အခန်း (၃၇၇-၃၇၈)
Vol. 38 Ch. 377-378
အခန်း (၃၇၇) - ဝါးမျိုခြင်းအလောင်းကောင်ကို သန့်စင်ခြင်း(၁)
ထျန်းရှန်း အဆောက်အအုံတွင် အရောင်းအဝယ် ပြုလုပ်ပြီးနောက် ဝူယွမ်သည် သူ၏အာရုံကို မိစ္ဆာလေ လျှို့ဝှက်ဂူ အဖွဲ့ဆီသို့ ပြောင်းလဲလိုက်သည်။
ဝါးမျိုခြင်းအလောင်းကောင်၊ မိုးကြိုးဘိုးဘေးအဆောင်တို့နှင့် ဆက်စပ်နေသော ငွေရောင် စေတီလေးမှာ သူတို့ထံတွင် ရှိနေသဖြင့် ဝူယွမ်က သူတို့ကို လွတ်မြောက်ခွင့် ပေးမည်မဟုတ်သည်မှာ သေချာပေသည်။
သို့သော်လည်း ယခုအခါ ရှဲ့ယန်နှင့် မိစ္ဆာလေ လျှို့ဝှက်ဂူမှ အခြားသူများကို တိတ်တဆိတ် စောင့်ကြည့်နေသော အင်အားစု အတော်များများ ရှိနေသည်။
သေချာပေါက် ဝူယွမ်နှင့် သူ၏ အဖော်များကို စောင့်ကြည့်နေသော အစွမ်းထက် အင်အားစု အနည်းငယ်လည်း ရှိနေသေးသည်။
လေလံပွဲတွင် ဝူယွမ်သည် လေလံပစ္စည်းများ အားလုံးနီးပါးကို သိမ်းကြုံးဝယ်ယူခဲ့ပြီး သူ၏ ငွေကြေးအင်အားကို ဤမျှလောက် ကောင်းမွန်စွာ ပြသနိုင်သည့် အခြားအရာမရှိတော့ပေ။ ဝူယွမ်၏ထံတွင် ရတနာများစွာ ရှိနေသဖြင့် လိုချင်တပ်မက်နေသော အကြည့်များကို ဆွဲဆောင်မိမည်မှာ ရှောင်လွှဲ၍မရပေ။
ဝူယွမ်က ဤချောင်းမြောင်းကြည့်ရှုနေသော အကြည့်များကို သိပ်ပြီးဂရုမစိုက်ပေ။
တစ်ဖက်လူက သူ့ကို လာရောက်မလုယက်သရွေ့ အဆင်ပြေသည်။ သူတို့က သူ့ကို လာရောက်လုယက်ပါက သူတို့ကို ပြောင်သလင်းခါအောင် လုယက်ပစ်သည့်တိုင် သူ့ကို အပြစ်တင်၍ ရမည်မဟုတ်ပေ။
ဝူယွမ်၊ ရှောင်တျောင်း၊ လင်းတုန်၊ ပိုင်ယွမ်နှင့် ရှောင်ယန်တို့ ငါးဦးသည် ထျန်းရှန်း အဆောက်အအုံ၏ မြင့်မားသော ခေါင်မိုးပေါ်တွင် အတူတကွ ရပ်နေကြပြီး ကောင်းကင်ကုန်သည်မြို့တော် တစ်ခုလုံးကို အကဲခတ်နေကြသည်။
“မိစ္ဆာလေ လျှို့ဝှက်ဂူက လူတွေ လှုပ်ရှားနေပြီ၊ လူအများအပြားက သူတို့ကို စောင့်ကြည့်နေကြတယ်ဆိုတာ သိတော့ သူတို့လည်း စိုးရိမ်နေပုံရတယ်”
ဝူယွမ်၏ ဝိညာဉ်စွမ်းအင်က ထျန်းရှန်း အဆောက်အအုံ တည်ရှိရာ အတွင်းမြို့တော် တစ်ခုလုံးသို့ စိမ့်ဝင်ပျံ့နှံ့နေပြီး ထိပ်တန်းအင်အားစုများ အားလုံးကို စောင့်ကြည့်နေသည်။
မြို့တော်၏ အရပ်မျက်နှာအသီးသီးတွင် မိစ္ဆာလေ လျှို့ဝှက်ဂူကို အနီးကပ် စောင့်ကြည့်နေခဲ့သော အင်အားစုကြီးများကလည်း မိစ္ဆာလေ လျှို့ဝှက်ဂူမှ လူများနှင့်အတူ စတင်လှုပ်ရှားလာကြသည်။
“သူတို့ လူခွဲလိုက်ကြပြီ”
ရှောင်တျောင်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
မိစ္ဆာလေ လျှို့ဝှက်ဂူသည် သူတို့၏ လက်ရှိအကျပ်အတည်းကို ရှင်းလင်းစွာ နားလည်သဘောပေါက်ထားသဖြင့် သူတို့၏ အဖွဲ့ကို သုံးဖွဲ့ တိုက်ရိုက် ခွဲလိုက်ပြီး ကောင်းကင်ကုန်သည်မြို့တော်မှ လမ်းကြောင်းသုံးခုဖြင့် ထွက်ခွာသွားကြသည်။
“မလောပါနဲ့၊ ငါရော ဟွမ်ရော ရတနာတွေရဲ့ စွမ်းအင်လှိုင်း အချက်အလက်တွေကို သိထားပြီးသားပါ” ဝူယွမ်က ပြုံးကာ ပြောလိုက်သည်။
“တောင်ဘက်ကိုသွားတဲ့ အဖွဲ့မှာ ဝါးမျိုခြင်းအလောင်းကောင်ပါတယ်၊ ညီလေးနှစ်၊ ညီလေးသုံး၊ ညီလေးငါး၊ မင်းတို့နှစ်ယောက် သွားလိုက်ကြ၊ ညီလေးနှစ်၊ မင်းက ဝါးမျိုခြင်းဘိုးဘေးအဆောင်ကို သုံးပြီး ဝါးမျိုခြင်းအလောင်းကောင်ကို အာရုံခံနိုင်တယ်”
“ငွေရောင်စေတီလေးရဲ့ နေရာက မြို့တော်ရဲ့ မြောက်ဘက်ကို သွားနေတယ်” ဟွမ်၏အသံကလည်း ဤအချိန်တွင် ထွက်ပေါ်လာသည်။
