← Chapters

အခန်း (၄၄၄

Vol. 41 Ch. 444

အခန်း (၄၄၄

Vol. 41 Ch. 444

📝အပိုင်း - ၄၄၄

ဘာသာပြန် - Na Gar🐉

"သူက သိုင်းပညာရှင်တစ်ယောက်လို့ ကျွန်တော် ကြားတယ်"

ကျန်းရှန်က ကြည်ညိုလေးစားသော အမူအရာဖြင့် ပြောသည် "သူက ကျင့်ကြံခြင်းလောကက သိုင်းပညာရှင်လား ဒါမှမဟုတ် လူ့လောကက သိုင်းပညာရှင်လားဆိုတာတော့ ကျွန်တော် မသေချာဘူး၊ ဒါပေမဲ့ မသေမျိုးတွေက သူ့ကို ဆုငွေထုတ်ပြီး လိုက်ဖမ်းနေကြသလို သူ့ကိုလည်း ရှောင်နေကြတယ်။ အဲဒီမိစ္ဆာက ရက်စက်ကြမ်းကြုတ်တယ်လို့ ပြောကြတာမို့ အစ်ကို သတိထားပါဦး"

"ကောင်းပြီလေ ငါနားလည်ပါပြီ"

ချန်ဆန်းရှီ မတ်တပ်ရပ်လိုက်ပြီး လုံးဝတိတ်ဆိတ်သွားသော သင်္ဘောကြီးကို ကြည့်လိုက်သည် "ဒါကတော့..."

"ကျွန်တော်တို့မှာ တခြားဘာမှ မရှိရင်နေမယ်၊ သင်္ဘောတွေကတော့ အများကြီးရှိပါတယ်။ အစ်ကို့အတွက် ပိုကောင်းတဲ့ သင်္ဘောတစ်စင်း အခုပဲ ချက်ချင်း စီစဉ်ပေးပါ့မယ်"

ကျန်းရှန်က သူ၏ရင်ဘတ်ကို ပုတ်ကာ ပြောသည် "ပြီးတော့ သေသွားတဲ့လူအတွက်လည်း အစ်ကို စိတ်မပူပါနဲ့၊ သူက ကျွန်တော်တို့လူ မဟုတ်ပါဘူး။ အစ်ကိုက သခင်ကြီးဂျာရဲ့ နာမည်ကို သုံးထားတာဆိုတော့ ကျွန်တော် အဆင်ပြေအောင် ရှင်းပြလိုက်ပါ့မယ်"

ရုတ်ရုတ်သည်းသည်း ဖြစ်ရပ်များ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

နာရီဝက်အကြာတွင်။ သူတို့သည် သင်္ဘောအသစ်တစ်စင်းသို့ ပြောင်းရွှေ့ခဲ့ကြပြီး ရက်အနည်းငယ် ခရီးနှင်ပြီးနောက် နောက်ဆုံးတွင် ကုန်းပေါ်သို့ ဆိုက်ရောက်ခဲ့ကြသည်။ ဤနေရာမှာ နန်ရွှီ၏ နယ်နိမိတ်အတွင်း ဖြစ်သည်။

"သခင်ကြီး"

ချင်ချန်ရွှီက ပြောသည် "ဒီကနေ အရှေ့တောင်ဘက်ကို ဆက်သွားရင်တော့ လူသူကင်းမဲ့တဲ့ တောရိုင်းမြေတွေပဲ ရှိပါတော့တယ်။ ကျွန်တော်တို့ လိုက်လာဖို့က အသုံးမဝင်တော့ပါဘူး။ ကျွန်တော်တို့ အနီးဆုံး မြို့ငယ်လေးမှာ စောင့်နေပြီး သခင်ကြီးအပြန်အတွက် ပြင်ဆင်မှုတွေ လုပ်ထားပါ့မယ်"

