← Chapters

အခန်း (၉၃-၉၄)

Vol. 10 Ch. 93-94

အခန်း (၉၃-၉၄)

Vol. 10 Ch. 93-94

93

“အစ်ကို... အစ်ကို့မွေးရပ်မြေက တကယ်ကိုကောင်းတာပဲနော်၊ တောင်တွေကလည်း လှတယ်၊ ရေကလည်း ကြည်လင်နေတာပဲ၊ အဲဒီကိုသွားဖူးတဲ့ သူငယ်ချင်းတွေပြောတာက ရေပူစမ်းက အရမ်းကို သက်သောင့်သက်သာရှိတယ်တဲ့၊ လောကကြီးက သောကတွေအကုန်လုံး ပျောက်ကွယ်သွားသလိုပဲလို့ ပြောကြတယ်၊ အဲဒါကြောင့် ကျွန်တော်လည်း အရမ်းမျှော်လင့်နေမိတာ၊ ဒါနဲ့ ကျွန်တော်လည်း ခွင့်ရက်လေးအနိုင်နိုင်ယူပြီး ကစားဖို့လာခဲ့တာလေ၊ နွေရာသီဆိုတော့ ရေပူစမ်းမှာ လူနည်းမှာသေချာတယ်၊ အဲဒါကြောင့် တန်းစီစရာမလိုတော့ဘူးမဟုတ်လား”

ချူထျန်းလျန်က ကားသမား၏ လှပသော စိတ်ကူးယဉ်အိပ်မက်ကို ရိုက်ချိုးကာ ပြောလိုက်သည်။ “အာ... အဲဒီမှာက အမြဲတမ်း အလုပ်ရှုပ်နေတာ၊ လွန်ခဲ့တဲ့နှစ်ရက်လောက်ကတင် အမေ ပြောတာ ကြားလိုက်သေးတယ်၊ သူတို့ဆီမှာ လူမလောက်လို့ စားပွဲထိုးတွေ၊ သန့်ရှင်းရေးသမားတွေနဲ့ တခြားဝန်ထမ်းတွေ ခေါ်နေတယ်တဲ့”

သူတို့နှစ်ဦး ကားပေါ်တွင် ဟိုအကြောင်းဒီအကြောင်း ပြောဆိုလာခဲ့ကြပြီး၊ နှစ်နာရီအကြာတွင် လီရှန်းရွာသို့ ရောက်ရှိလာခဲ့သည်။ ချူထျန်းလျန်က စိတ်အားထက်သန်သော ကားသမားအစ်ကိုကြီးကို ကျေးဇူးတင်စကားဆိုကာ ခရီးဆောင်အိတ်ကိုဆွဲပြီး အိမ်သို့ ကမန်းကတန်း ပြန်လာခဲ့၏။

မိဘများ အိမ်တွင်မရှိသည်ကို တွေ့လိုက်ရသဖြင့်၊ သူက ခရီးဆောင်အိတ်ကိုချထားကာ အိမ်ကို သန့်ရှင်းရေးလုပ်ပြီး ဟင်းချက်ရန် အားတက်သရော စတင်ပြင်ဆင်တော့သည်။

ထိုသို့ဆိုလျှင် ညနေပိုင်း မိဘများ ပြန်လာသည့်အခါ ပူပူနွေးနွေး စားသောက်နိုင်မည် မဟုတ်လော သူက ယခုကဲ့သို့ အလိုက်တသိဟင်းချက်နေသည်ကို မိဘများ မြင်တွေ့သွားပါက၊ နောက်ပိုင်း သူ ဆိုင်ဖွင့်သည့်အခါ အနည်းငယ်ပံ့ပိုးကူညီပေးလိုစိတ် ရှိလာမည်ဟု သူ မျှော်လင့်နေသည်။

ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခု စတင်လိုသော လူငယ်တစ်ဦး၏ရည်မှန်းချက်က ဤသို့ အလိုက်တသိပြုမူနေထိုင်မှုများတွင် ပီပြင်စွာ ထင်ဟပ်နေသည်။

အဒေါ်ချူနှင့် ခင်ပွန်းဖြစ်သူတို့ ပြန်ရောက်လာသောအခါ စားပွဲပေါ်ရှိ ပူပူနွေးနွေးဟင်းပွဲများကို မြင်တွေ့ရသဖြင့် အံ့အားသင့်သွားကြ၏။ ‘ဒါတွေကို ဘယ်သူကများ ချက်ထားတာလဲ'

တံခါးဖွင့်သံကို ကြားသောအခါ ချူထျန်းလျန်သည် မီးဖိုချောင်ထဲမှထွက်လာခဲ့သည်။

သူက အေပရွန် ခါးစည်းကို ဝတ်ဆင်ထားဆဲဖြစ်ပြီး မိဘများကို ဖားယားပြုံးပြကာ ပြောလိုက်သည်။ “ကျွန်တော် စောစောပြန်ရောက်လာတာ၊ ဖေဖေတို့ မေမေတို့ အလုပ်ရှုပ်နေကြမယ်ထင်လို့ အိမ်ကို တံမြက်စည်းလှည်းပြီး ဟင်းချက်ထားလိုက်တာ၊ ဖေဖေတို့ ပြန်ရောက်လာတဲ့အချိန်နဲ့ကွက်တိပဲ”

သူ၏မိဘများမှာ တကယ်ကို ဤအကွက်ထဲသို့ဝင်သွားကြသည်။ ချူထျန်းလျန်၏ဖခင်က သားဖြစ်သူ၏ပခုံးကို သူ၏ ထူထဲသောလက်ဝါးကြီးဖြင့် ရိုက်ကာ ပြောလိုက်သည်။

