← Chapters

အခန်း (၄၅၀)

Vol. 41 Ch. 450

အခန်း (၄၅၀)

Vol. 41 Ch. 450

📝အပိုင်း - ၄၅၀

ဘာသာပြန် - Na Gar🐉

သင်္ဘောဆိုသည်မှာ စိတ်ထင်သလို လွယ်လွယ်ကူကူ တက်ရမည့်အရာ မဟုတ်ပေ။

ပြီးတော့ ဝိညာဉ်စွမ်းအင်တွေ ပြန်လည်နိုးထလာတယ်ဆိုတာကလည်း... တကယ်ကို နားလည်ရခက်လှသည်။ အကယ်၍ ဤနေရာသည် ဝိညာဉ်

စွမ်းအင်များ နိုးထလာမှုကြောင့် မသေမျိုးများ စုဝေးရာနေရာ ဖြစ်

နေသည်ဆိုလျှင် လျန်ကျိုး ရဲ့ အခြေအနေကရော ဘယ်လိုရှိနေမလဲ။ ပြီးတော့ အဲဒီ သရဲမျက်နှာဖုံး မိစ္ဆာကရော ဘာလုပ်ချင်နေတာလဲ။

ဤအတွေးမျိုးစုံနှင့်အတူ သူသည် တည်းခိုခန်းသို့ ပြန်လာခဲ့ပြီး သတင်းအချက်အလက် စုဆောင်းရန် လမ်းခွဲသွားခဲ့သည့် နင်ရှန်နှင့် ပြန်ဆုံခဲ့သည်။

"ရှင်... ကျွန်မ အရင်သွားနှင့်တော့မယ်နော်"

တည်းခိုခန်း၏ ရှေ့တွင် နင်ရှန်သည် ချောမောခန့်ညားသော လူငယ်တစ်ဦးနှင့် စကားပြောနေသည်။ ထိုတင်မကသေးပေ။ ယခင်က မြင်တွေ့နေကျ ကာမဂုဏ်အာရုံကို လှုံ့ဆော်တတ်သည့် ပြည့်တန်ဆာမလေး နင်ရှန်မှာ အဘယ်မှာနည်း။ ယခု သူမ၏ မျက်နှာကို ခရမ်းရောင် ပုဝါပါးလေးဖြင့် အုပ်ထားပြီး သူမ၏ အမူအရာ တစ်ခုလုံးမှာ အလွန်ပင် ယဉ်ကျေးသိမ်မွေ့လှကာ မျိုးရိုးမြင့် အမျိုးသမီးတစ်ဦးနှင့် တူလှသည်၊ ၎င်းမှာ လူ့လောကသို့ ဆင်းသက်လာသည့် မသေမျိုးမလေးတစ်ဦးကဲ့သို့ မြင့်မြတ်သောအသွင်ကို ဆောင်နေတော့သည်။

သူမ၏ ရှေ့တွင် မတ်တပ်ရပ်နေသော လူငယ်မှာမူ ယဉ်ကျေးမှု ရှိရန် ကြိုးစားနေသော်လည်း သူ၏ မျက်လုံးများမှာမူ သူမကို စိုက်ကြည့်နေမိသည်ကို မဖုံးကွယ်နိုင်ဘဲ ရှိနေကာ မျက်နှာတွင်လည်း ဖားလိုသည့် အပြုံးမျိုး ရှိနေပြီး စကားပြောရင်း သွားရည်ကျတော့မည့်အလား ဖြစ်နေသည်။

"မိန်းခလေးနင်ရှန်.. မင်း သေချာပေါက် လာရမယ်နော်၊ ဒါဆိုရင် ငါတို့ ပြန်တွေ့ကြတာပေါ့"

"အင်း"

သူသည် လှည့်အထွက်တွင် ချန်ဆန်းရှီကို မြင်သွားသည် "ဒီလူက..."

"သခင်လေးလျူ... ဒီလူက ကျွန်မရဲ့ ဝမ်းကွဲအစ်ကိုပါ" နင်ရှန်က သူမ၏ "ဝမ်းကွဲအစ်ကို"

အနားသို့ ယဉ်ကျေးစွာ ကပ်လိုက်သည် "ကျွန်မတို့ အတူတူ လိုက်သွားလို့ ရမလားလို့..."

