← Chapters

အခန်း (၃၈၄-၃၈၅)

Vol. 35 Ch. 384-385

အခန်း (၃၈၄-၃၈၅)

Vol. 35 Ch. 384-385

အခန်း ၃၈၄ - ပင်လယ်ကဲ့သို့ နက်ရှိုင်းသော ညီအစ်မသံယောဇဉ်

“ရေခဲတောင်သခင်မ နိုးလာတဲ့အခါ ငါခရမ်းရောင်နန်းတော်အဆင့်ကို ရောက်သွားပြီလို့ သူမကို ပြောလိုက်ပါဦး ”

ကျိယွမ်သည် ထိုသို့မှာကြားပြီးနောက် ရှင်းဟွာအဖွဲ့မှ ထွက်ခွာခဲ့သည် ။

ထို့နောက် သူက ဝင့်ကြွားစွာဖြင့် ကျိစယ်တောင်ပေါ်မှ ဆင်းလာ၏။

သူသည် ရှန်ကွမ်းဂိုဏ်းအတွင်း လျှောက်သွားနေစဉ် တပည့်များဖြစ်စေ၊ အကြီးအကဲများဖြစ်စေ အားလုံးက သူ့ကို ရိုသေလေးစားစွာ ကြည့်နေကြသည် ။

ကျိယွမ်သည် ဂိုဏ်းအတွင်း၌ ဒဏ္ဍာရီဆန်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့လေပြီ ။

“အဲဒါ စီနီယာအစ်ကိုကြီးကျိယွမ်လား ”

“သူက စီနီယာအစ်ကိုကန်းဖူလူ ထက်တောင် ပိုသန်မာတယ်လို့ ငါကြားတယ်”

“စီနီယာအစ်ကိုကန်းဖူလူက အရှေ့ပိုင်းဒေသရဲ့ ပါရမီရှင်စာရင်းထဲမှာတောင် ပါဝင်ခဲ့တာ မဟုတ်ဘူးလား”

အချို့သော တပည့်များက အံ့ဩတကြီး ရေရွတ်ကြသည် ။

အရှေ့ပိုင်းဒေသ ပါရမီရှင်စာရင်းကို အသားထား..သာ့ရှန်းပြည်ကြီး၏ ပါရမီရှင်စာရင်းဆိုတာတောင် သူတို့အတွက် အိမ်မက်မက်ရုံသာ တတ်နိုင်သည့်အရာ ဖြစ်၏ ။

“အရှေ့ပိုင်းဒေသ ပါရမီရှင်စာရင်းဆိုတာ ဘာမှမဟုတ်ပါဘူး ။ စီနီယာအစ်ကိုကျိယွမ်က... ကန်းလန်ရဲ့ ကောင်းကင်ရွေးချယ်ခံ စာရင်းထဲကို ဝင်သွားပြီတဲ့”

“ဟမ်... အဲဒါ ဘာစာရင်းလဲ ”

“ဟားဟားဟား ... မင်းမသိဘူးမလား ..၊ ငါ့ဦးလေးရဲ့ ယောက်ဖရဲ့ အစ်ကိုတစ်ဝမ်းကွဲက ကျိယွမ်ဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ ကန်းလန် ကောင်းကင်ရွေးချယ်ခံစာရင်းထဲကို ဝင်သွားတာကို ကိုယ်တိုင်မြင်ခဲ့တယ်လို့ ငါ့ကို ပြောတယ် ”

“ငါကတော့ မယုံဘူး ။ အဲဒါ ကောလာဟလဖြစ်မှာ အသေအချာပဲ ။ စီနီယာအစ်ကိုကန်းဖူလူကသာ ရှန်ကွမ်းဂိုဏ်းရဲ့ အစစ်အမှန် နံပါတ်တစ် ပါရမီရှင်ပဲ ။ သူက ဂျူနီယာညီမလေး ရေချိုးနေတာကို ချောင်းကြည့်ရဲတဲ့အထိ သတ္တိရှိတယ် ”

“စီနီယာအစ်ကို ကျိယွမ်ကသာ အစစ်အမှန်ပါရမီရှင်ကွ ...သူက ချောမောလှပတဲ့ အကြီးအကဲရဲ့ အတွင်းခံတွေကို ခိုးယူရဲတဲ့အထိ သတ္တိရှိတယ်”

တပည့်တစ်စုသည် ရုတ်တရက် အငြင်းအခုံဖြစ်ကုန်၏ ။

ချီးကျူးစကားများကို ကြားရမလားဟု နားစွင့်နေသော ကျိယွမ် စိတ်ပျက်သွားသည် ။

ဒါက ငါ့ကိုချီးကျူးနေတာလား သိက္ခာချနေတာလား ။

“ဟေ့....ငါဘယ်အကြီးအကဲရဲ့ အတွင်းခံကိုမှ မခိုးခဲ့ဖူးဘူး ။ ကောလာဟလတွေ မဖြန့်ကြနဲ့တော့”

ကျိယွမ်က ထိုအဖွဲ့ကို လှမ်းငေါက်ကာ သူတို့အနီးသို့ လျှောက်သွားလိုက်သည်။

“စီနီယာအစ်ကိုကြီးကို ဂါရဝပြုပါတယ်”

ကျိယွမ်က သူတို့အနီးသို့ ရောက်လာသဖြင့် တပည့်များက ပြာပြာသလဲဖြင့် ရိုသေစွာဖြင့် ခေါင်းငုံ့နှုတ်ဆက်ကြသည် ။

ထိုအခိုက် ကျိယွမ်ဘက်မှ ကာကွယ်ပြောဆိုခဲ့သည့် အမျိုးသမီးတပည့်က သူ့အနီးမှ ဂိုဏ်းသားကို တံတောင်ဖြင့်တွတ်ကာ ဂုဏ်ယူစွာ ထပ်ပြောသည် ။

“စီနီယာအစ်ကိုကြီးကျိယွမ်က အကြီးအကဲရဲ့ အတွင်းခံတွေကို ခိုးခဲ့တာ မဟုတ်ပါဘူးဆို ။ အဲဒါတွေက ညဘက်မှာ သူ့ဆီကို တစ်ယောက်ယောက်က လာလာ ပို့ပေးတာ"

သူမသည် ကျိယွမ်၏ နာမည်ကို သူခိုးအဖြစ်မှ ရှင်းလင်းပေးနိုင်ခဲ့ပြီဟု ထင်မှတ်ကာ သူမ၏ လိမ္မာပါးနပ်မှုကို ဂုဏ်ယူနေသည် ။

“အဲ...”

သို့သော် ကျိယွမ်မှာတော့ ဘာပြောရမှန်းမသိပင် ဖြစ်သွား၏။

ထိုသို့သော အရာမျိုးများက... တကယ်ပဲ ဖြစ်ပျက်ခဲ့ပါသည် ။

သို့သော်လည်း ထိုအချိန်က သူသည် ဓာတ်ကြီးငါးပါးစွမ်းအင်များကို ပေါင်းစည်းနေချိန်ဖြစ်၍ ရှန်ကွမ်းဂိုဏ်းအတွင်း၌ ရူးကြောင်ကြောင်ကိစ္စများနှင့် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပေါ်နေသည့် အချိန်ကဖြစ်၏ ။

ယင်းကို အတည်ယူ၍ မရနိုင်ပေ ။

“နင်... လွန်ခဲ့တဲ့ သုံးနှစ်အတွင်းမှာ နည်းနည်း ကြီးထွားလာတယ် ။ အခုဆို တရားဝင်တပည့်တစ်ယောက် ဖြစ်နေပြီဆိုတော့ အဓိပ္ပာယ်မရှိတာတွေကို လျှောက်မပြောပါနဲ့တော့ ”

“တရားဝင်တပည့်တစ်ယောက်အနေနဲ့ မင်းဟာ ဂိုဏ်းကို ကိုယ်စားပြုတယ် ၊ ဒါမျိုးတွေကို ဆင်ခြင်ပါ”

ကျိယွမ်သည် သူမကို တစ်ချက်ကြည့်ကာ အကြံပေးစကား အနည်းငယ် ပြောကြားပြီးနောက် လူအုပ်နားက ပျောက်ကွယ်သွားသည် ။

မိန်းကလေးတပည့်၏ မျက်လုံးများတွင် ပျော်ရွှင်မှုများဖြင့် တောက်ပသွား၏။

“စီနီယာအစ်ကိုကြီးကျိယွမ်က...ငါ့ကို မှတ်မိနေတယ်တော့”

ထိုအချိန်က သူမသည် ဆေးပညာတောင်ထိပ်တွင် ဧည့်ခံကျွေးမွေးရေး တာဝန်ယူရသည့် အစေခံတပည့်တစ်ဦးသာ ဖြစ်သည် ။ စီနီယာအစ်ကို ကျိယွမ် ဆေးလာတောင်းစဉ်က သူမသည် လမ်းပြပေးခဲ့ပြီး အကြီးအကဲ ရွှမ်ချုံးထံ သွားရောက်ရန် အကြံပြုခဲ့သူ ဖြစ်သည် ။

နောက်ပိုင်းတွင် ကျိယွမ်သည် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ကျင့်ကြံမှု ပြဿနာတစ်ခုကို ထောက်ပြပေးခဲ့ပြီး ယင်းကို ဖြေရှင်းရန် ကူညီပေးခဲ့သောကြောင့် သူမသည် ပိုမိုသန်မာလာကာ တရားဝင်တပည့်တစ်ဦး ဖြစ်လာခဲ့ခြင်းပင် ။

ဂိုဏ်းချုပ်နှင့်တွေ့ပြီးနောက် ကျိယွမ်သည် ကျိစယ်တောင်ထိပ်သို့ စိတ်ကြည်လင်စွာ ပြန်ရောက်လာ၏ ။

သူက ကွန်ကရစ်အိမ်ထဲသို့ မဝင်သေးဘဲ အပြင်တွင်ရပ်ကာ စဥ်းစားနေသည်။

ခရမ်းရောင်နန်းတော်အဆင့်သို့ ရောက်ရှိပြီးနောက် သူ၏ အဆင့်အတန်းနှင့် ဂုဏ်သတင်းမှာ သဘာဝအတိုင်း မြင့်တက်လာသင့်၏ ။

ရှန်ကွမ်းဂိုဏ်းအတွင်းရှိ မည်သည့်အဆောက်အအုံကိုမဆို သူ၏ အဆောက်အအုံထက် ခမ်းနားကြီးကျယ်ခွင့် မပေးနိုင်ပေ ။

ရလဒ်အနေဖြင့် ဂိုဏ်းချုပ်ကြီးကုမူသည် ကျိယွမ်၏ ဒီဇိုင်းပုံစံများကို ယူဆောင်သွားပြီဖြစ်ကာ နန်းဆောင်အသစ် တည်ဆောက်ရန်အတွက် လုပ်သားများကို ရှာဖွေနေလေပြီ ။

“သင့်တင့်လျောက်ပတ်တဲ့ နန်းဆောင်တစ်ခုရှိမှ အဲဒါက ငါ့အဆင့်အတန်းနဲ့ ကိုက်ညီလိမ့်မယ် ”

“ငါ့ဇနီးတွေလည်း ပြောင်းလာလို့ရပြီ၊ သူတို့အတွက် ကိုယ်ပိုင် အိပ်ခန်းမရှိမှာကိုလည်း စိုးရိမ်စရာ မလိုတော့ဘူး ”

ထို့အပြင် သူ၏သမီးလေးကျိကျန့်ကျွင်းလည်း ရှိသေးသည်၊ သူမသည် အမြဲတမ်း ဟိုပြေးဒီပြေးလုပ်ကာ သူမနှစ်သက်ရာနေရာ၌ ငါးမျှားနေတတ်၏ ။

ယခုအချိန်တွင်ပင် သူမ ဘယ်နေရာမှာ ငါးမျှားနေသည်ကို မည်သူမျှ မသိနိုင်ပေ ။

ရှန်းဝူရှန်အတွက်မူ သူသည် အထက်ဘုံတွင် ရှိနေဆဲ ဖြစ်နိုင်သည် ။ သူ၏ တွက်ချက်မှုအရ ရှန်းဝူရှန်သည် ကျိယွမ်ထံသို့ နတ်ဘုရားအဆင့်နည်းစနစ်တစ်ခု လာရောက်ပို့ဆောင်ရန် မကြာမီ အောက်ဘုံသို့ ရောက်လာနိုင်၏။

ရှန်းဝူရှန်ကို တွေးမိသောအခါ ကျိယွမ်၏ အကြည့်များသည် ကျိစယ်တောင်ထိပ်ရှိ နန်းတော်ကြီးနှင့် ဘေးနားရှိ မြင့်မားသော ရှေးဟောင်း စီးချောင်သစ်ပင်ကြီးဆီသို့ ရောက်ရှိသွားသည် ။

“ရှန်းဝူရှန်က စာတစ်စောင် ကျင်းလီဆီ ရောက်ဖို့ သုံးနှစ်ကြာမယ်လို့ တစ်ခါက ပြောခဲ့တယ် သည် ။ အခု နှစ်နှစ်နဲ့ ခြောက်လ ရှိပြီ...”

