← Chapters

ဒါက ဒီတိုင်းကြီး ပေးဝင်လိုက်တာလား

Vol. 30 Ch. 294

ဒါက ဒီတိုင်းကြီး ပေးဝင်လိုက်တာလား

Vol. 30 Ch. 294

နန်းတော် ထောင့်တွင်

နန်းတော်တံခါးဝတွင် ရေးသားထားသော ရှေးဟောင်းအက္ခရာများကို ကြည့်ပြီး ရွှီချိုက်ချန် ညည်းတွားလိုက်၏။ “အင်ပါယာကျောင်းတော်လား။ ရှေးကျတဲ့ မြို့မှာတောင် ဒီလို စာသင်ကျောင်းမျိုး ရှိမယ်လို့ မထင်ထားဘူး။ ဒါ ငါ့အခွင့်အရေးများလား”

သူ တီးတိုးရေရွှတ်ပြီး တံခါးကို တွန်းဖွင့်ကာ တန်းတန်းမတ်မတ် ဝင်သွားတော့သည်။ ခြေလှမ်းဒါဇင်ကျော် လျှောက်လှမ်းပြီးနောက် ရွှီချိုက်ချန် စာကြည့်တိုက်ခန်းမတစ်ခုသို့ ရောက်လာသည်။ အဝင်ဝတွင် နှစ်ကြောင်းစပ်ကဗျာတစ်ကြောင်း ရှိသော်လည်း တစ်ကြောင်းသာ ကျန်တော့၏။ သူ တံခါးကို တွန်းဖွင့်လိုက်သည့် အချိန်မှာပင် အတွင်းမှ ရှေးကျသော အသံတစ်သံ ထွက်ပေါ်လာ၏။

“လူငယ်လေး မင်းအထဲကို ဝင်ချင်ရင် တံခါးပေါ်က ကဗျာကို ပြည့်စုံအောင် လုပ်ရမယ်”

ထိုသည်ကို ကြားသော် ရွှီချိုက်ချန် အဆောက်အဦးထံသို့ လက်သီးဆုပ်ကာ ပြောလိုက်၏။ “ဒီဂျူနီယာ လိုက်နာပါ့မယ်”

ထို့နောက် သူ့မျက်လုံးများသည် ကဗျာ၏ ပထမစာကြောင်းပေါ်သို့ ကျရောက်သွား၏။ သူ စာသားများကို ဂရုတစိုက် ကြည့်ရှူပြီးနောက် အသံတိတ် ရွတ်ဆိုလိုက်သည်။ “ကောင်းကင်ဘုံမှာသာ ခံစားချက်ရှိရင် သူတို့တွေလည်း အသက်ကြီးနေလောက်ပြီ”

ရွှီချိုက်ချန် တံခါးရှေ့တွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေမိသည်။ တစ်နာရီ နီးပါးကြာပြီးသည့်တိုင် သူ ကာရံညီမည့် ဒုတိယစာကြောင်းကို မစဉ်းစားနိုင်သေးပေ။

သူ သိုလှောင်လက်စွပ်ထဲမှ ဝိုင်တစ်အိုးထုတ်ပြီး တစ်ငုံခန့် သောက်လိုက်ပြီး မျက်လုံးများကို မှိတ်လိုက်သည်။ အချိန်အတော်တန်ကြာပြီးနောက် သူ ဒုတိယမြောက် ကဗျာစာကြောင်းကို ရေးသားလိုက်၏။ “လမင်းမှာသာ နောင်တမရှိရင် သူက အမြဲတမ်း လပြည့်ဝန်းပဲ ဖြစ်နေမှာပေါ့”

စုတ်တံကို ချလိုက်ပြီးသည့်နောက်တွင် ရင်းနှီးနေသည့် အသံက ထွက်ပေါ်လာတော့သည်။

“ကောင်းလိုက်တဲ့စာသား။ လမင်းမှာသာ နောင်တမရှိရင် သူက အမြဲတမ်း လပြည့်ဝန်းပဲ ဖြစ်နေမှာပေါ့။ ဝင်လာလို့ရပြီ ကောင်လေး”

