← Chapters

အခန်း (၁၂၅-၁၂၆)

Vol. 13 Ch. 125-126

အခန်း (၁၂၅-၁၂၆)

Vol. 13 Ch. 125-126

အခန်း (၁၂၅) ဝိညာဉ်သန့်စင်ခြင်းနယ်ပယ်၏ ကျင့်ကြံခြင်းကို စတင်ခြင်း

ချွမ်းကုန်းတောင်ထိပ်၊ ကျမ်းစာဆောင်။

နင်းဖန်မှာ အပြင်ဘက်တောင်ထိပ် သစ်တောပင်လယ်ကြီးတွင် ဖြစ်ပျက်နေသော အဖြစ်အပျက် အမျိုးမျိုးကို မသိရှိသေးချေ။

ဤအချိန်တွင် သူ၏ လက်ထဲရှိ ရှေးဟောင်းစာအုပ်ကို ပိတ်လိုက်ရာ၊ သူ၏ မျက်နှာပေါ်တွင် နားလည် သဘောပေါက်သွားသော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားပြီးနောက် နင်းဖန်က တီးတိုးရေရွတ် လိုက်လေ၏။

"ဒါဆို ငါ့ရဲ့ ထုံအတဲ့ ညီမလေးက အသိဉာဏ်ပွင့်လင်းခြင်း အခြေအနေထဲကို ဝင်သွားပြီး ကောင်းကင် တာအိုဆီကနေ လျှို့ဝှက်နည်းစနစ်တွေကို နားလည်သဘောပေါက်နေတာပေါ့…။"

ကျန်းထန် အဘယ်ကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားရသနည်းဆိုသည်ကို သိရှိသွားပြီးနောက်၊ သူက စိတ်သက်သာရာရသွားလေသည်။ တစ်ချိန်တည်းမှာပင် သူ၏ နှလုံးသားထဲ၌ အနည်းငယ် မနာ လိုမှုတစ်ခုကို ခံစားလိုက်ရ၏။

ဤသူတော်စင်ခန္ဓာကိုယ်များနှင့် တာအိုခန္ဓာကိုယ်များမှာ အထင်ကြီးစရာကောင်းပြီး၊ တာအိုခန္ဓာကိုယ် ပဲ့တင်ထပ်ခြင်း ဟူသော ကံကြမ္မာအထောက်အပံ့မျိုးပင် ရှိနေကြပေသည်။ သူတို့က ကောင်းကင် အဆင့် နတ်ဘုရားစွမ်းရည်များထက်ပင် ပိုမို အစွမ်းထက်သော ကောင်းကင်နှင့် မြေကြီး၏ ဥပဒေသ များကို တိုက်ရိုက် နားလည်သဘောပေါက်နိုင်ကြ၏။ သူ့ကဲ့သို့ သေမျိုးခန္ဓာကိုယ်တစ်ခုမှာ ထိုကဲ့သို့ သော အခွင့်ထူးမျိုးကို ဘယ်သောအခါမျှ ရရှိမည် မဟုတ်ချေ။

နင်းဖန်က ရှေးဟောင်းစာအုပ်ကို မူလနေရာတွင် ပြန်ထားလိုက်ပြီးနောက် လက်များကို နောက်ပစ်ကာ ကျမ်းစာဆောင်ထဲမှ ထွက်လာရင်း တွေးတောလိုက်လေသည်။

"ပြောရရင်၊ ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်ကလွဲလို့ တခြား နတ်ဘုရားစွမ်းရည် တစ်ခုမှ ငါ မသင်ရ သေးဘူး…။"

စနစ် နိုးထလာကတည်းက သူသည် ပြင်းထန်သော ကျင့်ကြံခြင်း အခြေအနေတစ်ခုတွင် ရှိနေခဲ့၏။ အဆင့်မြင့် ကောင်းကင်အဆင့် သိုင်းပညာစွမ်းရည်တစ်ခုကို ကျွမ်းကျင်ပိုင်နိုင်ခြင်းနှင့် အညစ်အကြေး များကို သန့်စင်ပေးနိုင်သော အရန် နတ်ဘုရားစွမ်းရည်တစ်ခုကို သင်ယူခြင်းမှလွဲ၍၊ သူ၏ လက်လှမ်းမီ မှုအတွင်း အခြား မည်သည့်နည်းလမ်းမှ မရှိချေ။

ယခုအခါ သူ၏ ထုံအသော ညီမငယ်လေးက ကောင်းကင်နှင့် မြေကြီး၏ ဥပဒေသများကို နားလည် သဘောပေါက်တော့မည်ကို မြင်သောအခါ၊ သူက အနည်းငယ် တောင့်တမှုကို ခံစားလိုက်ရပေသည်။ သူလည်း သွားပြီး တိုက်ခိုက်ရေး နတ်ဘုရားစွမ်းရည် တစ်ခုခုကို သင်ယူသင့်သလားဟု တွေးမိလေ သည်။

ကျမ်းစာဆောင်ထဲမှ အပြင်သို့ လျှောက်လာရင်း အချိန်အတော်ကြာ စဉ်းစားနေပြီးနောက် နောက်ဆုံး တွင် ခေါင်းခါလိုက်ကာ နင်းဖန်က တွေးလိုက်၏။ "မေ့လိုက်ပါတော့၊ ဘယ်လိုပဲဖြစ်ဖြစ် ဂိုဏ်းထဲမှာ လုံခြုံနေတာပဲ၊ နတ်ဘုရားစွမ်းရည်တွေနဲ့ မန္တန်တွေကို မစဉ်းစားခင် ဝိညာဉ်သန့်စင်ခြင်းနယ်ပယ်ကို အရင် ကျင့်ကြံသင့်တယ်"

သူ၏ ကျင့်ကြံခြင်း၏ ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ကို သူ ယခုလေးတင် အပြီးသတ်ခဲ့ပြီးဖြစ်ရာ၊ ယခုအချိန်က သူ၏ ရဲရင့်သော တိုးတက်မှုကို ဆက်လက် လုပ်ဆောင်ရန် အချိန်ဖြစ်ပေသည်။ ထို့အပြင် နတ်ဘုရားစွမ်းရည်များမှာ သိုင်းပညာစွမ်းရည်များနှင့် ကွာခြားလေသည်။ ဤနည်းလမ်းတွင် ဝိညာဉ်၊ နတ်ဘုရားအာရုံနှင့် ဝိညာဉ်စွမ်းအင်တို့၏ သုံးခုပေါင်း အသုံးချမှု ပါဝင်ပေ ၏။

ထို့ကြောင့် ယုတ္တိတန်တန် စဉ်းစားကြည့်မည်ဆိုလျှင် ၎င်းတို့ကို သင်ယူရန် အလျင်စလို လုပ်စရာ မလို ချေ။ ဝိညာဉ်သန့်စင်ခြင်းနယ်ပယ်ကို အရင် နားလည်ထားခြင်းက ပိုကောင်းပေသည်။