ဘုရင်ခံအိမ်တော်က စေလွှတ်လိုက်သော လူများသည် ဤခရီးစဉ်၏ ရည်ရွယ်ချက်မှာ မသေမျိုးများကို ရှာဖွေရန်ဖြစ်ကြောင်း မသိကြပေ၊ လျှို့ဝှက်တာဝန်တစ်ခုဟုသာ သိထားကြသည်။ သူတို့သည် စည်းကမ်းများကို တိကျစွာ လိုက်နာကြပြီး ဘာမေးခွန်းမှ ထပ်မမေးကြပေ။ ထို့ပြင် သူတို့သည် ပိုရန်က စစ်သည်များ ချန်ဆန်းရှီအပေါ် သစ္စာရှိသကဲ့သို့ပင် ရဲရင့်ပြီး သစ္စာရှိကြသည်။

"ဒီခရီးစဉ်မှာ အတူတူ လိုက်ပါပေးခဲ့ကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်"

ချန်ဆန်းရှီက အလေးအနက် ဦးညွှတ်လိုက်သည် "ငါ လျန်ကျိုးကို ပြန်ရောက်တဲ့အခါ အားလုံးကို ကောင်းကောင်း ဧည့်ခံဖို့ အခွင့်အရေး ရှာပါ့မယ်"

"ဘာလို့ ဒီလောက်တောင် အားနာနေရတာလဲ သခင်ကြီး"

ချင်ချန်ရွှီက ပြန်ဖြေသည် "ကျွန်တော်တို့ စစ်တပ်ထဲမှာ မရှိတော့ပေမဲ့ ဘုရင်ခံအိမ်တော်ရဲ့ လက်အောက်မှာ အလုပ်လုပ်နေဆဲပါ၊ ဒါကြောင့် အမိန့်ကို နာခံတာဟာ ကျွန်တော်တို့ရဲ့ တာဝန်ပါပဲ။ နောက်မှ ပြန်တွေ့ကြတာပေါ့"

"နောက်မှ ပြန်တွေ့ကြတာပေါ့"

"ရှောင်ရှင်း... သွားကြစို့"

ချန်ဆန်းရှီက လှမ်းခေါ်လိုက်သည်။

"လာပြီ.."

အပြန်အလှန် နားလည်မှု ရှိနေကြသဖြင့် ရှောင်ရှင်းက လူစကား ပြန်ပြောလိုက်သကဲ့သို့ပင် သူ ခဏတာ ထင်ယောင်ထင်မှား ဖြစ်သွားမိသည်။ သင်္ဘောပေါ်တွင် ရှိနေစဉ်က ရှောင်ရှင်းကို ဂရုစိုက်ပေးမည့်သူ သီးသန့်ရှိခဲ့ပြီး သင်္ဘောနစ်ချိန်တွင်လည်း ၎င်းမှာ လှေငယ်ပေါ်သို့ ကိုယ်တိုင် ခုန်တက်နိုင်ခဲ့သည်။ တစ်စုံတစ်ဦးက သီးသန့် ရည်ရွယ်ပြီး တိုက်ခိုက်ခြင်း မခံရသရွေ့တော့ အလွန်အမင်း စိုးရိမ်စရာ မလိုပေ။

ဒါပေမဲ့ တကယ်တမ်းတော့... ဒီခရီးစဉ်မှာ ချန်ဆန်းရှီက ၎င်းကို ခေါ်လာဖို့ မရည်ရွယ်ခဲ့ပါဘူး၊ ဘာလို့လဲဆိုတော့ သူသွားမယ့်နေရာက ဒဏ္ဍာရီထဲက မသေမျိုးနယ်ပယ် ဖြစ်နေပြီး သူ့ကိုယ်သူတောင် ဘေးကင်းပါ့မလား မသေချာတဲ့အချိန်မှာ စစ်မြင်းတစ်စီးကိုပါ ခေါ်လာဖို့ဆိုတာ အန္တရာယ်များလွန်းလို့ပါ။

