← Chapters

အခန်း (၇၃-၇၄)

Vol. 8 Ch. 73-74

အခန်း (၇၃-၇၄)

Vol. 8 Ch. 73-74

အခန်း (၇၃) ရှိုးရှန်းနန်းဆောင်မှ ထွက်ခွာခြင်း

လဝက်အကြာတွင် နန်ကုန်းယွီသည် တန်ထျန်း၊ လိုဏ်ဂူကောင်းကင်၊ သွေးကြောများနှင့် ရွှေအမြုတေတို့ကို ဝိညာဉ်စွမ်းအင်များဖြင့် နောက်တစ်ကြိမ် ပြည့်နှက်စေခဲ့ပြီး လက်ရှိ ပြီးပြည့်စုံခြင်း အခြေအနေသို့ ရောက်ရှိသွားခဲ့လေသည်။

ယခုအခါ သူလုပ်ရန်လိုသည်မှာ အဆင့် ၅ ဝိညာဉ်သန္ဓေသားပျိုးထောင်ခြင်း ဆေးလုံးကို သန့်စင်ရန် အချိန်ရှာရန်သာဖြစ်ပြီး သူသည် ဝိညာဉ်သန္ဓေသားပြောင်းလဲခြင်းအဆင့်သို့ တက်လှမ်းနိုင်ပြီ ဖြစ်ပေသည်။

သေချာသည်မှာ သူသည် ဝိညာဉ်သန္ဓေသားပျိုးထောင်ခြင်း ဆေးလုံးကို အသုံးမပြုရန်လည်း ရွေးချယ်နိုင်သည် (သို့မဟုတ်) အချိန်ဟင်းလင်းပြင်ကုန်သည်အသင်းတွင် လဲလှယ်နိုင်သည်။

သို့သော် ပထမတစ်ခုမှာ ယုံကြည်စိတ်ချရမှု မရှိချေ။

အကယ်၍ တစ်စုံတစ်ဦးတွင် ထိုအမှတ်များ ရှိပါက ဆေးဖော်စပ်နည်းနှင့် ဆေးဖက်ဝင်အပင်များကို ဝယ်ယူရန်၊ ၎င်းတို့ကို ဖော်စပ်ရန်နှင့် အရင်းကျေစေရန် အချို့ကို ရောင်းချရန် လုံလောက်ပေသည်။

ထို့အပြင် နန်ကုန်းယွီသည် အလျင်စလို မရှိသောကြောင့် သူ၏ ဝိညာဉ်စွမ်းအင်များကို တည်ငြိမ်စေပြီး သူ၏ လက်ရှိစွမ်းအားကို ကျင့်သားရစေလိုကြောင်း ထင်ရှားလှပေသည်။

ထို့ကြောင့် သူသည် လာမည့် နှစ်ရက်အတွင်း အဆင့် ၅ ဝိညာဉ်သန္ဓေသားပျိုးထောင်ခြင်း ဆေးလုံး (ဆေးဖော်စပ်နည်းနှင့် ဆေးဖက်ဝင်အပင်များ) ကို ပိုမိုဝယ်ယူရန် စီစဉ်ထားပြီး အသုတ်တစ်ခုကို ကိုယ်တိုင် ဖော်စပ်မည် ဖြစ်လေသည်။

သူသည် အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ တက်လှမ်းပြီးနောက် ရှဲဒိုးချမ်း၏ ကျင့်ကြံမှုမှာလည်း တစ်စိတ်တစ်ပိုင်း ပွင့်သွားခဲ့ပြီး ဝိညာဉ်ဘုရင်အဆင့်၏ အထက်တွင်ရှိသော ဝိညာဉ်ဧကရာဇ်အဆင့်သို့ ရောက်ရှိသွားခဲ့ကြောင်း ပြောပြရပေမည်။

ထို့အပြင် သူသည် နတ်ဘုရားအရိပ် တမန်တော်များကို ထပ်မံဆင့်ခေါ်ချိန်တွင် တပ်မှူးအဆင့် တစ်ဦး၊ ထျန်းကန်း စစ်သူကြီးအဆင့် တစ်ဦးနှင့် တိရှား စစ်သူကြီးအဆင့် နတ်ဘုရားအရိပ် တမန်တော် နှစ်ဦးကို အမှန်တကယ် ဆင့်ခေါ်နိုင်ခဲ့လေသည်။

ထို့အပြင် နတ်ဘုရားအရိပ် တပ်စု လေးခု ထပ်မံရရှိခဲ့ရာ စုစုပေါင်း ကိုးခု ဖြစ်လာပေသည်။

ဝိညာဉ်ဧကရာဇ်အဆင့် ကျွမ်းကျင်သူ နှစ်ဦးနှင့် နတ်ဘုရားပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူ ခြောက်ဦးတို့သည် သူ့ကို ကာကွယ်ရန်နှင့် သူ့ကို အလုပ်အကျွေးပြုရန် လုံလောက်ပေသည်။

နတ်ဘုရားအရိပ် တပ်စုအတွက်လည်း အလားတူပင်ဖြစ်ပြီး စုစုပေါင်း အဖွဲ့ဝင် ၉၀၀ နှင့်အတူ သူတို့သည် သူ့အတွက် ကြီးမားသော အကူအညီ ဖြစ်လာနိုင်ပေသည်။

မည်သို့ပင်ဆိုစေ သူတို့၏ စွမ်းအားမှာ အနည်းငယ် နိမ့်ကျသော်လည်း သူတို့သည် ဖမ်းဆုပ်ရခက်ပြီး သတိပြုမိရန် ခက်ခဲသောကြောင့် သတင်းအချက်အလက် စုဆောင်းရန်အတွက် အလွန်သင့်လျော်လေသည်။

သူနှင့် သူ၏မိခင်ကို ကာကွယ်ရန် သူချန်ထားခဲ့သော အရိပ်ပုန်းကွယ်ခြင်းနှင့် နတ်ဘုရားအရိပ် တပ်စု တစ်ခုမှလွဲ၍ အခြား နတ်ဘုရားအရိပ် တမန်တော် သုံးဦးနှင့် နတ်ဘုရားအရိပ် တပ်စုများကို သူ စေလွှတ်လိုက်ပေသည်။

