← Chapters

ငါဆုံးရှုံးခဲ့တာက ပြိုင်ဘက်ကင်းလက်သီးတစ်စုံပဲ

Vol. 30 Ch. 298

ငါဆုံးရှုံးခဲ့တာက ပြိုင်ဘက်ကင်းလက်သီးတစ်စုံပဲ

Vol. 30 Ch. 298

အပျက်အစီးမြို့တော်ဟောင်း၊ တော်ဝင်နန်းတော်

ကမ္ဘာဦးဖရိုဖရဲခန်းမ အတွင်း၌ ယဲ့ပေ့ရွှမ် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး တိီးတိုး ရေရွတ်လိုက်သည်။

“နောက်ဆုံးတော့ အတုအယောင်ဟုန်မန်ကြေးမှုံကို သန့်စင်လို့ ပြီးသွားပြီ”

ယခင်ဘဝမှ အတွေ့အကြုံများရှိနေခြင်းနှင့် ဟုန်မန်ဖန်ဆင်းခြင်းကျမ်း၏ အကူအညီကြောင့် ပုံမှန်ဆိုလျှင် တစ်နှစ်ခန့် ကြာမြင့်မည့် ကြေးမှုံသန့်စင်မှု ဖြစ်စဉ်သည် ယခု သုံးလအတွင်းမှာပင် ပြီးမြောက်သွားခဲ့၏။

ထို့နောက် သူ ဆက်လက်၍ ကျင့်ကြံတော့သည်။ ကြေးမှုံအတွင်း၌ သူ့အား နောက်ထပ်အဆင့်သို့ တက်လှမ်းနိုင်ရန် အထောက်အကူပြုမည့် ဟုန်မန်ခရမ်းချီရှိနေသည်။

ထို့အပြင် ဤဘဝတွင် ဟုန်မန်ကြေးမှုံအတွင်း ဝှက်ထားသော လျှို့ဝှက်ချက်များကို သူဖော်ထုတ်နိုင်လိမ့်မည်ဟု အာရုံရနေ၏။

ယဲ့ပေ့ရွှမ်သည် အဆင့်တက်လှမ်းနိုင်ရန်အတွက် ကြေးမှုံအတွင်းမှ ခရမ်းရောင်စွမ်းအင်များကို မပြတ်စုပ်ယူနေတော့သည်။

တစ်ချိန်တည်းမှာပင် ငရဲမြစ်၏ အနက်ရှိုင်းဆုံးနေရာ၌ ချောင်ရို့ချန် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်ပြီး ရေရွတ်လိုက်၏။

“နောက်ဆုံးတော့ အဆင့်တက်သွားပြီ”

ဤနေရာတွင် ကျင့်ကြံခဲ့သည့် လအနည်းငယ်အတွင်း သူ ငရဲမြစ်အတွင်းရှိ ယင်စွမ်းအင်များကို အသုံးပြု၍ ခန္ဓာကိုယ်ကို သန့်စင်နိုင်ခဲ့ပြီး အင်အားကို အဆင့်သစ်တစ်ခုသို့ မြှင့်တင်နိုင်ခဲ့၏။

ချောင်ရို့ချန်သည် သူ၏ တိုးတက်လာသော အင်အားကို စမ်းသပ်ရန် လက်သီးထိုးဖို့ ပြင်လိုက်စဉ်မှာပင် သူ့နားထဲ၌ အိုမင်းသောအသံတစ်ခု ရုတ်တရက် ထွက်လာသည်။

“လူငယ်လေး၊ ငရဲမြစ်ထဲကို ဝင်လာတုန်း မင်းတစ်ခုခုများ ပျောက်သွားလား”

“….”

