အခန်း (၃၇၃-၃၇၄)
Vol. 38 Ch. 373-374
အခန်း (၃၇၃) - ကြီးမားသော အကျိုးအမြတ် ဝါးမျိုခြင်းအလောင်းကောင်(၁)
လေလံပွဲကို ကောင်းကင် သိုင်းပညာဖြင့် စတင်လိုက်သည်။
ဤထျန်းရှန်း လေလံရုံကြီးက တကယ်ကို အဆင့်အတန်းမြင့်မားသော ခံစားချက်ကို ပေးစွမ်းနိုင်သည်။
ထန်တုန်းလင်း၏ နူးညံ့သောအသံ ဖြည်းညင်းစွာ ထွက်ပေါ်လာသည်နှင့်အမျှ မျှော်လင့်ထားသည့်အတိုင်း လေလံရုံအတွင်း၌ ကြီးမားသော လှုပ်ခတ်မှုတစ်ခု ဖြစ်ပေါ်သွားခဲ့သည်။
ကောင်းကင် သိုင်းပညာဆိုသည်မှာ ကစဉ်ကလျားမိစ္ဆာပင်လယ်တွင်ပင် အတော်လေးရှားပါးပြီး ယခုအရာမှာ အလယ်အလတ်အဆင့် ကောင်းကင်သိုင်းပညာတစ်ခု ဖြစ်သည်။
လူအများအပြားက တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်ပေးနိုင်သည့် ဤကဲ့သို့သောအရာမျိုးကို အလွန် လိုချင်တပ်မက်နေကြသည်။
“ဒီသိုင်းပညာအတွက် စတင်လေလံကြေးက ဆန်းကြယ်ယွမ်ဆေးလုံး နှစ်သန်းပါ၊ စိတ်ဝင်စားတဲ့ မိတ်ဆွေတွေရှိရင် လက်လွတ်မခံပါနဲ့”
ဤစတင်လေလံကြေးမှာ ဈေးကြီးပုံမရဘဲ ဝူယွမ် ပေးအပ်ခဲ့သော အဆင့်နိမ့် ဆန်းကြယ်ရှင်ခြင်း ဝိညာဉ်သစ်သီးထက်ပင် တန်ဖိုးနည်းနေသော်လည်း အမှန်တကယ်တော့ ထိုသို့မဟုတ်ပေ။
ကောင်းကင်သိုင်းပညာ၏ စျေးနှုန်း မမြင့်မားရခြင်းမှာ ဤကောင်းကင် သိုင်းပညာတစ်ခုတည်းကသာ ထူးခြားနေခြင်း မဟုတ်သောကြောင့်ဖြစ်သည်။
အင်အားစု အများအပြားတွင် ဤသိုင်းပညာ ရှိနေပြီးသားဖြစ်ကာ အနည်းဆုံးတော့ ထျန်းရှန်း အဆောက်အအုံတွင် ရှိနေသည်။ ၎င်းသည် အပြင်ဘက်သို့ ပြန့်နှံ့နေပြီဖြစ်သော သိုင်းပညာတစ်ခုဖြစ်ပြီး ရယူနိုင်မည့် လမ်းကြောင်းများစွာ ရှိနေသည်။
ထို့အပြင် အစွမ်းထက်သော အင်အားစုများတွင်လည်း အလားတူ အစွမ်းထက်သော သိုင်းပညာများ ရှိနေကြသဖြင့် အခြား ကောင်းကင်သိုင်းပညာတစ်ခုကို ရရှိရန်အတွက် ကြီးမားသော တန်ဖိုးကို ပေးဆောင်လေ့မရှိကြပေ။
ထို့အပြင် ကောင်းကင်သိုင်းပညာမှာ သင်ယူရန် ထိုမျှလောက် မလွယ်ကူလှပေ။ ဆန်းကြယ်ရှင်ခြင်းအဆင့်သို့ ရောက်ရှိပြီးနောက် သာမန် သိုင်းပညာများသည် အဆင့်ချိုးဖောက်ဝင်ရောက်ရန် ကူညီပေးနိုင်သော ရတနာများလောက် လက်တွေ့မကျတော့ပေ။
သေချာပေါက် စျေးကွက်တွင် တစ်ခါမှ မပေါ်ထွက်ဖူးသေးသော ထိပ်တန်း ကောင်းကင် သိုင်းပညာတစ်ခုဖြစ်သည့် ဝူယွမ် ပိုင်ဆိုင်ထားသော ကောင်းကင်ပြာနဂါးပြောင်းလဲခြင်း ကျင့်စဉ် သို့မဟုတ် သိုင်းဧကရာဇ်ကျမ်းတို့သာဆိုလျှင် ၎င်းတို့၏ တန်ဖိုးမှာ တိုင်းတာ၍မရနိုင်လောက်အောင် ကြီးမားပေလိမ့်မည်။
သို့သော်လည်း စတင်လေလံကြေး မမြင့်မားသော်လည်း ကောင်းကင်သိုင်းပညာသည် ကောင်းကင်သိုင်းပညာသာ ဖြစ်သည်။ အလယ်အလတ် အင်အားစု အများအပြားမှာ ၎င်းကို မတတ်နိုင်ကြသေးသော်လည်း စျေးကြီးပေး၍ ဝယ်ယူရန် ဆန္ဒရှိနေကြသည်။
အကြိမ်ကြိမ် လေလံဆွဲပြီးနောက် လေလံကြေးမှာ ငါးသန်းအထိ ရောက်ရှိသွားသည်။
“ခြောက်သန်း”
အခြားမည်သူမျှ လေလံဆွဲခြင်းမရှိသည်ကို မြင်သောအခါ ဝူယွမ်က နောက်ထပ် တစ်သန်း ထပ်မံပေါင်းထည့်ကာ ၎င်းကို အောင်မြင်စွာ ရယူလိုက်ပြီး အရောင်းအဝယ်ကို တိုက်ရိုက် အဆုံးသတ်လိုက်သည်။
မည်သို့ပင်ဆိုစေ ၎င်းမှာ ကောင်းကင်သိုင်းပညာ ဖြစ်နေဆဲပင်။ ဝယ်ယူနိုင်သရွေ့ ဝူယွမ်သည် ၎င်းကို ဖန်ဆင်းခြင်းသိုင်းကျောက်တိုင်တွင် မှတ်တမ်းတင်ထားနိုင်မည်ဖြစ်သည်။