ထျန်းကန်း ခေါင်းဆောင်နှင့် တိရှား ခေါင်းဆောင်တို့သည် ပေ့ချွမ်းအင်ပါယာတစ်ခွင် လှည့်လည်သွားလာရန်နှင့် ပေ့ချွမ်းအင်ပါယာ၊ လေနတ်ဆိုးနှင့် ကျားနတ်ဆိုး အင်ပါယာ နှစ်ခုတို့အကြား စစ်ပွဲနှင့်ပတ်သက်သော သတင်းအချက်အလက်များကို စုဆောင်းရန် နတ်ဘုရားအရိပ် တပ်စု သုံးခုကို ဆက်လက်ဦးဆောင်နေလေသည်။

တိရှားသည် မည်သည့်အခြေအနေမျိုးအတွက်မဆို ပြင်ဆင်မှုအနေဖြင့် အသုံးဝင်သော သတင်းအချက်အလက်များကို စုဆောင်းရန်အတွက် ချင်းယိုဧကရာဇ်မြို့တော်တွင် ပုန်းကွယ်နေရန် နတ်ဘုရားအရိပ် တပ်စု နှစ်ခုကို ဆက်လက်ဦးဆောင်နေပေသည်။

နတ်ဘုရားအရိပ် တမန်တော် သုံးဦးဖြစ်သော ထျန်းယင်း၊ တိယုံနှင့် တိကျဲ့တို့သည် အရှေ့မီးတောက်၊ ငွေလမင်းနှင့် အနောက်မြူခိုး အင်ပါယာများသို့ စိမ့်ဝင်ဝင်ရောက်ကာ သတင်းအချက်အလက်များ စုဆောင်းရန် အဖွဲ့ငယ်တစ်ခုစီကို ဦးဆောင်သွားကြလေသည်။

အကယ်၍ ချင်းယိုအင်ပါယာအပေါ် သက်ရောက်မှုရှိမည့် မမျှော်လင့်ထားသော အပြောင်းအလဲများ ဖြစ်ပေါ်လာပါကလည်း သူ့ကို အချိန်မီ အကြောင်းကြားနိုင်ပေမည်။

နန်ကုန်းယွီသည် သူ၏စိတ်ကို တည်ငြိမ်အောင်ထားလိုက်ပြီး သူ၏ အသိစိတ်သည် အချိန်ဟင်းလင်းပြင်ကုန်သည်အသင်းသို့ ပြန်လည်ရောက်ရှိသွားလေသည်။

မကြာမီမှာပင် သူသည် ဆေးဖော်စပ်နည်းနှင့် ဆေးဖက်ဝင်အပင် ဆယ်ဆအတွက် အမှတ် ၆၀၀၀၀ ကို အသုံးပြု၍ လဲလှယ်လိုက်သည်။

အချိန်ဟင်းလင်းပြင်ကုန်သည်အသင်း၏ အကူအညီဖြင့် နန်ကုန်းယွီသည် ဝိညာဉ်သန္ဓေသားပျိုးထောင်ခြင်း ဆေးလုံးကို ဖော်စပ်သည့်နည်းလမ်းကို လျင်မြန်စွာ ကျွမ်းကျင်သွားလေသည်။

သူသည် အချိန်ဟင်းလင်းပြင်ကုန်သည်အသင်းမှ ထွက်လာကြောင်း သတိပြုမိပြီး ဆေးဖော်စပ်ခြင်း စတင်ရန် ဟင်းလင်းပြင်ငှက်မွေးကို ထုတ်ယူရန် ပြင်လိုက်ချိန်တွင် သူ၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားပေသည်။

သူ အလျင်အမြန် မတ်မတ်ထိုင်လိုက်ပြီး ရှဲဒိုးချမ်းနှင့် စိတ်ချင်းဆက်သွယ်လိုက်သည်။

"ရှဲဒိုးချမ်း... အတုအယောင်ပုံရိပ်ကို ဖယ်ရှားလိုက်..."

ဤစကားကို ကြားချိန်တွင် ရှဲဒိုးချမ်းသည် အတုအယောင်ပုံရိပ်ကို ချက်ချင်း ဖယ်ရှားလိုက်လေသည်။

ထို့နောက် ရှန်ကွမ်ယွဲ့ရှီးသည် အပြင်ဘက်မှ ဝင်လာပြီး သူ့ကို လက်ယမ်းပြလိုက်သည်။

"ယွီအာ... ဒီကိုလာပါဦး... မယ်တော် သားကို ပြောစရာရှိလို့..."

နန်ကုန်းယွီက ထကာ ပြေးသွားပြီး သူ၏မိခင် ရင်ခွင်ထဲသို့ ခုန်ဝင်လိုက်လေသည်။

"မယ်တော်... ဘယ်သွားနေတာလဲ..."

ရှန်ကွမ်ယွဲ့ရှီးက အနည်းငယ် ပြုံးလိုက်ပြီး ပြောလိုက်သည်။

"သား ရှိုးရှန်းနန်းဆောင်မှာ အချိန်အကြာကြီး နေတာ သိပ်မသင့်တော်ဘူး... မယ်တော်က သားကို ကျန်းပေ့မင်းသား စံအိမ်ကို ပြန်ခေါ်သွားဖို့ အချိန်တန်ပြီလို့ ထင်လို့... ငါတို့ သားရဲ့ မယ်တော်ကြီးကို သွားရှာကြမယ်..."

နန်ကုန်းယွီက မျက်တောင် အနည်းငယ်ခတ်လိုက်သည်။

"တကယ်လား... မယ်တော်ကြီးက ဘာပြောလဲ..."

"သားရဲ့ မယ်တော်ကြီးက သဘောတူတယ်... တစ်ခုခု မှားယွင်းသွားရင် ရှိုးရှန်းနန်းဆောင်ကို ချက်ချင်း ပြန်လာနိုင်အောင်လို့ ကိုယ်ရံတော် လျိုကိုတောင် ငါတို့ကို တိတ်တဆိတ် ကာကွယ်ပေးဖို့ တောင်းဆိုခဲ့သေးတယ်..."