နောက်ထပ် ခြောက်လကြာလျှင် ကျင်းလီသည် သူ၏စာကို လက်ခံရရှိပေတော့မည် ။

ကျိယွမ်၏ နှလုံးသားထဲတွင် လှိုင်းအနည်းငယ် လှုပ်ခတ်သွား၏ ။

ဇူလိုင်ရေကန်ဘေးရှိ လနတ်သမီး၏ ပုံရိပ်လေးနှင့် သူတစ်ခါမျှ မဆုံဖူးသေးသော ဧကရီကျင်းလီတို့ကို သူ သတိရမိသည် ။

"အင်း...ဆရာမကိုလည်း လွမ်းလိုက်..."

“ဆရာတူအစ်ကိုကြီး... ပြေးတော့ ”

ထိုအချိန်တွင် အရေးပေါ်အသံတစ်ခု ထွက်ပေါ်လာပြီး ရိုးရှင်းစွာ ဝတ်ဆင်ထားသော ကျန်းလင်းစုသည် ကျိယွမ်ထံသို့ ပြေးလာကာ သူ၏ လက်မောင်းကို တင်းတင်းကြပ်ကြပ် ဆွဲကိုင်လိုက်သည် ။

သူမ၏အသံကြောင့် ကျိယွမ်မှာ လွမ်းလက်စတန်းလန်းကြီးမှ လန့်နိုးသွား၏ ။

သို့သော် သူက ကျန်းလင်းစုအား တည်ငြိမ်စွာ ကြည့်၏။

“ဘာဖြစ်လို့လဲ ညီမလေး. .. ဘာလို့ ဒီလောက် အလျင်လိုနေရတာလဲ ။ ကောင်းကင်ကြီး ပြိုကျလာလို့လား ”

ယခုအခါ ကျိယွမ်သည် ဂိုဏ်း၏ရှေ့ဆောင်လမ်းပြ ဒဏ္ဍာရီလာ ခရမ်းရောင်နန်းတော်အဆသ့်ကျင့်ကြံသူတစ်ဦး ဖြစ်လာပြီဖြစ်၍ တည်ငြိမ်မှုကို ထိန်းသိမ်းရမည် ဖြစ်သည် ။

တောင်များပြို၍ ပင်လယ်များခန်းခြောက်ကုန်လျှင်ပင် ဂျူနီယာများရှေ့၌ မတုန်လှုပ်ရပေ ။

“ကျွန်မ အဖေ လာနေပြီ”

"ဟေ....."

ဒဏ္ဍာရီလာ ဆရာကြီးကျိယွမ် မျက်လုံးပြူးသွားသည်။

ကျန်းလင်းစုက စိုးရိမ်တကြီးဖြစ်နေသလို ကျိယွမ်၏ စိတ်ထဲတွင်လည်း အလွန်တက်ကြွလွန်းသော ဦးလေးကြီး၏ ပုံရိပ် ပေါ်လာ၏။

ထိုစဉ်က ဝိညာဉ်လှေပေါ်တွင် ထိုဦးလေးကြီးသည် သူ့အပေါ် အလွန် နွေးထွေးခဲ့သည် ။

သူ၏ ကြီးကျယ်သော အစီအစဉ်အတွက် ကျိယွမ်သည် လူတိုင်းကို ရှင်းဟွာအဖွဲ့ထဲသို့ ဝင်ရန်နှင့် သူတို့၏ ကျင့်ကြံခြင်းနည်းစနစ်များကို တင်ပေးရန် “လှည့်စား” ခဲ့သည် ။

သူကိုယ်တိုင်ပင် မူလနတ်ဘုရားအဖြစ် ဟန်ဆောင်ကာ ပုံပြင်တစ်ပုဒ်ကို ပြောပြခဲ့၏ ။

နိမ့်ကျသော မိသားစုမှ မွေးဖွားလာသူ၊ စီနီယာအစ်ကိုများ၏ အနှိမ်ခံရသူနှင့် အခြားသူများ၏ အထင်သေးခြင်းကို ခံရသူတစ်ဦးအကြောင်း ပုံပြင်ဖြစ်သည် ။

ထို့နောက် ထိုဆင်းရဲသားလေးသည် ရှင်းဟွာအဖွဲ့သို့ နည်းစနစ်များတင်ပေးခြင်းဖြင့် အားကောင်းသော ပညာရပ်များနှင့် လဲလှယ်နိုင်ခဲ့ကာ အားကျသူများစွာကို ဆွဲဆောင်နိုင်ခဲ့သည် ။

အေးစက်သော စီနီယာအစ်မက သူ့ကို မျက်စိကျလာပြီး ကိုယ်လုံးကိုယ်ပေါက် လှပသော ဂျူနီယာညီမလေးက ညဘက်တွင် သူ့အခန်းထဲသို့ ခိုးဝင်လာခဲ့၏ ။

ထိုအချိန်က ကျန်းရူဟွာသည် မူလနတ်ဘုရား၏ ပုံပြင်ကို အစစ်အမှန်ဟု ယုံကြည်ခဲ့ပြီး သူ၏ ကိုယ်ပိုင် အတွေ့အကြုံများအပေါ် အခြေခံကာ ကျိယွမ်အား ကိုယ်လုံးကိုယ်ပေါက် လှပသော ဂျူနီယာညီမလေးကို ရွေးချယ်ရန် အားပေးတိုက်တွန်းခဲ့သည် ။

အကယ်၍ ဂျူနီယာညီမလေး၏ အဖေက ကန့်ကွက်ခဲ့လျှင်ကော .. ။

ဆန်ကိုထမင်းဖြစ်အောင်သာ အရင်ချက်လိုက်ပါဟု အားကြိုးမာန်တက် မြှောက်ပေးခဲ့၏။

ဂျူနီယာညီမလေးမှာ ကိုယ်ဝန်ရှိလာလျှင် သူမ၏အဖေက လက်ခံရုံမှတစ်ပါး အခြားမရှိတော့ပေ..။

မျိုးဆက်သစ်လူငယ်များကို အကြံဉာဏ်များ ပေးဝေရခြင်းနှင့် လမ်းပြသူတစ်ဦးကဲ့သို့ ခံစားရခြင်းမှာ အလွန် စိတ်ကျေနပ်စရာ ကောင်းသည် ။

သို့သော်လည်း... ကိုယ်လုံးကိုယ်ပေါက် လှပသော ဂျူနီယာညီမလေး၏ အဖေသည် မိမိကိုယ်တိုင် ဖြစ်နေကြောင်း သိလိုက်ရသောအခါ ကျန်းရူဟွာမှာ ဆွေ့ဆွေ့ခုန်သွားခဲ့သည် ။

သူသည် မိမိ၏ စီးပွားရေးလုပ်ငန်းများကို ပစ်ထားခဲ့ပြီး သာရှန်းပြည်သို့ တိုက်ရိုက် ပြောင်းရွှေ့လာခဲ့၏ ။

ယခုလည်း ကျိယွမ် ကျင့်ကြံရာမှ နိုးလာပြီဟု ကြားသည်နှင့် သူသည် ချက်ချင်း အပြေးအလွှား ရောက်လာခြင်း ဖြစ်သည် ။

ကျန်းရူဟွာ လာနေသည်ဟု ကြားသောအခါ ကျိယွမ်လည်း စိတ်မသက်မသာ ဖြစ်သွား၏။

“ငါတို့ တကယ်ပဲ ပြေးသင့်တယ်၊ မဟုတ်ရင် အခြေအနေက အတော်လေး အနေရခက်လိမ့်မယ်”

ကျိယွမ်သည် လူမှုရေးကိစ္စများတွင် မကျွမ်းကျင်ပေ၊ အထူးသဖြင့် ကျန်းရူဟွာနှင့် ပြန်တွေ့ရမည့်အရေးကို တွေးမိရုံနှင့် သူ စိုးရိမ်လာ၏ ။

ထိုအရာက အလွန် အနေရခက်စရာ ကောင်းပေလိမ့်မည် ။

“သွားကြစို့ ”

ကျိယွမ်သည် ကျန်းလင်းစုကို ဆွဲခေါ်ကာ အလင်းတန်းတစ်ခုအဖြစ် ပျောက်ကွယ်သွားသည် ။

ကျိစယ်တောင်ထိပ်၏ အပြင်ဘက်တွင် အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ကျန်းရူဟွာသည် ကောင်းကင်ယံရှိ အလင်းတန်းကို မြင်လိုက်ရပြီး မဆဲဘဲ မနေနိုင်တော့ပေ ။

“မင်း ဒီကောင်စုတ်လေး၊ ဘာလို့ ပြေးနေတာလဲကွ”

သူသည် ထိုအလင်းတန်းကို သူ၏ ဓားဖြင့် အပိုင်းပိုင်း ခုတ်ပိုင်းပစ်ချင်နေသည် ။

သို့သော် သူ၏ သမီးသည် ထိုနေရာတွင် ရှိနေ၏ ။

“လူယုတ်မာလေး ... သူက ငါ့ကို ရှင်းဟွာအဖွဲ့ထဲမှာ စကားပြောခွင့် ပိတ်ရဲသေးတယ် ။ လူကြီးသူမကို လုံးဝ မလေးစားဘူး ”

ကျန်းရူဟွာ ဒေါသထွက်နေသည် ။

မူလက သူသည် ရှင်းဟွာအဖွဲ့ ဖိုရမ်တွင် မူလနတ်ဘုရားနှင့် ပတ်သက်သော ကောလာဟလများကို ဖြန့်ရန် စီစဉ်ခဲ့သည် ။

သို့သော် သူက မူလနတ်ဘုရားကို တစ်ကြိမ်လေး ဆဲလိုက်သည်နှင့် စကားပြောခွင့် ပိတ်ပင်ခံလိုက်ရသည် ။

“ခွီး....အစီအစဉ်က ညံ့သွားတယ် ။ ငါက အဲဒီကောင်လေးကို နဂါးသတ်နည်း သင်ပေးခဲ့တာ၊ အခုမှ ငါကိုယ်တိုင်က နဂါးဖြစ်နေတာကို သိလိုက်ရတယ်”

သူက ဝေးကွာသွားသော အလင်းတန်းကို မကျေမနပ်ကြည့်ကာ တောက်တစ်ခေါက်ခေါက်ဖြင့် ကျန်ခဲ့၏။

"သမီးမိုက်...ဟိုကောင့်နောက်ပါသွားတာ တန်းနေတာပဲ"

.............

ဟယ်လန်တိုက်ကြီးသည် အရှေ့ပိုင်းဒေသ၏ မြောက်ဘက်တွင် တည်ရှိပြီး အရှေ့ပိုင်းဒေသ၏ တိုက်ကြီး ၁၃ တိုက်အနက် ပျမ်းမျှအဆင့်အောက်တွင်သာ ရှိသည် ။

ယခုအချိန်တွင် စံအိမ်ခွဲတစ်ခုပေါ်၌ သွေးနီရောင်ဝတ်ရုံ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် လက်ရန်းကို မှီထားကာ အောက်မှ ဖြတ်သွားသော ကျင့်ကြံသူများကို ရံဖန်ရံခါ သေသေချာချာ စိုက်ကြည့်နေ၏။

သူ၏ မျက်လုံးများတွင်လည်း လေးနက်စွာတွေးဆမှုများ ပြည့်နှက်နေသည် ။

သူ၏ ဘေးတွင် ကျန်းလင်းစုသည် သူမ၏ ဆက်သွယ်ရေး ကျောက်စိမ်းပြားကို တောက်တောက်တောက် ရိုက်နှက်နေပြီး တစ်စုံတစ်ဦးကို သူမ၏ မကျေနပ်ချက်များကို ရင်ဖွင့်နေပုံရသည် ။

အတန်ကြာသော် ကျိယွမ်က အကြောဆန့်လိုက်ပြီး ပြော၏ ။

“ငါ အတော်လေး ကြိုးစားနေရတယ်”

ဟယ်လန်သို့ ရောက်ရှိလာပြီးနောက် ကျိယွမ်သည် နေ့တိုင်း သူ၏ မျက်လုံးများကို အသုံးပြုကာ ကမ္ဘာပေါ်ရှိ ကျင့်ကြံသူများကို “ချောင်းကြည့်” နေခဲ့၏ ။

အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အဆင့်နှင့် အထက်ရှိသော မည်သူမဆို၏ ခန္ဓာကိုယ်အတွင်း၌ အမှတ်အသားတစ်ခု ရှိနေသည် ။

