← Chapters

အခန်း (၉၇-၉၈)

Vol. 10 Ch. 97-98

အခန်း (၉၇-၉၈)

Vol. 10 Ch. 97-98

97

ဤအချိန်တွင် ဝမ်ဝန်ချန်လည်း အကြီးအကျယ် ဒေါသထွက်နေပြီး၊ ချစ်သူကောင်မလေး၏ မိသားစုနောက်ခံနှင့် ပတ်သက်၍ သူ၏အကြံအစည်လေးများကို လုံးဝမေ့လျော့သွားတော့သည်။

သူက ဆိုဖာပေါ်မှ ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး လက်ထဲရှိရေခွက်ကို ကြမ်းပြင်ပေါ်သို့ ပြင်းထန်စွာ ပစ်ပေါက်ပစ်လိုက်သည်။

ချင်အန်းနင် လန့်သွားလေ၏။ ဝမ်ဝန်ချန် ယခုလိုဖြစ်နေသည်ကို သူမ တစ်ခါမှ မမြင်ဖူးခဲ့ချေ။

ဝမ်ဝန်ချန်က ချင်အန်းနင်အား လက်ညိုးထိုးကာ ဒေါသတကြီး ဆဲရေးတိုင်းထွာလိုက်သည်။

“ငါလည်း လမ်းခွဲချင်နေတာကြာပြီ၊ မင်းက တကယ့်ကို မင်းသမီးလေးလိုပဲ၊ အရာအားလုံးကို မင်းသဘောကျအောင် ငါက အမြဲတမ်း အလိုလိုက်နေရတာ၊ ငါ ဒီလိုနေရတာကို ရွံရှာနေတာကြာပြီ၊ မင်းလုပ်တတ်တာက ဆိုးတာနဲ့နွဲ့တာပဲရှိတယ်၊ မင်းက ဆိုးသွမ်းတဲ့ကလေး ပြန်ဝင်စားလာတာလား”

ဝမ်ဝန်ချန်သည် ဘာမှမစဉ်းစားတော့ဘဲ စကားများကို လွှတ်ခနဲပြောချလိုက်သည်။ တရားမျှတစွာ ဆိုရလျှင် ချင်အန်းနင်ကအနည်းငယ်တော့ ဆိုးတတ်နွဲ့တတ်သည်မှာ မှန်သော်လည်း၊ သူပြောသလောက်ကြီးတော့ မဆိုးရွားလှပေ။

အကြီးအကျယ် စကားများရန်ဖြစ်ပြီးနောက် သူတို့နှစ်ဦးမှာ မပျော်မရွှင်ဖြင့် လမ်းခွဲခဲ့ကြသည်။ ဝမ်ဝန်ချန်သည် သူ၏ခရီးဆောင်အိတ်ကို ယူကာ ဘေးဘက်ရှိ အခန်းတွဲဆီသို့ သွားပြီး မာဝူချောင်တို့နှင့်အတူ သွားနေလိုက်၏။

မည်သို့ပင်ဆိုစေကာမူ အခန်းက အလုံအလောက်ကြီးမားပြီး၊ သူတို့လေးယောက်လုံးအတွက် ကုတင်များလည်း လုံလောက်စွာ ရှိနေသည်။

ချင်အန်းနင်သည် ကြမ်းပြင်ပေါ်ရှိ ကွဲနေသောဖန်ခွက်ကို ကြည့်ကာ ဖြည်းညင်းစွာ ထိုင်ချလိုက်ပြီး၊ မျက်လုံးမှမျက်ရည်များကို သုတ်လိုက်ကာ၊ ဖန်ကွဲစများကို ဂရုတစိုက်ကောက်ယူ၍ အမှိုက်ပုံးထဲသို့ ပစ်ထည့်လိုက်သည်။

ကံကောင်းထောက်မစွာဖြင့် ဆိုဖာအောက်တွင် ကော်ဇောအထူကြီး င်းထားသဖြင့် ဖန်ခွက်မှာ နှစ်ပိုင်းသာ ကွဲသွားခဲ့၏။

နှစ်ပိုင်းကွဲသွားသောဖန်ခွက်ကို ကြည့်ရင်း ချင်အန်းနင်သည် ကိုယ့်ကိုယ်ကိုယ် သရော်သည့်ဟန်ဖြင့် တခစ်ခစ် ရယ်မောလိုက်မိသည်။

ဤခွက်၏ကံကြမ္မာမှာ သူတို့၏ဆက်ဆံရေးနှင့် တူညီနေသည်။ တစ်ကြိမ်ကွဲအက်သွားပြီးပါက ပြန်လည်ဆက်စပ်၍မရနိုင်တော့ချေ။

သို့သော် လမ်းခွဲရခြင်းအတွက် သူမ၏ဝမ်းနည်းမှုမှာ အလျင်အမြန်ပင် ပျောက်ကွယ်သွားခဲ့သည်။

အချိန်တိုအတွင်းမှာပင် သူမကိုယ်သူမ ပြန်လည် အားပေးလိုက်သည်။

“အဟောင်းမသွားဘဲ အသစ်မလာဘူးဆိုတဲ့ စကားလိုပေါ့၊ ငါကမဆိုးပါဘူး၊ ဟုတ်တယ်မလား၊ ငါ့ကို သဘောကျနေတဲ့သူတွေ မရှိတာမှမဟုတ်တာ၊ ငါက ဘာလို့ဝမ်းနည်းနေရမှာလဲ၊ ဝမ်းနည်းရမယ့်သူက ဝမ်ဝန်ချန်သာ ဖြစ်ရမှာ‌လေ၊ သူက အရမ်းကောင်းတဲ့ ချစ်သူကောင်မလေးတစ်ယောက်ကို ဆုံးရှုံးလိုက်ရတာလေ၊ သူ့ဘက်က ဆုံးရှုံးတာပါ၊ ငါဆုံးရှုံးတာ မဟုတ်ပါဘူး၊ ဟွန့်”