“ငါနဲ့ ပိုင်ယွမ်က ငွေရောင်စေတီလေးနောက်ကို လိုက်မယ်”
ဝူယွမ်က ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။ လေလံပွဲအတွင်းကတည်းက သူတို့သည် ငွေရောင်စေတီလေး၏ စွမ်းအင်လှိုင်းများကို ပစ်မှတ်ထားပြီးသားဖြစ်ကြောင်းကို ရှဲ့ယန် တစ်ခါမှ ထင်မှတ်ထားမည် မဟုတ်ပေ။
သူ၏ လှည့်ကွက်များအားလုံးမှာ ဝူယွမ်၏အမြင်တွင် အသုံးမဝင်ပေ။
မိစ္ဆာလေ လျှို့ဝှက်ဂူကို စောင့်ကြည့်နေသော အခြားသူများမှာ လိုက်လံရန်အတွက် လမ်းကြောင်းတစ်ခုကိုသာ ရွေးချယ်နိုင်ကြသည်။
ဝူယွမ်က ပိုင်ယွမ်၏လက်ကို ဆွဲကာ လေထဲသို့ပျံတက်သွားပြီး မိစ္ဆာလေ လျှို့ဝှက်ဂူမှ လူများနောက်သို့ နောက်ပြောင်သော အကြည့်များဖြင့် လိုက်ပါသွားကြလေသည်။
... ကောင်းကင်ကုန်သည်မြို့တော်၏ အပြင်ဘက်တွင် လူရိပ်အနည်းငယ်က ခပ်နိမ့်နိမ့်မှ ဖြတ်သန်းပျံသန်းသွားကြသည်။ သူတို့၏ အရှိန်မှာ မမြန်ဆန်သော်လည်း တိတ်ဆိတ်နေပြီး သူတို့၏နောက်တွင် လေစီးကြောင်းများကိုပင် ပြန့်ကျဲသွားစေကာ တစ္ဆေများပမာ ဖြစ်နေကြသည်။
သူတို့အသုံးပြုသော လမ်းကြောင်းများမှာ လူသူကင်းမဲ့ပြီး သူတို့အားလုံးမှာ အမည်းရောင်ဝတ်ရုံများကို ဝတ်ဆင်ထားကာ ကောင်းကင်ကုန်သည်မြို့တော်မှ မိုင်ဆယ်ဂဏန်းကျော်အထိ တိတ်တဆိတ် ထွက်ခွာသွားကြသည်။
ဝူယွမ်နှင့် ပိုင်ယွမ်တို့သည် တိမ်တိုက်များထဲတွင် ပုန်းကွယ်နေကြ၏။ သူ၏ ဝိညာဉ်စွမ်းအင်က အောက်ဘက်ရှိ အမည်းရောင်ဝတ်လူရိပ်များကို တိကျစွာ ပစ်မှတ်ထားပြီးဖြစ်သည်။
သူတို့ထဲမှတစ်ဦးမှာ မရဏဘုရင်လေး ရှဲ့ယန် ဖြစ်ကြောင်း သေချာလှသည်။
သူနှင့်အတူ ပါလာသော လူအနည်းငယ်မှာ ဆန်းကြယ်ရှင်ခြင်းအဆင့် အစောပိုင်းနှင့် အလယ်အလတ်မှ အစွမ်းထက်ကျင့်ကြံသူများ ဖြစ်ကြသော်လည်း အစောပိုင်းက သူတို့နောက်မှ လိုက်ပါလာခဲ့သော ဆန်းကြယ်ရှင်ခြင်းအဆင့် မဟာပြည့်စုံခြင်းအဆင့် ကျင့်ကြံသူနှစ်ဦးမှာ သူ၏ဘေးတွင် မရှိတော့ပေ။
သူတို့သည် အခြားအဖွဲ့နှစ်ဖွဲ့ကို အကာအကွယ်အဖြစ် ဦးဆောင်သွားကြပြီဖြစ်ကြောင်း ထင်ရှားလှသည်။
သို့သော်လည်း မြို့ပြင်သို့ ရောက်ရှိပြီးနောက် လူတစ်ယောက် ထပ်မံပေါ်လာခဲ့သည်။ ထိုလူ၏ စွမ်းအားမှာ အလွန် အစွမ်းထက်ပြီး ဆန်းကြယ်သေခြင်းအဆင့်သို့ပင် ရောက်ရှိနေပြီဖြစ်သည်။
“ဒါက မိစ္ဆာလေ လျှို့ဝှက်ဂူရဲ့ ဒီတစ်ကြိမ် လှုပ်ရှားမှုအတွက် ယုံကြည်ချက် ဖြစ်ရမယ်”
လေထဲတွင် ဝူယွမ်က ခပ်ဖျော့ဖျော့ ပြုံးကာ ပြောလိုက်သည်။ စွမ်းအားမရှိဘဲနှင့် လေလံပစ္စည်းတစ်ခုကို အောင်မြင်စွာ ရယူနိုင်ခဲ့လျှင်တောင် ၎င်းကို ယူဆောင်သွားနိုင်မည် မဟုတ်ပေ။
မိစ္ဆာလေ လျှို့ဝှက်ဂူက ပြင်ဆင်ထားပြီးဖြစ်ကြောင်း ထင်ရှားလှသည်။
ဝူယွမ်အပြင် ရှဲ့ယန်နှင့် သူ၏အဖွဲ့နောက်သို့ လိုက်ပါလာသူ အများအပြား ရှိနေသေးပြီး ထိုအထဲမှ နှစ်ဦးကို ဝူယွမ်က အစောပိုင်း လေလံပွဲတွင် အထူး သတိထားမိခဲ့သည်။
ချန်ခွန်း လျှို့ဝှက်ဂူမှ ကျိုးချန်။
မာယာမိစ္ဆာဂိုဏ်းမှ ချန်ယင်း။
“ပုစဉ်းရင်ကွဲကိုဖမ်းဖို့ ပုစဉ်းကောင်က ချောင်းနေတယ်၊ ငါတို့က နောက်က ငှက်ဝါလေးပဲ လုပ်ကြတာပေါ့”
ဝူယွမ်နှင့် ပိုင်ယွမ်တို့သည် တိမ်တိုက်များပေါ်မှနေ၍ အေးအေးလူလူ စောင့်ကြည့်နေကြသည်။ နယ်နိမိတ် ရူန်းသင်္ကေတများဖြင့် စီစဉ်ထားသော ပုန်းကွယ်ခြင်း အစီအရင်ကြောင့် မည်သူမျှ သူတို့၏ တည်ရှိမှုကို မသိရှိနိုင်ပေ။
