင်းမြင့်တက်သွားပြီး သူ၏ပေတစ်ထောင်မြင့်သော ဓမ္မပုံရိပ်ယောင် တုန်ရီသွားခဲ့သည်။
သူတော်စင်နယ်ပယ်၏ ကျယ်ပြန့်သော ဥပဒေသနယ်မြေသည် ထိတွေ့၍ရနိုင်သော ကောင်းကင်ယံအလား ကြယ်များကို ခြေမွှနိုင်သည့် စွမ်းအားကို သယ်ဆောင်ကာ စူးချန်ကဲဆီသို့ ရိုက်ချလာခဲ့သည်။
အဖိုးအိုရွှမ်သည် သူ့ကို လုံးလုံးလျားလျား ဖျက်ဆီးပစ်လိုက်၏။
ထိုသို့ဆိုလျှင် ထိုဓားသည်လည်း သူ၏အပိုင် ဖြစ်သွားပေလိမ့်မည်။
ဤကြောက်မက်ဖွယ်ကောင်းသော သူတော်စင်အရှိန်အဝါကို ရင်ဆိုင်ရချိန်တွင် စူးချန်ကဲသည် သူ၏လက်ထဲရှိ ချင်းချန်ဓားကို တည်ငြိမ်စွာ မြှောက်လိုက်ပြီး သူ၏စိတ်နှလုံးသားထဲတွင် တီးတိုးရေရွတ်လိုက်သည်။
'နဝမမြောက် ဓား... အပြစ်များသော သတ်ဖြတ်ခြင်း ...'
ဘုန်း...
သူ၏အသံ အဆုံးသတ်သွားသည်နှင့်တပြိုင်နက် လောကကြီးကို တုန်ခါစေသော ပေါက်ကွဲမှု မရှိခဲ့ဘဲ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတစ်ရပ်က ချက်ချင်းဆင်းသက်လာခဲ့သည်။
သတ်ဖြတ်ခြင်း မဟာတာအို၏ စွမ်းအားသည် ရုပ်လုံးပေါ်လာခဲ့လေပြီ။
အဆုံးမရှိသော သွေးပင်လယ်ကြီးတစ်ခု လှိုင်းထနေသည့်အလား ကောင်းကင်ယံတစ်ခုလုံး ချက်ချင်းဆိုသလိုပင် အနီရင့်ရောင်သို့ ပြောင်းလဲသွားခဲ့သည်။
စုပုံနေသော အရိုးများ၏ ထင်ယောင်ထင်မှားပုံရိပ်များသည် သွေးပင်လယ်ထဲတွင် လွင့်မျောနေပြီး အငြိုးကြီးစိတ်ဝိညာဉ်များ၏ ညည်းတွားသံများသည် ထိတွေ့၍ရနိုင်သော အသံလှိုင်းများအဖြစ် ပြောင်းလဲသွားကာ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကို ရိုက်ခတ်သွားသည်။
ညည်းတွားသံများနှင့် ငိုကြွေးသံများသည် ကောင်းကင်ယံတလျှောက် ပျံ့နှံ့သွားခဲ့လေ၏။
အရာအားလုံးကို ညှိုးနွမ်းသွားစေသော မျိုးသုဉ်းခြင်း အရှိန်အဝါတစ်ခုက အဖိုးအိုရွှမ်အား ချက်ချင်းပိတ်လှောင်လိုက်သည်။
ဤထိုက်ချင်ဓားကိုးလက်၏ နဝမမြောက် ဓားဖြစ်သော အပြစ်များသော သတ်ဖြတ်ခြင်းကို စူးချန်ကဲ အသုံးပြုချိန်၌ ထိုဓား၏ စွမ်းအားသည် ကောင်းကင်အဆင့် နတ်ဘုရားစွမ်းရည်များထက် အံ့အားသင့်စရာကောင်းလောက်အောင် ကျော်လွန်သွားခဲ့သည်။
'သခင်ရဲ့ ပါရမီက အရမ်းကြောက်စရာကောင်းတာပဲ... သူက သတ်ဖြတ်ခြင်း မဟာတာအိုကို ဒီအဆင့်အထိ တကယ်ကြီး နားလည်သဘောပေါက်ထားတာပဲ...'