ရှန်ကွမ်ယွဲ့ရှီးက အနည်းငယ် ပြုံးလိုက်သော်လည်း ဤရလဒ်သည် သူမ တောင်းပန်ပြီး တောင်းဆိုခဲ့ရသည့် အရာဆိုသည်ကိုသိလိုက်လေသည်။

မည်သို့ပင်ဆိုစေ ကျီကျစ်ယွီက နန်ကုန်းယွီကို အလွန်ချစ်ခင်သဖြင့် သူ့ကို ရှိုးရှန်းနန်းဆောင်မှ ထွက်ခွာခွင့်ပြုရန် ဘယ်လိုဖြစ်နိုင်မည်နည်း။ မသိမမြင်ရသော အရာများကို ရင်ဆိုင်ရန် သူ့ကို ဘယ်လို ခွင့်ပြုနိုင်မည်နည်း။

"ကောင်းပြီ... အိမ်ပြန်ဖို့ အချိန်တန်ပြီ..."

နန်ကုန်းယွီ၏ မျက်နှာလေးမှာ ဝမ်းသာအားရဖြစ်သွားပြီး သူ ဤနေရာတွင် တကယ် မနေချင်တော့။

ဤနေရာတွင် သူချစ်ရသော မယ်တော်ကြီးနှင့် အခြားသူများ ရှိနေသော်လည်း အခြားသူတစ်ဦး၏ အမိုးအောက်တွင် နေထိုင်ရသကဲ့သို့ အိမ်နှင့်တူသော ခံစားချက်မျိုးကို သူ ဘယ်သောအခါမှ မရှာဖွေနိုင်ခဲ့ချေ။

အခု ကျန်းပေ့မင်းသား စံအိမ်ကို ပြန်လို့ရပြီဆိုမှတော့ ငါတို့ သေချာပေါက် ပြန်သင့်တာပေါ့...

ဒီအန္တရာယ်ဆိုတဲ့ ကိစ္စအတွက်ကော...

"ရှဲဒိုးရွှမ်... သွားပြီး မယ်တော့်အတွက် အန္တရာယ်ရှိတဲ့ မြို့တော်ထဲက မရဏစံအိမ်ရဲ့ လုပ်ကြံသတ်ဖြတ်သူ အားလုံးကို သုတ်သင်လိုက်..."

"ဒါ့အပြင်... ငါတို့နဲ့ တစ်ကီလိုမီတာ အကွာအဝေးအတွင်း ရောက်လာပြီး ရန်ငြိုးဖွဲ့တဲ့ တခြား လုပ်ကြံသတ်ဖြတ်သူ ဘယ်သူ့ကိုမဆို သတ်ပစ်လိုက်..."

"ဟုတ်ကဲ့ပါ..."

နန်ကုန်းယွီ၏ စိတ်ချင်းဆက်သွယ်မှုကို ကြားချိန်တွင် ရှဲဒိုးရွှမ်က ပြန်ဖြေပြီး အလျင်အမြန် ထွက်ခွာသွားလေသည်။

လွန်ခဲ့သော တစ်နှစ်တာကာလအတွင်း မြေနတ်ဆိုးများသည် ဧကရာဇ်မြို့တော် တစ်ခုလုံးနီးပါးသို့ စိမ့်ဝင်ဝင်ရောက်ခဲ့ကြပေသည်။ မရဏစံအိမ်တွင် မည်သည့် ဌာနများ ရှိပြီး မည်သည့် လုပ်ကြံသတ်ဖြတ်သူများ ရှိနေသည်ကို သူတို့ အတိအကျ သိကြလေသည်။

နန်ကုန်းယွီ၏ ပျော်ရွှင်နေသော အမူအရာကို မြင်ချိန်တွင် ရှန်ကွမ်ယွဲ့ရှီးသည် စိတ်ထဲမှ တွေးမိလိုက်၏။

"ငါ့ရဲ့ ဆုံးဖြတ်ချက်က မှန်ပုံပါပဲ"

နန်ကုန်းယွီက ထွက်မသွားချင်ဘဲ သူ့ကို ဖြောင်းဖျရမည်ကို သူမ စိုးရိမ်နေခဲ့ခြင်း ဖြစ်ပေသည်။

ဒီကောင်လေးကလည်း ကျန်းပေ့မင်းသား စံအိမ်ကို ပြန်ချင်နေလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။

သူမက ပြုံးကာ ဆိုလိုက်သည်။

"ချင်းလင်... သွားပြီး မင်းရဲ့ ပစ္စည်းတွေ သိမ်းတော့... ငါတို့ နန်းတော်ကနေ ထွက်ကြမယ်..."

"ဟုတ်ကဲ့ပါ..."

ချင်းလင်က သဘောတူလိုက်ပြီး အခန်းဘက်သို့ လှည့်ထွက်သွားလေသည်။

ဤသည်ကို မြင်ချိန်တွင် နန်ကုန်းယွီက မျက်တောင် အနည်းငယ်ခတ်လိုက်သည်။

"မယ်တော်... သားတို့ မယ်တော်ကြီးနဲ့ တခြားသူတွေကို သွားမနှုတ်ဆက်တော့ဘူးလား..."

ရှန်ကွမ်ယွဲ့ရှီးက ခေါင်းအနည်းငယ် ခါယမ်းပြလိုက်၏။

"မလိုပါဘူး... မယ်တော် သားရဲ့ မယ်တော်ကြီးနဲ့ အဒေါ်ကို ပြောပြီးပြီ... ပြီးတော့ ကျန်းပေ့မင်းသား စံအိမ်က ဒီကနေ သိပ်မဝေးဘူးလေ... သား အချိန်မရွေး လာပြီး သူတို့ကို ဂါရဝပြုလို့ ရပါတယ်..."