နေ့စဉ် သူ၏မျက်လုံးများက တစ်စုံတစ်ဦး၏ အမှတ်အသားကို စကန်ဖတ်မိတိုင်း အချက်အလက်အချို့နှင့်အတူ အကြောင်းကြားချက်တစ်ခုကို သူ ရရှိ၏ ။

ထို့ကြောင့် သူ၏ နေ့စဉ် ချောင်းကြည့်နေရင်းမှ ဤအမှတ်အသားများကို ဖယ်ရှားရန် သို့မဟုတ် ချိပ်ပိတ်ရန် နည်းလမ်းရှာဖွေနေခြင်း ဖြစ်သည် ။

“ကံကောင်းတာက ငါက အဝေးကနေ ခိုးကြည့်နေလို့ပေါ့ ။ မဟုတ်လို့ကတော့ ဒါဟာ မြေအောက်ရထားပေါ်မှာသာဆိုရင် ငါ အဖမ်းခံရပြီး အင်တာနက်ပေါ် တက်သွားလောက်ပြီ ”

ကျိယွမ်သည် မြေအောက်ရထားမရှိသော ကမ္ဘာတွင် နေထိုင်ရသည်ကို စိတ်သက်သာရာရသွားသည် ။

မဟုတ်ပါက သူ၏ ပြင်းထန်သော အကြည့်နှင့်ဆိုလျှင် သူသည် အဖမ်းခံရမည်မှာ သေချာပြီး ကာမရူး ချောင်းကြည့်သမားအဖြစ် အမည်တပ်ခံရလိမ့်မည် ။

အမှန်တရားမှာ ကျိယွမ်သည် ကာမရူး မဟုတ်ပါ ၊ သူက အမှတ်အသားများကိုသာ ချောင်းကြည့်ခြင်းသာ ဖြစ်သည် ။

ဤရက်များအတွင်း သူသည် အမှတ်အသားများစွာကို မြင်တွေ့ခဲ့ရသော်လည်း ရလဒ်များမှာ ထူးထူးခြားခြား မထွက်ပေါ်သေးပေ ။

သို့သော်လည်း သူ့တွင် အကြံဉာဏ်အချို့နှင့် အရန်အစီအစဉ်များ ရှိနေလေပြီ ။

“ဆရာတူအစ်ကိုကြီး.. ဘယ်လိုနေလဲ ”

ကျန်းလင်းစုက သူမ၏အစ်ကိုကြီး တွေးဆနေခြင်း မရှိတော့သည်ကို သတိပြုမိကာ မေးလိုက်သည် ။

အမှန်စင်စစ် သူမသည် ပျင်းလွန်း၍ ညည်းညူ​ချင်စိတ်များ ပြည့်နှက်နေပြီး ကျိယွမ် အလုပ်ပြီးအောင် ကြိတ်မှိတ် စောင့်နေရခြင်းပင် ။

သူမ၏အစ်ကိုကြီးက ဘာလုပ်နေသည်ကို အတိအကျ မသိသော်လည်း သူမသည် နားထောင်ပေးသူအဖြစ် ရှိနေပေးချင်၏ ။

“အမှတ်အသားတွေကို ချိပ်ပိတ်ဖို့အတွက် ငါ့မှာ ဖြစ်နိုင်ခြေရှိတဲ့ အစီအစဉ်နှစ်ခု ရှိတယ်"

" ပထမအစီအစဉ်က ငါ့ရဲ့မူလနတ်ဘုရားစွမ်းအားဖြစ်တဲ့ မဟာမေ့လျော့ခြင်းစိတ်ကျမ်းကို သုံးပြီး အမှတ်အသားတွေပေါ်မှာ နေ့တိုင်း ရွတ်ဖတ်ပေးဖို့ ၊ အမှတ်အသားတွေက သူတို့ဟာ အဆိပ်တွေဆိုတာကို သူတို့ဘာသာ မေ့သွားအောင်လို့ပေါ့ "

" ဒုတိယအစီအစဉ်ကတော့ နည်းနည်း ရက်စက်တယ် ။ အမှတ်အသားရှိတဲ့လူတိုင်းကို ငါသတ်လိုက်မယ် ။ သူတို့သေသွားရင် အမှတ်အသားတွေလည်း ပျောက်သွားမှာပဲ... မကောင်းဘူးလား"

" အဲဒီနောက် ငါက ငရဲဘုံတစ်ခု တည်ဆောက်ပြီး သူတို့ကို ငါ့ရဲ့ ငရဲဘုံထဲမှာ ပြန်အသက်သွင်းပေးမယ်၊ ဒါဆို အားလုံး အဆင်ပြေသွားလိမ့်မယ် ”

ကျန်းလင်းစုသည် ခဏမျှ ကြောင်အသွားပြီး ကျိယွမ်ကို မမြင်ဖူးသူလို ကြည့်လိုက်သည် ။

“အစ်ကိုကြီး...ဒီအစီအစဉ်နှစ်ခုလုံးကို ရှင့်ဦးနှောက်ကနေပဲ ထွက်လာတာလား ။ဒါပေမဲ့ ရှင့်ဦးနှောက်ကနေ ထွက်လာနိုင်တဲ့ အရာတွေနဲ့ မတူဘူး ”

ကျိယွမ်က သူ၏ညီမလေးအား စူးခနဲကြည့်၏။

“ဟမ်း... မူလနတ်ဘုရားက ဘယ်တော့မှ ခိုးမချဘူး”

သူက ထိုသို့ပြန်ပြောလိုက်သော်လည်း ထပ်ဖြည့်ပြောသည် ။

“အစီအစဉ် နှစ်ခုလုံးက အန္တရာယ်များတယ် ။ အမှားအယွင်း အနည်းငယ်က ဘေးဒုက္ခဖြစ်သွားနိုင်တယ်”

“အစ်ကိုကြီး ...အမှတ်အသားတွေကို ထပ်ကြည့်ဦးမှာလား”

ကျန်းလင်းစုက ရှေ့ဆက်သွားချင်စိတ်ဖြင့် မေးသည် ။

“မလိုတော့ဘူး ။ ဟယ်လန်တိုက်ကြီးပေါ်က ကျင့်ကြံသူအားလုံးကို ငါမြင်ပြီးပြီ ။ အနားယူဖို့ အချိန်တန်ပြီ ”

ကျိယွမ်သည် လေ့လာစောင့်ကြည့်မှုများလုပ်ရာတွင် အလွန် စေ့စပ်သေချာသည် ။

သူသည် မြို့ထဲတွင် လှည့်လည်သွားလာနေသော ကျင့်ကြံသူများကိုသာမက ဟယ်လန်တိုက်ကြီး တစ်ခုလုံးရှိ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်နှင့် အထက်ရှိသော ကျင့်ကြံသူတိုင်းကို ကြည့်ရှုခဲ့ခြင်း ဖြစ်သည် ။

“အစ်ကိုကြီးကတော့ ကြွားလိုက်တာ ။ ရှင့်အခြေအနေက ချုံးယွမ်ထင် ထက်တောင် ပိုဆိုးသေးတယ် ”

ကျန်းလင်းစုက သူ့ကို စွေကြည့်လိုက်သည် ။

ကျိယွမ်သည် ခရမ်းရောင်နန်းတော်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ဟယ်လန်တိုက်ကြီးရှိ ကျင့်ကြံသူအားလုံးကို တစ်ချက်ကြည့်ရုံဖြင့် မြင်နိုင်ရန်မှာ မဖြစ်နိုင်ပေ ။

“မင်းသူငယ်ချင်းက ဘာတွေကြွားနေလို့လဲ”

ကျိယွမ်က ရယ်မောကာ မေးသည် ။

လွန်ခဲ့သည့် ရက်အနည်းငယ်က သူတို့ရှာဖွေနေသော ပန်းချီဆရာသည် မြို့ပြင်သို့ ရောက်ရှိနေသောကြောင့် ကျိယွမ်နှင့် ကျန်းလင်းစုတို့သည် ဟယ်လန်တိုက်ကြီးရှိ သူမ၏ ကျန်းမိသားစုပိုင် အိမ်ခြံမြေတစ်ခုတွင် တည်းခိုနေခဲ့ကြသည် ။

ကျန်းလင်းစု၏ ငယ်သူငယ်ချင်းတစ်ဦးသည် သူမ မြို့ထဲသို့ ရောက်နေကြောင်း ကြားသိရပြီး လာရောက်လည်ပတ်ရန် အမြဲတမ်း ဖိတ်ခေါ်နေခဲ့၏ ။

အပြင်ပန်းတွင် သူငယ်ချင်းချင်း လည်ပတ်ခြင်းဟု ထင်ရသော်လည်း အမှန်တကယ်တွင်မူ ထိုသူငယ်ချင်း ချုံးယွမ်ထင်သည် သူမ၏ သန်မာသော စေ့စပ်ထားသူအကြောင်းကို အမြဲတမ်း ကြွားလုံးထုတ်နေ၏ ။

ပထမဦးစွာ ချုံးယွမ်ထင်သည် ကျိယွမ်ကို မြင်သောအခါ သူသည် ကျန်းလင်းစု၏ ချစ်သူဟု ထင်မှတ်ကာ ပြုံးရွှင်စွာ နှုတ်ဆက်ခဲ့သည် ။

သို့သော် ကျိယွမ်သည် ခရမ်းရောင်နန်းတော်အဆင့်ပင် မပေါ်ထွက်သော ဒေသငယ်လေးတစ်ခုမှ လာသည်ကို သိလိုက်ရသောအခါ သူမ၏ လိုလားသောအမူအရာမှာ အထင်အမြင်သေးမှုအဖြစ် ပြောင်းလဲသွား၏ ။

ယခုအခါ သူမသည် ခဏခဏ လာရောက်လည်ပတ်တတ်ပြီး အဓိကအားဖြင့် သူမ၏ စေ့စပ်ထားသူ၏ အောင်မြင်မှုများကို ကြွားဝါရန် ဖြစ်သည် ။

“သူငယ်ချင်းအတုကြီးပဲ”

ကျန်းလင်းစုက ညည်းညူးလိုက်​သည် ။

“သူ့ရဲ့စေ့စပ်ထားသူက မကြာခင်ကမှ ကျင့်ကြံခြင်းကနေ ထွက်လာပြီး စိတ်ဝိညာဥ်အဆင့်ကို ရောက်သွားတယ်တဲ့ ”

“နင်တို့က သူငယ်ချင်းတွေ မဟုတ်ဘူးလား ”

ကျိယွမ်က ဇဝေဇဝါ ဖြစ်နေသည် ။

“အရင်က နင်တို့နှစ်ယောက် ရယ်ရယ်မောမောနဲ့ အဆင်ပြေနေကြသလိုပဲလေ ”

သူသည် ကျန်းလင်းစုနှင့် ချုံးယွမ်ထင်တို့ တွေ့ဆုံနေသည်ကို မြင်ခဲ့သည်ကို သတိရမိ၏ ။

ချုံးယွမ်ထင်သည် ကျန်းလင်းစု၏ အစားစားသော်လည်း ကိုယ်အလေးချိန် မတက်သည့် အစွမ်းကို ချီးကျူးခဲ့ပြီး သူမ၏ ကိုယ်လုံးကိုယ်ပေါက်ကို မနာလိုဖြစ်ကြောင်း ပြောခဲ့သည် ။

သူမကိုယ်တိုင်မှာမူ အစားလျှော့စားပြီး ပေါင် ၁၀၀ အောက်ရောက်အောင် တင်းကြပ်စွာ ထိန်းသိမ်းထားသော်လည်း ထိုကဲ့သို့ ကိုယ်လုံးကိုယ်ပေါက်မျိုး မရရှိနိုင်ကြောင်း ​ ညည်းနေ၏ ။

ကျန်းလင်းစုကလည်း ချုံးယွမ်ထင်သည် ချစ်စရာကောင်းပြီး အသားအရေ အလွန်ဖြူဝင်းကြောင်း ပြန်လည်ချီးကျူးခဲ့သည် ။

နှစ်ဦးသားသည် တစ်ဦးကိုတစ်ဦး မြှောက်ပင့်စကားများ ပြောဆိုကာ ပျော်ရွှင်နေပုံရသည် မဟုတ်ပါလား ။

အခုတော့ သူ၏ညီမလေးက ထိုသို့ဟုတ်ဟန် မတူပေ။

“အဆင်ပြေတယ် ဟုတ်လား ၊ သူမက လက်ဖက်စိမ်းမတစ်ယောက်ပဲ ”

ကျန်းလင်းစုက ဒေါသတကြီး ပြန်ပြောလိုက်သည် ။

သူမသည် “လက်ဖက်စိမ်းမ” ဟူသော စကားလုံးကို ကျိယွမ်ထံမှ သင်ယူထားခြင်း ဖြစ်၏ ။

“အဲလိုလား ”