သိုင်းပညာများ ပိုမိုကြွယ်ဝလေလေ အစွမ်းထက်ပုဂ္ဂိုလ်များကို ပိုမိုဖန်တီးနိုင်လေလေပင်။
မည်သို့ပင်ဆိုစေ ငွေဖြင့်ဝယ်၍ရသမျှ အရာအားလုံးကို ဝူယွမ် လက်ခံနိုင်သည်။
ကမ္ဘာသစ်ပင်၊ လက်ဖဝါးထဲကကောင်းကင်ပုလင်းနှင့် မူလကျောက်လက်ဖွဲ့တို့ ရှိနေခြင်းကြောင့် ဝူယွမ်သည် ဝိညာဉ်ဆေးပင်များ၊ ဝိညာဉ်သစ်သီးများနှင့် ဝိညာဉ်ဆေးလုံးများကို အဆုံးအစမရှိ ထုတ်လုပ်နိုင်သည်။
ဤသုံးစွဲနိုင်သော အရင်းအမြစ်များကို စျေးကွက်တွင် တင်ရောင်းလိုက်သောအခါ အမြဲတမ်း လူကြိုက်အများဆုံးဖြစ်နေမည်မှာ သေချာသည်။
“နောက်ထပ် လေလံတင်မယ့်ပစ္စည်းကတော့ ကျွန်မတို့ ထျန်းရှန်း လေလံရုံမှာ ယာယီထပ်တိုးထားတာဖြစ်ပြီး အရင်က မကြော်ငြာရသေးပါဘူး၊ ဒါပေမယ့် အားလုံးပဲ သဘောကျကြလိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်”
ထန်တုန်းလင်း၏ ကြည်လင်ပြတ်သားသော အသံက လူများ၏ မျှော်လင့်ချက်များကို နှိုးဆွလိုက်သည်။
ဤအချိန်တွင် ဝန်ထမ်းသုံးဦးက စင်မြင့်ပေါ်သို့ ဗန်းတစ်ချပ်စီ သယ်ဆောင်လာကြပြီး အားလုံးကို အနီရောင်အဝတ်များဖြင့် ဖုံးအုပ်ထားသည်။
ထန်တုန်းလင်းသည် ပထမဆုံး ဗန်းပေါ်ရှိ အနီရောင်အဝတ်ကို ဖယ်ရှားလိုက်ရာ တဖျတ်ဖျတ်လက်နေသော အစိမ်းရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး အစိမ်းရောင်အငွေ့အသက်တစ်ခု စင်မြင့်ပေါ်မှ ပြန့်ကျဲလာသည်။
“ဒါက ဆန်းကြယ်ရှင်ခြင်း ဝိညာဉ်သစ်သီးပဲ မဟုတ်လား”
“မမလေး ထန်၊ ဒီပစ္စည်းက အဖိုးတန်ပေမယ့် မင်း ပြောတာကြီးက ချဲ့ကားလွန်းမနေဘူးလား”
“မဆိုးပါဘူး၊ ငါ့မိသားစုက လူငယ်မျိုးဆက်တွေအတွက် ဝယ်သွားလို့ရတယ်”
... ၎င်းမှာ ဆန်းကြယ်ရှင်ခြင်း ဝိညာဉ်သစ်သီး ဖြစ်နေသည်ကို မြင်သောအခါ ထိုလူများ ချက်ချင်းပင် အနည်းငယ် စိတ်ပျက်သွားကြသည်။
အဘယ်ကြောင့်ဆိုသော် ၎င်းမှာ နိဗ္ဗာန်အဆင့် ၉ ရှိသူများကို ဆန်းကြယ်ရှင်ခြင်းအဆင့်သို့ ချိုးဖောက်ဝင်ရောက်ရန် ကူညီပေးနိုင်သော ရတနာတစ်ခုမျှသာ ဖြစ်သောကြောင့်ဖြစ်သည်။
သို့သော်လည်း ဤလေလံပွဲသို့ တက်ရောက်လာသော အရေးကြီး ပုဂ္ဂိုလ်အများစုမှာ ဆန်းကြယ်ရှင်ခြင်းအဆင့်ထက် ပိုမိုအစွမ်းထက်နေကြပြီဖြစ်သည်။
ထန်တုန်းလင်း - “အားလုံးပဲ၊ ကျေးဇူးပြုပြီး မလောကြပါနဲ့၊ ကျွန်မရဲ့ မိတ်ဆက်စကားကို အရင် နားထောင်ပါဦး၊”
“ဒါက သာမန် ဆန်းကြယ်ရှင်ခြင်း ဝိညာဉ်သစ်သီးသာဆိုရင် ကျွန်မတို့ ထျန်းရှန်း အဆောက်အအုံက လေလံစာရင်းမှာ သေချာပေါက် ထည့်သွင်းမှာမဟုတ်ပါဘူး”
“ပုံမှန် ဆန်းကြယ်ရှင်ခြင်း ဝိညာဉ်သစ်သီးတွေအတွက် ဆန်းကြယ်ရှင်ခြင်းအဆင့်ကို ချိုးဖောက်ဝင်ရောက်နိုင်တဲ့ အောင်မြင်မှုနှုန်းက ငါးဆယ်ရာခိုင်နှုန်းပဲ ရှိပါတယ်၊ ဒါပေမယ့် ဒီအစိမ်းရောင် ဆန်းကြယ်ရှင်ခြင်း ဝိညာဉ်သစ်သီး ဆယ်လုံးအတွက်တော့ ပိုင်ရှင်က ရှစ်ဆယ်ရာခိုင်နှုန်း အောင်မြင်မှုနှုန်းကို ပေးထားပါတယ်၊ ငါတို့ ထျန်းရှန်း အဆောက်အအုံက စမ်းသပ်ပြီးတဲ့အခါမှာ လူသုံးယောက် စားသုံးခဲ့ပြီး သုံးယောက်စလုံး အောင်မြင်သွားခဲ့ပါတယ်”
“အခြေခံကောင်းမွန်တဲ့ နိဗ္ဗာန်အဆင့် ၉ အစွမ်းထက်ပုဂ္ဂိုလ်တိုင်း ဒီအသီးကို စားသုံးလိုက်တာနဲ့ ဆန်းကြယ်ရှင်ခြင်းအဆင့်ကို သေချာပေါက် ချိုးဖောက်ဝင်ရောက်သွားမယ်လို့ အာမခံနိုင်ပါတယ်”