ဒါပေမဲ့ ရှောင်ရှင်းက ဒီခရီးကို သွားချင်လွန်းလို့ အစက ထားပစ်ခဲ့ချိန်မှာ အကြိမ်ကြိမ် ပြဿနာရှာခဲ့ပြီး သူဟာ ဝန်ထုပ်ဝန်ပိုး မဖြစ်စေရဘူးလို့ အာမခံချက်တွေ ပေးခဲ့ပြီးမှ နောက်ဆုံးမှာ ခေါ်လာခဲ့ခြင်း ဖြစ်သည်။ ဒါဟာ တစ်ဖက်မှာလည်း အသုံးဝင်လာနိုင်ခြေ ရှိသည်။

အဲဒီအခိုက်အတန့်မှာပဲ... စနစ်မျက်နှာပြင်မှာ ဝင်းခနဲ လက်သွားသည်။

[စွမ်းရည် - မြင်းထိန်းကျောင်းခြင်း (ကြီးမားသော အောင်မြင်မှု)]

[တိုးတက်မှု့ - ၀]

[စွမ်းဆောင်ရည် - အသိဉာဏ်ပွင့်လင်းမှု့]

[အသိဉာဏ်ပွင့်လင်းမှု့ - လူသားတွေမှာ ဝိညာဉ်အမြစ်ရှိသလို၊ သားရဲတွေမှာလည်း ဝိညာဉ်တံခါးတွေ ရှိကြပါတယ်။ လူသားတွေဟာ ဝိညာဉ်အမြစ်တွေ ပွင့်လာရင် မသေမျိုးလမ်းစဉ်ထဲ ဝင်နိုင်သလို၊ သားရဲတွေလည်း ဝိညာဉ်တံခါးတွေ ပွင့်လာရင် မသေမျိုးလမ်းစဉ်ထဲ ဝင်နိုင်ပါတယ်]

"?"

"ကလောက် ကလောက်"

ရှောင်ရှင်းက ခေါင်းကို ဝင့်ကြွားစွာ မြှောက်ရင်း ခွာကို စောင့်လိုက်သည်။

"မင်းလည်း မသေမျိုးဖြစ်အောင် ကျင့်ကြံချင်တာလား"

ချန်ဆန်းရှီက ၎င်း၏ လည်ဆံမွေးကို ပွတ်သပ်ပေးလိုက်ရင်း ဒါဟာ စနစ်ရဲ့ အကျိုးသက်ရောက်မှုလား၊ ဒါမှမဟုတ် ရှောင်ရှင်းကိုယ်တိုင်ကပဲ ထူးခြားနေတာလား၊ ဒါမှမဟုတ် နှစ်ခုလုံးလားဆိုတာ ဝေခွဲမရ ဖြစ်နေမိသည်။

သူသည် ဝိညာဉ်ကျောက်တုံးတစ်တုံးကို ထုတ်ပြီး စမ်းသပ်ကြည့်လိုက်သည် "မင်း ဒါကို သုံးလို့ရလား"

ထိုအခါ ကျောက်တုံးအတွင်းမှ ဝိညာဉ်စွမ်းအင် အမျှင်တန်းလေးများသည် ရှောင်ရှင်း၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားသည်ကို မြင်လိုက်ရသည်။ ချန်ဆန်းရှီက ဝိညာဉ်ကျောက်တုံးကို အမြန်ပင် ပြန်သိမ်းလိုက်သည်။ သူ့မှာ စုစုပေါင်း ခုနစ်တုံးပဲ ရှိတာဖြစ်ပြီး အခုကတည်းက အကုန်ခံလို့ မဖြစ်သေးပေ...။

"ဒီမြင်းက သာမန်သားရဲတော့ မဟုတ်ဘူး၊ ဒါပေမဲ့ နတ်သားရဲတော့ မဖြစ်

နိုင်သေးဘူး"

နင်ရှန်က ဆန်းစစ်ပြသည် "ကျွန်မ မှတ်တမ်းတွေထဲမှာ တွေ့ဖူးတာကတော့ နတ်သားရဲတွေမှာ ထူးခြားတဲ့ လက္ခဏာတွေ ရှိတတ်ကြတယ်၊ ဒါပေမဲ့ ကျင့်ကြံနိုင်တယ်ဆိုတာကတော့ သေချာပေါက် ကောင်းတဲ့အချက်ပါပဲ"