ကျွီခနဲ မြည်သံနှင့်အတူ တံခါးပွင့်လာပြီး ရွှီချိုက်ချန်လည်း အထဲသို့ ဝင်သွားလိုက်သည်။ ထိုအခါ သူ ကျောင်းတော်သားဝတ်စုံကို ဝတ်ဆင်ထားသည့် ဝိညာဉ်တစ်ခုကို တွေ့လိုက်ရ၏။ မုတ်ဆိတ်ဖြူ၊ ဆံနွယ်ဖြူတို့နှင့် ဝိညာဉ်အိုကြီးသည် လက်သီးဆုပ်ပြီး သူ့ကို နှုတ်ဆက်လိုက်သည်။

“ကျောင်းသား ရွှီချိုက်ချန် စီနီယာကို ဂါဝရပြုပါတယ်”

ကျောင်းတော်သား ဝိညာဉ်သည် ညင်သာစွာ ပြန်ဖြေ၏။ “နေ..နေ...အဲဒါတွေ လုပ်မနေနဲ့။ ချိုက်ချန် ငါက ဒီ သောင်းပြောင်းစာလိပ်ခန်းမရဲ့ စောင့်ရှောက်သူ ဝိညာဉ်ပါ။ မင်း အပြင်က နှစ်ကြောင်းစပ်ကဗျာကို ဖြေရှင်းလိုက်တည်းက ပထမအထပ်မှာ ရှိတဲ့ စာပေကျမ်းဂန်တွေကို လေ့လာလို့ရပြီ။ မင်း စာအုပ်တွေ အကုန်ဖတ်ပြီးရင်တော့ ငါ့ကို ပြော။ မင်းသာ ဒုတိယအထပ်ကို တက်ဖို့ ဆန္ဒရှိသေးမယ်ဆိုရင်ပေါ့”

“လမ်းညွှန်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် စီနီယာ”

ထိုသို့ ဆိုကာ ရွှီချိုက်ချန် ပထမထပ်ရှိ စုဆောင်းထားသော စာပေကျမ်းဂန်တို့ကို ဖတ်ရှုတော့သည်။ ခုနစ်ရက်ကြာပြီးနောက် သူ အကုန်လုံးကို ဖတ်ရှူပြီးစီးသွားပြီး စောင့်ရှောက်သူ ဝိညာဉ်ကို အသိပေးလိုက်၏။

“စီနီယာ ဒီဂျူနီယာက ပထမထပ်မှာ ရှိတဲ့ စာပေအားလုံးကို ဖတ်ပြီးပါပြီ။ ဒုတိယထပ်ကိုလည်း တက်ချင်ပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို စမ်းသပ်မှုပေးပါ”

“အို”

ဝိညာဉ်မှ ပြောလိုက်သည်။ “လူငယ်လေး သောင်းပြောင်းစာလိပ်ခန်းမမှာ သင်ယူဖို့ အခွင့်အရေးဆိုတာ လွယ်လွယ်ရတာ မဟုတ်ဘူး။ ဒီထပ်ပိုပြီး မနေချင်တော့ဘူးလား”

ရွှီချိုက်ချန် လက်သီးဆုပ်ကာ ပြောသည်။ “ရိုးရိုးသားသားပြောရရင် ဒီပထမအထပ်မှာ ရှိတဲ့ စာပေတွေက ကျွန်တော့်အတွက် အကျိုးသိပ်မရှိလှပါဘူး။ ဒါကြောင့် ဒုတိယထပ်ကို တက်ပြီး ကောင်းကင်ကြီး ဘယ်လောက်ကျယ်တယ်ဆိုတာ မြင်ချင်ပါတယ်”

