← Chapters

အခန်း (၂၆၈-၂၇၀)

Vol. 18 Ch. 268-270

အခန်း (၂၆၈-၂၇၀)

Vol. 18 Ch. 268-270

အခန်း (၂၆၈) အင်တာနက် စွဲလမ်းမှု ကို လာဖြတ်ပေးမယ် ဟုတ်လား.. ငါ့ရဲ့ ဒုံးကျည် ကြီး တွေကို အရင် မေးပြီးပြီလား

မြောက်ဘက် အစွန်ဆုံး ရေခဲပြင် ဒေသ တွင် တိုက်ခတ်နေသော လေပြင်းများနှင့် နှင်းမုန်တိုင်း များ ရုတ်တရက် ရပ်တန့်သွားတော့၏။

ရာသီဥတု သာယာသွားခြင်း မဟုတ်ဘဲ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလှသော အအေးဓာတ် ကြီး တစ်ခု ကြောင့် လေထုကြီး ပင်လျှင် အေးခဲသွားခြင်း ပင် ဖြစ်သည်။

ကောင်းကင်ယံ တွင် အဖြူရောင် ဝတ်ရုံများကို ဝတ်ဆင်ထားပြီး ဓားပျံ များကို စီးနင်းလာသော လျှို့ဝှက်ဆန်းကြယ် ရေခဲ နန်းတော် ၏ တရားခံ ဖမ်းဆီးရေး တပ်ဖွဲ့ဝင် (၃၀၀၀) သည် သပ်ရပ်သော စစ်ရေးပြ တန်းစီမှု ကြီးဖြင့် ကောင်းကင်ဘုံ စစ်သည်တော် များပမာ မတ်တတ်ရပ်နေကြ၏။

... ကျောချမ်းဖွယ်ရာ လူသတ်ချင်သော အငွေ့အသက် များကို သယ်ဆောင်လျက် 'ကွေ့ယွမ်ဂိုဏ်း ပထမ တောင်ခွဲ' ဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လာကြသည်။

တပ်ဖွဲ့ ကြီး၏ အရှေ့ဆုံးတွင် 'နတ်သမီး လန်ယွဲ့' သည် ဧရာမ ရေခဲ ကြာပန်း ကြီး တစ်ပွင့်ပေါ်တွင် ထိုင်နေ၏။

သူမ သည် ခန္ဓာကိုယ် ပေါင်းစည်းခြင်းအဆင့် နှောင်းပိုင်း ၏ ကြောက်မက်ဖွယ်ကောင်းလှသော အရှိန်အဝါ ကြီးကို အစွမ်းကုန် ထုတ်လွှတ်ထားသဖြင့် ဘေးပတ်လည်ရှိ ဆီးနှင်းဖုံး တောင်တန်း ကြီးများ ပေါ်တွင် နှင်းပြိုကျမှု များပင် ဖြစ်ပေါ်နေတော့သည်။

“မိစ္ဆာ ကောင်တွေ... အခုချက်ချင်း ထွက်လာပြီး အသေခံကြ"

'နတ်သမီး လန်ယွဲ့' က ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ရာ ဝိညာဉ်စွမ်းအင် များဖြင့် ပံ့ပိုးထားသော သူမ၏ အသံမှာ ကောင်းကင် ကိုးထပ် မှ မိုးခြိမ်းသံကြီး တစ်ခုပမာ ပဲ့တင်ထပ်သွားပြီး အောက်ဘက်ရှိ သံမဏိ ခံတပ်ကြီး ကိုပင် တဝီဝီ မြည်ကာ တုန်ခါသွားစေတော့၏။

“ဂျွတ်... ဂျွတ်... ဂျွတ်... ”

အောက်ဘက်ရှိ ခံတပ် ကြီး၏ တံခါးဝ က ဖြည်းညင်းစွာ ပွင့်လာတော့သည်။

သို့သော် ထွက်ပေါ်လာသည်မှာ ဒူးထောက် အသနားခံမည့် ဓားပြ တွေ လည်း မဟုတ်သလို မှော်ရတနာ များကို ကိုင်ဆောင်ထားမည့် မိစ္ဆာ ကျင့်ကြံသူ တွေ လည်း မဟုတ်ချေ။

ထိုအစား ဆီးနှင်းဖုံး အရောင် သုတ်သင်ထားသော သံချပ်ကာ အထူစား တင့်ကား ကြီးများ နှင့် မိုးထိမတတ် မြင့်မားလှသော စက်ရုပ်ကြီး ရာပေါင်းများစွာ က အစီအရီ ထွက်ပေါ်လာကြ၏။

ကျန်းချန် သည် အရှေ့ဆုံးရှိ အမိန့်ပေး ကွပ်ကဲရေး ယာဉ် ကြီး၏ အထက်တွင် မတ်တတ်ရပ်ကာ အသံချဲ့စက် ကို ကိုင်ဆောင်ထာားသည်။ မျက်နှာပေါ်တွင် လုံးဝကို စိတ်ပျက် လက်ပျက် ဖြစ်နေသည့် အမူအရာ ကြီး ထွက်ပေါ်နေသည်။

“ကျွန်တော် ပြောပါရစေ ၊နတ်သမီး လေး ရယ်... ကျွန်တော်တို့က စီးပွားရေး လုပ်ပြီး ပိုက်ဆံ ရှာနေကြတာလေ... စကားပြောတဲ့ အခါကျရင် နည်းနည်းလောက် ယဉ်ကျေးလို့ မရဘူးလားဗျာ”

“တကယ်လို့ ကျွန်တော်တို့ရဲ့ ထုတ်ကုန် တွေကို သဘောမကျဘူး ဆိုရင်လည်း... ပြန်အမ်း လို့ ရပါတယ်ဗျ... 'လူငယ် မုဒ်'လေး ပြောင်းပေးဖို့ လည်း ရပါတယ်... ဘာလို့ အခုလို အကြမ်းဖက် တဲ့ နည်းလမ်း တွေကို သုံးရတာလဲ ခင်ဗျာ”

“ပါးစပ် ပိတ်ထား”

'နတ်သမီး လန်ယွဲ့' က အောက်ဘက်ရှိ ထူးဆန်းသော ပုံပန်းသဏ္ဍာန် ရှိသည့် သံတုံးကြီး များကို ငုံ့ကြည့်လိုက်ရာ သူမ၏ မျက်လုံးများထဲတွင် ရွံရှာမှု အရိပ်အယောင် များ ပိုမို နက်ရှိုင်းလာတော့၏။

“နင်တို့က ပါးနပ်ပြီး ထူးဆန်းတဲ့ လှည့်ကွက် တွေကို သုံးပြီး ငါ့တပည့် တွေရဲ့ တာအို စိတ်နှလုံး ကို ဖျက်ဆီးပစ်လိုက်တယ်... 'ဘလိုင်းဘောက်' လို့ ခေါ်တဲ့ အမှိုက် တွေကို ရောင်းချပြီး အင်မော်တယ် လောက ကြီးကို ကပ်ဘေး တစ်ခုလို ဒုက္ခပေးနေတယ်”

“ဒီနေ့ ငါက ကောင်းကင်ဘုံ ကိုယ်စား တရားစီရင်ပြီး... ဒီ မိစ္ဆာကောင် တွေရဲ့ အသိုက် ကို အမြစ်ပြတ် ရှင်းလင်းပစ်မယ်”

“တပည့် တွေ အားလုံး... အမိန့်ကို နားထောင်ကြ"

“အခင်းအကျင်း ဖွဲ့ကြ... မိုင်တစ်ထောင် အထိ အေးခဲပစ်လိုက်”

“အမိန့်အတိုင်းပါ... ”

တရားခံ ဖမ်းဆီးရေး တပ်ဖွဲ့ဝင် သုံးထောင် က တစ်ပြိုင်နက်တည်း ဟိန်းဟောက်လိုက်ကြပြီး သူတို့၏ ဓားပျံ များမှ မျက်စိကျိန်းမတတ် တောက်ပသော အဖြူရောင် အလင်းတန်း များ တစ်ပြိုင်နက်တည်း ပေါက်ကွဲ ထွက်လာတော့၏။

ဒါက တကယ့် စစ်တပ် အစစ် ကြီး ပင် ဖြစ်ပြီး မည်းမှောင်သော လေဆင်နှာမောင်း တောင်စခန်း မှ ဓားပြ တစ်သိုက် နှင့် လုံးဝ ယှဉ်၍ မရနိုင်ချေ။

မရေမတွက်နိုင်သော ရေခဲ ဓား အလင်းတန်း များ စုပေါင်းသွားပြီး ပေတစ်ထောင် ခန့် ရှည်လျားသော ဧရာမ နှင်းခဲ နဂါးကြီး တစ်ကောင် အဖြစ်သို့ ဖွဲ့တည်၏။... အရာအားလုံးကို ဖျက်ဆီးပစ်နိုင်မည့် အရှိန်အဝါ ကြီးကို သယ်ဆောင်လျက် အောက်ဘက်ရှိ အခြေစိုက် စခန်း ကြီးဆီသို့ ပြင်းထန်စွာ ထိုးဆင်းလာတော့သည်။

ဤ တိုက်ခိုက်မှု ကြီး တစ်ချက်တည်း နှင့်ပင် တောင် တစ်တောင် ကို မြေပြင် နှင့် တစ်ပြေးတည်း ဖြစ်သွားအောင် ဖျက်ဆီးပစ်ရန် လုံလောက်လှ၏။

“ဟူး... စကားနဲ့ ပြောလို့ မရတော့ဘူးပဲ”

ကျန်းချန် က အသံချဲ့စက် ကို အောက်ချလိုက်ပြီး သက်ပြင်းချလိုက်ရာ သူ၏ မျက်လုံးများ မှာ ချက်ချင်းဆိုသလို စူးရှ ထက်မြက်လာတော့သည်

“သီအိုရီတွေ အကြောင်း မပြောချင်ဘူး ဆိုမှတော့... ရူပဗေဒ အကြောင်း ပြောကြတာပေါ့ကွာ”

“စက်မှုနည်းပညာ မိစ္ဆာ ဘာသာရေး ဂိုဏ်း... ခေတ် ရဲ့ ရေစီးကြောင်း ဆိုတာ ဘာလဲ သူတို့ကို ပြပေးလိုက်ကြ"

“လွှမ်းခြုံ ပစ်ခတ်မှု ကြီး စတင်ဟေ့”

“အိုကေပါဗျာ... ”

ထိုအခိုက်အတန့်မှာ၊ အချိန်အတော်ကြာ ကတည်းက စိတ်မရှည်စွာ စောင့်ဆိုင်းနေခဲ့သော 'ခေါင်းမာတဲ့ ကောင်လေး' သည် ပစ်လွှတ်ရေး ခလုတ် ကို စိတ်လှုပ်ရှားစွာ အားကုန် နှိပ်ချလိုက်သည်။

“အဘွားကြီး... ခေတ် တွေ ပြောင်းသွားပြီ မှတ်”

“ဒီ တုန်းဖုန်းအိတ်စ်ပရက်စ် (တုန်းဖုန်းအိတ်စ်ပရက်စ် - တရုတ်နိုင်ငံထုတ် တိုက်ချင်းပစ် ဒုံးကျည် ၏ အမည်ပြောင်) ကြီးရဲ့ အရသာ ကို ခံစားကြည့်”

“ဝုန်း... ဝုန်း... ဝုန်း... ”

မျက်စိတစ်မှိတ်အတွင်း ခံတပ်ကြီး ၏ အနောက်ဘက်ရှိ ပစ်လွှတ်ရေး စင် ကြီး ရာပေါင်းများစွာ ၏ အဖုံး များ တစ်ပြိုင်နက်တည်း ပွင့်ထွက်သွားတော့၏။

မည်သည့် ဝိညာဉ်စွမ်းအင် လှိုင်းဂယက် မျှ မရှိသလို... မျက်စိကျိန်းမတတ် တောက်ပသော မှော်မန္တန် အထူးပြုလုပ်ချက် များလည်း မရှိချေ။

ယမ်းမှုန့် များ ပေါက်ကွဲသံ များနှင့် တွန်းကန်အားပေးစက် များ လေထုကို ဆုတ်ဖြဲသွားသည့် စူးရှသော အသံကြီး များသာ ရှိသည်။

အနီရောင် မီးတောက် အမြီးတန်းကြီးများ ကို ဆွဲငင်ထားသည့် ဒုံးကျည် ရာပေါင်းများစွာ မှာ ကောင်းကင်ယံသို့ ဆန်တက်လာသော မီးတောက် မိုးသက်မုန်တိုင်း ကြီး တစ်ခုပမာ... ဆင်းသက်လာသော နှင်းခဲ နဂါးကြီး ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားကြတော့၏။

“ဒါက ဘယ်လို လျှို့ဝှက် လက်နက် မျိုးလဲ”

'နတ်သမီး လန်ယွဲ့' က မျက်မှောင်ကြုတ်လိုက်သည်။ ထို သံပိုက်လုံး ကြီးများပေါ်တွင် မည်သည့် ဝိညာဉ်စွမ်းအင် မျှ မရှိသည် မှန်သော်ငြား သူတို့၏ အမြန်နှုန်း မှာမူ အလွန်အမင်း အံ့အားသင့်ဖွယ် ကောင်းလှသည်။

သူမ တွေဝေ ကြောင်တောင်တောင် ဖြစ်နေသည့် အခိုက်အတန့်လေးမှာပင်၊

ပထမဆုံး ဒုံးကျည် က နှင်းခဲ နဂါးကြီး ကို ဝင်တိုက်သွားလေပြီ။

“ဝုန်း... ”

ဧရာမ မှိုပွင့် ပုံစံ မီးခိုးလုံးကြီး တစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွားတော့၏။ အပူချိန် ဒီဂရီ ထောင်ပေါင်းများစွာ ပါဝင်သော ကြောက်မက်ဖွယ်ကောင်းလှသည့် လှိုင်းဂယက်ကြီး ကြောင့် နဂါးကြီး ၏ ခေါင်းပေါ်ရှိ ရေခဲများ ချက်ချင်း အရည်ပျော် ကျသွားတော့သည်။

ထို့နောက် ဒုတိယ တစ်လုံး... တတိယ တစ်လုံး...