ကျမ်းစာဆောင်ရှေ့ရှိ လေ့ကျင့်ရေးကွင်းတွင် ရပ်နေရင်း၊ အကန့်အသတ်မဲ့ တာအို သိုလှောင်ရုံရှိ ဤ နယ်ပယ်၏ ဖော်ပြချက်ကို စဉ်းစားရင်း နင်းဖန်က ရေရွတ်လိုက်၏။

"ဝိညာဉ်သန့်စင်ခြင်းဆိုတာ တကယ်တော့ ဝိညာဉ်ကို ကျင့်ကြံတာပဲ၊ ဒီကမ္ဘာပေါ်က အရာအားလုံးမှာ ဝိညာဉ်တွေ ရှိကြတယ်၊ ဒါပေမယ့် အားနည်းတဲ့လူတွေရဲ့ ဝိညာဉ်တွေက ငှက်မွှေးတစ်ခုလို ပေါ့ပါးပြီး နတ်ဘုရားစွမ်းရည်တွေ ဒါမှမဟုတ် မန္တန်တွေကို မပံ့ပိုးပေးနိုင်သလို၊ ဘယ်လို မုန်တိုင်းမျိုးကိုမှလည်း ခံနိုင်ရည်မရှိဘူး။ ဝိညာဉ်သန့်စင်ခြင်းနယ်ပယ်မှာ ကျင့်ကြံရမယ့် အကြောင်းအရာက ကိုယ့်ရဲ့ဝိညာဉ်ကို ခိုင်မာတဲ့ ပုံစံတစ်ခုအဖြစ် စုစည်းပြီး၊ ၎င်းရဲ့ အလေးချိန်နဲ့ အရည်အသွေးကို တိုးမြှင့်ဖို့ပဲ…။"

ဝိညာဉ်ဆိုသည်မှာ အမှန်တကယ် တည်ရှိနေသော အရာတစ်ခု ဖြစ်၏။ သာမန်လူများ၏ ဝိညာဉ်များက လုံးဝနီးပါး ပွင့်လင်းမြင်သာနေပြီး၊ မမြင်နိုင်သလို ထိတွေ့၍လည်း မရနိုင်ပေ။ ရုပ်ခန္ဓာကိုယ် သေဆုံး သွားသည်နှင့် တစ်ပြိုင်နက်၊ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်မှာလည်း ပျောက်ကွယ်သွားမည် ဖြစ်၏။

အနည်းငယ် ပို၍ အားကောင်းသူများအတွက်မူ ဝိညာဉ်မှာ အနည်းငယ် ပို၍ စုစည်းနေပေမည်။

ရုပ်ခန္ဓာကိုယ် သေဆုံးသွားလျှင်တောင်မှ၊ ဝိညာဉ်က ဝိညာဉ်ခွဲထွက်ခြင်းကို ပြုလုပ်နိုင်ပြီး ကမ္ဘာပေါ်တွင် အချိန်တိုလေးအတွင်း ဆက်လက် နေထိုင်နိုင်လေသည်။ သို့ရာတွင် ၎င်းကို သေမျိုးမျက်လုံးများဖြင့် မမြင်တွေ့နိုင်သေးသလို အသိစိတ်ကိုလည်း မသယ်ဆောင်နိုင်သဖြင့်၊ ရှုပ်ထွေးနေသော လေလွင့်သရဲ တစ်ကောင်နှင့် ကွာခြားမှု မရှိတော့ချေ။

ယေဘုယျအားဖြင့် ဝိညာဉ်သန့်စင်ခြင်းနယ်ပယ်သို့ ကျင့်ကြံမှု မရောက်ရှိသေးသော ကျင့်ကြံသူများအ တွက်၊ သူတို့၏ ဝိညာဉ်စွမ်းအားမှာ ဤအဆင့်တွင်သာ ရှိလေသည်။

ပြောင်းပြန်အားဖြင့် တစ်စုံတစ်ယောက်က နက်ရှိုင်းသော ကံကြမ္မာကို ပိုင်ဆိုင်ထားပြီး ဝိညာဉ်သန့်စင် ခြင်းနယ်ပယ်သို့ ကျင့်ကြံနိုင်ခဲ့ပါက အရာအားလုံးက များစွာ ကွဲပြားသွားမည် ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း နယ်ပယ်ကဲ့သို့ပင်၊ ဝိညာဉ်သန့်စင်ခြင်းနယ်ပယ်တွင် ထိုးဖောက်ဝင်ရောက်မှု တိုင်းက တစ်စုံတစ်ယောက်၏ ဝိညာဉ်စွမ်းအားကို နှစ်ဆ တိုးစေမည်ဖြစ်သော ကြောင့်ပင်တည်း။ တစ်ချိန်တည်းမှာပင်၊ ဤနယ်ပယ်တွင် ကျင့်ကြံသော ကျင့်ကြံခြင်း နည်းစနစ်က လည်း ဝိညာဉ်၏ သိပ်သည်းဆကို စဉ်ဆက်မပြတ် တိုးမြှင့်ပေးမည်ဖြစ်ပြီး ၎င်းကို ပိုမို လေးလံလာစေ မည် ဖြစ်လေသည်။

ဝိညာဉ်သန့်စင်ခြင်းနယ်ပယ် ကနဦးအဆင့် ကျင့်ကြံသူများမှာ ယေဘုယျအားဖြင့် သူတို့၏ ဝိညာဉ်များ ကို ထင်ရှားလာစေနိုင်ပြီး ဝါဂွမ်းကဲ့သို့ အလေးချိန် ရှိကြ၏။ ရုပ်ခန္ဓာကိုယ် မသေဆုံးသေးလျှင်တောင်မှ၊ သူတို့က လေနှင့် အလင်းရောင်ကို ကြောက်ရွံ့ကြသော်ငြားလည်း၊ ဝိညာဉ်ခွဲထွက်ခြင်းကို အချိန်တို လေးအတွင်း လုပ်ဆောင်ရန် ၎င်းကို ထိန်းချုပ်နိုင်လေသည်။

အလယ်အလတ်အဆင့်သို့ ဆက်လက် တက်လှမ်းသွားပါက၊ ဝိညာဉ်မှာ ဆက်လက်၍ အလေးချိန် တိုးလာမည်ဖြစ်ပြီး သတ္တု သို့မဟုတ် ကျောက်တုံးကဲ့သို့ လေးလံလာမည် ဖြစ်၏။ ဤအမှတ်တွင် ၎င်းက သာမန် နှောင့်ယှက်မှုများကို ခံနိုင်ရည်ရှိပြီး ကောင်းကင်နှင့် မြေကြီးကြားတွင် လွတ်လပ်စွာ သွားလာနိုင်လေသည်။

နှောင်းပိုင်း ဝိညာဉ်သန့်စင်ခြင်းနယ်ပယ်အတွက်ကမူ ပို၍ပင် အထင်ကြီးစရာ ကောင်းပေသည်။ ဝိညာဉ်မှာ တောင်ငယ်လေးတစ်လုံးကဲ့သို့ လေးလံနေပြီဖြစ်ပြီး ကိုးဆယ်ရာခိုင်နှုန်းခန့် စုစည်းနေပြီ ဖြစ်၏။

