← Chapters

အခန်း (၄၄၁)

Vol. 41 Ch. 441

အခန်း (၄၄၁)

Vol. 41 Ch. 441

📝အပိုင်း - ၄၄၁

ဘာသာပြန် - Na Gar🐉

သူက ပြောလိုက်သည် "အဲ့ဒီမှော်ဆရာအကြောင်း အသေးစိတ် ရှင်းပြပါ"

"အဲဒါကတော့ ထူးဆန်းတဲ့ နည်းစနစ်တွေကို သုံးနိုင်တဲ့ တာအိုကျင့်ကြံသူတစ်ယောက်ပါ၊ အရင်က ဒီကိုလာခဲ့တဲ့ နန်းတွင်းစစ်သည်တွေဟာ သူ့ကြောင့် အထိနာခဲ့ကြဖူးတယ်။ နန်ရွှီရဲ့ ဖိအားတွေနဲ့လည်း ပေါင်းလိုက်တော့ သူတို့ကို နှိမ်နင်းဖို့ ခေတ္တရပ်ထားခဲ့ကြတာပေါ့။ ပိုပြီး တိကျတဲ့ အချက်အလက်တွေကိုတော့ ကျွန်တော်လည်း သိပ်မသိပါဘူး၊ ခွင့်လွှတ်ပေးပါ သခင်ကြီး"

အမှုထမ်းက ဆက်ပြောသည် "ဘာပဲဖြစ်ဖြစ် သခင်ကြီး ပင်လယ်ထဲ ထွက်ချင်တယ်ဆိုရင် ဒီနေရာက မဖြစ်မနေ ဖြတ်ရမယ့် လမ်းကြောင်းပါပဲ။ ကျွန်တော်တို့ ဘာပြဿနာမှ မရှိဘဲ ဒီနေရာကနေ မြန်မြန်ကျော်ဖြတ်နိုင်ဖို့ပဲ မျှော်လင့်ရမှာပါပဲ"

"အဲဒီအကြောင်း ထပ်မစဉ်းစားနဲ့တော့၊ ဒီ 'ပြဿနာ' ကတော့ သေချာပေါက် ဖြစ်လာမှာပဲ"

ချန်ဆန်းရှီက ထိုသို့ပြောရင်း သင်္ဘောခန်းထဲသို့ လှည့်ဝင်သွားသည်။ သူ ပြန်ထွက်လာသောအခါတွင်မူ ကျန်းလိုင်ဇီ၏ ရုပ်သွင်ကို ယူထားပြီး ခါးတွင် ဟဲမြောင်ဓားရှည် ကို ချိတ်ဆွဲထားသည်။

"ဝှစ်.."

"..."

သူတို့၏ သင်္ဘောကြီးအနီးတွင်။

ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော စစ်သည်များ ပြည့်နှက်နေသည့် လှေငယ်အမြောက်အမြားမှာ လျင်မြန်စွာ ချဉ်းကပ်လာကြသည်။ သူတို့သည် လက်နက်များကို ဝှေ့ယမ်းကာ အော်ဟစ်နေကြသည်မှာ ဓားပြများနှင့် လုံးဝတူလှသည်။

ချန်ဆန်းရှီတို့အဖွဲ့ကို သင်္ဘောမောင်းနှင်ပေးရန် တာဝန်ယူထားသည့် အစောင့်ဖြစ်သူ ချင်ချန်ရွှီ သည် ဤမြင်ကွင်းကို ကြည့်ကာ ထိတ်လန့်ခြင်း မရှိပေ။ ထွက်ပြေးရန် မဖြစ်နိုင်မှန်း သိသဖြင့် သူ၏လူများကို သင်္ဘောရပ်ရန် အမိန့်ပေးလိုက်သည်။

ထို့နောက် ရန်သူ့သင်္ဘောများဘက်သို့ လက်သီးဆုပ်ကာ ဂါရဝပြုလိုက်သည် "လျန်ရှန်းက သူရဲကောင်းတို့ခင်ဗျာ ကျွန်တော်တို့က နန်ရွှီ မှာ ကုန်သွယ်ဖို့အတွက် ဒီနေရာကို ဖြတ်သန်းလာတဲ့ မြောက်ပိုင်းက ကုန်သည်တွေပါ။ နန်ရွှီက သခင်ကြီးဂျာ အကြောင်းကို သူရဲကောင်းတို့ ကြားဖူးကြမှာပါ၊ ကျွန်တော်တို့က သူနဲ့ မိတ်ဆွေတွေပါ"

ဤနေရာကို ဖြတ်သန်းဝံ့ကြသည်မှာ သူတို့ဘက်ကလည်း ကြိုတင်ပြင်ဆင်မှုများ ရှိထားသောကြောင့် ဖြစ်သည်။