ဤအချိန်တွင် ဝမ်ဝန်ချန်သည် ဖြူရော်နေသော မျက်နှာဖြင့် စင်္ကြံလမ်းပေါ်တွင်ရပ်နေမိ၏။

ဘေးခန်းရှိ မာဝူချောင်၏ အခန်းလူခေါ်ဘဲလ်ကို သူ နှိပ်လိုက်သော်လည်း၊ အချိန်အတော်ကြာသည်အထိ မည်သူမျှ တံခါးလာမဖွင့်သလို သူ၏ဖုန်းခေါ်ဆိုမှုများကိုလည်း မည်သူမျှမကိုင်ကြချေ။

မာဝူချောင်နှင့် အခြားသူများမှာ ရေပူစမ်းကန်ထဲတွင် ပျော်ရွှင်စွာ အပန်းဖြေနေကြသည်။

ဤမျှဈေးကြီးသော အခန်းမျိုးတွင် သူတို့ တစ်ခါမျှမတည်းဖူးကြသဖြင့် သဘာဝကျကျပင် အပြည့်အဝခံစားကြရပေမည်။ ဖုန်းများကိုလည်း ဟိုဟိုဒီဒီပစ်ထားခဲ့ပြီး လုံးဝဂရုမစိုက်ကြချေ။

သူတို့သည် ကျောင်းပြီးပြီးနောက် ကြုံတွေ့ခဲ့ရသော အတင်းအဖျင်းများအကြောင်းကို စိတ်လှုပ်ရှားစွာ ပြောဆိုနေကြပြီး၊ ကြွားဝါနေကြကာ အပြင်ဘက်တွင် ထပ်ခါတလဲလဲမြည်နေသော ဘဲလ်သံကို လုံးဝလျစ်လျူရှုထားကြသည်။

မာဝူချောင် အနည်းငယ် ရေဆာလာသဖြင့် ရေခွက်ရှာရန် ထလာချိန်မှသာ ဘဲလ်သံကို ကြားလိုက်ရတော့သည်။

‘ဒီလိုအချိန်ကြီး ဘယ်သူများ ဘဲလ်လာတီးနေတာလဲ’ မာဝူချောင် တွေးလိုက်မိသည်။ တံခါးဖွင့်လိုက်သောအခါ မကျေမနပ်ဖြစ်နေသော ဝမ်ဝန်ချန်ကို တွေ့လိုက်ရ၏။

မာဝူချောင်သည် အနည်းငယ် စိုစွတ်နေသော သူ၏ဆံပင်များကို လက်ဖြင့် သပ်တင်လိုက်ပြီး အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။

‘ဘာလို့ ဝမ်ဝန်ချန်က သူ့ချစ်သူကောင်မလေးနဲ့ အတူမရှိဘဲ ဒီကို တစ်ယောက်တည်းရောက်နေရတာလဲ’ တကယ်တမ်းတွင် ဝမ်ဝန်ချန်နှင့် သူတို့၏ ခင်မင်ရင်းနှီးမှုမှာ သာမန်မျှသာ။

ဝမ်ဝန်ချန်က ကားစရိတ်နှင့် တည်းခိုစရိတ်များကို တာဝန်ယူမည်ဆိုသဖြင့်၊ လက်လွတ်မခံသင့်သော အခွင့်အရေးကောင်းတစ်ခုဟု တွေးကာ လိုက်ပါလာခဲ့ကြခြင်းသာဖြစ်သည်။

ဝမ်ဝန်ချန်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

“မင်းတို့ကတော့ ပျော်နေကြတာပေါ့၊ ငါက အပြင်မှာ မတ်တတ်ရပ်နေရတာ အကြာကြီးပဲ၊ ဘယ်သူမှလည်း တံခါးလာမဖွင့်ကြဘူး”

သူက စကားကို အဆုံးထိမပြောတော့ဘဲ စိတ်ထဲမှသာ တွေးလိုက်၏။

‘သူသာမပါရင် ဒီလူတွေက ဒီလိုလာကစားနိုင်ပါ့မလား၊ တစ်ယောက်ချင်းစီတိုင်းက ဘာအသိအမြင်မှ မရှိကြဘူး'

မာဝူချောင်သည် သူတို့အထဲရောက်နေချိန် အပြင်ကအသံများကို သတိမထားမိကြောင်း ရှင်းပြရန် ပြင်လိုက်စဉ်မှာပင်၊ ဝမ်ဝန်ချန်က လက်တစ်ဖက်ဖြင့် ခရီးဆောင်အိတ်ကိုဆွဲကာ ဝင်လာသည်ကို မြင်လိုက်ရသည်။

မာဝူချောင်က မျက်ခုံးပင့်လိုက်ပြီး စိတ်ထဲမှတွေးလိုက်သည်။ ‘ဘာတွေဖြစ်ကုန်တာလဲ၊ ချစ်သူကောင်မလေးနဲ့ စကားများပြီး မောင်းထုတ်ခံရတာများလား'

သူ၏ခန့်မှန်းချက်က တစ်ဝက်တော့မှန်ကန်နေ၏။ ဤသည်မှာ မောင်းထုတ်ခံရရုံမျှသာမကဘဲ တိုက်ရိုက်လမ်းခွဲလိုက်ခြင်းပင်။

မာဝူချောင်သည် ဝမ်ဝန်ချန်၏ပခုံးကို ဖက်လိုက်ပြီး အတွေ့အကြုံရင့်ကျက်သူတစ်ယောက်၏ ဟန်ပန်ဖြင့် အကြံပေးလိုက်သည်။