“ထျန်းလျန်... မင်း အခု တော်တော်လေးလိမ္မာလာပြီပဲ၊ မိဘတွေကိုတောင် ဘယ်လိုဂရုစိုက်ရမလဲဆိုတာ သိနေပြီ၊ မင်း အိမ်မှာ နောက်ဆုံးဟင်းချက်ခဲ့တာ အလယ်တန်းကျောင်းတုန်းကမှန်း ငါမှတ်မိသေးတယ်၊ မင်းက ပျော်စရာကောင်းတယ်ထင်ပြီး အတင်းဟင်းချက်မယ်လို့ လုပ်ခဲ့တာ၊ ဒါပေမဲ့ မီးဖိုကိုတောင် မီးမွှေးတတ်ဘူးလေ”

ချူထျန်းလျန်က စိတ်ထဲမှ တွေးလိုက်မိ၏။ 'အိုကေပါ၊ အိုကေပါ၊ အဲဒီ အရှက်ကွဲစရာအတိတ်ကို ပြန်မပြောဘဲ နေလို့မရဘူးလား၊ ကျွန်တော် အဲဒီ ရှေးဟောင်းမီးဖိုတွေကို တကယ် မသုံးတတ်ခဲ့ပါဘူး၊ ကျေးလက်မှာ ကြီးပြင်းလာတယ်ဆိုပေမယ့် ငယ်ငယ်တုန်းက အဘိုးအဘွားတွေက ကျွန်တော့်ကို အလိုလိုက်ထားတာလေ၊ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း အပြင်မှာအလုပ်လုပ်တော့မှ ဟင်းချက်တတ်လာတာ၊ ကံကောင်းလို့ အခု အိမ်မှာ ဂက်စ်မီးဖိုကို သုံးနေလို့ပေါ့၊ အဲဒါတော့ ကျွန်တော်သုံးတတ်တယ်”

မိသားစုများ ထမင်းစားပွဲတွင်ထိုင်ကာ စားသောက်နေကြစဉ်၊ ချူထျန်းလျန်၏ ဆိုင်ဖွင့်မည့်အစီအစဉ်ကို မလွှဲမရှောင်သာ စတင်ဆွေးနွေးဖြစ်ကြ၏။ မိခင်ဖြစ်သူက ဟင်းတစ်ဖတ်ကိုယူရင်း မေးလိုက်သည်။

“သား သေချာစဉ်းစားပြီးပြီလား၊ နောက်မှ ပင်ပန်းလွန်းလို့ဆိုပြီး မလုပ်ချင်တော့ဘူးလို့ လာမပြောနဲ့နော်”

ချူထျန်းလျန်က ရင်ဘတ်ကိုပုတ်ကာ ပြန်ပြောလိုက်သည်။ “စိတ်မပူပါနဲ့ မေမေ၊ မေမေက သားကို အရမ်းအထင်သေးလွန်းနေပြီ၊ ငယ်ငယ်တုန်းက နည်းနည်းပျင်းခဲ့တာ မှန်ပေမယ့် အလုပ်စလုပ်ကတည်းက သား တော်တော်လေး ကျင့်သားရနေပါပြီ၊ ပြီးတော့ ကိုယ့်အတွက်ကိုယ်ပိုက်ဆံရှာနေတာပဲ ဘာတွေများ ပင်ပန်းမှာကို ကြောက်စရာလိုသေးလို့လဲ”

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိကာ အောင်မြင်သော စီးပွားရေးသမားတစ်ဦးဖြစ်လိုသည့် သူ၏ရည်မှန်းချက်က ဤစကားလုံးများထဲတွင် ခိုင်မာစွာ တည်ရှိနေသည်။

ဖခင်ဖြစ်သူကလည်း အချိန်ကိုက်ဝင်ပြောလိုက်၏။ “ဒါဆို မင်း ဆိုင်ခန်းကိုစောစောသွားပြီး အတည်ပြုဖို့လိုမလား၊ ဒီမနက် ရှီးရှီးလေးနဲ့တွေ့တော့ ငါမေးကြည့်သေးတယ်၊ ဒီရက်ပိုင်း ဆိုင်ခန်းလာကြည့်တဲ့သူ တော်တော်များတယ်တဲ့၊ ပြီးတော့ တော်တော်များများက စာချုပ်ချုပ်ဖို့စီစဉ်နေကြတာ”

ထိုစကားကို ကြားလိုက်ရသောအခါ ချူထျန်းလျန်မှာ အစာစားချင်စိတ်ပျောက်သွားတော့၏။ သူက ပန်းကန်နှင့် တူများကို ချထားလိုက်ပြီး၊ မိဘများကို ယာတောအိမ်သို့ဆွဲခေါ်ကာ စာချုပ်သွားချုပ်ရန် ပြင်လိုက်သည်။

“အာ... ဘာတွေလောနေတာလဲ၊ အခုက ညစာစားချိန်လေ၊ ရှီးရှီးလေးလည်း တော်တော်အလုပ်ရှုပ်နေမှာပဲ၊ စားဖိုမှူးအသစ် မာစတာကူကို သူ ဘယ်ကနေ ရှာတွေ့လာလဲတော့မသိဘူး၊ သူ့လက်ရာက အရမ်းကောင်းတာပဲ၊ ဧည့်သည် တော်တော်များများက စားဖို့အတွက် သီးသန့်ကို လီတောင်ပေါ်တက်လာကြတာ”

ချူထျန်းလျန်မှာ မတတ်သာဘဲ သူ၏စိုးရိမ်ပူပန်မှုများကို ဘေးဖယ်ထားကာ မိဘများ ညစာစားပြီးသည်အထိ စိတ်ရှည်စွာ စောင့်ဆိုင်းနေလိုက်ရသည်။