သူ ကြောင်တောင်တောင်အမူအရာဖြင့် အသံလာရာဘက်သို့ လှည့်ကြည့်လိုက်ရာ မုတ်ဆိတ်ဖြူများနှင့် အဘိုးအိုတစ်ဦးသည် သူ့ကို ရန်လိုနေသည့် အကြည့်ဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။

ချောင်ရို့ချန်းသည် သူ့ကို အချစ်ရေးကိစ္စတစ်ခုခုကြောင့် စွန့်ပစ်ထားခဲ့သည့်အတိုင်းပင်။

“အဘိုးကြီး၊ ခင်ဗျား နေကောင်းရဲ့လား”

“……”

မုတ်ဆိတ်ဖြူနှင့် အဘိုးအိုမှာ ဒေါသကြောင့် ပေါက်ကွဲလုနီးပါး ဖြစ်သွားပြီး သူ့ဝိညာဉ်ခန္ဓာကိုယ်မှာ ပူဖောင်းတစ်ခုကဲ့သို့ ဖောင်းကားလာ၏။ သို့သော် သူ အံတင်းတင်းကြိတ်ကာ ထပ်မံမေးလိုက်သည်။

“လူငယ်လေး၊ ငရဲမြစ်ထဲကို မင်းရောက်လာတုန်းက တစ်ခုခုများ ပျောက်ဆုံးခဲ့သေးလားလို့ မေးနေတာ”

‘ဒါက ငရဲမြစ်ထဲက ကံကောင်းတဲ့ တွေ့ဆုံမှုများလား’

ချောင်ရို့ချန်၏ စိတ်ထဲတွင် အတွေးတစ်ခု ဖြတ်ပြေးသွားပြီးနောက် ပြန်ဖြေလိုက်သည်။

“စီနီယာ၊ ကျွန်တော် လက်သီးတစ်စုံ ပျောက်ခဲ့ပါတယ်”

အဘိုးအိုမှာ မျက်လုံးများ တောက်ပသွားပြီး သူ့ကျောနောက်မှ လက်အိတ် နှစ်စုံကို ထုတ်ယူလိုက်သည်။

“ညီငယ်လေး၊ မင်းပျောက်ခဲ့တာက ဒီ သူတော်စင်အဆင့် ငရဲလက်အိတ် လား၊ ဒါမှမဟုတ် ဒီနတ်ဘုရားဘုရင်အဆင့် ကမ္ဘာဖျက်လက်အိတ်လား”

ချောင်ရို့ချန် ခေါင်းခါပြသည်။

“နှစ်ခုလုံး မဟုတ်ပါဘူး။ ကျွန်တော် ပျောက်ခဲ့တာက ပြိုင်ဘက်ကင်းလက်သီးတစ်စုံပါ”

“….”

မုတ်ဆိတ်ဖြူနှင့် အဘိုးအို သူ့မုတ်ဆိတ်ကို သပ်လိုက်သည်။

“ဘယ်လိုမျိုး ပြိုင်ဘက်ကင်း လက်သီးလဲ ဒီအဘိုးကြီးကို ရှင်းပြပေးပါဦး”

“အမှန်အတိုင်း ပြောရရင် စီနီယာ၊ ကျွန်တော်ကျင့်ကြံတဲ့ သိုင်းကျမ်းက ပြင်းထန်တာအိုနတ်ဘုရားလက်သီးပါ”

ချောင်ရို့ချန် ပြောရင်း နှုတ်ခမ်းထောင့်တွင် အပြုံးရိပ်တစ်ခု ပေါ်လာပြီး သူ့မျက်လုံးထဲမှ လှောင်ပြောင်ရိပ်မှာ ပို၍ ထင်ရှားလာသည်။

အဘိုးအိုမှာ ငတုံးမဟုတ်ပေ။ ဤလူငယ်က သူ့ကို နောက်ပြောင်နေသည်ကို ချက်ချင်း သဘောပေါက်လိုက်၏။

“လူငယ်လေး၊ ငါ မင်းကို စကားပြန်ပြင်ပြောဖို့ နောက်ဆုံးတစ်ကြိမ် အခွင့်အရေးပေးမယ်”

ချောင်ရို့ချန်က ပြုံးလိုက်သည်။

“စီနီယာ၊ ကျွန်တော် ငရဲမြစ်ကို လာခဲ့တာက ကျွန်တော့်ရဲ့ ပြင်းထန်တာအို နတ်ဘုရားလက်သီးကို အထွတ်အထိပ်ရောက်အောင် ကျင့်ဖို့ပါ။ ကျွန်တော့်ကို ကူညီနိုင်မလား”