“ဝုန်း... ဝုန်း... ဝုန်း... ဝုန်း... ဝုန်း... ”

ကောင်းကင်ယံ တစ်ခုလုံး မီးပင်လယ် ကြီး အဖြစ်သို့ ပြောင်းလဲသွားတော့၏။

နှင်းခဲ နဂါးကြီး ဟု ခေါ်သော အရာကြီး မှာ ဤ သိပ်သည်းလှသော လွှမ်းခြုံ ပစ်ခတ်မှု ကြီး အောက်တွင် သုံးစက္ကန့် ပင် မခံလိုက်ရဘဲ ရေနွေးငွေ့ လုံးကြီး တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။

“ဘာ”

'နတ်သမီး လန်ယွဲ့' ၏ မျက်နှာထား မှာ အကြီးအကျယ် ပျက်ယွင်းသွားတော့သည်။

သူမရဲ့အေးခဲ အခင်းအကျင်း ကြီးက... သံပိုက်လုံး ကြီး တစ်သိုက် ရဲ့ ဖျက်ဆီးခြင်း ခံလိုက်ရတယ်လား။

သူမ ဘာမှ ပြန်မလုပ်နိုင်မီမှာပင် ဒုံးကျည် များက ရေနွေးငွေ့ လုံးကြီးများကို ဖောက်ထွင်းကာ အရှိန်အဟုန် လုံးဝ မကျဆင်းသွားဘဲ ကောင်းကင်ယံရှိ တပ်ဖွဲ့ ကြီးဆီသို့ ဆက်လက် ပြေးဝင်လာကြတော့၏။

“လူစုခွဲကြ... ဒိုင်းလွှား တွေ ဖွင့်ထားကြ"

တရားခံ ဖမ်းဆီးရေး တပ်ဖွဲ့ ၏ ခေါင်းဆောင် က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

သို့ရာတွင် ကစားသမား များက အလွန် ပါးနပ်လွန်းလှ၏။

“ခွဲစမ်း... ”

'ခေါင်းမာတဲ့ ကောင်လေး' က လှောင်ပြုံး ပြုံးလိုက်သည်။

ဒုံးကျည် များမှာ တပ်ဖွဲ့ ကြီး၏ အနားသို့ ရောက်ရှိလာချိန်တွင် လေထဲမှာတင် ပေါက်ကွဲထွက်သွားကြတော့၏။

ထိုအထဲတွင် ရိုးရိုး ယမ်းမှုန့် များသာ ပါဝင်သည် မဟုတ်ဘဲ မိစ္ဆာ သတ်ဖြတ်ရေး သဲများ ရောနှောထားသော မရေမတွက်နိုင်အောင် များပြားလှသည့် သံမဏိ ဘောစေ့ လေးများ နှင့်... မိစ္ဆာ ကမ္ဘာ မှ သယ်ဆောင်လာခဲ့သော အလွန်အမင်း စပ်လှသည့် ငရုတ်သီးမှုန့် များ အပြည့်အနှက် ပါဝင်နေ၏။

“ဖောင်း... ဖောင်း... ဖောင်း... ”

ကာကွယ်ရေး ဒိုင်းလွှား များသည် မှော်မန္တန် များကို ကာကွယ်နိုင်စွမ်း ရှိသည် မှန်သော်ငြား ဤမျှ သိပ်သည်းလှသော ရုပ်ပိုင်းဆိုင်ရာ စွမ်းအင် သုံး တိုက်ခိုက်မှု ကြီးကိုမူ လုံးဝ မတားဆီးနိုင်ခဲ့ချေ။

“အား... ငါ့မျက်လုံး တွေ”

“ဒီ မီးခိုး တွေက အဆိပ်သင့် နေတယ်ဟေ့... အရမ်း စပ်တာပဲကွာ”

“ကယ်ကြပါဦး... ငါ့ရဲ့ ဓားပျံ ကြီး ထက်ပိုင်း ကျိုးသွားပြီကွ”

ပုံမှန် အချိန်များတွင် အလွန်တရာ မာနထောင်လွှားပြီး ဂုဏ်ယူဝင့်ကြွားလေ့ ရှိသော ကျင့်ကြံသူ သုံးထောင် ခန့်မှာ ယခုအခါ ရေနွေးအိုး ထဲသို့ ပစ်ချခံလိုက်ရသော မုန့်လုံးလေး များပမာ ကောင်းကင်ယံမှ တစ်ဖွဲဖွဲ ပြုတ်ကျလာကြတော့သည်။ သူတို့တွင် မှော်ရတနာ ကာကွယ်ရေး များ ရှိသဖြင့် ပြုတ်ကျသေဆုံးသွားခြင်း မရှိသည် မှန်သော်ငြား အားလုံးမှာ ဖုန်များ ပေကျံနေပြီး လုံးဝကို စုတ်ပြတ်သတ်နေကြလေပြီ။

“သူတို့ရဲ့ ကာကွယ်ရေး တွေက ဒီလောက်လေးနဲ့တင် ပေါက်သွားပြီလား”

မြေပြင်ပေါ်တွင် 'ဝက်ဝံ' က ကောင်းကင်ယံမှ ပြုတ်ကျလာသော 'မုန့်လုံး' များကို ကြည့်ကာ ခေါင်းခါလိုက်၏။

“မပြီးသေးဘူးနော်”

“ကောင်လေးတို့... လေထဲမှာတင် ပစ်သတ်ကြ"

မြေပြင်ပေါ်ရှိ မရေမတွက်နိုင်သော ဘိန်းလင်းများက ခေါင်းများကို မော့ကာ သူတို့၏ ကျောကုန်းပေါ်ရှိ ကြွက်သားများကို တင်းကျပ်လိုက်ကြပြီး သိပ်သည်းလှသော အရိုး ဆူးချွန် မိုးသက်မုန်တိုင်း ကြီးကို ပန်းထုတ်လိုက်ကြတော့၏။

ဒါက အချိုးအစား မညီမျှသော စစ်ပွဲကြီး တစ်ခု နှင့်ပင် တူနေတော့၏။

တစ်ဖက်က နတ်ဘုရား အာရုံ ဖြင့် ပစ်မှတ်ကို ရှာဖွေပြီး မှော်မန္တန် များ ရွတ်ဆိုနေရဆဲ အချိန်တွင်... အခြားတစ်ဖက်ကမူ ရေဒါအား အသုံးပြု၍ ပစ်မှတ်ကို အလိုအလျောက် လော့ခ်ချကာ မြေပြင်မှနေ၍ လွှမ်းခြုံ ပစ်ခတ်မှု ကြီးများ ပြုလုပ်နေပြီ ဖြစ်သည်။

နံ့သာတိုင် တစ်ဝက်စာ ခန့် အချိန်တိုလေး အတွင်းမှာပင်၊

တရားခံ ဖမ်းဆီးရေး တပ်ဖွဲ့ဝင် (၃၀၀၀) လုံး အမြစ်ပြတ် ရှင်းလင်းခံလိုက်ရလေပြီ။

ကောင်းကင်ယံ တွင် ရေခဲ ကြာပန်း ကြီးပေါ်၌ အထီးကျန်စွာ မတ်တတ်ရပ်နေသော 'နတ်သမီး လန်ယွဲ့' တစ်ဦးတည်းသာ ကျန်ရစ်တော့၏။

သူမ၏ မျက်နှာမှာ ပြာနှမ်းနေပြီး မျက်လုံးများထဲတွင် ဒေါသမီးတောက်များ တောက်လောင်နေတော့သည်။

“အရမ်း ကောင်းတယ်... တကယ်ကို အရမ်း ကောင်းတယ်”

'နတ်သမီး လန်ယွဲ့' က ဒေါသတကြီး ရယ်မောလိုက်ရာ သူမ၏ အရှိန်အဝါ ကြီးက ကောင်းကင်သို့ ထိုးတက်သွားပြီး ဘေးပတ်လည်ရှိ လေဟာနယ် ကြီးတွင် အက်ကွဲကြောင်း သေးသေးလေး များပင် စတင် ထွက်ပေါ်လာတော့၏။

“ငါ နင်တို့ကို အထင်သေးမိတယ် ဆိုတာ ဝန်ခံပါတယ်”

“ဒါပေမဲ့ ဒီလို ပါးနပ်တဲ့ လှည့်ကွက် လေးတွေနဲ့တင်... ခန္ဓာကိုယ် ပေါင်းစည်းခြင်းအဆင့် ရဲ့ စွမ်းအား ကို ယှဉ်နိုင်ပြီ လို့ နင်တို့ ထင်နေကြတာလား”

“သေချင်နေမှတော့... နင်တို့ ဆန္ဒ ပြည့်ဝစေရမယ်”

“တားမြစ် မှော်မန္တန် - အကြွင်းမဲ့ သုည”

“ဝီ... ”

ကမ္ဘာလောကကြီး တစ်ခုလုံး ရပ်တန့်သွားသည့်အလား ပင်။

ဖော်ပြ၍ မရနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းလှသော အအေးဓာတ် ကြီးတစ်ခုက သူမ၏ ကိုယ်ပေါ်မှနေ၍ အရပ်မျက်နှာအနှံ့ ရစ်သိုင်းသွားတော့၏။

လေထု ကြီး ပင်လျှင် အပြာရောင် ပုံဆောင်ခဲ ကြီးများ အဖြစ်သို့ အေးခဲသွားတော့သည်။ ယခုလေးတင် ပစ်လွှတ်လိုက်သော ဒုံးကျည် များမှာ လေထဲမှာတင် အလုပ်မလုပ်တော့ဘဲ ရေခဲတုံး ကြီးများ အဖြစ် ပြောင်းလဲသွားကာ မြေကြီးပေါ်သို့ ပြုတ်ကျသွားကြတော့၏။

ဒါက ခန္ဓာကိုယ် ပေါင်းစည်းခြင်းအဆင့် နှောင်းပိုင်း ၏ တကယ့် စွမ်းအား အစစ်အမှန် ကြီး ပင် ဖြစ်သည်။

'နယ်မြေ' အတွင်းရှိ အရာအားလုံးသည် အေးခဲသွားရမည် ဖြစ်သည်။

“သောက်ကျိုးနည်း... စက်ရုပ်ကြီး လှုပ်လို့ မရတော့ဘူးကွ”

'ခေါင်းမာတဲ့ ကောင်လေး' မှာ သူ၏ ထိန်းချုပ်ရေး စနစ် များ အားလုံး အော့ဖ်လိုင်း ဖြစ်သွားကြောင်းကို ထိတ်လန့်တကြား တွေ့ရှိလိုက်ရပြီး မောင်းနှင်ခန်း အတွင်းရှိ အပူချိန် မှာလည်း သုည ဒီဂရီ အောက် သို့ ချက်ချင်း ကျဆင်းသွားတော့၏။

ကစားသမား များ အားလုံးမှာ နေရာမှာတင် အေးခဲသွားကြပြီး အသက်ဝင်နေသည့်အလား ထင်ရသော ရေခဲ ပန်းပုရုပ် ကြီးများ အဖြစ်သို့ ပြောင်းလဲသွားကြတော့သည်။

“ပုရွက်ဆိတ် ဆိုတာ ပုရွက်ဆိတ် ပါပဲကွာ”

'နတ်သမီး လန်ယွဲ့' က အောက်ဘက်ရှိ သက်မဲ့ ကမ္ဘာ ကြီးကို ငုံ့ကြည့်လိုက်ရာ သူမ၏ မျက်လုံးများထဲတွင် ကျေနပ် အားရသော အရိပ်အယောင် များ တဖျတ်ဖျတ် လင်းလက်သွား၏။

“ဒါက ငါ့ကို အာခံ တဲ့ အကျိုးဆက် ပဲ”

“ကွဲစမ်း... ”

သူမ က သူမ၏ သွယ်လျသော လက်ချောင်းလေး ကို ဆန့်ထုတ်ကာ ညင်သာစွာ ထိလိုက်သည်။

ထို လက်ချောင်းလေး မြေကြီး နှင့် ထိတွေ့မိသွားမည့် အခိုက်အတန့်လေးမှာပင်... ရေခဲ ပန်းပုရုပ် များ အားလုံး အမှုန့်ဖြစ်သွားတော့မည်ပင်။

သို့ရာတွင် ထိုအခိုက်အတန့်လေးမှာပင်...