ထန်တုန်းလင်း စကားပြောအပြီးတွင် ပရိသတ်ကြီးမှာ ရုတ်ရုတ်သဲသဲ ဖြစ်နေကြပြီဖြစ်သည်။
“မဖြစ်နိုင်ဘူး၊ လုံးဝ မဖြစ်နိုင်ဘူး”
“ငါတို့ လင်းတိုင်တောင်ကြားမှာ ဆန်းကြယ်ရှင်ခြင်း ဝိညာဉ်သစ်ပင် ရှိတယ်၊ သူသီးတဲ့ အသီးတွေက ငါးဆယ်ရာခိုင်နှုန်းပဲ အခွင့်အရေး ရှိတာ၊ ဆန်းကြယ်ရှင်ခြင်း ဝိညာဉ်သစ်သီးတွေက အမျိုးအစား ကွဲပြားတာတွေ ရှိသေးလို့လား”
“ဒီလို မှော်ဆန်တဲ့အသီးမျိုးအကြောင်း တစ်ခါမှ မကြားဖူးဘူး”
ဤဝိညာဉ်သစ်သီး၏ အကျိုးသက်ရောက်မှုက လူအများ၏ နားလည်မှုကို ချိုးဖျက်သွားခဲ့ပြီဖြစ်ကြောင်း ထင်ရှားလှသည်။
“ဒါက ကမ္ဘာသစ်ပင်ရဲ့ အသီးတွေ ဒီကမ္ဘာကို ပထမဆုံးအကြိမ် ထွက်ပေါ်လာတာပဲ၊ သူတို့က နားမလည်ကြသေးဘူး၊ ဒီတစ်ခါ ပြီးသွားရင် ပြန်ဝယ်ဖို့ ခက်သွားလိမ့်မယ်” ရွှမ်စုက ပြုံးကာ ပြောလိုက်သည်။
ရှေးဟောင်းကျောက်တိုင်ကမ္ဘာမှ ပါရမီရှင်များ တဖြည်းဖြည်း များပြားလာသောအခါ ထိုသို့သော အသီးများကို ရောင်းချရန် ထုတ်ထားတော့မည်မဟုတ်ပေ။
ထန်တုန်းလင်းက လက်တစ်ချက် ဝှေ့ယမ်းကာ အသိပေးလိုက်သည်။ “အားလုံးပဲ၊ ကျေးဇူးပြုပြီး တိတ်တိတ်နေပေးပါ၊ ငါတို့လည်း ဒီအသီးကို ပထမဆုံးအကြိမ် မြင်ဖူးတော့ အံ့ဩသွားခဲ့ရတယ်၊ တကယ်တော့ ပိုင်ရှင်ကသာ လေလံတင်ဖို့ မတောင်းဆိုဘူးဆိုရင် ငါတို့ ထျန်းရှန်း အဆောက်အအုံက ဒါတွေ အားလုံးကို ဝယ်ချင်နေတာ”
“ပြီးတော့ ဒါက အစပဲ ရှိပါသေးတယ်၊ နောက်ထပ်လာမှာတွေ အများကြီး ရှိသေးတယ်”
“အားလုံးပဲ၊ အသီးရဲ့ အကျိုးသက်ရောက်မှုတွေနဲ့ ပတ်သက်ပြီး သံသယဝင်နေစရာ မလိုပါဘူး၊ နှစ်ပေါင်းများစွာ ကြာပြီးနောက်မှာလည်း ငါတို့ ထျန်းရှန်း အဆောက်အအုံရဲ့ နာမည်ဂုဏ်သတင်းက အာမခံချက် ရှိနေတုန်းပါပဲ”
“လေလံပွဲကို အခု စတင်ပါပြီ၊ စတင်လေလံကြေးက ဆန်းကြယ်ယွမ်ဆေးလုံး သုံးသန်းပါ”
ထိုလူများက အသီး၏ အကျိုးသက်ရောက်မှုများနှင့် ပတ်သက်၍ သံသယများ ရှိနေဆဲဖြစ်သော်လည်း ထျန်းရှန်း အဆောက်အအုံ၏ နာမည်ဂုဏ်သတင်းကြောင့် လူအများအပြားက ယုံကြည်ရန် ရွေးချယ်ခဲ့ကြသည်။
“သုံးသန်းခွဲ”
မကြာမီ တစ်စုံတစ်ယောက်က လေလံဆွဲလိုက်သည်။
“သုံးသန်း ရှစ်သိန်း”
... “လေးသန်း”
ပထမတစ်လုံး၏ စျေးနှုန်းမှာ လေးသန်း ဖြစ်သည်။
အသီးဆယ်လုံးမှာ လျင်မြန်စွာ လေလံဆွဲပြီးသွားပြီး စျေးနှုန်းများအားလုံးမှာလည်း လေးသန်းဝန်းကျင်တွင် ရှိနေသည်။
ထျန်းရှန်း အဆောက်အအုံက ပေးခဲ့သော စျေးနှုန်းထက် အနည်းငယ် မြင့်မားနေသည်။
မည်သို့ပင်ဆိုစေ ၎င်းတို့မှာ အဆင့်နိမ့် အသီးများသာ ဖြစ်သည်။ ထိုနေရာတွင် ရှိနေသူတိုင်းမှာ ဆန်းကြယ်ရှင်ခြင်းအဆင့်အထက် အစွမ်းထက် ကျင့်ကြံသူများ ဖြစ်ကြသဖြင့် သူတို့၏ စိတ်ဝင်စားမှုမှာ သိပ်မမြင့်မားလှပေ။
သူတို့၏ မိသားစုများမှ အရေးကြီးသော လူငယ်မျိုးဆက်များအတွက် အဓိကထား ဝယ်ယူခဲ့ကြခြင်း ဖြစ်သည်။
ထို့နောက် ထန်တုန်းလင်းက ဒုတိယ ဗန်းကို ဖွင့်လိုက်ရာ ပတ္တမြားတစ်လုံးပမာ ကြွယ်ဝသော အနီရောင် အလင်းတန်းတစ်ခု ချက်ချင်း ထွက်ပေါ်လာသည်။
သူမက ပြုံးကာ ပြောလိုက်သည်။ “ဒါက ဆန်းကြယ်ရှင်ခြင်း ဝိညာဉ်သစ်သီးပဲ ဖြစ်ပါတယ်၊ ဒါပေမယ့် သူ့ရဲ့ အကျိုးသက်ရောက်မှုက ခုနက အစိမ်းရောင် အသီးထက် ပိုကောင်းပါတယ်၊ သူက ဆန်းကြယ်ရှင်ခြင်းအဆင့် အစောပိုင်းမှာ ရှိတဲ့ အစွမ်းထက်ပုဂ္ဂိုလ်တွေကို ဆန်းကြယ်ရှင်ခြင်းအဆင့် အစောပိုင်း အထွတ်အထိပ်ကို ချိုးဖောက်ဝင်ရောက်နိုင်အောင် ကူညီပေးနိုင်ပါတယ်”
