← Chapters

အခန်း (၁၆၉၉-၁၇၀၀)

Vol. 170 Ch. 1699-1700

အခန်း (၁၆၉၉-၁၇၀၀)

Vol. 170 Ch. 1699-1700

အခန်း (၁၆၉၉) - ရေစီးကြောင်းအတိုင်း လိုက်ပါခြင်း

တိုက်ခိုက်နေကြသော အဆင့် ၇ ရှေးဟောင်းမသေမျိုး နှစ်ဦးအနက် တစ်ဦးမှာ အမဲနှင့် အဖြူရောင် ရောယှက်နေသော ကျင့်စဉ်ဝတ်ရုံကို ဆင်မြန်းထားပြီး လူလတ်ပိုင်းအရွယ် ဖြစ်သည်။

အခြားတစ်ဦးမှာမူ ပုပုကွကွနှင့် လူပုလေးတစ်ဦးဖြစ်ပြီး သူ၏ မျက်လုံးများမှာ ငါးသေတစ်ကောင်ကဲ့သို့ အပြင်သို့ ပြူးထွက်နေ၏။

သူ၏ တစ်ကိုယ်လုံးရှိ မသေမျိုးစွမ်းအားများမှာ အလွန်ပင် ခက်ထန်ရမ်းကားနေပြီး လူလတ်ပိုင်း ရှေးဟောင်းမသေမျိုးနှင့် မသေမျိုးစွမ်းအားချင်း ယှဉ်ပြိုင်တိုက်ခိုက်နေကြသည်။

ဒါဟာ တိုက်ပွဲတစ်ခုရဲ့ နောက်ဆုံးအဆင့်မှာ မလွှဲမရှောင်သာ အသုံးပြုရတဲ့ နည်းလမ်းမျိုး ဖြစ်သည်။

နှစ်ဦးစလုံးက တစ်ဖက်လူကို နည်းမျိုးစုံဖြင့် မနှိမ်နင်းနိုင်တော့သည့်အခါ မသေမျိုးစွမ်းအားချင်း တိုက်ရိုက်ယှဉ်ပြိုင်ခြင်းသည်သာ ဤတိုက်ပွဲကို အဆုံးသတ်နိုင်မည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်လာတော့သည်။

မည်သူ့၏ ကျင့်စဉ်အဆင့်က ပို၍ မြင့်မားသနည်း၊ ထိုသူက အနိုင်ရမည်ဖြစ်ပြီး ကျန်ရှိသည့် တစ်ဦးမှာမူ တစ်ဖက်လူ၏ မသေမျိုးစွမ်းအား ရိုက်ခတ်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားမည် ဖြစ်သည်။

နဂါးနက်အစီရင်က သူတို့ရှိရာသို့ ပျံသန်းလာသည်ကို တွေ့လိုက်ရသောအခါ တစ်ဦးက ဝမ်းသာသွားပြီး အခြားတစ်ဦးမှာမူ ထိတ်လန့်သွားတော့သည်။

လူပု ရှေးဟောင်းမသေမျိုးသည် မျက်လုံးအစွန်ဖြင့် လှမ်းကြည့်လိုက်ရာ အရှင်လတ်လတ် ဖမ်းဆီးခံထားရသော ဝမ်ကျန့်ချီကို မြင်လိုက်ရသဖြင့် စိတ်ထဲမှနေ၍ အကြီးအကျယ် ဆဲဆိုလိုက်မိသည်။

သို့သော် ယခုအချိန်တွင် သူသည် စွမ်းအားချင်း ယှဉ်ပြိုင်နေသည့် အရေးကြီးသော အချိန်သို့ ရောက်နေသဖြင့် ကျင့်စဉ်ကို လုံးဝ ရပ်တန့်၍ မရပေ။ ကျင့်စဉ်ကို ရုတ်တရက် ရပ်တန့်လိုက်ပါက သူကိုယ်တိုင် ပြင်းထန်စွာ ဒဏ်ရာရသွားမည်ဖြစ်ရာ ရှေ့တိုးမရ နောက်ဆုတ်မရသည့် အကျပ်အတည်းသို့ ဆိုက်ရောက်နေတော့သည်။

"ဒီက အမာခံတပည့်... ကျုပ်က မိစ္ဆာဝင်သူ မဟုတ်ပါဘူး။ ကျုပ်နဲ့ ဒီလူနဲ့ စွမ်းအားချင်း ယှဉ်ပြိုင်တာ အဆုံးသတ်သွားတဲ့အထိ ခဏလောက် စောင့်ပေးပါဦး၊ ပြီးမှ အကျိုးအကြောင်းကို သေချာ ရှင်းပြပါ့မယ်"

လူပု ရှေးဟောင်းမသေမျိုးက ဖန့်ချန်ကို လှမ်း၍ အော်ပြောလိုက်သည်။

လူလတ်ပိုင်း ရှေးဟောင်းမသေမျိုး၏ မျက်ဝန်းထဲတွင် ဒေါသရိပ်များ ဖြတ်ပြေးသွားသည်။

"မင်းက မိစ္ဆာဝင်သူ မဟုတ်ဘူးဆိုရင် ဘာလို့ မိစ္ဆာဝင်သူတွေနဲ့ ပူးပေါင်းနေရတာလဲ ကုတိန်ကြယ်ပေါ်မှာ ဒီလောက်များတဲ့ လူသတ်ပွဲတွေကို ဘာလို့ ကျူးလွန်နေရတာလဲ "

"ငါက ရေစီးကြောင်းအတိုင်း လိုက်ပါရုံသက်သက်ပါပဲကွ"

လူပု ရှေးဟောင်းမသေမျိုးက ဒေါသတကြီး ပြန်အော်လိုက်သည်။

ယခုအချိန်တွင် သူ၏ အာရုံတစ်ဝက်မှာ ဖန့်ချန်ပေါ်သို့ ရောက်နေပြီး ဖန့်ချန်က ရုတ်တရက် လက်ဦးမှုယူ တိုက်ခိုက်လာမည်ကို အလွန်ပင် ကြောက်ရွံ့နေမိသည်။