သက်ပြင်းချသံ တစ်ခု ထွက်ပေါ်လာတော့၏။

“ဟူး... ငါ့ကို ကိုယ်တိုင် လှုပ်ရှားအောင် မရရအောင် လုပ်နေကြတာပဲ..”

'ဂျွတ်...'

အေးခဲနေသော အမိန့်ပေး ကွပ်ကဲရေး ယာဉ် ကြီး၏ ခေါင်မိုးပေါ်ရှိ 'ရေခဲ ပန်းပုရုပ်' ကြီးမှာ ရုတ်တရက် အက်ကွဲသွားတော့သည်။

ကျန်းချန် က သူ၏ ကိုယ်ပေါ်ရှိ ရေခဲ များကို ခါချလိုက်ပြီး ခါးထက်မှ ဓားရှည် ကို ဖြည်းညင်းစွာ ဆွဲထုတ်လိုက်၏။

အောက်ဘက် ကမ္ဘာ တွင် သူသည် ဓားသိုင်း ကျင့်ကြံသူ တစ်ဦး ဖြစ်ပြီး မူလဝိဉာဉ် ကျင့်ကြံခြင်းအဆင့် တွင် ရှိနေခဲ့သည်။

သို့သော် ဝိညာဉ် ကမ္ဘာ တွင် ဆေးဝါးများ အသုံးပြုကာ ကျင့်ကြံခဲ့ရသော နေ့ရက် များစွာ အပြီးတွင်... သူ၏ ကျင့်ကြံခြင်းအဆင့်ကြီးမှာ ယခုအခါ ချောင်ကျနေခဲ့ပြီပင်။

'မင်းက ကျင့်ကြံခြင်းအဆင့် နဲ့ လာယှဉ်ချင်တယ် ဆိုမှတော့...'

ကျန်းချန် က ခေါင်းကို မော့လိုက်ရာ သူ၏ မျက်လုံးများမှာ ကြယ် နှစ်ပွင့်ပမာ တောက်ပနေတော့၏။

'တကယ့် အစစ်အမှန်... ငွေကုန်ကြေးကျ ခံနိုင်တဲ့ ကစားသမား ကြီးရဲ့ စွမ်းအား က ဘယ်လိုမျိုးလဲ ဆိုတာ ငါ ပြပေးရတာပေါ့ကွာ'

“စနစ်... လွန်ခဲ့တဲ့ ရက်ပိုင်း က ရထားတဲ့ ဝိညာဉ်ကျောက်တုံး တွေ အကုန်လုံး ကို အားသွင်းလိုက်”

“အကုန်လုံး ကို... သွင်းလိုက်ဟေ့”

“ဝုန်း... ”

ရွှေရောင် အလင်းတန်း ကြီး တစ်ခုက ကျန်းချန် ၏ ခန္ဓာကိုယ်မှ ထိုးတက်သွားပြီး 'နတ်သမီး လန်ယွဲ့' ၏ 'အကြွင်းမဲ့ သုည နယ်မြေ' ကြီးကို တိုက်ရိုက် ဖောက်ထွင်းသွားတော့သည်။

လွန်ခဲ့သော နှစ်ပတ် အတွင်း ဘလိုင်းဘောက် များ ရောင်းချခြင်းမှ ကွေ့ယွမ်ဂိုဏ်း ရရှိခဲ့သော ဝိညာဉ်ကျောက်တုံး သန်းပေါင်းများစွာ မှာ မျက်စိတစ်မှိတ်အတွင်း အတွေ့အကြုံမှတ် များအဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။

‘ခန္ဓာကိုယ် ပေါင်းစည်းခြင်းအဆင့် အစောပိုင်း... ဖောက်ထွက်ပြီ။

ခန္ဓာကိုယ် ပေါင်းစည်းခြင်းအဆင့် အလယ်အလတ်အဆင့်... ဖောက်ထွက်ပြီကွ။

ခန္ဓာကိုယ် ပေါင်းစည်းခြင်းအဆင့် နှောင်းပိုင်း... အောင်မြင်သွားပြီဟေ့’

ကျန်းချန် ၏ ကျင့်ကြံခြင်းအဆင့် မှာ ချက်ချင်းဆိုသလို အမြင့်ဆုံး သို့ ထိုးတက်သွားပြီး 'နတ်သမီး လန်ယွဲ့' ၏ အဆင့် နှင့် ညီမျှသွား၏။ သို့မဟုတ် ပို၍ပင် သာလွန်သွား၏။

“လက်ဆောင် ပေးပြီးမှတော့... ပြန်မပေးရင် ရိုင်းရာ ကျမှာပေါ့”

ကျန်းချန် က ဓား တစ်ချက် ခုတ်ချလိုက်သည်။

ဤ ဓားချက် ကြီးတွင် မည်သည့် လှပသော နည်းစနစ် များမျှ မပါဝင်ချေ။ ဝိညာဉ်ကျောက်တုံး မရေမတွက်နိုင်အောင် များပြားလှသည့် အရာများဖြင့် ဖန်တီးထားသော အပြင်းစား ဝိညာဉ် ဖိအားကြီး သက်သက်သာ ပါဝင်လေ၏။

ဓား ၏ အမည် ကတော့ 'ငွေကြေး စွမ်းအား'ဟူ၍။

“ဝုန်း... ”

ခန္ဓာကိုယ် ပေါင်းစည်းခြင်းအဆင့် နှောင်းပိုင်း စွမ်းအား ကြီး နှစ်ခု ကောင်းကင်ယံတွင် ပြင်းထန်စွာ ဝင်တိုက်မိသွားကြတော့သည်။

မျှော်လင့်ထားသကဲ့သို့ အချိန်အတော်ကြာ အားပြိုင်နေရခြင်း မျိုး လုံးဝ မရှိခဲ့ချေ။

'နတ်သမီး လန်ယွဲ့' မှာ သူမ၏ ပြိုင်ဘက် ၏ ဝိညာဉ်စွမ်းအင် များသည် ယုတ္တိမတန် လောက်အောင် များပြားလွန်းလှသည်။ သမုဒ္ဒရာ ကြီး က ချောင်းငယ်လေး တစ်ခုကို ဝင်တိုက်မိသည့်အလား ဖြစ်နေကြောင်းကို ထိတ်လန့်တကြား တွေ့ရှိလိုက်ရတော့၏။

“ဖူး... ”

သူမ သွေးတစ်လုတ် အန်ကျလာပြီး သူမ၏ ခြေအောက်ရှိ ရေခဲ ကြာပန်း တရားဓမ္မ ပုံစံ ကြီးမှာ ချက်ချင်း အမှုန့်ဖြစ်သွားတော့သည်။ သူမ သည် ကြိုးပြတ်သွားသော စွန် တစ်ကောင်ပမာ ကောင်းကင်ယံမှ ပြုတ်ကျလာတော့၏။

“ဘုန်း... ”

သူမ နှင်းတောထဲသို့ ပြင်းထန်စွာ ပြုတ်ကျသွားပြီး 'မည်းမှောင်သော လေဆင်နှာမောင်း မိစ္ဆာအိုကြီး' ၏ အရှေ့တည့်တည့် တွင် ရောက်ရှိသွားတော့သည်။

တိုက်ပွဲ ကြီး ပြီးဆုံးသွားလေပြီ။

ကျန်းချန် က ဓားရှည် ကို ဓားအိမ် ထဲ ပြန်ထည့်လိုက်ရာ သူ၏ ဘေးပတ်လည်ရှိ ရွှေရောင် အလင်းတန်းများ ဖြည်းညင်းစွာ ပျောက်ကွယ်သွား၏။ အန္တရာယ် မရှိပုံပေါ်သော်ငြား ပါးနပ်စဉ်းလဲသော စီးပွားရေးသမား ကြီး တစ်ယောက်၏ အသွင်အပြင် သို့ ပြန်လည် ရောက်ရှိသွားတော့သည်။

သူက မနည်း ရုန်းကန် ထလာသော 'နတ်သမီး လန်ယွဲ့' ၏ အနားသို့ လျှောက်သွားပြီး ဆောင့်ကြောင့် ထိုင်ချကာ တစ်ရှူး (သွေးများ သုတ်ရန်) တစ်ရွက်ကို ကမ်းပေးလိုက်၏။

“နတ်သမီး လေး... အခုရော ကျွန်တော်တို့တွေ အေးအေးဆေးဆေး ထိုင်ပြီး ဒီ 'အင်တာနက် စွဲလမ်းမှု ဖြတ်တောက်ရေး' အတွက် ကုန်ကျစရိတ် တွေကို ဆွေးနွေးလို့ ရပြီ မလားဗျာ”

'နတ်သမီး လန်ယွဲ့' သည် သူမ၏ အရှေ့ရှိ အမျိုးသား ကို ကြည့်ကာ သူမ၏ ရင်ထဲတွင် အရှက်ရမှု များနှင့် အံ့အားသင့် ထိတ်လန့်မှု များ ပြည့်နှက်နေတော့သည်။

ဤ တိုက်ပွဲ ကြီးက သူမ၏ မာနတရား များကို ကြေမွသွားစေရုံ သက်သက် မဟုတ်ချေ။

အင်မော်တယ် ကျင့်ကြံခြင်း လောက ကြီးတွင် နှစ်သောင်းပေါင်းများစွာ တည်ရှိနေခဲ့သော “ကျင့်ကြံခြင်းအဆင့် ကသာ အမြင့်မြတ်ဆုံး ပဲ” ဆိုသည့် အခြေခံ ယုံကြည်ချက် ကြီးကိုပါ လုံးဝ အစိတ်စိတ်အမွှာမွှာ ကြေမွသွားစေခဲ့ခြင်း ပင်။

'ဒီ မိစ္ဆာကောင် တွေက... ဘယ်ကနေ ရောက်လာကြတာလဲ…’

အခန်း (၂၆၉) အတင်းအကြပ် အရောင်းအဝယ်။ လျှို့ဝှက်ဆန်းကြယ် ရေခဲ နန်းတော် ဟုတ်လား... မဟုတ်ဘူးလေ... ကွေ့ယွမ် ရဲ့ စက်ရုံ ကြီး ဖြစ်သွားပြီကွ

ကွေ့ယွမ်ဂိုဏ်း ပထမ တောင်ခွဲ၊ စစ်သုံ့ပန်း စခန်း (ယခင် မည်းမှောင်သော လေဆင်နှာမောင်း တောင်စခန်း ၏ ရင်ပြင်) ၌၊

အဖြူရောင် ဝတ်ရုံများကို ဝတ်ဆင်ထားသော လျှို့ဝှက်ဆန်းကြယ် ရေခဲ နန်းတော် မှ အထက်တန်းလွှာ တပည့် သုံးထောင် ခန့်သည် နှင်းတောထဲတွင် လက်နှစ်ဖက်ကို ခေါင်းပေါ် တင်ကာ သပ်ရပ်စွာ ဆောင့်ကြောင့် ထိုင်နေကြ၏။

သူတို့၏ ဘေးပတ်လည်တွင် လက်နက် အပြည့်အစုံ တပ်ဆင်ထားသော စက်မှုနည်းပညာ မျိုးနွယ်စုဝင် ကစားသမား များက စက်ဝိုင်းပုံ ဝိုင်းရံထားသည်။ သွားရည်များ တမြားမြား ကျကာ သူတို့ကို စားလို့ ရမရ စဉ်းစားနေပုံ ရသည့် ဇာ့ဂ် စစ်သည်တော် အုပ်ကြီး လည်း ရှိနေ၏။