သို့သော် ကျိယွမ်သည် ထိုအကြောင်းကို အလေးအနက် မတွေးတော့ပေ ။

အရာရာကို အလေးအနက် တွေးတောနေခြင်းသည် အားအင်ကုန်ခမ်းစေ၏ ။

ထိုအရာက ပင်ပန်းသည် ။

ထိုစဉ်တွင် နူးညံ့ပြီး မူနွဲ့သောအသံတစ်ခု ထွက်ပေါ်လာကာ နန်းတွင်းဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ပေါ်လာသည် ။

“လင်းစု၊ နင် ဒီမှာရှိနေမယ်ဆိုတာ ငါသိသားပဲ "

"အိုး... ဒီ ဝိုင်နီရောင် ဝတ်စုံက ဒီနေ့ နင်နဲ့ တကယ် လိုက်ဖက်တာပဲ" ။

" ဒါပေမဲ့ နင်က အဲဒါနဲ့ဆိုရင် နည်းနည်း ငယ်သေးသလိုပဲ ။ နင် နောက်ထပ် နည်းနည်းလောက် ကြီးလာပြီး ရင့်ကျက်လာရင် တကယ့်ကို ရင်သပ်ရှုမောဖွယ် ကောင်းမှာ ”

ကျန်းလင်းစု၏ မျက်နှာတွင် ခင်မင်ဖွယ် အပြုံးတစ်ခု ရှိနေသော်လည်း အတွင်းစိတ်တွင်မူ အံကြိတ်ကာ ကျိယွမ်ထံ စိတ်ချင်းဆက်သွယ်၍ စာပို့လိုက်သည် ။

“သူက ကျွန်မကြီးလာရင် လှလာမယ်လို့ ပြောနေတာ၊ အဲဒါက အခု ကျွန်မက မလှဘူးလို့ ပြောနေတာပဲ ၊ ပြီးတော့ ကျွန်မက ရင့်ကျက်ချင်ယောင် ဆောင်နေတယ်လို့ ပြောနေတာ ”

ကျန်းလင်းစုသည် သူမ၏ အတွေးများကို ပို့နေစဉ်တွင်ပင် ချိုသာစွာ ပြန်ပြောလိုက်သည် ။

“ငါက အစ်မနဲ့ ဘယ်နှိုင်းယှဉ်လို့ ရမှာလဲ သည် ။ အစ်မက ဒီအသက်အရွယ်အထိ တကယ် ချစ်စရာကောင်းနေတုန်းပဲ "

" ဒီဝတ်စုံက တကယ်တော့ ဘာမှ မဟုတ်ပါဘူး ။ အမှန်အတိုင်း ပြောရရင် အစ်မကတော့ ဒီတစ်သက် ဒီဝတ်စုံကို ဝတ်နိုင်မှာ မဟုတ်ဘူး"

"တကယ်လို့ ဝတ်ကြည့်မယ်ဆိုရင်လည်း ကျောလား ရင်လား မသိနိုင်တဲ ကုတ်အင်္ကျီအကြီးကြီး ဝတ်ထားတဲ့ ကောင်မလေးလေး တစ်ယောက်လို ဖြစ်နေမှာပဲ " ။

" ဒါပေမဲ့ ငါ အစ်မကို တကယ် အားကျတယ် သည် ။ ဝတ်စုံဝယ်ရင် ဆိုဒ်တွေအတွက် စိုးရိမ်စရာ မလိုဘူးလေ"

" အစ်မ သတ်ခဲ့တဲ့ ကျင့်ကြံသူ အမျိုးသားတွေရဲ့ ဝတ်ရုံတွေကိုပဲ ယူဝတ်လိုက်လို့ ရတယ်လေ”

ချုံးယွမ်ထင်၏ အပြုံးသည် ခဏမျှ တောင့်ခဲသွားသော်လည်း သူမသည် တည်ငြိမ်မှုကို လျင်မြန်စွာ ပြန်လည်ရရှိကာ ပိုမိုကျယ်ပြန့်စွာ ပြုံးလိုက်သည် ။

“ငါက နင့်လို မြင့်မြတ်တဲ့ မိသားစုက မွေးဖွားလာတာ မဟုတ်ပေမဲ့ ကံကောင်းလို့ တကယ့်ကို တော်တဲ့ ခင်ပွန်းတစ်ယောက် ရခဲ့တယ် "

" ကျင့်ကြံသူတွေရဲ့ ဝတ်ရုံတွေ ဆိုတာကတော့ ငါ့အတွက် အဆင့်မတန်း မရှိတော့ပါဘူး "

"အင်း.. အဲဒါက တကယ်တော့ ဝန်ထုပ်ဝန်ပိုးတစ်ခုပဲ ။ အရင်တုန်းက ရုန်းကန်ခဲ့ရတဲ့ နေ့ရက်တွေကို သတိရမိတယ် ၊ ကျင့်ကြံသူတစ်ယောက်ကို သတ်ပြီး သူ့ရဲ့ အိတ်ထဲကနေ ဝိညာဉ်ကျောက်တုံး ဆယ်ဂဏန်းလောက် တွေ့တာနဲ့တင် ငါ အရမ်း ပျော်ခဲ့ရတာလေ"

"ဒါပေမဲ့ အခုတော့ အဲဒီလို မဟုတ်တော့ဘူး"

" ဒါကြောင့် ငါ နင့်ကို မနာလိုဖြစ်မိတယ် ။ နင်ကတော့ ကျင့်ကြံသူတစ်ယောက်ကို သတ်ပြီး သူ့အိတ်ကို ဖွင့်ကြည့်ရင်း ရက်ပေါင်းများစွာ ပျော်နေနိုင်သေးတယ် "

" တစ်ခါတလေကျတော့ ပိုက်ဆံရှိတာကလည်း အဲလောက် မကောင်းလှပါဘူး သည် ။ အဲဒါက ဘဝရဲ့ သေးငယ်တဲ့ ပျော်ရွှင်မှုလေးတွေကို လုယူသွားသလိုပဲ ”

ချုံးယွမ်ထင်သည် ဤသို့ပြောရင်း သာမန်ထက် သာလွန်သော အမူအရာကို ပြသနေသည် ။

ကျန်းလင်းစုသည် စိတ်ထဲမှ မျက်လုံးလှန်နေ၏ ။

(တရုတ်ရှန်းရှဝတ္ထုများတွင် မျက်လုံးလှန်သည် ၊ မျက်လုံးလှည့်သည် ၊ မျက်လုံးလှိမ့်သည်ဟူသော အသုံးအနှုံးကို မကြာခဏတွေ့ရတတ်ပြီး မည်သည့်အဓိပ္ပါယ်ရှိသည်ကို စာဖတ်သူများ ခေါင်းရှုပ်တတ်ကြ၏။ ဤနေရာတွင် " အမြင်ကပ်၍ မျက်စောင်းထိုးသည် " ဟု အဓိပ္ပါယ် ယူကြပါကုန် ။ ဘာသာပြန်သူ)

ချုံးယွမ်ထင်သည် သူမနှင့် ကျိယွမ်ကို ဆင်းရဲသားများဟု သွယ်ဝိုက်၍ ခေါ်ဆိုနေခြင်းဖြစ်ကြောင်း သူမချက်ချင်း သေချာပေါက်လေသည် ။

သို့သော် အပြင်ပန်းတွင်မူ သူမသည် ခင်မင်ဖွယ် အပြုံးကို ဆက်လက်ထိန်းသိမ်းထားပြီး ပြန်လည်ချေပရန် စကားလုံးများကို ဂရုတစိုက် ရွေးချယ်နေသည် ။

ထိုစဉ် ကျိယွမ်က ရုတ်တရက် ကြားဖြတ်ပြောလိုက်သည် ။

“ငါ ကျင့်ကြံသူတွေကို သတ်ရတာ အရမ်း ဝါသနာပါတယ် ။ သူတို့က ငါ့ရဲ့ ရန်သူတွေ၊ ငါ့ရဲ့ အဖိုးတန် ရတနာတွေပဲ "

" ရှေးလူကြီးတွေ ပြောဖူးတယ်၊ ‘အချိန်ဆိုတာ နေ့ရောညပါ မရပ်မနား စီးဆင်းနေတယ်’ တဲ့ "

" ငါ့ရဲ့ ရန်သူတွေကလည်း အဲဒီလိုပဲ ဖြစ်ပါစေလို့ ငါ မျှော်လင့်ပါတယ် ၊ နေ့ရောညပါ သေဆုံးနေပြီး သူတို့ရဲ့ စုဆောင်းထားတဲ့ စည်းစိမ်တွေကို ငါ့လက်ထဲကို လောင်းထည့်ပေးနေပါစေ "

"ငါက အရမ်း ဆင်းရဲလွန်းလို့ မြေကွက်တစ်ကွက်တောင် မဝယ်နိုင်ဘူး”

ကျိယွမ်၏ စကားကြောင့် ချုံးယွမ်ထင် အံ့အားသင့်သွားသည် ။

သူမသည် စကားလုံး အတော်များများကို နားမလည်ပေ ။

သို့သော် အချို့သော အစိတ်အပိုင်းကိုတော့ သူမ နားလည်လိုက်၏ ။ ထို့ကြောင့် သူမသည် ကျိယွမ်ကို ပို၍ပင် အထင်သေးသွားသည် ။

နေရာသေးသေးလေးက လာတဲ့လူတွေကတော့ တကယ်ကို အမြင်ကျဉ်းတာပဲ...။

အခုထိ ပိုက်ဆံမရှိတဲ့အကြောင်း ပြောနေတုန်းပေါ့။

“မောင်လေးကျိ...ဝိညာဉ်ကျောက်တုံး ဘယ်လောက် လိုချင်လို့လဲ ။ ငါ့ခင်ပွန်းရဲ့ မိသားစုက ယွမ်ထျန်းမြို့မှာ တကယ့်ကို ချမ်းသာတယ် ။ ငါတို့က ဝိညာဉ်ကျောက်တုံး သောင်းဂဏန်း ဒါမှမဟုတ် သိန်းဂဏန်းလောက်ကို အလွယ်တကူ ချေးပေးနိုင်ပါတယ်" ။

"လင်းစုနဲ့ငါ့ရဲ့ သူငယ်ချင်းသံယောဇဉ်အတွက်နဲ့တင် ငါ နင့်ကို ဝိညာဉ်ကျောက်တုံးတွေ ချေးပေးဖို့ အရမ်း လိုလားပါတယ်”

“တကယ်လား ”

ကျိယွမ်သည် တကယ်ကို စိတ်လှုပ်ရှားသွားပုံရ၏ ။

သူက ပိုက်ဆံ တကယ် လိုအပ်နေ၏။

ငရဲဘုံအတွက် မြေဝယ်ရန်နှင့် ကုံရှင်းကိုဝယ်ရန် သူ ရန်ပုံငွေလိုအပ်သည် ။

“ဒါနဲ့၊ ငါ့ခင်ပွန်းက ဒီည စိတ်ဝိညာဥ်ဂုဏ်ပြုစားပွဲတစ်ခု ကျင်းပဖို့ ရှိတယ် ။ တကယ်လို့ နင်တို့နှစ်ယောက်လုံး သင့်တင့်လျောက်ပတ်တဲ့ လက်ဆောင်တွေ ယူလာပြီး မြှောက်ပင့်စကားလေးတွေ ပြောမယ်ဆိုရင် ငါက သူ့နားထဲမှာ စကားလေး နည်းနည်း ပြောပေးပါ့မယ် ၊ အဲဒါဆို သူ နင်တို့ကို ပိုက်ဆံအလုံအလောက် ချေးပေးမှာ သေချာတယ် "

" လင်းစုနဲ့ ငါ့ကြားက သံယောဇဉ်နဲ့ဆိုရင် ငါ နင်တို့ကို မလိမ်ဘူးဆိုတာတော့ သဘောပေါက်မှာပါ”

ကျိယွမ်က လှိုက်လှိုက်လှဲလှဲ ခေါင်းညိတ်၏။

“မင်းတို့နှစ်ယောက်ရဲ့ ညီအစ်မသံယောဇဉ်က ပင်လယ်လိုပဲ နက်ရှိုင်းလွန်းတယ်”

သူက ကျန်းလင်းစုအား မေးဆက်ပြ၏။

“ငါတို့လည်း ဒီည အားနေတာနဲ့ အတော်ပဲ ၊ စိတ်ဝိညာဥ် ဂုဏ်ပြုစားပွဲကို သွားပြီး ပိုက်ဆံ နည်းနည်းလောက် သွားချေးကြတာပေါ့ ”

ကျိယွမ်၏ စိတ်အားထက်သန်မှုကို မြင်သောအခါ ချုံးယွမ်ထင်သည် ပို၍ပင် ဘဝင်မြင့်သွားသည် ။

