← Chapters

အခန်း (၄၄၈)

Vol. 41 Ch. 448

အခန်း (၄၄၈)

Vol. 41 Ch. 448

📝အပိုင်း - ၄၄၈

ဘာသာပြန် - Na Gar🐉

ကျင့်ကြံသူ နှစ်ဆယ်ကျော်ဟာ လက်ဗလာနဲ့ပဲ ပြန်သွားခဲ့ကြရသည်။

ချန်ဆန်းရှီသည် သူ၏ အခန်းထဲသို့ ပြန်လာခဲ့သည်။ သူက မေးလိုက်သည် "သူတို့ပြောနေတဲ့ ဝိညာဉ်ကြောဆိုတာ ဘာလဲဆိုတာ မင်းသိလား"

နင်ရှန်က ခေါင်းကို အသာအယာ ခါပြသည် "သဘာဝတရားရဲ့ ဝိညာဉ်စွမ်းအင်တွေနဲ့ သက်ဆိုင်နေမယ်လို့ ထင်ရတာပဲ"

"သဘာဝတရားရဲ့ ဝိညာဉ်စွမ်းအင်..."

ချန်ဆန်းရှီ တွေးတောနေမိသည်။ ဤကမ္ဘာမှာ ဝိညာဉ်စွမ်းအင်တွေက ဘယ်ကလာတာလဲ၊ ကျင့်ကြံခြင်းလောကကနေ လူ့လောကထဲအထိ ကျင့်ကြံသူတွေ အများကြီး ရောက်လာပြီး အသက်နဲ့လဲပြီး လုနေကြရအောင် ဘယ်လိုရတနာမျိုးတွေ ရှိနေလို့လဲ။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ဒါက သူ လောလောဆယ် ဝင်ပါလို့ရတဲ့ ကိစ္စမျိုးတော့ မဟုတ်တာ သေချာသည်။ အကောင်းဆုံး နည်းလမ်းကတော့ ရှောင်ထွက်သွားဖို့ပါပဲ။

ညသန်းခေါင်ကျော်သွားပြီ ဖြစ်သည်။ ဒီလောက်အထိ ရုတ်ရုတ်သည်းသည်း ဖြစ်သွားပြီးနောက်မှာတော့ ဘယ်သူမှ အိပ်မပျော်ကြတော့ပေ။ ချန်ဆန်းရှီသည် အရုဏ်တက်ချိန်အထိ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့ပြီးမှ နင်ရှန်တို့အဖွဲ့ကို ဆိပ်ကမ်းသို့ ခေါ်ဆောင်လာခဲ့သည်၊ ဤပြဿနာများလှသော နေရာမှ အမြန်ဆုံး ထွက်ခွာသွားရန်သာ သူ အလိုရှိတော့သည်။

နန်လင်းမြို့ရှိ ဒေသခံ ငါးဆယ်ရာခိုင်နှုန်းကျော်မှာ တံငါသည်များ ဖြစ်ကြသည်။ သို့သော် မနက် ၅ နာရီမှာတင် ဆိပ်ကမ်းအနီး၌ လူများဖြင့် စည်ကားနေပြီ ဖြစ်သည်၊ အချို့က ပင်လယ်ထဲ ထွက်ရန် ပြင်ဆင်နေကြပြီး အချို့က ပင်လယ်ထဲတွင် ရက်အတော်ကြာ နေပြီးမှ ပြန်ရောက်လာကြခြင်း ဖြစ်သည်၊ အစိုးရတပ်ဖွဲ့များလည်း အင်အားအလုံးအရင်းဖြင့် အခြေအနေကို ထိန်းသိမ်းနေကြသည်။

လူတိုင်းက မနေ့ညက ဖြစ်ရပ်များကို ပြောဆိုနေကြသည်။ ကောင်းကင်မှာ ဓားစီးပြီး ပျံသန်းနေကြတဲ့ မသေမျိုး အုပ်စုတွေအကြောင်းပေါ့။ ဤဝေးလံသော နေရာတွင် တစ်သက်လုံး နေထိုင်လာခဲ့ကြသည့် ဒေသခံ သက်ကြီးရွယ်အိုများအတွက်တော့ ဒါဟာ လက်ခံရခက်သည့် ကိစ္စတစ်ခု ဖြစ်သည်၊ ထို့ပြင် နန်ရွှီအစိုးရကလည်း ဆွေးနွေးညှိနှိုင်းရန်အတွက် စစ်တပ်ကြီးတစ်တပ်ကို စေလွှတ်ရန် ပြင်ဆင်နေသည်ဟု ဆိုကြသည်။

"အဲဒီမှာ ရပ်စမ်း"

"ပြဿနာရှာတဲ့ကောင် ရတနာငါးတွေကို တိတ်တဆိတ် ဝှက်ထားရဲတယ်

ပေါ့"

"..."