နည်းနည်းလေး လှုပ်ရှားရဲသူ မှန်သမျှသည် ထုံကျင် ကျည်ဆန် တစ်တောင့်၊ သို့မဟုတ် ရွှံ့စေး ပူဖောင်း တစ်ခု ဖြင့် ချက်ချင်း ပစ်ပေါက်ခံရမည် ဖြစ်သည်။

'အရှက်ရစရာ ကောင်းလိုက်တာ... တကယ်ကို အရှက်ရစရာ ကောင်းလိုက်တာဟယ်'

'နတ်သမီး လန်ယွဲ့' ၏ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာများကို ကုသပေးထားပြီး ဖြစ်သော်ငြား သူမ၏ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများ ကတော့ သွေးထွက်နေဆဲ ပင် ဖြစ်သည်။

ခန္ဓာကိုယ် ပေါင်းစည်းခြင်းအဆင့် သခင်ကြီး တစ်ပါး ဖြစ်သော သူမ သည် ယခုအခါ သူမကို အနိုင်ယူခဲ့သော အမျိုးသား... ကျန်းချန် ၏ အရှေ့တွင် သစ်သား ခွေးခြေကုလားထိုင် အသေးလေး တစ်လုံးပေါ်၌ ထိုင်နေရ၏။

“ဂိုဏ်းချုပ် ကျန်း”

'နတ်သမီး လန်ယွဲ့' က သွားကြိတ်ကာ သူမ၏ နောက်ဆုံး ကျန်ရှိနေသော ဂုဏ်သိက္ခာ လေးကို ထိန်းသိမ်းရန် ကြိုးစားလိုက်သည်။

“ငါ့ကို သတ်ချင် သတ်၊ နှိပ်စက်ချင် နှိပ်စက်... ခင်ဗျား သဘောပဲ... ငါတို့ လျှို့ဝှက်ဆန်းကြယ် ရေခဲ နန်းတော် က တပည့် တွေဟာ ဘယ်တော့မှ ဒူးထောက် အညံ့ခံမှာ မဟုတ်ဘူး”

“သတ်မယ် ဟုတ်လား”

စုန့်ချန် ပေးလာသော တိုက်ပွဲ ပျက်စီးဆုံးရှုံးမှု အစီရင်ခံစာ ကို စစ်ဆေးနေသော ကျန်းချန် သည် ထိုစကားကို ကြားသောအခါ ခေါင်းမော့လာပြီး သူ၏ မျက်နှာပေါ်တွင် အံ့အားသင့်သွားသော အမူအရာ ကြီး ထွက်ပေါ်လာတော့၏။

“နတ်သမီး လေး... အထင်လွဲနေပြီ ထင်တယ်... ကျွန်တော်တို့က တရားဝင် စီးပွားရေး လုပ်ငန်းရှင် တွေပါ... အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ မျိုးတွေ မလုပ်ပါဘူးဗျ”

“ဒါ့အပြင်... ခင်ဗျားတို့ကို သတ်လိုက်ရင် အလောင်း လိုက်မြှုပ် နေရဦးမယ်... မြေနေရာ အရင်းအမြစ် တွေ နှမြောစရာ ကောင်းပါတယ်ဗျာ”

သူက ရှည်လျားလှသော ငွေတောင်းခံလွှာ စာရွက်ကြီး တစ်ရွက်ကို 'နတ်သမီး လန်ယွဲ့' ၏ အရှေ့သို့ ဝုန်းခနဲ ပစ်ချလိုက်သည်။

“လျော်ကြေး ကိစ္စ ဆွေးနွေးကြတာပေါ့ဗျာ”

“လျော်ကြေး တဲ့လား...”

'နတ်သမီး လန်ယွဲ့' မှာ ကြောင်အမ်းသွားရှာ၏။

“ဒါပေါ့ဗျ”

ကျန်းချန် က ငွေတောင်းခံလွှာ ကို လက်ညှိုးထိုးကာ တစ်ချက်ချင်းစီ ဖတ်ပြသည်။

“ပထမ အချက် - ခင်ဗျားတို့က နိုင်ငံတကာ ဥပဒေ တွေရဲ့ အကာအကွယ် မရှိတဲ့ ကျွန်တော်တို့ရဲ့ လေပိုင်နက် ထဲကို အကြောင်းမဲ့ ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ အတွက်... ကျွန်တော်တို့ရဲ့ လေယာဉ်ပစ် ဒုံးကျည် (၃၀၀) ဆုံးရှုံးသွားရပါတယ်... အဲဒါက ဝိညာဉ်ကျောက်တုံး (၃) သန်း တန်ဖိုး ရှိပါတယ်ဗျ”

“ဒုတိယ အချက် - ခင်ဗျားတို့ရဲ့ အအေးဓာတ် တွေကြောင့် ကျွန်တော်တို့ရဲ့ အပူပေး စနစ် တွေ ပျက်စီးသွားရပါတယ်... ပြုပြင်စရိတ် က ဝိညာဉ်ကျောက်တုံး ငါးသိန်း ကျပါတယ်”

“တတိယ အချက်... ပြီးတော့ အရေးအကြီးဆုံး ကတော့... ခင်ဗျားတို့က ကျွန်တော့်ရဲ့ ဝန်ထမ်း တွေကို လန့်သွားအောင် လုပ်ခဲ့တဲ့ အတွက်... စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှု လျော်ကြေး အနေနဲ့ ဝိညာဉ်ကျောက်တုံး ငါးသန်း ပေးရပါမယ်ဗျာ”

“အဲဒါကလေ...”

မှတ်စု လိုက်မှတ်နေသော စုန့်ချန် က တိုးညှင်းသော အသံဖြင့် သတိပေးလိုက်၏။

“ဂိုဏ်းချုပ်... ကစားသမား တွေက နည်းနည်းလေးတောင် လန့်သွားတဲ့ ပုံ မပေါ်ပါဘူးဗျ... ဖိုရမ် တွေပေါ်မှာတောင် 'ဒီ လျှို့ဝှက် နယ်မြေ တိုက်ပွဲ ကြီးက တကယ် မိုက်တယ်ဗျ... နောက်ထပ် အကြိမ် အနည်းငယ် လောက် ထပ်လာပေးဖို့ အကြံပြုပါတယ်' လို့တောင် ရေးထားကြသေးတယ်ဗျာ”

“ပါးစပ် ပိတ်ထားစမ်း... ငါ က လန့်သွားတယ် လို့ ပြောရင် လန့်သွားတာပဲ... အဲဒါ အတည်ပဲ”

ကျန်းချန် က သူ့ကို စိမ်းစိမ်းကြီး တစ်ချက် ကြည့်လိုက်ပြီးနောက်... တွေဝေ ကြောင်တောင်တောင် ဖြစ်နေသော 'နတ်သမီး လန်ယွဲ့' ဘက်သို့ ပြန်လှည့်လိုက်သည်။

“အကြွေ တွေ ဖြတ်လိုက်မယ်ဗျာ... စုစုပေါင်း အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ဆယ်သန်း တိတိ ကျပါတယ်”

“ဘယ်တော့ ပေးမလဲ... အရစ်ကျ ပေးချင်ရင်လည်း ရပါတယ်... ဒါပေမဲ့ အတိုးနှုန်း ကတော့ တော်တော်လေး မြင့်မယ်နော်”

“အဆင့်မြင့် ဝိညာဉ်ကျောက်တုံး... ဆယ်သန်း တဲ့လား”

'နတ်သမီး လန်ယွဲ့' မှာ လေဖြတ်ပြီး ပက်လက်လန် လဲကျသွားလုမတတ် ပင် ဖြစ်သွားတော့၏။

လျှို့ဝှက်ဆန်းကြယ် ရေခဲ နန်းတော် ကြီး တစ်ခုလုံးကို ရောင်းချလိုက်လျှင် ပင် ထိုမျှလောက် ငွေကြေး ပမာဏ ရရှိမည် မဟုတ်ချေ။ ဝိညာဉ် ကမ္ဘာ မှ အဆင့် (၂) ဂိုဏ်း ကြီးများသည် ချမ်းသာကြွယ်ဝသည် မှန်သော်ငြား ထိုအရာများမှာ မရွှေ့ပြောင်းနိုင်သော ပိုင်ဆိုင်မှု များ (မြေယာများ၊ သတ္တုတွင်း များ) သာ ဖြစ်ပြီး သူတို့၏ လက်ငင်း ငွေသား ပမာဏ မှာမူ ထိုမျှလောက် အထိ ကြောက်မက်ဖွယ် မကောင်းလှချေ။

“နင်... နင် က ဓားပြတိုက် နေတာပဲ”

'နတ်သမီး လန်ယွဲ့' မှာ ဒေါသကြောင့် တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ရီနေတော့သည်။

“ငါ့ဆီမှာ ပိုက်ဆံ မရှိဘူး... ငါ့အသက် ကိုပဲ ယူသွားလိုက်တော့”

“ပိုက်ဆံ မရှိဘူး ဟုတ်လား”

ကျန်းချန် က သူမ၏ တုံ့ပြန်မှုကို ကြိုတင် ခန့်မှန်းထားပြီး ဖြစ်ပုံရကာ... ထောင်ချောက် ထဲသို့ ကျရောက်သွားသော သားကောင် ကို ကြည့်နေသည့် မုဆိုး တစ်ယောက်ပမာ သူ၏ အပြုံးကြီး မှာ ပိုမို ပြုံးဖြီးလာတော့၏။

“ပိုက်ဆံ မရှိလည်း ရပါတယ်ဗျာ”

“ကျွန်တော် က မိစ္ဆာ ကြီး မှ မဟုတ်တာ... အကြွေး မဆပ်နိုင်ဘူး ဆိုမှတော့... လုပ်အား နဲ့ အကြွေး ဆပ်ကြတာပေါ့ဗျာ”

ကျန်းချန် က လက်ဖျောက် တစ်ချက် တီးလိုက်သည်။

ကြိုတင် ရေးဆွဲထားသော 'မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်' (အမှန်တကယ်တော့ ကျေးကျွန် စာချုပ် ဖြစ်သည်။) တစ်ခု ဟိုလိုဂရမ် မျက်နှာပြင် ပေါ်တွင် ထွက်ပေါ်လာတော့၏။

“ကျွန်တော် လေ့လာ ကြည့်ပြီးပြီ... ခင်ဗျားတို့ လျှို့ဝှက်ဆန်းကြယ် ရေခဲ နန်းတော် ရဲ့ ကျင့်ကြံခြင်း နည်းလမ်း တွေက တော်တော်လေး ထူးခြားတယ်ဗျ”

ကျန်းချန် က ခွဲခြမ်းစိတ်ဖြာ ပြသည်။

“လူတိုင်းက 'နှင်းခဲ ကျင့်စဉ်' ကို ကျင့်ကြံကြတာ ဆိုတော့... ခင်ဗျားတို့ရဲ့ ဝိညာဉ်စွမ်းအင် တွေထဲမှာ သဘာဝ အရ အလွန်အမင်း အေးခဲတဲ့ ဂုဏ်သတ္တိ တွေ ပါဝင်နေတယ်လေ... ဒါက ရှင်းရှင်းကြီးကို သဘာဝ က ပေးထားတဲ့ တိကျမှု အလွန် မြင့်မားတဲ့ စက်မှုလုပ်ငန်းသုံး အအေးပေး အရည် တွေပါပဲ”

“ကျွန်တော်တို့ရဲ့ စက်ရုပ်ကြီး တွေရဲ့ ဓာတ်ပေါင်းဖို တွေကို အအေးခံ ရတာ ဘယ်လောက် ခက်ခဲလဲ ခင်ဗျား သိလား... ဆာဗာ ခန်းမ ကြီးထဲမှာ ဘယ်လောက်တောင် ပူနေလဲ ခင်ဗျား သိလား”

“ခင်ဗျားတို့ သာ လာပြီး 'ကူညီ' ပေးဖို့ ဆန္ဒရှိမယ် ဆိုရင်...”

ကျန်းချန် က လက်ညှိုး တစ်ချောင်း ထောင်ပြလိုက်၏။

“အမျိုးသား တပည့် တွေက စက်ရုပ် စက်ရုံ တွေဆီ သွားပြီး ဓာတ်ပေါင်းဖို တွေကို အအေးခံ ပေးရမယ်... တစ်ခါတည်း 'လူသား အဲယားကွန်း' တွေ အဖြစ် တာဝန်ယူပေးပေါ့ဗျာ”

“အမျိုးသမီး တပည့် တွေကတော့... အကုန်လုံး ရုပ်ရည် လေးတွေ သန့်ကြတာ ဆိုတော့... တိုက်ရိုက် ထုတ်လွှင့်မှု ဌာန တွေဆီ သွားပြီး... ကျွန်တော်တို့ရဲ့ ဘလိုင်းဘောက် တွေနဲ့ အလှကုန် ပစ္စည်း တွေကို ကြော်ငြာ ရောင်းချပေးရမယ်ဗျ”

“နန်းတော် သခင်မ လန်ယွဲ့... ခင်ဗျား အတွက် ကတော့...”