“ချစ်သူနဲ့ စကားများလာတာလား၊ အာ၊ မင်းက ဘာလို့ ဒီလိုပြေးထွက်လာရတာလဲ၊ မင်းမှာ အတွေ့အကြုံမရှိဘူးဆိုတာ သိသာတယ်၊ ဟုတ်တယ်မလား။၊ ချစ်သူက ဘယ်လောက်ပဲဆူဆူ မင်းက မျက်နှာပြောင်တိုက်ပြီး နေခဲ့ရမှာပေါ့၊ အနားသွားပြီး ဖက်ထား၊ ပြီးရင် ချော့လိုက်ရင်အဆင်ပြေသွားမှာပဲဟာကို၊ ကြည့်စမ်း... အခု မင်းလုပ်လိုက်တော့ ပြဿနာက ပိုတောင်ကြီးသွားသေးတယ်၊ ဒီတစ်ခါတော့ သူ့ကိုချော့ဖို့ အချိန်အတော်ကြာလောက်မယ်”

ဝမ်ဝန်ချန်သည် ထိုစကားများကိုကြားသောအခါ စိတ်မရှည်စွာဖြင့် ပြန်အော်လိုက်သည်။

“ငါက ဘာလို့ သူ့ကိုချော့နေရမှာလဲ၊ ငါ သူ့ကို အရမ်းအလိုလိုက်ထားမိတာ၊ သူက ဘာမဟုတ်တာလေးကို အမြဲတမ်းပြဿနာရှာတယ်။ ငါ တကယ်ကိုစိတ်ကုန်နေပြီ၊ အခုလို လမ်းခွဲလိုက်တာပဲ ကောင်းပါတယ်”

‘လမ်းခွဲလိုက်ပြီ ဟုတ်လား' မာဝူချောင်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူက အတင်းအဖျင်းမေးချင်နေသည့်ပုံ ပေါ်သော်လည်း ဝမ်ဝန်ချန်၏စိတ်အခြေအနေ မကောင်းသည်ကို မြင်သောအခါ၊ လျှာဖျားသို့ရောက်နေသော မေးခွန်းများကို ပြန်မျိုချလိုက်ပြီး အနေခက်သွားတော့၏။

သို့သော် အတန်ကြာပြီးနောက်တွင် စပ်စုချင်သောစိတ်ကို သူမထိန်းနိုင်တော့ချေ။

ထို့ကြောင့် မာဝူချောင်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

“မင်းတို့ ဘာလို့ လမ်းခွဲလိုက်ကြတာလဲ၊ ခုနက အောက်ထပ်မှာတုန်းက အဆင်ပြေနေကြသေးတာပဲလေ၊ မင်းတို့နှစ်ယောက် ရယ်ရယ်မောမော စကားပြောနေကြတာ ငါ မြင်လိုက်ပါသေးတယ်”

ဝမ်ဝန်ချန်က လက်ယမ်းပြကာ မရေမရာ ပြန်ဖြေလိုက်သည်။

“သူက အရမ်း ဆိုးလွန်းနွဲ့လွန်းလို့ပါ၊ အသေးအဖွဲကိစ္စလေးနဲ့ ငါ့ကိုရန်လာလုပ်လို့၊ ငါလည်း မသည်းခံနိုင်တော့တာနဲ့ လမ်းခွဲဖို့ ငါကပဲစပြောလိုက်တာ”

၀မ်၀န်ချန်သည် ချစ်သူကောင်မလေးက လမ်းခွဲရန် စတင်အဆိုပြုခဲ့ခြင်းဖြစ်ကြောင်းကို ပြောပြရန် အရှက်ရနေပြီး၊ ထိုသို့ပြောလိုက်ပါက သူမျက်နှာငယ်ရမည်ဟု ခံစားနေရ၏။

မာဝူချောင်က ဝမ်ဝန်ချန်အား သဘောမတူသည့်အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။

“မင်း နောက်နေတာလား၊ အသေးအဖွဲကိစ္စလေးနဲ့ လမ်းခွဲရတယ်လို့၊ ဘာကိစ္စများလဲ၊ ဒီခေတ်ကြီးထဲမှာ ချစ်သူကောင်မလေးတစ်ယောက်ရဖို့ဆိုတာ ခက်ခဲတယ်ကွ၊ မင်းရဲ့ သည်းခံနိုင်စွမ်းအတိုင်းအတာကို ကျော်လွန်သွားတဲ့ကိစ္စမျိုး မဟုတ်ဘူးဆိုရင်၊ မင်း ပြန်သွားပြီး အမှားကိုဝန်ခံလိုက်သင့်တယ်”

ဧည့်ခန်းထဲမှဆူညံသံများကို ကြားလိုက်ရသဖြင့် အခြားအတန်းဖော်ဟောင်းနှစ်ဦးလည်း ထွက်လာကာ သူ့ကို ဝင်ရောက်ဖျောင်းဖျကြသည်။ ဤကဲ့သို့

ဤကဲ့သို့ အတင်းအဖျင်းကိစ္စများဆိုလျှင် သူတို့၏နားများက တော်တော်လေးစူးရှလှ၏။

ဝမ်ဝန်ချန်မှာ အတော်လေး စိတ်အနှောင့်အယှက်ဖြစ်နေပြီ ဖြစ်ရာ၊ ဘေးခန်းသို့ လာရောက်ချိန်တွင်ပင် အတန်းဖော်ဟောင်းများ၏ အဆက်မပြတ် ဆူပူကြိမ်းမောင်းသံများကို ကြားရလိမ့်မည်ဟု လုံးဝထင်မှတ်မထားခဲ့ချေ။

သူက ရုတ်တရက် ပေါက်ကွဲသွားတော့သည်။

“မင်းတို့နဲ့ ဘာဆိုင်လို့လဲ၊ မင်းတို့ ပြောလို့ပြီးပြီလား၊ မပြီးသေးဘူးလား၊ အမြဲတမ်း ဒီလိုလိုက်ပြောနေတာပဲ၊ မင်းတို့တွေ အခုလိုထွက်လာပြီး ကစားနိုင်တာက ငါကဖိတ်ခေါ်ခဲ့လို့လေ၊ မင်းတို့မှာ အသိဉာဏ်ဆိုတာ နည်းနည်းလေးတောင်မရှိဘူး၊ ဒါကြောင့် မင်းတို့သူဌေးက မင်းတို့ကို အလုပ်ဖြုတ်လိုက်တာမဆန်းပါဘူး၊ ပြီးတော့ မင်းတို့နှစ်ယောက်လုံး ပါးစပ်ပိတ်ထားကြစမ်း”