မူလစိတ်ဝိညာဉ် အလင်းပုံရိပ်တစ်ခုက ရှဲ့ယန်၏ အဖွဲ့အတွင်းသို့ ပစ်လွှတ်ဝင်ရောက်သွားသည်။
“လျှို့ဝှက်ဂူသခင်လေး၊ အစောင့်အရှောက်လျှိုနဲ့ သူ့အဖွဲ့ အတားအဆီး ခံလိုက်ရပြီ” ရှဲ့ယန်၏ဘေးရှိ လက်အောက်ငယ်သား တစ်ဦးက မူလစိတ်ဝိညာဉ် သတင်းစကားကို စစ်ဆေးပြီးနောက် အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။
“အင်း” ရှဲ့ယန်က ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး သူ၏မျက်လုံးများထဲတွင် မှုန်ကုပ်သော အရိပ်အယောင်များ တဖျပ်ဖျပ်လက်သွားကာ သူ၏ နောက်ကျောဘက်သို့ လှမ်းကြည့်ရင်း ကြမ်းတမ်းစွာ ပြောလိုက်သည်။
“ဒီကောင်တွေက ငါ့ရဲ့ မိစ္ဆာလေ လျှို့ဝှက်ဂူကိုတောင် အကြံအစည်လုပ်ရဲတယ်ပေါ့၊ အခုလောလောဆယ် သူတို့ကို လျစ်လျူရှုထားလိုက်၊ ထျန်းရှန်း ဒေသကနေ ထွက်သွားတာနဲ့ ငါတို့ကို လာကြိုမယ့်သူ ရှိလိမ့်မယ်၊ အဲဒီကျရင် ငါတို့ စိုးရိမ်စရာ မလိုတော့ဘူး”
သို့သော်လည်း ရှဲ့ယန် စကားအပြီးတွင် တောအုပ်ထဲမှ လူသန်ကြီး တစ်ဒါဇင်ခန့် ခုန်ထွက်လာကြသည်။
“ဟက်ဟက်၊ ညီလေး ရှဲ့ယန်၊ မင်းရဲ့ ကောင်းကင်ကို လှည့်စားတဲ့ လှည့်ကွက်က ကောင်းကောင်း အလုပ်ဖြစ်နိုင်ပေမယ့် သူ့ရဲ့ အကျိုးသက်ရောက်မှုက မင်း တွေးထားသလောက် မကောင်းဘူးထင်တယ်”
ရယ်သံတစ်ခု ထွက်ပေါ်လာပြီးနောက် ချန်ခွန်း လျှို့ဝှက်ဂူမှ ကျိုးချန်က ပထမဆုံး ပေါ်ထွက်လာကာ ရှဲ့ယန်နှင့် သူ့အဖွဲ့၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။
“ငါ့ရဲ့ တည်နေရာကို မင်းတို့ သိနိုင်တယ်ဆိုပေမယ့် မင်း တစ်ယောက်တည်းတော့ မလာသင့်ဘူး၊ မင်း တစ်ယောက်တည်းနဲ့ ငါ့လက်ထဲက အရာကို ယူနိုင်မယ်လို့ တကယ် ထင်နေတာလား” ရှဲ့ယန်က လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။
“ငါ တစ်ယောက်တည်း မဟုတ်တာ သေချာတာပေါ့” ကျိုးချန်က ပြုံးကာ ပြောလိုက်ပြီးနောက် သူ၏ အကြည့်များက မြောက်ဘက်ရှိ တောအုပ်ဆီသို့ လှည့်သွားကာ ပြောလိုက်သည်။
“ညီလေး ချန်ယင်း၊ မင်း ရောက်နေပြီဆိုမှတော့ အတူတူ ထွက်လာခဲ့ပါလား”
“ဟားဟား၊ မျှော်လင့်ထားတဲ့အတိုင်းပဲ၊ အစ်ကိုကြီး ကျိုးကို ငါ ဖုံးကွယ်ထားလို့ မရသေးပါဘူး” ကျိုးချန်၏ အသံ ဆုံးသွားသည်နှင့် တောအုပ်ထဲမှ ကျယ်လောင်သော ရယ်မောသံတစ်ခု ထွက်ပေါ်လာပြီးနောက် လူရိပ်အချို့ ထွက်ပေါ်လာသည်။
ခေါင်းဆောင်မှာ တခြားသူမဟုတ်၊ မာယာမိစ္ဆာဂိုဏ်းမှ ချန်ယင်းပင် ဖြစ်သည်။
ရှဲ့ယန်က ပေါ်လာသော ချန်ယင်းကို အနည်းငယ် မှုန်ကုပ်နေသော မျက်နှာထားဖြင့် ကြည့်ရင်း လှောင်ပြုံးပြုံးကာ မေးလိုက်သည်။ “မာယာမိစ္ဆာဂိုဏ်းက ချန်ခွန်း လျှို့ဝှက်ဂူနဲ့ ဘယ်တုန်းက ပူးပေါင်းသွားတာလဲ”
“ရတနာက တစ်ခုတည်းရှိတာ၊ မင်းကို ပေးလိုက်ရင်တောင် မင်းတို့ ဘယ်လိုခွဲကြမလဲ”
“ညီလေး ရှဲ့ယန်၊ ဒီလို သွေးခွဲတဲ့နည်းဗျူဟာတွေကို သုံးနေစရာ မလိုပါဘူး၊ ဘာပဲဖြစ်ဖြစ် မင်းလက်ထဲက ငွေရောင်စေတီလေးကို ငါတို့ အရင်ဆုံး ယူရမယ်၊ ပြီးမှ ခွဲဝေမှု ပြဿနာကို ဆွေးနွေးကြတာပေါ့”
ကျိုးချန်က ပြုံးကာ ပြောလိုက်ပြီး ရှဲ့ယန်ကို လုံးဝ ထောင့်ကျပ်မိနေပြီဖြစ်သည့်ဟန်ဖြင့် ကြည့်လိုက်သည်။