ကျန်းချန် က ဤ မာနကြီးပြီး ခမ်းနားထည်ဝါသော အမျိုးသမီး ကို တစ်ချက် ကြည့်လိုက်သည်။

“ခင်ဗျား ကိုတော့ နည်းနည်း ပင်ပန်းခံခိုင်းရလိမ့်မယ်... ခင်ဗျား က စက်ရုံမှူး လုပ်ရမယ်... ဒီ လူသုံးထောင် ကို စီမံ အုပ်ချုပ်ပေးဖို့ တာဝန်ယူရမယ်... တကယ်လို့ ကုန်ထုတ်လုပ်မှု က ရည်မှန်းချက် မပြည့်မီဘူး ဆိုရင်... ခင်ဗျား ရဲ့ အလုပ် အမှတ် တွေကို ဖြတ်ပစ်မယ် မှတ်”

“နင်... နင်က ငါတို့ကို လက်မှုပညာသည် တွေ၊ သရုပ်ဆောင် တွေ အဖြစ် ခိုင်းစားရဲတယ်ပေါ့လေ”

'နတ်သမီး လန်ယွဲ့' မှာ လုံးဝကို စော်ကားခံလိုက်ရသလို ခံစားလိုက်ရတော့၏။

“ပညာတတ် ကို သတ်လို့ ရတယ်... ဒါပေမဲ့ စော်ကားလို့ မရဘူးဟဲ့... ငါတို့က ကျင့်ကြံသူ တွေ... ကြီးမြတ်တဲ့ တာအို ကို ရှာဖွေနေကြတဲ့ သူတွေ...”

“ဒိုင်း... ”

ကျန်းချန် က အဆင့်မြင့် ဝိညာဉ်ကျောက်တုံး တစ်တုံးကို စားပွဲပေါ်သို့ ဝုန်းခနဲ ပစ်ချလိုက်သည်။

“တစ်ယောက် ကို တစ်နေ့... အဆင့်လတ် ဝိညာဉ်ကျောက်တုံး ဆယ်တုံး ရမယ်... စားစရိတ် နေစရိတ် ငြိမ်း”

“အလုပ် ကြိုးစားတဲ့ သူတွေကို နှစ်ကုန် ဘောနပ်စ် ထပ်ပေးမယ်”

'နတ်သမီး လန်ယွဲ့' ၏ စကားသံများ ရုတ်တရက် ရပ်တန့်သွားတော့၏။

အဆင့်လတ် ဝိညာဉ်ကျောက်တုံး ဆယ်တုံး တဲ့လား။

လျှို့ဝှက်ဆန်းကြယ် ရေခဲ နန်းတော် တွင် ပုံမှန် အတွင်းစည်း တပည့် တစ်ဦး သည် တစ်လလုံး နေမှ အဆင့်လတ် ဝိညာဉ်ကျောက်တုံး ငါးတုံး သာ ရရှိသည် ကို သိထားရမည် ဖြစ်သည်။

ဒီနေရာမှာ က... တစ်နေ့ ကို ဆယ်တုံး တဲ့လား။

“ဂလု... ”

သူမ ၏ အနောက်ဘက်ရှိ နှင်းတောထဲတွင် ဆောင့်ကြောင့် ထိုင်နေကြသော တပည့် သုံးထောင် မှာ တစ်ပြိုင်နက်တည်း တံတွေး မျိုချလိုက်ကြသည်။

ထို အကြည့်များမှာ ရန်သူ တစ်ယောက်ကို ကြည့်နေသည့် အကြည့်များ မဟုတ်တော့ဘဲ... ကျေးဇူးရှင် ကြီး တစ်ဦးကို ကြည့်နေသည့် အကြည့်များ နှင့်ပင် တူနေတော့၏။

“နန်းတော် သခင်မ ကြီးခင်ဗျာ...”

အခြေအနေကို ကောင်းစွာ နားလည်သော လူငယ်လေး တစ်ဦးက ကြောက်ရွံ့ တုံ့ဆိုင်းစွာဖြင့် လက်မြှောက်လာသည်။

“ကျွန်တော် ထင်တာကတော့... ဂိုဏ်း ကြီး ရဲ့ ရှင်သန်ရေး အတွက်... ဒီ အရှက်ရမှု ကို ကျွန်တော်တို့ သည်းခံ ကြတာပေါ့ဗျာ... ကျွန်တော် က ဟို ဝိညာဉ်ကျောက်တုံး ဆယ်တုံး ကို လိုချင်လို့ လုံးဝ မဟုတ်ပါဘူးနော်”

'နတ်သမီး လန်ယွဲ့' သည် ထို မျှော်လင့်တကြီး ဖြစ်နေသော မျက်လုံး များကို ကြည့်လိုက်ပြီးနောက်... “သဘောမတူဘူး ဆိုရင်တော့ တကယ် လက်ပြောင်း လက်လွှဲ လုပ်တော့မယ်” ဆိုသည့် အမူအရာ ပေါက်နေသော ကျန်းချန်ထံ အကြည့်ပို့လိုက်သည်။

နောက်ဆုံးတွင် သူမ က သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပြီး သစ်သား ခွေးခြေကုလားထိုင် အသေးလေး ပေါ်သို့ ပျော့ခွေစွာ ထိုင်ချလိုက်လေတော့၏။

“သဘောတူပါတယ်”

... ... ...

တစ်လ အကြာ၌၊

ကွေ့ယွမ်ဂိုဏ်း ပထမ တောင်ခွဲ၊ စက်မှုဇုန် ၌၊

ဤနေရာမှာ လုံးဝကို ပြောင်းလဲသွားခဲ့လေပြီ။

“မြန်မြန်... ကုန်ထုတ်လုပ်မှု လိုင်း နံပါတ် (၃) က အပူလွန်ကဲ နေပြီဟေ့... လျှို့ဝှက်ဆန်းကြယ် ရေခဲ နန်းတော် က ညီအစ်ကို တွေ... အစွမ်းကုန် လုပ်ပေးကြပါဦးဗျာ”

စက်မှုနည်းပညာ မျိုးနွယ်စုဝင် ကစားသမား တစ်ယောက်က အော်ဟစ်လိုက်၏။

“လာပါပြီဗျာ... ”

အပြာရောင် အလုပ်သမား ဝတ်စုံ များကို ဝတ်ဆင်ထားသော လျှို့ဝှက်ဆန်းကြယ် ရေခဲ နန်းတော် မှ အမျိုးသား တပည့် အချို့ သည် နှင်းခဲ မှော်မန္တန် ကို ကျွမ်းကျင်စွာ အသက်သွင်းကာ သွေးနီရောင် ဓာတ်ပေါင်းဖို ကြီးဆီသို့ သန့်စင်သော နှင်းခဲ လေအေး ကြီးများကို ပန်းထုတ်လိုက်ကြသည်။

“ရှဲ... ရှဲ... ရှဲ... ”

အပူချိန် မှာ ချက်ချင်း ကျဆင်းသွားတော့၏။

“အရမ်း ကောင်းတယ်ဗျာ”

ကစားသမား က လက်မ ထောင်ပြလိုက်ပြီး 'ဟက်ပီးဝါးတား' (ကိုလာ) ပုလင်း အချို့ကို ပေါ့ပေါ့ပါးပါး ပစ်ပေးလိုက်သည်။

“ဟေး... ညီအစ်ကိုတို့... ပင်ပန်းသွားပြီ... ဒီမှာ ရေသောက်ကြဦး... ဒီည အချိန်ပို ဆင်းမယ့် သူ ရှိလား... အချိန်ပို ကြေး နှစ်ဆ ပေးမယ်ဟေ့”

“ဆင်းမယ်... သေချာပေါက် ဆင်းရမှာပေါ့ဗျာ”

တပည့် များသည် ဟက်ပီးဝါးတား များကို လှမ်းဖမ်းလိုက်ပြီး တစ်ကျိုက်တည်း မော့သောက်လိုက်ကြရာ မျက်နှာများပေါ်တွင် အလုပ်သမား လူတန်းစား များ၏ ပျော်ရွှင်မှု အရိပ်အယောင် များ တောက်ပနေတော့၏။

“နောက်ဆုံးပေါ် 'ဝိညာဉ်စွမ်းအင်သုံး မော်တော်ဆိုင်ကယ်' လေး ဝယ်ဖို့ ပိုက်ဆံ စုမိနေပြီဗျ... ဒီည တစ်ညလုံး မအိပ်ဘဲ အလုပ် ကြိုးစားရမယ်ကွ”

တစ်ချိန်တည်းမှာပင် အခြားတစ်ဖက်ရှိ တိုက်ရိုက် ထုတ်လွှင့်မှု စင်တာ၌၊

“မိသားစု ဝင်တို့ရေ... ဒီအကြောင်းကို သိတဲ့ သူ ရှိလားဟင်... ဒီ 'ရေခဲ အသားအရေ ကျောက်စိမ်း အရိုး လိမ်းဆေး' လေးက တကယ်ကို အံ့မခန်း ပါပဲ ရှင်”

တစ်ချိန်က မာနကြီးပြီး ခမ်းနားထည်ဝါခဲ့သော အမျိုးသမီး ကျင့်ကြံသူ တစ်ဦး သည် ယခုအခါ ကင်မရာ မျက်နှာစာ တွင် မတ်တတ်ရပ်ကာ... အင်းဆက် များ၏ အချွဲရည် များမှ ထုတ်ယူထားသော အသားအရေ ထိန်းသိမ်းရေး ပစ္စည်း များကို ကျွမ်းကျင်စွာ လိမ်းကျံ ပြသနေလေ၏။ ... သူမ၏ အသံမှာလည်း အလွန်အမင်း ချိုသာ လွန်းလှသည်။

“ဒီနေ့ ဝယ်ယူမယ် ဆိုရင် တစ်ဘူး ဝယ် တစ်ဘူး လက်ဆောင် ရမယ့် အပြင်... နန်းတော် သခင်မ လန်ယွဲ့ ကိုယ်တိုင် လက်မှတ် ရေးထိုးထားတဲ့ ဓာတ်ပုံ စာအုပ်လေးကိုလည်း အခမဲ့ လက်ဆောင် ရရှိဦးမှာပါ ရှင်”

“၃... ၂... ၁... လင့်ခ် တင်လိုက်ပြီနော်”

အနီးနားရှိ စောင့်ကြည့်ရေး အခန်း ထဲတွင်မူ 'နတ်သမီး လန်ယွဲ့' (လက်ရှိ စက်ရုံမှူး) သည် နောက်ကွယ်မှ အရောင်း စာရင်း ဇယား များ လျင်မြန်စွာ မြင့်တက်လာမှု နှင့် သူမ ကိုယ်ပိုင် အကောင့် ထဲသို့ ဝင်ရောက်လာသော ရှည်လျားလှသည့် ဂဏန်း တန်း ကြီးကို စိုက်ကြည့်နေ၏။

ဘောနပ်စ် - ဝိညာဉ်ကျောက်တုံး ငါးသန်း တိတိ။

ဒါက တစ်လတည်း အတွင်း ရရှိသည့် ဝင်ငွေပါပင်။

“ပိတ်... ”

'နတ်သမီး လန်ယွဲ့' က စာရင်းစာအုပ် ကြီးကို ပိတ်လိုက်ပြီး ဘေးနားရှိ လက်ဖက်ရည် ပန်းကန်လေး ကို ကောက်ယူကာ နက်ရှိုင်းသော အတွေးများထဲသို့ နစ်မြောသွားတော့၏။

'လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာ ကတည်းက ငါ ကျင့်ကြံခဲ့တဲ့ အင်မော်တယ် လမ်းစဉ် ကြီးက... အတု ကြီး များလား'

'လျှို့ဝှက် နယ်မြေ တွေထဲကနေ ဝိညာဉ် ဆေးပင် လေး တစ်ပင် ရဖို့ အရေး... သေလုမတတ် တိုက်ခိုက်ပြီး လုယူခဲ့ရတာတောင်... ဝိညာဉ်ကျောက်တုံး ရာဂဏန်း လောက်ပဲ ရခဲ့တာလေ'

'အခုကျတော့... တပည့် တွေကို လေအေး လေး နည်းနည်း မှုတ်ခိုင်းပြီး... ကင်မရာ ရှေ့မှာ ပြုံးပြခိုင်း လိုက်ရုံနဲ့တင်... ဝိညာဉ်ကျောက်တုံး သန်းပေါင်းများစွာ ရနေပြီလား'

“နန်းတော် သခင်မ ကြီး ရှင်”

လျူရူယန်း က တံခါးကို တွန်းဖွင့်ကာ ဝင်လာပြီး စာချုပ် အသစ် တစ်စောင်ကို ကိုင်ဆောင်ထားသည်။

“လူကြီးမင်း ကျန်း က ပြောတယ်... မကြာခင် စက်ရုံ ရဲ့ ဒုတိယ အဆင့် ကို တိုးချဲ့ဖို့ အစီအစဉ် ရှိတယ် တဲ့... အခုထိ စတင် အလုပ် မလုပ်ရသေးတဲ့ အပြင်စည်း တပည့် တွေကိုပါ တစ်ခါတည်း ခေါ်လာလို့ ရမလား လို့ မေးနေပါတယ် ရှင်”

'နတ်သမီး လန်ယွဲ့' က လက်ဖက်ရည် ပန်းကန် ကို ချလိုက်ရာ သူမ၏ မျက်လုံးများထဲတွင် ပြတ်သားသော ဆုံးဖြတ်ချက် များ တောက်ပလာတော့၏။

“ခေါ်ခဲ့... အကုန်လုံးကို ခေါ်ခဲ့”

“ပြီးတော့... ဘေးနားက 'မီးတောက် တံခါး' ဂိုဏ်း ကိုလည်း ဆက်သွယ်လိုက်ဦး”

“သူတို့ကို ပြောလိုက်... ဒီမှာ ဘွိုင်လာ အိုး ထိုးမယ့် သူ လိုနေတယ် လို့... သူတို့ လာချင်လား လို့ မေးလိုက်”“တကယ်လို့ မလာချင်ဘူး ဆိုရင်တော့...”