ရန်သူ့သင်္ဘောပေါ်တွင်။

ခေါင်းဆောင်မှာ မုတ်ဆိတ်နှင့် လူလတ်ပိုင်းတစ်ဦးဖြစ်ပြီး သူ၏ မုတ်ဆိတ်ကို သပ်ရင်း ပြောလိုက်သည် "မင်းတို့က တကယ်ပဲ သခင်ကြီးဂျာရဲ့ မိတ်ဆွေတွေလား"

"သေချာတာပေါ့ မဟုတ်ရင် ကျွန်တော်တို့ ဒီနေရာကို ဘယ်လိုလုပ် ဖြတ်ဝံ့မှာလဲ"

ချင်ချန်ရွှီက ပြောသည် "ညီအစ်ကိုတို့... ကျွန်တော်တို့အားလုံးက မိသားစုတွေပါပဲ၊ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကို မဖျက်ဆီးကြပါနဲ့"

"မင်းတို့က သခင်ကြီးဂျာရဲ့ မဟာမိတ်တွေ ဖြစ်နေရင်တောင်မှ မဖြတ်

ခင်မှာ အစစ်ဆေးခံရဦးမယ်"

မုတ်ဆိတ်နှင့်လူက မျက်ခုံးပင့်လိုက်သည် "မကြာသေးခင်က သင်္ဘောတစ်စီးရဲ့ အမှုထမ်းတွေကလည်း နန်ရွှီကို ကုန်သွယ်ဖို့ သွားတာလို့ ပြောခဲ့ကြတယ်။ ဒါပေမဲ့ တကယ်တမ်းတော့ မင်းတို့ နန်းတွင်းက ကျင်းယီအစောင့် တွေ ဖြစ်နေပြီး လုပ်ကြံသတ်ဖြတ်မှုတွေ လုပ်ဖို့ သွားနေကြတာလေ"

"ခေါင်းဆောင်ကြီးကို ဘယ်လို ခေါ်ရမလဲ"

"ငါက လျန်ရှန်းက ဆဋ္ဌမမြောက် သခင်ကြီး ကျင်ကျောက်ဖု ပဲ"

ကျင်ကျောက်ဖု မူလကသူသည် တောင်ပိုင်းရှိ ထိပ်တန်းဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ်ဖြစ်ပြီး နောင်တစ်ချိန်တွင် စစ်နတ်ဘုရားအဆင့်သို့ တက်လှမ်းရန် အရင်းအမြစ်များ ရရှိရေးအတွက် လျန်ရှန်းသို့ ပူးပေါင်းခဲ့သူ ဖြစ်သည်။ သူသည် သူပုန်များကြားတွင် ထင်ရှားသူဖြစ်ပြီး ယခုအခါ နက်နဲပုံရိပ်

အဆင့် ကျွမ်းကျင်သူဖြစ်ကာ အခြားနေရာများတွင်မူ ဗိုလ်ချုပ်အဖြစ် သတ်မှတ်ခံရမည့်သူ ဖြစ်သည်။

"ဆဋ္ဌမမြောက် သခင်ကြီးကိုး"

ချင်ချန်ရွှီက လက်သီးဆုပ် ဂါရဝပြုလိုက်သည် "ဒါဆိုရင် သင်္ဘောပေါ် တက်လာခဲ့ပါ သခင်ကြီး။ ကျွန်တော်တို့ သင်္ဘောပေါ်မှာ ခုနစ်ယောက်ပဲ ရှိတာပါ၊ အားလုံးက လူအို၊ လူမမာနဲ့ အားနည်းတဲ့သူတွေချည်းပါပဲ"

"ကောင်းပြီ"

ကျင်ကျောက်ဖုသည် ခြေဖျားလေးနှင့် အသာအယာခုန်ကာ သူတို့၏ ကုန်းပတ်ပေါ်သို့ ရောက်လာခဲ့သည်။ အခြားသော ညီအစ်ကို နှစ်ဆယ်ခန့်ကလည်း လှေကားများထောင်ကာ သင်္ဘောကို စစ်ဆေးရန် တစ်ယောက်ပြီးတစ်ယောက် တက်လာကြသည်။

