တက္ကသိုလ်ဘွဲ့ရပြီးချိန်မှစ၍ လီရှီးရှီးမှာ ရုံးဝန်ထမ်းဘဝဖြင့်ကြိုးကြိုးစားစား ရုန်းကန်နေခဲ့ရပေသိ ရုတ်တရက်ဆိုသလို သူမဆီသို့ ယာတောအိမ်အက်ပလီကေးရှင်းစနစ်တစ်ခု ချိတ်ဆက်ရောက်ရှိလာခဲ့သည်။ ဒါ ကောင်းကင်ကနေကျလာတဲ့ ကံကောင်းခြင်းလက်ဆောင်ပဲမလား။ အလုပ်ထွက်မယ် ကျိန်းသေပေါက်ကို အလုပ်ထွက်ရမယ်။ သူများထံတွင် အလုပ်ဆက်လုပ်ဖို့ရာ မဖြစ်နိုင်တော့သည်မို့ လီရှီးရှီးတစ်ယောက် ဝမ်းသာအားရဖြင့်ဇာတိမြေကိုပြန်ပြီး ယာတောအိမ်လေးဖွင့်ရန်ဆုံးဖြတ်လိုက်ပါတော့သည်။ ဘာတဲ့ ဒီယာတောအိမ်လေးရဲ့နေရာက တောင်ပေါ်မှာဆိုတော့ အရမ်းခေါင်လွန်းပြီး ဧည့်သည်တွေလာမှာမဟုတ်ဘူး ဟုတ်လား။ ဘာပြောတယ် ဒီအိမ်ရာနားမှာ အပန်းဖြေစရာဘာဖျော်ဖြေရေးမှမရှိလို့ ပျင်းစရာကောင်းပြီး အချိန်ကုန်ရုံသက်သက်ပဲ ဟုတ်လား။ စိတ်မပူပါနဲ့ သူမလက်ထဲမှာ အပ်ပလီကေးရှင်းကြီးရှိနေသရွေ့တော့ ဘာဆိုဘာမှပြဿနာမဟုတ်တော့ပါဘူး။