'ရေစီးကြောင်းအတိုင်း လိုက်ပါတာလား အကယ်၍ သူ လိမ်မပြောဘူးဆိုရင် ထိုက်ချန်းနယ်မြေရဲ့ အခြေအနေက တကယ်ကို မကောင်းဘူးလို့ ပြောရမယ်။

အတိတ်ဘဝ မှတ်ဉာဏ် နိုးထခြင်းမရှိတဲ့ ကျင့်ကြံသူတွေတောင် မိစ္ဆာမျိုးနွယ်တွေရဲ့ အင်အားကြီးမားမှုကို ကြည့်ပြီး ဘက်ပြောင်း ကူးပြောင်းနေကြပြီပဲ။ ထိုက်ချန်းနယ်မြေက ဒီကိစ္စကို ဦးဆောင်နေတဲ့ မိစ္ဆာမျိုးနွယ်တွေဟာ အဲဒီ မြင့်မြတ်သောသားတော် ရဲ့ မဟာဗျူဟာမူဝါဒနဲ့တော့ သဘောထားကွဲလွဲနေပုံရတယ်'

ဖန့်ချန်၏ စိတ်ထဲတွင် အတွေးတစ်ခု လျှပ်ခနဲ ပေါ်လာသည်။ မိစ္ဆာမျိုးနွယ်အချို့က ထိုက်ချန်းနယ်မြေရှိ သူတို့၏ လုပ်ဆောင်ချက်များကို လူမိုက်အားကိုး လုပ်ရပ် ဟု ပြောဆိုကြသည်မှာလည်း မဆန်းတော့ပေ။

'ကြည့်ရတာ မိစ္ဆာမျိုးနွယ်တွေကြားမှာလည်း အားလုံးက စည်းလုံးနေကြတာတော့ မဟုတ်ဘူးပဲ၊ သဘောထားကွဲလွဲမှုတွေ ရှိနေတာကတော့ သတင်းကောင်းပဲ'

ထိုသို့ တွေးတောရင်း ဖန့်ချန်သည် ချက်ချင်းပင် နဂါးနက်အစီရင်ကို နှိုးဆော်လိုက်ပြီး နတ်ရိုက်နှင်တံ တစ်ချက်ကို လူပု ရှေးဟောင်းမသေမျိုးပေါ်သို့ အားကုန် ရိုက်ချလိုက်တော့သည်။

ဤတိုက်ခိုက်မှုမှာ ရှေးဟောင်းမသေမျိုး တစ်ဦး၏ အစွမ်းနှင့်ပင် နှိုင်းယှဉ်နိုင်သည်။

လူပု ရှေးဟောင်းမသေမျိုးမှာ ပြင်းထန်စွာ ရိုက်နှက်ခံလိုက်ရသဖြင့် ပြိုင်ဘက်နှင့် မသေမျိုးစွမ်းအားချင်း ယှဉ်ပြိုင်နိုင်စွမ်း ချက်ချင်းပင် ပျောက်ဆုံးသွားပြီး တစ်ဖက်လူ၏ ဟိန်းဟောက်နေသော မသေမျိုးစွမ်းအားများ၏ တိုက်ရိုက်ရိုက်ခတ်မှုကို ခံလိုက်ရတော့သည်။

နှစ်ဖက်ညှပ် တိုက်ခိုက်ခြင်းကို ခံလိုက်ရသဖြင့် သူသည် စူးရှစွာ အော်ဟစ်လိုက်ပြီး နေရာမှာတင် အောက်သို့ ထိုးဆင်းကျသွားလေသည်။

"ဒါက..."

ကျိကန်း၏ မျက်ဝန်းထဲတွင် အံ့သြတုန်လှုပ်မှုများ ပြည့်သွားသည်။

ထိုအစီရင်မသေမျိုးအတတ်မှာ အရှေ့က အတတ်နှစ်မျိုးနှင့် လုံးဝ ကွဲပြားနေသည် မဟုတ်ပါလား။

ဒီဖန့်အမာခံက တတိယမြောက် အစီရင်မသေမျိုးအတတ်ကိုတောင် နားလည်သွားတာလား။

'ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...'

သူ၏ စိတ်ထဲတွင် ဧရာမ လှိုင်းလုံးကြီးများ ရိုက်ခတ်နေသကဲ့သို့ ခံစားလိုက်ရသည်။

တွက်ချက်ကြည့်မည်ဆိုလျှင် ဤအမာခံတပည့်သည် ဂိုဏ်းထဲသို့ ဝင်ရောက်လာသည်မှာ နှစ်တစ်ထောင်ပင် မပြည့်သေးပေ။ အကယ်၍ အစီရင်မသေမျိုးအတတ် သုံးမျိုးလုံးကို တကယ်သာ နားလည်ထားမည်ဆိုပါက ထိုကဲ့သို့သော စွမ်းဆောင်ရည်မှာ ကျွယ်မင်နန်းတော်တွင် ရှဲ့အာမန်၊ ဝမ်ယဲ့ နှင့် ချန်အင်းရွှယ် တို့နောက်မှ ကပ်လျက်ပင် ရှိပေလိမ့်မည်...

"အစီရင်မသေမျိုးအတတ် နှစ်မျိုးတောင်လား..."