ဝေ့ကြည့်လိုက်သောအခါ။ ဒီသင်္ဘောပေါ်တွင်။

အရွယ်ကောင်း အမျိုးသားဆို၍ ချင်ချန်ရွှီ တစ်ဦးတည်းသာ ရှိသည်။ ကျန်ရှိသူများမှာ အမှန်တကယ်ပင် အိုမင်းမစွမ်းသူများကဲ့သို့ ထင်ရသည်။ သင်္ဘောပေါ်ရှိ အလုပ်သမား အတော်များများမှာ ကိုယ်လက်အင်္ဂါ မစုံလင်သူများ သို့မဟုတ် ဆံပင်ဖြူနေသော အဖိုးအိုများ ဖြစ်ကြသည်။ ထို့ပြင် ခါးတွင် ဓားတစ်လက် ချိတ်ဆွဲထားသည့် အလွန်ရုပ်ဆိုးသော အမျိုးသားတစ်ဦးလည်း ရှိနေသည်။

"ဆဋ္ဌမမြောက် သခင်ကြီး"

ချင်ချန်ရွှီက ရွှေအိတ်တစ်အိတ်နှင့် ငွေစက္ကူအချို့ကို ထုတ်ပေးလိုက်သည် "ကျွန်တော်တို့ စည်းကမ်းတွေကို နားလည်ပါတယ်၊ ကျေးဇူးပြုပြီး အဆင်ပြေအောင် လုပ်ပေးပါဦး"

"အင်း"

ကျင်ကျောက်ဖုသည် ဘာအမူအရာမျှ မပြဘဲ ငွေကို ယူလိုက်သည်။

"သခင်ကြီး... စစ်ဆေးတာ ပြီးပါပြီ၊ သူတို့တွေက တကယ်ပဲ အိုမင်းမစွမ်းသူတွေပါပဲ" ဟု သူ၏ လက်အောက်ငယ်သားက လာရောက်အစီရင်ခံသည်။

ကျင်ကျောက်ဖုက မေးလိုက်သည် "သင်္ဘောခန်းထဲကကော"

"သင်္ဘောခန်းထဲမှာတော့ အမျိုးသမီး နှစ်ယောက်ပဲ ရှိပါတယ်"

ချင်ချန်းရွှီက ပြောလိုက်သည် "အဲဒီနေရာကိုတော့ စစ်ဆေးတာ ရှောင်ပေးသင့်တယ် မဟုတ်လား"

"အော်" ကျင်ကျောက်ဖုသည် သူ၏ မုတ်ဆိတ်ကို ပွတ်ရင်း စိတ်ဝင်စားသွားပုံရသည် "အမျိုးသမီးတွေလား အမျိုးသမီးက လုပ်ကြံသတ်ဖြတ်သူ မဖြစ်နိုင်ဘူးလား"

သူသည် ထိုသို့ပြောကာ တားဆီးမှုများကို ဂရုမစိုက်ဘဲ အတွင်းသို့ ဝင်သွားတော့သည်။

အဓိက သင်္ဘောခန်း၏ ကန့်လန့်ကာကို လှန်လိုက်သောအခါ မွှေးရနံ့များကြားတွင် ကောင်းကင်ဘုံမှ ဆင်းသက်လာသည့် မသေမျိုးတစ်ဦးအလား ထင်ရသော ဝတ်ရုံခရမ်းရောင်နှင့် အမျိုးသမီးတစ်ဦးကို မြင်လိုက်ရသည်။

"တွေ့တယ်မလား သခင်ကြီး ကျွန်တော် ပြောတဲ့အတိုင်း သူတို့က အမျိုးသမီးတွေပါပဲ"

"လုပ်ကြံသတ်ဖြတ်သူပဲ၊ သေချာပေါက် လုပ်ကြံသတ်ဖြတ်သူ ဖြစ်ရမယ်"

ကျင်ကျောက်ဖုသည် သတိပြန်ဝင်လာပြီး သူ၏ မျက်လုံးများမှာ အရောင်တောက်သွားသည် "တစ်ယောက်ယောက်... ဒီမိန်းကလေး နှစ်

ယောက်ကို သေသေချာချာ စစ်ဆေးဖို့အတွက် ပြန်ခေါ်သွားကြစမ်း"

"ဟုတ်ကဲ့ပါ"

"ဒါတော့ မဟုတ်သေးဘူးလေ သခင်ကြီး"

ချင်ချန်ရွှီက အမြန်ပင် ကန့်ကွက်လိုက်သည် "ဒီနှစ်ယောက်က ကျွန်တော်တို့ သူဌေးရဲ့ အမျိုးသမီးတွေပါ၊ တစ်ခုခု မှားယွင်းသွားခဲ့ရင် ကျွန်တော်တို့ ရှင်းပြနိုင်မှာ မဟုတ်တော့ဘူး"

"မင်း အမှန်အတိုင်းပဲ ပြောလိုက်ပါ"