သေချာ မကြည့်ဘဲနှင့် မည်သည့် ပွင့်လင်းမြင်သာသော နေရာများကိုမဆို ရှာတွေ့ရန် ခက်ခဲလေသည်။ ၎င်းက ဝိညာဉ်ဖိအား တစ်ခုတည်းဖြင့်ပင် စိတ်ဓာတ်ခိုင်မာမှု မရှိသူများကို ဟန့်တားနိုင်စွမ်း ရှိပေသည်။

သေချာသည်မှာ ဤစံနှုန်းများမှာ သာမန် ကျင့်ကြံသူများအတွက်သာ ဖြစ်လေသည်။

ပါရမီရှင်များမှာ အားလုံး ကွဲပြားကြ၏။ သူတို့က သူတို့၏ ကျင့်ကြံခြင်း နည်းစနစ်၏ အံ့မခန်း သဘာဝ ကို အားကိုးခြင်း၊ သို့မဟုတ် ဆေးလုံး အမြောက်အမြားကို စားသုံးခြင်း၊ ကျင့်ကြံရန်အတွက် အထူး လျှို့ဝှက်နည်းလမ်းများကို အသုံးပြုခြင်း၊ သို့မဟုတ် သူတို့၏ ကိုယ်ပိုင် ကံကြမ္မာအထောက်အပံ့များကို အသုံးပြု၍ ဤစံနှုန်းကို သိသိသာသာ တိုးတက်စေခြင်းများ ပြုလုပ်နိုင်ကြပေသည်။

အချို့လူများက ဝိညာဉ်သန့်စင်ခြင်း ကနဦးအဆင့်သို့ ယခုလေးတင် တက်လှမ်းလာသော်ငြား၊ သာမန် ကျင့်ကြံသူတစ်ဦး၏ နှောင်းပိုင်း ဝိညာဉ်သန့်စင်ခြင်းနယ်ပယ်နှင့် ညီမျှသော ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင် ထားပြီး ဖြစ်ကြလေသည်။

စုစည်းနေသော ဝိညာဉ်တစ်ခု၏ အကျိုးကျေးဇူးများမှာ နှစ်မျိုးရှိ၏။ ပထမတစ်ခုမှာ နတ်ဘုရား စွမ်းရည် ကျင့်ကြံခြင်းအတွက် အကျိုးရှိပြီး၊ ဒုတိယတစ်ခုမှာ တစ်စုံတစ်ယောက်၏ အဆီအနှစ်၊ စွမ်းအင်နှင့် စိတ်ဝိညာဉ်တို့ကို မြှင့်တင်ပေးနိုင်ခြင်း ဖြစ်ပေသည်။

ဥပမာအားဖြင့်၊ ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း နယ်ပယ်က စားသောက်ခြင်း၊ လေ့ကျင့်ခြင်းနှင့် အိပ်စက်ခြင်း တို့ကို အဓိကထား အာရုံစိုက်လေသည်။ သို့ရာတွင် ဝိညာဉ်သန့်စင်ခြင်းနယ်ပယ်သို့ ရောက်ရှိသောအခါ၊ အိပ်စက်ချိန်ကို သိသိသာသာ လျှော့ချနိုင်ပြီး၊ ကျင့်ကြံခြင်းအတွက် စွမ်းအင်များကို ပိုမို အသုံးပြုနိုင် မည် ဖြစ်၏။

တစ်စုံတစ်ယောက်က ရုပ်ပိုင်းဆိုင်ရာ သန့်စင်ခြင်း လမ်းစဉ်ကို အာရုံစိုက်သော ကျင့်ကြံသူတစ်ဦး မဟုတ်ပါက၊ သူတို့၏ သွေးနှင့် ချီကို တိုးမြှင့်ရန် အရည်အသွေးမြင့် အိပ်စက်ခြင်းကို ဆက်လက် ထိန်းသိမ်းထားရန် လိုအပ်မည် ဖြစ်လေသည်။

နင်းဖန်က မျက်လုံးများကို မှိတ်ကာ သူ၏ ဝိညာဉ်စွမ်းအားကို ခံစားရင်း မတွေးဘဲ မနေနိုင်တော့ချေ။

"ဝိညာဉ်က အားကောင်းလာတဲ့အခါ၊ နီဗားနား အချုပ်အနှောင်တွေကို ချိုးဖျက်ဖို့လည်း ပိုလွယ်ကူ လာလိမ့်မယ်….။"

နီဗားနားဆိုသည်မှာ မီးမှတစ်ဆင့် ပြန်လည်မွေးဖွားခြင်းဟူသော အဓိပ္ပါယ်ကို ဆိုလိုလေသည်။ ပိုးအိမ် ထဲမှ ထွက်လာသော လိပ်ပြာတစ်ကောင်ကဲ့သို့၊ သေဆုံးနေသော အခြေအနေတစ်ခုမှ အသစ်တဖန် ပြန်လည် မွေးဖွားလာရန် လိုအပ်ပေသည်။

ယင်းက ရုပ်ခန္ဓာကိုယ်၊ ဝိညာဉ်နှင့် နတ်ဘုရားအာရုံတို့အတွက် သုံးဆသော စမ်းသပ်မှုတစ်ခု ဖြစ်၏။

အကယ်၍ ရုပ်ခန္ဓာကိုယ်က မလုံလောက်ပါက၊ နီဗားနား မဟာအတားအဆီးအတွင်း သွေးနှင့် ချီ ပြန် လည်တည်ဆောက်ခြင်း၏ ရိုက်ခတ်မှုကို ခံနိုင်ရည်ရှိရန် ခက်ခဲပေလိမ့်မည်။ အကယ်၍ ဝိညာဉ်က အားမကောင်းပါက၊ နီဗားနားပြီးနောက် တစ်စုံတစ်ယောက်၏ ဝိညာဉ်မှာ ခန္ဓာကိုယ်နှင့် ကိုက်ညီနိုင်မည် မဟုတ်ချေ။

အကယ်၍ နတ်ဘုရားအာရုံ ချို့တဲ့နေပါက၊ မီးမှတစ်ဆင့် ပြန်လည်မွေးဖွားခြင်းတွင် လမ်းပျောက်သွား မည် ဖြစ်ပြီး၊ အခြား ကဏ္ဍနှစ်ခုကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့လျှင်တောင်မှ၊ အသိစိတ် ချို့တဲ့သွား ကာ ထိုအချိန်မှစ၍ စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းသူ ဖြစ်သွားမည် ဖြစ်လေသည်။

ထို့ကြောင့်ပင် နီဗားနားမှာ အလွန် ခက်ခဲသည်ဟု ဆိုကြခြင်း ဖြစ်ပေသည်။ အသက်အန္တရာယ်ရှိသော မဟာအတားအဆီး သုံးခု ဖြစ်၏။ ပါရမီရှင်များပင်လျှင် တစ်ကြိမ်တည်းဖြင့် အောင်မြင်ရန် ခက်ခဲပြီး အကြိမ်ကြိမ် ကြိုးစားရန် လိုအပ်လေသည်။ ဥပမာအားဖြင့်၊ ထိုက်ရီ သူတော်စင်မှာ တစ်ကြိမ် ကျရှုံးခဲ့ ပြီး ဖြစ်ပေသည်။