"ရတာပေါ့၊ သေချာပေါက် ရတာပေါ့"

သခင်လေးလျူက လက်သီးဆုပ်ပြကာ ပြောသည် "ဒီတာအိုမိတ်ဆွေက မိန်းခလေးနင်ရှန်ရဲ့ အစ်ကိုဆိုရင် ငါ့ရဲ့ သူငယ်ချင်းပါပဲ။ ဒီနေ့ ညသန်းခေါင်မှာ ငါ့နောက်ကနေ သင်္ဘောပေါ် လိုက်ခဲ့ရုံပဲ၊ သင်္ဘောခကို ငါပဲ စိုက်ပေးပါ့မယ်"

"ရှင်... အဲဒါကတော့ အားနာစရာကြီးပါ" နင်ရှန်က ယဉ်ကျေးစွာ ငြင်းပယ်လိုက်သည်။

"ကျွန်မက အဖော်ရှိရင် ကောင်းမယ်လို့ပဲ ပြောတာပါ။ ရှင်က ပေးပေးဖို့ဆိုတာတော့ မသင့်တော်ပါဘူး"

"ကိစ္စမရှိပါဘူး၊ ဝိညာဉ်ကျောက်တုံး အနည်းငယ်ပဲဟာ" သခင်လေးလျူက သူ၏ရင်ဘတ်ကို ပုတ်ကာ ပြောသည်။

"ဒါဆို ဒါပဲနော်၊ ငါ သွားဦးမယ်"

ထိုသို့ပြောပြီး သူသည် အလျင်အမြန် ထွက်ခွာသွားတော့သည်။

"ဘယ်လိုလဲ ဝမ်းကွဲအစ်ကိုရေ"

ဝင်းအတွင်းသို့ ပြန်ရောက်သည်နှင့် နင်ရှန်သည် သူမ၏ မူလ အမူအရာသို့ ပြန်ပြောင်းသွားပြီး မွှေးရနံ့များနှင့်အတူ ချန်ဆန်းရှီအနားသို့ တိုးကပ်လာသည်။

"ကျွန်မလည်း အသုံးဝင်သေးတယ် မဟုတ်လား အားလုံး အဆင်ပြေသွားပြီနော်"

ချန်ဆန်းရှီက သတိထားကာ မေးလိုက်သည် "မင်း မျက်လှည့်ပညာတွေ သုံးလိုက်တာတော့ မဟုတ်ဘူး မဟုတ်လား"

အကယ်၍ ထိုသို့သာ ဖြစ်ခဲ့လျှင် ဒါဟာ သေတွင်းထဲ ကိုယ်တိုင် ဆင်းခြင်းပင် ဖြစ်သည်။ ဤနေရာမှာ လူ့လောကကဲ့သို့ မဟုတ်ပေ။ ကျင့်ကြံသူတစ်ဦးသာ ထိုအတတ်ထဲ ကျသွားခဲ့လျှင် သူတို့ ပြန်လည်သတိဝင်လာချိန်၌ ဒုက္ခရောက်ကုန်ပေလိမ့်မည်။

"ကျွန်မက အဲလောက်အထိ မအပါဘူး"

နင်ရှန်က တမင်တကာ စိတ်ဆိုးဟန်ဖြင့် ပြန်ပြောသည် "စိတ်မပူပါနဲ့၊ ဒါက ကျွန်မရဲ့ ဆွဲဆောင်မှု သက်သက်ပါပဲ။ ကျင့်ကြံသူတွေဆိုတာလည်း ဒီလိုပါပဲ၊ ဘယ်နေရာကိုပဲ သွားသွား၊ အဆင့်အတန်း ဘယ်လောက်ပဲ မြင့်မြင့်၊ အမျိုးသားတွေဆိုတာ နှာခေါင်းအောက်က လျှာဖျားနဲ့ နေတတ်တဲ့ သတ္တဝါတွေပါပဲ။ ကျောက်ကျောက်... သေသေချာချာ ကြည့်ပြီး သင်ထားနော်"