ပန်းကန်များ သိမ်းဆည်းရန်အတွက်လည်း ကိုယ်တိုင် အားတက်သရော တာဝန်ယူလိုက်ဧ။ခ။ အရာအားလုံး ပြီးစီးသွားသောအခါ မိသားစုသည် အဖေချူ၏ လျှပ်စစ်သုံးဘီးဆိုင်ကယ်ဖြင့် ယာတောအိမ်ဘက်သို့ ထွက်လာခဲ့ကြသည်။

“အင်း... ဒီလမ်းက အရမ်းမှောင်နေတုန်းပဲ၊ ဒီက ပင်မလမ်းမကြီးမှာ နောက်လအနည်းငယ် နေရင် လမ်းမီးတွေတပ်ဆင်မယ်လို့ ရွာသူကြီးပြောတာကြားတယ်၊ အဲဒီအခါကျရင် အများကြီးပိုလင်းသွားမှာဆိုတော့ ညဘက် လမ်းလျှောက်ရင် ချော်မလဲတော့ဘူးပေါ့” ဖခင်ချူက ညည်းတွားလိုက်သည်။

ချူထျန်းလျန်က ခေါင်းကိုပွတ်သပ်ရင်း ပြောလိုက်၏။ “ဖေဖေ... ကျွန်တော်တို့ အကုန်လုံးမှာ ဖုန်းတွေရှိကြတယ်မဟုတ်လား၊ ဖုန်းမီးလေးဖွင့်ထားရင် ချော်မလဲနိုင်ပါဘူး”

“ဒီလမ်းမီးတွေက ဖုန်းမီးထက် အများကြီး ပိလင်းတယ်ကွ၊ လူလည်လေး၊ မင်းက အမြဲတမ်း ငါ့ကိုအပြစ်ရှာဖို့ပဲကြိုးစားနေတာ”

မကြာမီမှာပင် မိသားစုသုံးဦးသည် ယာတောအိမ်သို့ ရောက်ရှိလာကြ၏။ ဤအချိန်မှာ ညစာစားချိန် ကျော်လွန်သွားပြီဖြစ်ပြီး၊ လီရှီးရှီးနှင့် ဝန်ထမ်းများမှာ သူတို့၏ ကိုယ်ပိုင်ညစာကို စတင် စားသောက်နေကြချေပြီ။

အဒေါ်ချူတို့မိသားစု ရောက်လာသည်ကိုမြင်သောအခါ လီရှီးရှီးက ပန်းကန်နှင့်တူများကို ချထားကာ ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။

“အဒေါ်ချူ၊ ဦးလေးချူ... အော် ထျန်းလျန်လည်း ပြန်ရောက်နေပြီကိုး၊ ညစာစားပြီးကြပြီလား၊ လာလေ... ကျွန်မတို့ရဲ့ အခုလေးတင်ကြော်ထားတဲ့ ကြာစွယ်ကိတ်လေးတွေကို မြည်းကြည့်ကြပါဦး၊ အခုမှ စလုပ်တဲ့ စားဖိုမှူးကူလုပ်ထားတာ၊ အရသာ အရမ်းကောင်းတယ်”

“ရပါတယ်၊ ရပါတယ်... ကျွန်တော်တို့ ခုနလေးတင်...” ချူထျန်းလျန် စကားပင် မဆုံးသေးမီ သူ၏ဖခင်ဖြစ်သူက ဖြတ်ပြောလိုက်သည်။

“ကောင်းပြီလေ... ဒါဆို ငါလည်းအားမနာတော့ဘူးနော်” ဦးလေးချူက ရှေ့သို့တိုးလာကာ ဇနီးဖြစ်သူအတွက် ကြာစွယ်ကိတ်တစ်ခုကို ယူပေးလိုက်ပြီး၊ ထို့နောက် သူကိုယ်တိုင်အတွက်လည်း တစ်ခုယူကာ စတင်စားသုံးတော့၏။

ချူထျန်းလျန်သည် သူ့ဖခင်၏ လုပ်ရပ်များကို မျက်လုံးပြူးကာ ကြည့်နေမိသည်။

‘သူက အိမ်မှာ ဗိုက်ဝအောင် စားခဲ့ပြီးပြီမဟုတ်ဘူးလား၊ ဘာလို့ ရောက်ရောက်ချင်း ထပ်စားနေရပြန်တာလဲ၊ ပြီးတော့ ဘေးမှာရပ်နေတဲ့ သူ့သားကိုကော မေ့သွားပြီလား'

ကြာစွယ်ကိတ်၏ရနံ့က အလွန်မွှေးကြိုင်လှသဖြင့် ယခုလေးတင် ဗိုက်ပြည့်နေသော ချူထျန်းလျန်မှာ ရုတ်တရက် အစာစားချင်စိတ်များ ပြန်လည်ဖြစ်ပေါ်လာတော့သည်။ လူတစ်ယောက်က မိမိနှစ်သက်သောအစားအစာနှင့် တွေ့သောအခါ အစာအိမ်က ၎င်းကိုလက်ခံရန် အလိုအလျောက် နေရာဖယ်ပေးတတ်သည်ဟု ဆိုကြသည်မဟုတ်လော။

သို့သော် သူက ကြာစွယ်ကိတ်များကို တကယ်စိတ်ဝင်စားခြင်း မရှိခဲ့ချေ။ သူသည် ငယ်ငယ်ကတည်းက အချိုရည်များကိုသာ ပိုနှစ်သက်ခဲ့သည်။

သို့သော်လည်း သူ၏ရှေ့တွင် မွှေးပျံ့နေသော အစားအစာများကို မြင်သောအခါ ချူထျန်းလျန်မှာ မနေနိုင်ဘဲ တံတွေးမြိုချလိုက်မိသည်။

‘ငါ့ရဲ့ အဖေက ဘာလို့ ငါ့အတွက် တစ်ခုလောက် မယူပေးရတာလဲ၊ သူက ခုနလေးတင် ငြင်းလိုက်မိလို့ အနေခက်နေတာကို ဖေဖေကမမြင်ဘူးလား။