သို့ရာတွင် ဤသည်က ရှက်စရာ မဟုတ်ချေ။ ဤကမ္ဘာပေါ်တွင် အထွတ်အထိပ်အခြေခံအုတ်မြစ် ရှိသူ များမှလွဲ၍၊ မည်သူမျှ နီဗားနားကို တစ်ရာရာခိုင်နှုန်း အောင်မြင်နိုင်မည်ဟု အာမခံရဲခြင်း မရှိပေ။

သို့ရာတွင် အထွတ်အထိပ်အခြေခံအုတ်မြစ်တစ်ခုက မည်မျှ အဖိုးတန်သနည်း။ ကြီးမားသော ခေတ် တစ်ခုတွင် တစ်ယောက် ပေါ်လာရန်ပင် ခက်ခဲလှလေသည်။ ပါရမီရှင် အားလုံး အတူတကွ ပေါ်ထွက် လာမည့် ရွှေခေတ်တစ်ခု ရောက်လာမှသာ အခွင့်အရေး ရှိမည် ဖြစ်၏။

နင်းဖန်က တွေးတောလိုက်လေသည်။

"အထွတ်အထိပ်အခြေခံအုတ်မြစ်ကို ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်မှာ တည်ဆောက်ထားပြီး ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် အားကောင်းလာစေဖို့ အဓိက ပစ်မှတ်ထားပေမယ့်၊ အဓိက နယ်ပယ်တစ်ခု ကို ထိုးဖောက်ဝင်ရောက်တဲ့အခါ ဝိညာဉ်နဲ့ နတ်ဘုရားအာရုံအတွက်လည်း သိသာထင်ရှားတဲ့ မြှင့်တင်မှု ကို ပေးစွမ်းနိုင်တယ်….။"

"ငါ့ရဲ့ အခြေခံအုတ်မြစ်က နက်ရှိုင်းတယ်၊ ခေတ်အဆက်ဆက်မှာ ပြိုင်ဘက်ကင်းတယ်၊ ပြီးတော့ ကောင်းကင်တာအို ဆုလာဘ်အောက်မှာ ဝိညာဉ်သန့်စင်ခြင်းနယ်ပယ်ရဲ့ အလယ်အလတ်အဆင့်ကို တစ်ဟုန်ထိုး ရောက်သွားတာ။ ငါ့ရဲ့ ဝိညာဉ်စွမ်းအားက အားနည်းနေမှာ မဟုတ်ဘူး…။"

နင်းဖန်က ကြီးမားသော ခြေလှမ်းများဖြင့် ရှေ့သို့ လျှောက်သွားကာ တောင်ခါးပန်းရှိ လေ့ကျင့်ရေးကွင်း သို့ ရောက်ရှိလာခဲ့လေသည်။ ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်းအတွက် ကိစ္စရပ်များ အားလုံးကို ဤနေရာရှိ အပြင်ဘက် လေ့ကျင့်ရေးကွင်းတွင် စုပုံထားလေ၏။

သို့ရာတွင် ဗဟိုခန်းမဆောင် အတွင်း၌မူ အခြားသော လုပ်ဆောင်ချက်များ ရှိလေသည်။ ဥပမာအားဖြင့် ဝိညာဉ်အလေးချိန်ကို စမ်းသပ်ခြင်း ဖြစ်ပေသည်။

ဤကမ္ဘာပေါ်တွင် ကောင်းကင်ဝိညာဉ် ချိန်ခွင် ဟုခေါ်သော ကိရိယာတစ်မျိုး ရှိလေသည်။ ကျင့်ကြံသူ တစ်ဦး၏ ဝိညာဉ်ခွဲထွက်ပြီးနောက်၊ သူတို့က ချိန်ခွင်ခွက်ပေါ်တွင် နေရာယူကာ၊ ချိန်ခွင်အတွင်း၌ သိုလှောင်ထားသော ဝိညာဉ်ခဲ ကို စားသုံးခြင်းဖြင့် သူတို့၏ အလေးချိန်ကို တိုးမြှင့်လိုက်ပြီး၊ ထို့နောက် ချိန်ခွင်က အလိုအလျောက် ဟန်ချက်ညီသွားမည် ဖြစ်၏။

အလေးချိန် ပိုများလေလေ၊ ချိန်ခွင်တန်းက ပို၍ တည်ငြိမ်လေလေ ဖြစ်ပေသည်။ ဤစမ်းသပ်မှုက အလွန် တိကျသည်ဟု မဆိုနိုင်သော်ငြား၊ ကျင့်ကြံသူများကို သူတို့ မည်သည့်နေရာတွင် ရှိနေကြောင်း အကြမ်းဖျင်း သိရှိစေနိုင်လေသည်။

နင်းဖန်က ခန်းမဆောင်အတွင်းသို့ ဝင်ရောက်ပြီးနောက်၊ ထိုဧရာမ ကောင်းကင်ဝိညာဉ် ချိန်ခွင်ကြီးကို လျင်မြန်စွာ ရှာတွေ့သွားခဲ့၏။ သူက အောက်ဘက်ရှိ ဆုတောင်းဖျာပေါ်တွင် တင်ပျဉ်ခွေ ထိုင်ချလိုက် ပြီး၊ အကန့်အသတ်မဲ့ တာအို သိုလှောင်ရုံရှိ ဝိညာဉ် အသုံးပြုခြင်း ဖော်ပြချက်အတိုင်း ဝိညာဉ်ခွဲထွက် ခြင်းကို ခွင့်ပြုရန် သူ၏ စိတ်ကို ငြိမ်သက်စေလိုက်လေသည်။

မကြာမီတွင် သူက အထက်သို့ လွင့်မျောလာသည်ကို ခံစားလိုက်ရ၏။ မျက်လုံးများကို ဖွင့်လိုက် သော အခါ၊ သူက လေထဲတွင် ရောက်နေပြီ ဖြစ်ပေသည်။ အောက်သို့ ပြန်ကြည့်လိုက်ရာ၊ သူ၏ ရုပ်ခန္ဓာ ကိုယ်မှာ တရားထိုင်လျက် တင်ပျဉ်ခွေ ထိုင်နေပြီး လှုပ်ရှားမှု မရှိသည်ကို မြင်တွေ့လိုက်ရလေသည်။

နင်းဖန်က မျက်ခုံးပင့်ကာ ရေရွတ်လိုက်ပြီး ယင်းမှာ အထူးသဖြင့် ဆန်းသစ်နေကြောင်း ခံစားလိုက်ရ ၏။

"ဒါက ဝိညာဉ်ခွဲထွက်တာလား…။"

သူက သူ၏ ဝိညာဉ်ခန္ဓာကိုယ်ကို ဘယ်ညာ အကဲခတ်ကြည့်လိုက်ရာ၊ ယင်းမှာ သူ စိတ်ကူးထားသ လောက် အလင်းမပေါက်နေဘဲ အတော်လေး စုစည်းနေပြီဖြစ်ကြောင်း တွေ့ရှိလိုက်ရလေသည်။ ဤသည်က သူ၏ ဝိညာဉ်အလေးချိန်ကို မျှော်လင့်ချက် အချို့ဖြင့် စောင့်မျှော်စေခဲ့၏။