စောင့်ရှောက်သူဝိညာဉ် သူ့ကို အနီးကပ်လေ့လာပြီး ပြောလာ၏။ “မင်းက စာပေလမ်းစဉ်ရဲ့ အနှစ်သာရတွေကို တကယ့်ကို ပိုင်ထားပြီပဲ။ မင်းရဲ့ ခန္ဓာကိုယ်ကနေ လမ်းမှန်သူတော်စင် စာပေတို့ရဲ့ ချီတွေ ဖြာထွက်နေတယ်။ ဒီအထပ်က စာအုပ်တွေက မင်းအတွက် ရိုးရှင်းလွန်းတယ်။ ဒုတိယအထပ်ကို တက်ဖို့က လွယ်ပါတယ်။ တစ်ရက်အတွင်းမှာ ဖြောင့်မတ်မှန်ကန်မှုတွေ ကိန်းအောင်းနေတဲ့ ကဗျာတစ်ပုဒ် စပ်ဆိုဖို့ပဲလိုတယ်”

ရွှီချိုက်ချန် အနည်းငယ် ကြောင်အသွားသည်။

‘ဒါကြီးက အလကား ပေးဝင်နေတာ မဟုတ်ဘူးလား’

သူ မဆိုင်းမတွင်ပင် စုတ်တံကို ကောက်ကိုင်ပြီး စာလုံးကြီးသုံးလုံး ရေးလိုက်သည်။

‘ဖြောင့်မတ်မှုသီကုံး’

စောင့်ရှောက်သူ ဝိညာဉ်များစွာ အာရုံမထားပေ။ သူ သောင်းပြောင်းစာလိပ်ခန်းမ၌ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီး ပါရမီရှင်များစွာ တွေ့ဆုံခဲ့သည်။ စာပေဆန္ဒကို အနည်းငယ် နားလည်ထားသည့် သူတစ်ဦးက သူ့ကို အထင်မကြီးစေပေ။

အမွှေးတိုင် တစ်တိုင်စာ လောင်ကျွမ်းသွားပြီးနောက် ရွှီချိုက်ချန် ကဗျာကို အဆုံးသတ်လိုက်သည်။

သူ ကဗျာကို ပေးလိုက်၏။ “စီနီယာ ကျေးဇူးပြုပြီး လက်ခံပေးပါ”

ဝိညာဉ်မှ စာလိပ်ကို သာမန်ကာလျှံကာ ကြည့်လိုက်၏။ သို့သော် နောက်တစ်ခဏတွင် သူ့မျက်လုံးများသည် စာသားပေါ်သို့ ကျရောက်သွားသည့်အခိုက် သူ့ဝိညာဉ်မှာ အနည်းငယ် တုန်ယင်သွားရ၏။

“ကောင်းလိုက်တဲ့ ကဗျာ။ ခမ်းနားလိုက်တဲ့ ကဗျာ။ ငါ ဒီခန်းမမှာ နေလာတာ နှစ်ချီနေပြီ။ တစ်ခါမှ ဒီလောက်ကောင်းတဲ့ ကဗျာမျိုး မမြင်ဖူးဘူး။ ဒါ မင်းကိုယ်တိုင် ဖွဲသီထားတာလား”

“မဟုတ်ပါဘူး”

ရွှီချိုက်ချန် ဖုံးကွယ်မထားပေ။ “စီနီယာ ဒီကဗျာက ကျွန်တော်ရေးတာလို့ မထင်ပါနဲ့။ ကျွန်တော် တာအိုလမ်းစဉ်ထဲ ဝင်ရောက်တုန်းက ရခဲ့တဲ့ ကဗျာကို ပေးလိုက်တာပါ”

စောင့်ရှောက်သူ ဝိညာဉ် ခဏရပ်သွားပြီးနောက် ဆက်မေးသည်။ “ဒါကို ဘယ်သူ ရေးလဲဆိုတာ မင်း ပြောပြချင်လား”

ရွှီချိုက်ချန် လေးစားစွာ ပြန်ဖြေသည်။ “ရိုးရိုးသားသားပြောရရင် ဒီကဗျာကို ကျွန်တော့်ဆရာရေးသားထားတာပါ”

“ဒီလိုအဆင့် ကဗျာကို ရေးဖို့ဆိုရင် မင်းဆရာက မဟာပဏ္ဍတိတအဆင့်ဖြစ်ရမယ်”

