အခန်း (၇၅-၇၆)
Vol. 8 Ch. 75-76
အခန်း (၇၅) ဝိညာဉ်သားရဲ စံအိမ်
ချင်းယို ဧကရာဇ်မြို့တော်တွင် အဆင့်မြင့် အရာရှိများ၊ မင်းမျိုးမင်းနွယ်များနှင့် အင်အားကြီး မိသားစုဝင်များအားလုံး မြို့တော်၏ မြောက်ပိုင်းတွင် နေထိုင်ကြလေ၏။
ထို့ကြောင့် မြောက်ပိုင်း ဈေးတန်းကို ဤလူများအတွက် အထူးသီးသန့် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ထိုနေရာရှိ ပစ္စည်းများမှာ များသောအားဖြင့် အရည်အသွေး ပိုမြင့်ကာ အနည်းငယ် ပို၍ အဆင့်မြင့်ကြပေသည်။
တစ်ကိုယ်တော် ကျင့်ကြံသူများနှင့် ကျင့်ကြံမှုအဆင့် နိမ့်ပါးသူ အများစုမှာမူ မြို့တော်၏ တောင်ပိုင်းတွင် နနေထိုင်ကြလသည်။
တောင်ပိုင်း ဈေးတန်းသည် မြောက်ပိုင်း ဈေးတန်းနှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး တစ်ခါတစ်ရံတွင် တောင်ပိုင်း ဈေးတန်းမှ ပစ္စည်းကောင်းများကို မြောက်ပိုင်း ဈေးတန်းသို့ပင် လွှဲပြောင်းပေးရလေ့ ရှိပေသည်။
ထိုအချိန်တွင် ဖြစ်ပေ၏။
မြောက်ပိုင်း ဈေးတန်းရှိ ဝိညာဉ်သားရဲ စံအိမ်၏ အပြင်ဘက်တွင် ဖြစ်လေသည်။
ရှန်ကွမ်ယွဲ့ရှီးသည် နန်ကုန်းယွီ၏ လက်လေးကို ဆွဲထားပြီး ပြောလိုက်သည်။
"ယွီအာ... ကစားဖို့ ဝိညာဉ်သားရဲ တစ်ကောင်လောက် မယ်တော် ဝယ်ပေးရမလား..."
"ဝိညာဉ်သားရဲ..."
နန်ကုန်းယွီက ဟန်ဆောင်ရှုပ်ထွေးပြလိုက်၏။
"အဲ့ဒါက လဟစ်ကြွေး ကောင်းကင်ဝံပုလွေလား..."
ရှန်ကွမ်ယွဲ့ရှီးက ပြုံးကာ ခေါင်းခါလိုက်သည်။
"မဟုတ်ပါဘူး... လဟစ်ကြွေး ကောင်းကင်ဝံပုလွေက ဝိညာဉ်သားရဲ တစ်ကောင်ပါ... ဒါပေမဲ့ ဝိညာဉ်သားရဲဆိုတာ လဟစ်ကြွေး ကောင်းကင်ဝံပုလွေကိုပဲ ပြောတာ မဟုတ်ဘူး... ဝိညာဉ်သားရဲဆိုတာ ဝိညာဉ်သားရဲလို့ နာမည်တပ်ထားတဲ့ သတ္တဝါအားလုံးကို ခြေခံပြီး ခေါ်တာပါ..."
"သာမန် တိရစ္ဆာန်တွေနဲ့ ယှဉ်ရင် ဝိညာဉ်သားရဲတွေက ပိုပြီး ဝိညာဉ်ရေးရာဘက်မှာ အားကောင်းတယ်... သူတို့ကိုယ်သူတို့ သန်စွမ်းဖို့အတွက် ကောင်းကင်နဲ့ မြေကြီးရဲ့ ဝိညာဉ်စွမ်းအင်တွေကို ဘယ်လိုစုပ်ယူရမလဲဆိုတာ သိကြတယ်... ကံကောင်းတာကို ဘယ်လိုရှာပြီး အန္တရာယ်ကို ဘယ်လိုရှောင်ရမလဲဆိုတာ သိကြတယ်... ပြီးတော့ သူတို့အားလုံးနီးပါးမှာ သွေးမျိုးဆက်တွေ ရှိကြတယ်..."
"ဒီသွေးမျိုးဆက်က လူသားမျိုးနွယ်ရဲ့ ခန္ဓာကိုယ်နဲ့ ညီမျှတယ်လေ... တချို့က သန်မာပြီး တချို့က အားနည်းကြတယ်... ဒါပေမဲ့ သူတို့အများစုက အသွင်ပြောင်း မိုးကြိုးကပ်ဘေးအတွင်းမှာ နိုးထလာကြတယ်... အနည်းစုလေးကတော့ မွေးကတည်းက ဒါမှမဟုတ် နောက်ပိုင်းမှ နိုးထလာကြတာပဲ..."
ထိုအချိန်တွင် နူးညံ့သိမ်မွေ့သော အသံတစ်ခုက ရှန်ကွမ်ယွဲ့ရှီး၏ စကားကို ဆက်ပြောလိုက်လေသည်။
"မဆိုးပါဘူး... သွေးမျိုးဆက် မနိုးထသေးတဲ့ ဝိညာဉ်သားရဲတွေကိုတော့ သာမန် သွေးမျိုးဆက်ထုတ်ကုန်တွေလို့ ယေဘုယျအားဖြင့် ခေါ်ဆိုကြပြီး နိုးထလာတဲ့ သွေးမျိုးဆက်တွေကတော့ အနည်းဆုံး ဝိညာဉ်အဆင့် ရှိကြပါတယ်... အဲ့ဒါနဲ့အညီ စုစည်းသွားတဲ့ ဝိညာဉ်အမြစ်က အနည်းဆုံး အဆင့်မြင့်အဆင့် ရှိပြီး ဝိညာဉ်အရှင်မြတ်အဆင့် ဒါမှမဟုတ် ပိုစွမ်းအားကြီးတဲ့ အဆင့်အထိ ရောက်နိုင်စွမ်း ရှိပါတယ်... မင်းသားငယ်... ဘာလို့ လာမကြည့်တာလဲ..."