ရွှမ်အမာခံက တိုးညင်းစွာ ရေရွတ်လိုက်ပြီး သူမ၏ မျက်ဝန်းထဲတွင် ဝေခွဲမရသည့် ပဟေဠိများ ပိုမိုများပြားလာသည်။

ဤလူက တကယ်တမ်း ဘယ်သူလဲ

ကျွယ်မင်နန်းတော်ရဲ့ ပထမဆုံး အမာခံတပည့် နာမည်က ရှဲ့အာမန်၊ ဒုတိယက ဝမ်ယဲ့၊ တတိယက ချန်အင်းရွှယ် ဆိုတာ သူမ သိထားသည်။

'ဒါ ဝမ်ယဲ့များလား'

သူမ၏ အမူအရာက ပြောင်းလဲသွားသည်။

"ငါ ရှုံးတာ မဆန်းတော့ပါဘူး၊ ကြည့်ရတာ သူကလည်း ဖန့်လို့ မျိုးရိုးအမည်ခံထားတာ မဟုတ်ဘူးထင်တယ်"

ဝမ်ကျန့်ချီက ရုတ်တရက် စကားပြောလာပြီး ကျိကန်းကို အေးစက်စွာ စောင်းကြည့်လိုက်သည်။

"မင်းတို့ ကျွယ်မင်နန်းတော်က ဝမ်ယဲ့က ဒီလောက်တောင် ကြောက်တတ်တာလား နာမည်အရင်းကိုတောင် မထုတ်ဖော်ရဲဘူးလား "

ကျိကန်းက ခဏမျှ စဉ်းစားလိုက်ပြီး

"ဝမ်အမာခံက နာမည်အရင်းကို မထုတ်ဖော်ချင်တာ... မင်းနဲ့ ဘာဆိုင်လို့လဲ "

"ဟွန်း..."

ဝမ်ကျန့်ချီက နှာခေါင်းရှုံ့လိုက်ပြီး ထပ်မံစကားမပြောတော့ဘဲ သူ၏ အမူအရာမှာ ပိုမိုလေးနက်လာသည်။ ဤတိုက်ပွဲတွင် သူ အမှန်တကယ် ရှုံးနိမ့်သွားပြီ ဖြစ်သည်။

ယနေ့ ကုတိန်ကြယ်ကို မသိမ်းပိုက်နိုင်တော့ရုံသာမက ထိုဂြိုဟ်ပေါ်ရှိ နိုးထလာပြီးသား မိစ္ဆာမျိုးနွယ်များအတွက်ပင် အန္တရာယ်ရှိသွားလေပြီ။ ထိုက်ချန်းနယ်မြေဘက်က သူတို့၏ မျက်နှာဖုံးကို ခွာချလိုက်ပြီဖြစ်သောကြောင့် နိုးထပြီးသား မိစ္ဆာမျိုးနွယ်များသည် ပုန်းစရာနေရာ မရှိတော့ဘဲ အချိန်မရွေး ဖော်ထုတ်ဖမ်းဆီးခံရနိုင်ချေ ရှိသွားသောကြောင့် ဖြစ်သည်။

ဖန့်ချန်သည် နတ်ရိုက်နှင်တံ ကို အသုံးပြုပြီးနောက် အချက်တစ်ခုကို အတည်ပြုနိုင်ခဲ့သည်။ ထိုစဉ်က တာ့လေယင် တွင် ရှိနေစဉ်က လူသိထင်ရှားမဖြစ်စေရန် ဤစမ်းသပ်ချက်ကို မလုပ်ရဲခဲ့ပေ။

'ငါက သူတို့နဲ့ တကယ်ပဲ မတူဘူး။ သူတို့က မသေမျိုးလှေအစီရင်ရဲ့ ဗဟိုချက်နဲ့ ပူးပေါင်းဆောင်ရွက်တာ၊ ငါကတော့... အစီရင်ဗဟိုချက်ကို လုံးဝ ဖိနှိပ်ချုပ်ကိုင်ထားတာပဲ။ နှစ်ခုကြားမှာ ငါကပဲ အဓိက အရှင်သခင်ပဲ။ အစီရင်မသေမျိုးအတတ် သုံးမျိုးမကလို့၊ ဒီမသေမျိုးလှေအစီရင်ကနေတစ်ဆင့် မီးလုံးအတတ်တစ်ခုလောက် ထုတ်သုံးဖို့ဆိုတာတောင် ငါ့အတွက် လက်ဖျောက်တီးရသလောက် လွယ်ကူနေတယ်...'

'ဒီကိစ္စက ငါ့ရဲ့ စိတ်ဝိညာဥ် နဲ့လည်း ဆက်စပ်နေမှာပဲ၊ စိတ်ဝင်စားစရာပဲ'

ဖန့်ချန်က ထိုအတွေးကို ခဏ သိမ်းထားလိုက်ပြီး အောက်သို့ ပြုတ်ကျနေသော လူပု ရှေးဟောင်းမသေမျိုးပေါ်သို့ နောက်ထပ် နတ်ရိုက်နှင်တံ တစ်ချက်ကို ထပ်မံ ရိုက်ချလိုက်ပြန်သည်။

ဖတ်

လူပု ရှေးဟောင်းမသေမျိုးမှာ နောက်ဆုံးစကားပင် ပြောခွင့်မရလိုက်ဘဲ ထိုနေရာမှာတင် အသက်ပျောက်သွားတော့သည်။ ရှေ့သို့လာ၍ နှုတ်ဆက်ရန် ပြင်နေသော လူလတ်ပိုင်း ရှေးဟောင်းမသေမျိုးမှာမူ နေရာမှာတင် ကြောင်အမ်းအမ်းဖြင့် ရပ်နေမိပြီး ရှေ့မတိုးရဲတော့ပေ။

"လောင်ရှန့်၊ စီနီယာကျိ... မင်းတို့ နှစ်ယောက် 'ခြောက်၊ တောက်၊ ပလောက်' လုပ်ကြ၊ နိုင်တဲ့သူက ဒီရှေးဟောင်းမသေမျိုး စာရင်းဝင်ခွင့်ကို ယူလိုက်"

( ခြောက်၊ တောက်၊ ပလောက် ဆိုတာ ကစားနည်းတစ်မျိုးပါ )

ဖန့်ချန်က လှမ်းအော်လိုက်သည်။

ဒါဟာ မလာခင်ကတည်းက သဘောတူထားသည့် ကိစ္စဖြစ်သည်။

"ခြောက်၊ တောက်၊ ပလောက်"

မိယွီသည် သူ၏ ရင်ဘတ်အိတ်ကပ်ထဲမှ ထွက်လာပြီး ခေါင်းကို တစ်ချက်ခါလိုက်ကာ ရှန့်နင်တို့ နှစ်ဦးရှိရာသို့ ပျံသန်းသွားတော့သည်။

