← Chapters

အခန်း (၄၄၆)

Vol. 41 Ch. 446

အခန်း (၄၄၆)

Vol. 41 Ch. 446

📝အပိုင်း - ၄၄၆

ဘာသာပြန် - Na Gar🐉

ဒါက သာမန်ထူးခြားသားရဲတစ်ကောင် မဟုတ်ဘဲ ဝိညာဉ်စွမ်းအင်ရှိတဲ့သားရဲတစ်ကောင် ဖြစ်ဖို့ များပါတယ်။ အကယ်၍ ဒါကို စားသုံးနိုင်မယ်ဆိုရင်တော့...

သူက ချက်ချင်းပဲ မေးလိုက်သည် "ဆိုင်ရှင်... ဒီငါးက ဘယ်လောက်လဲ"

"အာ... သူရဲကောင်းကြီးက တကယ်ကို အမြင်စူးရှတာပဲ" ဆိုင်ရှင်က ပြောသည် "ဒီငါးကို ဒီနေ့မှ ပင်လယ်ထဲက ဖမ်းမိတာပါ၊ သယ်ယူပို့ဆောင်ဖို့ မလွယ်သလို အသက်ရှင်အောင် ထားဖို့လည်း ခက်တယ်။ မဟုတ်ရင် မြို့တော်က အရာရှိကြီးတွေ ဝယ်သွားကြတာ ကြာလှပြီ။ ဈေးမကြီးပါဘူး၊ ငွေစင် ခြောက်ထောင်ပဲ ကျသင့်မှာပါ"

ငွေစင် ခြောက်ထောင်။ တကယ်ကို ထိုက်တန်တဲ့ ဈေးပါပဲ။ အထူးသဖြင့် ဆိုင်ရှင်က ဒီငါးဟာ ဝိညာဉ်သားရဲ ဖြစ်နေမှန်း မသိတာကြောင့်သာ ဖြစ်ပြီး မဟုတ်ရင်တော့ ခေါင်ခိုက်တဲ့ ဈေးနှုန်း ဖြစ်နေပါလိမ့်မယ်။

"ကောင်းပြီ... ဒီငါးကိုတော့ အစိမ်းလိုက်ပဲ စားမယ်၊ ပြီးတော့ ဟို ယုန်ဖြူလေးရယ်၊ ဗိုလ်ချုပ်ဂဏန်းရယ်၊ ခရမ်းရောင်ငှက်ကိုလည်း မင်းတို့ရဲ့ အကောင်းဆုံး နည်းလမ်းတွေနဲ့ ချက်ပြုတ်ပြီး ငါ့ရဲ့ သီးသန့်ခန်းကို ပို့ပေးပါ" ဟု ချန်ဆန်းရှီက မှာကြားလိုက်သည်။

"အခုပဲ လုပ်ပေးပါ့မယ်"

ဆိုင်ရှင်က လက်ထဲက အပ်ဘက်ကပ်တီးကို အမြန်ခေါက်လိုက်ပြီး "ဧည့်သည်တော်ကြီးအတွက် အကြွေဖယ်ပြီး စုစုပေါင်း ငွေစင် တစ်သောင်းလေးထောင်ပဲ ယူပါ့မယ်။ ကျွန်တော်တို့ ဆိုင်ရဲ့ စည်းကမ်းကတော့ အသားမပေါ်ခင် ငွေအရင်ရှင်းရတာပါ၊ ဒီရတနာတွေက ဆုံးရှုံးမှု မခံနိုင်လို့ ဧည့်သည်တော်ကြီး နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်"

"အင်း"

ချန်ဆန်းရှီက ငွေစက္ကူထုတ်ရန် လက်လှမ်းလိုက်သည်။ သူ မလာခင်ကပင် ဘုရင်ခံအိမ်တော်က နန်ရွှီဘဏ်မှ ငွေစက္ကူများကို အဆင်သင့် ပြင်ပေးထားပြီးသား ဖြစ်သည်။

အရောင်းအဝယ် ပြီးမြောက်တော့မည့် အချိန်မှာပင် ကြမ်းတမ်းသော အသံတစ်ခု ထွက်ပေါ်လာသည်။

"နေဦး အဲဒီငါးကို ငါယူမယ်" မြွေရေခွံအိတ်တစ်အိတ်ကို ပခုံးပေါ် ထမ်းထားသည့် မုတ်ဆိတ်ဗလပွနှင့် လူသန်ကြီးတစ်ဦး လျှောက်လာသည်။