ထို့နောက် သူက ချိန်ခွင်၏ အလေးချိန်ခွက်ဆီသို့ ချက်ချင်း သွားထိုင်လိုက်လေတော့သည်။

အခန်း (၁၂၆) သူတော်စင် ၊ စီနီယာအစ်ကိုနင်းရဲ့ ဝိညာဉ်အလေးချိန်က ဂျင်တစ်သိန်းအထိ ရောက်နိုင် တယ်လို့ ငါ ထင်တယ်

နင်းဖန်က သူ၏ ဝိညာဉ်အလေးချိန်ကို စမ်းသပ်နေချိန်မှာပင်။

ထိုက်ရီ အကြွင်းအကျန်နယ်မြေ အတွင်း၌၊ လူတိုင်းကလည်း နင်းဖန်၏ လုပ်ရပ်များကို အာရုံစိုက်နေ ခဲ့ကြလေသည်။

နင်းဖန်က လေ့ကျင့်ရေးကွင်း ခန်းမဆောင်သို့ ရောက်ရှိလာပြီး၊ ဝိညာဉ်ခွဲထွက်ခြင်းကို လုပ်ဆောင်ကာ၊ သူ၏ ဝိညာဉ်အလေးချိန်ကို စမ်းသပ်ရန် ပြင်ဆင်နေသည်ကို မြင်သောအခါ၊ သူတို့အားလုံး စိတ်ဝင်စား သွားကြ၏။

အကြီးအကဲများက အချင်းချင်း ဆွေးနွေးလိုက်ကြလေသည်။

"ငါတို့ရဲ့ မဟာအမွေဆက်ခံသူနင်းက ဝိညာဉ်သန့်စင်ခြင်းနယ်ပယ်ထဲကို ယခုလေးတင် ဝင်ရောက်လာ တာဆိုတော့၊ ဝိညာဉ်အလေးချိန် ဂျင် ဘယ်လောက်များ ရှိမလဲ မသိဘူး…။"

"ပါရမီရှင်တစ်ယောက်က ဝိညာဉ်သန့်စင်ခြင်းနယ်ပယ်ရဲ့ ကနဦးအဆင့်ကို ထိုးဖောက်ဝင်ရောက်ပြီးရင်၊ ပုံမှန်အားဖြင့် အလေးချိန် ဂျင် တစ်ထောင်လောက်ပဲ ရှိတတ်တယ်။ ဒါပေမယ့် နင်းဖန်မှာက အထွတ် အထိပ်အခြေခံအုတ်မြစ် ရှိနေတော့၊ အဲဒါကို ဆယ်ဆလောက် တိုးလာနိုင်မယ်လို့ ငါ ခန့်မှန်းတယ်…။"

"အဲဒီလောက်တင် မကဘူးလို့ ငါ ထင်တယ်။ နင်းဖန်က ဒီနယ်ပယ်ထဲကို ယခုလေးတင် ဝင်ရောက်လာ တာ ဆိုပေမယ့်၊ သူက ကနဦးအဆင့်မှာ မဟုတ်ဘဲ အလယ်အလတ်အဆင့်မှာ ရှိနေတယ်ဆိုတာကို မမေ့နဲ့…။"

"အလယ်အလတ်အဆင့်ကို ထိုးဖောက်ဝင်ရောက်တာက ဝိညာဉ်ကို သေချာပေါက် ပိုအားကောင်း လာစေမှာပါ၊ ဒါပေမယ့်...။"

"ဒါပေမယ့် ဘာဖြစ်လဲ…။"

"နင်းဖန်က ကျင့်ကြံခြင်း အဆင့်တစ်ခုကို ကျော်သွားတာလေ။ သူက ဝိညာဉ်သန့်စင်ခြင်းနယ်ပယ်ရဲ့ အလယ်အလတ်အဆင့်ကို တိုက်ရိုက် ထိုးဖောက်ဝင်ရောက်ဖို့ ကောင်းကင်တာအို ဆုလာဘ်ကို အားကိုး ခဲ့ပြီး၊ ကနဦးအဆင့်မှာ လိုအပ်တဲ့ ဝိညာဉ်ကျင့်ကြံခြင်းကို လွတ်သွားခဲ့တယ်…။"

"ရှုး...၊ အဲဒါလည်း ယုတ္တိတန်တာပဲ…။"

"ဒါကြောင့် အလုံးစုံ တွက်ချက်မှုတွေအပေါ် အခြေခံပြီးပြောရရင်၊ နင်းဖန်ရဲ့ ဝိညာဉ်စွမ်းအားက ဂျင် တစ်သောင်းကျော်သင့်ပေမယ့် ဂျင် ငါးသောင်းထက်တော့ နည်းလိမ့်မယ်…။"

ဂိုဏ်း၏ အထက်လူကြီးများ အဖွဲ့တစ်ဖွဲ့မှာ စိတ်အားထက်သန်စွာ ဆွေးနွေးနေကြလေသည်။

ဝိညာဉ်သန့်စင်ခြင်းနယ်ပယ်မှာ တကယ်တော့ ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်နှင့် ကွာခြားမှု မရှိချေ။ တစ်ခုတည်းသော အပြောင်းအလဲမှာ ကျင့်ကြံခြင်း၏ အဓိက အာရုံစိုက်မှုက ဝိညာဉ်ဆီသို့ ပြောင်းလဲ သွားခြင်း ဖြစ်ပေသည်။

ထို့အပြင် အသေးစားနယ်ပယ် ထိုးဖောက်ဝင်ရောက်မှု တစ်ခု ရှိလာတိုင်း၊ ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်ရှိ ရုပ်ခန္ဓာကိုယ်ကဲ့သို့ပင် ဝိညာဉ်စွမ်းအားကလည်း နှစ်ဆ တိုးလာမည် ဖြစ်၏။

ထို့ကြောင့် ပါရမီရှင် ကျင့်ကြံသူများက အသေးစားနယ်ပယ် ထိုးဖောက်ဝင်ရောက်မှုတိုင်း မတိုင်မီ သူတို့၏ ဝိညာဉ်စွမ်းအားကို တိုးတက်စေရန် အစွမ်းကုန် ကြိုးစားကြလေသည်။ ဤသည်မှာ ထိုး ဖောက်ဝင်ရောက်ပြီးနောက် နှစ်ဆတိုးလာမည့် အကျိုးကျေးဇူးများကို အများဆုံး ရရှိစေရန် ဖြစ်ပေ သည်။

ထို့ကြောင့် ပုံမှန်အားဖြင့်၊ ဝိညာဉ်သန့်စင်ခြင်းနယ်ပယ်၏ ကနဦးအဆင့်ရှိ ကျင့်ကြံသူများက သူတို့၏ ဝိညာဉ်စွမ်းအားကို တိုးမြှင့်ရန် နည်းလမ်းအမျိုးမျိုးကို အသုံးပြုကြ၏။ ဤနေရာတွင် နင်းဖန်က အမှား လုပ်ခဲ့ခြင်း ဖြစ်လေသည်။