မာဝူချောင်သည် ကုမ္ပဏီအခြေအနေမကောင်းသဖြင့် အလုပ်ဖြုတ်ခံခဲ့ရခြင်းဖြစ်ပြီး၊ ၎င်းမှာ သူ ဤခရီးကိုလိုက်လာနိုင်ရန် အချိန်ရသွားခြင်း၏ အကြောင်းအရင်းတစ်ခုလည်း ဖြစ်သည်။ ဝမ်ဝန်ချန်၏ စကားများက မာဝူချောင်၏ရင်ဘတ်ကို ချက်ချင်း လှံဖြင့်ထိုးစိုက်လိုက်သလို ဖြစ်သွား၏။

သူလည်း ဒေါသမရှိသူတော့မဟုတ်ချေ။ ဝမ်ဝန်ချန်က သူတို့ကို လာကစားရန် ဖိတ်ခေါ်သည်ဟု ဆိုသော်လည်း၊ လာရာလမ်းတွင် သူတို့က တစ်လှည့်စီ ကားမောင်းပေးခဲ့ကြပြီး၊ အမြဲတမ်း အခွင့်အရေးယူနေခြင်းက မကောင်းဟု တွေးခဲ့ကြကြောင်း သူ တွေးလိုက်မိသည်။

သူတို့က ကိုယ့်သဘောဆန္ဒဖြင့် ဓာတ်ဆီဖိုးပင် ရှင်းပေးခဲ့သေးပြီး၊ ဝန်ဆောင်မှုပေးသည့် နေရာများတွင်လည်း သူ့ကို အစားအသောက်များဒကာခံခဲ့ကြသည်။

အများဆုံးရှိလှ သူတို့ အခွင့်အရေးယူခဲ့သည်မှာ အခန်းခသာရှိသည်။ သို့သော် အခန်းခကို ဝမ်ဝန်ချန် ရှင်းခဲ့ခြင်း မဟုတ်ချေ။

သူ၏ချစ်သူကောင်မလေး၊ အော် မဟုတ်သေး၊ သူ၏ ရည်းစားဟောင်းက ရှင်းခဲ့ခြင်းသာ။

ထို့ကြောင့် မာဝူချောင်က သရော်သည့်လေသံဖြင့် ပြန်ပြောလိုက်သည်။

“အော်... ဟုတ်ပါပြီ၊ ငါတို့အခန်းခကို မျှရှင်းကြရင် ဘယ်လိုလဲ၊ အဲဒါဆိုရင် ငါက မင်းဆီကနေ အခွင့်အရေးယူတယ်လို့ မင်း ပြောလို့မရတော့ဘူးပေါ့၊ ငါတို့ မင်းဆီကို ပိုက်ဆံလွှဲပေးမယ်၊ အာ... ငါမေ့သွားတယ်၊ မင်းကိုယ်တိုင်လည်း အခန်းခကို ဈေးကြီးတယ်လို့ထင်နေပြီး မင်းရဲ့ ချစ်သူ၊ အော်... ရည်းစားဟောင်းက ရှင်းပေးခဲ့တာပဲ၊ အဲဒီတော့ ငါတို့က ပိုက်ဆံကို သူ့ဆီကိုပဲလွှဲပေးသင့်တာပေါ့”

ကျန်နှစ်ဦးမှာလည်း ဝမ်ဝန်ချန်၏စကားများကြောင့် အလွန်မကျေမနပ်ဖြစ်သွားကြပြီး မာဝူချောင်ကို ထောက်ခံကာ ပြောလိုက်ကြတော့၏။

“ဟုတ်တယ်၊ ငါတို့ အပြင်ထွက်ကစားကြတဲ့အချိန်မှာ၊ ယောကျ်ားကြီးတွေ ဖြစ်နေပြီးတော့ မိန်းကလေးတစ်ယောက်ကို ဘယ်လိုလုပ် ပိုက်ဆံရှင်းခိုင်းလို့ရမှာလဲ၊ နောက်မှ အန်းနင်နဲ့ ငါတို့ ရှင်းလိုက်ကြတာပေါ့”

“ငါလည်း အဲဒီလိုပဲထင်တယ်၊ အာ... ဒီနေရာက တည်းရတာ တကယ်ကိုကောင်းတာပဲ၊ အန်းနင် ကျေးဇူးကြောင့်သာ ငါတို့တွေ ဇိမ်ခံအခန်းတွဲမှာ တည်းခွင့်ရတာ၊ မဟုတ်ရင် ဒီလိုအချိန်ကြီး ငါတို့တွေ အဝေးပြေးလမ်းပေါ်မှာပဲ ရောက်နေဦးမယ်ထင်တယ်”

ဤလူများမှာ ဝမ်ဝန်ချန်၏ခံစားချက်များကို လုံးဝဂရုမစိုက်တော့ဘဲ သူတို့ဘာသာသူတို့ စကားပြောနေကြသည်။ ဝမ်ဝန်ချန်သည် သူတို့ကို ဒေါသထွက်ချင်သော်လည်း တစ်ယောက်တည်းဖြင့် သုံးယောက်ကို ရင်ဆိုင်ရမည်ဖြစ်ရာ သူ လုံးဝမယှဉ်နိုင်ချေ။

အရပ်ရှည်ရှည်လူသုံးယောက်က သူ့အား ဝိုင်းရိုက်မည်ကို စိုးရိမ်သဖြင့် သူ လက်ပါဖို့မရဲခဲ့ချေ။

ဒေါသများကို စိတ်ထဲတွင်သာ မျိုသိပ်ထားကာ အိပ်ခန်းများထဲမှ တစ်ခန်းထဲသို့ တိတ်ဆိတ်စွာ ဝင်သွားလိုက်သည်။