မုတ်ဆိတ်ဖြူအဘိုးအို ခဏတာ ကြောင်အသွားသည်။

“ဒါပေမဲ့ ငါ့လက်ထဲက သူတော်စင်အဆင့်နဲ့ နတ်ဘုရားဘုရင်အဆင့် လက်အိတ်တွေက မင်းကို ပြီးပြည့်စုံတဲ့ လက်သီးဆန္ဒရဖို့ ကူညီပေးနိုင်မှာလေ”

ချောင်ရို့ချန်က အလေးအနက် ပြန်ဖြေ၏။ “စီနီယာ၊ တကယ့်ယောက်ျားဆိုတာ လက်ဗလာနဲ့ပဲ တိုက်ခိုက်တာပါ။ ဘယ်လိုယောက်ျားမျိုးက လက်အိတ်တွေ လိုမှာလဲ။အဲဒီလို လက်အိတ်တွေ သုံးနေရင် ကျွန်တော့်ရဲ့ ပြိုင်းဘက်ကင်းလက်သီးအရှင်ဆိုတဲ့ ဂုဏ်ပုဒ်က ဘယ်ရောက်သွားမလဲ”

ထိုကဲ့သို့ ရဲရင့်သော စကားလုံးများကို ကြားသောအခါ အဘိုးအိုသည် ရှေ့မှ လူငယ်လေးကို ပြန်လည် အကဲခတ်မိသွားသည်။ သူ မုတ်ဆိတ်ကို သပ်ရင်း ပြောလိုက်၏။

“လူငယ်လေး၊ မင်းက ငါမြင်ဖူးသမျှထဲမှာ လောဘအနည်းဆုံးလူပဲ။ အခု မင်းကို ရွေးချယ်စရာ နှစ်ခုပေးမယ်။ ပထမတစ်ခုက အခုပဲ ထွက်သွားတော့။ ဘာပဲဖြစ်ဖြစ် ငရဲမြစ်ထဲမှာ မင်း အချိန်ကုန်ခဲ့တာ အကျိုးအမြတ်တွေ အများကြီး ရထားပြီးပြီ။ ဒုတိယတစ်ခုက မင်းရဲ့ ကိုယ်ပိုင်လက်သီးနှစ်ဖက်ကို သုံးပြီး ငရဲမြစ်ကို ဖောက်ထွက်ပြ။ ပြိုင်ဘက်ကင်းလက်သီးဆိုတာ ဘာလဲ ငါ့ကို ပြစမ်း”

ချောင်ရို့ချန် မေးလိုက်သည်။

“စီနီယာ၊ ကျွန်တော် ငရဲမြစ်ကို ဖောက်ထွက်နိုင်ရင် ကျွန်တော့်ရဲ့ လက်သီးဆန္ဓက ပြီးပြည့်စုံသွားမှာလား”

အဘိုးအို ပြုံးပြသည်။

“လူငယ်လေး၊ မင်းက ခန္ဓာကျင့်ကြံတဲ့သူ ဆိုတာ ငါမြင်ပါတယ်။ မင်းသာ ငရဲမြစ်ကို လက်သီးနဲ့ ထိုးဖောက်နိုင်ရင် မင်းရဲ့ လက်သီးဆန္ဓက ပြီးပြည့်စုံသွားရုံတင်မကဘူး၊ မင်းရဲ့ ခန္ဓာကိုယ်ကျင့်စဉ်တွေကလည်း အဆင့်သစ်တစ်ခုကို တက်လှမ်းသွားလိမ့်မယ်။ ဒါပေမဲ့ မင်းသာ မခံနိုင်ဘူးဆိုရင်တော့ တစ္ဆေ တစ်သောင်းရဲ့ ဝါးမြိုခြင်းကို ခံစားရလိမ့်မယ်”

ချောင်ရို့ချန် ခဏရပ်လိုက်ပြီး ထပ်မေးလိုက်သည်။

“စီနီယာ၊ တကယ်လို့ စောစောက အဲဒီလက်အိတ်တွေကိုသာ ကျွန်တော် လက်ခံခဲ့ရင်လည်း တစ္ဆေ တစ်သောင်းရဲ့ ဝါးမြိုတာကို ခံရမှာပဲ မဟုတ်လား”

“ဟားဟားဟားဟား...”