"ဧည့်သည်တော်... " ဆိုင်ရှင်က တစ်ခုခု ပြောရန် ပါးစပ်ဟလိုက်သည်။

ထိုအခါ "ဒုန်း" ခနဲ အသံနှင့်အတူ မုတ်ဆိတ်နှင့်လူက မြွေရေခွံအိတ်ကို မြေကြီးပေါ် ချလိုက်ပြီး ဖွင့်ပြလိုက်ရာ အတွင်း၌ တဖျတ်ဖျတ် တောက်ပနေသည့် ရွှေတုံးများ အထပ်လိုက် ပေါ်လာသည် "ရွှေစင် ငါးထောင်"

"ဒါ... ဒါက..."

ဆိုင်ရှင်၏ မျက်စိများ ပြူးသွားပြီး လေးလံသော ရွှေတုံးတစ်တုံးကို ယူကာ ကိုက်ကြည့် စစ်ဆေးပြီးနောက် "တကယ်ကြီးလား"ဟု မေးလိုက်သည်။

"အပိုတွေ ပြောမနေနဲ့"

လူသန်ကြီးက အေးစက်စွာ ပြောသည် "သူ့ကို ရောင်းမလား၊ ငါ့ကို ရောင်းမလား... မင်း ရွေးလိုက်"

ဝင်းအတွင်း၌ ထိုင်နေသော နက်နဲပုံရိပ်အဆင့် သိုင်းပညာရှင်ကို တစ်ချက်

ကြည့်ကာ ခွင့်ပြုချက်တောင်းပြီးနောက် ဆိုင်ရှင်က ချောင်းဟန့်၍ ပြောသည် "အဟမ်း... ဧည့်သည်တော်ကြီးခင်ဗျာ၊ ကျွန်တော်တို့ဆိုင်မှာ မရေးထားတဲ့ စည်းကမ်းတစ်ခု ရှိပါတယ်။ အဲဒါကတော့ ဈေးအများဆုံး ပေးနိုင်တဲ့သူက ပစ္စည်းကို ရတာပါပဲ။ အကယ်၍ ဧည့်သည်တော်ကြီးက ဒီထက် ပိုမပေးနိုင်ဘူးဆိုရင်တော့..."

"မင်းလို အဖိုးကြီးကများ"

မုတ်ဆိတ်နှင့်လူက ဒေါသတကြီး မျက်လုံးပြူးကြည့်လိုက်သည် "မင်းက တကယ်ပဲ ငါနဲ့ ယှဉ်ပြိုင်ချင်နေတာလား"

သူ ပြောနေစဉ်မှာပင် သူ၏ ပတ်ဝန်းကျင်၌ ဝိညာဉ်စွမ်းအားများ လှုပ်

ခတ်လာပြီး သူသည် ချိီသန့်စင်ခြင်း တတိယအဆင့်ခန့်မှာ ရှိနေကြောင်း ခြိမ်းခြောက်ပြလိုက်သည်။ ထို့တင်မကဘဲ ထိုလူက အိတ်ကို မဖွင့်ခင်မှာပင် ဝိညာဉ်စွမ်းအင်များကို အိတ်ထဲသို့ ထည့်သွင်းလိုက်သည်ကို ချန်ဆန်းရှီ ကိုယ်တိုင် မြင်လိုက်ရသည်။ ဆိုလိုသည်မှာ ထိုရွှေများသည် အတုများသာ ဖြစ်ဖို့ များနေပါပြီ။

ထိုလူမှာ တရားမျှတစွာ ဈေးပြိုင်ပေးရန် ရည်ရွယ်ချက် မရှိသည်မှာ ထင်ရှားလှသည်။

ခဏအကြာတွင် ချန်ဆန်းရှီက အေးဆေးစွာ ပြောလိုက်သည် "မိတ်ဆွေက ပိုပြီး မြင့်မားတဲ့ ဈေးကို ပေးထားတာဆိုတော့ ဒီပစ္စည်းက မိတ်ဆွေအတွက်ပဲ ဖြစ်သင့်ပါတယ်"

"ဟားဟားဟား မင်းကတော့ လူရည်လည်သားပဲ ကောင်လေး" ထိုလူက အားရပါးရ ရယ်မောလိုက်ပြီး ရေကန်ထဲမှ ဝိညာဉ်ငါးကို ဆွဲယူကာ အကြေးခွံတွေရော ဘာတွေရော ဂရုမစိုက်ဘဲ အစိမ်းလိုက် ကိုက်စားရင်း ထွက်သွားတော့သည်။

"ဧည့်သည်တော်ကြီး..."