ဤစကားကို ကြားချိန်တွင် နန်ကုန်းယွီက ခေါင်းညိတ်လိုက်ပြီး ဘာမှ ဆက်မပြောတော့။

ခဏအကြာတွင် ရှန်ကွမ်ယွဲ့ရှီးနှင့် အခြားနှစ်ဦးတို့သည် သူတို့၏ပစ္စည်းများကို သိမ်းဆည်းကာ စံအိမ်မှ ထွက်ခွာသွားကြလေသည်။

သူတို့သုံးဦး မသိခဲ့သောအရာမှာ ရှိုးရှန်းနန်းဆောင် အပြင်ဘက်တွင် တစ်စုံတစ်ယောက်က စောင့်ဆိုင်းနေပြီးဖြစ်ကြောင်းပင် ဖြစ်ပေသည်။

နန်ကုန်းအောက်ထျန်း၏ အမူအရာမှာ ရှုပ်ထွေးနေလေသည်။

"မယ်တော်... မယ်တော့် အဓိပ္ပာယ်က ယွဲ့ရှီးက ကျန်းပေ့မင်းသား စံအိမ်ကို ပြန်သွားချင်ပြီး ဒီမှာ မနေချင်တော့ဘူးဆိုတဲ့ သဘောလား..."

သူသည် မနက်ခင်း ညီလာခံကို တက်ရောက်နေစဉ် ရှန်ကွမ်ယွဲ့ရှီးက နန်ကုန်းယွီကို ခေါ်သွားကြောင်း သိလိုက်ရသဖြင့် ညီလာခံကို ချက်ချင်းရပ်နားကာ အပြေးအလွှား ရောက်လာခဲ့ခြင်း ဖြစ်ပေသည်။

သူတို့နှစ်ဦး ရှိုးရှန်းနန်းဆောင်မှ ထွက်ခွာသွားကြောင်း ကြားသိရချိန်တွင် နန်ကုန်းအောက်ထျန်းသည် သူ၏ခံစားချက်များကို သေသေချာချာ မဖော်ပြနိုင်ခဲ့ချေ။ အကယ်၍ သူ ပြောရမည်ဆိုလျှင် သူ အနည်းငယ် နှမြောနေမိကြောင်း ခံစားရပေသည်။

အကြောင်းရင်းတစ်ခုခုကြောင့် ထိုကောင်လေး နန်ကုန်းယွီကို မြင်ရခြင်းက သူ့ကို အမြဲတမ်း စိတ်အခြေအနေကောင်းစေပြီး သူ့ကို နန်းတော်၏ အဖွဲ့ဝင်တစ်ဦးအဖြစ်ပင် သတ်မှတ်လာခဲ့လေသည်။

ဒါဆို အခု သူတို့က နန်ကုန်းယွီကို ဒီနေရာနဲ့ မဆိုင်သလို ထွက်သွားရတော့မယ်လို့ ပြောနေကြတာလား။

ကျီကျစ်ယွီက အနည်းငယ် ခေါင်းညိတ်လိုက်သည်။

"ယွဲ့ရှီးက အရမ်း စဉ်းစားတတ်တဲ့ မိန်းကလေးပါ... သူမရဲ့ စိတ်ထဲမှာ တစ်ခုခုရှိနေတော့ ကျန်းပေ့မင်းသား စံအိမ်ကိုပဲ အမြဲတမ်း ပြန်သွားချင်နေတာ... လွန်ခဲ့တဲ့ ခြောက်လအတွင်း သူမ ဒီအကြောင်းကို ငါ့ကို အကြိမ်ကြိမ် ပြောခဲ့ဖူးတယ်... ဒါပေမဲ့ ဒီနေ့တော့ သူ့ ကို ငါ မတားတော့ပါဘူး..."

ဤစကားကို ကြားချိန်တွင် လူတိုင်း တိတ်ဆိတ်သွားကြလေသည်။

နန်းတော်သည် ကျန်းပေ့မင်းသား စံအိမ် မဟုတ်သောကြောင့် ရှန်ကွမ်ယွဲ့ရှီး၏ စိတ်ထဲတွင် ကျန်းပေ့မင်းသား စံအိမ်ကို သတိရနေခြင်းမှာ သာမန်ပင် ဖြစ်ပေသည်။

"အဆင်ပြေပါတယ်... ကျန်းပေ့မင်းသား စံအိမ်က နန်းတော်နဲ့ သိပ်မဝေးပါဘူး... ယွီအာဆီမှာ မင်းကြီး ပေးထားတဲ့ တံဆိပ်ပြား ရှိတယ်လေ... ဒါကြောင့် သူ အချိန်မရွေး လာလို့ရပါတယ်..."

ဟန်လီယန်က နှစ်သိမ့်ပေးလိုက်ပြီး သူမ၏မျက်လုံးများတွင်လည်း နှမြောမှုနှင့် ကျေးဇူးတင်မှု အရိပ်အယောင်အချို့ ရှိနေပေသည်။

လွန်ခဲ့သော ခြောက်လက နန်ကုန်းယွီသည် နန်ကုန်းရိုရွှယ်နှင့် နန်ကုန်းရိုရွှေတို့ကို ကူညီပေးရန် ကမ်းလှမ်းခဲ့ပြီး နန်ကုန်းကျင်းချီနှင့် သူတို့အကြား ထိမ်းမြားမှုကို မတော်တဆ စီစဉ်ပေးခဲ့လေသည်။ ယခုအခါ ထိုကိစ္စနှင့်ပတ်သက်၍ သတင်းများ ရရှိနေပြီ ဖြစ်ပေသည်။

အနောက်မြူခိုး ဧကရာဇ်က သဘောတူလိုက်ပြီ ဖြစ်လေသည်။

တစ်နည်းအားဖြင့် ပြောရလျှင် သူမ၏သားသည် ချင်းယို ထီးနန်းကို သိမ်းပိုက်နိုင်ရန် အခွင့်အရေး အနည်းငယ် ပိုများသွားပြီ ဖြစ်ပေ၏။

ထို့အပြင် နန်ကုန်းအောက်ထျန်းသည် ကိစ္စရပ်များကို စဉ်းစားရာတွင် နန်ကုန်းယွီ၏ သဘောထားကိုလည်း ထည့်သွင်းစဉ်းစားလေ့ရှိလေသည်။

ယင်းကနန်ကုန်းယွီသည် နန်ကုန်းကျင်းချီနှင့် ပိုမိုရင်းနှီးကြောင်း ထင်ရှားလှပေသည်။

ထိုအချိန်တွင် ကျီကျစ်ယွီ၏ အမူအရာ ရုတ်တရက် အနည်းငယ် ပြောင်းလဲသွားပြီး တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိလိုက်သကဲ့သို့ ဖြစ်သွားလေသည်။

အခန်း (၇၄) ပျော်ရဲ့လား...