‘ဒါက ဘယ်လို အခြေအနေကြီးလဲ' ဟု ဝမ်ဝန်ချန် တွေးလိုက်မိသည်။

‘အကြောင်းပြချက်မရှိဘဲ လီရှီးရှီးဆီ လပြီး ဘာလို့ ပြဿနာလာရှာနေခဲ့မိတာလဲ၊ အခုတော့ ငါ့ရဲ့ ချစ်သူကောင်မလေးကလည်း ငါ့ကို လမ်းခွဲသွားပြီ၊ ပြီးတော့ အတန်းဖော်ဟောင်းတွေနဲ့ ငါ့ရဲ့ ဆက်ဆံရေးကလည်း တင်းမာသွားခဲ့ပြီ'

‘ငါမှားတာမဟုတ်ဘူး၊ အခြားလူတွေရဲ့ ပြဿနာပဲ ဖြစ်ရမယ်' ဟု သူ ခံစားလိုက်ရလေ၏။

98

နောက်တစ်နေ့နံနက်ခင်းတွင် ဝမ်ဝန်ချန်သည် နှိုးစက်သံကြောင့် အိပ်ရာမှလန့်နိုးလာ၏။ မိုးမလင်းသေးမီမှာပင် မျက်လုံးကို အနိုင်နိုင်ဖွင့်ကာ၊ ခေါင်းကြည်သွားစေရန် မျက်နှာကို ရေအေးဖြင့် သစ်လိုက်သည်။

ထို့နောက် အခန်းထဲမှ ခြေဖွဖွဖြင့်ထွက်လာပြီး ဧည့်ခန်းထဲသို့ ချောင်းကြည့်လိုက်သည်။

“တော်သေးတာပေါ့၊ ဘယ်သူမှ မထကြသေးဘူး”

ထို့နောက် ခရီးဆောင်အိတ်ကိုဆွဲကာ ယာတောအိမ်ထဲမှ တစ်ယောက်တည်းထွက်လာခဲ့ပြီး ကားမောင်းထွက်သွားတော့သည်။

စိတ်ထဲတွင်လည်း တိတ်တဆိတ် ကျေနပ်နေမိ၏။ ‘ဟမ့်... မနေ့က မင်းတို့အားလုံး ငါ့ကို စိတ်အလိုမကျဖြစ်အောင် လုပ်ခဲ့တယ်မလား၊ အခု မင်းတို့ ဘယ်လိုပြန်ကြမလဲဆိုတာ ကြည့်ကြသေးတာပေါ့'

သူတို့ လာစဉ်က ကားတစ်စီးတည်းသာ မောင်းလာခဲ့ခြင်းဖြစ်ပြီး၊ ဝမ်ဝန်ချန်၏ကားက သူတို့အားလုံး အံဝင်ခွင်ကျဖြစ်ရုံလေးသာ။

ယခုအခါ ဝမ်ဝန်ချန်က အရင် ကားမောင်းထွက်သွားပြီဖြစ်ရာ၊ ကျန်လူများမှာ ဘာဖြစ်နေမှန်းပင်မသိဘဲ အိပ်မောကျကျန်ရစ်ခဲ့ကြသည်။

မာဝူချောင်နှင့် အခြားသူများ နိုးလာချိန်တွင် နေမြင့်နေပြီဖြစ်သည်။ ဈေးကြီးသော ကုတင်များက ဈေးကြီးရသည့်အကြောင်းရင်းရှိကြောင်း သူသိလိုက်ရပြီး အံ့သြနေမိဆဲပင်။

ပုံမှန်အားဖြင့် စိမ်းသောနေရာများတွင် အိပ်ပျော်ရန်ခက်ခဲတတ်သော်လည်း၊ မနေ့ညကမူ လှဲချလိုက်သည်နှင့် ချက်ချင်းအိပ်ပျော်သွားပြီး ဘယ်သူ့ထက်မဆို ကျယ်လောင်စွာ ဟောက်နေခဲ့သေးသည်။

မာဝူချောင်က ရေရွတ်လိုက်၏။

“ဒီညအိပ်စက်ရတာ တကယ်ကို သက်သောင့်သက်သာရှိတာပဲ၊ မနေ့ညကကိစ္စတွေကြောင့် အိပ်ရေးပျက်မယ်လို့တောင် ထင်နေခဲ့တာ”

အခြားသူတစ်ယောက်ကလည်း ဝင်ပြောလိုက်သည်။

“အာ၊ ဟုတ်သားပဲ၊ ဝမ်ဝန်ချန်ကို သွားနှိုးသင့်လား၊ မနေ့က နှစ်ဖက်လုံးအမှားပါပါတယ်၊ ဘာပဲဖြစ်ဖြစ် သူ့ချစ်သူနဲ့ သူ့ကိစ္စလေ၊ ငါတို့က အရမ်းဝင်ပါမိသလိုဖြစ်သွားတယ်၊ ငါ အောက်ဆင်းပြီး နံနက်စာသွားယူရင်း သူ့ကိုပါအတူတူစားဖို့ ခေါ်လိုက်ရင်ကော၊ ပြန်အဆင်ပြေသွားအောင်လို့လေ”

မာဝူချောင်က ခေါင်းညိတ်ကာ သဘောတူလိုက်၏။

“အေး၊ ကောင်းတယ်”

ထို့နောက် ဘေးခန်းရှိဝမ်ဝန်ချန်ကို သွားနှိုးရန် ပြင်လိုက်သည်။ သို့သော် တံခါးကို အချိန်အတော်ကြာ ခေါက်နေသော်လည်း ဘာအသံမှမကြားရချေ။