ဆိုင်ရှင်က ချော့မော့သော အပြုံးဖြင့် ပြောသည် "တခြား အရာတစ်ခုခုကို ထပ်ကြည့်ပါဦးမလား"

"ဟို ဖားစိမ်းလေး ပေးပါ" ချန်ဆန်းရှီ၏ ကံတရားက သိပ်တော့ မဆိုးလှပေ။ သူသည် ထောင့်တစ်နေရာတွင် အခြားသော ဝိညာဉ်သားရဲ တစ်ကောင်ကို ထပ်တွေ့ခဲ့ပြန်သည်။ ၎င်းမှာ အစောပိုင်းက ငါးထက် အရည်အသွေး အများကြီး နိမ့်သော်လည်းပေါ့။ ယခုတစ်ကြိမ်မှာတော့ ဘယ်သူမှ လာလုခြင်း မရှိတော့ပေ။

မကြာမီမှာပင် သီးသန့်ခန်းအတွင်းရှိ စားပွဲပေါ်တွင် အစားအစာများ ပြည့်နှက်သွားသည်။ ကျောက်ကျောက်ကတော့ မျက်လုံးလေးတွေ တောက်ပသွားပြီး တူကို ကိုင်ကာ စတင် စားသောက်တော့သည်။

"ဗိုလ်ချုပ်"

နင်ရှန်က အသားတစ်ဖဲ့ကို ချန်ဆန်းရှီ၏ ပါးစပ်ထဲသို့ ခွံ့ပေးရင်း မေးသည် "ကျွန်မတို့ ဒီမှာ ရက်အနည်းငယ်လောက် ထပ်နေကြမလား ဒီနေရာမှာ မသေမျိုးတွေ အများကြီး ရှိနေတာဆိုတော့ အခွင့်အရေးကောင်းတွေ အများကြီး ရှိနေရမယ်"

"အခုချက်ချင်း ထွက်ကြမယ်" ချန်ဆန်းရှီက ပြတ်သားစွာ ပြောသည် "ပင်လယ်ထဲ ထွက်ဖို့ သင်္ဘောရတာနဲ့ ငါတို့ သွားမယ်။ ဒီမှာ အချိန်မဆွဲသင့်ဘူး"

သူ တစ်နေကုန် စောင့်ကြည့်ခဲ့ရသလောက် ဒီမြို့ငယ်လေးမှာ အမြင့်ဆုံးအဆင့် ကျင့်ကြံသူဟာ ချိီသန့်စင်ခြင်း ပြီးပြည့်စုံခြင်း အဆင့်မှာပဲ ရှိပြီး ကျန်တဲ့သူ အများစုကတော့ အလယ်အလတ်အဆင့်တွေ ဖြစ်ကြသည်။ အစောပိုင်းက လူဆိုလျှင် တတိယအဆင့်လောက်မှာပဲ ရှိပြီး ၎င်းမှာ အနိမ့်ဆုံးအဆင့်လို့တောင် ပြောလို့ရသည်။ ဤရန်ပွဲတွေကြားထဲ ဝင်ပါချင်လျှင် သူသည် အနည်းဆုံး စစ်နတ်ဘုရားအဆင့်ကို ကျော်ဖြတ်ထားနိုင်မှ ဖြစ်ပေလိမ့်မည်။

"အမိန့်အတိုင်းပါ" ဟု နင်ရှန်က နာခံလိုက်သည်။

ထူးခြားသားရဲအသားများကို အတော်အတန် စားသုံးပြီးနောက် ချန်ဆန်းရှီသည် တံခါးပိတ်ကာ ဝင်းအတွင်း၌ စတင် လေ့ကျင့်တော့သည်။ ယခုတစ်ခေါက်တွင် သူသည် လေးရော လှံရှည်ကိုပါ ယူဆောင်လာခဲ့သည်။ သို့သော် ၎င်းမှာ လီချွမ်လှံ မဟုတ်ဘဲ လက်နက်တိုက်မှ တိုက်ရိုက်ယူလာသည့် ထူးခြားသော လက်နက်တစ်ခု ဖြစ်သည် ၎င်းမှာ သတ္တုစစ်စစ်ဖြင့် ပြုလုပ်ထားပြီး အစိတ်အပိုင်းများအဖြစ် ဖြုတ်၍ သယ်ဆောင်နိုင်ကာ အလိုရှိမှ ပြန်တပ်ရသည့် "ကျားခေါင်းရွှေလှံ"ဖြစ်သည်။ သံမဏိအူတိုင်လေး လည်း ပါရှိသည်။ ထိုနှစ်ခုလုံးကို သစ်သားသေတ္တာတစ်ခုထဲတွင် ထည့်ထားပြီး ကျောက်ကျောက်က ကျောပိုး၍ သယ်ဆောင်လာခြင်း ဖြစ်သည်။