ချင်းချန်ဓားအတွင်း၌ လော့လန်၏စိတ်သည် ပြင်းထန်စွာ တုန်လှုပ်သွားပြီး သူမ၏လှပသော မျက်လုံးများသည် စိတ်လှုပ်ရှားမှု ရင်ခုန်မှုတို့ဖြင့် လင်းလက်နေသည်။
စူးချန်ကဲ ပြသသော အလားအလာသည် ပို၍ ကြောက်မက်ဖွယ် ကောင်းလေလေ သူ့ကို သခင်အဖြစ် အသိအမှတ်ပြုရန် သူမ၏ ရွေးချယ်မှုသည် မည်မျှထိမှန်ကန်ကြောင်း ပို၍ သက်သေပြနိုင်လေလေပင်။
"ဘာ..."
"ဒါက ဘယ်လို ဓားနည်းစနစ် မျိုးလဲ... ကောင်းကင်ကြီး ငိုကြွေးနေတဲ့ ဒီလို ကြောက်မက်ဖွယ်ကောင်းတဲ့ မြင်ကွင်းကို တကယ်ကြီး ဖြစ်ပေါ်စေနိုင်တာလား..."
အဖိုးအိုရွှမ်၏မျက်လုံးသူငယ်အိမ်များသည် ကျုံ့ဝင်သွားပြီး သူတော်စင်နယ်ပယ်သို့ ဝင်ရောက်ပြီးကတည်းက သူ မခံစားတော့သော အကျပ်အတည်း ခံစားချက်တစ်ခုက နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့သည်။
"ဟမ့်..."
"မင်းက ပါရမီရှင်တစ်ယောက် ဖြစ်နေရင်တောင်မှ ငါက သူတော်စင် တစ်ပါးလေ... ငါက ဘယ်လိုလုပ်ပြီး ရှုံးနိုင်မှာလဲ..."
နောက်တစ်စက္ကန့်တွင်....
ထိုပေတစ်ထောင်မြင့်သော ဓမ္မပုံရိပ်ယောင်သည် စကြဝဠာကို တုန်ခါသွားစေသော ဟိန်းဟောက်သံတစ်သံကို ထုတ်လွှတ်လိုက်ပြီး သူ၏လက်ဝါးများကို အလျားလိုက် တွန်းထုတ်လိုက်သည်။
သူ၏ခန္ဓာကိုယ် နံဘေးပတ်လည်တွင် ရစ်ပတ်နေသော နတ်ဘုရားသံကြိုးများသည် ထောင်ပေါင်းများစွာသော နတ်ဘုရားများနှင့် မကောင်းဆိုးဝါးများ နိုးထလာသည့်အလား ဟိန်းဟောက်ကာ ကောင်းကင်သို့ ထိုးတက်သွားသည်။ ထိုအရာများသည် စူးချန်ကဲကို ခြေမွှဖျက်ဆီးရန် ကြိုးစားရင်း တောက်ပသော ဥပဒေသအမိုးတစ်ခုအဖြစ် ယက်လုပ်လိုက်ကြသည်။
ဤအချိန်အခိုက်အတန့်တွင် စူးချန်ကဲက သူ၏ ဓားဖြင့် တိုက်ခိုက်လိုက်သည်။
ဓားအရှိန်အဟုန် ညွှန်ပြရာ နေရာတိုင်းတွင် လေဟာနယ်မှ အနီရင့်ရောင် သွေးမိုးများ အလိုအလျောက် ကျဆင်းလာပြီး သက်ရှိအားလုံး ငိုကြွေးနေသည့် တာအိုအသံများအလား ဖြစ်နေသည်။
ဤသည်မှာ လွန်ကဲသော သတ်ဖြတ်ခြင်းနှင့် ဖျက်ဆီးခြင်း အရှိန်အဝါကို မဟာတာအိုမှ အာရုံခံမိသောအချိန်မှသာ ဖြစ်ပေါ်လာသည့် ပုံမှန်မဟုတ်သော သဘာဝလွန်ဖြစ်စဥ်တစ်ခုပင်။
ဘုန်း...