သူက စိတ်ထဲမှ တွေးလိုက်မိသည်။

‘ဝမ်ဝန်ချန် ဒေါသထွက်ပြီး ငါတို့ကို လျစ်လျူရှုထားတာလား၊ ဒါမှမဟုတ် ချစ်သူကောင်မလေးကို သွားချော့ပြီး တောင်းပန်သင့်တယ်ဆိုတာကို သဘောပေါက်သွားလို့များလား၊ နောက်ပိုင်းကိစ္စက ဖြစ်နိုင်ချေ ပိုများတယ်၊ ယောက်ျားကြီးတန်မဲ့ ဒီလောက်တော့ သဘောထားသေးသိမ်မနေလောက်ပါဘူး၊ စကားနည်းနည်းများရုံနဲ့ တံခါးတောင်မဖွင့်ပေးဘဲနေပါ့မလား’

သူ တံခါးလက်ကိုင်ကို လှည့်ကြည့်လိုက်ရာ သော့ခတ်မထားကြောင်း တွေ့လိုက်ရသည်။

အထဲသို့ ဝင်ကြည့်လိုက်သော်လည်း ဘယ်သူ့ကိုမှ မတွေ့ရသဖြင့် သူ၏အတွေးက ပိုမိုခိုင်မာသွားခဲ့၏။

သိပ်မကြာမီမှာပင် နံနက်စာယူပြီးပြန်လာသော အတန်းဖော်ကို သူကပြောလိုက်သည်။

“ဝမ်ဝန်ချန် သူ့အခန်းထဲမှာမရှိဘူး၊ သူ့ချစ်သူကောင်မလေးကို တောင်းပန်ဖို့ ဘေးခန်းကိုသွားတ နေမှာပါ၊ ဒီကောင်က တကယ်တော့ လူမှုဆက်ဆံရေးအသိဉာဏ် နည်းနည်းရှိသားပဲ”

သို့သော် အောက်ဆင်းသွားသော အတန်းဖော်က ခေါင်းကုတ်ရင်း ပြန်ဖြေလိုက်သည်။

“မဖြစ်နိုင်တာ၊ ခုနလေးတင် အောက်မှာ ချင်အန်းနင်နဲ့တွေ့ခဲ့သေးတယ်၊ ငါတောင် သူ့ကိုနှုတ်ဆက်လိုက်သေးတယ်၊ သူ အောက်မှာ တစ်ယောက်တည်း နံနက်စာစားနေတာ၊ ဝမ်ဝန်ချန်ကိုပါ နံနက်စာအတူတူစားဖို့ ခေါ်လိုက်မယ်လို့တောင် ငါ ပြောခဲ့သေးတယ်၊ သူ ဘာမှပြန်မပြောဘူး”

သူတို့အားလုံး တစ်ခုခုမှားယွင်းနေပြီဖြစ်ကြောင်း သဘောပေါက်သွားပြီး ဝမ်ဝန်ချန်ထံ အမြန်ဖုန်းဆက်ကာ ဘယ်ရောက်နေသလဲဟု မေးလိုက်ကြ၏။

ဖုန်းတစ်ဖက်မှ ဝမ်ဝန်ချန်၏ မောက်မာသောရယ်သံကြီး ထွက်ပေါ်လာသည်။

“ငါ အရင်ပြန်သွားပြီ၊ မင်းတို့ကိုမစောင့်တော့ဘူး၊ ဟားဟားဟား”

သူတို့ အချင်းချင်း အကြည့်ချင် ဖလှယ်လိုက်ကြသည်။ အခု

‘အခု ဘာတွေဖြစ်ကုန်တာလဲ။ ဝမ်ဝန်ချန်က ငါတို့အားလုံးကိုထားခဲ့ပြီး အရင်ပြန်သွားပြီ ဟုတ်လား'

သူတို့အားလုံး ဘေးခန်းမှ ချင်အန်းနင်ကို သတိရသွားကြ၏။ သူမ အောက်ထပ်တွင် နံနက်စာစားနေဆဲဖြစ်ပေမည်။

နာရီဝက်ခန့်စောင့်ပြီးနောက် နောက်ဆုံးတွင် သူမ၏တံခါးကို သွားခေါက်လိုက်ကြသည်။

ချင်အန်းနင် တံခါးဖွင့်လိုက်သောအခါ ရည်းစားဟောင်း၏ အတန်းဖော်များအားလုံး တံခါးရှေ့တွင် စုရုံးနေကြသည်ကို တွေ့လိုက်ရသည်။

‘ငါတို့ လမ်းခွဲလိုက်ပြီဆိုတာကို ဝမ်ဝန်ချန်က သူတို့ကို မပြောရသေးဘူးလား'

သူတို့က အခန်းကို တစ်ညတည်းသာ ဘွတ်ကင်လုပ်ထားခြင်းဖြစ်ရာ၊ ယုတ္တိတန်စွာ တွေးကြည့်လျှင် ယနေ့ပြန်ရမည်ဖြစ်သည်။

‘သူတို့နဲ့အတူ အတူတူပြန်ဖို့ လာခေါ်ကြတာဖြစ်ရမယ်' ဟု သူမတွေးလိုက်မိ၏။ သို့သော် ချင်အန်းနင်က ဝမ်ဝန်ချန်ကိုမမြင်ချင်တော့သဖြင့် ပြောလိုက်သည်။

“နင်တို့ဘာသာ သွားနှင့်ကြပါ၊ ငါက နောက်ထပ် နှစ်ရက်လောက်ထပ်နေဦးမလို့”

မာဝူချောင်က မနေနိုင်ဘဲတန်းပြောလိုက်သည်။

“ဝမ်ဝန်ချန်တစ်ယောက်တည်း ထွက်သွားပြီဆိုတာ နင်သိလား”

‘ဘာ၊ ဝမ်ဝန်ချန်တစ်ယောက်တည်း ပြန်သွားပြီလား' ချင်အန်းနင်မှာ ဇဝေဇဝါ ဖြစ်သွားပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“သူ တစ်ယောက်တည်းသွားပြီ ဟုတ်လား၊ ဘာဖြစ်လို့လဲ”