ကျင်ကျောက်ဖုက အေးဆေးပင် ပြောလိုက်သည် "ငါ သခင်ကြီးကျင်က သူတို့ကို ခဏထိန်းထားတာလို့ပဲ ပြောလိုက်၊ ခဏနေရင် ပြန်ပို့ပေးပါ့မယ်"

"သခင်ကြီး"

ချိုချိုသာသာ ပြော၍ မရမှန်း သိလိုက်သောအခါ ချင်ချန်ရွှီက အသံမာမာဖြင့် ပြောလိုက်သည် "ဒါက စည်းကမ်းတွေနဲ့ ဆန့်ကျင်နေတယ် မဟုတ်

လား"

"စည်းကမ်းတွေ"

ကျင်ကျောက်ဖုက နှာခေါင်းရှုံ့လိုက်သည် "ဒီ ရေမိုင် ရှစ်ရာအတွင်းမှာ ငါကပဲ စည်းကမ်းပဲ"

သူတို့ စကားပြောနေကြစဉ်မှာပင်။

ချင်ချန်ရွှီက ပထမဆုံး ဓားကို ဆွဲထုတ်လိုက်သည်။

"သေချင်နေတာပဲ"

ကျင်ကျောက်ဖုက သူ့ထက် ပိုမြန်ကာ သူ၏ ဓားရှည်ဖြင့် ထိုတိုက်ခိုက်မှုကို အသာအယာ ပိတ်ဆို့လိုက်သည်။

မဟာသွေးကြောအဆင့်မျှသာရှိသော ချင်ချန်ရွှီမှာ သူ၏ ဒဏ်ကို မခံနိုင်ဘဲ လွင့်ထွက်သွားသော်လည်း သူ၏ နောက်ကျောကို နူးညံ့သော စွမ်းအားတစ်ခုက လာရောက်ထိန်းပေးလိုက်သည်။

ဓားအလင်းတန်းများ ဝင်းခနဲ လက်သွားသည်။ ကျင်ကျောက်ဖုသည် သူ၏ မျက်နှာဆီသို့ ဓားဖြင့် တိုက်ရိုက် ခုတ်ချလိုက်သည်။

"ချွတ်"

မျက်တောင်တစ်ခတ်အတွင်းမှာပင်။ ဟဲမြောင်ဓားရှည်သည် ထိုတိုက်ခိုက်မှုကို ခိုင်မာစွာ ပိတ်ဆို့ထားလိုက်သည်။

ကျင်ကျောက်ဖုသည် မော့ကြည့်လိုက်သောအခါ အစောပိုင်းက ရုပ်ဆိုးလှသည်ဆိုသော လူဖြစ်နေသည်ကို တွေ့လိုက်ရသည် "ကောင်းတယ်... နက်နဲပုံရိပ်အဆင့် ရှိနေတာပဲ မင်းတို့က တကယ်ပဲ နန်းတွင်းက ခွေးတွေပဲ ညီအစ်ကိုတို့... ဒီသင်္ဘောပေါ်က လူအားလုံးကို ဖမ်းကြစမ်း"

"ချွင်"

ဓားဆွဲထုတ်သံများမှာ အဆက်မပြတ် ထွက်ပေါ်လာသည်။ လျန်ရှန်း၏ ခေါင်းဆောင်တစ်ဦးက ဆံပင်ဖြူနေသော အဖိုးအိုတစ်ဦးကို ခုတ်ချရန် ဓားကို မြှောက်လိုက်သည်။

"ဝုန်း"

နောက်တစ်ခဏတွင် ပြင်းထန်သော စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ထိုအဖိုးအိုက ဓားကို လက်ဗလာဖြင့် ဖမ်းယူလိုက်ကာ လက်သီးဖြင့် တစ်ချက်တည်း ထိုးချလိုက်ရာ တိုက်ခိုက်သူမှာ သတိလစ်သွားတော့သည်။

"မဟာသွေးကြောအဆင့်"

ကျန်ရှိနေသော ညီအစ်ကိုများမှာ အံ့အားသင့်သွားကြသည်။ ဒီအဖိုးအိုက တကယ်ပဲ မဟာသွေးကြောအဆင့် ရှိနေတာလား။

"ဒီခြေမသန်တဲ့သူက ဟွာကျင်းအဆင့် ပဲ"

သင်္ဘောအနှံ့တွင် အလားတူ ဖြစ်ရပ်များ ဖြစ်ပေါ်နေသည်။ လက်မပါသော အဖိုးအိုတစ်ဦးသည်ပင် သူ၏ အကျီလက်များကို အသုံးပြုကာ ဓားရှည်တစ်လက်ကို ကိုင်ဆောင်ပြီး ပတ်ဝန်းကျင်ကို ရမ်းခုတ်နေတော့သည်။

All Chapters