“ပိုင်ရှင်က ခြောက်ဆယ်ရာခိုင်နှုန်း အောင်မြင်မှုနှုန်းကို ပေးထားပေမယ့် ငါတို့ ထျန်းရှန်း အဆောက်အအုံက သုံးလုံး စမ်းသပ်ကြည့်တဲ့အခါမှာ သုံးလုံးစလုံး အောင်မြင်သွားခဲ့ပါတယ်”
“မဖြစ်နိုင်ဘူး၊ လုံးဝ မဖြစ်နိုင်ဘူး”
လင်းတိုင်တောင်ကြားမှ လူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏အသံက လေလံရုံ တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။
“အကြီးအကဲ၊ ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ”
“အနီရောင် ဆန်းကြယ်ရှင်ခြင်း ဝိညာဉ်သစ်သီးရဲ့ အကျိုးသက်ရောက်မှုတွေကို လူအများအပြား ယုံကြည်ဖို့ ခက်ခဲကောင်း ခက်ခဲပါလိမ့်မယ်၊ ဒါပေမယ့် လောကကြီးက ကျယ်ပြောပြီး အံ့သြဖွယ်ရာတွေနဲ့ ပြည့်နှက်နေပါတယ်၊ ငါတို့ မမြင်ဖူးတာနဲ့ မရှိဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး”
“စတင်လေလံကြေးက ငါးသန်းပါ”
ထန်တုန်းလင်းက အေးအေးဆေးဆေး ပြောလိုက်သည်။
“ခြောက်သန်း”
တစ်စုံတစ်ယောက်က ချက်ချင်း စတင် လေလံဆွဲလိုက်သည်။
ဤနေရာရှိ လူအများအပြားမှာ ဆန်းကြယ်ရှင်ခြင်းအဆင့် အစောပိုင်းတွင် ရပ်တန့်နေခဲ့ကြသည်။ အကယ်၍ သူတို့သာ ဤအသီးတစ်လုံးကို ရရှိပါက သူတို့သည် နောက်ထပ် အဆင့်တစ်ဆင့်သို့ တက်လှမ်းနိုင်မည် ဖြစ်သည်။
‘ငွေရှာဖို့ ကြိုးစားရုန်းကန်နေရတာက ဘာအဓိပ္ပာယ်ရှိလို့လဲ၊ ပိုပြီး အစွမ်းထက်လာဖို့ မဟုတ်ဘူးလား'
‘အခုက အခွင့်အရေးပဲ'
လေလံဆွဲမှုမှာ ပြင်းထန်လာပြီး မျက်စိတစ်မှိတ်အတွင်း ရှစ်သန်းအထိ ရောက်ရှိသွားသည်။
နောက်ဆုံးတွင် ကိုးသန်းဖြင့် ရောင်းချလိုက်ရသည်။
နောက်ထပ် အသီးအနည်းငယ်မှာလည်း ကိုးသန်းအထက်ကို ကျော်လွန်သွားခဲ့သည်။
ထန်တုံန်းလင်းက တတိယ ဗန်းကို ဆက်လက် မိတ်ဆက်ပေးလိုက်သည်။ ရွှေရောင် ဆန်းကြယ်ရှင်ခြင်း ဝိညာဉ်သစ်သီး ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ၎င်း၏ မွှေးကြိုင်သောရနံ့က နေရာတစ်ခုလုံးသို့ ချက်ချင်း ပြန့်နှံ့သွားလေသည်။
အဆင့်မြင့် ဆန်းကြယ်ရှင်ခြင်း ဝိညာဉ်သစ်သီးများတွင် အလွန်ကြွယ်ဝသော တာအို၏ဆွဲဆောင်မှု ပါဝင်နေပြီဖြစ်သည်။ ၎င်းတို့၏ ရနံ့ကို ရှူရှိုက်လိုက်ရုံဖြင့်ပင် လူအများကို နားလည်သဘောပေါက်မှုများ ပေးစွမ်းနိုင်ပြီး သူတို့၏ ခန္ဓာကိုယ်များအတွင်းရှိ ဆန်းကြယ်ရှင်ခြင်း စွမ်းအားများကို မြှင့်တင်ပေးနိုင်သည်။
ထန်တုံးလင်း - “အရင်က ပြောခဲ့သလိုပဲ၊ ဒါက ဆန်းကြယ်ရှင်ခြင်း ဝိညာဉ်သစ်သီး ဖြစ်နေတုန်းပါပဲ၊ ဒါပေမယ့် သူ့ရဲ့ အကျိုးသက်ရောက်မှုက ပိုပြီးတော့တောင် အံ့မခန်း ဖြစ်လွန်းတယ်”
“သူက ဆန်းကြယ်ရှင်ခြင်းအဆင့် အထွတ်အထိပ်မှာရှိတဲ့ အစွမ်းထက်ပုဂ္ဂိုလ်တွေကို ဆန်းကြယ်ရှင်ခြင်းအဆင့် မဟာပြည့်စုံခြင်းအဆင့်အထိ ချိုးဖောက်ဝင်ရောက်နိုင်အောင် ကူညီပေးနိုင်ပါတယ်၊ ပိုင်ရှင်က အောင်မြင်မှုနှုန်း သုံးဆယ်ရာခိုင်နှုန်းပဲ ရှိတယ်လို့ ပြောထားပါတယ်”
အခန်း (၃၇၄) - ကြီးမားသော အကျိုးအမြတ် ဝါးမျိုခြင်းအလောင်းကောင်(၂)
“တကယ်တော့ ပိုင်ရှင်က အရမ်းကို သတိထားလွန်းနေတာပါ”
“ငါတို့ ထျန်းရှန်းအဆောက်အအုံက သုံးလုံး အသုံးပြုခဲ့ပြီး နှစ်ယောက်က အောင်မြင်စွာ ချိုးဖောက်ဝင်ရောက်သွားပါတယ်”