ထိုစဉ်မှာပင် ဖခင်ချူသည် ပါးစပ်ထဲမှ ကြာစွယ်ကိတ်ကို မျိုချလိုက်ပြီး နောက်တစ်ခုကိုထပ်ယူကာ မေးလိုက်၏။ “ထျန်းလျန်... မင်းရောစားမလား”

ချူထျန်းလျန်က ခေါင်းညိတ်ကာ “တစ်ခုလောက်တော့ စားကြည့်မယ်လေ” ဟု ပြန်ဖြေရန် ပြင်လိုက်စဥ် သူ့ဖခင်၏ ရေရွတ်လိုက်သံကို ကြားလိုက်ရသည်။

“အာ... ငါမေ့သွားတယ်၊ ဒီကောင်လေးက အိမ်မှာတင် ဗိုက်အရမ်းတင်းနေပြီလို့ ညည်းနေခဲ့တာပဲ၊ အော်... ငါက ဒီကြာစွယ်ကိတ်ကို လက်နဲ့တောင်ကိုင်ထားပြီးပြီဆိုတော့ ပြန်ထားလို့မရတော့ဘူး မဟုတ်လား၊ အဲဒီလိုဆိုရင် မသန့်ရှင်းဘူးလေ၊ ငါပဲ စားလိုက်ပါတော့မယ်”

ချူထျန်းလျန်သည် သူ၏ဖခင်ဖြစ်သူက ပါးစပ်ကြီးဖြဲကာ ကြာစွယ်ကိတ်ကို ချက်ချင်းအကုန်စားပစ်လိုက်သည်ကိုသာ မတတ်သာဘဲ ကြည့်နေလိုက်ရတော့၏။

ဖခင်ချူမှာ စားပြီးသွားသော်လည်း ထပ်စားချင်နေသေးသည်။ သို့သော် ဝန်ထမ်းများ အားလုံးက သူ့ကို ‘အစာကို မျက်စိကျနေသည့် ကျားများကဲ့သို့’ စိုက်ကြည့်နေကြသဖြင့် ထပ်မယူရဲတော့ချေ။

…

ချူထျန်းလျန်သည် ဤနေရာရှိဆိုင်ခန်းကို အလွန်ကျေနပ်သဘောကျသွားသည်။

ထိုညတွင်ပင် သူက အားတက်သရော စာချုပ်လက်မှတ်ရေးထိုးခဲ့ပြီး၊ ချက်ချင်းပင် မနားမနေ ဆိုင်ခန်းပြုပြင်မွမ်းမံရေး အစီအစဉ်များကို စတင်လုပ်ဆောင်တော့သည်။

ဆိုင်ခန်းငှားရမ်းသူများ အားလုံးထဲတွင် လီရှီးရှီး ထင်မှတ်မထားသည့်သူမှာ ကားပြင်ဆိုင်ဖွင့်ရန် ဆိုင်ခန်း ငှားရမ်းသူပင်။

ဤသူမှာ ယန်ယွဲ့ယန်၏အထက်တန်းကျောင်း အတန်းဖော် မာချန်ရွှီဖြစ်သည်... မဟုတ်သေး၊ ယခုအခါ သူမ၏ချစ်သူကောင်လေးဟု ခေါ်ဆိုရပေမည်။

သူတို့နှစ်ဦးသည် အကြိမ်အနည်းငယ် တွေ့ဆုံပြီးနောက် ချိန်းတွေ့ခဲ့ကြပြီး၊ မာချန်ရွှီသည် အားလပ်ချိန်ရတိုင်း သူ၏ချစ်သူကောင်မလေးကို လာရောက်တွေ့ဆုံလေ့ရှိသည်။

၎င်းက သူ့ကို ဤနေရာတွင် စီးပွားရေးအခွင့်အလမ်းတစ်ခု ရှာဖွေတွေ့ရှိစေခဲ့၏။ ဤဒေသသို့ လာရောက်လည်ပတ်ကြသော ကမ္ဘာလှည့်ခရီးသည်များအတွက် လီတောင်ပေါ်သို့တက်ရန် နည်းလမ်းတစ်ခုတည်းသာရှိသည်။

၎င်းမှာ ကားဖြင့်တက်ရန်ပင်။ ကားများစွာရှိနေသဖြင့် လေပေါင်ကျခြင်း သို့မဟုတ် တာယာပေါက်ခြင်း စသည့် အသေးအဖွဲမတော်တဆမှုများက အမြဲတမ်းရှိနေတတ်သည်။

ဤအရာများမှာ အသေးအဖွဲဟု သတ်မှတ်၍ရသည်။ လူအများအပြားက လေထိုးတံများ၊ အပိုတာယာများ ဆောင်ထားတတ်ကြ၏။ သူကိုယ်တိုင်ပင် အကြိမ်အနည်းငယ် အားတက်သရောကူညီပေးခဲ့ဖူးသည်။

သို့သော် အချို့သူများအတွက် သူတို့၏တာယာများမှာ လမ်းခုလတ်တွင် တစ်နည်းနည်းဖြင့် ပေါက်သွားခြင်း သို့မဟုတ် သူတို့၏ကားများမှာ အကြောင်းပြချက်မရှိဘဲ ပျက်သွားခြင်းတို့ ကြုံရတတ်ပြီး၊ ပြင်ဆင်ရန်အတွက် လီတောင်အောက်မှလူများကို ခေါ်ရလေ့ရှိသည်။