ဓားနှင့် ဓမ္မပုံရိပ်ယောင်တို့သည် ထိပ်တိုက်တွေ့ဆုံမိသွားသည်။
သို့ရာတွင် လူအများ တွေးတောထားသကဲ့သို့ ပြင်းထန်သော ပေါက်ကွဲမှုကြီး မရှိခဲ့ချေ။ ကောင်းကင်ယံတွင် ပဲ့တင်ထပ်နေသော ခပ်အုပ်အုပ် ကျယ်လောင်သည့် အသံတစ်သံသာ ရှိသည်။ ထို့နောက် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသော ပြင်းထန်သည့် စွမ်းအားလှိုင်းများ ရှိကာ အလယ်ဗဟိုရှိ ဟင်းလင်းပြင်သည် အက်ကွဲပြီး အဆက်မပြတ် ပြိုလဲကျနေပေ၏။
ခရက်...
ဝုန်း...
မယုံနိုင်လောက်အောင် ကြည်လင်ရှင်းလင်းသော အက်ကွဲသံတစ်သံက တစ်ချိန်တည်းတွင်ပင် မြည်ဟီးလာခဲ့သည်။
အဖိုးအိုရွှမ်၏ သူတော်စင်နယ်ပယ် တာအို စွမ်းအားများဖြင့် စုစည်းထားသော ဥပဒေသ အမိုးသည် ဤဓားဖြင့် အမှန်တကယ်ကို ထိုးဖောက်ခြင်း ခံလိုက်ရသည်။
နတ်ဘုရား သို့မဟုတ် မကောင်းဆိုးဝါး တစ်ကောင်နှင့်တူသော ထိုပေတစ်ထောင်မြင့်သည့် ဓမ္မပုံရိပ်ယောင်၏ ရင်ဘတ်ပေါ်တွင် ကြောက်မက်ဖွယ်ကောင်းပြီး အောက်ခြေမရှိသည့် အက်ကွဲကြောင်းကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
မရေမတွက်နိုင်သော သူတော်စင်နယ်ပယ် တာအို အပိုင်းအစများသည် အလင်းစက်များနှင့် သင်္ကေတများအဖြစ် ပြောင်းလဲသွားကာ ပျောက်ကွယ်သွားပြီး ဓမ္မပုံရိပ်ယောင်၏ အလင်းရောင်သည် သိသိသာသာ မှေးမှိန်သွားခဲ့လေ၏။
'ဖူး...'
'ဒါက...'
ဓမ္မပုံရိပ်ယောင် ဒဏ်ရာရသွားသဖြင့် အဖိုးအိုရွှမ်သည်လည်း ပြင်းထန်စွာ ရိုက်ခတ်ခံလိုက်ရပြီး သူ၏ပါးစပ်မှ ရွှေရောင်ဖျော့ဖျော့သွေးများ စီးကျလာကာ သူ၏မျက်လုံးများတွင် မယုံကြည်နိုင်လောက်အောင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။
သူ ဒဏ်ရာရသွားခဲ့သလောဟု တွေးလိုက်မိသည်။
နတ်ဘုရားမီးတောက်နယ်ပယ် ကျင့်ကြံသူ တစ်ဦး၏ ထိပ်တိုက်တိုက်ခိုက်မှုကြောင့် သူ အမှန်တကယ်ကို ဒဏ်ရာရသွားခဲ့သလော...