'နတ်သမီး လန်ယွဲ့' ၏ နှုတ်ခမ်းထက်တွင် အေးစက်သော အပြုံးတစ်ခု... အရင်းရှင် ကြီး တစ်ဦး ၏ အပြုံးမျိုး ပေါ်လာတော့၏။

“ငါ ကိုယ်တိုင် တပ်ဖွဲ့ တစ်ဖွဲ့ ကို ဦးဆောင်ပြီး သူတို့ကို လာဖို့ သွား 'ဖိတ်ခေါ်' ပေးရတာပေါ့”

... ... ...

အမိန့်ပေး မျှော်စင်ကြီး ၏ ထိပ်၌၊

ကျန်းချန် သည် အောက်ဘက်ရှိ “အရင်းရှင် စနစ်” ၏ လုံးဝ အကျင့်ပျက် ခြစားခြင်းကို ခံလိုက်ရသော ကျင့်ကြံခြင်း စက်ရုံ ကြီးကို ငုံ့ကြည့်ကာ ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။

“အရမ်း ကောင်းတယ်”

“ငါတို့ရဲ့ ပထမဆုံး အခြေစိုက် စခန်း လုံခြုံသွားပြီ”

“အဲဒီနောက်တော့...”

ကျန်းချန် က တောင်ဘက် အရပ် သို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာကား ဝိညာဉ် ကမ္ဘာ ၏ အစည်ကားဆုံး နှင့် အချမ်းသာဆုံး အလယ်ပိုင်းကုန်းမြေ ဒေသ ဖြစ်ပြီး တကယ့် အစစ်အမှန် အစွမ်းထက်လှသော 'တာ့ချန် နတ်ဘုရား အင်ပါယာ' တည်ရှိရာ နေရာ ပင် ဖြစ်သည်။

“ငါတို့ရဲ့ 'ကောင်းကင်ဘုံ လျှို့ဝှက်ချက် ကွန်ရက်' အချက်ပြ တာဝါတိုင် ကြီးကို တောင်ဘက်ကို.. ရွှေ့ပြောင်း စိုက်ထူရတော့မယ်”

“ဒီတစ်ကြိမ် တော့... ငါတို့ အကြီးကြီး ကစားကြတာပေါ့ကွာ”

အခန်း (၂၇၀) ဗားရှင်း အဆင့်မြှင့်တင်ခြင်းကြီး… ဒါမှ တကယ့် စတုတ္ထမြောက် ကပ်ဘေးကြီး အစစ်အမှန်..

မြောက်ဘက် အစွန်ဆုံး ရေခဲပြင် ဒေသ၊ ကွေ့ယွမ် တိုက်ကြီး ပြုတ်ကျခဲ့သော နေရာ။

ဤနေရာသည် ယခုအခါ လူသူကင်းမဲ့သော အပျက်အစီး ကြီး တစ်ခု မဟုတ်တော့ဘဲ ရူးသွပ်စွာ လည်ပတ်နေသော စစ်စက်ယန္တရား ကြီး တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။

မည်းမှောင်သော လေဆင်နှာမောင်း တောင်စခန်း ကြီးကို သိမ်းပိုက်နိုင်ခဲ့ပြီး ဘေးပတ်လည်ရှိ ရေခဲ ဝံပုလွေ များကိုလည်း ရှင်းလင်းနိုင်ခဲ့သည် မှန်သော်ငြား ကစားသမား များသည် အလွန်တရာ အကျပ်ရိုက်စရာ ကောင်းသော ပြဿနာ ကြီး တစ်ခုကို လျင်မြန်စွာ တွေ့ရှိသွားခဲ့ကြ၏။ သူတို့၏ လက်နက်ပစ္စည်း များနှင့် ရုပ်ပိုင်းဆိုင်ရာ အခြေအနေ များမှာ... ခေတ်နောက်ကျ နေခြင်းပင်။

အောက်ဘက် ကမ္ဘာ တွင် အသုံးပြုခဲ့သော နျူကလီးယား လောင်စာ သုံး စက်ရုပ်ကြီး များမှာ ဝိညာဉ် ကမ္ဘာ ၏ သိပ်သည်းဆ မြင့်မားလှသော လေထု ဖိအား ကြီး အောက်တွင် စွမ်းအင် ထုတ်လုပ်နိုင်စွမ်း အကြီးအကျယ် ကျဆင်းသွားခဲ့သည်။ စက္ကူ တစ်ရွက်ပမာ ကျိုးပဲ့လွယ်လွန်းလှကာ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့် မိစ္ဆာကောင် တစ်ကောင် နှင့် ထိမိရုံဖြင့် ပေါက်ကွဲထွက်သွားတော့၏။

ဇာ့ဂ် များ၏ အခြေအနေ ကတော့ ပို၍ပင် ဆိုးရွားလှသည်။ အောက်ဘက် ကမ္ဘာ တွင် မုဆိုး ကြီးများ ဖြစ်ခဲ့ကြသော ဇာ့ဂ် အကောင်ပေါက်လေး များမှာ ယခုအခါ ရေခဲ မာမွတ် ဆင်ကြီးများ အတွက် သွားရည်စာ လေးများ သက်သက်သာ ဖြစ်နေတော့၏။

ကွေ့ယွမ် ဖက်ဒရေးရှင်း ၏ အမြင့်ဆုံး အမိန့်ပေး မျှော်စင်ကြီး ၏ ထိပ်၌၊

ကျန်းချန် သည် အောက်ဘက် ရင်ပြင်တွင် လက်နက်ပစ္စည်း များကို ပြင်ဆင်နေရင်း ဆဲဆိုနေကြသော ကစားသမား များကို ငုံ့ကြည့်နေသည်။ သူ၏ မျက်လုံးများ အေးစက်နေတော့၏။

သူ ယဉ်ကျေး လိမ္မာသည့် အလုပ်သမား တွေ မလိုချင်... ယဉ်ကျေးမှု အရ ထိုးဖောက် ဝင်ရောက်ဖို့ လည်း မလိုအပ်ပါ။

သူ လိုအပ်တာ က... ဒီ မြေကြီး တစ်ခုလုံးကို အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲပစ်နိုင်သော တပ်မတော် ကြီး တစ်ခုပင်။

“စုန့်ချန်”

ကျန်းချန်၏ အသံတွင် မည်သည့် နွေးထွေးမှု မျှ မပါဝင်တော့ချေ။

“လုံခြုံရေး ကန့်သတ်ချက် တွေ အကုန်လုံးကို ဖြုတ်ပစ်လိုက်”

“ဇီဝဗေဒ မျိုးရိုးဗီဇ ဘဏ်တွေကို ဖွင့်ပေးလိုက်”

“ဝိညာဉ်စွမ်းအင်သုံး စက်မှုလုပ်ငန်း ရဲ့ ပုံစံကြမ်း တွေကိုပါ ဖွင့်ပေးလိုက်ဟေ့”

“ဒီ အရူး ခွေးအုပ် ကြီး ကို... အပြည့်အဝ ကြိုးဖြည် လွှတ်ပေးရမယ့် အချိန် ရောက်ပြီကွ”

“ဒါပေမဲ့ ဂိုဏ်းချုပ် ကြီး...”

စုန့်ချန် မှာ အနည်းငယ် တွေဝေသွားသည်။

“တကယ်လို့ လုံးဝ ကန့်သတ်ချက် မရှိတော့ဘူး ဆိုရင်... ကစားသမား တွေက ထိန်းချုပ်လို့ မရနိုင်တဲ့ မိစ္ဆာကောင် ကြီးတွေ ဖန်တီးလာနိုင်တယ်... ပြီးတော့ ဝိညာဉ် ကမ္ဘာ ကြီး ရဲ့ ဂေဟစနစ် ဟန်ချက်ညီမှု ကိုပါ ဖျက်ဆီးပစ်သလို ဖြစ်သွားလိမ့်မယ်နော်...”

“ဂေဟစနစ် ဟန်ချက်ညီမှု တဲ့လား”

ကျန်းချန် က ရယ်မောလိုက်ရာ ထိုရယ်မောသံ တွင် ရက်စက် ကြမ်းကြုတ်ပြီး အရိုင်းဆန်လှသော အရိပ်အယောင် များ ပါဝင်နေ၏။

“ငါတို့ ရောက်လာတာ... အဲဒီ ဟန်ချက်ညီမှု ကြီးကို ဖျက်ဆီးပစ်ဖို့ လေကွာ”

“ကြေညာချက် ထုတ်လိုက်”

“စတုတ္ထမြောက် ကပ်ဘေးကြီး ရဲ့ တကယ့် အစွယ် အစစ် တွေကို... ပြသရမယ့် အချိန် ရောက်ပြီကွ”

... ... ...

“ဝီ... ”

သွေးနီရောင် သန်းနေသော ဆာဗာတစ်ခုလုံးဆိုင်ရာ ကြေညာချက် ကြီး တစ်ခု ကစားသမား အားလုံး၏ မျက်လုံးရှေ့တွင် ချက်ချင်း ပေါက်ကွဲ ထွက်ပေါ်လာတော့၏။

မည်သည့် လှပသော ကြိုဆို နှုတ်ခွန်းဆက် စကား မျှ မပါဝင်ချေ။ ရိုးရှင်းပြီး ပြတ်သားလှသော စကားလုံး သုံးလုံး သာ ပါဝင်သည်။

“သတ်ကြ... လုကြ... ပြောင်းလဲပစ်ကြ...”