"ကျွန်တော့်ရဲ့ ဝိညာဉ်သားရဲ စံအိမ်က နတ်ဘုရားသားရဲ ဂိုဏ်းရဲ့ ပိုင်ဆိုင်မှုတစ်ခုဖြစ်ပြီး ချင်းယိုအင်ပါယာနဲ့ အနီးအနား နိုင်ငံတွေမှာ အပြည့်စုံဆုံးနဲ့ အကောင်းဆုံး ဝိညာဉ်သားရဲတွေကို ရောင်းချတဲ့ နေရာလည်း ဖြစ်ပါတယ်... မင်းသမီးက စိတ်ဝင်စားတယ်ဆိုရင် မင်းသားငယ်ကို အရင်ဆုံး လာကြည့်ဖို့ ခေါ်လာခဲ့လို့ ရပါတယ်..."
နန်ကုန်းယွီ မော့ကြည့်လိုက်ရာ ပြုံးရွှင်နေသော အလယ်အလတ်အရွယ် ကျင့်ကြံသူတစ်ဦး လျှောက်ထွက်လာသည်ကို တွေ့လိုက်ရပေသည်။
သူသည် နှိမ့်ချဟန်ပေါ်သော်လည်း မာနထောင်လွှားမှု နှင့်နှိမ်ချ လိုစိတ်မရှိဘဲ ကျန်းပေ့ မင်းသမီး ရှန်ကွမ်ယွဲ့ရှီး၏ အဆင့်အတန်းကို မကြောက်ရွံ့ပုံရလေသည်။
သို့သော် ယင်းက အဓိပ္ပာယ်ရှိ၏။ အင်ပါယာတစ်ခုနဲ့ တန်းတူရပ်တည်နိုင်တဲ့ ဂိုဏ်းတစ်ခုအနေနှင့် နတ်ဘုရားသားရဲ ဂိုဏ်းမှာ စစ်တပ်မရှိရင်တောင် ဂိုဏ်းဝင် အနည်းဆုံး သောင်းနဲ့ချီ ရှိလေသည်။
ထို့အပြင် နတ်ဘုရားသားရဲ ဂိုဏ်းသည် သားရဲမွေးမြူယဉ်ပါးစေခြင်းကို အဓိက အားထားပြီး ၎င်း၏အဖွဲ့ဝင်များ၊ တပည့်များတွင် တစ်ယောက်လျှင် သားရဲတစ်ကောင် (သို့မဟုတ်) ထို့ထက်မက ပိုင်ဆိုင်ထားကြသောကြောင့် သူတို့သည် အင်ပါယာ၏ စစ်တပ်နှင့် ယှဉ်လျှင်ပင် သူတို့၏ ရပ်တည်ချက်ကို ထိန်းသိမ်းနိုင်ခြေ များလှပေသည်။
ထို့အပြင် ကပ်ဘေးပျက်သုဉ်းခြင်းအဆင့်နှင့် ဝိညာဉ်အရှင်မြတ်အဆင့် ကဲ့သို့သော အဆင့်မြင့် ကျင့်ကြံသူများကို ဤဂိုဏ်းကြီးများတွင် မြင်တွေ့ရသည်မှာ မဆန်းတော့ဘဲ အင်ပါယာထက် အနည်းဆုံးတော့ မဆိုးလှ။
ထို့ကြောင့် နတ်ဘုရားသားရဲ ဂိုဏ်းကဲ့သို့သော ဂိုဏ်းကြီးတစ်ခုမှ ကျင့်ကြံသူတစ်ဦးသည် မင်းသမီးတစ်ပါးကို ကြောက်ရွံ့မည်မဟုတ်သည်မှာ သဘာဝပင် ဖြစ်လေသည်။
သေချာသည်မှာ ဤအလယ်အလတ်အရွယ် အမျိုးသားသည် နတ်ဘုရားပေါင်းစည်းခြင်း နောက်ပိုင်းအဆင့် စွမ်းအားရှိခြင်းကြောင့်လည်း ဖြစ်ပေသည်။ သူ၏စွမ်းအားသာ ပိုနိမ့်နေပါက အခြေအနေမှာ အတော်လေး ကွာခြားသွားမည် ဖြစ်လေသည်။
ရောက်လာသူကို မြင်ချိန်တွင် ရှန်ကွမ်ယွဲ့ရှီးက အနည်းငယ် ခေါင်းညိတ်ကာ ပြုံးလိုက်သည်။
"ဒါ ကြီးကြပ်ရေးမှူး တိန့်ပဲ... ဒီရက်ပိုင်း မင်းကို သိပ်မမြင်ရပါလား..."
ကြီးကြပ်ရေးမှူး တိန့်က အနည်းငယ် ပြုံးလိုက်ပြီး ပြောလိုက်၏။
"အဲ့ဒါက မင်းသမီး ဒီကို သိပ်မလာလို့ပါ... မဟုတ်ရင် ကျွန်တော်က ဒီမှာ နေ့တိုင်းနီးပါး ရှိပါတယ်... မင်းသမီး အထဲဝင်ပြီး လေ့လာကြည့်ချင်သေးလား..."
ရှန်ကွမ်ယွဲ့ရှီးက အနည်းငယ် ပြုံးလိုက်ပြီး ကိုယ်ကိုကိုင်းကာ နန်ကုန်းယွီကို ချီလိုက်လေသည်။
"ယွီအာ... အထဲဝင်ပြီး ကြည့်ချင်လား..."
"အွန်း..."
နန်ကုန်းယွီက ခေါင်းညိတ်လိုက်ပြီး သူ၏မျက်လုံးများတွင် မျှော်လင့်ချက် အရိပ်အယောင်တစ်ခု ပေါ်လာ၏။
"မယ်တော်... အထဲဝင်ပြီး ကြည့်ကြရအောင်... ယွီအာက ဝိညာဉ်သားရဲဆိုတာ ဘယ်လိုပုံစံလဲဆိုတာ မမြင်ဖူးသေးဘူး..."
"ကောင်းပြီလေ..."