ဤသတ်ဖြတ်ခြင်းစွမ်းအားသည် အလွန်ကြောက်စရာကောင်းပြီး သာမန်သူတော်စင်နယ်ပယ် ကဏဦးအဆင့် ကျင့်ကြံသူတစ်ဦး၏ အထွတ်အထိပ် တိုက်ခိုက်မှုအဆင့်သို့ပင် ရောက်ရှိနေလေပြီ။
ထိုဓားသည် တစ်ခုခု ပါဝင်ပတ်သက်နေသည် ဆိုသော်လည်း စူးချန်ကဲ၏စွမ်းအားမှာ လွန်ကဲလွန်းနေသည်။
သို့ရာတွင် သူသည် တခဏကြာမျှသာ အနည်းငယ် ကြောင်အမ်းသွားခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ သူ၏ကျင့်ကြံဆင့်နယ်ပယ်သည် မြင့်မားပေ၏။ သို့ရာတွင် ဤအချိန်အခိုက်အတန့်တွင် အဖိုးအိုရွှမ်၏ မျက်လုံးများတွင် ယခင်က မရှိခဲ့ဖူးသော တည်ကြည်လေးနက်မှုများဖြင့် ပြည့်နှက်နေပြီး အစွမ်းထက်သော ရန်သူတစ်ဦးကို ရင်ဆိုင်နေရသည့်အလားပင်။
သူ၏ခန္ဓာကိုယ်မှ အဆုံးမရှိသော သူတော်စင်နယ်ပယ် တာအိုဥပဒေသများ ဖြာထွက်လာပြီး ပေတစ်ထောင်မြင့်သော ဓမ္မပုံရိပ်ယောင်၏ တောက်ပမှု ပို၍လင်းလက်သွားခဲ့သည်။
တစ်ချိန်တည်းတွင်ပင် ထိုဓမ္မပုံရိပ်ယောင်၏ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကြီးမားသော လက်ဝါးများသည် မှော်လက်စည်းသင်္ကေတများ ဖွဲ့စည်းကာ စကြဝဠာရှိ ကြယ်များ၏ စွမ်းအားကို ဆွဲယူလိုက်၏။ ထို့နောက် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ပါဝင်သည့် မဟာနတ်ဘုရားစွမ်းရည်နှစ်ခုသည် စူးချန်ကဲဆီသို့ နောက်တစ်ကြိမ် တိုက်ခိုက်လာခဲ့သည်။
ထိုအရာမှာ ထောင်တျဲ့တစ်ကောင်သည် အရာအားလုံးကို ဝါးမျိုရန် သူ၏ပါးစပ်ကြီးကို ဖွင့်ဟလိုက်သည့်အလားပင်။
တစ်ချိန်တည်းမှာပင် သူ၏ပုံရိပ်သည် ဓမ္မပုံရိပ်ယောင်နှင့်အတူ လှုပ်ရှားသွားပြီး ရှေးဟောင်း ခရမ်းရွှေရောင် ဓားကောက်တစ်လက်သည် သူ၏လက်ထဲတွင် ထွက်ပေါ်လာကာ စူးချန်ကဲကို တိုက်ခိုက်လိုက်သည်။
'သူ့ကို ဒဏ်ရာရအောင်ပဲ လုပ်နိုင်တာလား... တစ်ခုခု လိုနေသေးတယ်... သတ်ဖြတ်ခြင်း မဟာတာအိုကို ငါ နားလည်သဘောပေါက်တာက မလုံလောက်သေးလို့လား... ဒါမှမဟုတ် ဒီအပြစ်များသော သတ်ဖြတ်ခြင်းရဲ့ အဆင့်က အရမ်းနိမ့်နေလို့လား...'
စူးချန်ကဲသည် တွေးတောမှု အရိပ်အယောင်တစ်ခုကို ပြသလိုက်ကာ တစ်ဖက်လူကို ဖြစ်ပေါ်စေခဲ့သောဒဏ်ရာနှင့် ပတ်သက်၍ အနည်းငယ် မကျေနပ်ကြောင်း သိသာရှင်းလင်းလှသည်။
သူ့ကိုသတ်ရန် အစွမ်းကုန် ကြိုးစားနေသော သူတော်စင်နယ်ပယ် အလယ်အလတ်အဆင့်ကျင့်ကြံသူတစ်ဦးဖြစ်သည့် အဖိုးအိုရွှမ်ကို ရင်ဆိုင်ရချိန်တွင် စူးချန်ကဲ၏လှုပ်ရှားမှုများသည် အလောတကြီး မရှိခဲ့ချေ။
သူသည် 'ခြေတစ်လှမ်းအကွာမှာပဲ ရှိနေပေမဲ့ ကောင်းကင်ရဲ့ အဆုံးသတ်အလား ဝေးကွာခြင်း' ကို အသုံးပြုလိုက်ရာ သူ၏ပုံရိပ်သည် သရဲတစ္ဆေတစ်ကောင်အလား လေဟာနယ်ထဲတွင် နောက်ချန်ပုံရိပ်များ ချန်ထားခဲ့လေ၏။ ဤသည်မှာ မတူညီသော အချိန်လေဟာနယ် အမှတ်အသားများတွင် သူ၏ပုံရိပ်များသည် တပြိုင်နက်တည်း တည်ရှိနေသည့်အလားပင်။
အဖိုးအိုရွှမ်သည် လေဟာနယ်ထဲသို့ ပြေးဝင်သွားခဲ့ရပြီး ဒေါသအရိပ်အယောင်တစ်ခုဖြင့် သူ၏မျက်မှောင်များ တွန့်ကွေးသွားခဲ့သည်။ အစောပိုင်းက စူးချန်ကဲ၏အမူအရာကို သူ ရှင်းလင်းစွာ မြင်လိုက်ရသည်။
'သူက တကယ်ပဲ မကျေနပ်ဘူးလား'
'သောက်ကျိုးနည်း... သူက သူ့ရဲ့ကိုယ်ပိုင်စွမ်းအားကို စမ်းသပ်ဖို့ ငါ့ကို အသုံးပြုနေတာလား...'