"ဟုတ်ကဲ့"

ကျောက်ကျောက်က အလေးအနက် ခေါင်းညိတ်လိုက်သည်။

"ဒါဆိုရင်တော့လည်း ပြီးတာပါပဲ"

ချန်ဆန်းရှီသည် သတင်းအချက်အလက် အနည်းငယ် စုံစမ်းရန်အတွက်ပင် ဝိညာဉ်ကျောက်တုံး နှစ်တုံး ကုန်ဆုံးခဲ့ရသည်။ သို့သော် နင်ရှန်အတွက်မူ ဘာမှ မကုန်ရုံတင်မကဘဲ တစ်စုံတစ်ဦးက ဝိညာဉ်ကျောက်တုံးများပင် စိုက်ပေးရန် ကမ်းလှမ်းခဲ့သည်၊ အရေးကြီးဆုံးမှာ သူမဘက်က ဘာကတိမှ ပေးခဲ့ခြင်း မရှိဘဲ သာမန် ဆက်ဆံရေးမျိုးနှင့်သာ လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုလူက အဲလောက်အထိ အတာလား။

ဘာပဲဖြစ်ဖြစ် သတင်းအချက်အလက်တွေကို အရင်ဆုံး ဖလှယ်ကြည့်ကြရမည်။ ဖလှယ်ပြီးနောက် သူတို့ ကောက်ချက်ချလိုက်သည်မှာ။

အဖိုးအို မော့ ပြောခဲ့သည်မှာ မမှားပေ။ ဤနေရာမှာ ဝိညာဉ်စွမ်းအင်များ ပြန်လည်နိုးထတော့မည်မှာ အမှန်ပင်။ လောကအဆုံးသတ်သို့ ရောက်ရန်အတွက် ကျင့်ကြံသူများ၏ သင်္ဘောဖြင့် သွားရမည် ဖြစ်သည်။ အကယ်၍ ဒါဟာ တိုက်ဆိုင်မှုသာ မဟုတ်ဘူးဆိုရင် လွန်ခဲ့တဲ့ အနှစ်ငါးဆယ်က လောကအဆုံးသတ်ကို သွားဖို့ဆိုတာ အခုထက် အဆပေါင်း တစ်ရာမက ပိုခက်ခဲပါလိမ့်မည်။

ထိုည။

သူတို့ သုံးဦးစလုံး ပြင်ဆင်ပြီး ညသန်းခေါင် အချိန်တိတိမှာ ဆိပ်ကမ်းသို့ ရောက်ရှိလာကြသည်။ ဤနေရာတွင် ကျင့်ကြံသူ အမြောက်အမြား စုဝေးနေကြပြီ ဖြစ်သည်။

"တာအိုမိတ်ဆွေကျန်း... ခင်ဗျားလည်း ထွက်သွားတော့မလို့လား"

"မြန်မြန်လုပ်ကြစို့၊ ငါတို့က ဆုလာဘ်ရဖို့ လာတဲ့ သူတွေပဲ၊ ဘာလို့ ဒီမှာ အသက်နဲ့ရင်းပြီး ဆက်နေရမှာလဲ"

"မှန်တာပေါ့၊ ဝိညာဉ်ကြောကိစ္စကိုတော့ စိတ်ပူရမယ့်သူတွေပဲ စိတ်ပူပါစေတော့"

"ဒီတစ်ခေါက် ခရီးမှာတော့ အနည်းဆုံး ဝိညာဉ်သားရဲ နှစ်ကောင် ရလိုက်တာပဲ"

"ဟားဟားဟား ငါတော့ လူတစ်ယောက်ကို မျက်လှည့်ပြပြီး ရတနာငါးတစ်ကောင်ကို ကျောက်ခဲပုံနဲ့ လဲခဲ့လိုက်တယ်"