မိယွီ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သောအခါ သူမသည် အမျိုးသမီးပုံစံသို့ အသွင်ပြောင်းလိုက်ပြီ ဖြစ်သည်။

ရှန့်နင်မှာ ဤမျှအထိ မြန်မြန်ဆန်ဆန်နှင့် ရှေးဟောင်းမသေမျိုး စာရင်းဝင်ခွင့်ကို ရရှိရန် အခွင့်အရေးရလိမ့်မည်ဟု မထင်ထားခဲ့သဖြင့် ရုတ်တရက် စိတ်လှုပ်ရှားသွားပြီး ကျိကန်းတို့ နှစ်ဦးကို သတိကြီးစွာဖြင့် လှမ်းကြည့်လိုက်သည်။ ကျိကန်းကလည်း ထိုနည်းတူပင်။

မိယွီတစ်ဦးတည်းသာလျှင် ဘာမှမဖြစ်သလို အေးဆေးနေသည်။ အကြောင်းမှာ သူမသည် ရှေးဟောင်းမသေမျိုး စာရင်းဝင်ခွင့်ကို ရရှိခဲ့လျှင်တောင် အခုချက်ချင်း အသုံးပြုနိုင်စွမ်း မရှိသောကြောင့် ဖြစ်သည်။ သူမသည် အဆင့် ၆ မသေမျိုး အဆင့်တွင် နေထိုင်ခဲ့သည့် အချိန်မှာ လုံလောက်စွာ မကြာသေးသလို အခြေခံမှာလည်း နက်နက်ရှိုင်းရှိုင်း မရှိသေးပေ။

"စီနီယာကျိ... ကျွန်တော် ခဏနေရင် 'တောက်' ထုတ်မယ်"

ရှန့်နင်က ရုတ်တရက် ပြောလိုက်သည်။

ကျိကန်းက မျက်မှောင်ကြုတ်လိုက်ပြီး ခေါင်းညိတ်ပြသည်။

"ဒါဆို ခဏနေရင် ငါ 'ပလောက်' ထုတ်မယ်"

'သူက ငါ 'ခြောက်' ထုတ်မယ်လို့ ထင်နေတော့ သူက 'တောက်' ထုတ်မယ်၊ ငါကတော့ 'ပလောက်' ပြန်ထုတ်မယ်၊ အဲဒီအခါ သူက 'ခြောက်' ပြန်ထုတ်မယ်၊ ငါက 'တောက်' ပြန်ထုတ်မယ်၊ သူက နောက်ဆုံးတော့ 'ပလောက်' ထုတ်လိမ့်မယ်...'

'သူက ငါ 'တောက်' ထုတ်မယ်လို့ ထင်ရင် သူက 'ပလောက်' ထုတ်မယ်၊ ငါက 'ခြောက်' ပြန်ထုတ်မယ်၊ သူက 'တောက်' ပြန်ထုတ်မယ်၊ ငါက 'ပလောက်' ပြန်ထုတ်မယ်၊ သူက 'ခြောက်' ပြန်ထုတ်မယ်၊ ငါက 'တောက်' ထုတ်မယ်၊ သူက နောက်ဆုံးတော့ 'ပလောက်' ထုတ်လိမ့်မယ်'

နှစ်ဦးစလုံးမှာ ခေါင်းကို ဖြည်းဖြည်းချင်း မော့လိုက်ကြပြီး တစ်ဦး၏ မျက်လုံးကို တစ်ဦး စူးစိုက်ကြည့်ကာ ဖန့်ချန် ပြောထားသော စည်းမျဉ်းအတိုင်း 'ခြောက်၊ တောက်၊ ပလောက်' စတင်လုပ်ဆောင်လိုက်ကြသည်။

နှစ်ဦးစလုံးက 'ခြောက်' ကို တစ်ပြိုင်တည်း ထုတ်လိုက်ကြသည်။

သေးငယ်သော လက်သီးလေးတစ်ခုမှာ ထို 'ခြောက်' နှစ်ခုပေါ်သို့ ကျရောက်လာသည်။

ရှန့်နင်နှင့် ကျိကန်းတို့ နှစ်ဦးစလုံး၏ မျက်နှာမှာ အနည်းငယ် ပျက်သွားပြီး မိယွီကို တစ်ချက်ကြည့်လိုက်ကြသည်။

"ကျွန်မ နိုင်သွားပုံရတယ်"

မိယွီက အားနာသလို ပြုံးလိုက်ပြီးနောက် လူပု ရှေးဟောင်းမသေမျိုး၏ အလောင်းရှိရာသို့ ပျံသန်းသွားတော့သည်။

သူမသည် လူအများ၏ ရှေ့မှောက်တွင်ပင် လူပု ရှေးဟောင်းမသေမျိုး၏ ကိုယ်ပေါ်မှ ရွှေရောင်အရာဝတ္ထုတစ်ခုကို ကြမ်းကြမ်းတမ်းတမ်း ဆွဲထုတ်လိုက်သည်။

၎င်းမှာ ရှေးဟောင်းမသေမျိုး စာရင်းဝင်ခွင့် ပင် ဖြစ်သည်။

'သူတို့ ငါ့ဆီက ရှေးဟောင်းမသေမျိုး စာရင်းဝင်ခွင့်ကိုလည်း သိမ်းသွားဦးမှာလား မသိဘူး...'