ဤနယ်ပယ်သို့ရောက်အောင် ကျင့်ကြံနိုင်သူများတွင် မရေမတွက်နိုင်သော စမ်းသပ်မှုများကို မကြုံဖူးသူဟူ၍ မည်သူ ရှိမည်နည်း။ သူ့ထံတွင်လည်း ရဲရင့်စွာ ရှေ့ဆက်သွားတတ်သော နှလုံးသားတစ်ခု ရှိနေသည်။ စူးချန်ကဲ၏ ရည်ရွယ်ချက်ကို သဘောပေါက်ပြီးနောက် သူ မည်သို့ ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။
စူးချန်ကဲသည် သတ်မှတ်ထားသော ဟင်းလင်းပြင် အမှတ်အသားတစ်ခုတွင် သရဲတစ္ဆေတစ်ကောင်အလား ထွက်ပေါ်လာပြီး သူ၏လက်ထဲရှိ ချင်းချန်ဓားကို နောက်တစ်ကြိမ် မြှောက်လိုက်၏။ ဓားအရှိန်အဟုန်သည် ပြောင်းလဲသွားပြီး အချိန်၏အရှိန်အဝါတစ်ခုသည် ဆင်းသက်လာခဲ့သည်။
ဓားချီအလင်းတန်းတစ်ခု ပျံ့လွင့်လာသည်။
ထိုဓားချီအလင်းတန်းသည် အဖိုးအိုရွှမ်၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသော်လည်း ထိုအရာသည် ကြီးမားသော ထိခိုက်ပျက်စီးမှုကို မဖြစ်ပေါ်စေခဲ့ချေ။
သို့ရာတွင် နောက်တစ်စက္ကန့်တွင် မူလက အကောင်းဆုံး အခြေအနေတွင် ရှိနေသော သူ၏ မည်းနက်သည့် ဆံပင်များထဲမှ ဆံပင်ဖြူ အနည်းငယ် ထွက်ပေါ်လာခဲ့သည်။
သူ၏ မျက်လုံးများတွင် ထိတ်လန့်မှု အရိပ်အယောင်တစ်ခုနှင့် ယခင်က မရှိဖူးသော ဒေါသများသည် ချက်ချင်းထင်ဟပ်လာပေ၏။
"မင်းက ငါ့ရဲ့သက်တမ်း နှစ်ရာပေါင်းများစွာကို ဖြတ်တောက်ရဲတယ်ပေါ့..."
"အား..."