"သူတို့ ဒီကိုလာနေကြပြီ... ယွီအာက ငါတို့ကို အခက်တွေ့နေတဲ့ပုံစံ မမြင်ရအောင် ငါတို့လည်း လမ်းဖယ်ပေးလိုက်ကြရအောင်..."

ကျီကျစ်ယွီသည် တစ်စုံတစ်ခုကို အာရုံခံမိပြီး ခေါင်းအနည်းငယ် ခါယမ်းပြလိုက်လေသည်။

ထိုသို့ပြောပြီးနောက် သူမသည် ထိုနှစ်ဦးကို တံခါးဝမှတစ်ဆင့် ဆွဲခေါ်သွားပြီး အဝေးမှနေ၍ သူတို့ကို စောင့်ကြည့်နေလိုက်သည်။

မကြာမီမှာပင် ရှန်ကွမ်ယွဲ့ရှီးသည် တက်ကြွနေသော နန်ကုန်းယွီကို ခေါ်ကာ ရှိုးရှန်းနန်းဆောင်၏ တံခါးပေါက်မှ ထွက်လာသည်ကို မြင်တွေ့လိုက်ရပေသည်။

နန်ကုန်းယွီ၏ အပြုံးကို မြင်ချိန်တွင် သူတို့သုံးဦး အချင်းချင်း မျက်လုံးချင်း ဖလှယ်လိုက်ကြပြီး သူတို့၏မျက်လုံးများ တိတ်ဆိတ်သွားလေသည်။

ထိုကောင်လေး၏ မျက်လုံးများထဲတွင် ထူးဆန်းသော ပျော်ရွှင်မှုတစ်ခု တောက်ပနေပေ၏။ ၎င်းမှာ မျှော်လင့်ချက်ပင် ဖြစ်လေသည်။

အကယ်၍ နန်ကုန်းယွီက မပျော်ရွှင်ခဲ့ပါက သူတို့သည် ရှန်ကွမ်ယွဲ့ရှီးကို ထပ်မံ၍ ဖျောင်းဖျရန် မူလက စီစဉ်ထားခဲ့ကြသော်လည်း ယခုအခါ လိုအပ်တော့မည် မထင်ချေ။

"နန်းတော်ထဲမှာ နည်းနည်း တိတ်ဆိတ်လွန်းလို့များလား... ပြီးတော့ သူ့အသက်အရွယ်တူ ကစားဖော်တွေလည်း သိပ်မရှိဘူးလေ..."

ဟန်လီယန်က တိုးတိုးလေး ပြောလိုက်ရာ သူတို့နှစ်ဦးက တိတ်တဆိတ် ခေါင်းညိတ်ပြလိုက်ကြသည်။

သူမ ပြောသည်မှာ လုံးဝ အကြောင်းပြချက် မရှိသည်တော့ မဟုတ်ချေ။ သို့သော် ဤနေရာမှာ နန်းတော်ဖြစ်လေရာ သူ့အသက်အရွယ်တူ တစ်ယောက်ကို ဘယ်နေရာမှာ ရှာရမည်နည်း။

အင်အားသာလျှင် ပဓာနဖြစ်သော ကျင့်ကြံသူများ၏ ကမ္ဘာတွင် မည်သူက သူ့အတွက် အချိန်ဖြုန်းနေမည်နည်း။

"တကယ်တော့... ယွဲ့ရှီးနဲ့ ဆွေးနွေးပြီး ယွီအာကို ကြီးကြပ်ရေးရုံးကို ပို့ဖို့က အကြံကောင်းတစ်ခု ဖြစ်လာနိုင်တယ်... အဲ့ဒီမှာ သူ့အသက်အရွယ်တူတွေ အများကြီး ရှိတယ်လေ..."

ဟန်လီယန်က အကြံပြုချက်တစ်ခု ပေးလိုက်သော်လည်း ကျီကျစ်ယွီက ခေါင်းအနည်းငယ် ခါယမ်းကာ ပြောလိုက်သည်။

"ယွဲ့ရှီးက အချိန်ဖြုန်းရမယ်ဆိုရင်တောင် ယွီအာကို ပျော်ပျော်ရွှင်ရွှင်ပဲ ကြီးပြင်းစေချင်တာ.."

"ကြီးကြပ်ရေးရုံးမှာ ကလေးတွေ အများကြီး ရှိတယ်... ဒါပေမဲ့ တစ်ယောက်ယောက်က ယွီအာကို ပစ်မှတ်ထားလာမှာကို ငါ စိုးရိမ်တယ်... ဝိညာဉ်အမြစ် ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ယွီအာကို တကယ် ပျော်ရွှင်စေမှာ မဟုတ်သလို သေချာ ကြီးပြင်းခွင့်ရမှာလည်း မဟုတ်ဘူး... အဲ့ဒါကြောင့် ယွဲ့ရှီးက ယွီအာကို ကြီးကြပ်ရေးရုံးကို မသွားစေချင်တာ ဖြစ်နိုင်တယ်..."

ဤစကားကို ကြားချိန်တွင် နန်ကုန်းအောက်ထျန်းတို့သည် ခဏတာ တိတ်ဆိတ်သွားကြလေသည်။

ရှန်ကွမ်ယွဲ့ရှီးက သူမ၏လူများကို ခေါ်သွားသည်ကို ကြည့်ရင်း ကျီကျစ်ယွီသည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသည်။

"လွန်ခဲ့တဲ့ ခြောက်လက ငွေလမင်းအင်ပါယာက ပို့လိုက်တဲ့ လဟစ်ကြွေး ကောင်းကင်ဝံပုလွေ နှစ်ကောင်ကို ဘယ်သူ့ကို ပေးလိုက်တာလဲ... ယွီအာအတွက်လည်း အဲ့ဒီလို ဝိညာဉ်သားရဲမျိုး ပြင်ဆင်ပေးဖို့ မင်း ဘာလို့ မစဉ်းစားတာလဲ..."