ရှန်ကွမ်ယွဲ့ရှီး၏ မျက်လုံးများ အနည်းငယ် အရောင်လက်သွားပြီး ကြီးကြပ်ရေးမှူး တိန့်ကို လှည့်ကြည့်လိုက်သည်။
"ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကြီးကြပ်ရေးမှူး တိန့်..."
"မင်းသမီး... ကျေးဇူးပြုပြီး ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ..."
သူပြောနေစဉ် ကြီးကြပ်ရေးမှူး တိန့်သည် လှည့်ကာ ရှန်ကွမ်ယွဲ့ရှီးနှင့် အခြားတစ်ဦးကို ဝိညာဉ်သားရဲ စံအိမ်အတွင်းသို့ ခေါ်သွားပြီး ချင်းလင်က အလျင်အမြန် လိုက်သွားလေ၏။
ဒေါ် လေးရှန်က နန်ကုန်းတယ်နှင့် ရှောင်အာကို တစ်ချက်ကြည့်လိုက်သည်။
"မင်းတို့နှစ်ယောက် ဒီမှာနေပြီး ငါတို့ထွက်လာမယ့် အချိန်ကို စောင့်နေကြ..."
"ဟုတ်ကဲ့ပါ..."
သူတို့နှစ်ဦး သဘောတူခေါင်းညိတ်လိုက်သည်ကို မြင်ချိန်တွင် ဒေါ် လေးရှန်သည် လှည့်ကာ သူတို့နောက်သို့ လိုက်သွားလေသည်။
ဝိညာဉ်သားရဲ စံအိမ်အတွင်းသို့ ဝင်လိုက်သည်နှင့် ဝိညာဉ်သားရဲ ဥများကို ပြသထားသည့် စင်တန်းများကို တွေ့ရမည် ဖြစ်ပေသည်။
"မင်းသားငယ်ရဲ့ ပထမဆုံး အလည်အပတ်ခရီးစဉ် ဆိုတော့... ကျွန်တော် အကျဉ်းချုပ် ရှင်းပြပေးပါ့မယ်..."
ကြီးကြပ်ရေးမှူး တိန့်က အနည်းငယ် ပြုံးကာ ပြောလိုက်သည်။
"ဝိညာဉ်သားရဲ စံအိမ်မှာ အထပ်သုံးထပ် ရှိပါတယ်... ပထမထပ်မှာက ယေဘုယျအားဖြင့် ကြီးထွားနိုင်စွမ်း နိမ့်ကျတဲ့ သွေးမျိုးဆက် မျိုးနွယ်တွေရဲ့ ဝိညာဉ်သားရဲ ဥတွေ ရှိပါတယ်... သူတို့ အမြင့်ဆုံး ရောက်နိုင်တာက ဝိညာဉ်သန္ဓေသားပြောင်းလဲခြင်းအဆင့် ဖြစ်ဖို့ များပါတယ်..."
"ဒုတိယထပ်မှာတော့ ပိုကောင်းတဲ့ သွေးမျိုးဆက် မျိုးနွယ်တွေရဲ့ ဝိညာဉ်သားရဲ ဥတွေ ရှိပါတယ်... ကျွန်တော်တို့ ဝိညာဉ်သားရဲ စံအိမ်ရဲ့ အကဲဖြတ်ချက်အရဆိုရင် သူတို့မှာ ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ကို တက်လှမ်းနိုင်ပြီး လူအသွင်ပြောင်းနိုင်တဲ့ အလားအလာ ရှိပါတယ်..."
"တတိယထပ်ကတော့ ကျွန်တော်တို့ ဝိညာဉ်သားရဲ စံအိမ်ရဲ့ လေလံခန်းမပါ... ကျွန်တော်တို့က လတိုင်း ဝိညာဉ်သားရဲ ဥတွေ ဒါမှမဟုတ် ဝိညာဉ်သားရဲ လေလံပွဲတွေကို ကျင်းပပါတယ်... နောက်လေလံပွဲက နှစ်လနေရင် ရှိပါတယ်... မင်းသားငယ် စိတ်ဝင်စားတယ်ဆိုရင် ဖိတ်စာလာပို့ဖို့ လူတစ်ယောက်ကို ကျွန်တော် လွှတ်လိုက်လို့ ရပါတယ်..."
ဤစကားကို ကြားချိန်တွင် နန်ကုန်းယွီက အနည်းငယ် ခေါင်းညိတ်လိုက်လေသည်။
"မင်းရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ် ကြီးကြပ်ရေးမှူး တိန့်... ကျေးဇူးတင်ပါတယ်... အချိန်ရရင် ကျွန်တော် လာခဲ့ပါ့မယ်... အဲ့ဒီအခါကျရင် မင်းကို ဒုက္ခပေးရဦးမယ်..."
"သေချာတာပေါ့..."
ကြီးကြပ်ရေးမှူး တိန့်က အနည်းငယ် ပြုံးလိုက်သည်။
"ဒါ့အပြင်... မင်းသားငယ်က အကောင်ပေါက်ပြီးသား ဝိညာဉ်သားရဲ သားပေါက် ဒါမှမဟုတ် အတော်လေး ကြီးထွားနေပြီဖြစ်တဲ့ ဝိညာဉ်သားရဲ တစ်ကောင်ကို လိုချင်တယ်ဆိုရင် မြေအောက်ထပ်ကို သွားလို့ရပါတယ်..."
"မြေအောက်ထပ်က ဒီဝိညာဉ်သားရဲတွေကို လှောင်အိမ်ထဲထည့်ပြီး အစာကျွေးဖို့ အထူးသီးသန့် နေရာတစ်ခုပါ... ဒါပေမဲ့ အကောင်ပေါက်ပြီးသား ဝိညာဉ်သားရဲတွေကို စာချုပ်ချုပ်ဖို့တော့ မင်းသားငယ်ကို ကျွန်တော် အကြံမပြုပါဘူး..."
"အိုး... ဘာဖြစ်လို့လဲ..."