အခမ်းအနားကိုရောက်လျှင်တော့ သူမနှင့် သူမ၏ ခင်ပွန်းတို့သည် တစ်ယောက်က အကောင်းပြော၊ တစ်ယောက်က အဆိုးပြော လုပ်ကြပြီး သူတို့ထံသို့ ဝိညာဉ်ကျောက်တုံး အနည်းငယ်ကို မုန့်ဖိုးအဖြစ် ပစ်ပေးလိုက်မည်ဟု သူမ တွေးထား၏။

သူမက ကျန်းလင်းစုအား ကြည့်လိုက်သည်။

“ဒီ ဂုဏ်ပြုစားပွဲကို ဟယ်လန်တိုက်ကြီးရဲ့ နာမည်ကြီး ပုဂ္ဂိုလ် တော်တော်များများ တက်ရောက်ကြလိမ့်မယ် "

" နင့်ရဲ့ ကျန်းမိသားစု စီးပွားရေးက ဒီမှာ အခြေအနေ မကောင်းတာ ကြာပြီပဲ ၊ ဟယ်လန်ကနေ မောင်းထုတ်ခံရလုနီးပါး ဖြစ်နေပြီ"

"တကယ်လို့ သန်မာတဲ့ ကျင့်ကြံသူတစ်ယောက်ယောက်နဲ့ နင် ဆုံတွေ့ခွင့်ရရင် နင့်မိသားစုရဲ့ ဒုက္ခတွေကို ဖြေရှင်းနိုင်ကောင်း ဖြေရှင်းနိုင်လိမ့်မယ်"

--------------

အခန်း ၃၈၅ - မင်းတို့က နည်းနည်းဆင်းရဲတာဆိုတော့ ဘီလီယံဆယ်သန်းခွဲလောက်ပဲ ခဏချေးပါ

နောက်ဆုံးတွင် ကျန်းလင်းစုက ခေါင်းညိတ်လက်ခံလိုက်မှ ချုံယွမ်ထင်က ကျေနပ်စွာနှင့် ထွက်ခွာသွားသည်။

စံအိမ်ပေါ်တွင် ကျိယွမ်နှင့် ကျန်လင်းစုတို့ နှစ်ဦးတည်း ကျန်နေခဲ့၏။

ကျန်းလင်းစုက မျက်တောင်တဖျတ်ဖျတ်ခတ်ကာ မေးလိုက်သည်။

"အစ်ကိုကြီး.. သူက ကျွန်မရဲ့ သူငယ်ချင်းမဟုတ်ဘူးဆိုတာ အခုတော့ မြင်ပြီမလား"

ကျိယွမ်က သူ၏မေးစေ့ကို ပွတ်သပ်ကာ စဉ်းစားရင်း တုန့်ပြန်၏။

"သူက ငါတို့ရဲ့အကြွေးရှင်နဲ့ ပိုတူတယ်"

"ဟင်.. အစ်ကိုကြီးက တကယ်ပဲ ငွေလိုနေတာလား"

ကျန်လင်းစုက အံ့ဩတကြီး မေးလိုက်သည်။

"နည်းနည်းပါ"

ကျိယွမ်က ခေါင်းညိတ်ပြသော်လည်း အရေးမကြီးသလို ပြန်ဖြေ၏။

"ဘာလို့ စောစောကမပြောတာလဲ။ ဒါဆိုရင် လောက်မလား"

ကျန်းလင်းစုသည် သိုလှောင်အိတ်တစ်ခုကို ထုတ်ယူကာ ကျိယွမ်ထံ ကမ်းပေးလိုက်သည်။

သို့သော် တစ်စုံတစ်ခုကို သတိရသွားသည့်အလား သူမသည် ဟိူနှိုက်ဒီနှိုက်လုပ်ကာ နောက်ထပ် သိုလှောင်အိတ်လေးလုံးကို ထုတ်ယူလိုက်ပြန်သည်။

နောက်ဆုံးမှ အနည်းငယ် ဝန်လေးသည့်ပုံစံဖြင့် သူမ၏ အဝတ်အစားများအတွင်းမှ ပန်းရောင်သိုလှောင်အိတ်လေးတစ်ခုကိုပါ ထုတ်ယူလိုက်လေ၏။

"ဒီအိတ် ခြောက်အိတ်စလုံးက ကျွန်မမှာရှိသမျှ ဝိညာဉ်ကျောက်တုံးတွေပဲ။ လောက်ပါ့မလား။ အကုန်လုံးကို ချေးပေးပါ့မယ်"

ကျန်းလင်းစုက အလေးအနက် ပြောလိုက်သည်။

ကျိယွမ်မှာ သူမ၏စေတနာကြောင့် အနည်းငယ် စိတ်လှုပ်ရှားသွားမိသည်။

သူ၏ ဂျူနီယာညီမလေးဖြစ်သော သူဌေးမလေးသည် ကြင်နာတတ်သည့် နှလုံးသားရှိနေဆဲပင် မဟုတ်ပါလား။

ကျိယွမ် အားနည်းစဉ်အချိန်ကလည်း သူမသည် ဝိညာဉ်ကျောက်တုံးများနှင့် နည်းစနစ်များကို ပေးကမ်းခဲ့သူ ဖြစ်သည်။

"အင်း...ဒါက လောက်မှာမဟုတ်ဘူး။ နင့်ရဲ့ပိုက်ဆံကို နင့်ဘာသာပဲ သိမ်းထားပါ ညီမလေး"

ကျိယွမ်က ပြောရင်း ကျန်းလင်းစု၏ ခေါင်းလေးကို ညင်သာစွာ ပွတ်ပေးလိုက်သည်။

"မလောက်ဘူးလား.. အဲ့လောက်အများကြီး လိုရအောင် ဘာဝယ်မှာမို့လဲ"

ကျန်းလင်းစုက သူမ၏အိတ်များကို ပြန်သိမ်းရင်း စိတ်ပျက်သွားသည့် အရိပ်အယောင်လေး မျက်ဝန်းထဲ ဖြတ်ပြေးသွားသည်။

သူမ၏ စီနီယာအစ်ကိုသည် ယခင်ကကဲ့သို့ မဟုတ်တော့ကြောင်း သူမ မေ့သွားခဲ့၏။

သူမ နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့သည့် ကိုယ်ပိုင်စုဘူးလေးသည် ယခုအခါ သူ့အတွက် အဓိပ္ပာယ် များများစားစား ရှိတော့မည်မဟုတ်ပေ။

သူမက ပန်းရောင်သိုလှောင်အိတ်လေးကို ပြန်သိမ်းမည်အပြုတွင် ကျိယွမ်က သူမ၏ လက်ပေါ်သို့ ညင်သာစွာ တင်ကာ တားဆီးလိုက်သည်။

"ညီမလေး...ငါက အကြွေးတင်တာကို မကြိုက်ဘူး။ အကြွေးတင်တဲ့ ခံစားချက်က တော်တော်ဆိုးတယ်။ အကြွေးရှင်ကို မြင်တိုင်း ထွက်ပြေးချင်စိတ် ပေါက်လာစေတာ"

" ဒီလိုလုပ်ရင်ကော ဘယ်လိုလဲ... အဲ့ဒီဝိညာဉ်ကျောက်တုံးတွေကို ငါ့ကိုချေးမယ့်အစား ငါ့ဆီမှာ ရင်းနှီးမြှုပ်နှံလိုက်ပါလား။ ငါဆော့နေတဲ့ ဂိမ်းထဲမှာ အိမ်ခြံမြေလုပ်ငန်းက အလားအလာအကောင်းဆုံး ကဏ္ဍတစ်ခုပဲ"

"နင် ဒီဝိညာဉ်ကျောက်တုံးတွေကို ရင်းနှီးမြှုပ်နှံပြီး ငါ့အတွက် မြေကွက်တစ်ကွက် ဝယ်ပေးပါ။ ငါ့ရဲ့ မြေအောက်ကမ္ဘာကို တည်ဆောက်တဲ့အခါ နင့်အတွက် ကိုယ်ပိုင်အိမ်ဆောက်ဖို့ မြေကွက်တစ်ကွက် ချန်ပေးပါ့မယ်။ ဘယ်လိုလဲ"

ကျိယွမ်၏ ရှင်းပြချက်မှာ ထူးဆန်း၏ ။ ထို့အတူ မရှင်းလင်းပါ ။ သေချာပေါက် ယုတ္တိလည်းမရှိပေ။

သို့သော် ကျန်လင်းစုကမူ အလေးအနက် စဉ်းစားနေသည့်ပုံ ပေါ်သည်။

ထိုအချိန်တွင် ကျန်းမိသားစု၏ ပိုင်ဆိုင်မှုများကို စီမံခန့်ခွဲသူ ကျန်းချန် ရောက်ရှိလာပြီး ထိုစကားဝိုင်းကို ကြားသွား၏။

သူမ၏ မျက်နှာတွင် အကူအညီမဲ့သည့် အမူအရာ ပေါ်လာသည်။

"သခင်မလေး၊ ယွန်းထျန်းမြို့မှာ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံတာနဲ့ မြေကွက်တွေဝယ်တာက ပညာရှိတဲ့ ဆုံးဖြတ်ချက် မဟုတ်ပါဘူး"

ကျန်းချန်က မနေနိုင်ဘဲ သတိပေးလိုက်မိသည်။

ကျိယွမ်အပေါ် ထားရှိသည့် သူမ၏အမြင်မှာလည်း နောက်ထပ် အဆင့်တစ်ခု ထပ်ကျသွားလေ၏။

သို့သော်လည်း သူသည် သခင်မလေး၏ စီနီယာအစ်ကိုကြီး ဖြစ်နေသောကြောင့် သူမအနေဖြင့် စကားများများစားစား မပြောနိုင်ပေ။

ကျိယွမ်၏ ကျင့်ကြံခြင်းအဆင့်ကို သူမ မခွဲခြားနိုင်သော်လည်း သူ၏ အလွန်ချောမောသောရုပ်ရည်သွင်ပြင်ကတင် ကျန်းမိသားစု၏ သမက်အဖြစ် နေထိုင်ရန် လုံလောက်နေလေပြီ။

ကျန်းလင်းစုက ကျန်းချန်ကို လှည့်ကြည့်၏။

"ငါက ယွန်းထျန်းမြို့မှာ ရင်းနှီးမြှုပ်နှံမှာ မဟုတ်ဘူး။ ငါ့ရဲ့ ဆရာတူအစ်ကိုကြီးဆီမှာ ရင်းနှီးမြှုပ်နှံမှာ၊ ငါ သူ့ကို ယုံကြည်တယ်"

ထိုသို့ပြောပြီးနောက် သူမသည် ပန်းရောင်သိုလှောင်အိတ်လေးကို ကျိယွမ်၏လက်ထဲသို့ ထိုးထည့်ပေးလိုက်သည်။

"ကျွန်မအတွက် နေရာကောင်းကောင်းလေး တစ်ခုတော့ ချန်ထားပေးဦးနော်"

"စိတ်မပူပါနဲ့"

ကျိယွမ်က သူ၏ရင်ဘတ်ကို ပုတ်ကာ အာမခံလိုက်သည်။

၎င်းကို မြင်သောအခါ ကျန်းချန်သည် သက်ပြင်းချလိုက်သော်လည်း ထပ်မပြောတော့ပါ။

"သခင်မလေး..ထူးဆန်းတဲ့ ပန်းချီဆရာက မနက်ဖြန် ပြန်လာမယ်လို့ သတင်းရထားပါတယ်"

သူမက တိုးတိုးလေး ပြောလိုက်သည်။

"ကောင်းပြီ။ မနက်ဖြန်ကျရင် အစ်ကိုကြီးနဲ့ ငါ သွားတွေ့ကြမယ်"

ကျန်းလင်းစုသည် သူမ၏ အစ်ကိုကြီးကို ကူညီနိုင်သေးသည့်အတွက် ဝမ်းသာနေရသည်။

ထို့နောက် သူမ တစ်စုံတစ်ခုကို စဉ်းစားမိသွားပြီး ကျန်းချန်အား မေးလိုက်၏။

"ငါတို့ မိသားစုရဲ့ ဒီက စီးပွားရေးလုပ်ငန်းတွေမှာ ပြဿနာတချို့ ရှိနေတယ်လို့ ကြားတယ်"

ကျန်းချန်၏ မျက်နှာပေါ်တွင် စိုးရိမ်စိတ် အနည်းငယ် ဖြတ်ပြေးသွားသော်လည်း တည်ငြိမ်စွာပြန်ဖြေသည်။