အပြန်အလှန် စကားပြောဆိုပြီးနောက် နောက်ဆုံးတွင် အခြေအနေကို သဘောပေါက်သွားကြသည်။ ဝမ်ဝန်ချန်

‘ဝမ်ဝန်ချန် ဆိုတဲ့လူက တကယ်ကို အားလုံးကို ဆွံ့အသွားစေတာပဲ'

ယခုအခါ ဝမ်ဝန်ချန်ပြောသော ‘အသေးအဖွဲကိစ္စ’ ဆိုသည်မှာ ဘာလဲဆိုသည်ကို သူတို့ သိသွားကြချေပြီ။

ချစ်သူကောင်မလေးက ဤနေရာမှ ဆံပင်အခြောက်ခံစက် ဝယ်ချင်သဖြင့် ဝယ်လို့ရမည့်လင့်ခ်ရှိမရှိ လီရှီးရှီးကိုမေးပေးဖို့ရာ အကူအညီတောင်းရာမှ ဝမ်ဝန်ချန်က မမေးပေးချင်ဘဲ စကားများရန်ဖြစ်ခဲ့ကြခြင်း ဖြစ်သည်။

မာဝူချောင် ဆက်၍သည်းမခံနိုင်တော့ဘဲ လွှတ်ခနဲပြောချလိုက်သည်။

“ကျောင်းတက်တုန်းက ဝမ်ဝန်ချန်က လီရှီးရှီးကို လိုက်ဖူးတယ်ဆိုတာ နင်သိလား၊ လီရှီးရှီးက လက်မခံလို့ဆိုပြီး ဝမ်ဝန်ချန်က သူ့အပေါ် အမြဲတမ်း အငြိုးထားခဲ့တာလေ၊ ဒီတစ်ခါလာတာလည်း လီရှီးရှီးကို လှောင်ပြောင်ချင်လို့ လာတာဖြစ်ရမယ်၊ ဒါပေမဲ့ သူ့စီးပွားရေးက ဒီလောက်ကြီး အောင်မြင်နေလိမ့်မယ်လို့ သူထင်မထားခဲ့တာနေမှာပေါ့...”

ထိုအခါမှသာ ချင်အန်းနင် ရုတ်တရက်သဘောပေါက်သွားတော့သည်။

‘ဝမ်ဝန်ချန်ရဲ့ စကားတွေက ဘာလို့ ဒီလောက် နားထောင်ရခက်နေရတာလဲလို့ စဉ်းစားနေခဲ့တာ၊ သူ့ကို လမ်းခွဲလိုက်တာ ကံကောင်းသွားတယ်၊ သူ့အကျင့်စရိုက်ကို ငါ တကယ်လက်မခံနိုင်ဘူး၊ ကိုယ်လိုက်လို့မရတာနဲ့ပဲ တစ်ပါးသူကို အသရေဖျက်ရတယ်လို့၊ သူ့ဦးနှောက်ထဲက ဝက်အူတစ်ချောင်းချောင်းများ ပြုတ်နေသလားပဲ'

နောက်ပိုင်းတွင် လီရှီးရှီးသည် မာဝူချောင်နှင့် အတန်းဖော်ဟောင်းအနည်းငယ်ကို တောင်အောက် ရထားဘူတာရုံအထိ တိုက်ရိုက်လိုက်ပို့ပေးခဲ့သည်။

သူတို့က အိမ်ပြန်ရန် ရထားလက်မှတ်များ ဝယ်ယူခဲ့ကြ၏။ လီရှီးရှီးလည်း တော်တော်လေး ဆွံ့အသွားရသည်။

‘ဝမ်ဝန်ချန် တစ်ယောက်တည်း တကယ်ကြီး ကားမောင်းထွက်သွားတယ်လား၊ တခြားလူတွေကို လုံးဝဂရုမစိုက်ဘူးပဲ'

လီရှီးရှီး ပြန်ရောက်လာသောအခါ တိုက်တိုက်ဆိုင်ဆိုင်ပင် ချင်အန်းနင်နှင့် ဆုံမိလေသည်။ ချင်အန်းနင်က သူမကို ‘စာနာနားလည်မှု’ အပြည့်ပါသောအကြည့်ဖြင့် တစ်ချက် ကြည့်လိုက်သည်။

သူမက ဒီနေရာတွင် နောက်ထပ် ရက်အနည်းငယ်ဆက်နေရန် စီစဉ်ထား၏။ ဤနေရာတွင် လေထုလည်းကောင်းပြီး နေထိုင်ရ တော်တော်လေး သက်သောင့်သက်သာရှိသည်ဟု သူမ ခံစားနေရသည်။

အရေးအကြီးဆုံးကတော့ သူမလိုချင်သည့် ဆံပင်အခြောက်ခံစက် လင့်ခ်ကို မရသေးသောကြောင့်ပင်။

‘ဒီကောင်မလေး လမ်းခွဲထားခါစဆိုတော့ စိတ်အခြေအနေ မကောင်းလောက်ဘူး’ဟု လီရှီးရှီး တွေးထားခဲ့သော်လည်း၊ ချင်အန်းနင်က မြင်သည်နှင့် ဘာမှမဖြစ်ခဲ့သလိုပုံစံဖြင့် လီရှီးရှီးထံကပ်တွယ်ကာ ဆံပင်အခြောက်ခံစက်ကို ရောင်းမလားဟု မေးနေတော့သည်။

လီရှီးရှီးမှာ တကယ်ကို ဆွံ့အသွားရပြီး အွန်လိုင်းမှဟာသတစ်ခုကို သွားသတိရမိသည်။

ချစ်သူကောင်လေးနှင့် ရန်ဖြစ်ပြီးနောက် ကောင်မလေးတစ်ယောက် အသည်းအသန်ငိုကြွေးနေခဲ့ဧ။ခ။ သို့သော် မျက်နှာကိုသုတ်လိုက်ပြီး မှန်ထဲတွင် မျက်ရည်များစီးကျကာ လှပစွာငိုကြွေးနေသော မိမိကိုယ်ကို မြင်လိုက်ရသောအခါ၊ မိမိ၏အလှကို မနေနိုင်ဘဲ ကြည့်ရှုသဘောကျနေပြီး ဒေါသထွက်နေတာရော ဝမ်းနည်းနေတာကိုပါ လုံးဝမေ့သွားခဲ့သည် ဟူသော ဟာသပင်။