“ထပ်ပြောရရင် အောင်မြင်စွာ ချိုးဖောက်မဝင်ရောက်နိုင်ရင်တောင်မှ အကျိုးကျေးဇူးတွေ ရရှိနိုင်သေးပြီး နောက်တစ်ခါ ချိုးဖောက်ဝင်ရောက်မယ့် အောင်မြင်မှုနှုန်းကို တိုးစေနိုင်ပါတယ်၊ တကယ်တော့ မအောင်မြင်ခဲ့တဲ့ သူတစ်ယောက်က မနေ့ကတင် နောက်ထပ် ရွှေရောင် ဆန်းကြယ်ရှင်ခြင်း ဝိညာဉ်သစ်သီး တစ်လုံးနဲ့ ဆန်းကြယ်ရှင်ခြင်းအဆင့် မဟာပြည့်စုံခြင်းအဆင့်ကို အောင်မြင်စွာ ချိုးဖောက်ဝင်ရောက်သွားခဲ့ပါတယ်”
“တခြားစကားနဲ့ ပြောရရင် ပထမအကြိမ် အသုံးပြုမှုမှာ သုံးဆယ်ရာခိုင်နှုန်းကျော် အခွင့်အရေး ရှိပြီး ဒုတိယအကြိမ်မှာတော့ ဒီအခွင့်အရေးက ပိုပြီး မြင့်တက်လာပါလိမ့်မယ်”
“အခြေခံအားဖြင့် အခြေခံအုတ်မြစ် ခိုင်မာနေသရွေ့ အများဆုံး ရွှေရောင် ဆန်းကြယ်ရှင်ခြင်း ဝိညာဉ်သစ်သီး နှစ်လုံးက တည်ငြိမ်တဲ့ ချိုးဖောက်ဝင်ရောက်မှုကို အာမခံပေးနိုင်ပါတယ်”
“ဆက်လက်ပြီးတော့ အရင်က ဆန်းကြယ်ရှင်ခြင်းအဆင့် မဟာပြည့်စုံခြင်းအဆင့်ကို ချိုးဖောက်ဝင်ရောက်သွားခဲ့တဲ့ လူသုံးယောက်ကို ဖိတ်ခေါ်ချင်ပါတယ်၊ သူတို့ သုံးယောက်စလုံးက ကျွန်မတို့ ထျန်းရှန်း အဆောက်အအုံရဲ့ စီမံခန့်ခွဲသူတွေ ဖြစ်ပြီး လူကြီးမင်းတို့ထဲက အများအပြားက သူတို့ကို သိကြမယ်လို့ ယုံကြည်ပါတယ်”
ထန်တုန်းလင်း စကားပြောနေစဉ် သက်လတ်ပိုင်း အမျိုးသား သုံးဦး စင်နောက်ဘက်မှ စင်မြင့်ပေါ်သို့ လျှောက်လာကြသည်။ သူတို့သည် စင်မြင့်ပေါ်သို့ ရောက်လာပြီး ဆန်းကြယ်ရှင်ခြင်းအဆင့် မဟာပြည့်စုံခြင်းအဆင့်တွင် ရှိသော သူတို့၏စွမ်းအားများကို ပြသလိုက်ကြသည်။
“ထန်ကျန်းပဲ၊ အရင်က သူ့စွမ်းအားက ငါနဲ့အတူတူပဲ၊ နှစ်ယောက်စလုံး ဆန်းကြယ်ရှင်ခြင်းအဆင့် အထွတ်အထိပ်မှာ ရှိခဲ့တာ၊ လွန်ခဲ့တဲ့ ဆယ်ရက်က သူ့ကို ငါ တွေ့သေးတယ်၊ အဲဒီတုန်းက သူ အဆင့်မတက်သေးဘူး၊”
“နျိုပန်၊ ချန်ဝူ၊ သူတို့လည်း အဆင့်တက်သွားတာပဲ”
“ဒါက အရမ်းကို ယုံကြည်နိုင်စရာမရှိဘူး၊ ရုတ်တရက် ဆန်းကြယ်ရှင်ခြင်းအဆင့် မဟာပြည့်စုံခြင်းအဆင့်က အစွမ်းထက်ပုဂ္ဂိုလ် သုံးယောက် ထပ်တိုးလာတယ်”
“ဒီအသီးက အရမ်းကို အံ့မခန်းပဲ၊ ငါ တစ်လုံးတော့ လေလံဆွဲရမယ်”
ထိုသုံးဦး၏ ပေါ်ထွက်လာမှုက နေရာတစ်ခုလုံး၏လေထုကို ချက်ချင်း ဆွပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။
ဤသုံးဦးစလုံးမှာ ထျန်းရှန်း အဆောက်အအုံမှ ရင်းနှီးပြီးသား မျက်နှာများဖြစ်ကြပြီး လူအများစုက သူတို့၏ စွမ်းအားကို သိရှိကြသည်။
ချိုးဖောက်ဝင်ရောက်မှု တစ်ခုက အငြင်းပွားဖွယ်ရာ ဖြစ်နိုင်သော်လည်း ယခုအခါ သုံးဦးလုံး အဆင့်တက်သွားပြီဖြစ်ရာ ထပ်ပြောစရာ မလိုတော့ပေ။
လူအများအပြား၏ အသက်ရှူသံများ မြန်ဆန်လာသည်။ သူတို့၏ စွမ်းအားနှင့် အဆင့်အတန်းကို ခုန်ပျံကျော်လွှားနိုင်စေမည့် ဤကဲ့သို့သော ရတနာမျိုးက သူတို့၏ယှဉ်ပြိုင်လိုစိတ်ကို နှိုးဆွပေးနေပြီဖြစ်သည်။
“ထျန်းရှန်းအဆောက်အအုံရဲ့ ဒီတစ်ခါကြော်ငြာမှုက သေချာ လုပ်ထားတာပဲ” ဝူယွမ်က တိတ်တဆိတ် ချီးကျူးလိုက်သည်။
ရောက်ရှိနေသူများထဲတွင် ဆန်းကြယ်ရှင်ခြင်းအဆင့် အထွတ်အထိပ်ရှိ အစွမ်းထက်ပုဂ္ဂိုလ် အတော်များများ ရှိနေသည်။
ဆန်းကြယ်ရှင်ခြင်းအဆင့် မဟာပြည့်စုံခြင်းအဆင့်မှာ အတားအဆီးတစ်ခုဖြစ်ပြီး လူအများအပြားက ထိုနေရာတွင် ပိတ်မိနေကြသည်။