နန်ကုန်းအောက်ထျန်းက ခေါင်းခါလိုက်သည်။

"သားက သူတို့မှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိတယ်လို့ အမြဲခံစားရတယ်... လဟစ်ကြွေး ကောင်းကင်ဝံပုလွေရယ်၊ မြေခွေးနတ်ဆိုးရယ် အားလုံးကို သူတို့ ကိုင်တွယ်ဖြေရှင်းဖို့ ဘိုးဘေးတွေဆီ လွှဲပြောင်းပေးလိုက်တယ်..."

"ဒါပေမဲ့ မယ်တော်ကြီးရဲ့ အကြံအစည်က ကောင်းပါတယ်... သား မိန်းမစိုး ယန်ကို နောက်ရက်အနည်းငယ်အတွင်း စီစဉ်ခိုင်းလိုက်ပါ့မယ်..."

ဤစကားကို ကြားချိန်တွင် ကျီကျစ်ယွီက ခေါင်းခါပြလိုက်သည်။

"ဒီနေ့က ယွီအာရဲ့ မွေးနေ့လေ... ငါက ရှိုးရှန်းနန်းဆောင်မှာ ယွီအာအတွက် မွေးနေ့ပွဲငယ်လေး လုပ်ပေးဖို့ မူလက စီစဉ်ထားတာ... ဒါပေမဲ့ ယွဲ့ရှီးကို မငြင်းနိုင်ခဲ့လို့ လက်ဆောင်ကိုပဲ အဲ့ဒီကို ပို့ပေးလိုက်ရအောင်..."

"ကောင်းပါပြီ..."

နန်ကုန်းအောက်ထျန်းတို့က ခေါင်းညိတ်လိုက်ကြပြီး သူတို့၏မျက်လုံးများတွင် တွေးတောနေသည့် အရိပ်အယောင်တစ်ခု ပပေါ်လာလေသည်။

...

အခြားတစ်ဖက်တွင်မူ နန်ကုန်းယွီသည် နန်းတော်မှ ထွက်လာပြီးနောက် မိခင်ဖြစ်သူ၏ လက်ကိုဆွဲကာ လမ်းတစ်လျှောက်လုံး ခုန်ပေါက်နေလေသည်။

ယုတ္တိတန်တန် တွေးကြည့်မည်ဆိုလျှင် သူ၏ ရင့်ကျက်သော စိတ်ဓာတ်ဖြင့် သူသည် ဤကဲ့သို့ လုပ်ဆောင်သင့်သည် မဟုတ်။

ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ သူက ဇာတ်ကောင်ထဲကို အရမ်းဝင်သွားခဲ့တယ်လေ...

ရှန်ကွမ်ယွဲ့ရှီးက ဘေးမှကြည့်နေရင်း ပြုံးမိသွားကာ စိတ်အခြေအနေ ကောင်းနေပုံရပေသည်။

မကြာမီမှာပင် သူတို့သုံးဦးသည် ကျန်းပေ့မင်းသား စံအိမ် အပြင်ဘက်သို့ ရောက်ရှိလာကြလေသည်။

တံခါးစောင့် အစေခံသည် ရှန်ကွမ်ယွဲ့ရှီးကို မြင်ချိန်တွင် အံ့အားသင့်သွားသည်။ ခဏတာ မှင်သက်သွားပြီးနောက် သူသည် ဒူးတစ်ဖက် ထောက်ချလိုက်လေသည်။

"မင်းသမီးနဲ့ မင်းသားငယ်ကို ဒီလက်အောက်ငယ်သား ဂါရဝပြုပါတယ်..."

သူတို့၏ အသံမှာ ကျယ်လောင်ပြီး သူတို့၏ မျက်နှာများမှာ စိတ်လှုပ်ရှားနေကြရာ မင်းသားစံအိမ်အတွင်းရှိ အစေခံများအားလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပေသည်။

ရှန်ကွမ်ယွဲ့ရှီးက အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီး နန်ကုန်းယွီကို ခေါ်ကာ စံအိမ်အတွင်ဖြစ်သွားကြပေသည်။

တံခါးကို ဝင်လိုက်သည်နှင့်တပြိုင်နက် ဒေါ် လေးရှန်နှင့် အခြားသူများ ခြံဝင်းရှေ့တွင် ရောက်ရှိနေကြပြီဖြစ်သည်ကို တွေ့လိုက်ရပေသည်။

"မင်းသမီး... ဒီငယ်ကျွန်က မင်းသားငယ်ကို ဂါရဝပြုပါတယ်..."

"ဒီလို ဂါရဝပြုတာတွေ မလိုပါဘူး... ထကြပါ..."

ရှန်ကွမ်ယွဲ့ရှီးက သူမ၏လက်ကို အနည်းငယ် ဝှေ့ယမ်းလိုက်ပြီး ဒေါ် လေးရှန်ကို ကြည့်ကာ မေးလိုက်သည်။

"ဒေါ် လေးရှန်... မင်းသားစံအိမ်က ဒီရက်ပိုင်း ဘယ်လိုနေလဲ..."

ဒေါ် လေးရှန်က မတ်တပ်ရပ်ပြီး လေးစားစွာ ဖြေကြားလိုက်သည်။

"မင်းသမီး... အရာအားလုံး ပုံမှန်ပါပဲ..."

ရှန်ကွမ်ယွဲ့ရှီးက အနည်းငယ် ခေါင်းညိတ်လိုက်သည်။

"မင်းရဲ့ ဒုက္ခအတွက် ကျေးဇူးတင်ပါတယ်... နောင်မှာလည်း မင်းသားစံအိမ်ရဲ့ ကိစ္စအဝဝကို မင်းကပဲ ဂရုစိုက်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်... ငါက ကျင့်ကြံဖို့နဲ့ ယွီအာနဲ့အတူ အချိန်ပိုပေးချင်လို့ ငါ ဝင်မစွက်ဖက်တော့ဘူး..."