နန်ကုန်းယွီက သိချင်စိတ်နှင့် ရှုပ်ထွေးမှုများဖြင့် မေးလိုက်လေသည်။
ကြီးကြပ်ရေးမှူး တိန့် မဖြေနိုင်မီ ရှန်ကွမ်ယွဲ့ရှီးက မေးခွန်းကို ဆက်ယူကာ ပြောလိုက်သည်။
"ဝိညာဉ်သားရဲတွေက မွေးကင်းစမှာ သူတို့ ပထမဆုံး မြင်ရတဲ့ သတ္တဝါတွေနဲ့ အများကြီး ပိုပြီး ရင်းနှီးကြတယ်လေ... ပြီးတော့ သခင်ဖြစ်သူရဲ့ သွေးတစ်စက်ကို ဝိညာဉ်သားရဲ ဥထဲ ထည့်လိုက်ရင် သံယောဇဉ်ကို ပိုမိုနက်ရှိုင်းစေပြီး နောက်ဆက်တွဲ စာချုပ်လုပ်ငန်းစဉ်ကို ပိုပြီး ချောမွေ့စေတယ်..."
"ဒါပေမဲ့ ဒါက အကောင်ပေါက်ပြီးသား ဝိညာဉ်သားရဲတွေအတွက် အလုပ်မဖြစ်ဘူး... သူတို့ကို အတင်းအကျပ် စာချုပ်ချုပ်လို့ပဲ ရတယ်... ပြီးရင် သံယောဇဉ်ဖြစ်လာအောင် ပြုစုပျိုးထောင်ဖို့ အားထုတ်မှု အများကြီး လုပ်ရလိမ့်မယ်... မဟုတ်ရင် သူတို့က ဟန်ဆောင်ပြီး ရန်လိုကြလိမ့်မယ်"
ဤစကားကို ကြားချိန်တွင် နန်ကုန်းယွီသည် အနည်းငယ် အံ့အားသင့်သွားသည်။
"အဲ့ဒီလိုဆိုရင် ကြီးကြပ်ရေးမှူး တိန့်က ဘာလို့ အကောင်ပေါက်ပြီးသား ဝိညာဉ်သားရဲတွေကို ရောင်းနေသေးတာလဲ... ဝယ်မယ့်သူ သိပ်မရှိလောက်ဘူး မဟုတ်လား..."
"အချိန်အကြာကြီး ဘယ်သူမှ မဝယ်ဘူးဆိုရင် သူတို့ကို အစာကျွေးပြီး ဂရုစိုက်ဖို့က အရင်းအမြစ်တွေ အများကြီး လိုမှာ မဟုတ်ဘူးလား..."
ကြီးကြပ်ရေးမှူး တိန့်က ပြုံးကာ ဆိုလိုက်သည်။
"မင်းသားငယ် မှန်ပါတယ်... အကောင်ပေါက်ပြီးသား ဝိညာဉ်သားရဲတွေက နှိုင်းယှဉ်ရရင် ပိုဈေးပေါပြီး လူတော်တော်များများက သူတို့ကို ဝယ်ကြပါတယ်... ဒါပေမဲ့ သိပ်သာမန်ဆန်လွန်းတာတွေကိုတော့ ဝိညာဉ်သားရဲ စံအိမ်က သိမ်းမထားပါဘူး... ဘာလို့လဲဆိုတော့ ဘယ်သူမှ ဝယ်မှာမဟုတ်လို့ပဲ..."
ဒေါ် လေးရှန်သည်လည်း ပြုံးကာ နန်ကုန်းယွီအား ရှင်းပြလိုက်လေသည်။
"မင်းသားငယ်... ဝိညာဉ်သားရဲ စံအိမ်ကနေ အစာကျွေးနိုင်တာတွေက သွေးမျိုးဆက် အနည်းငယ် ပိုကောင်းတဲ့ အကောင်တွေပါ... အနည်းဆုံးတော့ ဝိညာဉ်သန္ဓေသားပြောင်းလဲခြင်းအဆင့်အထိ ကျင့်ကြံနိုင်တဲ့ အကောင်တွေပေါ့..."
"ဒါမှမဟုတ် တကယ်ကို လှပတဲ့ ဝိညာဉ်သားရဲတွေပေါ့... ဒီဝိညာဉ်သားရဲတွေက တော်ဝင်မိသားစုဝင်တွေနဲ့ အထက်တန်းလွှာတချို့ကြားမှာ အရမ်းရေပန်းစားပြီး အလှမွေးတိရစ္ဆာန်အဖြစ် ဝယ်ယူကြပါတယ်..."
နန်ကုန်းယွီသည် ပထမထပ်တွင် ပြသထားသော ဝိညာဉ်သားရဲ ဥများကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ခေါင်းကို အနည်းငယ် ခါယမ်းပြလိုက်လေသည်။
သူက ဝိညာဉ်သားရဲ ဥများကို ဘယ်လို ခွဲခြားရမည်နည်းဆိုသည်ကို မသင်ယူရသေးသောကြောင့် သူတို့ထံမှ ဘာကိုမှ မပြောနိုင်ချေ။
ထို့အပြင် သူတို့ရှေ့ရှိ ဤပစ္စည်းများသည် ဒုတိယထပ်တွင် ရှိသော အရာများအပါအဝင် ဝိညာဉ်သားရဲများ ချန်ထားခဲ့သော အရာများ ဖြစ်သင့်ပေသည်။ အကယ်၍ ၎င်းတို့ကို ဤကျွမ်းကျင်ပညာရှင်များက ချန်ထားခဲ့နိုင်ပါက ၎င်းတို့သည် ကြည့်ရှုရန်ပင် မထိုက်တန်။
ဤအရာကို တွေးမိသည်နှင့် နန်ကုန်းယွီသည် သူ၏မိခင် ရှန်ကွမ်ယွဲ့ရှီးကို ကြည့်ကာ ပြောလိုက်သည်။
"မယ်တော်... သားက ဝိညာဉ်သားရဲ ဥတွေကို သိပ်စိတ်မဝင်စားဘူး ထင်တယ်... ဝိညာဉ်သားရဲတွေကို သွားကြည့်ရအောင်လေ..."
"ကောင်းပြီလေ..."