အဖိုးအိုရွှမ်သည် ချက်ချင်းဆိုသလိုပင် ဒေါသထွက်သွားခဲ့သည်။
သူတော်စင်နယ်ပယ် ကျင့်ကြံသူတစ်ဦး၏ သက်တမ်းသည် နှစ်ပေါင်းငါးထောင်နီးပါး ရှိသော်လည်း သူသည် နှစ်ပေါင်းသုံးထောင်ကျော် ကျင့်ကြံခဲ့ပြီးဖြစ်သည်။
ထိုသက်တမ်းပမာဏသည် များပြားလှသည်ဟု ထင်ရသော်လည်း ဤကျင့်ကြံခြင်းလောကကြီးအတွက်မူ နှစ်တစ်ထောင်သည် မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားပေမည်။
ထို့ကြောင့် သက်တမ်းသည် အဖိုးအိုရွှမ် အတွက် အလွန်အရေးကြီးလှသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ကိုယ်ပိုင်ပါရမီကို အားကိုးခြင်းဖြင့် ပို၍မြင့်မားသောအဆင့်သို့ တက်လှမ်းရန် ဖြစ်နိုင်ချေမရှိကြောင်း သူ သိထားသောကြောင့်ပင်။
ထိုသို့မဟုတ်ပါက ရွှီဟွာနတ်ဘုရားအင်ပါယာအတွက် သူ၏အသက်ကို မည်သည်ကြောင့် စွန့်စားရမည်နည်း။ ထိုသို့လုပ်ဆောင်ခြင်းမှာ သူသည် အင်ပါယာကို အကျိုးပြုသော အလုပ်များအား လုပ်ပြီး အရင်းအမြစ်များရရှိရန် မဟုတ်လော။
ယခုအချိန်၌ ဓားတစ်ချက်တည်းဖြင့် နှစ်ရာပေါင်းများစွာ ဖြတ်တောက်ခံလိုက်ရသဖြင့် ထိုကိစ္စသည် ပြင်းထန်စွာ ဒဏ်ရာရခြင်းထက် သူ့ကို ပို၍ပင် နေရခက်စေသည်။
ချက်ချင်းပင်...
အဖိုးအိုရွှမ်သည် အဆင်အခြင်မဲ့ တိုက်ခိုက်လိုက်ပြီး နတ်ဘုရားစွမ်းရည် ရာပေါင်းများစွာကို ထုတ်လွှတ်လိုက်၏။
မိုးကောင်းကင်ယံ ပြင်းထန်စွာ ပြောင်းလဲသွားခဲ့သည်။ ကောင်းကင်တစ်ခုလုံးသည် ကမ္ဘာပျက်မည့်အချိန်အလား လေဟာနယ်အက်ကွဲကြောင်းများဖြင့် ထူထပ်စွာ ပြည့်နှက်နေခဲ့သည်။
သို့ရာတွင် သူ မည်မျှပင် ဒေါသထွက်နေပါစေ သူ ဘာမှလုပ်၍ မရနိုင်ချေ။
အဘယ်ကြောင့်ဆိုသော် သူသည် စူးချန်ကဲကို လုံးဝမထိနိုင်သောကြောင့်ပင်။
အချိန်မဟာတာအို၏ အပိုင်းအစလေးတစ်ခုကို ကျွမ်းကျင်ပြီး 'ခြေတစ်လှမ်းအကွာမှာပဲ ရှိနေပေမဲ့ ကောင်းကင်ရဲ့ အဆုံးသတ်အလား ဝေးကွာခြင်း' ကို အသုံးပြုထားသော စူးချန်ကဲသည် သူ့ကို ဒဏ်ရာရစေနိုင်သော တိုက်ခိုက်မှု တစ်ခု ကျရောက်လာတိုင်း အမြဲတမ်း ခြေတစ်လှမ်းစော၍ ရှောင်တိမ်းနေခဲ့သည်။
'သူက စိုးရိမ်နေတာလား...'
'လူတစ်ယောက်ရဲ့ သက်တမ်းကို ခုတ်ထစ်ပစ်နိုင်တဲ့ အချိန်က တော်တော်လေး အသုံးဝင်ပုံရတယ်... ဒီဓားက မဆိုးဘူး... တခြားတိုက်စစ်တွေကို ငါ စမ်းကြည့်ရမယ်...'