ရှဲ့ယန်နှင့်အတူပါလာသော ဆန်းကြယ်ရှင်ခြင်းအဆင့် မဟာပြည့်စုံခြင်းအဆင့် ကျင့်ကြံသူ နှစ်ဦးမှာ သူတို့၏ လူများကြောင့် အတားအဆီး ခံထားရပြီဖြစ်သည်။ ရှဲ့ယန်၏ ပတ်ဝန်းကျင်ရှိ လူများသက်သက်ဖြင့် သူတို့ကို ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။
“အစ်ကိုကြီး ကျိုးချန်၊ အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့တော့၊ သူတို့ကို အရင် ရှင်းလိုက်ကြစို့”
ချန်ယင်းက တိုက်ရိုက် တိုက်ခိုက်လိုက်ပြီး လက်သီးတစ်ချက်က ရှဲ့ယန်နှင့် သူ၏ အဖွဲ့ဆီသို့ တိုး၀င်သွားလေသည်။
“တိုက်ကြ”
ကျိုးချန်ကလည်း ပြတ်သားစွာဖြင့် သူ၏ လက်အောက်ငယ်သားများကို ဦးဆောင်ကာ ဝိုင်းဝန်းတိုက်ခိုက်လိုက်သည်။
“ဟွန်း၊ မင်းတို့ကို ငါစောင့်နေတာကြာပြီ” ရှဲ့ယန်၏ မျက်လုံးများထဲတွင် ရက်စက်မှု အရိပ်အယောင်တစ်ခု တဖျပ်ဖျပ်လက်သွားသည်။
လူတိုင်း၏တိုက်ခိုက်မှုများကို ရင်ဆိုင်ရသော်လည်း သူ လုံးဝ ထိတ်လန့်သွားခြင်းမရှိပေ။
ဤအချိန်တွင် သူ၏နောက်ကျောဘက်ရှိ အမည်းရောင်ဝတ်ရုံဖြင့် အပြည့်အဝ လွှမ်းခြုံထားသော လူရိပ်တစ်ခုက ရုတ်တရက် ဖြည်းညင်းစွာ ထွက်လာခဲ့သည်။
ခြောက်သွေ့နေသော လက်တစ်ဖက် ဆန့်ထွက်လာပြီး လက်ချောင်းထိပ်များတွင် အမည်းရောင်အလင်းတန်းများ လှိုင်းထနေကာ ဖမ်းဆုပ်လိုက်သည်။
အမည်းရောင် အလင်းတန်းများ ပြန့်ကျဲသွားပြီး အရပ်မျက်နှာအသီးသီးမှ လာနေသော တိုက်ခိုက်မှုများမှာ သူ့ကြောင့် အမှန်တကယ်ပင် တစ်စစီ ကြေမွပျက်စီးသွားလေသည်။
ထို့နောက် ချက်ချင်းပင် ထိုလူရိပ်က သူ၏ အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်ရာ အမည်းရောင် အလင်းလှိုင်း စက်ဝိုင်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး ကျိုးချန်နှင့် ချန်ယင်းတို့ဆီသို့ လျှပ်စီးလက်သလို လျင်မြန်စွာ ရိုက်ခတ်သွားလေသည်။
“သေခြင်းချီလား၊ ဆန်းကြယ်သေခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်လား၊း”
ရုတ်တရက် ပြောင်းလဲသွားမှုက ကျိုးချန်နှင့် ချန်ယင်းတို့၏ မျက်နှာအမူအရာများကို ချက်ချင်း ပြင်းပြင်းထန်ထန် ပြောင်းလဲသွားစေသည်။
သူတို့သည် လေထဲတွင် ခြေဖျားများ အကြိမ်ကြိမ် ထောက်ကာ သူတို့၏ ခန္ဓာကိုယ်များကို ဟန်ချက်ထိန်းရင်း အလျင်အမြန် နောက်ဆုတ်လိုက်ကြသည်။
အစွမ်းထက်သော သိုင်းပညာများကို ချက်ချင်း ထုတ်လွှတ်လိုက်ပြီး ပြန့်ကျဲလာသော အမည်းရောင်အလင်းလှိုင်းဆီသို့ ကြမ်းတမ်းစွာ ပစ်လွှတ်လိုက်ကြသည်။
အမည်းရောင် အလင်းလှိုင်း ဖြတ်သန်းသွားသော နေရာတိုင်းတွင် သူတို့နှစ်ဦး ထုတ်လွှတ်လိုက်သော အစွမ်းထက်သည့် တိုက်ခိုက်မှုများမှာ တစ်လက်မချင်းစီ ပြိုကျပျက်စီးသွားလေသည်။
“ဟူး... “
သူတို့နှစ်ဦး တိုက်ခိုက်မှု အကွာအဝေးမှ နောက်ဆုတ်သွားနိုင်ပြီးနောက် သက်ပြင်းတစ်ချက် ချလိုက်ကြကာ ဧရာမ သစ်ပင်ကြီးတစ်ပင်ပေါ်သို့ အနည်းငယ် ဖရိုဖရဲဖြင့် ဆင်းသက်လိုက်ကြပြီး အမည်းရောင် အရိပ်ကို လေးနက်သော မျက်နှာထားများဖြင့် ကြည့်လိုက်ကြသည်။
“လေးစားရတဲ့ လူကြီးမင်းက မိစ္ဆာလေ လျှို့ဝှက်ဂူက ဘယ်အကြီးအကဲလဲဆိုတာ မေးခွင့်ပြုပါ” ကျိုးချန်က အသံနိမ့်နိမ့်ဖြင့် မေးလိုက်သည်။
“မင်းတို့ကောင်တွေကို အခွင့်အရေး ပေးထားရက်နဲ့ အသုံးမချဘဲနဲ့ လှည့်စားဖို့ ကြိုးစားနေတယ်ပေါ့၊ ငါတို့ မိစ္ဆာလေ လျှို့ဝှက်ဂူက ဒါကို တရားဝင်နည်းလမ်းတွေနဲ့ ရယူခဲ့တာ၊ ဒါပေမယ့် မင်းတို့က တိုက်ရိုက်လုယူချင်နေတယ်၊ ငါတို့ မိစ္ဆာလေ လျှို့ဝှက်ဂူက အနိုင်ကျင့်ရ လွယ်တယ်လို့ မင်းတို့ ထင်နေတာလား”