မျိုးနွယ်စုကြီးငါးခု၏ လူငယ်မျိုးဆက်များထဲတွင် ရှန်ထူကျွယ် တစ်ဦးတည်းသာ ဆန်းကြယ်ရှင်ခြင်းအဆင့် မဟာပြည့်စုံခြင်းအဆင့်တွင် ရှိကြောင်း လူသိများပြီး ၎င်းက မည်မျှ ခက်ခဲကြောင်း ပြသနေသည်။
ထန်တုန်းလင်းက ကြေညာလိုက်သည်။ “စတင်လေလံကြေးက ဆန်းကြယ်ယွမ်ဆေးလုံး ရှစ်သန်းပါ”
မြင့်မားသောစျေးနှုန်းက နေရာတစ်ခုလုံးကို ထပ်မံ၍ ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။
သို့သော်လည်း ဆန်းကြယ်ရှင်ခြင်းအဆင့် မဟာပြည့်စုံခြင်းအဆင့်သည် အင်အားစုတစ်ခု၏ အထက်တန်းလွှာများကို လွှမ်းမိုးနိုင်စွမ်း ရှိနေပြီဖြစ်သည်။
ဆန်းကြယ်ရှင်ခြင်းအဆင့် မဟာပြည့်စုံခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး ထပ်တိုးလာရုံဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများနှင့် အမြတ်အစွန်းများမှာ တွက်ချက်၍ မရနိုင်ပေ။
“ဆယ်သန်း”
တစ်စုံတစ်ယောက်က ချက်ချင်း လေလံဆွဲလိုက်သည်။
စျေးနှုန်းက လျင်မြန်စွာ ထိုးတက်သွားပြီး အချိန်တိုအတွင်း ဆယ့်နှစ်သန်းသို့ ရောက်ရှိသွားသည်။
ဤစျေးနှုန်းမှာ ဆန်းကြယ်ရှင်ခြင်းအဆင့် မဟာပြည့်စုံခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်များစွာ၏ ဘဝတစ်ဝက်စာ စုဆောင်းထားသော ကြွယ်ဝချမ်းသာမှုများ ဖြစ်နေပြီဖြစ်သည်။
ရွှေရောင် ဆန်းကြယ်ရှင်ခြင်း ဝိညာဉ်သစ်သီး ဆယ်လုံးမှာ လျင်မြန်စွာ ရောင်းချလိုက်ရပြီး အနိမ့်ဆုံးစျေးမှာ ဆယ့်နှစ်သန်းနှင့် အမြင့်ဆုံးစျေးမှာ ဆယ့်ငါးသန်း ဖြစ်သည်။
နောက်ထပ် လာမည့် ကြီးကျယ်ခမ်းနားသော နောက်ဆုံးပစ္စည်းများသာ မရှိပါက လူအများအပြားက ပိုမိုဝယ်ယူလိုကြမည်မှာ သေချာသည်။
ဤဆန်းကြယ်ရှင်ခြင်း ဝိညာဉ်သစ်သီး အသုတ်ကို လေလံတင်ရောင်းချပြီးနောက် ဝူယွမ်သည် ဆန်းကြယ်ယွမ်ဆေးလုံး သန်းသုံးရာနီးပါး ရရှိခဲ့သည်။ ထျန်းရှန်း အဆောက်အအုံအား ပေးခဲ့သော အသုတ်နှင့် ပေါင်းလိုက်ပါက ဝူယွမ်တွင် ယခု သန်းငါးရာ လက်ဝယ်ရှိနေပြီဖြစ်သည်။
ကောင်းကင်သိုင်းပညာ တစ်ခုတည်းက ငါးသန်းသာ ကျသင့်သည်။
ဝူယွမ်သည် ယခု သူလိုချင်သမျှကို လွတ်လပ်စွာ ဝယ်ယူနိုင်ပြီဖြစ်သည်။
လေလံပွဲမှာ ဆက်လက်ကျင်းပနေပြီး လေလံတင်မည့် ပစ္စည်းများက အဆုံးအစမရှိ ထွက်ပေါ်လာကာ တကယ်ကို စုံလင်လှသည်။ သိုင်းပညာများ၊ ဝိညာဉ်ရတနာများ၊ ဝိညာဉ်ရေးရာ ပစ္စည်းများနှင့် အခြားအရာများ အားလုံးနီးပါး ရရှိနိုင်သည်။
ပြီးတော့ အားလုံးက ပစ္စည်းကောင်းတွေချည်းပင်။ သိုင်းပညာများက ကောင်းကင်သိုင်းပညာကနေ စတင်ပြီး ဝိညာဉ်ရတနာများက ကောင်းကင်အဆင့် ဝိညာဉ်ရတနာကနေ စတင်ကာ ဝိညာဉ်ရေးရာ ပစ္စည်းများ၊ ဝိညာဉ်ဆေးပင်များ၊ ဝိညာဉ်ဆေးလုံးများ အစရှိသည်များက အနည်းဆုံးတော့ ဆန်းကြယ်ရှင်ခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်များအတွက် အသုံးဝင်သည့် အရာတွေကြီးပင်။
စတင်လေလံကြေး တစ်သန်းအောက်လျော့နည်းသော ပစ္စည်းတစ်ခုမျှမရှိပေ။
ဝူယွမ်နှင့် ယင်းဟွမ်ဟွမ်တို့ အပြိုင်အဆိုင် လေလံဆွဲကြရာ မျက်စိတစ်မှိတ်အတွင်း လေလံပွဲ၏ပထမတစ်ဝက် ပြီးဆုံးသွားပြီး သူတို့ တစ်ခုမျှ လက်လွတ်မခံခဲ့ကြပေ။
ထိုအထဲတွင် ကောင်းကင်အဆင့် ဝိညာဉ်ရတနာ အများအပြား၊ ရှားပါးသော ဝိညာဉ်ဆေးပင်များ၊ ပင်လယ်ဘုရင် ဝိညာဉ်မြက်များ၊ အမည်မသိ ပင်လယ်မြေပုံများနှင့် အခြားအရာများ ပါဝင်သည်။