သဘာဝကျကျပင် တစ်ခေါက်လာတိုင်း ကုန်ကျစရိတ်များမှာ သိသိသာသာမြင့်တက်လာပေမည်။

94

မြို့ပေါ်ရှိ မာချန်ရွှီ၏ ကားပြင်ဆိုင်မှာ အငှားစာချုပ် သက်တမ်းကုန်တော့မည့်အချိန်နှင့် တိုက်တိုက်ဆိုင်ဆိုင် ဖြစ်နေသည်။ ထိုနေရာတွင် ယှဉ်ပြိုင်မှုက တော်တော်လေးပြင်းထန်လှ၏။

မြို့တစ်မြို့တည်းတွင် ဘာကြောင့် ကားပြင်ဆိုင်တွေ ဤမျှများနေရသနည်း ဆိုသည်ကို သူ နားမလည်နိုင်အောင် ဖြစ်ရသည်။ သူ၏ဆိုင်လေးမှာ အလယ်တွင်ညပ်နေပြီး၊ ဖောက်သည်ဟောင်းအချို့သာ မရှိပါက သူ တကယ်ကို အလုပ်ဖြစ်မည်မဟုတ်ချေ။

မြို့ပေါ်တွင် ရပ်တည်ရန် ခက်ခဲလာသဖြင့်၊ မာချန်ရွှီသည် နေရာပြောင်းရွှေ့ရန် သဘာဝကျကျပင် တွေးတောမိလာသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် သူ၏ချစ်သူကောင်မလေး အလုပ်လုပ်ရာနေရာတွင် အငှားချမည့် ဆိုင်ခန်း တစ်ခန်းရှိနေသည်။

ချစ်သူနှင့် ပိုမိုနီးကပ်သွားရုံသာမက ဖောက်သည်အများအပြားလည်း ရှိနေသဖြင့်၊ သူက ခဏမျှစဉ်းစားပြီးနောက် ပြောင်းရွှေ့ရန် ဆုံးဖြတ်လိုက်၏။

…

[စနစ်အသိပေးချက်]။ ။သင်၏ယာတောအိမ်တွင် ကွဲပြားခြားနားသော ဆိုင်အမျိုးအစား ဆယ်ဆိုင် ထပ်ထည့်ပါ (လက်ရှိ တိုးတက်မှု- ၁၀/၁၀)။

လီရှီးရှီးသည် တာဝန်ပြီးမြောက်သွားပြီဖြစ်ကြောင်း မြင်တွေ့လိုက်ရသဖြင့်၊ ဆုလာဘ်ရယူရန်ကို တည်ငြိမ်စွာပင် နှိပ်လိုက်သည်။

ဆုလာဘ်မှာ တည်းခိုဆောင်ဧရိယာရှိ ဆံပင်ခြောက်ခံစက်အားလုံးကို အဆင့်မြှင့်တင်ပေးခြင်းပင်။

ဤဆုလာဘ်ကို မြင်လိုက်ရချိန်တွင် လီရှီးရှီးသည် ဆပ်ပြာရရှိခဲ့စဉ်ကအချိန်ကို ချက်ချင်း သတိရသွားသည်။

သူမက အခန်းကတ်တစ်ခုကို အမြန်ဆွဲယူကာ အခြေအနေကို စစ်ဆေးကြည့်ရန် ဓာတ်လှေကားဖြင့် အပေါ်ထပ်ရှိ အလွတ်ဖြစ်နေသော အခန်းတစ်ခန်းဆီသို့ တက်သွားလိုက်သည်။

(မူရင်းစာရေးသူမှတ်ချက်: :ဟုတ်ပါတယ်၊ အဆင့်မြှင့်တင်ထားသော ယာတောအိမ်၏ ကျေးဇူးကြောင့် အခုဆိုရင် ဓာတ်လှေကား ရှိနေပါပြီ။)

အပြင်ပန်းကြည့်လျှင် ဆံပင်ခြောက်ခံစက်မှာ ယခင်ကအတိုင်းပင်ဖြစ်ပြီး ဘာမှ ပြောင်းလဲသွားခြင်းမရှိချေ။

သို့သော် သူမ၏ ဖုန်းတွင် ဆုလာဘ်ပေးပို့ပြီးဖြစ်ကြောင်း ရှင်းလင်းစွာဖော်ပြထားရာ၊ ပြောင်းလဲမှုက အတွင်းပိုင်းတွင် ဖြစ်ကောင်းဖြစ်ပေမည်။

‘ဒါကလည်း ကောင်းပါတယ်၊ အခုမှ ပြင်ဆင်ထားကာစ အခန်းတွေထဲက ဆံပင်ခြောက်ခံစက်တွေအားလုံးကို ဘာကြောင့် အသစ်လဲရသလဲဆိုတာကို ဝန်ထမ်းတွေကို လိုက်ရှင်းပြနေရမယ့် ဒုက္ခကနေ ကင်းဝေးသွားတာပေါ့'

ကံကောင်းထောက်မစွာဖြင့် ဤဆုလာဘ်နှင့်ပတ်သက်၍ အွန်လိုင်းဖောက်သည် ဝန်ဆောင်မှုကို သူမမေးမြန်းကြည့်ရာ၊ ဆံပင်ခြောက်ခံစက်၏ လုပ်ဆောင်ချက်များက အလွန်အားကောင်းကြောင်း သူတို့က ပြောပြခဲ့သည်။

ဆံပင်ကို လျင်မြန်စွာ ခြောက်သွေ့စေနိုင်ရုံသာမက၊ အသုံးပြုသူ၏ဆံသားမှာ အဆီပြန်ခြင်း သို့မဟုတ် ခြောက်သွေ့ခြင်း ရှိမရှိ အပေါ် မူတည်၍ လေထွက်နှုန်းကို အလိုအလျောက် ချိန်ညှိပေးနိုင်ပြီး၊ ဧည့်သည်၏ဆံသားနှင့် ဦးရေပြားအတွက် ရေနှင့် အဆီဓာတ်ကို မျှတအောင် ထိန်းသိမ်းပေးကာ၊ ဆံပင်ကျွတ်ခြင်းကို လျှော့ချပေးပြီး ဆံပင်ပေါက်ခြင်းကိုပါ မြန်ဆန်‌အောင်ပြုလုပ်ပေးနိုင်၏။