“ဆာဗာတစ်ခုလုံးဆိုင်ရာ ဗားရှင်း အဆင့်မြှင့်တင်မှု ကြီး - 'ဝိညာဉ် ကမ္ဘာ ကြီးကို လွှမ်းမိုးခြယ်လှယ်ခြင်း' တီထွင်သူရဲ့ မှတ်တမ်း - ငရဲဘုံ အဆင့် ကနေ ကြိုဆိုပါတယ်... မိစ္ဆာကောင် တွေက အရမ်း သန်မာနေလို့လား... မင်းတို့ရဲ့ လက်နက်ပစ္စည်း တွေက အမှိုက် တွေ ဖြစ်နေလို့လား... ဆက်ပြီး မညည်းညူကြပါနဲ့တော့... အခုချိန်က စပြီး စနစ် ရဲ့ ကန့်သတ်ချက် တွေ အားလုံးကို ဖြုတ်သိမ်းပေးလိုက်ပါပြီ... ပိုးကောင် တွေက အားနည်းတယ် လို့ ထင်ရင်... ဟို သန်မာတဲ့ အကောင်ကြီး တွေကို သွားစားပြီး သူတို့ရဲ့ မျိုးရိုးဗီဇ တွေကို ကိုယ့်အပိုင် လုပ်လိုက်စမ်းပါ... စက်ရုပ်ကြီး တွေက ကျိုးပဲ့လွယ်တယ် လို့ ထင်ရင်... ဝိညာဉ် ကျောက်ရိုင်း တွေ အကုန်လုံး သွားတူး၊ ဟို မှော်ရတနာ ဆိုတဲ့ အရာတွေကို အရည်ကျိုပြီး မင်းတို့ ကိုယ်ပိုင် သံမဏိ မုန်တိုင်း ကြီး ကို ဖန်တီးလိုက်ကြစမ်းပါ... ဒီ ကမ္ဘာလောက ကြီး မှာ ဘာစည်းမျဉ်း မှ မရှိဘူး... တစ်ခုတည်းသော စည်းမျဉ်း ကတော့ - 'အသန်မာဆုံး သူသာ ရှင်သန်ခွင့် ရှိတယ်' ဆိုတာပါပဲ”

“စနစ် အသစ် (၁) - မျိုးရိုးဗီဇ အဆင့်တက်ခြင်း (ဇာ့ဂ် မျိုးနွယ်စု သီးသန့်)။

'မျိုးရိုးဗီဇ တည်းဖြတ်ခြင်း' လုပ်ဆောင်ချက် ကို ဖွင့်လှစ်ပေးလိုက်ပါပြီ။

ကစားသမားတွေဟာ.. ဝိညာဉ် ကမ္ဘာ ၏ ဒေသခံ သက်ရှိ များ (ဥပမာ - ရေခဲ ဝံပုလွေ၊ နှင်း မိစ္ဆာ၊ နှင့် နဂါး များ) ကို ဖမ်းဆီးပြီး သူတို့ထံမှ မျိုးရိုးဗီဇ အပိုင်းအစ များကို 'ဆင့်ကဲပြောင်းလဲရေး ရေကန်' ထဲတွင် ထုတ်ယူပြီးတော့... ဇာ့ဂ် ခန္ဓာကိုယ် ထဲသို့ လွတ်လပ်စွာ ပေါင်းစပ် ထည့်သွင်းနိုင်ပါပြီ ။ တောင်ပံ တွေ လိုချင်လား... နှင်းခဲ တွေ ပန်းထုတ်ချင်လား... မူလဝိဉာဉ် အဆင့် သခင်ကြီး တွေရဲ့ နေရာရွှေ့ပြောင်းခြင်း စွမ်းရည် တွေကို လိုချင်လား... အဲဒါဆို သွားပြီး အမဲလိုက်ကြစမ်း... မင်းတို့ရဲ့ သားကောင် တွေဟာ မင်းတို့ရဲ့ ဆင့်ကဲပြောင်းလဲရေး အရင်းအမြစ် တွေပဲကွ”

“စနစ် အသစ် (၂) - ဝိညာဉ်စွမ်းအင်သုံး အကြီးစား စက်မှုလုပ်ငန်း (စက်မှုနည်းပညာ မျိုးနွယ်စု သီးသန့်)။

'ဝိညာဉ်စွမ်းအင်သုံး ပန်းပဲဖို' လုပ်ဆောင်ချက် ကို ဖွင့်လှစ်ပေးလိုက်ပါပြီ။ ကစားသမား များသည် ဝိညာဉ် ကမ္ဘာ ၏ အခင်းအကျင်း များကို ခွဲခြမ်းစိတ်ဖြာခြင်း၊ မှော်ရတနာ များကို အရည်ကျိုခြင်း နှင့် အဆင့်မြင့် ဝိညာဉ် ကျောက်ရိုင်း များကို သန့်စင်ခြင်း တို့ကို ပြုလုပ်နိုင်ပါပြီ။ နျူကလီးယား စွမ်းအင် ကို နှုတ်ဆက်ပြီး ဝိညာဉ်စွမ်းအင်သုံး အင်ဂျင် ကြီးတွေကို ကြိုဆိုလိုက်ကြစမ်းပါ... 'ဧရာမ အဆောက်အအုံ ကြီးများ'ရဲ့ ပုံစံကြမ်း များကိုလည်း ဖွင့်လှစ်ပေးလိုက်ပါပြီ... ရွေ့လျား ခံတပ်ကြီး များ၊ လွင့်မျောနေသော စစ်သင်္ဘော ကြီးများ၊ နှင့် ဂြိုဟ် ဖျက်ဆီးရေး အမြောက်ကြီး များ။ ပုံစံကြမ်း တွေ ရှိနေပြီး အရင်းအမြစ် တွေ လုံလောက်နေသရွေ့... ကိုယ်ပိုင် ဂန်းဒမ်းကြီး တစ်ရုပ် ဖန်တီးဖို့ ဆိုတာ လက်တစ်ကမ်း အလို မှာပဲ ရှိတော့တယ်နော်”

“စနစ် အသစ် (၃) - စစ်ဘုရင် စနစ် (ကစားသမား အားလုံး အတွက်)။

'ဂိုဏ်း / တပ်မတော်' အခြေစိုက် စခန်း စနစ် ကို ဖွင့်လှစ်ပေးလိုက်ပါပြီ။ ကွေ့ယွမ်ဂိုဏ်း ပင်မ ဌာနချုပ် တစ်ခုတည်း တွင်သာ ကန့်သတ်ထားခြင်း မရှိတော့ပါ... မည်သည့် တပ်မတော် မဆို နယ်မြေ တစ်ခုကို သိမ်းပိုက်နိုင်ပါက (ဒေသခံ များကို တိုက်ခိုက် လုယက်သည် ဖြစ်စေ၊ မြေရိုင်း များကို ရှင်းလင်းသည် ဖြစ်စေ) ထိုနေရာတွင် တိုက်ပွဲဝင် အလံ ကို စိုက်ထူလိုက်သည် နှင့်... ထို နယ်မြေ မှာ သင့်အပိုင် ဖြစ်သွားပါပြီ။ တပ်မတော် သည် ထို နယ်မြေ ၏ အခွန် ဝင်ငွေ (၇၀) ရာခိုင်နှုန်း ကို ရရှိပါမယ်”

... ... ...

ကြေညာချက် ကြီး ထွက်ပေါ်သွားလေပြီ။

အဆင့်များ ကျော်ဖြတ်ရာတွင် အခက်အခဲ များ ကြုံတွေ့နေရသဖြင့် အနည်းငယ် မှိုင်းညို့နေခဲ့သော ရင်ပြင်ကြီးမှာ ချက်ချင်းဆိုသလို သေမင်းတမန် တိတ်ဆိတ်သွားတော့၏။

ထို့နောက် ချက်ချင်းဆိုသလိုပင်...

“ဝုန်း... ”

မီးတောင် ကြီး တစ်ခု ပေါက်ကွဲထွက်သွားသည့်အလား ပင်။

“သောက်ကျိုးနည်း... မျိုးရိုးဗီဇ တည်းဖြတ်ခြင်း တဲ့လား... ကိုယ်ပိုင် တပ်ဖွဲ့တွေ ဖန်တီးလို့ ရပြီပေါ့”

'ဝက်ဝံ' သည် ရုတ်တရက် မတ်တတ်ရပ်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် တစ္ဆေဆန်သော အစိမ်းရောင် အလင်းတန်းများ တဖျတ်ဖျတ် လင်းလက်နေလေ၏။ အဝေးတွင် ဝဲလည်နေဆဲဖြစ်သော နှင်းခဲ ဝံပုလွေ အုပ်ကြီးကို စူးစူးရဲရဲ.. စိုက်ကြည့်လိုက်သည်။

“ညီအစ်ကိုတို့... အဲဒါ ဝံပုလွေ တွေ မဟုတ်ဘူး... လမ်းလျှောက်နေတဲ့ 'နှင်းခဲ ကာကွယ်ရေး မျိုးရိုးဗီဇ' တွေ နဲ့ 'အလွန်အမင်း အေးခဲတဲ့ အသက်ရှူငွေ့ မျိုးရိုးဗီဇ' တွေပဲကွ”

“စားကြ... အကုန်လုံး သွားစားကြ"

အခြားတစ်ဖက်တွင်မူ...

'ခေါင်းမာတဲ့ ကောင်လေး' သည် တုံးတိတိ ဖြစ်နေပြီဖြစ်သော သူ၏ သစ်ခုတ်လွှ ဓားကြီး ကို မြေကြီးပေါ်သို့ ပစ်ချလိုက်သည်။ အဝေးရှိ မည်းမှောင်သော လေဆင်နှာမောင်း တောင်စခန်း မှ ကျန်ရစ်ခဲ့သော အခင်းအကျင်း ကျောက်တိုင် ကြီးများကို ရူးသွပ်စွာ စိုက်ကြည့်နေတော့၏။

“ဝိညာဉ်စွမ်းအင်သုံး အင်ဂျင် တဲ့လား... ဧရာမ အဆောက်အအုံ ကြီး တဲ့လား”

“ဟားဟားဟားဟား... ရေနံဆီ နဲ့ မောင်းရတဲ့ ဒီ အမှိုက် ကြီးတွေကို ငါ တကယ် စိတ်ကုန်နေပြီကွ”

“ဟို ကျောက်တိုင် ကြီးတွေကို သွားဖြိုချကြစမ်း... 'မည်းမှောင်သော လေဆင်နှာမောင်း မိစ္ဆာအိုကြီး' ရဲ့ ဓားပျံ ကိုပါ သွားပြီး အရည်ကျိုပစ်လိုက်... စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့် ကြီးကိုတောင် အမှုန့်ဖြစ်သွားအောင် ပစ်ခွဲနိုင်မယ့် ဝိညာဉ်စွမ်းအင်သုံး အမြောက်ကြီး တစ်ခု ငါ တည်ဆောက်မယ်ဟေ့”

ရူးသွပ်မှု ကြီး... စတင်ခဲ့လေပြီ။

... ... ...

နာရီဝက် အကြာ၌၊

ဇာ့ဂ် ဧရိယာ၊ ပေါက်ဖွားရေး ရေကန် ၌၊

တစ်ချိန်က ကြည်လင်နေခဲ့သော အာဟာရ အရည် များမှာ ယခုအခါ ပွက်ပွက်ဆူနေသော သွေးများ အဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။

ဖမ်းဆီးရမိလာသော ရေခဲ ဝံပုလွေ ရာပေါင်းများစွာ ကို ထို ရေကန် ထဲသို့ ပစ်ချလိုက်ပြီး စူးရှလှသော အော်ဟစ်သံကြီးများ နှင့်အတူ သူတို့၏ ခန္ဓာကိုယ်များမှာ အခြေခံအကျဆုံး ဇီဝ အရာဝတ္ထုများ အဖြစ်သို့ ပြိုကွဲသွားကြတော့၏။

“ငါ အရင် လာမယ်ဟေ့”

အင်္ကျီ မပါဘဲ ကိုယ်တုံးလုံး ဖြစ်နေသော 'ဝက်ဝံ' သည် သွေးကန် ထဲသို့ ပထမဆုံး ခုန်ဆင်းသွားသည်။

သူက စနစ် မျက်နှာပြင် ပေါ်တွင် ရူးသွပ်စွာ နှိပ်နေတော့၏။

“'ရေခဲ ဝံပုလွရဲ့ ကြွက်သား အမျှင်များ' ကို ထည့်သွင်းနေပါတယ်... 'နှင်း မိစ္ဆာ ၏ ထူထဲသော သားရေ' ကို ထည့်သွင်းနေပါတယ်... 'ဘိန်းလင်းရဲ့ အဆိပ် ဂလင်းများ'နဲ့ ပေါင်းစပ်နေပါတယ်...”