"သခင်မလေး၊ အဲ့ဒါတွေကို ကျွန်မ ဖြေရှင်းလိုက်ပါ့မယ်။ သခင်မလေးက ကျင့်ကြံခြင်းအပိုင်းကိုပဲ အာရုံစိုက်ပါ။ သခင်မလေးရဲ့ အစွမ်းတွေ တိုးတက်လာရင် ဒီပြဿနာတွေက ပြဿနာ မဟုတ်တော့ပါဘူး"

ကျန်းမိသားစု၏ ဆင့်ကဲမျိုးနွယ်မှ လာသူဖြစ်သည့် ကျန်းချန်းသည် ကျန်းလင်းစုကို မနာလိုစိတ် အနည်းငယ်တော့ ရှိနေသည်။

သခင်မလေးလင်းစုသည် မိသားစု၏ အဓိကမျိုးနွယ်တွင် မွေးဖွားလာသူဖြစ်ပြီး မွေးကတည်း ရွှေပေါ်မြတင် ပြုစုခံရသူဖြစ်သလို ကျင့်စဉ်အရင်းအမြစ် အမြောက်အမြားကိုလည်း ရရှိထားသည်။

သူမတွင် အလှအပနှင့် ပါရမီ နှစ်မျိုးစလုံးရှိပြီး မိသားစု၏ တန်ဖိုးကြီးရတနာများကို ကြည့်ရှုခွင့်အပြင် သူမ၏ ပါရမီကို မြှင့်တင်ပေးမည့် အရာများကိုပင် ရရှိထားလေ၏။

အခြားတစ်ဖက်တွင်မူ ဆင့်ပွားမျိုးနွယ်စုမှ လာသူဖြစ်သည့် ကျန်းချန်တွင် ထိုကဲ့သို့ ကံကောင်းမှုမျိုး မရရှိခဲ့ပါ။

ထူးခြားသည့်ပါရမီ သို့မဟုတ် ထူးကဲသည့် အလှအပမရှိလျှင် ကျင့်စဉ်လမ်းတွင် တိုးတက်ရန်မှာ မဖြစ်နိုင်သလောက်ပင် ။

သူမကဲ့သို့ လူအများစုမှာ မိသားစု၏ စီးပွားရေးလုပ်ငန်းများကို စီမံခန့်ခွဲရင်း အဓိကမျိုးနွယ်စုအတွက် ဝိညာဉ်ကျောက်တုံးများနှင့် အရင်းအမြစ်များကို စုဆောင်းပေးကြရ၏။

ထို့ကြောင့် ကျန်းချန်းသည် သူမ၏ သခင်မလေးအပေါ် နက်နက်ရှိုင်းရှိုင်း မနာလိုဖြစ်မိခြင်းမှာ သဘာဝကျပါသည်။

သူမတွင်လည်း လင်းစုရရှိထားသည့် ဆုလာဘ်များအနက် တစ်ခုခုသာ ရှိခဲ့လျှင် ..ဥပမာ အလှအပဖြစ်စေ၊ ပါရမီဖြစ်စေ၊ မိသားစုနောက်ခံဖြစ်စေ တစမခုခုရှိလျှင်ပင် သူမ၏ ဘဝသည် များစွာ ပြောင်းလဲသွားမည် ဖြစ်သည်။

အစီရင်ခံပြီးနောက် ကျန်းချန်းသည် မနာလိုစိတ်အပြည့်ဖြင့် စံအိမ်မှ ထွက်လာခဲ့၏။

သူမသာ အဓိကမိသားစုတွင် မွေးဖွားခဲ့ပါက သူမ နှစ်သက်သည့်သူကိုလည်း ရွေးချယ်ခွင့် ရှိကောင်းရှိမည် ဖြစ်ပသည်။

သို့သော် သူမသည် ထိုအတွေးများကို အမြန်ဖယ်ထုတ်လိုက်ပြီး မိသားစုစီးပွားရေးကိစ္စများကို ဖြေရှင်းရန် အလျင်အမြန် ထွက်ခွာလာခဲ့သည်။

ထိုစဉ် ခြေသံအချို့က သူမအနီးသို့ ချဉ်းကပ်လာ၏။

"မန်နေဂျာကျန်း... ဒီမှာ ဆုံရတာ တိုက်ဆိုင်လိုက်တာ"

ကြွက်မျက်နှာလို စုတ်ချွန်းချွန်း လူတစ်ယောက်သည် သွေးရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး လက်တစ်ဖက်တွင် ယပ်တောင်ကို ကိုင်ကာ သူမ၏ရှေ့တွင် ဟန်ပါပါပေါ်လာသည်။

သူသည် မိမိကိုယ်မိမိ အတော်ပင် ကျေနပ်နေပုံရ၏။

သူ့ကို မြင်သောအခါ ကျန်းချန်း မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။

"သခင်လေး ဖုန်း"

သူမရှေ့တွင် ရှိနေသည့် လူမှာ ယွန်းထျန်းမြို့၏ နာမည်ကျော် လူရှုပ်လူပွေ ဖုန်းရုဟန် ဖြစ်သည်။ သူ၏ ဂုဏ်သတင်းမှာ မကောင်းသော်လည်း သူ၏ မိသားစုမှာ ကျန်းမိသားစုထက် အဆများစွာ ပိုမိုအင်အားကြီး၏။

သွေးရောင်ဝတ်စုံကို ဝတ်ထားသည့် ဖုန်းရုဟန်သည် နာမည်ကျော် သွေးဝတ်စုံဓားနတ်ဘုရားကို အတုခိုးထားခြင်း ဖြစ်သည်။

သူသည် ယပ်တောင်ကို ဟန်ပါပါ ပိတ်လိုက်ပြီး စကားဆို၏။

"ကျန်းမိသားစုရဲ့ သခင်မလေးက နတ်သမီးတစ်ပါးလို လှတယ်လို့ ငါ ကြားထားတယ်။ ငါ သခင်လေးဖုန်းအနေနဲ့ သူမကို တွေ့ခွင့်ရမယ့် ကံမျိုး ရှိပါ့မလား"

"အဲ့ဒါကတော့ သူမရဲ့ ခွင့်ပြုချက်ကို အရင်တောင်းရပါလိမ့်မယ်"

ကျန်းချန်းက အဆင်ပြောအောင် ပြန်ဖြေသည်။

"မန်နေဂျာကျန်း...မင်းက ကျန်းမိသားစုရဲ့ ဆင့်ပွားမျိုးနွယ်ဝင် တစ်ယောက်ပဲ။ ဒီလိုသာ ဆက်သွားနေရင် မင်းရဲ့ တစ်သက်တာမှာ တိုးတက်ဖို့ အခွင့်အရေး ရှိမှာမဟုတ်ဘူး"

ဖုန်းရုဟန်၏ လေသံမှာ ရုတ်တရက် အလေးအနက် ဖြစ်သွားသည်။

"သခင်လေးဖုန်းက ဘာကို ဆိုလိုတာလဲ"

ကျန်းချန်းက သတိကြီးစွာဖြင့် ကြည့်လိုက်သည်။

"ရှင်းရှင်းလေးပါပဲ။ ငါ မင်းနဲ့ အပေးအယူတစ်ခု လုပ်ချင်လို့"

ဖုန်းရုဟန်က ပြုံးကာ ဆက်ပြော၏။

"ငါ ကျန်မိသားစုရဲ့ သခင်မလေးကို သဘောကျနေတာ ကြာပြီ။ ငါ ကျန်းမိသားစုထဲကို လက်ထပ်ပြီး ဝင်ချင်ပေမယ့် ငါ့ရုပ်ရည်က အကောင်းဆုံး မဟုတ်သလို သခင်မလေးရဲ့ ဘေးမှာလည်း ရုပ်ချောတဲ့ စီနီယာအစ်ကိုတစ်ယောက် ရှိနေတယ်တဲ့"

" အဲ့ဒါကြောင့် မင်းရဲ့ အကူအညီကို လိုချင်တာ။ ဒီဆေးရည်ပုလင်းလေးကို သခင်မလေးရဲ့ သောက်စရာထဲ ထည့်လိုက်ပါ။ သူမ ဒါကို သောက်ပြီးတာနဲ့ ငါ့ကို နက်နက်ရှိုင်းရှိုင်း ချစ်မိသွားလိမ့်မယ်။ ကျန်းမိသားစုလည်း ဒါကို သိမှာမဟုတ်ပါဘူး"

" မင်း ဖုန်းမိသားစုရဲ့ ထောက်ပံ့မှုကို လိုချင်တယ် မဟုတ်လား။ မင်း ဒါကို ကူညီမယ်ဆိုရင် ဖုန်းမိသားစုက မင်းကို ချက်ချင်းကူညီပြီး မင်းရဲ့ ပြဿနာတွေကို ဖြေရှင်းပေးပါလိမ့်မယ်"

" ငါလည်း မင်းကို ကျောထောက်နောက်ခံ ပေးမယ်။ မင်းကို လက်ရှိထက် ပိုမြင့်တဲ့ ရာထူးတွေ ရအောင် လုပ်ပေးမယ်။ မန်နေဂျာအဆင့်မှာပဲ ရပ်တန့်မနေဘဲ စိတ်ဝိညာဥ်အဆင့်ကိုတောင် ရောက်နိုင်ပါလိမ့်မယ်"

" ကဲ ဘယ်လိုလဲ။ ငါ့ရဲ့ ကမ်းလှမ်းချက်က အရမ်း ရက်ရောလွန်းတယ် မဟုတ်လား"

ဖုန်းရုဟန်က ကျန်ချန်း၏ မျက်လုံးများကို အဓိပ္ပါယ်ပါပါစိုက်ကြည့်လိုက်သည်။

ကျန်းချန်၏ မျက်နှာမှာ ဖြူဖျော့သွားပြီး အလိုအလျောက်ပင် တယ်လီပို့အဆောင်ကို လှမ်းကိုင်လိုက်သည်။

"စိတ်မကောင်းပါဘူး သခင်လေးဖုန်း၊ ဒါက နောက်စရာ မဟုတ်ဘူး"

ဖုန်းရုဟန်၏ ပေါ့ပါးသောအမူအရာက တောင့်တင်းသွားသည်။

"မင်း ငါ့ကို ငြင်းလိုက်တာလား"

သူ၏ မျက်ဝန်းထဲတွင် သတ်ဖြတ်လိုသည့် အငွေ့အသက်များ ပြည့်နှက်သွား၏။

ဤနေရာသို့ မလာခင်ကပင် ဖုန်းရုဟန်သည် ဤနေရာတစ်ဝိုက်တွင် အစီအရင်တစ်ခု ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။

ယခု ကျန်းချန်းသည် သူ၏ အစီအစဉ်ကို သိသွားသော်လည်း ငြင်းပယ်လိုက်သည့်အတွက် သူမ၏ ကံကြမ္မာမှာ သေခြင်းတရားသာ ရွေးစရာရှိ၏။

သူမ သေသွားလျှင် နောက်တစ်ဆင့် အနေဖြင့် ကျန်းလင်းစုကို သူ ကိုင်တွယ်ပါလိမ့်မည်။

ရက်စက်စွာ ပြုံးရင်း သူက နှစ်သိမ့်၏။

"စိတ်မပူပါနဲ့၊ မင်းရဲ့ အလောင်းကို တစ်ရက်လောက်ပဲ ဆော့ကစားပါ့မယ်"

တယ်လီပို့အဆောင်က အလုပ်မလုပ်တော့ကြောင်း သိလိုက်ရသည့်အခါ ကျန်းချန်း၏ မျက်နှာမှာ သေလုမတတ် ဖြူဖျော့သွားသည်။

ငါ့ဘဝတော့ သွားပြီ ။

သို့သော် ရုတ်တရက်ပင် ကောင်းကင်ယံ၌ အနီရောင်အလင်းတန်းတစ်ခု ပေါ်ထွက်လာသည်။

မျက်တောင်တစ်ခတ်အတွင်း ဖုန်းရုဟန်၏ လည်ပင်းတစ်ဝိုက်တွင် မျဉ်းပါးပါးလေးတစ်ခု ဖြစ်ပေါ်လာ၏။

ချက်ချင်းဆိုသလို သူ၏ ဦးခေါင်းသည် ခန္ဓာကိုယ်မှ ပြတ်တောက်သွားပြီး ကြမ်းပြင်ပေါ်သို့ ဘုတ်ခနဲ လဲကျသွားသည်။

အေးစက်ပြီး ဂရုမစိုက်သည့် အသံတစ်သံသည် လေထဲတွင် ပဲ့တင်ထပ်သွား၏။

"ငါ ထင်တဲ့အတိုင်းပဲ၊ အိမ်မှာပဲ နေတာ အကောင်းဆုံးပဲ။ အဲ့ဒါဆိုရင် ဒီလို ရွံစရာကောင်းတာတွေနဲ့ သိပ်မတွေ့ရဘူး"

"အင်း.. ကျင့်ကြံခြင်းလောကရဲ့ ကိုယ်ကျင့်တရား ပျက်ပြားမှုက တကယ်ကို ဆိုးရွားနေသေးတာပဲ"

သွေးရောင်ဝတ်စုံဝတ်ဆင်ထားသည့် ချောမောသော အမျိုးသားတစ်ဦး ပေါ်လာပြီး သူ၏ အသံတွင် စိတ်ပျက်သည့် အရိပ်အယောင်များ ပါရှိနေ၏။

ဘယ်သူလဲဆိုတာ မြင်လိုက်ရသည့်အခါ ကျန်းချန်၏ အမူအရာ ပြောင်းလဲသွားသည်။

"သခင်လေးကျိ..."