ရုတ်တရက် သူ စမ်းသပ်ချက် လုပ်နေသည်ကို နားလည်သွားပြီး စောင့်ရှောက်သူ ဝိညာဉ်သည် ခဏရပ်ကာ ဆက်ပြောသည်။ “ငါ မင်းကို အမှန်တိုင်း ပြောပြမယ်။ ဒီခန်းမမှာ သုံးထပ်ရှိတယ်။ မင်းကဗျာက ဒုတိယထပ်ကို ဝင်ဖို့ လိုအပ်တယ်။ ဒါပေမဲ့ တတိယထပ်ကို တက်ချင်ရင်တော့ ဂိုဏ်းတစ်ခုကို တည်ထောင်နိုင်တဲ့ အခြေခံအုတ်မြစ်တစ်ခုဖြစ်လာမဲ့ လက်ရာမျိုး ဖြစ်ဖို့လိုတယ်။ မင်းမှာ အဲ့လို လက်ရာမျိုး ရှိလား”

ရွှီချိက်ချန် အတွေးနက်သွားသည်။ ထို့နောက် သူ ပြောလိုက်၏။ “ ရှိပါတယ်”

“ဒါဆို မြန်မြန်ရေးတော့။ ငါ ကြည့်ကြည့်မယ်”

ဝိညာဉ်သည် အဖိုးတန် ရတနာ တစ်ခု တွေ့သွားသည့်အလား စိတ်လှုပ်ရှားလာတော့သည်။

“စီနီယာ ခဏစောင့်ပေးပါ”

ရွှီချိုက်ချန် မင်သွေးရန် ပြင်လိုက်စဉ် စောင့်ရှောက်သူ ဝိညာည် ပြေးလာပြီး ပြောတော့၏။

“လူငယ်လေး ဒီလို အသေးအဖွဲ့ ကိစ္စလေးတွေကို ငါနဲ့ လွှဲထားလိုက်”

‘ဘာတွေ ဖြစ်ကုန်တာလဲ။ ငါ့ရှေ့က စီနီယာက ရုတ်တရက်ကြီး စိတ်လှုပ်ရှားနေတဲ့ တပည့်တစ်ယောက်ပုံစံ ပြောင်းသွားရတာလဲ’

သူ့ဆရာ၏ ဆွဲဆောင်နိုင်စွမ်းသည် သာမန်လူများထက် များစွာ ကျော်လွန်ပေသည်။

သိပ်မကြာခင် ဝိညာဉ်မှ မင်သွေး၍ ပြီးဆုံးသွားတော့၏။

ရွီချိုက်ချန် စုတ်တံကို ကောက်ကိုင်လိုက်ပြီး ဆရာသင်ပေးထားခဲ့သည့် ဟောက်ရန်ဖြောင့်မတ်ခြင်းကျမ်းစာပိုဒ်ထဲမှ စာသားများကို ရေးချလိုက်သည်။

တစ်ချိန်တည်းမှာ ဝိညာဉ်သည် စာသားထဲသို့ နစ်မြှုပ်သွားပြီး ရုန်းမထွက်နိုင် ဖြစ်သွားရတော့၏။

ရက်ပေါင်းများစွာ ကြာပြီးမှ စောင့်ရှောက်သူ ဝိညာဉ်သည် သတိပြန်ဝင်လာသည်။ သူ လက်သီးဆုပ်ပြီး ရွှီချိုက်ချန်ကို ပြောလိုက်၏။။ “မိတ်ဆွေလေး မင်းက တကယ့်ကို လက်ရာကောင်းကြီးတစ်ခု ဖော်ပြလာတာပဲ။ မင်း သောင်းပြောင်းစာလိပ်ခန်းမထဲက ကြိုက်တဲ့နေရာကို သွားလို့ရပါတယ်။ ငါ မင်းကို မနှောင့်ယှက်တော့ဘူး”

“ကျေးဇူးတင်ပါတယ် စီနီယာ”

ရွှီချိုက်ချန် နှုတ်ဆက်ပြီး ဒုတိယထပ်သို့ တက်သွားတော့သည်။ သူ ဒုတိယထပ်သို့ ရောက်သွားသည်နှင့် ခန်းမထဲတွင် စာပေအနှစ်သာရများ စီးဆင်းနေသည်ကို တွေ့လိုက်ရ၏။