ဤစကားကို ကြားချိန်တွင် ဒေါ် လေးရှန်သည် နန်ကုန်းယွီကို တစ်ချက်ကြည့်လိုက်ပြီးနောက် တည်ကြည်လေးနက်စွာ ပြောလိုက်လေသည်။

"မင်းသမီး... အရာအားလုံးကို ဒီငယ်ကျွန်ဆီ လွှဲထားလိုက်ပါ... ဒီငယ်ကျွန်က စံအိမ်ကို သေချာပေါက် ကောင်းကောင်း စီမံခန့်ခွဲပေးပါ့မယ်..."

"ငါ မင်းကို ယုံပါတယ်..."

ရှန်ကွမ်ယွဲ့ရှီးက ပြုံးလိုက်ပြီးနောက် ပြောလိုက်သည်။

"ဒေါ် လေးရှန်... ကျေးဇူးပြုပြီး စီစဉ်ပေးပါဦး... နောက်ကျရင် ငါတို့ ခဏလောက် အပြင်ထွက်ပြီး ယွီအာအတွက် ပစ္စည်းတချို့ဝယ်ဖို့ မြောက်ပိုင်း ဈေးတန်းကို သွားကြမယ်..."

"ဟုတ်ကဲ့ပါ မင်းသမီး..."

ဒေါ် လေးရှန်က ဘာမေးခွန်းမှ မမေးဘဲ ပြန်ဖြေလိုက်လေသည်။

သူမ၏ စိတ်ထဲတွင် မရေမရာသော အကြံအစည်တစ်ခု ရှိနေပြီးသား ဖြစ်ပေသည်။

မင်းသားစံအိမ်တွင် အရာအားလုံး ပြည့်စုံစွာ ရှိနေပြီးဖြစ်ရာ မင်းသမီးက ထိုအရာကို မသိရန် မဖြစ်နိုင်ချေ။ သူမ ယခု ပစ္စည်းများသွားဝယ်ရသည့် အကြောင်းရင်းမှာ နန်ကုန်းယွီ၏ မွေးနေ့လက်ဆောင်ကြောင့် ဖြစ်နိုင်ခြေ အများဆုံးပင် ဖြစ်လေသည်။

သူမသည် ညွှန်ကြားချက် အနည်းငယ်ကို ပေါ့ပေါ့ပါးပါး ပေးလိုက်ပြီးနောက် ရှန်ကွမ်ယွဲ့ရှီးနှင့် အခြားနှစ်ဦးနောက်မှ ပင်မစံအိမ်သို့ လိုက်သွားလေသည်။

အစက်အပြောက်ကင်းစင်ပြီး အသစ်စက်စက်ဖြစ်နေသော ပင်မစံအိမ်၏ အသွင်အပြင်ကို ကြည့်ရင်း ရှန်ကွမ်ယွဲ့ရှီးသည် အနည်းငယ် ပြုံးမိသွားလေသည်။

"မင်းရဲ့ ဒုက္ခအတွက် ကျေးဇူးတင်ပါတယ် ဒေါ် လေးရှန်..."

ဒေါ် လေးရှန်က ခေါင်းအနည်းငယ် ခါယမ်းကာ ပြုံးလိုက်သည်။

"မင်းသမီး... ကျေးဇူးပြုပြီး ဒီငယ်ကျွန်ကို အရမ်းအားနာမနေပါနဲ့... ဒါက ဒီငယ်ကျွန် လုပ်ရမယ့် အလုပ်ပါ..."

ရှန်ကွမ်ယွဲ့ရှီးက ပြုံးလိုက်ပြီး သူမနှင့် ထိုကိစ္စကို မဆွေးနွေးတော့ဘဲ နန်ကုန်းယွီကို ဖက်ကာ ရယ်မောလိုက်လေသည်။

"ယွီအာ... ငါတို့ အိမ်ပြန်ရောက်ပြီ... ဒီနေရာက အခုကစပြီး ငါတို့အိမ် ဖြစ်လာတော့မယ်... သား မပျော်ဘူးလား..."

"ပျော်တာပေါ့..."

နန်ကုန်းယွီ၏ မျက်နှာလေးပေါ်တွင် အပြုံးများ ပြည့်နှက်နေပေ၏။

သူသည် ဤနေရာကို အနည်းငယ် စိမ်းသက်နေသည်ဟု ခံစားရသော်လည်း ဤနေရာသည် သူ့ကိုယ်ပိုင်အိမ်ဖြစ်သကဲ့သို့ လုံခြုံမှုခံစားချက်ကိုလည်း ရရှိနေလေသည်။

...

အမည်မသိ နယ်မြေတစ်ခု။

"သခင်... တစ်ယောက်ယောက်က ချင်းယိုအင်ပါယာမှာ ခိုလှုံနေတယ်ဆိုတဲ့ သတင်း ဝင်လာပါတယ်... ရှိုးရှန်းနန်းဆောင်ရဲ့ ပစ်မှတ်ကို အတည်ပြုနိုင်ပါပြီ..."

တွေဝေနေသော အသံတစ်ခုက ဤမြူခိုးများ ဖုံးလွှမ်းနေသော နယ်မြေ၏ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်လေသည်။

"သူ ပေါ်လာပြီဆိုရင် သူ့ကို သတ်ဖို့ လူလွှတ်လိုက်လေ... ငါ့ကို ဘာလို့ လာသတင်းပို့နေတာလဲ... ငါ ကိုယ်တိုင် သွားသတ်ပေးမယ်လို့ မင်း မျှော်လင့်နေတာလား..."

အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာပြီး အနည်းငယ် စိတ်မရှည်ဟန် ပေါက်နေပေသည်။

"သခင်... ချင်းယိုဧကရာဇ်မြို့တော်ကို လူမလွှတ်တာ အကောင်းဆုံးလို့ ကျွန်တော် ထင်တယ်... တစ်ယောက်ယောက်က ချင်းယိုဧကရာဇ်မြို့တော်ရဲ့ ဌာနကို ဖောက်ဝင်ပြီး အဲ့ဒီထဲမှာရှိတဲ့ အဆင့် ခုနစ်နဲ့အထက် လုပ်ကြံသတ်ဖြတ်သူ အားလုံး သေကုန်ပြီလို့ အခုလေးတင် သတင်းရတယ်... တစ်ယောက်ယောက်က ငါတို့ မရဏစံအိမ်ရဲ့ အဆင့်မြင့် လုပ်ကြံသတ်ဖြတ်သူတွေကို ပစ်မှတ်ထားနေတာ..."

"ဘာ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ..."

"မဖြစ်နိုင်ဘူး... ငါ့ရဲ့ မရဏစံအိမ် ဌာနတွေက အရမ်းကို လျှို့ဝှက်ထားတာ... ပြင်ပလူတွေက ဘယ်လိုလုပ် ရှာတွေ့နိုင်မှာလဲ..."

"သူတို့က ဘာလို့ ငါတို့ မရဏစံအိမ်ရဲ့ အဆင့်မြင့် လုပ်ကြံသတ်ဖြတ်သူတွေကိုပဲ ပစ်မှတ်ထားနေတာလဲ ဆိုတာကို မင်း မစဉ်းစားသင့်ဘူးလား..."

"တခြားသူတွေကရော တစ်ယောက်ကိုတစ်ယောက် ရှင်းရှင်းလင်းလင်း မြင်ကြရဲ့လား..."

"တစ်ဖက်လူက လျှို့ဝှက်ဆန်းကြယ်တဲ့ ဝတ်ရုံနက်ဝတ် လူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ စစ်မှန်တဲ့ သဘောသဘာဝကို ခွဲခြားသိမြင်လို့ မရပေမဲ့ အင်အားခန့်မှန်းလို့မရတဲ့ အဆင့်ကိုး လုပ်ကြံသတ်ဖြတ်သူ အဆိပ်တစ်သောင်း ဝိညာဉ်သခင်ကို ပေါ့ပေါ့ပါးပါး သတ်နိုင်တယ်လို့ သတင်းက ဆိုပါတယ်..."

"တောက်... ပေါ့ပေါ့ပါးပါး သတ်သွားတယ် ဟုတ်လား... ဒီလောက် စွမ်းအားကြီးတဲ့ လူတစ်ယောက်က ချင်းယိုအင်ပါယာမှာ ဘယ်လိုလုပ် ပေါ်လာနိုင်ရတာလဲ..."

"ဒါက နောက်ကွယ်က အင်အားစုများ ဖြစ်နေမလား... သူတို့က ချင်းယိုအင်ပါယာကို ကမောက်ကမ မဖြစ်စေချင်လို့ အဲ့ဒီ ခြိမ်းခြောက်မှုတွေကို ဖယ်ရှားလိုက်တာ ဖြစ်နိုင်မလား..."

"ဒါ..."

"အဲ့ဒါ ဖြစ်နိုင်တယ် သခင်..."

"ကောင်းပြီလေ..."

စံအိမ်သခင်၏ အေးစက်စက် အသံက ပဲ့တင်ထပ်သွားသည်။

"သတင်းအချက်အလက်က တိကျရဲ့လား..."

"သခင်... အဲ့ဒီသတင်းက ဌာနခွဲ လူတွေဆီက လာတာဆိုတော့ မမှားနိုင်ပါဘူး..."

"ဟူး..."

စံအိမ်သခင်က လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်သည်။

"အဲ့ဒါက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ချင်းယိုအင်ပါယာမှာရှိတဲ့ ဆဋ္ဌမအဆင့်နဲ့အထက် လုပ်ကြံသတ်ဖြတ်သူတွေကို ချင်းယိုအင်ပါယာကနေ အရင်ဆုံး ဆုတ်ခွာခိုင်းလိုက်... တကယ်လို့ သူတို့ အပြန်လမ်းမှာ ချင်းယိုဧကရာဇ်မြို့တော်ကို ဖြတ်သွားဖို့ လိုအပ်ရင် ဖြစ်နိုင်ရင် လမ်းလွှဲသွားဖို့ ကြိုးစားခိုင်းလိုက်..."

"ဒါ့အပြင်... သေဆုံးသွားတဲ့သူရဲ့ အလောင်းကို စုံစမ်းစစ်ဆေးပြီး ပြန်သယ်လာဖို့ လူလွှတ်လိုက်ပါ... ဒါက အစစ်အမှန် ဟုတ်မဟုတ်ဆိုတာကို ငါ ကိုယ်တိုင် အတည်ပြုရမယ်..."

"ဟုတ်ကဲ့ပါ..."

...

ချင်းယို ဧကရာဇ်မြို့တော်။

ချင်းယို ဧကရာဇ်မြို့တော်တွင် ဈေးတန်းများစွာ ရှိသော်လည်း မြောက်ပိုင်း ဈေးတန်း၊ အနောက်ပိုင်း ဈေးတန်းနှင့် တောင်ပိုင်း ဈေးတန်းဟူ၍ သုံးခုသာ အထင်ရှားဆုံး ဖြစ်လေသည်။

မြို့တော်၏ အနောက်ပိုင်းတွင် သာမန်ပြည်သူများ အများဆုံး နေထိုင်ကြပြီး ထိုနေရာရှိ ဈေးတန်းတွင် သာမန်ပြည်သူများ အသုံးပြုနိုင်သော ပစ္စည်းများကိုသာ အဓိက ရောင်းချကြပေ၏။ ၎င်းကို သေမျိုး ဈေးတန်း ဟုလည်း ခေါ်ဆိုနိုင်လေသည်။

တောင်ပိုင်း ဈေးတန်းနှင့် မြောက်ပိုင်း ဈေးတန်း နှစ်ခုစလုံးသည် ကျင့်ကြံသူများ အရောင်းအဝယ်ပြုလုပ်ရာ ကျင့်ကြံသူ ဈေးတန်းများ ဖြစ်ကြသော်လည်း အတော်လေး ကွာခြားလှပေသည်။

All Chapters