မနေ့က မျက်လှည့်ပညာကို သုံးပြီး ရတနာငါးကို ဝယ်ယူခဲ့ကာ ချန်ဆန်းရှီကို အတင်းအကျပ် ခြိမ်းခြောက်ခဲ့သည့် ကျင့်ကြံသူမှာလည်း ထိုလူအုပ်ထဲတွင် ရှိနေသည်၊ ချန်ဆန်းရှီက သူ့ကို မြင်သော်လည်း လျစ်လျူရှုထားလိုက်သည်။

နာရီဝက်ခန့် စောင့်ဆိုင်းပြီးနောက်။ ပျံသန်းနေသော ဓားပေါ်တွင် စီးနင်းလာသည့် အနည်းငယ် ဝဖြိုးသော ကျင့်ကြံသူတစ်ဦး ပေါ်လာသည်။

"တာအိုမိတ်ဆွေရွှီ... နောက်ဆုံးတော့ ရောက်လာပြီပဲ၊ ငါတို့ ဘာကို စောင့်နေကြတာလဲ သင်္ဘောကို စတင်ပြီး ဒီကနေ ထွက်ကြစို့"

"..."

ရွှီယူလျန်သည် သူတို့ကို ကြည့်ကာ စူးရှသော အသံဖြင့် မေးလိုက်သည် "တာအိုမိတ်ဆွေတို့က ဒီလောက်တောင် ထွက်သွားချင်နေကြတာလား၊ တကယ်ပဲ နောက်ထပ် ခဏလောက် ထပ်မစောင့်ချင်ကြဘူးလားဝိညာဉ်ကြောဝိညာဉ်နဲ့ ပတ်သက်တဲ့ သဲလွန်စလေး ပေးနိုင်ရုံနဲ့တောင် ဝိညာဉ်ကျောက်တုံး အမြောက်အမြား ရနိုင်တာကို"

"ငွေတွေ အများကြီး ရနိုင်ပေမဲ့ အသက်မပါရင် သုံးလို့မှ မရတာ"

"မနေ့က အဲဒီမိစ္ဆာနောက်ကို လိုက်သွားတဲ့ ကျင့်ကြံသူ ငါးယောက်လုံး သေကုန်ကြပြီ၊ ဘယ်သူက ဆက်လိုက်ရဲတော့မှာလဲ"

"ငါတို့ ကျင့်ကြံသူတွေက အကြမ်းဖက်မှုတွေထဲ မပါတာပဲ ကောင်းပါတယ်"

"မှန်တယ်၊ မှန်တယ်"

"..."

"ကောင်းပြီလေ... မင်းတို့ သဘောပဲ"

ရုတ်တရက် ရွှီယူလျန်၏ လက်ဖဝါးပေါ်တွင် သစ်ကြားသီးခွံဖြင့် ထုလုပ်ထားသည့် သင်္ဘောငယ်လေးတစ်စင်း ပေါ်လာပြီး သူက ၎င်းကို ပင်လယ်ထဲသို့ ပစ်ပေါက်လိုက်ရာ လေထဲတွင် ဝိညာဉ်အလင်းတန်းများ လက်သွားပြီး ရေပေါ်သို့ ကျရောက်ချိန်တွင်မူ သင်္ဘောကြီးတစ်စင်း ဖြစ်သွားတော့သည်။ သူသည် လူတိုင်းကို ကြည့်လိုက်သည် "စည်းကမ်းဟောင်းအတိုင်းပဲ၊ တစ်ယောက်ကို ဝိညာဉ်ကျောက်တုံး တစ်တုံးစီ ပေးရမယ်"

"ကျွန်တော်... ကျွန်တော် ပေးပါ့မယ်"သခင်လေးလျူက ဝိညာဉ်ကျောက်တုံး ထုတ်ရန် အလျင်အမြန် ပြင်လိုက်သည်။

"မလိုပါဘူး" ချန်ဆန်းရှီက သခင်လေးလျူ၏ ရှေ့မှ ဝင်ဖြတ်ကာ ဝိညာဉ်ကျောက်တုံး သုံးတုံး ပေးလိုက်သည်။

ဒီလူ့ဆီက သတင်းအချက်အလက် ရထားတာနဲ့တင် လုံလောက်ပါပြီ။ အကယ်၍ သူ့ရဲ့ ဝိညာဉ်ကျောက်တုံးကို သုံးလိုက်ရင် နောင်ကျရင် ဘယ်လို ကံကြမ္မာ မျိုးနဲ့ ဆက်စပ်သွားမလဲဆိုတာ ဘယ်သူမှ မသိနိုင်ပေ။

"တာအိုမိတ်ဆွေက တကယ်ကို ပြတ်သားတာပဲ"

"..."