ခေတ္တအနားယူပြီးနောက် လေလံပွဲ၏ ဒုတိယတစ်ဝက်ကို စတင်လိုက်လေသည်။
လူအချို့က လေလံစင်မြင့်ပေါ်သို့ သလင်းကျောက် ခေါင်းတလားတစ်ခုကို သယ်ဆောင်လာကြသည်။
သလင်းကျောက် ပစ္စည်းအတွင်း၌ အမည်းရောင်ရှိသော ခြောက်သွေ့နေသည့် အလောင်းတစ်ခု ရှိနေသည်။
လူအများအပြားက စူးစမ်းလိုစိတ်ဖြင့် လှမ်းကြည့်လိုက်ကြသည်။
ဝူယွမ်က တစ်ကိုယ်လုံး အမည်းရောင်ဖြစ်နေသော အလောင်းကို စိုက်ကြည့်နေသည်။ ရုတ်တရက် သူ၏ နီဝမ်နယ်ပယ်အတွင်းရှိ ဝါးမျိုခြင်းရူန်းကလည်း ဤအချိန်တွင် စတင် တောက်ပလာသည်။
“ဒါ ဝါးမျိုခြင်း အလောင်းကောင်များလား” ဟွမ်၏အသံက ဝူယွမ်၏စိတ်ထဲတွင် ပေါ်လာခဲ့သည်။
“ငါ့ရဲ့ ဝါးမျိုခြင်းရူန်းက တုံ့ပြန်နေတာ အံ့ဩစရာမရှိပါဘူး”
“ဒါပေါ့၊ ဒီအရာက ဝါးမျိုခြင်းဘိုးဘေးအဆောင်ကနေ သန့်စင်ထားတာကိုး” ဟွမ်က အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။
“ငါ့ရဲ့ အာရုံခံနိုင်စွမ်းသာ မမှားဘူးဆိုရင် ဒါက ဟိုတုန်းက ဝါးမျိုခြင်းသခင်ကြီး သန့်စင်ခဲ့တဲ့ ဝါးမျိုခြင်းအလောင်းကောင် ဖြစ်ရမယ်”
“ဟိုတုန်းက ဝါးမျိုခြင်းသခင်ကြီးက ကောင်းကင်နဲ့ မြေကြီးထဲက ထူးဆန်းတဲ့ ပစ္စည်းတွေ အများကြီး စုဆောင်းပြီး ဝါးမျိုခြင်းအလောင်းကောင်သုံးခုကို သန့်စင်ခဲ့တယ်၊ နှစ်ခုက ကောင်းကင်နဲ့ မြေကြီး စစ်ပွဲကြီးအတွင်းမှာ ပျက်စီးသွားခဲ့တယ်၊ ငါတို့ရှေ့က တစ်ခုက ကံကောင်းထောက်မစွာနဲ့ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ တစ်ခု ဖြစ်လောက်တယ်၊ ကျစ်၊ မင်းရဲ့ ကံက တကယ်ကောင်းတာပဲ၊ ဒီအရာနဲ့ လာတွေ့တယ်”
“ဒီအရာက ဘယ်လောက်အစွမ်းထက်လဲ”
ဟွမ်က ရှင်းပြလိုက်သည်။ “သူ့ရဲ့ အထွတ်အထိပ်အချိန်တုန်းက ဝါးမျိုခြင်း အလောင်းကောင်တစ်ခုက ဗိုလ်ချုပ်အဆင့် ကမ္ဘာခြားနတ်ဆိုးတစ်ကောင်ကို ရင်ဆိုင်ဖို့ လုံလောက်တယ်၊ မင်းရဲ့ အဆင့်သတ်မှတ်ချက်အရဆိုရင် အဲဒါက ဝင်စားခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်နဲ့ ညီမျှတယ်”
“ထပ်ပြောရရင် ဝါးမျိုခြင်း အလောင်းကောင်က ဝါးမျိုခြင်းဘိုးဘေးအဆောင်ကနေ သန့်စင်ထားတာဖြစ်လို့ ဝါးမျိုခြင်းဘိုးဘေးအဆောင်ရဲ့ လက္ခဏာတချို့ကို ပိုင်ဆိုင်ထားတယ်၊ အဲဒါက ဝါးမျိုခြင်း စွမ်းအားပဲ၊ ဒါက သူ့ကို ဖော်ပြလို့မရနိုင်လောက်တဲ့ အကာအကွယ်စွမ်းအားကို ပေးစွမ်းနိုင်တယ်"
“ဟိုတုန်းက ဝါးမျိုခြင်းသခင်ကြီးကို ဘုရင်အဆင့် ကမ္ဘာခြားနတ်ဆိုး ငါးကောင်က ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြတယ်၊ သူ့ရဲ့ ဝါးမျိုခြင်းအလောင်းကောင် တစ်ခုက အဲဒီ ဘုရင်အဆင့် ကမ္ဘာခြားနတ်ဆိုး ငါးကောင်ရဲ့ အပြည့်အဝတိုက်ခိုက်မှုကို အကြိမ်ကြိမ် ခံနိုင်ရည်ရှိခဲ့ပြီးမှ ပျက်စီးသွားခဲ့တာ”
“အတိုင်းအတာတစ်ခုအထိ အစွမ်းထက်တဲ့ ဝင်စားခြင်းအဆင့် ပုဂ္ဂိုလ်တစ်ယောက်တောင်မှ အထွတ်အထိပ်အခြေအနေမှာရှိတဲ့ ဝါးမျိုခြင်း အလောင်းကောင်ကို မဖျက်ဆီးနိုင်ဘူး”
‘အကာအကွယ်က အားအကောင်းဆုံးပဲ၊ ဒီရုပ်သေးရုပ်က ကောင်းတယ်...’ ဝူယွမ် ထိုစကားကို ကြားပြီးနောက် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။
သူသည် အဆောင်ရုပ်သေးများ၊ သွေးဝိညာဉ်ရုပ်သေးများ၊ ဆေးဝိညာဉ်အလောင်းကောင်များနှင့် မိစ္ဆာအလောင်းကောင်များအထိ ရုပ်သေးရုပ် အတော်များများကို စုဆောင်းထားခဲ့ပြီးဖြစ်သည်။