ဖတ်ရှုနေရင်း လီရှီးရှီးမှာ ဆွံ့အသွားရသည်။

‘ဖောက်သည် ဝန်ဆောင်မှုက ဒီဆံပင်ခြောက်ခံစက်မှာ ဆံပင်ပေါက်စေတဲ့ လုပ်ဆောင်ချက်တွေပါ ပါဝင်တယ်လို့ ဆိုလိုတာလား၊ ဒါက ဆံပင်ကျွတ်တဲ့ သူတွေအတွက်တော့ နတ်ဘုရားတွေပေးသနားတဲ့ လက်ဆောင်ကြီးပဲ၊ သူတို့ဆီမှာတောင် ဆံပင်ကျွတ်ပြဿနာရှိနေတဲ့ လူငယ်တစ်ယောက် ရှိသေးတယ်'

ထိုသူကတော့ သူတို့၏။ လက်ရှိစာရင်းကိုင်ပင်။

အခန်းအားလုံးရှိ ဆံပင်အခြောက်ခံစက်များ အားလုံးကို တပြိုင်တည်း အဆင့်မြှင့်တင်လိုက်ခြင်းဖြစ်ရာ၊ ဝန်ထမ်းအဆောင်ရှိ စက်များလည်း ပါဝင်မည်ဖြစ်ကြောင်း လီရှီးရှီး တွေးလိုက်မိသည်။

‘သူ့ရဲ့ ဆံပင်တွေ ဘယ်တော့လောက် ပြန်ပေါက်လာမလဲ’ ဆိုသည်ကို သူမ တွေးကြည့်နေမိသည်။

‘စာရင်းကိုင် အတွက်တော့ ဒါက အကြီးမားဆုံး အံ့အားသင့်စရာလက်ဆောင်ကြီး ဖြစ်လာမှာသေချာတယ်'

လွန်ခဲ့သော အချိန်အနည်းငယ်အကြာက ဆံပင်စိုက်ချင်ကြောင်း သူ ညည်းတွားနေသည်ကို သူမ ကြားခဲ့ရသေး၏။

သို့သော် သူပြချင်သော ဆရာဝန်နှင့် ချိန်းဆို၍မရဘဲ နေရာရရန် အလုအယက် ကြိုးစားနေရဆဲပင်။

…

သူမ အပေါ်ထပ်တွင် ဆံပင်ခြောက်ခံစက်ကို လေ့လာနေဆဲမှာပင် သူမ၏ဖုန်းက ရုတ်တရက်မြည်လာသည်။

ဖုန်းကို ကိုင်ကြည့်လိုက်ရာ ဧည့်ကြိုကောင်တာမှ ဖြစ်နေသည်။

လီရှီးရှီးက မေးလိုက်၏။ “ဟယ်လို၊ ဘာကိစ္စရှိလို့လဲ”

ဧည့်ကြိုက ပြန်ဖြေသည်။ “ရှီးရှီးလေး၊ ဒီမှာ ဖောက်သည်အနည်းငယ် ရောက်နေတယ်၊ သူတို့က နင့်ရဲ့ အတန်းဖော်ဟောင်းတွေပါဆိုပြီး နင်နဲ့ တွေ့ချင်နေကြတယ်”

‘အတန်းဖော်ဟောင်းတွေ ဟုတ်လား’

လီရှီးရှီး မျက်မှောင်ကြုတ်သွားသည်။ အကယ်၍ သူတို့က သူမ၏ အတန်းဖော်ဟောင်းတွေသာ တကယ်ဟုတ်ခဲ့လျှင် အဘယ်ကြောင့် သူမကို ကြိုမဆက်သွယ်ရသနည်း။

သူမက ဇဝေဇဝါဖြင့်မေးလိုက်သည်။

“ဘယ်သူတွေလဲ၊ သူတို့ နာမည်တွေပြောသွားလား”

ခဏအကြာတွင် ဖုန်းတစ်ဖက်မှ အနေခက်နေသော အသံတစ်ခု ထွက်ပေါ်လာ၏။ “ဟယ်လို လီရှီးရှီး၊ ငါပါ၊ ဝမ်ဝန်ချန်ပါ”

ဖြစ်ပုံမှာ ရှီရန်၏မင်္ဂလာပွဲမှ ပြန်ရောက်ပြီးနောက်၊ ဝမ်ဝန်ချန်သည် လက်မလျှော့သေးချေ။

သူ၏ ခံစားချက်မှာ ရွာငယ်လေးမှထွက်ခွာသွားပြီး ချမ်းသာကြွယ်ဝလာကာ၊ ရွှေဆွဲကြိုးကြီးဆွဲ၍ ကြွားဝါရန် အတင်းအကြပ်ပြန်လာသော ဝတ္ထုထဲမှ ဇာတ်လိုက်မင်းသားတစ်ဦးနှင့် တူနေသည်ဟု သူခံစားနေရသည်။

ငွေမက်ပြီး သူ့ကိုစွန့်ပစ်သွားခဲ့ဖူးသော ရွာက အလှပန်းလေး၏ သနားစရာကောင်းသောဘဝကို ကြည့်ရှုကာ၊ ယခုအခါ သူ မည်မျှအဆင်ပြေနေကြောင်းနှင့် သူ့ကိုစွန့်ပစ်ခဲ့ခြင်းမှာ မည်မျှ နောင်တရစရာကောင်းကြောင်း သူမကို မျက်မြင်ကိုယ်တွေ့သိမြင်စေချင်နေခြင်းပင်။