သူက သူ၏ ဝိညာဉ်စွမ်းအားနယ်ပယ်ကို ဝိညာဉ်သန့်စင်ခြင်းနယ်ပယ်၏ အလယ်အလတ်အဆင့်သို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်ခဲ့ပြီး၊ ကနဦးအဆင့်၏ ကျင့်ကြံခြင်းကို ကျော်လွန်သွားခဲ့ပေသည်။

သူ၏ လက်ရှိ ဝိညာဉ်စွမ်းအားမှာ နယ်ပယ်ကို ထိုးဖောက်ဝင်ရောက်ပြီးနောက် ရရှိလာသော သဘာဝ အတိုင်းတိုးတက်မှု သက်သက်သာ ဖြစ်၏။ အပို ကျင့်ကြံခြင်း အပိုဆုကြေး အနည်းငယ်မျှပင် မရှိချေ။

ထို့ကြောင့် အကြီးအကဲများစွာကြား ဆွေးနွေးမှု တစ်ခု ပြုလုပ်ပြီးနောက်၊ သူတို့က နင်းဖန်၏ ဝိညာဉ် စွမ်းအားမှာ အမှန်တကယ်ပင် အလွန် အားကောင်းမည်ဖြစ်သော်ငြား၊ အလွန်အမင်း ချဲ့ကားနေမည် မဟုတ်ဟု တွေးခဲ့ကြလေသည်။ သာမန် ပါရမီရှင်တစ်ဦး၏ အဆ နှစ်ဆယ် သို့မဟုတ် သုံးဆယ်ခန့်သာ ဖြစ်နိုင်ပေသည်။

လီချန်မင်က နက်နဲသော မျက်နှာထားဖြင့် ပြောလိုက်၏။

"ကျင့်ကြံခြင်း လမ်းစဉ်မှာ၊ အလျင်စလိုလုပ်ရင် အလေအလွင့် ဖြစ်တတ်တယ်။ ဘယ်သူမဆို သူတို့ရဲ့ ဝိညာဉ်စွမ်းအားနယ်ပယ်ကို အကန်းလို တွန်းတင်လို့ရပေမယ့်၊ အခြေခံအုတ်မြစ်က မခိုင်မာရင်၊ နယ်ပယ်က ဘယ်လောက်ပဲ မြင့်မြင့်၊ ရေပေါ်က မှော်ပင်လိုပဲ အကျိုးမရှိဘူး…။"

အနီးအနားရှိ ရွှီယိုဝေက ဤစကားကို ကြားသောအခါ ရယ်မောကာ ပြန်ပြောလိုက်လေသည်။

"စီနီယာအစ်ကိုလီ၊ ခင်ဗျား မှားနေပြီ။ အခြေခံအုတ်မြစ် မခိုင်မာတဲ့လူက ဘယ်လိုလုပ် အနာဂတ် ရှိနိုင်မှာလဲ။ အကယ်၍ ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်မှာ ဝိညာဉ်စွမ်းအားကိုပဲ ကျင့်ကြံပြီး ရုပ်ခန္ဓာ ကိုယ်ကို လျစ်လျူရှုထားမယ်၊ နယ်ပယ် ထိုးဖောက်ဝင်ရောက်မှုတွေကနေ ရလာတဲ့ သဘာဝတိုး တက် မှုကိုပဲ လုံးဝ အားကိုးနေမယ်ဆိုရင်၊ သူတို့ရဲ့ ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း နဝမအဆင့် ခွန်အားက တခြား လူတစ်ယောက်ရဲ့ ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း တတိယအဆင့်နဲ့ ကွာခြားမှု ရှိမှာမဟုတ်ဘူး။ အဲဒီလိုလူမျိုး က နီဗားနား မဟာအတားအဆီးကို ဖြတ်ကျော်နိုင်မယ်လို့ ခင်ဗျား ထင်လား။ 'ပိုမြင့်တဲ့ နယ်ပယ်တွေ' အကြောင်း ခင်ဗျား ဘယ်လိုလုပ် ပြောရဲတာလဲ…။"

ဤချေပချက်မှာ တကယ်ကို အပြစ်ရှာရာဆန်လွန်းလှပေသည်။ လီချန်မင်က နင်းဖန်၏ အခြေအနေကို အသုံးပြုကာ ပတ်ဝန်းကျင်ရှိ တပည့်များကို ညွှန်ကြားရန်နှင့် သူ၏ ကိုယ်ပိုင် ဘုန်းကျက်သရေရှိပြီး ခမ်းနားသော ပုံရိပ်တစ်ခုကို တည်ဆောက်ရန် မူလက ရည်ရွယ်ခဲ့ခြင်း ဖြစ်၏။

သို့ရာတွင် ရွှီယိုဝေက သူ့ကို ဖွင့်ချရန် အတင်းအကြပ် ရှေ့ထွက်လာခဲ့ပြီး၊ တိုက်ခိုက်ရန်အတွက် ဘာသာစကား ဟာကွက်တိုင်းကို ရွေးချယ်နေခဲ့လေသည်။

လီချန်မင် ချက်ချင်းပင် ဒေါသထွက်သွား၏။ ဤအတင်းအဖျင်းပြောတတ်ပြီး လျှာကြမ်းသော ဂျူနီယာအစ်ကိုကို သူ၏ ဒေါသများ ပြေပျောက်သွားစေရန်အတွက် သူ တကယ် သေချာ ရိုက်နှက် ပစ်ချင်နေလေသည်။

သို့ရာတွင် လက်ရှိ ပတ်ဝန်းကျင်ကြောင့် သူ လှုပ်ရှား၍ မရနိုင်သဖြင့်၊ ထိုသူကို ဒေါသတကြီး စိုက်ကြည့်နေရုံသာ တတ်နိုင်တော့၏။ ရွှီယိုဝေက ထိုအကြည့်ကြောင့် အနည်းငယ် ကျောချမ်းသွား သလို ခံစားလိုက်ရပြီး၊ သူ၏ လည်ပင်းကို ကျုံ့ကာ ပြောလိုက်လေသည်။

"စီနီယာအစ်ကိုလီ၊ ခင်ဗျား ဘာလို့ ကျွန်တော့်ကို စိုက်ကြည့်နေတာလဲ။ ကျွန်တော့်မှာ လိင်တူစိတ်ဝင် စားတဲ့ အကျင့် မရှိဘူးနော်…။"

ဤစကားကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက်၊ ပတ်ဝန်းကျင်ရှိ တပည့်များက ချက်ချင်းပင် အသက်ရှူ ကြပ်သွားကာ ရေရွတ်လိုက်ကြလေသည်။

"ဟော့…။"

သူတို့၏ မျက်နှာများတွင် အတင်းအဖျင်း စိတ်ဝင်စားမှုများ ပြည့်နှက်နေပြီး၊ အကြီးအကဲ နှစ်ဦးကြား တွင် သူတို့၏ အကြည့်များကို အပြန်ပြန်အလှန်လှန် ကူးလူးနေကြ၏။