မလှမ်းမကမ်းတွင်။ ပင်လယ်ထဲက ခုမှ ပြန်ရောက်လာသည့် တံငါသည်

တစ်ဦးမှာ ရတနာငါး တွေကို ခိုးယူသွားရန် ကြိုးစားနေသည်ကို အစိုးရစစ်သည်အချို့က တွေ့ရှိသွားပြီး ထိုနေရာမှာတင် ဝိုင်းဝန်းရိုက်နှက်နေကြသည်။

"မတရားဘူး"

"ကျွန်တော်တို့က ဒီမှာ မျိုးဆက်နဲ့ချီပြီး တံငါလုပ်လာကြတာ"

"ကျွန်တော်တို့ စားစရာမရှိတုန်းကတော့ ဘယ်သူမှ ဂရုမစိုက်ကြဘူး"

"အခု ရတနာငါးတွေနဲ့ ထူးခြားသားရဲတွေ ရလာတော့မှ မင်းတို့က အကုန်လုံးကို လာထိန်းချုပ်တော့တာပဲ"

"ပြဿနာရှာတဲ့ကောင်... သေချင်နေတာလား"

"..."

စုံစမ်းကြည့်လိုက်မှ သိလိုက်ရသည်။ မကြာသေးမီက နန်ရွှီအစိုးရသည် နန်လင်းမြို့သို့ အရာရှိများကို စေလွှတ်ခဲ့သည်၊ ပထမဆုံးအနေဖြင့် ဒေသခံမုဆိုးများကို အမဲလိုက်ခွင့် ပိတ်ပင်ခဲ့သည်၊ ထို့နောက် ဆိပ်ကမ်းသို့လာ၍ ငါးများကို သိမ်းဆည်းခဲ့ပြီး တံငါသည်များအနေဖြင့် တစ်လလျှင် အခွန်အဖြစ် ပေးဆောင်ရမည့် ရတနာငါး ပမာဏကို သတ်မှတ်ခဲ့သည်၊ ထိုငါးများကို အစိုးရထံသို့သာ ရောင်းချရမည် ဖြစ်သည်၊ ဈေးနှုန်းနှင့် ပတ်သက်လျှင်မူ... အကျင့်ပျက် ခြစားနေသော စာရေးအချို့မှာ ကြေးပြားတစ်ပြားပင် မပေးဘဲ အားလုံးကို ကိုယ်ကျိုးအတွက် သိမ်းယူနေကြခြင်း ဖြစ်သည်။

သိုင်းပညာရှင်တွေ ဒါမှမဟုတ် ကျင့်ကြံသူတွေအတွက်တော့ ဒီနေရာက တစ်သက်မှာ တစ်ခါကြုံရမယ့် အခွင့်အရေး ဖြစ်နိုင်ပေမဲ့ နန်လင်းမြို့က လူတွေအတွက်တော့ ဒါဟာ ဖော်ပြမတတ်တဲ့ ဘေးအန္တရာယ်တစ်ခု ဖြစ်လာခဲ့သည်။

"..."

ချန်ဆန်းရှီသည် ဆိပ်ကမ်းတစ်လျှောက် သွားလာရင်း "ထျန့်ယာပင်လယ်" အကြောင်း စုံစမ်းသော်လည်း ဒေသခံများက မကြားဖူးကြောင်းသာ ပြောကြသဖြင့် သူတို့ကို ပင်လယ်ထဲ လိုက်ပို့ပေးနိုင်မည့် တံငါသည် ရှိမလားဟု တိုက်ရိုက် မေးလိုက်သည်။

အစပိုင်းတွင် ဆုကြေးငွေ အမြောက်အမြား ပေးမည်ဟု ကြားသောကြောင့် လူအများအပြား စိတ်ဝင်စားကြသော်လည်း ထျန့်ယာပင်လယ်ကို ရှာတွေ့ပြီးနောက် ဆက်သွားမည်ဟု သိလိုက်ရသောအခါတွင်မူ အားလုံး ကြောက်လန့်တကြား ငြင်းပယ်ကုန်ကြသည်။ သေသေချာချာ မေးမြန်းကြည့်မှ သိလိုက်ရသည်မှာ။

ပင်လယ်ခရီးစဉ်မှာ မိုင်ပေါင်း လေးထောင်အထိ ရှိပြီး ထိုနေရာသည် အဆုံးသတ် ဖြစ်သည်။ မိုင်လေးထောင် ကျော်လွန်သွားလျှင် ပင်လယ်ပြင်မှာ မြူထူထူကြီးများဖြင့် ဖုံးလွှမ်းနေပြီး ထိုအတွင်းသို့ ဝင်သွားသည့် လှေများမှာ ဘယ်တော့မှ ပြန်မလာတော့ပေ။

"မြူထူထူကြီး..."