"ကဲ ထွက်ကြစို့"

ချန်ဆန်းရှီသည် ရှောင်ရှင်းပေါ်သို့ တက်လိုက်သည်။ နင်ရှန် နှင့် ကျောက်ကျောက်က နောက်ကနေ လိုက်လာကြသည်။ ယခုအထိတော့ ချန်

ယွမ်ရှီးမှလွဲ၍ ရှောင်ရှင်းက ထိုမိန်းကလေးကိုသာ စီးခွင့်ပေးထားပုံရသည်။ သို့သော် နင်ရှန်တို့မှာ သိုင်းပညာရှိကြပြီး ကိုယ်ဖော့ပညာများကို အသုံးပြုနိုင်ကြသဖြင့် အရှိန်ကို လိုက်မီကြသည်။

လူသုံးဦးပါဝင်သည့် အဖွဲ့သည် တောတောင်များအတွင်း လှည့်လည်သွားလာရင်း ခဏခဏ ရပ်နားခဲ့ကြသည်။ တောင်ဘက်သို့ ပိုရောက်လာလေလေ လေထုက ပို၍ စိုထိုင်းလာလေလေ ဖြစ်ပြီး နောက်ဆုံးတွင် မျက်နှာပေါ်မှာ မြူခိုးတွေ ထိတွေ့နေသကဲ့သို့ ခံစားလာရသည်။ ရက်အနည်းငယ်အတွင်း တောင်ထိပ်ပေါင်းများစွာကို ကျော်ဖြတ်ပြီးနောက်...

သူတို့ရှေ့တွင် မြို့ငယ်လေးတစ်မြို့ ပေါ်လာသည်။ ဤနေရာမှာ ပင်လယ်ကမ်းခြေသို့ မရောက်မီ နောက်ဆုံးရှိသည့် လူနေထိုင်ရာ အရပ်ဖြစ်သည်။

နန်လင်းမြို့ ။

မြို့က သေးငယ်သော်လည်း လိုအပ်သမျှတော့ အကုန်ရှိသည်၊ တည်းခိုခန်းများ၊ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ... ပင်လယ်နှင့် နီးသောကြောင့် ပင်လယ်၏ ငန်ကျိကျိ ရနံ့ကို အဝေးကပင် ရရှိနိုင်သည်။

"နန်လင်းမြို့" ဟူသော နယ်နိမိတ်မှတ်တိုင်ကို ကျော်ပြီးနောက် လမ်းဘေးဝဲယာတွင် ပင်လယ်စာ ရောင်းသည့် ဆိုင်လေးများ ရှိနေပြီး ဈေးနှုန်းများမှာလည်း တော်တော်လေး သင့်တင့်လှသည်။ နန်ရွှီတွင် ပင်လယ်ကမ်းရိုးတန်း ရှိသည်။ တောင်နှင့် ရေကို အမှီပြု၍ စားသောက်ကြသဖြင့် ပင်လယ်စာဆိုသည်မှာ ချင်နိုင်ငံမှာရော ဒါရှန်မှာပါ မရှိသည့်အရာ ဖြစ်ရာ ဒေသန္တရ ယဉ်ကျေးမှု အတွေ့အကြုံတစ်ခုပင် ဖြစ်သည်။

ဤနေရာသို့ မလာမီကပင် နင်ရှန်နှင့် ကျောက်ကျောက်တို့မှာ နန်ရွှီ၏ ရိုးရှင်းသော အဝတ်အစားများကို ကြိုတင်လဲလှယ်ထားခဲ့ကြသည်။ ချန်ဆန်းရှီ၏ ညွှန်ကြားချက် မလိုဘဲ သူတို့သည် လမ်းသို လမ်းကြားများအတွင်း သတင်းများကို စူးစမ်းရန် ကြိုတင်သွားခဲ့ကြပြီးနောက် သိလိုက်ရသည်မှာ...