အခန်း (၃၇၈) - ဝါးမျိုခြင်းအလောင်းကောင်ကို သန့်စင်ခြင်း(၂)
အမည်းရောင် လူရိပ်က သူ၏ ခေါင်းကို ဖြည်းညင်းစွာ မော့လိုက်ရာ အိုမင်းနေသော မျက်နှာတစ်ခု ပေါ်ထွက်လာသည်။
သူ၏မျက်နှာပေါ်တွင် အမည်းရောင် ကင်းမြီးကောက် တက်တူးတစ်ခု ရှိနေပြီး ထူးထူးခြားခြား ကြောက်မက်ဖွယ်ကောင်းလှသည်။
“မိစ္ဆာအိုကြီး မိုရှဲ၊”
ကျိုးချန်နှင့် ချန်ယင်းတို့သည် ဤလူကို မှတ်မိသွားသောအခါ သူတို့၏ မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။
မိစ္ဆာလေ လျှို့ဝှက်ဂူ၏ အကြီးအကဲ မိုရှဲ့၊ ဆန်းကြယ်သေခြင်းအဆင့် အစောပိုင်းတွင် ရှိသော အစွမ်းထက် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။
“ငါ့ကို မင်းတို့ သိနေမှတော့ ဘာလို့ ထွက်မသွားကြသေးတာလဲ” မိစ္ဆာအိုကြီး မိုရှဲ့က အေးစက်စွာ ပြောလိုက်သည်။
“သွားမယ်” ကျိုးချန်နှင့် ချန်ယင်းတို့က တုံ့ဆိုင်းမနေတော့ဘဲ သူတို့၏ လက်အောက်ငယ်သားများကို ခေါ်ကာ ထွက်ပြေးရန် ပြင်လိုက်ကြသည်။
“အာ၊ ဘယ်လောက်တောင် ပျင်းစရာကောင်းလိုက်သလဲ၊ သူတို့ ဘာလို့ ရန်ဖြစ်တာ ရပ်သွားကြတာလဲ” ရုတ်တရက် အသံတစ်သံ ကောင်းကင်ယံမှ ထွက်ပေါ်လာသည်။
ထို့နောက် ဝူယွမ်နှင့် ပိုင်ယွမ်တို့သည် နတ်ဖတ်သည့်စုံတွဲအလား လွင့်မျောဆင်းသက်လာကြသည်။
သူသည် နှစ်ဖက်စလုံး အားရပါးရ တိုက်ခိုက်ပြီးသည်အထိ စောင့်ဆိုင်းကာ ရှင်းလင်းရေးလုပ်ရန် အောက်သို့ ဆင်းလာရန် စီစဉ်ထားခဲ့ခြင်းဖြစ်သည်။
“ဝူယွမ်၊ မင်းက ငါတို့နောက်ကို လိုက်လာရဲသေးတယ်ပေါ့လေ”
ရှဲ့ယန် ဒေါသထွက်မသွားဘဲ အခွင့်အရေးတစ်ခုဟု ထင်ကာ ရယ်မောလိုက်သည်။
“မင်းက၊ ငါ မင်းတို့နောက်ကို လိုက်လာတာနဲ့ပဲ ဆန်းကြယ်သေခြင်းအဆင့် အစောပိုင်း အကြီးအကဲ တစ်ယောက်တည်းနဲ့ ငါ့ကို ရင်ဆိုင်နိုင်မယ်လို့ တကယ် ထင်နေတာလား”
ဝူယွမ်က မိစ္ဆာအိုကြီး မိုရှဲ့ကို ပြုံးကာ ကြည့်လိုက်သည်။ ဆန်းကြယ်သေခြင်းအဆင့် အစောပိုင်းဆိုသည်မှာ မည်သည့်နေရာတွင်မဆို ထိပ်တန်း အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်ခံရပြီး ဖြစ်သည်။
“အကြီးအကဲ မိုရှဲ့၊ ဒီကောင်က အရိုးအဘိုးအိုကို သတ်ခဲ့တဲ့ကောင်ပဲ၊ သူ့ကို ရှင်းပစ်ဖို့ ကျွန်တော့်ကို ကူညီပေးပါ” ရှဲ့ယန်က ဝူယွမ်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
“အမြဲတမ်း တိုက်ခိုက်သတ်ဖြတ်မနေပါနဲ့၊ ဘာအဓိပ္ပာယ်ရှိလို့လဲ၊ ပိုကောင်းတဲ့ ကမ္ဘာကြီးတစ်ခု တည်ဆောက်ဖို့ ငါတို့ အတူတကွ ပူးပေါင်းလုပ်ဆောင်သင့်တယ်၊ ဒီလိုလုပ်ကြတာပေါ့၊ မင်းတို့ အားလုံးလာပြီး ငါ့အတွက် အလုပ်လုပ်ကြ”
ဝူယွမ်က ရှဲ့ယန်ကို ကြည့်လိုက်ပြီးနောက် မထွက်သွားသေးဘဲ ပွဲကြည့်ချင်နေကြသော ကျိုးချန်နှင့် ချန်ယင်းတို့ကို လက်ညှိုးထိုးပြလိုက်သည်။
“ဒီကောင်လေးက ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ၊ သူ့အခြေအနေကို သူ နားမလည်ဘူးလား၊ သူက ဆန်းကြယ်ရှင်ခြင်းအဆင့် မဟာပြည့်စုံခြင်းအဆင့်လောက်လေးနဲ့ ဒီနေရာမှာ စကားပြောဖို့ သတ္တိတွေ ဘယ်ကရနေတာလဲ” ရှဲ့ယန်က တွေဝေစွာဖြင့် လှောင်ပြောင်လိုက်သည်။
ဝူယွမ်က အဘယ်ကြောင့် ဤမျှလောက် ယုံကြည်ချက်ရှိနေသည်ကို သူ နားမလည်နိုင်ပေ။