သူမကို ကယ်တင်သူမှာ ကျိယွမ် ဖြစ်နေလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။

ဒီလို အစွမ်းမျိုးဆိုရင်... သူက စိတ်ဝိညာဥ် အဆင့်ကို ရောက်နေပြီလား။

သို့သော် ထပ်မံတွေးမ်သောအခါ ကျန်းချန်း၏ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။

သခင်လေးကျိသည် ဖုန်းရုဟန်ကို သတ်လိုက်ပြီ ဖြစ်သည်။

ဤအခြင်းအရာက ယွန်းထျန်းမြို့ကို ဇောက်ထိုးမိုးမျှော် ဖြစ်သွားစေနိုင်၏။

"သခင်လေးကျိ...သူက ယွန်းထျန်းမြို့ရဲ့ ထိပ်တန်းအင်အားစုဖြစ်တဲ့ ဖုန်းမိသားစုရဲ့ သားပါ။ သခင်မလေးကို ခေါ်ပြီး အမြန်ထွက်သွားပါတော့။ နောက်ဆက်တွဲကိစ္စတွေကို ကျွန်မပဲ ဒီမှာနေပြီး ဖြေရှင်းလိုက်ပါ့မယ်"

ကျန်းချန်းသည် အတွေ့အကြုံရှိသူပီပီ တည်ငြိမ်စွာဖြင့် ကျန်းမိသားစု၏ အကျိုးစီးပွားကို ဦးစားပေး ဆုံးဖြတ်လိုက်သည်။

ကျိယွမ်က သူမအား ပြုံးပြသည်။

"ထူးဆန်းတဲ့ ပန်းချီဆရာကို တွေ့ပြီးမှပဲ ငါ ထွက်သွားပါ့မယ်"

ထိုသို့ပြောပြီးနောက် သူ၏ ပုံရိပ်သည် ပျောက်ကွယ်သွားပြီး ကျန်းချန်း တစ်ယောက်တည်းသာ အတွေးပေါင်းစုံဖြင့် ကျန်ရစ်ခဲ့သည်။

"မဟုတ်ဘူး၊ ဖုန်းရုဟန်က ကျန်းမိသားစု လက်ချက်နဲ့ သေသွားတယ်ဆိုတာကို ဖုန်းမိသားစု စောစောစီးစီး မသိအောင် တားရမယ်။ မဟုတ်ရင် ဘယ်သူမှ အသက်ရှင်လျက် လွတ်မှာမဟုတ်ဘူး။ ဟင်း.. သခင်လေးကျိက စိတ်လိုက်မာန်ပါ လုပ်လွန်းတယ်။ သူ့ကို မသတ်သင့်ခဲ့ဘူး"

ကျန်းချန်သက်ပြင်းချလိုက်သော်လည်း ဖြစ်ပြီးသားကိစ္စကို ပြန်ပြင်၍ မရနိုင်တော့ပါ။

"အစ်ကိုကြီး...မြန်မြန်ပြင်ဆင်တော့။ ကျွန်မတို့ စိတ်ဝိညာဥ်စားသောက်ပွဲကို သွားကြမှာဆို။ စောစောက ဘယ်သွားနေတာလဲ"

ကျန်လင်းစုက မှန်တင်ခုံရှေ့မှနေ၍ ကျိယွမ်ကို လှမ်းကြည့်ကာ မေးလိုက်သည်။

ကျန်းလင်းစု အလှပြင်နေရသည့် အကြောင်းအရင်းကို ကျိယွမ် နားမလည်နိုင်ပါ။

သူမသည် သဘာဝအတိုင်းပင် လှပပြီးသားဖြစ်ကာ အသားအရေမှာလည်း အပြစ်ပြောစရာ မရှိပေ။ အလှပြင်ရန်ပင် မလိုသလောက် ဖြစ်၏။

"ငါ ကြားရတာအဆင်မပြေလို့ လူတစ်ယောက် သွားသတ်တာ၊ သွားရင်းလာရင်းနဲ့ ငါ့ရဲ့ ဆယ်ဆသတ်ဖြတ်ခြင်း လက်သီးကို သုံးပြီး ဂိုဏ်းတစ်ခုလုံးကို ရှင်းပစ်ခဲ့တယ်"

" ကျင့်စဉ်လောကရဲ့ ကိုယ်ကျင့်တရားကို သန့်ရှင်းရေးလုပ်ခဲ့တာပါ။ ညီမလေးတို့ ယွန်းထျန်းမြို့ရဲ့ လေထုက တကယ်ကို ဆိုးရွားလွန်းတာပဲ"

ကျိယွမ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

'ဆယ်ဆသတ်ဖြတ်ခြင်း လက်သီး' သည် မသေမျိုးပညာရပ်မဟုတ်ဘဲ သိုင်းပညာသက်သက်သာ ဖြစ်သည်။

ကျိယွမ်ကို အံ့ဩစေသည့်အချက်မှာ သိုင်းပညာများသည် အမှန်တကယ်ပင် ထူးခြားနေခြင်းပင်။

မှတ်တမ်းများအရ ယန်နတ်ဘုရားကျင့်ကြံသူတစ်ဦးသည် အချို့သော ထူးဆန်းသည့် နယ်မြေများသို့ ရောက်သည့်အခါ သူတို့၏ ကျင့်စဉ်မှာ တစ်ဆင့် လျော့ကျသွားတတ်သည်။

ထို့အတူ အခြားသော နည်းစနစ်များကို ကျင့်ကြံသူများသည်လည်း မသေမျိုးတာအိုလောကသို့ ဝင်ရောက်သည့်အခါ အဆင့်လျော့ကျမှုကို ကြုံတွေ့ရတတ်၏။

သို့သော်လည်း လမ်းစဉ်ပေါင်းစုံသိုင်းနတ်ဘုရားတစ်ဦးဖြစ်သော ကျိယွမ်တွင် ထိုကဲ့သို့ ကန့်သတ်ချက်များ မရှိပေ။

သူသည် ယန်နတ်ဘုရား အဆင့်နှင့် ညီမျှသည့် သူ၏ သိုင်းပညာစွမ်းအားကို ဆက်လက် ထိန်းသိမ်းထားနိုင်သည်။

"ဪ...လူဆိုးတွေကို သွားသတ်တာလား"

ကျန်လင်းစုသည် ဤအတွက် အံ့ဩမနေပေ။

သူမက ကျိယွမ်ဘက်သို့ လှည့်ကာရွှင်မြူးစွာမေးလိုက်၏။

"အစ်ကိုကြီး ...ကျွန်မ အလှပြင်ထားတာ ဘယ်လိုလဲ"

"မပြင်တာက ပိုလှတယ်"

ကျိယွမ်က အမှန်အတိုင်း ဝေဖန်လိုက်သည်။

ကျန်လင်းစုက မကျေနပ်သလို သူ့ကို စိုက်ကြည့်၏။

"မဖြစ်ဘူး ..ကျွန်မက ချုံယွမ်ထင်ထက် ပိုလှနေမှ ဖြစ်မှာ"

"အဲ့ဒီကောင်နဲ့ ပြိုင်နေဖို့ မလိုပါဘူး"

ကျိယွမ်က ရယ်မောကာ လက်ကာပြသည်။

"ဘာ.. အဲ့ဒီကောင် တဲ့လား"

ကျန်လင်းစု မျက်တောင်ခတ်ကာ ကျိယွမ် ဘာကိုဆိုလိုမှန်း သိသွားသည့်အခါ ပါးစပ်ပိတ်ကာ ရယ်မောတော့သည်။

"အစ်ကိုကြီးကတော့ ပြောတတ်လိုက်တာ။ ခဏနေ စားသောက်ပွဲကျရင်လည်း အများကြီး ပြောပေးနော်"

သူမ၏ ဆရာတူအစ်ကိုကြီး စကားများမှာ သူမထက် ပိုစပ်ကြောင်း ကျန်းလင်းစု ရုတ်တရက် သတိရသွားသည်။

ငါ့အစ်ကိုကြီးပြောတာကို ကြာကြာနားထောင်မိရင် ရူးတောင်သွားဦးမယ် ။

"ငါက လူကြောက်တတ်တယ် ၊ ထောင့်တစ်နေရာမှာပဲ ထိုင်ပြီး ဖရဲစေ့ပဲ စားနေပါ့မယ်"

ကျိယွမ်က ချက်ချင်းငြင်းလိုက်သည်။

သူက လူစိမ်းများကြားထဲတွသ် ဖော်ဖော်ရွေရွေ မနေတတ်ပါ။

"ဟင်"

ကျန်လင်းစု ခဏစဉ်းစားပြီး ထပ်မတောင်းဆိုတော့ပေ။

"ဒါဆိုလည်း ကျွန်မလည အစ်ကိုကြီးနဲ့ အတူတူ နေပါ့မယ်"

ယွန်းထျန်းမြို့၏ စိတ်ဝိညာဥ်ဂုဏ်ပြုပွဲမှာ အလွန်ပင် စည်ကားနေလေပြီ။

လူငယ်ကျင့်ကြံသူများသာမက လူကြီးပိုင်းများပင် တက်ရောက်လာကြ၏။

ဟယ်လန်တိုက်ကြီးရှိ အခြားသော အင်အားကြီးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များလည်း ရောက်ရှိနေကြသည်။

ဤစားသောက်ပွဲ၏ အဓိက ဂုဏ်ပြုခံရသူမှာ ဝမ်မိသားစု၏ အမွေဆက်ခံသူ ဝမ်ယွန်းထန် ဖြစ်သည်။

ဝမ်ယွန်းထန် မွေးဖွားချိန်တွင် ကောင်းကင်ယံ၌ နတ်မွှေးရနံ့များ ပြန့်လွင့်ခဲ့ပြီး သမင်ဖြူတစ်ကောင်က လာရောက်ကာ ဝိညာဉ်ရည်များ ဆက်သခဲ့သည်ဟု ဆိုကြ၏။

ဝမ်ယွန်းထန်သည် ဝမ်မိသားစု၏ မျှော်လင့်ချက်ပင်။

"ဟူး... ဝမ်ယွန်းထန်နဲ့ ငါက အသက်အတူတူပဲ၊ ဒါပေမဲ့ သူက စိတ်ဝိညာဥ်အဆင့်ကို ရောက်နေပြီ။ ငါတို့ကတော့ သူ့ကို မမီနိုင်တော့ပါဘူး"

"ဝမ်ယွန်းထန်လို လူမျိုးရှိနေတော့ ဝမ်မိသားစုက နောင်နှစ်ပေါင်း ရာချီအောင် ကံကောင်းနေဦးမှာပဲ"

"ဒီဂုဏ်ပြုပွဲမှာ ဝမ်မိသားစုက အရေးကြီးတဲ့ ကြေညာချက်တစ်ခု လုပ်ဖို့ရှိတယ်လို့ ကြားတယ်"

"ဘာကြေညာချက်လဲ"

"ဒဏ္ဍာရီလာ သွေးဝတ်စုံဓားနတ်ဘုရားနဲ့ သက်ဆိုင်တယ်လို့ သတင်းထွက်နေတာပဲ"

"ဘာ...ဝမ်မိသားစုက ယန်နတ်ဘုရားနဲ့တောင် သိကျွမ်းနေတာလား "

ဧည့်သည်များက ဝမ်မိသားစုကိုချီးကျူးစကားအမျိုးမျိုး ပြောဆိုနေ၏။

ဝမ်ယွန်းထန်သည် သူ၏ စေ့စပ်ထားသူ ချုံယွမ်ထင်နှင့်အတူ မာန်တက်သည့် အမူအရာဖြင့် ရပ်နေသည်။

သို့သော် သူ၏ မာန်တက်မှုကို မည်သူကမျှ အပစ်မမြင်ကြပါ။ သူက ငယ်ရွယ်ပြီး ထူးချွန်သူဖြစ်သဖြင့် မာနရှိခြင်းမှာ သဘာဝကျ၏။

ချုံယွမ်ထင်က ဧည့်သည်များကို ဝေ့ကြည့်လိုက်ရာ ရင်းနှီးသော မျက်နှာတစ်ခုကို တွေ့လိုက်သဖြင့် ချက်ချင်းပင် လျှောက်သွားလိုက်သည်။