[သိုင်းပညာ - တိုင်းပြည်စောင့်နဂါးလှံ (နက်နဲပုံရိပ်အဆင့် - အခြေခံ)]

[တိုးတက်မှု - ၄၀၁/၅၀၀]

ချန်ဆန်းရှီသည် ညနက်သည်အထိ ချွေးရွှဲအောင် လေ့ကျင့်နေခဲ့သည်။ နောက်ဆုံးတွင် သူသည် လှံရှည်ကို ချလိုက်ပြီး လေပူများကို အားရပါးရ မှုတ်ထုတ်လိုက်သည်။ နင်ရှန်က ချက်ချင်းပင် လက်ကိုင်ပဝါဖြင့် ချွေးသုတ်ပေးရန် ရောက်လာသည်။

"ငါ့ကို ဒီလိုမျိုး ဖားနေဖို့ မလိုပါဘူး"

ချန်ဆန်းရှီက အေးဆေးပင် ပြောလိုက်သည် "ငါတို့ကြားမှာ ကတိစာချုပ် ရှိနေပေမဲ့ မင်းမှာ မရိုးသားတဲ့ စိတ်မရှိသရွေ့ ငါ ဒါကို သုံးပြီး မင်းကို ဘာမှ အတင်းအကျပ် မခိုင်းပါဘူး။ ပြီးတော့ ငါတို့ ပြန်ရောက်တဲ့အခါမှာလည်း မင်းကို ဒီစာချုပ်ကနေ လွှတ်ပေးနိုင်ပါတယ်"

သူသည် သူတစ်ပါး၏ အသက်ကို ထိန်းချုပ်ထားလိုစိတ် မရှိပေ။ ဤခရီးတွင် စာချုပ်ချုပ်ခဲ့ခြင်းမှာ မယုံကြည်မှုကြောင့် ဖြစ်ပေါ်လာသည့် ကိုယ်တိုင်ကာကွယ်ရေး အစီအမံတစ်ခုသာ ဖြစ်သည်။

"ဗိုလ်ချုပ်... တကယ် ပြောနေတာလားဟင်" နင်ရှန်အနေဖြင့် မယုံကြည်နိုင်အောင် ဖြစ်သွားရသည်။ မသေမျိုးရှာဖွေရေးမျှော်စင်မှာဆိုလျှင် အရင်းအမြစ်တွေ ရရှိဖို့အတွက် ဘယ်တော့မှ ဖျက်သိမ်းလို့မရတဲ့ သွေးကတိသစ္စာကို ချုပ်ဆိုရလေ့ရှိပြီး ၎င်းမှာ လူတစ်ယောက်ကို ထာဝရ ထိန်းချုပ်ထားသည့် နည်းလမ်းဖြစ်သည်။ ဘယ်သူကများ မိမိလက်အောက်က အသက်ပေးရဲရင့်သူတစ်ယောက်ကို ဒီအတိုင်း လွှတ်ပေးမှာလဲ။ ဒါဟာ ပြည့်တန်ဆာအိမ်က အမေကြီးက မိန်းကလေးတစ်ယောက်ကို အလကား လွတ်လပ်ခွင့် ပေးလိုက်တာနဲ့ တူနေတာပဲ။ ဒီလိုမျိုး ကောင်းကွက်က ကမ္ဘာပေါ်မှာ ဘယ်မှာ ရှိမှာလဲ။

"မင်းကို လိမ်ပြောစရာ လိုလို့လား"

ချန်ဆန်းရှီက အေးစက်သော လေသံဖြင့် ပြန်ဖြေသည် "ဒါ့အပြင် ဘုရင်ခံအိမ်တော်က မင်းကို ဆက်ပြီး ကာကွယ်ပေးသွားမှာပါ။ အသုံးချပြီးရင် ပစ်ပယ်ထားမှာ မဟုတ်ဘူး။ ဒါကြောင့် ငါ့ကို တမင်တကာ စိတ်ကျေနပ်အောင် လုပ်နေဖို့ မလိုတော့ပါဘူး၊ မင်း လုပ်စရာ ရှိတာကိုပဲ လုပ်ပါ"

All Chapters