လူလတ်ပိုင်း ရှေးဟောင်းမသေမျိုးမှာ မသိမသာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိသည်။

"မိတ်ဆွေ... ကျွန်တော်တို့က မိစ္ဆာဝင်သူတွေကိုပဲ သတ်တာပါ၊ မကြောက်ပါနဲ့"

ဖန့်ချန်က လူလတ်ပိုင်း ရှေးဟောင်းမသေမျိုး၏ စိုးရိမ်မှုကို ရိပ်မိသဖြင့် လှမ်း၍ နှစ်သိမ့်လိုက်သည်။

ခဏအကြာတွင် ရွှမ်အမာခံတို့ လူစုနှင့် ဝမ်ကျန့်ချီတို့ကို ကျိကန်းနှင့် ရှန့်နင်တို့က နဂါးနက်အစီရင်ပေါ်သို့ ခေါ်ဆောင်လာကြပြီး ဖန့်ချန်နှင့် အနီးကပ် တွေ့ဆုံစေသည်။

ကုတိန်ကြယ်ပေါ်မှ အထင်ကရ ပုဂ္ဂိုလ်ကြီးများသည် ယခုအခါတွင်မူ အလွန်ပင် ရိုသေလေးစားသော အမူအရာများဖြင့် ရှိနေကြပြီး သူတို့၏ မျက်ဝန်းထဲတွင်လည်း ကြောက်ရွံ့အားကိုးမှုများ ပြည့်နှက်နေသည်။

ပြောရလျှင် သူတို့၏ ရှေ့မှောက်ရှိ ပုဂ္ဂိုလ်မှာ နဂါးနက်အစီရင်တစ်ခုတည်းဖြင့် ကုတိန်ကြယ်၏ ဆိုးဝါးလှသော အခြေအနေကို ချက်ချင်းပင် ပြောင်းပြန်လှန်ပေးနိုင်ခဲ့သူ မဟုတ်ပါလား။ ဤကဲ့သို့သော အစွမ်းထက်သူကို သူတို့ လုံးဝ မပေါ့ဆရဲကြပေ။

"ဝမ်အမာခံ... မင်းကို ငါ သိတယ်၊ ငါနဲ့ မျိုးရိုးနာမည် တူတာပဲ။ ငါတို့ အရင်တုန်းက ဆွေမျိုးတွေလည်း ဖြစ်နိုင်တာပဲ"

ဝမ်ကျန့်ချီသည် ဖန့်ချန်ကို မြင်သည်နှင့် မည်သည့် ကြောက်ရွံ့ထိတ်လန့်မှုမျှ မရှိဘဲ အေးဆေးစွာ ပြုံးလျက် ဆိုလိုက်သည်။

ဖန့်ချန်က ကျိကန်းကို စူးစမ်းသော အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။

ကျိကန်းက တိုးညင်းစွာ အသံပို့လိုက်သည်

"သူက မင်းကို ဒုတိယမြောက် အမာခံတပည့် ဝမ်ယဲ့ လို့ ထင်နေတာ"

"ဟုတ်တယ်၊ ငါတို့က ဆွေမျိုးတွေပဲ"

ဖန့်ချန်က ပြုံးလျက် လက်အုပ်ချီလိုက်သည်

"တရားဝင် မိတ်ဆက်ပေးပါရစေ။ ကျွယ်မင်နန်းတော်က ဝမ်ယဲ့ ပါ၊ အားလုံးနဲ့ တွေ့ရတာ ဝမ်းသာပါတယ်"

အခန်း (၁၇၀၀) - တိုက်ရိုက်သတ်ဖြတ်လိုက်တာက ပိုကောင်းပါတယ်

"ဝမ်အမာခံကို ဂါရဝပြုပါတယ်"

လူအပေါင်းတို့သည် လက်အုပ်ချီ၍ အရိုအသေပေးလိုက်ကြသည်။

"ဝမ်ယဲ့မိတ်ဆွေ... မင်းရဲ့ အဆင့်အတန်းနဲ့ဆိုရင် ဒီကုတိန်ကြယ်ကို ဘာလို့ ရောက်လာရတာလဲ။ ဒီစစ်မျက်နှာက ပြောရမယ်ဆိုရင် သိပ်ပြီး အရေးမပါလှဘူးလေ"

ဝမ်ကျန့်ချီက ဖြည်းဖြည်းချင်း စကားဆိုလာသည်။ သူ၏ အကြည့်များက ဖန့်ချန်အပေါ်တွင် အကဲခတ်သလို ဝေ့ဝဲနေပြီး တစ်စုံတစ်ခုသော သဲလွန်စကို ရှာဖွေနေပုံရသည်။

"ကျွန်တော်က ကုတိန်ကြယ်ကို လမ်းကြုံလို့ ဝင်လာတာပါ"

ဖန့်ချန်က ပြုံးလျက် ပြန်ဖြေလိုက်၏။

လမ်းကြုံလို့ ဟုတ်လား

ဝမ်ကျန့်ချီက ထိုစကားကို လုံးဝမယုံကြည်သော်လည်း တစ်ဖက်လူက အမှန်အတိုင်း မပြောသဖြင့် သူ၏ ယခုအခြေအနေအရလည်း အတင်းအကျပ် မေးမြန်းနိုင်စွမ်း မရှိပေ။

သူ့စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာပြီးနောက်

"ဝမ်ယဲ့မိတ်ဆွေ... ကျွန်တော့်ကို ဘယ်လို စီရင်ဖို့ ရည်ရွယ်ထားသလဲ "

"ထိုက်ချန်းနယ်မြေမှာ ဒီလို မိစ္ဆာဝင်သွားတဲ့ အမာခံတပည့်တွေကို ဘယ်လို စီရင်လေ့ရှိသလဲ "

ဖန့်ချန်က ရွှမ်အမာခံဘက်သို့ လှည့်ကြည့်ကာ မေးလိုက်သည်။

"အစီရင်ဗဟိုချက် ကို ဆွဲထုတ်ပြီးတော့ အကျဉ်းချထားလေ့ ရှိပါတယ်။ နောင်တစ်ချိန်မှာ သူတို့ရဲ့ မိစ္ဆာဝင်တဲ့ ပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်း ပေါ်လာတာကို စောင့်တာပေါ့"

ရွှမ်အမာခံက တိုးညင်းစွာ ဖြေသည်။

ဖန့်ချန်က စဉ်းစားခန်း ဝင်သွားသည်။ ဝမ်ကျန့်ချီ ဘာကြောင့် ယခုအချိန်အထိ တည်တည်ငြိမ်ငြိမ် ရှိနေသည်ကို သူ နားလည်သွားပြီ ဖြစ်သည်။

ကျွယ်မင်နန်းတော်ကလည်း ဤကဲ့သို့ပင် စီရင်လေ့ရှိသည်။ စတုတ္ထအမာခံတပည့်နှင့် အခြားသူများကို သတ်ဖြတ်ခြင်းမပြုဘဲ ဝမ်ယွီငရဲထောင် တွင်သာ ပိတ်လှောင်ထားခဲ့သည်။

အကယ်၍ စိတ်ဝိညာဥ်နယ်မြေတွင်သာ ဖြစ်ပါက သူလည်း ဤအတိုင်း လုပ်ကောင်း လုပ်မိလိမ့်မည်။

သို့သော် ယခုမူ...