သို့သော် လက်တွေ့တွင်မူ အားလပ်သော အတန်းဖော်ဟောင်းအနည်းငယ်ကို အနိုင်နိုင် ဆက်သွယ်ခဲ့ရပြီး၊ ခရီးစရိတ်နှင့် တည်းခိုစရိတ်အားလုံး သူတာဝန်ယူမည်ဟု ကတိပေးခဲ့ရသည်။

ထို့နောက် သူ၊ သူ၏ချစ်သူ ချင်အန်းနင်နှင့် အခြား သုံးယောက်တို့သည် ပြီးခဲ့သည့်အကြိမ်က လီရှီးရှီး အတန်းဂရုထဲတွင် ပို့ထားသော တည်နေရာအတိုင်း ကိုယ်ပိုင်ကားဖြင့် ခရီးထွက်လာခဲ့ကြ၏။ သို့သော် သူတို့ ရောက်ရှိသွားချိန်တွင်တော့...

ဝမ်ဝန်ချန်မှာ ဆွံ့အသွားရတော့သည်။

‘ဒါက လီရှီးရှီး ပြောခဲ့တဲ့ မွေးရပ်မြေ ပြန်ပြီး ‘ပေါ့ပေါ့ပါးပါး ယာတောအိမ်လေး ဖွင့်ထားတယ်’ ဆိုတာများလား'

သူ၏မျက်စိရှေ့တွင် မြင်တွေ့နေရသည်မှာ ရှင်းလင်းစွာပင် ဇိမ်ခံအပန်းဖြေစခန်းကြီး တစ်ခု ဖြစ်နေသည်မဟုတ်လော။

သူက ခေါင်းခါရင်း စိတ်ထဲမှတွေးလိုက်သည်။

‘ဒါက လီရှီးရှီးပြောတဲ့ ယာတောအိမ် လုံးဝမဖြစ်နိုင်ဘူး။ သူမက ဒီအပန်းဖြေစခန်းနားမှာ ယာတောအိမ်သွားဖွင့်ထားပြီး၊ အပန်းဖြေစခန်းရဲ့ လူအဝင်အထွက်ကိုအားကိုးပြီး ကမ္ဘာလှည့်ခရီးသွားတချို့ကို ဆွဲဆောင်နေတာပဲ ဖြစ်ရမယ်'

ဝမ်ဝန်ချန်က အထင်သေးစွာဖြင့် ပြောဆိုလိုက်သည်။

“ဒီလိုပဲ ဖြစ်ရမယ်၊ လီရှီးရှီး က ဘာတွေများလုပ်နေတာလဲ၊ တိကျတဲ့တည်နေရာကို မပို့ပေးဘူး၊ ငါတို့ကို ဒီအပန်းဖြေစခန်းဆီ တိုက်ရိုက်မောင်းလာအောင် လုပ်နေတာ၊ အာ... ငါမှားသွားပြီ၊ သူ့ယာတောအိမ်က မြေပုံပေါ်မှာတောင်မရှိလို့ ပိုထင်ရှားတဲ့ အပန်းဖြေစခန်းရဲ့တည်နေရာကို ပို့ပေးလိုက်တာဖြစ်မယ်၊ တကယ်ပဲ... ဒီလိုမျိုးနဲ့ ဘယ်လိုလုပ် စီးပွားရေးလုပ်နေတာလဲ”

ဤစကားကို ကြားသောအခါ သူ၏ချစ်သူ ချင်အန်းနင်မှာ မျက်မှောင်ကြုတ်သွားရသည်။ ဝမ်ဝန်ချန်၏စကားများက နားထောင်ရတာ အတော်လေး ကသိကအောက်နိုင်လှ၏။

အတော်ရိုးအေးသော မိန်းကလေးတစ်ဦးဖြစ်ရာ၊ သူမက ဝမ်ဝန်ချန်၏အင်္ကျီလက်ကိုဆွဲကာ တိုးတိုးလေး ပြောလိုက်သည်။

“အဲဒီလိုပြောတာ မကောင်းဘူးမဟုတ်လား၊ ငါတို့ လာလည်မယ်ဆိုတာကို သူ သိနိုင်မှာမဟုတ်ဘူးလေ၊ သူ့ကိုကြိုပြောထားဖို့ ရှင့်ကို ပြောသားပဲ၊ ရှင်ကသာ မပြောခဲ့တာ၊ အခု သူ့ဆီဖုန်းဆက်ပြီး သူ့ယာတောအိမ်က ဘယ်နားမှာလဲဆိုတာ မေးကြည့်ရအောင်လေ၊ ဘယ်လိုလဲ”

သူတို့ရှေ့ရှိ အပန်းဖြေစခန်းမှာ အတော်လေးကြီးမားလှပြီး ပြီးခဲ့သည့်အကြိမ်က လှပသောအစ်မကြီးပြောခဲ့သည့် ‘မွေးရပ်မြေ ပြန်ပြီး ပေါ့ပေါ့ပါးပါး ယာတောအိမ်လေး ဖွင့်ထားတယ်’ ဆိုသည်နှင့် လုံးဝမတူညီကြောင်း ချင်အန်းနင်လည်း ခံစားမိ၏။

သို့သော် ဝမ်ဝန်ချန်သည် ချစ်သူကောင်မလေး၏စကားကို ကြားသောအခါ တောင့်တင်းသွားတော့သည်။

လီရှီးရှီး၏ဖုန်းနံပါတ်ကို ယခုအချိန်တွင် သူ ဘယ်လိုလုပ် ရနိုင်တော့မည်နည်း။ သူမက သူ့ကို ဘလက်စ်လစ်သွင်းထားပြီး ဖြစ်၏။ သူက မျက်နှာရှုံ့မဲ့ကာ အပန်းဖြေစခန်းဘက်သို့ လျှောက်သွားရင်း ညည်းတွားလိုက်သည်။