မုတ်ဆိတ်ဖြူအဘိုးအို ကျယ်လောင်စွာ ရယ်မောလိုက်၏။

“မင်း ငတုံးတော့ မဟုတ်ဘူးပဲ။ မှန်တယ်။ အခု ဆုံးဖြတ်ချက်ချလိုက်တော့”

ချောင်ရို့ချန် သူ၏ ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်သည်။ “စီနီယာ၊ ကျွန်တော်တို့ ဒီမှာ ဆုံကြတာဟာ ရေစက်ရှိလို့ပါ။ ဒါက စီနီယာပေးတဲ့ စမ်းသပ်မှုဆိုမှတော့ ကျွန်တော် ကြိုးစားကြည့်ရမှာပေါ့။ ဘယ်သူသိနိုင်မလဲ၊ မျှော်လင့်မထားတဲ့ အကျိုးအမြတ်တွေ ရလာနိုင်တာပဲ”

“မင်းက တော်တော်ထက်မြက်တာပဲ ကောင်လေး”

အဘိုးအို သူ့ကို လက်မထောင်ပြလိုက်သည်။

“လူငယ်လေး၊ င‌ရဲမြစ်အတွင်းက စမ်းသပ်မှုက မင်းအတွက် မခန့်မှန်းနိုင်တဲ့ ဆုလာဘ်တွေကို ယူဆောင်လာပေးလိမ့်မယ်။ သွားတော့”

“စမ်းသပ်မှုကို စတင်ပေးဖို့ စီနီယာကို တောင်းဆိုပါတယ်”

ချောင်ရို့ချန် လက်သီးဆုပ်၍ ပြောလိုက်၏။

အဘိုးအို လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် အားကောင်းသော ဝဲဂယက်တစ်ခု ချောင်ရို့ချန်ကို မြစ်၏ အနက်ရှိုင်းဆုံးနေရာဆီသို့ ချက်ချင်း ဆွဲခေါ်သွားတော့သည်။

ဝဲဂယက် ပျောက်ကွယ်သွားသောအခါ ငရဲမြစ်အတွင်း၌ ရန်ငြိုးဖွဲ့ဝိညာဉ်များစွာ ပေါ်လာသည်။

ချောင်ရို့ချန်ကို မြင်သည်နှင့် သူတို့သည် ငါးအုပ်ကြီးအလား သူ့ထံသို့ အလုံးအရင်းနှင့် တိုးဝှေ့လာကြ၏။

ချောင်ရို့ချန်မှာ ထိတ်လန့်ခြင်း မရှိပေ။ သူသည် လက်ကို မြှောက်ကာ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။

ပြင်းထန်သော ထိုးနှက်ချက်အပြီးတွင် သူ့နားထဲ၌ အသံတစ်ခု ထွက်လာသည်။

“လူငယ်လေး၊ ဒီအတိုင်း ရပ်မနေနဲ့။ ငရဲမြစ်ထဲက ဝိညာဉ်တွေက အဆုံးမရှိဘူး။ အဆုံးသတ်ကို ရောက်မှ စမ်းသပ်မှုကို အောင်မြင်မှာ”

“လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ် စီနီယာ”

ချောင်ရို့ချန် လမ်းကို လက်သီးဖြင့် ဖွင့်လိုက်ပြီး အေးစက်တည်ငြိမ်သော ခြေလှမ်းများဖြင့် ရှေ့သို့ တိုးသွားခဲ့၏။

အချိန်များ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးလာခဲ့သည်။

ချောင်ရို့ချန်သည် ရပ်တန့်ခြင်းမရှိပေ။ ဝိညာဉ်တစ်ခုကို သူဖျက်ဆီးလိုက်တိုင်း သူ့ဝိညာဉ်စွမ်းအားများ ပြန်လည်ပြည့်ဖြိုးလာသည်ကို သတိပြုမိ၏။