ဤရုပ်သေးရုပ်များက သူ့ကို အများကြီး ကူညီပေးခဲ့သည်။
ယခု ဝါးမျိုခြင်းအလောင်းကောင်သည် ဝင်စားခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးနှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိနေသည်။
“ဒီဝါးမျိုခြင်း အလောင်းကောင်က ပြင်းပြင်းထန်ထန်ပျက်စီးနေပြီး သူ့ရဲ့ အထွတ်အထိပ် စွမ်းအားကို ပြန်ရဖို့ ခက်ခဲလိမ့်မယ်၊ ဒါပေမယ့် မင်းရဲ့ နည်းလမ်းတွေနဲ့ဆိုရင် မင်း ဒါကို ပြုပြင်နိုင်သင့်တယ်” ဟွမ်က စိတ်ချင်းဆက်သွယ်ကာ ပြောလိုက်သည်။
“ကမ္ဘာသစ်ပင်နဲ့ ဝါးမျိုခြင်းဘိုးဘေးအဆောင် ရှိနေရင် ပြုပြင်ဖို့က သေချာပေါက် ပြဿနာမရှိပါဘူး၊ အခု ငါ စဉ်းစားနေတာက ဒီအရာကို အမြောက်အမြား ထုတ်လုပ်နိုင်မလား ဆိုတာပဲ”
ဝူယွမ်၏ နှုတ်ခမ်းများက ဟွမ်နှင့် စကားပြောနေစဉ် အပေါ်သို့ ကွေးတက်သွားသည်။
“အမြောက်အမြား ထုတ်လုပ်မယ် ဟုတ်လား”
ဝူယွမ်၏ အကြံအစည်မှာ အနည်းငယ် ယုံကြည်နိုင်စရာမရှိဟု ခံစားရကာ ဟွမ် သီးသွားလေ၏။
‘ဟိုတုန်းက ဝါးမျိုခြင်းသခင်ကြီးကိုယ်တိုင်တောင် သုံးခုပဲသန့်စင်နိုင်ခဲ့တာ'
သို့သော်လည်း ဝူယွမ်၏ မှော်ဆန်သော နည်းလမ်းများစွာကို တွေးကြည့်လိုက်သောအခါ မဖြစ်နိုင်ဟု မထင်ရပေ။
“နောက်ထပ်ပြဿနာတစ်ခု ရှိသေးတယ်၊ ဒီဝါးမျိုခြင်း အလောင်းကောင်ကို ဝါးမျိုခြင်းဘိုးဘေးအဆောင် အသုံးပြုပြီး သန့်စင်ထားတာဆိုတော့ ဝါးမျိုခြင်းဘိုးဘေးအဆောင် ပိုင်ဆိုင်တဲ့သူတွေကပဲ ဒါကို ထိန်းချုပ်နိုင်တယ်၊ မင်း ဘယ်လောက်ပဲ ဖန်တီးဖန်တီး၊ မင်းနဲ့ လင်းတုန်ကလွဲရင် ဘယ်သူမှ ထိန်းချုပ်လို့မရဘူး၊ ပြီးတော့ မင်းတို့ အဖွဲ့နှစ်ဖွဲ့က ဝင်စားခြင်းအဆင့်နဲ့ ညီမျှနေပြီလေ၊ သူတို့ကို ထိန်းချုပ်ဖို့ အာရုံလွှဲလိုက်ရင် မင်းတို့ရဲ့ စွမ်းအားကိုတောင် ထိခိုက်စေနိုင်တယ်” ဟွမ်က ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်။
ဝူယွမ်က တုံ့ပြန်လိုက်သည်။ “ဒါက နည်းပညာပိုင်းဆိုင်ရာ ပြဿနာတစ်ခုပါ၊ ဒီဝါးမျိုခြင်း အလောင်းကောင်ကို ရပြီးမှ လေ့လာကြတာပေါ့”
သူသည် မူလရူန်းလျှို့ဝှက်ချက်၊ အစီအရင်များနှင့် ပစ္စည်းကိရိယာများအကြောင်း ကျယ်ပြန့်သော နားလည်မှုကို ပိုင်ဆိုင်ထားသည်။
ရူန်းသင်္ကေတများနှင့် အစီအရင်များ အများအပြား ရှိနေသဖြင့် ဝါးမျိုခြင်းဘိုးဘေးအဆောင်အတွက် အစားထိုးထိန်းချုပ်မည့် နည်းလမ်းတစ်ခုကို သူ ရှာတွေ့နိုင်သင့်သည်။
ဝူယွမ်က ဟွမ်နှင့် စကားပြောဆိုနေစဉ် လေလံစင်မြင့်ပေါ်တွင် ထန်တုံးလင်း၏ သွယ်လျသော ကျောက်စိမ်းလက်ချောင်းလေးက သလင်းကျောက် ခေါင်းတလားအတွင်းရှိ အမည်းရောင် ခြောက်သွေ့နေသော အလောင်းကို ညွှန်ပြကာ ညို့ဓာတ်ပြင်းစွာ ပြုံးလျက် ပြောလိုက်သည်။
“ဒါကို ရေနက်ပိုင်းကနေ တူးဖော်ရရှိခဲ့တာလို့ ပြောကြတယ်၊ အဲဒါက တိတိကျကျ ဘာလဲဆိုတာကို ကျွန်မ အသေးစိတ်အဖြေမပေးနိုင်ပေမယ့် ဒီခြောက်သွေ့နေတဲ့ အလောင်းက သာမန်မဟုတ်ဘူးလို့ အားလုံးကို ပြောပြနိုင်တယ်၊ ဘာလို့လဲဆိုတော့ ကျွန်မတို့ ထျန်းရှန်း အဆောက်အအုံက ဆန်းကြယ်သေခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်က သူ့ကို အစွမ်းကုန်တိုက်ခိုက်ခဲ့ဖူးပေမယ့် နောက်ဆုံးမှာ မဖျက်ဆီးနိုင်ခဲ့ဘူးလေ”