စူးချန်ကဲသည် တွေးတောလိုက်ပြီးနောက် သူ၏ နတ်ဘုရား စွမ်းအားများကို ပြန်လည် ဖြည့်တင်းရန် တစ်ရက်စာ ကျင့်ကြံခြင်း အတွေ့အကြုံကို ချက်ချင်းလဲလှယ်လိုက်သည်။
ထိုက်ချင် ဓားကိုးလက်ကို ဤမျှထိ ပြင်းထန်စွာ အသုံးပြုခြင်းသည် နတ်ဘုရားစွမ်းအားများကို အလွန်လျှင်မြန်စွာ ကုန်ဆုံးစေသည်။
ထို့ပြင် သူ၏ အကြီးမားဆုံးဝှက်ဖဲ ဖြစ်သည့် ကောင်းကင်ဖြတ်တောက် ဓားဆွဲထုတ်ခြင်း နည်းစနစ်ကို သူ အသုံးမပြုရသေးချေ။ အကြောင်းအရင်းမှာ ပထမအချက်အနေဖြင့် ဤဓားနည်းစနစ်များ၏စွမ်းအားကို စမ်းသပ်ရန်ဖြစ်ပြီး ဒုတိယအချက်အနေဖြင့် သူ၏ ကောင်းကင်ဆန့်ကျင် နားလည်သဘောပေါက်နိုင်စွမ်း၏ သတိပေးချက်များသည် သူ၏ နားထဲတွင် အဆက်မပြတ် မြည်ဟီးနေသောကြောင့် ပင်။
အမှန်အားဖြင့် တိုက်ခိုက်ခြင်းသည် ပါရမီရှင်တစ်ဦးအတွက် ပို၍အစွမ်းထက်လာစေရန် အမြန်ဆုံးနည်းလမ်းပင်။
【ဒင်... ကောင်းကင်ဆန့်ကျင် နားလည်သဘောပေါက်နိုင်စွမ်း.... လက်ခံသူက အပြစ်များသော သတ်ဖြတ်ခြင်းကို အသုံးပြုခဲ့တယ်... သတ်ဖြတ်ခြင်း မဟာတာအိုကို နားလည်သဘောပေါက်မှု ဝ.၁% တိုးလာပါတယ်...】
【ဒင်... ကောင်းကင်ဆန့်ကျင် နားလည်သဘောပေါက်နိုင်စွမ်း ..လက်ခံသူက အချိန်ကို အသုံးပြုခဲ့တယ်...အချိန် မဟာတာအိုကို နားလည်သဘောပေါက်မှု ဝ.၁% တိုးလာပါတယ်....】
【ဒင်... ကောင်းကင်ဆန့်ကျင် နားလည်သဘောပေါက်နိုင်စွမ်း...လက်ခံသူက ဓားနည်းစနစ်တွေကို အဆက်မပြတ် အသုံးပြုခဲ့တယ်...ဒါကြောင့် ဓားတာအိုသည် သာမန် အောင်မြင်မှုနယ်ပယ်ကို ချိုးဖျက်ဝင်ရောက်သွားပါသည်...】
ချက်ချင်းပင်...
စူးချန်ကဲသည် နောက်တစ်ကြိမ် လှုပ်ရှားလိုက်ပြီး ထပ်မံ၍ တိုက်ခိုက်လိုက်သည်။
ထိုအရာမှာ အပြစ်များသော သတ်ဖြတ်ခြင်း မဟုတ်တော့သော်လည်း ထိုဓားချက်သည် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်း အရှိန်အဝါကို ပိုင်ဆိုင်ထားဆဲဖြစ်ပြီး ထိုအရာ၏ စွမ်းအားမှာ အပြစ်များသော သတ်ဖြတ်ခြင်းထက် အားမနည်းချေ။
ဤသည်မှာ ထိုက်ချင်ဓားကိုးလက်၏ အခြား ဓားနည်းစနစ်များ ဖြစ်သည့် ကြယ်ပျံ၊ မြေအောက်ကမ္ဘာ ကပ်ဘေး နှင့် သုံးဆ သတ်ဖြတ်ခြင်းတို့ပင်။
"ဖြတ်တောက်စမ်း..."
ဘုန်း ဘုန်း ဘုန်း ဘုန်း...