ရှန်ကွမ်ယွဲ့ရှီးက ပြုံးကာ ခေါင်းညိတ်လိုက်ပြီး ကြီးကြပ်ရေးမှူး တိန့်ကို ကြည့်ကာ ပြုံးလိုက်သည်။
"ကြီးကြပ်ရေးမှူး တိန့်... ငါတို့ကို အောက်ထပ် လိုက်ပြပေးဖို့ မင်းရဲ့လူတစ်ယောက်လောက် ရှာပေးလို့ ရမလား..."
အခန်း (၇၆) ဝိညာဉ်ကျောက်စိမ်း ကတ်ပြား
"မင်းသမီးနဲ့ မင်းသားငယ်က ဂုဏ်သရေရှိ ဧည့်သည်တွေဆိုတော့ ကျွန်တော်ပဲ လိုက်ပြပေးပါ့မယ်..."
ကြီးကြပ်ရေးမှူး တိန့်က အနည်းငယ် ပြုံးလိုက်ပြီး သူတို့ကို လမ်းပြရန် လက်လှမ်းလိုက်လေသည်။
"မင်းသမီး... ကျေးဇူးပြုပြီး ကျွန်တော့်နောက် လိုက်ခဲ့ပါ..."
"ဒါဆို ကြီးကြပ်ရေးမှူး တိန့်ကို ဒုက္ခပေးရတော့မှာပဲ..."
မကြာမီမှာပင် ကြီးကြပ်ရေးမှူး တိန့်သည် လူအချို့ကို မြေအောက်ထပ်သို့ ဦးဆောင်သွားလေသည်။
မြေအောက်ထပ်သည် စတုရန်းမီတာ ၁၀၀၀၀၀ ကျော်ရှိသော နေရာကျယ်ကြီးတစ်ခုဖြစ်ပြီး ဝိညာဉ်သားရဲ အမျိုးအစားစုံလင်စွာ ပါဝင်သော သံလှောင်အိမ်တန်းများနှင့် ပြည့်နှက်နေပေသည်။
ဤလှောင်အိမ်အချို့မှာ အလွတ်ဖြစ်နေသော်လည်း များများစားစားတော့ မဟုတ်။
"မင်းသားငယ် ဘယ်ဝိညာဉ်သားရဲကို ကြည့်ချင်တာလဲ... ကျွန်တော် လိုက်ပို့ပေးပါ့မယ်... ဒါမှမဟုတ် မင်းသားငယ် ကြိုက်ရင် ဒီပတ်ဝန်းကျင်မှာ လျှောက်ကြည့်လို့ရပါတယ်... ကျွန်တော် အားနေတာဆိုတော့ မင်းသားငယ် လိုချင်ရင် လိုက်ခဲ့ပေးလို့ရပါတယ်..."
ကြီးကြပ်ရေးမှူး တိန့်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေဆဲဖြစ်ပြီး အန္တရာယ်ကင်းပုံပေါ်သော်လည်း သူ၏ မျက်လုံးများ နက်ရှိုင်းရာတွင် ရံဖန်ရံခါ လင်းလက်သွားတတ်သော ပါးနပ်သည့် အရောင်အဝါက သူသည် ထင်သလောက် မရိုးရှင်းကြောင်း ပြောပြနေလေသည်။
"ကျေးဇူးတင်ပါတယ် ကြီးကြပ်ရေးမှူး တိန့်... မယ်တော်နဲ့ ကျွန်တော် ဒီတိုင်း လျှောက်ကြည့်လိုက်ပါ့မယ်... ကျွန်တော် နည်းနည်း သိချင်ရုံလေးပါ..."
နန်ကုန်းယွီက ခေါင်းကို အနည်းငယ် ခါယမ်းကာ ပြုံးလိုက်သည်။
"အဲ့ဒီလိုဆိုရင် မင်းသားငယ်ကို မိတ်ဆက်ပေးလို့ရအောင် အဖော်လိုက်ပေးဖို့ တစ်ယောက်ယောက်ကို ကျွန်တော် ရှာပေးပါ့မယ်..."
ကြီးကြပ်ရေးမှူး တိန့်က ပြုံးလိုက်ပြီး မလှမ်းမကမ်းရှိ အမျိုးသမီးငယ်တစ်ဦးကို လက်ယမ်းခေါ်လိုက်သည်။
"သုခွန်... မင်းသမီးနဲ့ တခြားသူတွေကို လိုက်ပြပေးလိုက်ပါဦး..."
ဤစကားကို ကြားချိန်တွင် သုခွန်သည် အလျင်အမြန် ပြေးလာပြီး အနည်းငယ် ဦးညွှတ်ကာ ပြောလိုက်လေသည်။
"ဟုတ်ကဲ့ပါ ကြီးကြပ်ရေးမှူး..."
ကြီးကြပ်ရေးမှူး တိန့်သည် ရှန်ကွမ်ယွဲ့ရှီးကို အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီးနောက် လှည့်ထွက်သွားလေသည်။
သုခွန်သည် ရှန်ကွမ်ယွဲ့ရှီးနှင့် အခြားသုံးဦးကို ကြည့်ကာ အနည်းငယ် ဦးညွှတ်လိုက်ပြီး လေးစားစွာ ပြောလိုက်သည်။
"သုခွန်က မင်းသမီးနဲ့ မင်းသားငယ်ကို ဂါရဝပြုပါတယ်..."
"တောင်းပန်ပါတယ်... အဲ့ဒီဝိညာဉ်သားရဲတွေကို ကြည့်ဖို့ ငါတို့ကို လိုက်ပို့ပေးလို့ရမလား... ငါ စိတ်ဝင်စားစရာ တစ်ခုခု ကြည့်ချင်လို့ပါ..."