သို့သော်လည်း မကြာမီ သူ နားလည်သွားခဲ့သည်။
ဝူယွမ်သည် သူ၏ ရင်ဘတ်မှ ရှေးဟောင်းကျောက်တိုင်ငယ်လေးကို ဖြုတ်ကာ မြေကြီးပေါ်တွင် ချထားလိုက်ရာ ချက်ချင်းပင် ကျယ်ပြောလှသော စွမ်းအားတစ်ခု ပြန့်ကျဲသွားလေသည်။
တစ်ချိန်တည်းမှာပင် ဝူယွမ်က သူ၏ နတ်ဘုရားတောင်တန်း ခန္ဓာကိုယ်ကို အသက်သွင်းလိုက်ပြီး အစွမ်းထက်သော မြေဆွဲအားနယ်မြေတစ်ခု ဖြန့်ကျက်သွားလေသည်။
ရှေးဟောင်းကျောက်တိုင်၏ နယ်ပယ်နှင့် ပေါင်းစပ်လိုက်သောအခါ ရှဲ့ယန်၊ မိစ္ဆာအိုကြီး မိုရှဲ့၊ ကျိုးချန်နှင့် အခြားသူများအားလုံး ချက်ချင်းပင် မြေကြီးပေါ်တွင် ဒူးထောက်သွားကြပြီး တောင်တန်းများကို သူတို့၏ ကျောပေါ်တွင် သယ်ပိုးထားရသကဲ့သို့ ခံစားလိုက်ရကာ ခေါင်းပင် မမော့နိုင်တော့ပေ။
ဤတစ်ကြိမ်တွင် ဝူယွမ် လာရောက်ရခြင်း၏ ရည်ရွယ်ချက်မှာ ငွေရောင်စေတီလေးကို သိမ်းပိုက်ရန်သာ ဖြစ်ပြီး ဤလူများနှင့် ယှဉ်ပြိုင်ရန် သူ မပြင်ဆင်ထားခဲ့ပေ။
ယခုအခါ သူသည် မည်သို့ပင်ဆိုစေ နယ်မြေတစ်ခု၏ အရှင်သခင်ဖြစ်ပြီး ဤကဲ့သို့သော အသေးအဖွဲကိစ္စများအတွက် သတ်ဖြတ်ရန် မလိုအပ်ပေ။
အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးသည် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး၏ အမူအကျင့်နှင့် သဘောထားကြီးမှုမျိုး ရှိသင့်ပြီး သူ၏အမြင်ကို ဤအသေးအဖွဲ ပဋိပက္ခများတွင်သာ ကန့်သတ်မထားသင့်ပေ။
ထို့အပြင် ဤလူများသည် သူ၏စွမ်းအားကို မသိရှိကြသောကြောင့်သာ သူ့ကို စော်ကားမိခြင်း ဖြစ်သည်။
ယခု ဝူယွမ် ပြသလိုက်သော စွမ်းအားကို မြင်တွေ့ရသောအခါ ဤလူအနည်းငယ်မှာ ချက်ချင်းပင် အေးစက်သော ချွေးများဖြင့် ရွှဲနစ်သွားကြသည်။
ကျိုးချန်က ချက်ချင်းတောင်းဆိုလိုက်သည်။“စီနီယာ၊ ကျွန်တော့်အသက်ကို ချမ်းသာပေးပါ”
ချန်ယင်း - “စီနီယာ၊ ကျွန်တော့်အသက်ကို ချမ်းသာပေးပါ”
ရှဲ့ယန် - “စီနီယာ၊ ကျွန်တော့်အသက်ကို ချမ်းသာပေးပါ”
မိစ္ဆာအိုကြီး မိုရှဲ့ - “စီနီယာ၊ ကျွန်တော့်အသက်ကို ချမ်းသာပေးပါ”
လူတိုင်းက ဒူးထောက်ကာ သူတို့၏အသက်ကို ချမ်းသာပေးရန် တောင်းပန်နေကြသည်။ ဤအချိန်တွင် သူတို့ ခံစားရသည်မှာ ဝင်စားခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးနှင့် နှိုင်းယှဉ်နိုင်သော ဖိအားတစ်ခုဖြစ်သည်။
ဤသို့သော စွမ်းအားမျိုးက သူတို့အတွက် အတိုင်းအတာတစ်ခုအထိ လျှော့ချခံလိုက်ရသော တိုက်ခိုက်မှုတစ်ခုပင်။
ခုခံရန် လုံးဝ မလိုအပ်တော့ပေ။
ဤအချိန်တွင် သူတို့သည် ဝူယွမ်၏ စစ်မှန်သော မည်သူမည်ဝါဖြစ်ကြောင်းကို ခန့်မှန်းနေကြပြီဖြစ်သည်။
သူ၏ အပြင်ပန်း ဆန်းကြယ်ရှင်ခြင်းအဆင့် မဟာပြည့်စုံခြင်းအဆင့် စွမ်းအားမှာ သေချာပေါက် အတုဖြစ်ရမည်။
ဝူယွမ်သည် သူတို့ကို တုံ့ပြန်ရန် အလျင်မလိုပေ။ ယင်းအစား သူသည် ရှဲ့ယန်ထံမှ သိုလှောင်အိတ်ကို ယူကာ သူ၏ ဝိညာဉ်အမှတ်အသားကို အလွယ်တကူ ဖျက်ဆီးလိုက်ပြီး အတွင်းမှ ငွေရောင်စေတီလေးကို ရယူလိုက်သည်။
“စိတ်မပူပါနဲ့၊ မင်းတို့ကို ငါမသတ်ပါဘူး”
ဝူယွမ်က ခပ်ဖျော့ဖျော့ ပြောလိုက်သည်။
ကျင့်ကြံခြင်းက မလွယ်ကူပေ။ ဆန်းကြယ်ရှင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးနှင့် ဆန်းကြယ်သေခြင်းအဆင့် ကျင့်ကြံသူတစ်ဦးကို ပျိုးထောင်ရန်အတွက် အရင်းအမြစ် များစွာ ကုန်ကျသည်။