အဆက်မပြတ် တိုက်ပွဲများကြားတွင် သူ့ကျင့်စဉ်အဆင့်မှာ တဖြည်းဖြည်း မြင့်တက်လာနေသည်။

ဤနေရာသည် သူ့လေ့ကျင့်မှုအတွက် နိဗ္ဗာန်ဘုံတစ်ခုပင်။ သူတိုက်ခိုက်လေ ပို၍ စိတ်လှုပ်ရှားလာလေပင်။ ဘေးမှ ကြည့်နေသော မုတ်ဆိတ်ဖြူအဘိုးအိုပင် ကြောင်အမ်းအမ်း ဖြစ်သွားရသည်။

သူ တီးတိုး ရေရွတ်လိုက်မိ၏။

“ဒီလူငယ်ကတော့ နတ်ဆိုးတစ်ကောင်ပဲ။ ငရဲမြစ်ကို ငါစောင့်ရှောက်ခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ ဒီလို ထူးဆန်းတဲ့ကောင်မျိုး တစ်ခါမှ မမြင်ဖူးဘူး။ အတိတ်က ပါရမီရှင်တွေတောင် သူ့ကို မယှဉ်နိုင်ဘူး။ ဘယ်လောက်အထိ ခရီးပေါက်မလဲဆိုတာ သိချင်မိတယ်”

ချောင်ရို့ချန်သည် ငရဲမြစ်အတွင်း ပို၍ နက်ရှိုင်းစွာ တိုးဝင်သွားသည်။ ထိုအခါ သူ့ကို ဝန်းရံထားသော ဝိညာဉ်များမှာလည်း ပိုအစွမ်းထက်လာသည်။ သို့သော် ပြိုင်ဘက်များ၏ အင်အားက သူ့ကို မကြောက်လန့်စေဘဲ ပို၍သာ စိတ်လှုပ်ရှားလာစေ၏။

‘ဒါက တာအိုပေါင်းစည်းခြင်းအဆင့် ဝိညာဉ်တစ်ခုလား’

ထိုအဆင့် ဝိညာဉ်ကို မှုန့်မှုန့်ညက်ညက် ချေမှုန်းပြီးနောက် ချောင်ရို့ချန် ရေရွတ်လိုက်သည်။ သူ ငရဲမြစ်ထဲတွင် ဘယ်လောက်ကြာကြာ နေခဲ့မိသည်ကို လုံးဝ မမှတ်မိတော့ပေ။

မည်မျှအထိ ခရီးရောက်ခဲ့သည်ကိုလည်း သူ မသိတော့ပေ။ သူသိသည်မှာ သူ၏ လက်သီးသိုင်းမှာ အဆင့်သစ်တစ်ခုသို့ ထပ်မံရောက်ရှိသွားပြီဆိုသည်ကိုပင်။

ယခုဆိုလျှင် သူ ပြင်းထန်တာအို နတ်ဘုရားလက်သီးဆန္ဓကို ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းအလိုသို့ ရောက်ရှိနေပြီဖြစ်၏။

ငရဲမြစ်သည် ထူးခြားဆန်းပြားသော နေရာတစ်ခုပင်။

သူ စိတ်အာရုံလွင့်သွားသည့် ခဏအတွင်း ဝိညာဉ်များသည် သူ့အပေါ်သို့ ခုန်အုပ်လိုက်ကြပြီး သူ့ကို လုံးဝ လွှမ်းခြုံသွားတော့သည်။

ဘုန်း

မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ဟိန်းဟောက်သံနှင့်အတူ ဝိညာဉ်အားလုံး လွင့်ထွက်သွားကြ၏။

ချောင်ရို့ချန်၏ အဝတ်အစားများမှာ စုတ်ပြတ်သတ်နေပြီး နေရာအနှံ့ အပေါက်များ ဖြစ်နေသည်။ အပေါက်အပြဲများ၏ အောက်တွင် ကိုက်ရာများ ရှိနေသော်လည်း သွေးထွက်သည်အထိတော့ မဖြစ်ပေ။

စောစောက အမီမလိုက်နိုင်ခဲ့သော ဝိညာဉ်များမှာ ထိုကိစ္စကြောင့် နောက်တွန့်မသွားကြပေ။ ထိုအစား သူတို့ ချောင်ရို့ချန်ထံသို့ နောက်တစ်ကြိမ် ထပ်မံ ခုန်အုပ်လိုက်ကြပြန်သည်။

All Chapters