ဤစကားကို ကြားသောအခါ ချန်ဆန်းရှီသည် သူ လာသည့်နေရာ မှန်ကန်ကြောင်း ပို၍ သေချာသွားခဲ့သည်၊ ထို့ပြင် ဤကမ္ဘာကို ကျင့်ကြံခြင်းလောကကနေ နည်းလမ်းတစ်ခုခုနဲ့ တမင်တကာ သီးခြားခွဲထုတ်ထားသလိုမျိုး ခံစားချက်ကိုလည်း ရရှိခဲ့သည်။

သူသည် "ထျန့်ယာပင်လယ်" အကြောင်းကို ဆက်လက်စုံစမ်းနေခဲ့သည်၊ ကျယ်ပြောလှသော ပင်လယ်ပြင်တွင် အတွေ့အကြုံရှိသူ တစ်ဦးပါမှသာ အဆင်ပြေမည် ဖြစ်သည်။ မွန်းတည့်ချိန်သို့ ရောက်မှသာ အဖိုးအိုတစ်ဦးက ထိုအကြောင်းကို သိထားကြောင်း ပြောလာသည်။

"ထျန့်ယာပင်လယ် ဆိုတာလား..."

အဖိုးအိုက အဆုံးမဲ့သော သမုဒ္ဒရာကြီးကို ငေးကြည့်ရင်း ပြောသည် "လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးဆယ်တုန်းက လောကီသူရဲကောင်း အတော်များများ ကျွန်တော်တို့မြို့ကို လာခဲ့ကြဖူးတယ်၊ သူတို့လည်း ထျန့်ယာပင်လယ်ကို သွားချင်ကြတာပဲ"

"အဲဒီတုန်းက သူတို့တွေက ကျွန်တော့်အဖေကို ပင်လယ်ထဲ လိုက်ပို့ဖို့ ခေါ်သွားခဲ့ကြတယ်၊ အဲဒီနောက် သူတို့ ဘယ်တော့မှ ပြန်မလာကြတော့ဘူး"

"သူရဲကောင်းကြီး... အဖိုး အနေနဲ့ အကြံပေးချင်တာကတော့ ကိုယ့်အသက်ကို ကိုယ်တန်ဖိုးထားပါ၊ မဆင်မခြင် မလုပ်ပါနဲ့"

သူသည် လမ်းပြပေးရန် ငြင်းဆိုခဲ့သည်။ ချန်ဆန်းရှီက ဈေးကောင်းပေးသော်လည်း အဖိုးအိုမှာ လှေရောင်းပေးရန်သာ သဘောတူခဲ့သည်၊ အတွေ့အကြုံရှိသည့် တံငါသည် အိုကြီးတွေတောင် မြူထူထူကြီးတွေကြားမှာ လမ်းမရှာနိုင်မှတော့... ဟု သူ တွေးလိုက်မိသည်။ ထို့ပြင် သူ သိထားသည့် "ထျန့်ယာပင်လယ်" ဘက်သို့ ဦးတည်ချက်မှာလည်း ဝေဝါးလှသည်၊ အကယ်၍ ပင်လယ်ပြင်မှာ သူဘာသာ လိုက်ရှာနေမည်ဆိုလျှင် အချိန်အကြာကြီး ကြာသွားပေလိမ့်မည်။

"ဒီ တာအိုမိတ်ဆွေက မသေမျိုးလမ်းစဉ်ကို ရှာနေသူလား"

အိုမင်းသော အသံတစ်ခု သူ၏နားထဲတွင် ထွက်ပေါ်လာသည်။ ချန်ဆန်းရှီ လှည့်ကြည့်လိုက်သောအခါ မြည်းတစ်ကောင်ကို ဆွဲပြီး အရက်ဝယ်နေသည့် ကျင့်ကြံသူ အဖိုးအိုကို တွေ့လိုက်ရသည်၊ အချို့သောအရာများကို ဖုံးကွယ်၍မရမှန်း သိသဖြင့် သူသည် ဟန်ဆောင်ထားသော အထောက်အထားကိုသာ သုံးပြီး မငြင်းတော့ပေ "မှန်ပါတယ်"