ဤလူများအားလုံးမှာ ဆန်းကြယ်ရှင်ခြင်းအဆင့်နှင့် အထက်တွင် ရှိကြသည်။ ထိုအထဲတွင် ရှဲ့ယန်၊ ကျိုးချန်နှင့် ချန်ယင်းတို့မှာ အလားအလာရှိသော ပါရမီရှင်များပင် ဖြစ်ကြသည်။
သူတို့ကို သတ်ဖြတ်ခြင်းက မလိုအပ်ဘဲ သူတို့ကို လွှတ်ပေးလိုက်ခြင်းကလည်း နှမြောစရာကောင်းပေလိမ့်မည်။
ဤလူများကို တိုက်ရိုက် ဖမ်းဆီးပြီး ရှေးဟောင်းကျောက်တိုင် ကမ္ဘာအတွင်းသို့ ထည့်သွင်းကာ ၎င်း၏တည်ဆောက်မှုတွင် ထွန်းတောက်ကာ ပါဝင်ကူညီစေရန် သူ စီစဉ်ထားသည်။
သူတို့ တဖြည်းဖြည်းအညံ့ခံလာပြီး သစ္စာရှိလာသောအခါ အနာဂတ်တွင် ကမ္ဘာခြားနတ်ဆိုးစစ်တပ် ဝင်ရောက်လာပါက ကမ္ဘာခြားနတ်ဆိုး စွမ်းအင်ဘက်ထရီအချို့ကို ဖမ်းဆီးရန် သူတို့ ကူညီပေးနိုင်သည်။
လေဟာနယ်တံခါးတစ်ခု ပေါ်လာပြီး ဟွမ်က ကမ္ဘာသစ်ပင် အကိုင်းအခက်တစ်ခုကို ထိန်းချုပ်ကာ လူအနည်းငယ်ကို ၎င်းအတွင်းသို့ တိုက်ရိုက် လွှဲယမ်းထည့်သွင်းလိုက်သည်။
“သူတို့ကို နှလုံးကြွေမီးတောက် မျှော်စင်ရဲ့ အောက်ဆုံးထပ်မှာ အရင်ပိတ်လှောင်ပြီး သူတို့ရဲ့ စိတ်ဓာတ်တွေကို ပြုစုပျိုးထောင်ပေးလိုက်၊ ပြီးမှ စကားပြောကြတာပေါ့” ဝူယွမ်က ဟွမ်ကို ပြောလိုက်သည်။
နှလုံးကြွေမီးတောက် မျှော်စင်သည် နှလုံးကြွေမီးတောက်ကို စွမ်းအင်အခြေခံအဖြစ် အသုံးပြုကာ ဝူယွမ် တည်ဆောက်ထားသော ကျင့်ကြံခြင်း စေတီတစ်ခု ဖြစ်သည်။
နှလုံးကြွေမီးတောက် ကိုယ်တိုင်က ယွမ်စွမ်းအင် ကျင့်ကြံခြင်းကို အရှိန်မြှင့်တင်ပေးနိုင်သည့် အကျိုးသက်ရောက်မှု ရှိသော်လည်း ၎င်းတွင် စိတ်ဓာတ်ကို ပြုစုပျိုးထောင်ပေးသည့် လုပ်ဆောင်ချက်လည်း ရှိသည်။
ဤမသိရှိနိုင်သော အခြေအနေများအောက်တွင် ပိတ်လှောင်ခံရပါက ရှဲ့ယန်နှင့် အခြားသူများမှာ သေချာပေါက် တည်ငြိမ်နိုင်မည်မဟုတ်ဘဲ ၎င်းက သူတို့အတွက် ညှဉ်းပန်းနှိပ်စက်မှုတစ်ခု ဖြစ်လာပေလိမ့်မည်။
သို့သော်လည်း အကျိုးကျေးဇူး မရှိသည်တော့ မဟုတ်ပေ။
‘ရူးသွပ်မှု မရှိရင် ဘဝ မရှိဘူး'
ရက်အနည်းငယ်အကြာတွင် ညှဉ်းပန်းနှိပ်စက်မှုအချို့ကို တွေ့ကြုံပြီးနောက် လူအနည်းငယ်၏ စရိုက်လက္ခဏာမှာ သေချာပေါက် ပိုမိုခိုင်မာလာမည်ဖြစ်ပြီး သူတို့၏ ကျင့်ကြံမှုမှာလည်း တိုးတက်လာမည်ဖြစ်သည်။
ဤသို့သော အတက်အကျများအပြီးတွင် ဝူယွမ်အပေါ် သူတို့၏ကြောက်ရွံ့မှုနှင့် ပေါင်းစပ်လိုက်သောအခါ သေချာပေါက်သေရမည်ဟု ထင်မှတ်ထားသော အခြေအနေတစ်ခုမှ အကျိုးကျေးဇူးများ ရရှိခဲ့သဖြင့် သူတို့သည် ဝူယွမ်ကို အမှန်တကယ်ပင် ကျေးဇူးတင်ကြပေလိမ့်မည်။
သို့သော်လည်း သူတို့ ကျေးဇူးတင်သည်ဖြစ်စေ၊ မတင်သည်ဖြစ်စေ ဝူယွမ်က ဂရုမစိုက်ပေ။ မည်သို့ပင်ဆိုစေ သူက သူတို့ကို အငှားလူမိုက်များအဖြစ်သာ အသုံးပြုနေခြင်းဖြစ်သည်။
ဤနေရာတွင် ပြီးစီးသွားပြီးနောက် လင်းတုန်နှင့် ရှောင်တျောင်းတို့လည်း ပြီးစီးသွားကာ ဝါးမျိုခြင်းအလောင်းကောင်ကို အောင်မြင်စွာ ရရှိသွားခဲ့ကြသည်။
တိတ်ဆိတ်ပြီး လူသူကင်းမဲ့သော နေရာတစ်ခုကို ရှာဖွေကာ ဝူယွမ်နှင့် သူ၏ အဖော်များသည် ရှေးဟောင်းကျောက်တိုင်ကမ္ဘာအတွင်းသို့ ဝင်ရောက်သွားကြသည်။
ရှေးဟောင်းကျောက်တိုင်ကမ္ဘာအတွင်းသို့ ရောက်ရှိသည်နှင့်တစ်ပြိုင်နက် ဝူယွမ်သည် ဝါးမျိုခြင်းအလောင်းကောင်ကို ချက်ချင်း စတင်လေ့လာလေတော့သည်။
ဟွမ်နှင့် ယန်တို့ ပေးအပ်ထားသော အချက်အလက်များအရ ဝါးမျိုခြင်း အလောင်းကောင်ကို ထိန်းချုပ်ရန်မှာ မခက်ခဲပေ။