မကြာမီ လူတိုင်း ဝိညာဉ်ကျောက်တုံးများ ပေးဆောင်ပြီးသွားကြသည်။ သင်္ဘောပေါ် မတက်မီ အထောက်အထားများကို စစ်ဆေးရသေးသည်။ ချန်ဆန်းရှီ၏ မသေမျိုးလမ်းစဉ်ကို ရှာဖွေနေသည့် လူသားတစ်ဦးဟူသော အထောက်အထားမှာ အဖိုးမော့၏ အကူအညီဖြင့် အဆင်ပြေသွားခဲ့ရာ ဝိညာဉ်ကျောက်တုံး နှစ်တုံးမှာ အလကား ဖြစ်မသွားခဲ့ပေ။

သင်္ဘောအတွင်းပိုင်း ပတ်ဝန်းကျင်မှာ အလွန်ကောင်းမွန်ပြီး ကျင့်ကြံသူတိုင်းအတွက် ကိုယ်ပိုင် အဆောင်ငယ်လေးများ ပါရှိသည်။ သူသည် နောက်ဆုံးမှ တက်လာသူဖြစ်ရာ သူ၏ အခန်းမှာ အောက်ထပ် ကုန်းပတ်၏ အဆုံးတွင် ဖြစ်သည်။ သူ ထိုင်ရန် နေရာရှာနေစဉ်မှာပင် သူ၏ အရှိန်ဝါကြည့်ရှုခြင်းပညာအရ ဘေးခန်းမှ ဂန်းချိီတစ်ချက် လက်သွားသည်ကို မြင်လိုက်ရပြီးနောက် တစ်စုံတစ်ယောက်၏ ဝိညာဉ်စွမ်းအင်မှာ ချက်ချင်းပင် ငြိမ်းသတ်ခြင်း ခံလိုက်ရသည်။

"..."

"ဒုက္ခပဲ.."

ချန်ဆန်းရှီသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအားကို တဖြည်းဖြည်း လှုံ့ဆော်လိုက်ပြီး ခံစစ်မှော်ပညာကို အသုံးပြုရန် ပြင်ဆင်ရင်း သင်္ဘောပေါ်ရှိ ကျင့်ကြံသူအားလုံးကို အချက်ပေးရန် ထွက်ပြေးဖို့ အဆင်သင့် လုပ်လိုက်သည်။

ထိုအချိန်မှာပင် အသံတစ်သံ ထွက်ပေါ်လာသည်။

"ဟမ်... ထူးဆန်းလိုက်တာ"

"ကျင့်ကြံသူတွေရဲ့ စစ်ဆေးတဲ့ပညာက ဝိညာဉ်စွမ်းအင်ကိုပဲ သိနိုင်တာ၊ ငါက အခုလေးတင် ဘာအသံမှ မထွက်ဘဲ သတ်ဖို့အတွက် သိုင်းပညာရဲ့ ဂန်းချိီကို သီးသန့် သုံးလိုက်တာကို မင်းက ဘယ်လိုလုပ် သတိထားမိသွားတာလဲ ကောင်လေး"

"ငါက မင်းနဲ့ ရန်ငြိုးမရှိသလို မင်းကိုလည်း ဘာမှလုပ်မှာ မဟုတ်ဘူး"

"မင်းကလည်း ငါနဲ့ ရန်ငြိုးမရှိဘူး မဟုတ်လား"

"ပြဿနာတွေ မရှာကြစို့နဲ့။ သင်္ဘော ဆိုက်တာနဲ့ ငါ ထွက်သွားမှာပါ"

"ငါတို့ တစ်ယောက်နဲ့တစ်ယောက် အဆင်ပြေအောင် နေကြတာပေါ့၊ ဟုတ်ပြီလား"

All Chapters