"ဒါဆိုရင်တော့ တာအိုမိတ်ဆွေ... ကြိုးစားမနေပါနဲ့တော့"

အဖိုးအိုက ရယ်မောရင်း ပြောသည် "ဒီကမ္ဘာမှာ ရှေးဟောင်းအစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး ချမှတ်ထားတဲ့ အတားအဆီး တစ်ခု ရှိတယ်၊ သာမန်လှေတွေနဲ့ ထျန့်ယာပင်လယ်ကို မရောက်နိုင်ပါဘူး။ အကယ်၍ တာအိုမိတ်ဆွေအနေနဲ့ အတင်းအကျပ် မြူထူတွေထဲ ဝင်သွားမယ်ဆိုရင်တော့ အသက်ဆုံးရှုံးဖို့ ကိုးဆယ့်ကိုးရာခိုင်နှုန်း သေချာနေပြီ၊ ကိုယ့်ရဲ့ အားအင်တွေကို အလဟဿ အကုန်မခံပါနဲ့တော့"

"ဒါပေမဲ့..."

သူ၏ လေသံက ပြောင်းသွားသည် "မင်း ငါ့ကို ဝိညာဉ်ကျောက်တုံး နှစ်တုံး ပေးမယ်၊ ငါတို့ မိတ်ဆွေဖွဲ့ကြမယ်ဆိုရင်တော့ ငါ မင်းကို လမ်းမှန် ပြပေးနိုင်တယ်၊ ဘယ်လိုလဲ"

ဝိညာဉ်ကျောက်တုံး နှစ်တုံး...။ အလယ်အလတ်တန်းစား ဝိညာဉ်ကျောက်တုံးကို ဖယ်ထားလျှင် ချန်ဆန်းရှီ လက်ထဲမှာ ခုနစ်တုံးပဲ ရှိသည်၊ နှစ်တုံးဆိုသည်မှာ သုံးပုံတစ်ပုံနီးပါး ရှိနေသဖြင့် တကယ်ကို နှမြောစရာ ကောင်းလှသည်။ သို့သော် တစ်နေကုန် စုံစမ်းခဲ့သမျှအရ အကူအညီမပါဘဲ ထျန့်ယာပင်လယ်ကို ရောက်ဖို့ဆိုတာ တကယ်ကို မဖြစ်နိုင်သလောက်ပါပဲ။

နောက်ဆုံးတွင် သူသည် ထပ်မံညှိနှိုင်းကြည့်သည်။

"ခင်ဗျား တကယ် ပြောနေတာလား"

"ဝိညာဉ်ကျောက်တုံး နှစ်တုံးတည်းနဲ့တော့ အဖိုးမော့က မင်းကို မလိမ်ပါဘူး"

အဖိုးအိုက သူ၏ ဘူးသီးခြောက်ဘူးထဲမှ အရက်ကို တစ်ငုံ သောက်လိုက်သည် "မြန်မြန် စဉ်းစားပါ၊ အချိန်က လူကို မစောင့်ဘူးနော်"

"သဘောတူတယ်"

ချန်ဆန်းရှီမှာ အခြားရွေးချယ်စရာ မရှိတော့ပေ။ ထို ဝိညာဉ်ကျောက်တုံး နှစ်တုံးနှင့် သူ လောင်းကြေးထပ်လိုက်ရုံသာ ရှိတော့သည်။

အဖိုးအို၏ သစ်ခေါက်လို ကြမ်းတမ်းသော လက်များက ရှေ့သို့ လှမ်းလာပြီး ဝိညာဉ်ကျောက်တုံးများကို သူ၏ အိတ်ထဲသို့ သိမ်းလိုက်သည်။

"တာအိုမိတ်ဆွေ..."

ချန်ဆန်းရှီက နှမြောဟန်ပြကာ ပြောလိုက်သည် "ကျွန်တော့်မှာ ဝိညာဉ်ကျောက်တုံး လေးတုံးပဲ ရှိတာပါ၊ အခုတော့ အကုန်လုံးနီးပါး ခင်ဗျားဆီ ရောက်သွားပြီ"

"စိတ်ချပါ စိတ်ချပါ"

အဖိုးအိုက အေးအေးလူလူပင် ပြောသည် "အဖိုးမော့ရဲ့ မျိုးရိုးနာမည်က မော့မင်ကျူး ပါ၊ မင်း ငါ့ကို အဖိုးမော့ လို့ပဲ တိုက်ရိုက် ခေါ်လို့ရပါတယ်"

All Chapters