ဝါးမျိုခြင်းဘိုးဘေးအဆောင်၏ ထူးခြားသော ဝါးမျိုခြင်းစွမ်းအားကို လည်ပတ်စေပြီး မိမိ၏ ဝိညာဉ်စွမ်းအင်ကို ပေါင်းစပ်ကာ ဝါးမျိုခြင်းအလောင်းကောင်၏ ဦးခေါင်းအတွင်း၌ ဝါးမျိုခြင်း အမှတ်အသားတစ်ခုကို စုစည်းပေးရန်သာ လိုအပ်သည်။
ဝူယွမ်သည် သလင်းကျောက်ခေါင်းတလားအတွင်းမှ ဝါးမျိုခြင်းအလောင်းကောင်ကို ထုတ်ယူလိုက်သည်။
သူက ခြောက်သွေ့နေသော အလောင်းကောင်ကို သေချာ အကဲခတ်ကြည့်လိုက်သည်။
မည်းနက်ခြောက်သွေ့နေသော ခန္ဓာကိုယ်ပေါ်တွင် လက်သည်းရာများနှင့်တူသော အမှတ်အသားများ ဖုံးလွှမ်းနေပြီး အထူးသဖြင့် ၎င်း၏နောက်ကျောဘက်တွင် လက်သီးဆုပ်အရွယ်အစားခန့်ရှိသော နက်ရှိုင်းသည့် အပေါက်ကြီးတစ်ခု ရှိနေခြင်းပင်။
၎င်းသည် လွန်ခဲ့သော အချိန်ကြာမြင့်စွာက အတော်လေး ကြေကွဲဖွယ်ကောင်းသော တိုက်ပွဲတစ်ခုကို တွေ့ကြုံခဲ့ရကြောင်း ထင်ရှားလှသည်။
ဝူယွမ်သည် သူ၏လက်ဖဝါးကို ဆန့်ထုတ်လိုက်ရာ ၎င်းပေါ်တွင် အမည်းရောင် အလင်းတန်းများ စုစည်းလာပြီးနောက် အလင်းဝန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ထို့နောက် သူက လက်ချောင်းဖြင့် ညွှန်ပြကာ ခြောက်သွေ့နေသော အလောင်းကောင်၏ ရင်ဘတ်ကို ညင်သာစွာ ထိတွေ့လိုက်သည်။
သူ၏လက်ချောင်းက ဝါးမျိုခြင်းအလောင်းကောင်၏ ခန္ဓာကိုယ်ကို ထိတွေ့သွားသည်နှင့်အမျှ အမည်းရောင် အလင်းပုံစံများက အလောင်းကောင်ထံမှ ပြန့်ကျဲထွက်ပေါ်လာပြီး သူ၏စွမ်းအားကို ဝါးမျိုပစ်နိုင်စွမ်းရှိသော ဝါးမျိုခြင်းစွမ်းအားများ ပါဝင်နေသည်။
သို့သော်လည်း ဤဝါးမျိုခြင်းစွမ်းအား အနည်းငယ်က ဝူယွမ်အတွက် မည်သည့်ခြိမ်းခြောက်မှုမျှ မဖြစ်စေပေ။
သူ၏ ဝါးမျိုခြင်းစွမ်းအားက အမည်းရောင် အလင်းပုံစံများကို အလွယ်တကူ ထိုးဖောက်ကာ အလောင်းကောင်၏ ခန္ဓာကိုယ်အတွင်းသို့ ပြေးဝင်သွားလေသည်။
၎င်း ပြေးဝင်သွားသည့်အချိန်တွင် ဝူယွမ်၏အမြင်အာရုံ ရုတ်တရက် ပြောင်းလဲသွားပြီးနောက် ကျယ်ပြောလှသော ကြယ်စင်ကောင်းကင်ကြီးတစ်ခု၏ နက်ရှိုင်းသောနေရာတွင် ရောက်ရှိနေသကဲ့သို့ သူ ခံစားလိုက်ရသည်။
“ဒါက ဝါးမျိုခြင်းအလောင်းကောင်အတွင်းမှာ ကျန်ရစ်နေတဲ့ ဝိညာဉ်ပုံရိပ်တစ်ခုပဲ” ဝူယွမ်က သူ၏ အာရုံများကို လျင်မြန်စွာ ပြန်လည်စုစည်းလိုက်သည်။
ဤကဲ့သို့သော ရှေးဟောင်း အလောင်းကောင်များပေါ်တွင် ဝိညာဉ်စွမ်းအင်လှိုင်းများကို အသက်သွင်းရန် လွယ်ကူပြီး အတိတ်က သမိုင်းဝင်မြင်ကွင်းများကို မြင်တွေ့ရလေ့ရှိသည်။
ဤအရာနှင့် ကြုံတွေ့ရခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်ပေ။
ဝိညာဉ်ပုံရိပ်အတွင်း၌ ဝူယွမ်သည် ကြယ်စင်ကောင်းကင်ကြီးတစ်ခုပေါ်တွင် ရပ်နေသည်။ ရုတ်တရက် တစ်စုံတစ်ရာကို သူ ခံစားလိုက်ရပြီး ရုတ်ခြည်းမော့ကြည့်လိုက်ရာ သူ၏ မျက်လုံးများ ချက်ချင်း ကျဉ်းမြောင်းသွားလေသည်။
သူ၏ ဦးခေါင်းအထက် အဝေးတွင်၊ နယ်ပယ်၏ အဆုံး၌ ပေတစ်သန်းနီးပါး ရှည်လျားသော ဧရာမ အမည်းရောင် အက်ကွဲကြောင်းကြီးတစ်ခု ပေါ်လာသည်ကို သူ မြင်တွေ့လိုက်ရသည်။
ထိုအက်ကွဲကြောင်းကြီးမှာ ကောင်းကင်ယံရှိ ချောက်ကမ်းပါးကြီးတစ်ခုပမာ ဖြစ်နေပြီး မည်းနက်နေသော အက်ကွဲကြောင်းအနက်ထဲမှ ဖော်ပြ၍မရနိုင်လောက်အောင် ဆိုးရွားသော အငွေ့အသက်တစ်ခု စိမ့်ဝင်ပျံ့နှံ့လာတော့သည်။