ချင်အန်းနင်၏ လက်ရှိအခြေအနေမှာလည်း အွန်လိုင်းမှထိုဟာသနှင့် အတော်လေးဆင်တူနေသည်။

ချင်အန်းနင်က ဈေးကောင်းပေး၍ ဝယ်ယူလိုသဖြင့် လီရှီးရှီးမှာ အလွန်စိတ်ဝင်စားသွားသော်ငြား ငြင်းဆိုလိုက်ရသည်။

သူမ ဘာမှလုပ်၍မရချေ။

ဤအရာက ဆပ်ပြာလိုမျိုး သုံးပြီးသည်နှင့် ကုန်သွားတတ်သည့် ပစ္စည်းမျိုး မဟုတ်ရာ စနစ်က သူမအတွက် ဖွင့်မပေးထားဘဲ၊ အခန်းတိုင်းတွင် တစ်လုံးစီသာ တပ်ဆင်ပေးထားပြီး သူမကိုယ်တိုင်တွင်ပင် အပို တစ်လုံးမှမရှိချေ။ ဝန်ထမ်းအဆောင် တစ်ခုစီတိုင်းတွင်လည်း ဆံပင်အခြောက်ခံစက် တစ်လုံးသာရှိသည်။

သို့သော် ဆံပင်အခြောက်ခံစက် ပျက်သွားပါက ဘာလုပ်ရမလဲဟု ဖောက်သည်ဝန်ဆောင်မှုကို မေးမြန်းခဲ့သည်။

‘ဆံပင်ခြောက်ခံစက်တွေက မပျက်ဘဲ တစ်သက်လုံးခံမှာမှမဟုတ်တာ’ ဟုလည်း သူမတွးလိုက်မိ၏။

ဖောက်သည်ဝန်ဆောင်မှုက သူတို့သတ်မှတ်ထားသော ပျက်စီးမှုအဆင့်သို့ ရောက်ရှိမှသာ အသစ်များကို အလိုအလျောက် အစားထိုးပေးမည်ဖြစ်ကြောင်း ပြောပြခဲ့သည်။

ထို့အပြင် ဆံပင်အခြောက်ခံစက် တစ်လုံးစီတိုင်းကို ကြိုးဖြင့် ချိတ်ဆက်ထားပြီး ရေချိုးခန်းဗီရိုဘေးတွင် ထားရှိလေသည်။

ကြိုး၏သတ္တုမှာ အလွန်ခိုင်ခံ့လှသည်။ လီရှီးရှီးသည် ကတ်ကြေးကြီးဖြင့် ကိုက်ဖြတ်ကြည့်ရန်ပင် ကြိုးစားခဲ့သော်ငြား ကြိုးပေါ်တွင် အရာလေးတစ်ခုမျှပင် မထင်ခဲ့ရာ၊ ခိုးယူရန်ဆိုသည်မှာ မဖြစ်နိုင်ချေ။

အတိုချုပ်ပြောရလျှင် ရောင်းဖို့မဖြစ်နိုင်ဘူး ဆိုသည်ပင်။ သဘောကျလျှင် ဤ ယာတောအိမ်တွင် တည်းဤသာ အသုံးပြု၍ရပေမည်။

ချင်အန်းနင်အတွက် ရွေးချယ်စရာမရှိတော့ချေ။ ကံကောင်းထောက်မစွာဖြင့် သူမက ငွေကြေးပြတ်လပ်နေသူ မဟုတ်ပေ။

မူလက သူမသည် နှစ်ရက်သုံးရက်ခန့် နေပြီးလျှင် ပြန်ရန်စီစဉ်ထားသော်လည်း၊ ဤနေရာသို့ ရောက်လာပြီးနောက် အရာအားလုံးက အရသာရှိပြီး အိပ်ရတာလည်းကောင်းကြောင်း တွေ့ရှိလိုက်ရသည်။

အရသာရှိသော အစားအစာများ၊ အနှိပ်ခန်းများ၊ ရေပူစမ်းများနှင့်အတူ... ဘဝက တကယ်ကို အရမ်းပျော်စရာကောင်းလွန်းလှပေသည်။

သူမက အခန်းဘိုကင်ကို တစ်လအထိ တိုက်ရိုက်သက်တမ်းတိုးလိုက်၏။ နောက်ရက်များတွင် အခန်းတွဲများအားလုံး ပြည့်နေသဖြင့်၊ ဇိမ်ခံအခန်းတွဲတွင် လဝက်၊ ဇိမ်ခံကုတင်ကြီးအခန်းတွင် လဝက် တည်းခိုရန်သာ ရွေးချယ်နိုင်ခဲ့သည်။

ပမာဏများပြားလွန်းသဖြင့် ချင်အန်းနင်၏ အလီပေးနှင့် ဝီချက်တို့မှ တစ်ပြိုင်နက်တည်း ငွေလွှဲ၍မရနိုင်သောကြောင့်၊ ကတ်ဖြင့်သာ ငွေပေးချေရန် ရွေးချယ်လိုက်ရ၏။

ဤကတ်မှာ သူမမိခင်ဖြစ်သူ၏ အရန်ကတ်နှင့် ချိတ်ဆက်ထားခြင်းဖြစ်ရာ၊ သူမ အသုံးပြုလိုက်သည်နှင့်တစ်ပြိုင်နက် မိခင်ဖြစ်သူထံသို့ စာတိုအသိပေးချက်တစ်ခု ချက်ချင်း ရောက်ရှိသွားတော့သည်။

All Chapters