“ကျေးဇူးတင်ပါတယ် စီနီယာ”

ထိုအနှစ်သာရစီးကြောင်းများသည် စာပေကျမ်းဂန်ထဲမှ ဖြာထွက်နေ၏။ ခန်းမသည် နှစ်ပေါင်းစွာကြာ တည်ရှိခဲ့သော်လည်း ဖုန်တစ်စက်လေးပင် မရှိချေ။

သူ စာအုပ်တစ်အုပ်ကို ကြုံရာကျပန်း ဆွဲယူလိုက်၏။ စာမျက်နှာထဲမှ တာအိုအလင်းတန်းများ ထွက်လာ၏။ တစ်ချိန်တည်းမှာ ရွှီချိုက်ချန်၏ မျက်ဝန်းထဲသို့ ရှေးဟောင်းစာပေများ ဝင်ရောက်လာပြီး အသိစိတ်ပင်လယ်ထဲသို့ ဝင်သွားတော့သည်။

တစ်ခဏအတွင်းမှာပင် ရွှီချိုက်ချန် စာအုပ်ထဲသို့ နစ်မြှုပ်သွား၏။

“စီနီယာအစ်ကိုဝမ်”

“ဂျူနီယာညီလေးဟန်”

ဝမ်ပေါင်လဲ့နှင့် ဟန်ပင်းတို့ ပြိုင်တူခေါ်လိုက်ကြသည်။ သို့သော် သူတို့ အလောတကြီးတော့ ရှေ့တိုးမလာပေ။

သူတို့နှစ်ဦးလုံး တစ်ဦးကို တစ်ဦး သံသယဝင်နေကြပြီး အထူးသဖြင့် ဟန်ပင်းပေ။ သူ အချိန်မရွေး ထွက်ပြေးနိုင်ဖို့ အသင့်ပြင်ထားသည်။

သူတို့ နန်းတော်ထဲ၌ ရက်ပေါင်းများစွာ လှည့်လည်ပြီးမှ ရင်းနှီးနေသည့် သူနှင့် ဆုံတော့သည်။ သူတို့ ပထမဆုံး တုံ့ပြန်မှုမှာ ဝမ်းသာသွားခြင်းပေ။ နောက်ဆက်တွဲကတော့ သံသယပင်။

ဟန်ပင်း နာမည်ကို ခေါ်ရင်း ဝမ်ပေါင်လဲ ရေရွတ်လိုက်သည်။ “သက်ရှည်ကျမ်း”

“အိမ်ပါသမက်” ဟန်ပင်း ထိုစကားကို အားတင်ကာ ပြောလိုက်သည်။

ဝမ်ပေါင်လဲ့ မျက်နှာ မည်းသည်းသွားသည်။ “ညီလေး အဲဒါတော့ လွန်သွားပြီ”

သူ့ရှေ့မှ လူမှာ စီနီယာအစ်ကိုဝမ်အစစ် ဖြစ်ကြောင်း ဟန်ပင်း အတည်ပြုလိုက်နိုင်သည်။ သူ အနေရ ခက်သွားသော်လည်း ယဉ်‌ကျေးစွာ ပြောလိုက်သည်။ “စီနီယာအစ်ကို စိတ်မဆိုးပါနဲ့။ ကျွန်တော်က သတိထားပြီး ပြောလိုတာပါ”

ဝမ်ပေါင်လဲ့ မဲ့ရွဲ့ပြလိုက်သည်။ “အင်း။ မင်းက စိတ်ထင်သလို လုပ်တတ်တဲ့သူဆိုတ သိပါတယ်။ အခု ဒီမှာဆုံတယ်ဆိုတော့ ဘာတွေ ရှိလည်း ကြည့်ရအောင်”

“ကောင်းပါပြီ”

ဟန်ပင်း လက်ပြလိုက်သည်။ “စီနီယာ အရင်သွားပါ”

ဝမ်ပေါင်လဲ “...”

All Chapters