“အထဲဝင်ပြီးမေးကြည့်ကြတာပေါ့၊ အထဲကဝန်ထမ်းတွေက အနီးနားကယာတောအိမ်တွေအကြောင်း သိမှာပါ၊ ရောက်တုန်းရောက်ခိုက် အထဲဝင်ပြီး ကြည့်ကြတာပေါ့၊ ငါ့အတန်းဖော်ရဲ့ယာတောအိမ်က အခြေအနေ အရမ်းဆိုးနေရင် ငါတို့ ဒီမှာပဲတည်းကြမယ်လေ၊ မင်းကိုတော့ လုံးဝ အပင်ပန်းမခံနိုင်ပါဘူး”

အနောက်မှလိုက်ပါလာသော အတန်းဖော်ဟောင်းသုံးဦးသည် သူတို့နှစ်ဦး၏ စကားဝိုင်းကို ကြားလိုက်ရသည်။ ဇာတ်လမ်းကောင်းတစ်ပုဒ်ကို စောင့်ကြည့်ချင်သကဲ့သို့ သူတို့အချင်းချင်း အဓိပ္ပာယ်ပါပါ အကြည့်ချင်းဖလှယ်လိုက်ကြ၏။

ဤလူများမှာလည်း ပျင်းရိနေကြပြီး၊ ဝမ်ဝန်ချန်က သူတို့ထံချဉ်းကပ်ကာ ခရီးစရိတ်နှင့် တည်းခိုစရိတ်အားလုံးကို တာဝန်ယူမည်ဟု ကမ်းလှမ်းလာသောအခါ သူတို့က သဘာဝကျကျပင် သဘောတူလိုက်ကြခြင်းပင်။

သူတို့က စိတ်ထဲမှတွေးလိုက်သည်။

‘တခြား ဘယ်သွားရဦးမှာလဲ၊ အလကားလည်း ရတယ်၊ ဝမ်ဝန်ချန်ရဲ့ဇာတ်လမ်းကိုလည်း ကြည့်ရဦးမယ်၊ ဘာလို့ မသွားဘဲနေရမှာလဲ'

တကယ်တမ်းတွင်မူ ခရီးစရိတ် အခမဲ့ဆိုသော်လည်း အချောင်လိုက်ပါရခြင်းတော့ မဟုတ်ပေ။ ဝမ်ဝန်ချန်သည် သူ၏ကိုယ်ပိုင်ကားကို မောင်းနှင်လာခဲ့ပြီး၊ လမ်းခုလတ်တွင် သူ ပင်ပန်းသွားသောအခါ ယာဉ်မောင်းလိုင်စင် ရှိသူများကို တစ်လှည့်စီ ကားမောင်းခိုင်းတော့သည်။

သူတို့အနေဖြင့် ဓာတ်ဆီဖို ပေးစရာ မလိုသောကြောင့်သာ သည်းခံလိုက်ကြခြင်းဖြစ်သည်။

ဝမ်ဝန်ချန်သည် အထဲသို့ဝင်လာပြီးနောက် သူတို့နှင့် အနီးဆုံးတွင် အလုပ်သမားဝတ်စုံ ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးကို မြင်လိုက်ရသဖြင့် မေးလိုက်၏။

“အဘိုး၊ ဒီအနားမှာ ယာတောအိမ်တွေရှိလား၊ အဘိုးသိလား”

အဘိုးလင်မှာ တံမြက်စည်းလှည်းနေခြင်း ဖြစ်သည်။

သူ၏အနောက်မှ တစ်စုံတစ်ယောက် စကားပြောသံကို ကြားလိုက်ရသဖြင့် ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်သော်လည်း၊ သူ၏အကြားအာရုံမှာ သိပ်မကောင်းသဖြင့် ပြန်မေးလိုက်၏။ “ဘာလဲ၊ ဘာပြောလိုက်တာလဲ”

ဝမ်ဝန်ချန်မှာ နောက်တစ်ကြိမ် ထပ်ပြောလိုက်ရသည်။

အဘိုးလင်က ထပ်မေးသည်။ “ဘာလဲ၊ ဘာအိမ်လဲ”

ဝမ်ဝန်ချန်က အော်ပြောလိုက်ဧ။ခ။ “အဘိုး၊ ယာတောအိမ်”

အဘိုးလင်က ထပ်မေးသည်။ “ယာတောအိမ်ဘာဖြစ်လဲ”

ဝမ်ဝန်ချန် အနည်းငယ် စိတ်မရှည်ဖြစ်သွားသည်။ သူက လက်ယမ်းပြကာ ရှေ့သို့လျှောက်သွားရင်း အဘိုးအိုအပေါ် စိတ်ထဲမှညည်းတွားလိုက်သည်။

‘သူ့မှတ်ဉာဏ်က အရမ်းဆိုးနေပြီ၊ ပြီးတော့ သေချာလည်းမကြားရဘူး၊ သူက ဘာလို့ အလုပ်လုပ်နေရသေးတာလဲ၊ ဒီကသူဌေးက တကယ်ကို အံ့မခန်းပဲ၊ ဘယ်သူ့ကိုမဆို အလုပ်ခန့်ထားတာပဲ’

သို့သော် အနီးအနားရှိ အဘွားအိုမှာ နားမလေးချေ။ ဝမ်ဝန်ချန်၏စကားများကို ကြားသောအခါ သူမက ရွှင်လန်းစွာဖြင့် ပြန်ဖြေလိုက်၏။

“ငါတို့ဆီမှာ ယာတောအိမ်တစ်ခုပဲ ရှိတယ်၊ ကြည့်လေ... ဒီနေရာလေးပဲ၊ အဲဒါ ငါတို့ရွာက ရှီးရှီးလေးဖွင့်ထားတာလေ”

All Chapters