နန်ကုန်းယွီက အနည်းငယ် ပြုံးလိုက်သော်လည်း သူ၏အကြည့်မှာမူ... အဝေးမှ လှောင်အိမ်ထဲတွင် ပိတ်မိနေသော ဝိညာဉ်သားရဲအပေါ်သို့ ရောက်ရှိနေပြီ ဖြစ်လေသည်။
ဤဝိညာဉ်သားရဲများသည် ပုံသဏ္ဌာန်အမျိုးမျိုးနှင့် အရွယ်အစားအမျိုးမျိုး ရှိကြသော်လည်း အချို့မှာ ပို၍ သာမန်ဆန်ကြပေသည်။ သာမန်ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ ကြည့်ကောင်းသောအကောင် အတော်များများ ရှိပုံရလေသည်။
သို့သော် သုခွန်က သူ၏စကားကို ကြားချိန်တွင် အလျင်အမြန် ခေါင်းခါကာ ခါးသက်သက် ပြုံးလိုက်ပြီး ပြောလိုက်သည်။
"မင်းသားငယ်... ကျွန်မကို သုခွန်လို့ပဲ ခေါ်ပါ... အရမ်းကြီး ယဉ်ကျေးမနေပါနဲ့..."
"အစ်မ သုခွန်... အစ်မက စိတ်ထဲထားစရာ မလိုပါဘူး... အစ်မက ကျွန်တော့်ထက် အသက်ပိုကြီးတာပဲ... ကျွန်တော်က 'အစ်မ' လို့ခေါ်တာ အဆင်ပြေပါတယ်..."
သုခွန်က ခေါင်းအနည်းငယ် ခါယမ်းပြလိုက်ပြီး ရှန်ကွမ်ယွဲ့ရှီးကို တစ်ချက်ကြည့်လိုက်ရာ သူမ စကားမပြောသည်ကို မြင်သဖြင့် ဘာမျှ ဆက်မပြောရဲတော့။
"ဂုဏ်သရေရှိ ဧည့်သည်တော်များ... ကျေးဇူးပြုပြီး ကျွန်မနောက် လိုက်ခဲ့ပါ..."
သူမ ပြောနေစဉ် သုခွန်သည် နန်ကုန်းယွီနှင့် အခြားသူများကို ပိုမိုကောင်းမွန်သော မျိုးနွယ် သွေးမျိုးဆက်များရှိသည့် ဒေသများသို့ လိုက်လံပြသပေးပြီး နန်ကုန်းယွီ စိတ်ဝင်စားသူ မည်သူ့ကိုမဆို မိတ်ဆက်ပေးခဲ့လေသည်။
မကြာမီမှာပင် ထိုအုပ်စုသည် ပတ်ကြည့်ပြီးသွားသော်လည်း နန်ကုန်းယွီသည် သူ တကယ်သဘောကျသူ တစ်ဦးတစ်ကောင်ကိုမျှ မတွေ့ခဲ့။
တစ်နည်းအားဖြင့် ပြောရလျှင် တကယ်ကောင်းမွန်သော သွေးမျိုးဆက်များအားလုံးကို နတ်ဘုရားသားရဲ ဂိုဏ်းက ရွေးချယ်သွားခဲ့ပြီ ဖြစ်လေ၏။ စျေးကွက်တွင် ရောင်းချရန် ကျန်ရှိနေသောအရာများမှာ များသောအားဖြင့် အကောင်းဆုံး မဟုတ်ချေ။
နန်ကုန်းယွီသည် အသွင်အပြင်အတွက်သာမက သွေးမျိုးဆက်အတွက်ပါ လိုအပ်ချက်များ မြင့်မားပေ၏။ မဟုတ်ပါက ၎င်းကို နှစ်ပေါင်းထောင်ချီကြာအောင် မွေးမြူထားပြီးမှ သေဆုံးသွားမည်ဆိုလျှင် အလွန် စိတ်ပျက်စရာကောင်းလှပေမည်။
နန်ကုန်းယွီက သူ၏ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။
"အစ်မ သုခွန်... မင်းမျိုးမင်းနွယ်တွေနဲ့ အထက်တန်းလွှာတွေအတွက် အလှမွေးတိရစ္ဆာန်အဖြစ် ထားရှိတဲ့ ဝိညာဉ်သားရဲတွေ ရှိတယ်လို့ ကျွန်တော် အခုလေးတင် ကြားလိုက်တယ်... သူတို့က ပိုပြီး လှပမယ်လို့ ကျွန်တော် ထင်တယ်... သူတို့ကို ကြည့်ဖို့ ကျွန်တော့်ကို ခေါ်သွားပေးလို့ ရမလား..."
သုခွန် အနည်းငယ် အံ့အားသင့်သွားသော်လည်း ပြုံးကာ ဆိုလိုက်၏။
"သေချာတာပေါ့... ကျေးဇူးပြုပြီး ကျွန်မနောက် လိုက်ခဲ့ပါ..."
ထိုအုပ်စုသည် မကြာမီ နေရာသစ်တစ်ခုသို့ ရောက်ရှိလာကြလေသည်။
လှောင်အိမ်ထဲရှိ ဝိညာဉ်သားရဲ အမျိုးမျိုးကို ကြည့်ရင်း နန်ကုန်းယွီ၏ မျက်လုံးများ အရောင်လက်သွားပေသည်။
ဤနေရာတွင် အရောင်အသွေးစုံလင်သော အမွေးအတောင်များရှိသည့် ငှက်များ၊ ဖြူစင်သော အမွေးများရှိသည့် ယုန်ဖြူများ၊ ဖြူစင်သော အမွေးများနှင့် ခရမ်းရောင် သူငယ်အိမ်များရှိသည့် မြေခွေးဖြူများပင် ရှိလေသည်။
ရနိုင်သမျှ အရာအားလုံး ရှိနေပေသည်။
ဤလှပသော ဝိညာဉ်သားရဲ အမျိုးမျိုးကို ကြည့်ရင်း နန်ကုန်းယွီသည် အံ့အားသင့်နေပုံကို မဖုံးကွယ်နိုင်ခဲ့။
နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် သွေးမျိုးဆက်ကောင်းများရှိသည့် မျိုးနွယ်စု အများစုမှာ ဤနေရာရှိ ဝိညာဉ်သားရဲများလောက် မကောင်းကြချေ။
"တကယ်ကို ကြည့်ကောင်းတာပဲ..."