ဖန့်ချန်က ကျိကန်းကို တစ်ချက် ကြည့်လိုက်သည်။ ကျိကန်းက ခေတ္တမျှ မှင်သက်သွားသော်လည်း ချက်ချင်းပင် အဓိပ္ပာယ်ကို နားလည်သွားကာ ခေါင်းညိတ်ပြလိုက်ပြီး ဝမ်ကျန့်ချီ၏ နဖူးအလယ်တည့်တည့်သို့ လက်ဝါးဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။

ဟိန်းဟောက်နေသော မသေမျိုးစွမ်းအားများက ဝမ်ကျန့်ချီ၏ ခန္ဓာကိုယ်ကို ခဏချင်းမှာပင် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေသည်။

လေထုထဲတွင် စိမ်းဖန့်ဖန့် အလင်းတန်းတစ်ခုသာ ရစ်ဝဲကျန်ရစ်တော့၏။

၎င်းမှာ ပျက်စီးနေသော အစီရင်ဗဟိုချက် ပင် ဖြစ်သည်။

ဖန့်ချန်က လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရာ ထိုအလင်းတန်းမှာ သူ၏ လက်ဖဝါးထဲသို့ ဝင်ရောက်လာပြီး အစိုင်အခဲအဖြစ် ပြောင်းလဲသွားသည်။

လူအပေါင်းမှာ ဤမြင်ကွင်းကို ကြောင်အမ်းအမ်းဖြင့် ကြည့်နေမိကြပြီး ဖန့်ချန်ကို ကြည့်သော မျက်ဝန်းထဲတွင် ထိတ်လန့်တုန်လှုပ်မှုများ ပိုမိုတိုးပွားလာသည်။

ဤကျွယ်မင်နန်းတော်မှ အမာခံတပည့်မှာ သတ်ဖြတ်လိုစိတ် အလွန်ပင် ပြင်းထန်လှသည်မှာ ထင်ရှားလှသည်။

"ဝမ်အမာခံ... ဒီလိုလုပ်တာက... လုပ်ထုံးလုပ်နည်းတွေနဲ့ မညီညွတ်ဘူး ထင်တယ်။ တကယ်လို့ တာဝေ့စာပေတိုက်ကသာ သိသွားရင် တစ်စုံတစ်ယောက်က မကျေမနပ် ဖြစ်လိမ့်မယ်"

ရွှမ်အမာခံက ထူးဆန်းသော အမူအရာဖြင့် ဆိုလိုက်သည်။

"ကျွန်တော်က အခုမှ ရောက်လာတာဆိုတော့ ထိုက်ချန်းနယ်မြေရဲ့ လက်ရှိအခြေအနေကို နားလည်မှုက အပေါ်ယံပဲ ရှိပါသေးတယ်။

ဒါကြောင့်လည်း ဝမ်ကျန့်ချီအပေါ်မှာ အချိန်ပိုမပေးချင်တော့တာပါ၊ တိုက်ရိုက်သတ်ဖြတ်လိုက်တာက ပိုကောင်းပါတယ်"

ဖန့်ချန်က တစ်ခွန်းတည်းနှင့် ရှင်းပြလိုက်ပြီးနောက် ပျက်စီးနေသော အစီရင်ဗဟိုချက်ကို သိမ်းဆည်းလိုက်သည်။

"အားလုံးပဲ... ဝမ်ကျန့်ချီ သေသွားပြီဆိုပေမဲ့ ဒီကုတိန်ကြယ်ရဲ့ စစ်ပွဲကတော့ အမှန်တကယ် မပြီးဆုံးသေးဘူး။ လက်ရှိ ကိစ္စရပ်တွေကို အရင် အာရုံစိုက်ကြရအောင်။ ဒီမှာရှိတဲ့ မိစ္ဆာဝင်သူတွေကို အကုန်ရှင်းလင်းပြီးမှ ကျွန်တော်တို့ အသေးစိတ် ပြန်ဆွေးနွေးကြတာပေါ့"

"မှန်ကန်ပါတယ်"

လူအပေါင်းက ခေါင်းညိတ် ထောက်ခံကြပြီးနောက် အကြွင်းအကျန်များကို ရှင်းလင်းရန် အမြန်ထွက်ခွာသွားကြတော့သည်။

တာဝေ့စာပေတိုက်၏ အမာခံတပည့် ဝမ်ကျန့်ချီ မရှိတော့သလို၊ ခြေရှစ်ထောက်အစီရင်လည်း ပျက်စီးသွားပြီ၊ လူပု ရှေးဟောင်းမသေမျိုးလည်း သေဆုံးသွားပြီ ဖြစ်သဖြင့် ကျန်ရှိနေသော မိစ္ဆာမျိုးနွယ်များမှာ ပြန်လည်ရုန်းကန်နိုင်စွမ်း လုံးဝ မရှိတော့ပေ။

ရွှမ်အမာခံသည်လည်း နဂါးနက်အစီရင်ပေါ်မှ ဆင်းသက်သွားပြီး ကြာပန်းအစီရင်ကို ပြန်လည်စုစည်းကာ မိစ္ဆာမျိုးနွယ် အကြွင်းအကျန်များကို လိုက်လံနှိမ်နင်းရာတွင် ပူးပေါင်းကူညီလေသည်။