“အား... ”

နာကျင်မှု များနှင့်အတူ စိတ်လှုပ်ရှားမှု များ ပြည့်နှက်နေသော ဟိန်းဟောက်သံကြီး နှင့်အတူ 'ဝက်ဝံ' ၏ ခန္ဓာကိုယ်ကြီး မှာ ပြင်းထန်သော မျိုးရိုးဗီဇ အပြောင်းအလဲ များ စတင် ဖြစ်ပေါ်လာတော့သည်။

“ဂျွတ်... ဂျွတ်... ”

သူ၏ အရိုး များ ဖောင်းကားလာ၏။

တစ်ချိန်က ကျိုးပဲ့လွယ်သော လူသား အရေပြား များမှာ ကွာကျသွားကာ သတ္တု ရောင် တဖျတ်ဖျတ် လင်းလက်နေသော ဖြူဖွေးသည့် အရိုး ချပ်ဝတ် အလွှာ ကြီး တစ်ခုဖြင့် အစားထိုး ခံလိုက်ရသည်။ သူ၏ ကျောကုန်းရှိ ကျောရိုး ဆစ်များမှ ထက်မြက်လှသော အရိုး လှံရှည် ကြီး လေးချောင်း ထွက်ပေါ်လာတော့၏။

ကြောက်မက်ဖွယ် အကောင်းဆုံး အရာမှာ... သူ၏ လက်မောင်းများသည် ကျောချမ်းဖွယ်ရာ အအေးဓာတ် များ ထုတ်လွှတ်နေသည့် အရိုး ဓားကြီး နှစ်လက် အဖြစ်သို့ ပြောင်းလဲသွားခြင်း ပင် ဖြစ်သည်။

“ဝူး... ”

'ဝက်ဝံ' သည် သွေးကန် ထဲမှ တွားသွား ထွက်လာပြီး ပါးစပ်ကို ဟကာ ဖြူဖွေးသော နှင်းခဲ အသက်ရှူငွေ့ ကြီး တစ်ခုကို ပန်းထုတ်လိုက်ရာ မြေကြီး တစ်ခုလုံး ချက်ချင်း အေးခဲသွားတော့၏။

ယူနစ်၏ အမည် - 'နှင်းခဲ မုဆိုး' (ကစားသမား ကိုယ်တိုင် ဖန်တီးထားသော အမည်)

အဆင့် - မူလဝိဉာဉ် အဆင့် အစောပိုင်း (ရုပ်ခန္ဓာ ၏ ကြံ့ခိုင်မှု)

ထူးခြားသော စွမ်းရည်များ - 'အလွန်အမင်း အေးခဲသော အအေးဒဏ် ကို ခုခံနိုင်စွမ်း'၊ ‘အရိုး ဓား ၏ သံချပ်ကာ ဖောက်ထွင်းနိုင်စွမ်း'၊ 'သွေးဆာနေသော ရူးသွပ်မှု'။

“အမိုက်စားပဲကွာ”

'ဝက်ဝံ' က သူ၏ အရိုး ဓားကြီး ကို လွှဲယမ်းလိုက်ရာ မာကျောလှသော မည်းမှောင်သည့် ရေခဲ ကျောက်တုံး ကြီး တစ်တုံးကို အလွယ်တကူ ထက်ပိုင်း ပိုင်းဖြတ်ပစ်လိုက်၏။

“ဒါမှ တကယ့် ဇာ့ဂ် အစစ်ပဲကွ... ဒါမှ ဆင့်ကဲပြောင်းလဲခြင်း အစစ် ပဲဟေ့”

“ဟေး... ကောင်လေးတို့... ခွေး တွေလို နေမနေကြနဲ့တော့... ဒီအထဲ ခုန်ဆင်းလာခဲ့ကြ"

“ငါတို့ ရေခဲ တပ်မတော် ကြီး တစ်ခု တည်ဆောက်ရမယ်ကွ”

... ... ...

စက်မှုနည်းပညာ မျိုးနွယ်စု ဧရိယာ၊ အမိုးအကာ မရှိသော လဟာပြင် စက်ရုံ ၌၊

ဤနေရာ၏ အနုပညာ အမြင်ကြီး ကတော့ ပိုပြီး အကြမ်းစား ဆန်လှသည်။

ယခင်က ဆိုလျှင် ကစားသမား များသည် မှော်ရတနာ များကို ကျိုးပဲ့သွားမည် စိုးသဖြင့် အလွန် ဂရုတစိုက် ဖြုတ်ယူလေ့ ရှိကြ၏။

အခုတော့...

“အရည်ကျိုပစ်... အကုန်လုံး အရည်ကျိုပစ်လိုက်”

'လက်မှုပညာရှင် ကန်' သည် ဧရာမ သတ္တု ကြိတ်စက် ကြီး တစ်ခုကို ဦးဆောင် လည်ပတ်နေလေသည်။ မည်းမှောင်သော လေဆင်နှာမောင်း တောင်စခန်း မှ လုယက် ရရှိလာခဲ့သော ဓားပျံ များ၊ ဒိုင်းလွှား များ နှင့် နားလည်၍ မရနိုင်သော မှော်ရတနာ အမျိုးမျိုး ရာပေါင်းများစွာ ကို ထို ကြိတ်စက် ကြီးထဲသို့ တိုက်ရိုက် ပစ်ထည့်နေ၏။

‘အရင်းအမြစ် တွေကို အလဟဿ ဖြုန်းတီးပစ်တာလား။

နိုး... ဒါကို အရင်းအမြစ် ပြန်လည် အသုံးပြုခြင်းလို့ ခေါ်တာပေါ့’

ဒီဂရီ ထောင်ပေါင်းများစွာ ပူပြင်းလှသော ဝိညာဉ် မီးတောက် ကြီး ထွက်ပေါ်လာတော့၏။

မကြာမီမှာပင် အလင်းရောင်များ တဖျတ်ဖျတ် လင်းလက်နေသော 'ရွှေရောင် ဝိညာဉ် အရည်'အသုတ်လိုက် ကြီး ထွက်ပေါ်လာတော့၏။

'ခေါင်းမာတဲ့ ကောင်လေး' သည် သူ၏ အသစ်စက်စက် စက်ရုပ်ကြီး ၏ အရှေ့တွင် မတ်တတ်ရပ်နေသည်။

ဤ စက်ရုပ်ကြီး မှာ သံတိုသံစ များဖြင့် ဖာထေး တပ်ဆင်ထားသော အမှိုက် ကြီး တစ်ခု မဟုတ်တော့ချေ။ ထိုအစား မည်းမှောင်သော လေဆင်နှာမောင်း တောင်စခန်း ၏ တောင်စောင့် မဟာအခင်းအကျင်း ၏ အုတ်မြစ် ကြီးကို အရိုးစု အဖြစ် အသုံးပြုထာား၏။ 'ရွှေရောင် ဝိညာဉ် အရည်' များကို အပြင်ခွံ တွင် လောင်းထည့်ထားသည်။ အူတိုင် စွမ်းအင် အရင်းအမြစ် ထဲသို့ 'မည်းမှောင်သော လေဆင်နှာမောင်း မိစ္ဆာအိုကြီး' ၏ ကိုယ်ပိုင် ရတနာ သိုက် ထဲမှ လုယူလာခဲ့သော 'အဆင့်မြင့် ဝိညာဉ်ကျောက်တုံး' ကြီးကို တိုက်ရိုက် ထိုးသိပ်ထည့်ထားခြင်း ပင် ဖြစ်သည်။

“စတင် မောင်းနှင်စေ”

“ဝီ... ”

စက်ရုပ်ကြီး ၏ မျက်လုံးများက အနီရောင် တောက်ပလာပြီး ကျောကုန်းရှိ ဝိညာဉ်စွမ်းအင်သုံး တာဘိုင်များမှ အပြာရောင် မီးတောက်များ ပန်းထွက်လာတော့၏။

လက်နက်ပစ္စည်း အမည် - 'မုန်တိုင်း တိုက်တန် - အမျိုးအစား ၁'

စွမ်းအင် အရင်းအမြစ် - ဝိညာဉ်စွမ်းအင် ဖျူးရှင်း လက်နက် - ပြောင်းနှစ်မြွှာ ဝိညာဉ်စွမ်းအင်သုံး ဗုံးကြဲ အမြောက်ကြီး ( - ပစ်ခတ်နှုန်း : တစ်မိနစ်လျှင် ကျည် ၃၀၀၀)

“ကလောက်... ကလစ်... ဂျွတ်... ”

စက်ရုပ်ကြီး က လက်မောင်း ကို မြှောက်လိုက်ရာ ဧရာမ အမြောက်ပြောင်းဝ ကြီးက အဝေးရှိ ရေခဲတောင် ကြီးဆီသို့ ချိန်ရွယ်သွားတော့၏။

“ဝုန်း... ”

ကြောက်မက်ဖွယ်ကောင်းလှသော ဝိညာဉ်စွမ်းအင် အလင်းတန်း ကြီး တစ်ခုက ရေခဲတောင် ကြီးကို မျက်စိတစ်မှိတ်အတွင်း ဖောက်ထွင်းသွားပြီး အချင်း မီတာ ဆယ်ဆယ် ခန့် ရှိသော တွင်းပေါက်ကြီး တစ်ခု ဖြစ်ပေါ်သွားကာ အစွန်းများတွင် ချော်ရည် ပူများပင် စီးကျနေတော့၏။

သူ၏ စွမ်းအား က ဆယ်ဆ ထက်မက တိုးတက်လာခဲ့ပြ

'ခေါင်းမာတဲ့ ကောင်လေး' ၏ အသံကြီးက အသံချဲ့စက် မှတစ်ဆင့် ထွက်ပေါ်လာရာ သတ္တု ပွတ်တိုက်သံ ကြီး တစ်ခု ရောနှောနေ၏။

“ညီအစ်ကိုတို့... ဒီပစ္စည်း ကြီး ရှိနေမှတော့... ငါတို့က ဟို ကျင့်ကြံသူ ဆိုတဲ့ ကောင်တွေကို ကြောက်နေစရာ လိုသေးလို့လား”

“ဓားပျံ လို့ ခေါ်တဲ့ အမှိုက် တွေကို လည်း... တစ်ချက်တည်းနဲ့ အမှုန့်ဖြစ်အောင် ပစ်ခွဲပစ်မယ်ဟေ့”

... ... ...

အမိန့်ပေး မျှော်စင်ကြီး ၏ ထိပ်၌၊

ကျန်းချန် သည် လုံးဝ ပြောင်းလဲသွားသော အနုပညာ အမြင်ကြီး ကို ငုံ့ကြည့်နေ၏။

ဘယ်ဘက်ခြမ်း တွင် ရုပ်ဆိုး အကျည်းတန်လှသော ဇီဝဗေဒဆိုင်ရာ မိစ္ဆာကောင် ကြီးများ အုပ်စုလိုက် ရှိနေသည်။

ညာဘက်ခြမ်း တွင်မူ မည်းမှောင်သော မီးခိုးလုံးကြီးများ မှုတ်ထုတ်နေပြီး သတ္တု ပွတ်တိုက်သံများ ဆူညံနေသည့် စက်ယန္တရား မုန်တိုင်း ကြီး ရှိနေ၏။

ယခင်က ရှိခဲ့ဖူးသော ပေါ့ပေါ့ပါးပါး အပြုံးများ အားလုံး ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ပြီး ထိုနေရာတွင် ကျောချမ်းဖွယ်ရာ ကောင်းလှသော အကြမ်းဖက်မှု ၏ အလှတရား တစ်ခု အစားထိုး ဝင်ရောက်လာခဲ့လေပြီ။

'ဒါကမှ... ငါ မြင်ချင်တဲ့ မြင်ကွင်း ပဲကွ'

ကျန်းချန် က လှည့်ကာ သူ၏ အနောက်ဘက်ရှိ ဧရာမ ဝိညာဉ် ကမ္ဘာ မြေပုံကြီးထံ အကြည့်ပို့လွှတ်လိုက်သည်။

ကွေ့ယွမ် ပထမ တောင်ခွဲ ကို အလယ်ဗဟို ပြုလုပ်ထားပြီး ဘေးပတ်လည်တွင် အနီရောင် အစက်လေး ဒါဇင်ပေါင်းများစွာ ရှိနေ၏။ ၎င်းတို့မှာ အနီးအနားရှိ ကျင့်ကြံခြင်း အင်အားစု များ၏ နေရာများပင်။

'ဓား သွေးပြီးပြီ ဆိုမှတော့...'

'သွားပြီး လက်စွမ်း စမ်း ကြည့်ကြတာပေါ့ကွာ'

“အမိန့်ပေးလိုက်”

ကျန်းချန် က ပေါ့ပေါ့ပါးပါးပင် ဆိုသည်။

“ဘာမှ ဖုံးကွယ်ထားစရာ မလိုဘူး... ညှိနှိုင်း ဆွေးနွေးစရာ လည်း မလိုဘူး”

“ကစားသမား တပ်မတော် တွေ အားလုံးကို အသိပေးလိုက်”

“'လျှို့ဝှက်ဆန်းကြယ် ရေခဲ နန်းတော်' ရဲ့ အနောက်ဘက် တောင်ခွဲ ကို အရင်ဆုံး သိမ်းပိုက်နိုင်တဲ့ ကောင် က... အဲဒီထဲမှာ ရှိတဲ့ ပစ္စည်း တွေ အကုန်လုံးရဲ့ (၉၀) ရာခိုင်နှုန်း ပိုင်ဆိုင်ခွင့် ရမယ် လို့”

ဤအခိုက်အတန့်၌၊

ဝိညာဉ် ကမ္ဘာ မှ ဒေသခံ များသည်... တစ်စုံတစ်ရာ ကို လုံးဝ သတိမထားမိသေးချေ။

သူတို့ ရင်ဆိုင်နေရသည်မှာ ထွက်ပြေးလာသော ဒုက္ခသည် တစ်သိုက် မဟုတ်ဘူး ဆိုသည်ကိုပင်...။

ထိုအစား... သူတို့ ရင်ဆိုင်နေရသည်မှာ ကမ္ဘာကြီး တစ်ခုလုံးကို လွှမ်းခြုံ ဝါးမျိုပစ်တော့မည့်... ဂေဟစနစ် ကပ်ဘေး ကြီး တစ်ခု ဆိုတာကို ပင် ဖြစ်တော့၏။

All Chapters