နန်ကုန်းယွီသည် သူ၏မိခင် လက်ကိုကိုင်ကာ ဟိုကြည့်ဒီကြည့်ဖြင့် သူ၏မျက်နှာလေးပေါ်တွင် သိချင်စိတ်နှင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေလေသည်။
တကယ်ပါပဲ။
အခြားကမ္ဘာများမှ သတ္တဝါများသည် အလွန် ကွဲပြားပြီး အရောင်အသွေး စုံလင်လှပေသည်။
အကယ်၍ သူ့မိခင်ကသာ သူ့ကို အနားမကပ်ရန် တားမြစ်မထားခဲ့ပါက သူက လက်လှမ်းပြီး ကိုင်ကြည့်မိမည် ဖြစ်လေသည်။
ရှန်ကွမ်ယွဲ့ရှီးသည် နန်ကုန်းယွီနောက်မှ လိုက်လာပြီး သူ၏ ပြုံးရွှင်နေသော မျက်နှာကို ကြည့်ကာ အနည်းငယ် ပြုံးမိသွား လေသည်။
တကယ်ပါပဲ။
ယွီအာကို ရှိုးရှန်းနန်းဆောင်တွင် ပိတ်လှောင်ထားခြင်းက ရွေးချယ်မှုကောင်းတစ်ခု မဟုတ်။ သူသည် ဤတားဆီးပိတ်ပင်မှုကင်းပြီး ပျော်ရွှင်စရာကောင်းသော ဘဝနှင့် ပိုမိုသင့်လျော်ပေသည်။
အချိန်အတော်ကြာပြီးနောက် နန်ကုန်းယွီသည် ဝိညာဉ်သားရဲ အားလုံးကို တစ်ကောင်ပြီးတစ်ကောင် ကြည့်ရှုပြီးသွားသော်လည်း သူ၏ခေါင်းကို အနည်းငယ် ခါယမ်းမိသွား လေသည်။
"ကျွန်တော် သူတို့ကို မမွေးနိုင်သလို မစီမံနိုင်တာ နှမြောစရာပဲ... မဟုတ်ရင် နေ့တိုင်း ကျွန်တော့်နောက် လိုက်နေရင် တကယ်ကို မိုက်မှာပဲ..."
ဤစကားကို ကြားချိန်တွင် ရှန်ကွမ်ယွဲ့ရှီးက အနည်းငယ် ပြုံးလိုက်သည်။
"တကယ်လို့ ယွီအာ ကြိုက်တယ်ဆိုရင်... မယ်တော်က မင်းသားစံအိမ်ရဲ့ အနောက်ဘက်ခြံဝင်းထဲမှာ အစာကျွေးဖို့ အများကြီး ဝယ်ပေးမယ်... ပြီးတော့ သားကြည့်ဖို့အတွက် တစ်ယောက်ယောက်ကို အစာကျွေးခိုင်းထားမယ်လေ..."
သို့သော် နန်ကုန်းယွီက ခေါင်းခါလိုက်သည်။
"မယ်တော်... အဲ့ဒါက အရမ်း ဖြုန်းတီးရာကျလွန်းတယ်..."
သူသည် လှောင်အိမ်တစ်ခုဆီသို့ တည့်တည့်သွားပြီး အထဲရှိ အရောင်ခုနစ်မျိုးရှိသော ငှက်ကလေးကို ကြည့်ကာ ပြောလိုက်သည်။
"ငှက်ကလေး... မင်း ငါ့ကို သခင်အဖြစ် အသိအမှတ်ပြုပြီး ဒီနေရာကနေ ငါနဲ့အတူ ထွက်သွားဖို့ ဆန္ဒရှိလား..."
ဤစကားကို ကြားချိန်တွင် ငှက်ကလေး၏ မျက်လုံးများထဲ၌ လူသားဆန်သော အတွေးတစ်ခု ဖြတ်ပြေးသွားပြီး ခေါင်းညိတ်ပြလိုက်လေ၏။
ဤသည်ကို မြင်ချိန်တွင် နန်ကုန်းယွီသည် ရှန်ကွမ်ယွဲ့ရှီးကို ကြည့်ကာ ပြောလိုက်သည်။
"မယ်တော်... သား ဒါတစ်ကောင်ပဲ လိုချင်တယ်... ဒီထက်ပိုပြီး သားတို့ မမွေးနိုင်ဘူး... သူတို့က ပိုကောင်းတဲ့ သခင်နဲ့ ထိုက်တန်ပါတယ်..."
ရှန်ကွမ်ယွဲ့ရှီးက အနည်းငယ် ခေါင်းညိတ်လိုက်ပြီးနောက် သုခွန်ကို ကြည့်ကာ မေးလိုက်၏။
"ဒါ ဝိညာဉ်ကျောက်တုံး ဘယ်လောက်လဲ..."
သုခွန်က ပြုံးလိုက်သော်လည်း အနည်းငယ် တွေဝေသွားလေသည်။
"မင်းသမီး... ကျွန်မ မင်းသမီးကို မဖုံးကွယ်ထားပါဘူး... ဒီစာကလေးက ဝိညာဉ်သားရဲ စာကလေးနက်ရဲ့ မျိုးကွဲတစ်ခုပါ... ကျွန်မတို့ရဲ့ ဝိညာဉ်သားရဲ စံအိမ်က သူ့ကို စစ်ဆေးပြီးတဲ့နောက်မှာ သူ့ရဲ့ သွေးမျိုးဆက်က သိပ်မကောင်းတာကို တွေ့ရလို့ ဒီမှာပဲ ထားခဲ့တာပါ..."
"သူက မျိုးကွဲတစ်ကောင်ဖြစ်လို့ ကျွန်မတို့ ဝိညာဉ်သားရဲ စံအိမ်က သူ့ကို ဝိညာဉ်အစာတွေနဲ့ တစ်နှစ်တိတိ ကျွေးမွေးခဲ့တယ်လို့ ကြားတယ်... ဒါပေမဲ့ တစ်နှစ်ကြာတဲ့အထိ သူက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်တောင် မရောက်သေးဘူး... သူ့မှာ ဉာဏ်ရည်ဉာဏ်သွေး အနည်းငယ်သာ မရှိခဲ့ရင် သာမန် တောရိုင်းတိရစ္ဆာန်ထက်တောင် ဆိုးရွားနေဦးမှာပဲ..."