"ညီမလေး...နောက်ဆုံးတော့ ရောက်လာပြီပေါ့။ ငါ နင့်ကို စောင့်နေတာ"

"အားလုံးပဲ...ဒါက ကျန်းမိသားစုက သခင်မလေး ကျန်းလင်းစုပဲ၊ သူက ငါ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေထဲက တစ်ယောက်ပါ"

ချုံယွမ်ထင်က ဝမ်းသာအားရဆီးကြိုပြီး မိတ်ဆက်ပေး​သည်။

"ကျန်းမိသားစုလား..ဝမ်ယွန်းထန်ရဲ့ အဆက်အသွယ်တွေက တကယ် အထင်ကြီးစရာပဲ။ ကျန်းမိသားစုက တခြားတိုက်ကြီးမှာ ရှိတာတောင် စားသောက်ပွဲကို လာတက်ပေးတယ်ပေါ့"

"ဝမ်မိသားစုရဲ့ ဩဇာအာဏာက သူ့အလိုလို သက်သေပြနေတာပဲ။ ဟယ်လန်တိုက်ကြီးက ထင်ရှားတဲ့ မိသားစုတွေနဲ့ ဂိုဏ်းတွေ အကုန်လုံး ရောက်နေကြတာကိုး"

"ဒါနဲ့ ထူးဆန်းတယ်နော်။ ဖုန်းမိသားစုဝင်တွေကို ဘယ်မှာမှ မတွေ့မိဘူး"

ဖုန်းမိသားစုသည် ယွန်းထျန်းမြို့ကိုလွှမ်းမိုးချုပ်ကိုင်ထားသော အင်အားစုဖြစ်ပြီး သူတို့၏ နောက်ခံ ဖုန်းနန်းတော်မှာ ဟယ်လန်တိုက်ကြီး၏ ထိပ်တန်း အင်အားစု သုံးခုထဲတွင် ပါဝင်သည်။

ယခု တစ်မြို့တည်းသားချင်းဖြစ်နေသည့်အတွက် ဖုန်းမိသားစုသည် လက်ဆောင်များကို စောစောစီးစီး ပေးပို့ထားသင့်သော်လည်း စားသောက်ပွဲတွင် သူတို့၏ အရိပ်အယောင်မျှပင် မတွေ့ရပေ။

"ဖုန်းမိသားစုက အမြဲတမ်း မာနကြီးတာပဲ။ သူတို့က ခမ်းခမ်းနားနားနဲ့ နောက်ဆုံးမှ ပေါ်လာဖို့ ကြံနေတာ ဖြစ်မှာပါ"

ဧည့်သည်များက တိုးတိုးတိတ်တိတ် ပြောဆိုနေကြသည်။

ထိုအချိန်တွက် ချုံယွမ်ထင်၏ အာရုံမှာ ကျန်လင်းစုထံ၌သာ ရှိနေ၏။

ယခုက သူမအနေဖြင့် လင်းစုထက် သာလွန်ကြောင်း ပြသနိုင်သည့် ရှားပါးသော အခိုက်အတန့်ပင် မဟုတ်ပါလား။

"ညီမလေးရဲ့ လက်တွဲဖော်က တကယ်ကို ရုပ်ချောတာပဲ။ တိုင်းပြည်တစ်ရာလို နေရာသေးသေးလေးကနေ ဒီလို နဂါးတစ်ကောင် ထွက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"

ချုံယွမ်ထင်က စကားနာထိုး၍ စတင်လိုက်သည်။

သူမက ကျိယွမ်ကို ချီးကျူးနေပုံ ပေါ်သော်လည်း လက်တွေ့တွင်မူ သူ၏ နိမ့်ကျသော မျိုးရိုးကို လှောင်ပြောင်နေခြင်း ဖြစ်သည်။

အမှန်တကယ်ပင် ကျိယွမ်သည် တိုင်းပြည်တစ်ရာဒေသလေးမှ လာသည်ဟု ကြားလိုက်ရသည့်အခါ သူနှင့် မိတ်ဖွဲ့ရန် စိတ်ဝင်စားနေသည့် ဧည့်သည်များမှာ ချက်ချင်းပင် စိတ်ပျက်သွားကြ၏။

တိုင်းပြည်တစ်ရာဒေသ ဆိုသည်မှာ ခရမ်းရောင်နန်းတော်အဆင့် အဖွဲ့အစည်း တစ်ခုတောင် မရှိသည့် သေးငယ်လွန်းသော ဒေသဖြစ်သည်။

အလင်းနန်းတော်ကိစ္စသာ ဖြစ်မလာခဲ့လျှင် ထိုဒေသ တည်ရှိကြောင်းကိုပင် သူတို့ သိကြမည်မဟုတ်ပေ။

ချုံယွမ်ထင်က သူမ၏အစ်ကိုကြီးကို သူမ၏လက်တွဲဖော်အဖြစ် တမင်တကာ မှားယွင်းစွာ ပြောဆိုလိုက်သည့်အတွက် ကျန်းလင်းစု မျက်နှာနီမြန်းသွားသော်လည်း ရှင်းပြရန် အချိန်မရှိပေ။

သူမသည် ဂုဏ်ယူစွာဖြင့် ပြန်ပြောလိုက်၏။

"နင် ပြောတာ မှန်တယ်၊ ငါ့ရဲ့ ဆရာတူအစ်ကိုကြီးက တကယ့် နဂါးတစ်ကောင်ပဲ။ သူက 'အရှေ့ပိုင်းဒေသ ပါရမီရှင်စာရင်းထဲမှာတောင် ပါခဲ့ဖူးတယ်"

အရှေ့ပိုင်းဒေသ ပါရမီရှင်အဆင့်သတ်မှတ်ချက် ဆိုသည်မှာ သေးငယ်သော အရာမဟုတ်ပေ။ ၎င်းသည် အရှေ့ပိုင်းဒေသရှိ လူငယ်မျိုးဆက်များအနက် အတောင့်တင်းဆုံးသူများကို ကိုယ်စားပြုသည်။

"သူက တကယ်ပဲ အရှေ့ပိုင်းဒေသ ပါရမီရှင်အဆင့်ထဲမှာ ပါတာလား"

"ဒါပေမဲ့ ငါကျိယွမ် ဆိုတဲ့ နာမည်ကို တစ်ခါမှ မကြားဖူးပါဘူး"

"နာမည်ကတော့ ရင်းနှီးသလိုပဲ၊ ဒါပေမဲ့ အဲ့ဒီလူက လူငယ်ပါရမီရှင် မဟုတ်ဘူး"

အဆင့်သတ်မှတ်ချက်ထဲတွင် အစွမ်းအထက်ဆုံး လူငယ်များမှာ စိတ်ဝိညာဥ်အဆင့်တွင် ရှိကြပြီး အများစုမှာ အမြုတေအဆင့်များဖြစ်၏။

ချုံယွမ်ထင် ခဏတာ ကြောင်သွားသည်။

ကျန်းလင်းစုက ဤကဲ့သို့ လျှို့ဝှက်ချက်ကြီးကို ထိန်ချန်ထားလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။

ဒီလောက် အရေးကြီးတာကို ဘာလို့ စောစောက မပြောခဲ့တာလဲ။

ရှင်းနေတာပဲ၊ သူမက အခုမှ လူကြားထဲမှာ ပွဲလယ်တင့်အောင် တမင်တကာ ချန်ထားတာ ဖြစ်ပါလိမ့်မည်။

"အာ... နှမြောစရာပဲ။ ဝမ်ယွန်းထန်သာ ပြီးခဲ့တဲ့ သုံးလေးနှစ်အတွင်းမှာ တံခါးပိတ်ကျင့်ကြံ မနေခဲ့ဘူးဆိုရင် အရှေ့ပိုင်းဒေသ ပါရမီရှင်အဆင့်မှာ ထိပ်ဆုံးသုံးယောက်စာရင်းကို အသာလေး ဝင်နိုင်မှာ"

ချုံယွင်ထင်က ဟန်ကိုယ်ဖို့အနေဖြင့် သက်ပြင်းချရင်း ဆိုလိုက်သည်။

ကျန်လင်းစုကတော့ စိတ်ထဲမှ မျက်စောင်းထိုးလိုက်၏။

ပုံမှန်ဆိုလျှင် သူမသည် ချုံယွင်ထင်နှင့် ကပ်ကပ်သပ်သပ်ထိ လိုက်ပြီးပြိုင်ဆိုင်နေမည် မဟုတ်သော်လည်း သူမ၏အစ်ကိုကြီးကို စော်ကားသည်ကိုတော့ လက်မခံနိုင်ပေ။

သူမက ပြန်ပြောရန် ပြင်လိုက်စဉ်မှာပင် ကျိယွမ်က စကားဖြတ်ပြောလိုက်ပါသည်။

"သခင်မလေးချုံ...စောစောက မင်းပြောခဲ့တယ် မဟုတ်လား။ ငါသာ ဒီဂုဏ်ပြုပွဲကို တက်မယ်ဆိုရင် မင်းနဲ့ ဝမ်ယွန်းထန်က ငါ့ရဲ့ အရေးပေါ်လိုအပ်ချက်အတွက် ဝိညာဉ်ကျောက်တုံးတချို့ ချေးပေးမယ်ဆိုတာလေ"

"အဲဒီတော့ ..စကားအပိုတွေ ဖယ်ထားလိုက်ရအောင်။ နှုတ်ဆက်စကားတွေလည်း ငါ ပြောပြီးပြီ။ အဲ့တော့ ဝိညာဉ်ကျောက်တုံးတွေကို ဘယ်တော့ ပေးမှာလဲ"

ကျိယွမ်က သူ၏ထုံးစံအတိုင်း လိုရင်းကို တိုက်ရိုက်မေးလိုက်သည်။

သူက ငွေချေးပြီးလျှင် ချက်ချင်း ထွက်သွားချင်နေ၏။

ကျိယွမ်က ဒီလောက်အထိ တိုက်ရိုက်ပြောလာလိမ့်မည်ဟု မထင်ထားသဖြင့် ချုံယွင်ထင် ခဏတာ ဆွံ့အသွားပါးးသည်။

သူ၏ အရှက်မရှိမှုမှာ အံ့ဩစရာပင်....။ရုပ်ကလေးနှင့်မှ မလိုက်ပေ။

သူက တကယ်ပဲ အရှေ့ပိုင်းဒေသ ပါရမီရှင်စာရင်းဝင်မှ ဟုတ်ရဲ့လား။

"ညီမလေး....နင်တို့ ကျန်းမိသားစုက ယွန်းထျန်းမြို့မှာ အခက်အခဲ ကြုံနေရတာဆိုရင် ငါ ကူညီဖို့ အဆင်သင့်ပါပဲ။ ဘယ်လောက် လိုတာလဲ။ ငါ တတ်နိုင်သလောက် ကူညီပါ့မယ်"

ချုံယွင်ထင်က သူ၏ ယဉ်ကျေးသော ဟန်ပန်ကို ထိန်းသိမ်းရင်း ပြုံးကာ ကမ်းလှမ်းလိုက်သည်။

အခြားသော ကျင့်ကြံသူများကလည်း ကျိယွမ်ကို ကြည့်ကာ အံ့အားသင့်နေကြ၏။

သူတို့က ငွေလာချေးတာလား။

ဒါမျိုးက တိုးတိုးတိတ်တိတ်လုပ်ရမှာလေ ၊ အခုက ဂုဏ်ပြုပွဲအလယ်ကြီးမှာ ...။

"အင်း... ငါ တွက်ကြည့်ပြီးပြီ။ ဝမ်မိသားစုရဲ့ ပိုင်ဆိုင်မှုက ဝိညာဉ်ကျောက်တုံး ဘီလီယံတစ်ဆယ်လောက် ရှိပြီး ချုံမိသားစုက သန်းငါးရာလောက် ရှိလိမ့်မယ်"

"အမှန်အတိုင်း ပြောရရင် မင်းတို့ နှစ်ယောက်စလုံးက နည်းနည်း ဆင်းရဲတာဆိုတော့ ငါ အများကြီး မတောင်းပါဘူး ဆယ်ဘီလီယံခွဲလောက်ပဲ ခဏချေးပါ"

ကျိယွမ်က မရှက်သည့်အပြင်တည်ငြိမ်စွာ ပြောလိုက်သည်။

သူ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ဧည့်သည်များမှာ အသက်ရှူမှားကုန်ကြ၏။

သူတို့က ကျိယွမ်ကို ထူးဆန်းသလို ကြည့်မိကြသည်။

ဒီကောင်က ဝိညာဉ်ကျောက်တုံး လာချေးတာလား၊ ပြဿနာ လာရှာတာလား။

---------------

All Chapters