မည်သို့ပင်ဆိုစေ ရွှီယိုဝေ ပြောသော မရှိဘူးနော် ဟူသော စကားလုံးက အလွန် အဓိပ္ပါယ်ပါပြီး၊ လူများ ကို စိတ်ကူးယဉ်မှုများ ဖြစ်ပေါ်လာစေလေသည်။ လီချန်မင်မှာ ဤစကားကို ကြားသောအခါ ထိုနေရာ တွင်ပင် ကြောင်အမ်းအမ်း ဖြစ်သွားပြီး၊ သတိပြန်ဝင်လာပြီးနောက် သူက ကျိန်ဆဲလိုက်လေသည်။

"မင်း ဘာ အဓိပ္ပါယ်မရှိတာတွေ ပြောနေတာလဲ။ မင်းက အဲဒါကို မကြိုက်ဘူးဆိုတဲ့ အကြောင်းပြချက် တစ်ခုတည်းနဲ့ ငါက ကြိုက်တယ်လို့ ဆိုလိုတာလား…။"

ရွှီယိုဝေက ပခုံးတွန့်ကာ ပြောလိုက်လေသည်။

"အဲဒါတော့ ပြောရခက်တယ်။ ခင်ဗျားရဲ့ ထျန်းကုန်းတောင်ထိပ်မှာ ယင်ကောင်မလေး တစ်ကောင် တောင် မရှိဘူး။ လူကြီးတွေချည်းပဲ၊ နေ့တိုင်း အင်္ကျီမပါဘဲ လမ်းလျှောက်နေကြပြီး 'ဟူး ဟား ဟူး ဟား ' ဆိုတဲ့ အသံတွေ အမြဲတမ်း လုပ်နေကြတာ။ ခင်ဗျားတို့ ဘာလုပ်နေလဲဆိုတာ ဘယ်သူသိမှာလဲ…။"

သူ၏ စကားများက ထိုနေရာရှိ ထျန်းကုန်းတောင်ထိပ်မှ အကြီးအကဲ အချို့ကို ချက်ချင်းပင် မျက်နှာ နီမြန်းသွားစေ၏။

ဒေါသကြီးသော အောက်ခြေအဆင့် အကြီးအကဲ တစ်ဦးက ယဉ်ကျေးမှုကို လျစ်လျူရှုကာ မကျိန်ဆဲဘဲ မနေနိုင်တော့ချေ။

"ငါ လုပ်မယ်…။"

ယင်းကို ကြားသောအခါ ရွှီယိုဝေက အလွန် အံ့အားသင့်သွားပြီး ပြောလိုက်လေသည်။

"တွေ့လား၊ သူ ဝန်ခံလိုက်ပြီ…။"

ဤစကား ပြောလိုက်သည်နှင့် တစ်ပြိုင်နက် လူတိုင်း ပေါက်ကွဲသွားကြပြီး၊ သူတို့၏ ရယ်မောမှုကို ထိန်းချုပ်ရန် အပြင်းအထန် ရုန်းကန်နေရတော့၏။ လီချန်မင်မှာ အလွန်အမင်း ဒေါသထွက်နေပြီး ဆက်လက်၍ သည်းမခံနိုင်တော့သဖြင့်၊ ရိုက်နှက်ရန် အဆင်သင့်ဖြင့် ရွှီယိုဝေနောက်သို့ လိုက်သွား ခဲ့လေသည်။

နောက်ပိုင်းလူမှာ အံ့အားသင့်သွားပြီး၊ သက်တန့်ရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ထွက် ပြေးသွားရင်း အော်ဟစ်နေခဲ့လေ၏။

"ထျန်းကုန်းတောင်ထိပ်က ဂေးတွေချည်းပဲ…။"

ဤသည်ကို မြင်သောအခါ၊ အကြီးအကဲများစွာနှင့် အစစ်အမှန်တပည့်များက နောက်ဆုံးတွင် ရယ်မော သံများ ပေါက်ကွဲထွက်လာကြတော့သည်။

ဂိုဏ်းချုပ် ဖေ့ချင်းယွီက ခေါင်းခါကာ ရေရွတ်လိုက်ရာ၊ သူ၏ မျက်နှာတွင် ကူကယ်ရာမဲ့မှုများ ပြည့်နှက် နေခဲ့လေသည်။

"ဒီ မလေးစားတတ်တဲ့ လူအိုကြီး နှစ်ယောက်…။"

ထို့နောက် သူက အောက်သို့ ကြည့်ကာ ချောင်းဟန့်လိုက်ပြီး ပြောလိုက်၏။

"တိတ်တိတ်နေကြ၊ နင်းဖန် သူ့ရဲ့ ဝိညာဉ်အလေးချိန်ကို စမ်းသပ်တာကို ကြည့်ကြ…။"

ဂိုဏ်းချုပ် စကားပြောသည်ကို မြင်သောအခါ၊ လူတိုင်းက သူတို့၏ ရယ်မောမှုကို ထိန်းချုပ်လိုက်ကြ လေသည်။ ကျူးကော့မင်က ရှေ့သို့ ထွက်လာကာ လီချန်မင် ရပ်နေခဲ့သော နေရာတွင် ရပ်လိုက်ပြီး၊ သူ၏ လက်ချောင်းများဖြင့် လက်ကွက်တစ်ခုကို ဖန်တီးကာ အခိုင်အမာ ပြောလိုက်လေသည်။

"ဒီလျှို့ဝှက်နယ်မြေထဲမှာ ရက်အတော်ကြာ ပိတ်မိနေပြီးတဲ့နောက်၊ ငါ့ရဲ့ ကောင်းကင်လျှို့ဝှက်ချက် ဗေဒင်ဟောခြင်း နည်းစနစ်က တိုးတက်လာခဲ့တယ်။ နင်းဖန်ရဲ့ ဝိညာဉ်အလေးချိန်က ဂျင် သုံးသောင်း သုံးထောင် ရှိသင့်တယ်လို့ ငါ တွက်ချက်ရရှိတယ်…။"

သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက်၊ အကြီးအကဲများစွာက သူ၏ အံ့မခန်း ကြိုတင်သိမြင်နိုင်စွမ်း အတွက် သူ့ကို ချီးကျူးလိုက်ကြပြီး၊ သူက အလယ်ပိုင်းကုန်းမြေ၏ နတ်ဘုရား တွက်ချက်သူလေး ဟူ သော နာမည်နှင့် ထိုက်တန်ကြောင်း ပြောဆိုလိုက်ကြလေသည်။

ကျူးကော့မင်က အနည်းငယ် ပြုံးလိုက်ပြီး၊ သူ၏ စီနီယာနှင့် ဂျူနီယာ အစ်ကိုများထံမှ မြှောက်ပင့်မှု များကို ခံစားနေစဉ်မှာပင်၊ သူ၏ မျက်လုံးများက အကျင့်ပါနေသလို သူတော်စင်ထံသို့ ရောက်သွား၏။

သူတော်စင်က တိတ်တဆိတ် ခေါင်းခါနေသည်ကို သူ သတိထားမိလိုက်လေသည်။ သူက မမေးဘဲ မနေနိုင်တော့ချေ။

"ယွမ်ကျယ်...၊ မင်းမှာ တခြားအမြင် ရှိနေလို့လား…။"