ဤနေရာတွင် မသေမျိုးတစ်ဦး ရှိနေခြင်း ဖြစ်သည်။

"သေချာတာပေါ့၊ အမှန်ပဲ"

အဖိုးအိုတစ်ဦးက ပြောသည် "ကျွန်တော် ကိုယ်တိုင် မြင်ခဲ့တာ၊ အဲဒီညက မသေမျိုးတစ်ယောက်က ရတနာဓားကို စီးပြီး ကောင်းကင်မှာ ပျံသွားတာ"

"မိစ္ဆာတွေလည်း ရှိတယ်"

"မင်းတို့က မြို့တော်က လာတာလား"

"မင်းတို့လည်း မသေမျိုးကို တွေ့ခွင့်တောင်းဖို့ လာကြတာ မဟုတ်လား"

"ငါ ပြောပြမယ်၊ မသေမျိုးတင် ရှိတာ မဟုတ်ဘူး၊ မိစ္ဆာလည်း ရှိတယ်"

"အရင်က မသေမျိုးတစ်ယောက်က ငါတို့မြို့အဝင်ဝမှာတင် သေခဲ့ဖူးတယ်"

"ဟိုမှာကြည့်... အဲဒါ မိစ္ဆာကို ဖမ်းဖို့ ဆုငွေထုတ်ထားတာပဲ"

"..."

"ဆုလာဘ်"

အခြားတစ်ယောက်အဖြစ် ရုပ်ဖျက်ထားသော ချန်ဆန်းရှီက ငွေစတစ်စကို ပစ်ပေးလိုက်သည်။ သူ သတိထားမိလိုက်သည်မှာ လမ်းတစ်လျှောက်လုံးတွင် နန်ရွှီမှ အဆင့်မြင့် သိုင်းပညာရှင် အတော်များများ ရှိနေခြင်း ဖြစ်သည်။

သူတို့သည် ဒေသခံ အုပ်ချုပ်ရေးရုံးမှ ရဲမက်များအဖြစ် ဝတ်ဆင်ထားကြသော်လည်း ဤကဲ့သို့ ဝေးလံသော နေရာမျိုးတွင် အတွင်းအားသန့်စင်ခြင်းအဆင့်မှာ အကန့်အသတ် ဖြစ်သင့်သည်။ ဘယ်လိုဖြစ်ပြီး ဟွာကျင်းအဆင့် နဲ့ နက်နဲပုံရိပ်အဆင့် သိုင်းပညာရှင်တွေတောင် ဒီလောက်များနေရတာလဲ

သိသာသည်မှာ နန်ရွှီအစိုးရသည် ဤနေရာက လှုပ်ရှားမှုများကို သတိပြုမိသွားပြီး လူများကို တိတ်တဆိတ် စေလွှတ်လိုက်ခြင်း ဖြစ်ရမည်။

ဒီခရီးစဉ်မှာ... မူလက ချန်ဆန်းရှီဟာ မသေမျိုးနယ်ပယ်ရဲ့ အဝင်ဝကို ရှာဖွေဖို့ လာခဲ့တာဖြစ်ပေမဲ့ ဒီကို ရောက်တဲ့အခါမှာတော့ "မသေမျိုး" တွေဟာ "လူ့လောက" ဆီကို စုပြုံရောက်ရှိနေကြပုံရရာ ဤနေရာမှာ တစ်ခုခု အကြီးအကျယ် ဖြစ်ပျက်နေရမည်ဟု ထင်ရသည်။

ထို့ပြင် နန်ရွှီအစိုးရက အလိုရှိနေသည့် မသေမျိုးကို သတ်ဖြတ်ခဲ့သော မိစ္ဆာလည်း ရှိနေသေးသည်။ သူသည် လမ်းအတိုင်း ဆက်လျှောက်သွားခဲ့ရာ မကြာမီမှာပင် ဟင်းသီးဟင်းရွက် ဈေးအဝင်ဝ၌ ကပ်ထားသော ဆုငွေထုတ်ပြန်ချက်ကို တွေ့လိုက်ရသည်။

ထိုအပေါ်တွင် ပုံတူကားတစ်ချပ် ပါရှိသည်။

All Chapters