"ဒီလူက လုပ်ထုံးလုပ်နည်းတွေကို လုံးဝ ဂရုမစိုက်တာပဲ။ မင်းတို့ မော်ထျန်းဌာနရဲ့ သတင်းတွေက ဘာလို့ ဒီလောက်တောင် နောက်ကျနေရတာလဲ။ ကျွယ်မင်နန်းတော်ရဲ့ ဒုတိယအမာခံတပည့် ဒီကို စစ်ကူလာတာကိုတောင် မသိကြဘူးလား "

ဝမ်ကျန့်ချီ၏ ဝိညာဉ်သည် နဂါးနက်အစီရင်ပေါ်တွင် ရပ်နေဆဲဖြစ်ပြီး သူ၏ဘေးမှ ဝေဝါးသော အရိပ်တစ်ခုကို ဒေါသတကြီး လှမ်းပြောလိုက်သည်။

ထိုအရိပ်မှာ အစမှအဆုံး ပေါ်မလာခဲ့သော အဆင့် ၆ ယင်မသေမျိုး ပင် ဖြစ်သည်။

သူသည် ယခုအခါ သူ၏ အငွေ့အသက်များကို ဖုံးကွယ်ထားသဖြင့် သာမန်ဝိညာဉ်တစ်ခုကဲ့သို့ ဖြစ်နေသည်။

အကယ်၍ ယင်ယန်မျက်စိ သာ မရှိပါက မည်သူမျှ သူ့ကို မြင်နိုင်မည်မဟုတ်သဖြင့် သူ၏ အခြေအနေမှာ အလွန်ပင် လုံခြုံနေလေသည်။

"ရှဲ့ကျစ် ဌာန မှာ ရှိတဲ့ ငါတို့ လူတွေ အဖော်ထုတ်ခံလိုက်ရတယ်။ ဒါကြောင့် အချို့သော သတင်းလမ်းကြောင်းတွေမှာ တုံ့ဆိုင်းမှုတွေ ဖြစ်သွားပြီး တိကျတဲ့ သတင်းအချက်အလက်တွေကို အချိန်မီ မရနိုင်ခဲ့တာ"

ယင်မသေမျိုးက အေးစက်စွာ ပြန်ပြောသည်။

"အဖော်ထုတ်ခံလိုက်ရတယ် ရှဲ့ကျစ်ဌာနမှာ ရှိတဲ့ မင်းတို့ရဲ့ ကျင့်ကြံသူက... ဂုဏ်သရေရှိ ပုဂ္ဂိုလ် တစ်ဦး မဟုတ်လား ငါ မှတ်မိသလောက်ဆိုရင် အဆင့် ၈ ရှေးဟောင်းမသေမျိုးတွေမှ ဂုဏ်သရေရှိ ပုဂ္ဂိုလ်ရာထူးကို ရတာ မဟုတ်လား "

ဝမ်ကျန့်ချီမှာ အလွန်ပင် အံ့အားသင့်သွားရသည်

"ဒီကိစ္စကို ငါ့ကို ဘာလို့ ကြိုမပြောတာလဲ ဒါဟာ မင်းတို့ မော်ထျန်းဌာနနဲ့ ရှဲ့ကျစ်ဌာနကြားက အားပြိုင်မှုမှာ ရှုံးနိမ့်သွားပြီဆိုတဲ့ အဓိပ္ပာယ်ပဲ။

အကယ်၍ ငါ့ကို ကြိုပြောခဲ့ရင် ငါ အသင့်ပြင်ထားလို့ ရတာပေါ့၊ ဒီမှာ အသေခံစောင့်နေစရာ မလိုဘူး။ ပြီးတော့ မင်း ခုနက ဘာလို့ ထွက်မတိုက်တာလဲ သူက မင်းကို မြင်တာမှ မဟုတ်တာ။

မင်းသာ တိုက်ခိုက်ခဲ့ရင် ဒီကျွယ်မင်နန်းတော် အမာခံတပည့်ကို လုပ်ကြံသတ်ဖြတ်နိုင်မယ့် အခွင့်အရေး အများကြီး ရှိတယ်။ ဒါဆိုရင် ကုတိန်ကြယ်ဟာ ငါတို့ လက်ထဲမှာပဲ ရှိနေဦးမှာပဲ"

"မော်ထျန်းဌာနက ထိုက်ချန်းနယ်မြေထဲမှာ မင်းတို့ရဲ့ လုပ်ဆောင်ချက်တွေကို ကူညီပေးဖို့ပဲ သဘောတူထားတာ။ သတ်မှတ်ထားတဲ့ နယ်ပယ်အတွင်းမှာ မင်းတို့ အမာခံတပည့်တွေရဲ့ လုံခြုံရေးကို စောင့်ရှောက်ပေးဖို့ပဲ၊ စိတ်ဝိညာဥ်နယ်မြေက ကျင့်ကြံသူတွေနဲ့ ရန်သူဖြစ်ဖို့ သဘောမတူထားဘူး"

ယင်မသေမျိုးက အေးဆေးစွာပင် ဆိုလိုက်သည်

"ခုနက ဘာလို့ လက်ဦးမှုမယူခဲ့တာလဲဆိုတော့ ငါ့မှာ သေချာပေါက် အနိုင်ရနိုင်တဲ့ အခြေအနေ မရှိလို့ပဲ။ မင်းလည်း မြင်တာပဲ... ဒီလူက အစီရင်မသေမျိုးအတတ် နှစ်မျိုးကို ပိုင်ဆိုင်ထားတာ၊ သူ့ရဲ့ နောက်ခံက မသေးဘူး။ သူတို့မှာ ဘယ်လို ဝှက်ဖဲတွေ ရှိနေဦးမလဲ ဘယ်သူ သိမှာလဲ။

မင်းတို့ ထိုက်ချန်းနယ်မြေက မိစ္ဆာမျိုးနွယ်တွေရဲ့ အပြုအမူက အရမ်းကို ရမ်းကားလွန်းတယ်။ ငါတို့က ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ထားချင်ရင်တောင် မင်းတို့ကြောင့် အကြိမ်ကြိမ် ထွက်တိုက်ပေးခဲ့ရတယ်။ သူတို့ကတော့ ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်မှာပဲ"