ကောင်းကင်ဘုံကိုးလွှာအထက်တွင် ဓားချီများသည် မိုင်တစ်သိန်း အကွာအဝေးကို ဖြတ်သန်းသွားပြီး ဥပဒေသများ တိုက်ခတ်မိခြင်းမှ ထွက်ပေါ်လာသော အလင်းရောင်သည် ကြယ်များထက် ပို၍တောက်ပနေခဲ့သည်။
အစွမ်းကုန် ကြိုးစားနေသော အဖိုးအို ရွှမ်သည် အမှန်တကယ်ကို အဆက်မပြတ် နောက်ဆုတ်သွားရန် ဖိအားပေးခံလိုက်ရသည်။
ပေတစ်ထောင်မြင့်သော ဓမ္မပုံရိပ်ယောင်ပေါ်ရှိ အက်ကွဲကြောင်းများသည် ပို၍ပို၍များပြားလာပြီး ထိုအရာ၏အလင်းရောင်သည် ပို၍မှေးမှိန်လာကာ သူ၏မူလက ငယ်ရွယ်သော အသွင်အပြင်သည် အမှန်တကယ်ပင် များစွာပို၍ အိုမင်းသွားလေ၏။
'မဟုတ်ဘူး...'
'တကယ်လို့ ငါက သူ့ရဲ့ဓားချက်ကို ဒီလိုမျိုး ဆက်ပြီးခံယူနေရရင် ငါ ဒီနေရာမှာ သေသွားလိမ့်မယ်...'
အဖိုးအိုရွှမ်က အံ့တင်းတင်းကြိတ်လိုက်သည်။ ဤအခိုက်အတန့်တွင် သူ ထိတ်လန့်သွားခဲ့သည်။
"မြန်မြန်လေး... အတူတူ တိုက်ခိုက်ပြီး ဒီကောင်လေးကို သတ်..."
သတိလစ်နေသော ယွီတောက်ရွှမ်ကို စောင့်ကြပ်နေကြသည့် အမျိုးသားနှင့် အမျိုးသမီး သူတော်စင်နှစ်ဦးထံသို့ သူသည် အသံသတင်းစကားတစ်ခုကို ချက်ချင်းပေးပို့လိုက်၏။
ဤအချိန်အခိုက်အတန့်တွင် သူတို့နှစ်ယောက်လုံး ကြောင်အမ်းနေခဲ့ကြသည်။
"နတ်ဘုရားမီးတောက်နယ်ပယ် ကျင့်ကြံသူက ဓမ္မပုံရိပ်ယောင် ထုတ်ဖော်ထားတဲ့ သူတော်စင်နယ်ပယ် ကျင့်ကြံသူကို ဖိနှိပ်နေတယ်... ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."
အဖိုးအိုရွှမ်၏ အသံပေးပို့ခြင်းကို ကြားသောအခါ....
"အတူတူ တိုက်ခိုက်ကြစမ်း... ဒီကောင်လေးကို အသက်ရှင်ရက် ချန်ထားခဲ့လို့ မရဘူး...'
အမျိုးသမီးသူတော်စင်သည် ပထမဆုံး သတိပြန်ဝင်လာပြီး ပြင်းထန်သော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒသည် သူမ၏မျက်လုံးများတွင် ထင်ဟပ်လာခဲ့ပေ၏။
စူးချန်ကဲ ပြသသော ပါရမီသည် သူမကို ယခင်က မရှိဖူးသော အကြောက်တရားကို ခံစားရစေခဲ့သည်။
"အမှန်ပဲ... တကယ်လို့ သူ့ကို ကြီးပြင်းခွင့် ပေးလိုက်ရင် အနာဂတ်မှာ သူက ငါတို့ရဲ့ အင်ပါယာအတွက် မိစ္ဆာဆန်တဲ့ ကပ်ဘေးတစ်ခု သေချာပေါက် ဖြစ်လာလိမ့်မယ်..."
အမျိုးသား သူတော်စင် ၏ အမူအရာသည်လည်း အလွန်အမင်း တည်ကြည်လေးနက်နေခဲ့သည်။
ထို့နောက် သူ၏လေသံ ပြောင်းသွားပြီး စိတ်သက်သာရာရမှု အရိပ်အယောင်တစ်ခုဖြင့် တီးတိုးရေရွတ်လိုက်သည်။
'ကံကောင်းထောက်မပြီးတော့ သူက အောက်ဘုံက နိမ့်ကျတဲ့ နောက်ခံပဲရှိပြီးတော့ သူ့ကို ထောက်ပံ့မယ့် အစွမ်းထက်တဲ့ နောက်ခံ မရှိဘူး... အဲ့ဒီလိုမဟုတမရင် ငါတို့ ဒုက္ခရောက်လိမ့်မယ်...'
Book 13 end.