၎င်းကို ကြားသောအခါ သူတော်စင်က တည်ငြိမ်စွာဖြင့် လက်နှစ်ဖက်ကို ယှက်ကာ ပြန်ပြောလိုက်လေ သည်။

"နှိမ့်ချတဲ့ အမြင်တစ်ခုပါပဲ၊ နက်ရှိုင်းတာ ဘာမှ မရှိပါဘူး…။"

ကျူးကော့မင်က ပြောလိုက်၏။

"ကိစ္စမရှိပါဘူး။ ငါတို့ကို ပြောပြပါ၊ နင်းဖန်ရဲ့ ဝိညာဉ်အလေးချိန်က ဘယ်လောက်ရှိမယ်လို့ မင်း ထင်လဲ…။"

သူတော်စင်က ရိုးသားစွာ ဖြေကြားလိုက်လေသည်။

"စီနီယာအစ်ကိုနင်းက ပြိုင်ဘက်ကင်းတဲ့ နတ်ဘုရားစွမ်းအား၊ နှိုင်းယှဉ်လို့မရတဲ့ ပါရမီကို ပိုင်ဆိုင်ထား ပြီး၊ ဒီခေတ်ရဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက် ဖြစ်တယ်၊ သာမန်အသိဉာဏ်ကို လုံးဝ ကျော်လွန် နေတယ်လို့ ကျွန်တော် ယုံကြည်တယ်။ သူ့ရဲ့ ဝိညာဉ်အလေးချိန်က သာမန်စံနှုန်းရဲ့ အဆတစ်ရာ ဖြစ်နိုင် တယ်...။ အဲဒါက ဂျင် တစ်သိန်း ဖြစ်သင့်တယ်…။"

စကားသံအဆုံးတွင် လူတိုင်းက ဆူညံသွားကြလေသည်။ ဂဏန်းက များလွန်းပြီး အောင်မြင်ရန် လုံးဝ မဖြစ်နိုင်ဟု သူတို့ ခံစားရ၏။

သို့ရာတွင် ကျူးကော့မင်က အခြား အရေးကြီးသော အချက်တစ်ခုကို ဖမ်းဆုပ်လိုက်ပြီး သံသယဖြင့် မေးလိုက်လေသည်။

"နင်းဖန်က ဘယ်အချိန်ကတည်းက မင်းရဲ့ စီနီယာအစ်ကို ဖြစ်သွားတာလဲ"

ကျင့်ကြံခြင်း လောကတွင်၊ စွမ်းရည်ရှိသူများကို ဆရာများအဖြစ် သတ်မှတ်ကြလေသည်။ နင်းဖန်၏ ပါရမီက ကြီးမားသော်ငြား၊ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ လောလောဆယ်တွင် သူတော်စင်ထက် နိမ့်ကျနေသဖြင့် သူက ဂျူနီယာအစ်ကို ဖြစ်သင့်ပေသည်။

သူတော်စင်က အရေးမစိုက်သလို လက်ဝှေ့ယမ်းကာ ပြောလိုက်လေသည်။

"အဲဒါက အနှေးနဲ့အမြန် ဖြစ်လာမှာပဲလေ။ အခုကတည်းက ကျင့်သားရသွားအောင် ကြိုခေါ်ထား တာပါ…။"

ကျူးကော့မင်မှာ စကားပင်ပြောမထွက်တော့ချေ။

ဤသည်မှာ သူသိသော သူတော်စင် ဟုတ်သေးရဲ့လားဟု ကျူးကော့မင်က တွေးမိလေသည်။ ယခင်က သူတော်စင်သည် မာနကြီးပြီး ဂုဏ်ယူဝင့်ကြွားတတ်ကာ နင်းဖန်ကို ရန်သူကြီးတစ်ယောက်ကဲ့သို့ သဘောထားသင့်ပေသည်။

သို့ရာတွင် ယခု သူ့ကို ကြည့်ရသည်မှာ ယခင်က စိတ်ဓာတ်များ ဘယ်ရောက်သွားသနည်းဟု တွေးတော စရာ ဖြစ်နေ၏။ ရိုးရိုးသားသား ပြောရလျှင် သူ၏ ယခင်က သူပုန်ထပြီး မယဉ်ကျေးသော အမူအရာ ကိုသာ သူ ပိုသဘောကျကြောင်း ကျူးကော့မင်က တွေးတောမိလေသည်။

သို့သော်လည်း နင်းဖန်၏ ဝိညာဉ်အလေးချိန်က ဂျင် တစ်သိန်းအထိ ရောက်နိုင်သည်ဟု သူ တကယ်ပင် ထင်နေသလားဟု တွေးမိလေသည်။

ဤသည်က ရုပ်တုကို ကိုးကွယ်လွန်းရာ မကျဘူးလားဟု တွေးတောစရာပင်။ ပရိသတ်များက သူတို့၏ ရုပ်တုများထံတွင် ပြီးပြည့်စုံမှုကို မြင်ကြသည်ဆိုလျှင်တောင်မှ၊ ဤဂဏန်းက အရမ်း ချဲ့ကားလွန်းနေ ပေသည်။

ကျူးကော့မင် စဉ်းစားနေချိန်မှာပင်၊ သူ၏ ပတ်ဝန်းကျင်တွင် အားပေးသံများ ပေါက်ကွဲထွက်လာ၏။ အောက်ဘက်ရှိ နင်းဖန်က အလေးချိန် စမ်းသပ်မှုကို စတင်နေပြီ ဖြစ်လေသည်။ ဝိညာဉ်အလေးချိန်မှာ သမားရိုးကျ အလေးချိန် တိုင်းတာမှုများနှင့် ကွာခြားပေသည်။

မည်သို့ပင်ဆိုစေ ဝိညာဉ်မှာ ပုံသဏ္ဍာန်မရှိ၊ ကိုယ်ထည်မရှိသော ဖြစ်တည်မှုတစ်ခု ဖြစ်၏။ ဤနေရာရှိ အလေးချိန်မှာ တကယ်တော့ နက်နဲသိမ်မွေ့သော သဘောတရားတစ်ခုနှင့် ပိုတူလေသည်။

ဤအချိန်တွင် နင်းဖန်၏ ဝိညာဉ်က ကောင်းကင်ဝိညာဉ် ချိန်ခွင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ၊ သူ၏ ဝိညာဉ်ခန္ဓာကိုယ်ထဲသို့ ဝိညာဉ်ခဲ တစ်ခုကို မျိုချလိုက်သည်ကို မြင်တွေ့လိုက်ရ၏။ ချိန်ခွင်တန်းက ချက် ချင်းပင် ဟန်ချက်ညီသွားလေသည်။ နောက်ဆုံးတွင် ဂဏန်းတစ်ခုက အခိုင်အမာ ပေါ်ထွက်လာပြီး လူတိုင်း၏ မျက်စိရှေ့တွင် ပေါ်လာတော့သည်။

၎င်းမှာ အံ့မခန်းဖွယ်ရာပင်...၊

ဂျင် တစ်သိန်းတိတိ ဖြစ်နေခဲ့လေတော့သည်။

All Chapters