"တကယ်လို့ မင်းသမီးက အတင်းဝယ်ချင်တယ်ဆိုရင်တော့ သာမန် ဝိညာဉ်သားရဲ ဥတစ်လုံးရဲ့ စျေးနှုန်းဖြစ်တဲ့ ဝိညာဉ်ကျောက်တုံး ၁,၀၀၀ ဖြစ်ပါမယ်... ဒါက အလှမွေး ဝိညာဉ်သားရဲ တစ်ကောင်အတွက် ကျွန်မတို့ဆီမှာ အနိမ့်ဆုံး စျေးနှုန်းပါ..."
ဤစကားကို ကြားချိန်တွင် နန်ကုန်းယွီက ပြုံးကာ ဆိုလိုက်သည်။
"မယ်တော်... ယွီအာက သားရဲယဉ်ပါးအောင် လုပ်မှာ မဟုတ်ပါဘူး... ဒီသွေးမျိုးဆက်က လုံလောက်အောင် မကောင်းဘူး... ပြီးတော့ သူ့ရဲ့စွမ်းအားကလည်း သိပ်မကောင်းဘူးဆိုတော့... သင့်တော်ပါတယ်..."
ရှန်ကွမ်ယွဲ့ရှီးက ခေါင်းညိတ်လိုက်ပြီး ကျောက်စိမ်းဖြူ ကတ်ပြားတစ်ခုကို ကမ်းပေးကာ ပြောလိုက်သည်။
"ဒါလေးဆို ရပါပြီ... ငွေလွှဲပေးလိုက်ပါ..."
ဤသည်ကို မြင်ချိန်တွင် သုခွန်က ခက်ခဲစွာဖြင့် ပြောလိုက်သည်။
"မင်းသမီး... ကြီးကြပ်ရေးမှူးမှာပဲ ဝိညာဉ်ကျောက်စိမ်း ကတ်ပြား ရှိတာပါ... မင်းသမီး ခဏလောက် စောင့်ရပါလိမ့်မယ်..."
ဤစကားကို ကြားချိန်တွင် ဒေါ် လေးရှန်သည် အလျင်အမြန် ရှေ့ထွက်လာပြီး ပြောလိုက်လေသည်။
"မင်းသမီး... ဒီငယ်ကျွန်ဆီမှာ ဝိညာဉ်ကျောက်တုံးတွေ ရှိတယ်ဆိုတာ မင်းသမီး မေ့နေပြီလား... ဒီငယ်ကျွန် သွားပြီး ရှင်းလိုက်ပါ့မယ်..."
ဤစကားကို ကြားချိန်တွင် ရှန်ကွမ်ယွဲ့ရှီးက ရှက်ကိုးရှက်ကန်း ပြုံးလိုက်သည်။
"ငါ အပြင်မထွက်ရတာ အရမ်းကြာပြီဆိုတော့ ဒါကို မေ့နေတာ... ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဒေါ် လေးရှန်..."
"ဒါ ဒီငယ်ကျွန် လုပ်ရမယ့်အလုပ်ပါ..."
သူမ ပြောနေစဉ် သုခွန်နောက်သို့ လိုက်ကာ အပြင်သို့ ထွက်သွားလေ၏။
နန်ကုန်းယွီသည် ရှန်ကွမ်ယွဲ့ရှီး သိမ်းထားသော ကျောက်စိမ်းဖြူ ကတ်ပြားကို တစ်ချက်ကြည့်လိုက်ရာ သူ၏မျက်လုံးများ အနည်းငယ် အရောင်လက်သွားပေသည်။ သူက ဟန်ဆောင်ရှုပ်ထွေးပြကာ မေးလိုက်သည်။
"မယ်တော်... ဒီကတ်က ဘာလဲ..."
"ဒါက ဝိညာဉ်ကျောက်စိမ်း ကတ်ပြားလေးလေ."
ရှန်ကွမ်ယွဲ့ရှီးက ပြုံးကာ ဆိုလိုက်သည်။
" ပြောရရင်... သားဆီမှာ ဝိညာဉ်ကျောက်တုံးတွေ အများကြီးရှိရင် ယူသွားယူလာလုပ်ဖို့ မလွယ်ဘူးလေ... ဒါကြောင့် ကောင်းကင်လျှို့ဝှက်ချက်စံအိမ်က ဒီဝိညာဉ်ကျောက်စိမ်း ကတ်ပြားတွေကို ဖန်တီးခဲ့တာပဲ"
"ရွှမ်လင်တိုက်ကြီးမှာရှိတဲ့ ဝိညာဉ်ကျောက်စိမ်း ကတ်ပြားတွေအားလုံးက လျှို့ဝှက်ဆန်းကြယ်တဲ့ တာအို ရတနာတစ်ခုနဲ့ ချိတ်ဆက်ထားတယ်လို့ ဆိုကြတယ်... ကျင့်ကြံသူတွေက သူတို့ရဲ့ ဝိညာဉ်ကျောက်တုံးတွေကို ဝိညာဉ်ကျောက်စိမ်း ကတ်ပြားကနေတစ်ဆင့် တာအို ရတနာထဲမှာ သိမ်းဆည်းထားနိုင်ပြီး ဝိညာဉ်ကျောက်တုံးတွေ အသုံးပြုဖို့ လိုအပ်တဲ့အခါ အချိန်မရွေး ထုတ်ယူနိုင်တယ်လေ..."
"ဒါ့အပြင်... ဝိညာဉ်ကတ်ပြား နှစ်ခုကို ချိတ်ဆက်ပြီး သက်ဆိုင်ရာ ဝိညာဉ်ကျောက်တုံးကို အခြားတစ်ဖက်က ဝိညာဉ်ကျောက်စိမ်း ကတ်ပြားဆီ တိုက်ရိုက်လွှဲပြောင်းဖို့လည်း အသုံးပြုနိုင်တယ်... အဲ့ဒါက ဒုက္ခတော်တော်များများကို သက်သာစေတယ်လေ..."