"ထားလိုက်ပါတော့... ငါ့ကို ဒီကနေ ခေါ်ထုတ်သွားနိုင်မယ့် နည်းလမ်း ရှိသလား "

ဝမ်ကျန့်ချီက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်

"ဒီမှာဖြစ်သွားတဲ့ သတင်းကို အပြင်ရောက်အောင် ပို့ရမယ်။ မဟုတ်ရင် ငါတို့ လူတွေ ဒီလူနဲ့ တွေ့တဲ့အခါ ပြင်ဆင်မှုမရှိဘဲ ဒုက္ခရောက်ကုန်လိမ့်မယ်"

"နည်းလမ်း ရှိပါတယ်။ သူတို့နဲ့အတူ လိုက်သွားရုံပဲ"

ယင်မသေမျိုးက ဖန့်ချန်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ရုတ်တရက် သူ ထင်ယောင်ထင်မှား ဖြစ်သွားသလိုပင်၊ တစ်ဖက်လူက သူ့ကို လှမ်းကြည့်နေသယောင် ခံစားလိုက်ရ၏။

သူက သေချာစွာ ပြန်ကြည့်လိုက်ပြီးနောက်မှ မိမိကိုယ်မိမိ ပြန်လည် လှောင်ပြောင်လိုက်ပြီး ဝမ်ကျန့်ချီကို ပြောလိုက်သည်။

"ဒီနည်းလမ်း တစ်ခုပဲ ရှိတယ်။ ယင်လောကကို သွားနိုင်မယ့် နေရာအထိ လိုက်သွားပြီးရင် မင်းကို ငါ ပြန်ပို့ပေးလို့ ရလိမ့်မယ်"

"ဟူး..."

ဝမ်ကျန့်ချီက သက်ပြင်းချလိုက်ပြီး ထပ်မံစကားမပြောတော့ပေ။

"စီနီယာကျိ... ခုနက သူတို့ ပြောနေတာ ကြားလိုက်တယ်။ ဝမ်ကျန့်ချီရဲ့ ဘေးမှာ အဆင့် ၆ ယင်မသေမျိုး တစ်ဦး ကပ်ပါနေတယ်တဲ့၊ ဒီကိစ္စကို အမြဲတမ်း သတိထားပေးပါဦး"

ဖန့်ချန်က ရုတ်တရက် စကားပြောလာသည်။

ကျိကန်းက ခေါင်းညိတ်လိုက်သည်

"အဲဒီ အဆင့် ၆ ယင်မသေမျိုးသာ ပေါ်လာခဲ့ရင် ကျွန်တော်တို့ သုံးယောက်ရဲ့ စုပေါင်းတိုက်ကွက်ကို သူ ဘယ်လိုမှ တောင့်ခံနိုင်မှာ မဟုတ်ပါဘူး"

"အင်း"

ဖန့်ချန်က ခေါင်းညိတ်ပြလိုက်ပြီးနောက် နဂါးနက်အစီရင်ကို မောင်းနှင်လျက် ကုတိန်ကြယ်ကို တစ်ပတ်ပတ်၍ ကင်းလှည့်လေသည်။

နဂါးနက်အစီရင် ဖြတ်သန်းသွားသော နေရာတိုင်းတွင် နိုးထပြီးသား မိစ္ဆာမျိုးနွယ်များသည် တိုက်ခိုက်လိုစိတ်များ ပျောက်ဆုံးကုန်ကြပြီး၊ မိစ္ဆာမျိုးနွယ်ဘက်သို့ ကူးပြောင်းထားသော သာမန်ကျင့်ကြံသူများသည်လည်း လက်နက်ချ အရှုံးပေးလိုက်ကြတော့သည်။

ရွှမ်အမာခံနှင့် အခြားသူများကမူ ဖန့်ချန်သည် မိစ္ဆာဝင်သူများကို ခြိမ်းခြောက်ရန်အတွက် တမင်တကာ ကင်းလှည့်နေခြင်းဖြစ်သည်ဟု ထင်မှတ်နေကြသည်။

အမှန်စင်စစ်တွင်မူ ဖန့်ချန်သည် ဤနေရာရှိ တားမြစ်ချက် ကို ရှာဖွေနေခြင်း ဖြစ်သည်။

ရက်အနည်းငယ် ကြာပြီးနောက်... သူသည် ကုတိန်ကြယ်၏ အမြင့်ဆုံး မြေမျက်နှာသွင်ပြင် ရှေ့တွင် ဝေဝါးသော တောင်ကြီးတစ်လုံးကို မြင်လိုက်ရသည်။

"ဒီတောင်က ပေပေါင်း တစ်သောင်းကျော် မြင့်တာပဲ။ ဒီနယ်မြေမှာ အမြင့်ဆုံး တောင်တန်း ဖြစ်လိမ့်မယ်"

စီနီယာကျိက ဆီးနှံများ ဖုံးလွှမ်းနေသော တောင်ကြီးကို ကြည့်ကာ ချီးကျူးစကား ဆိုလိုက်သည်။

ဝေဝါးသော တောင်ကြီးမှာ ထိုနှင်းဖုံးတောင်၏ အထက် ကောင်းကင်ယံတွင် တည်ရှိနေပြီး ရိပ်ခနဲ ရိပ်ခနဲ ပေါ်လာတတ်သော်လည်း ဖန့်ချန် တစ်ဦးတည်းသာ မြင်နိုင်လေသည်။

ထိုနေရာတွင် ခေတ္တမျှ ရပ်တန့်၍ ကြည့်ရှုပြီးနောက် ဖန့်ချန်သည် နဂါးနက်အစီရင်ကို မောင်းနှင်လျက် အဝေးသို့ ပျံသန်းသွားတော့သည်။

"ဒီမှာပဲ ခေတ္တ နားကြရအောင်။ လိုအပ်တဲ့ မသေမျိုးကျောက်တုံး တွေကိုတော့ ကုတိန်ကြယ်ဘက်က စီစဉ်ပေးဖို့ ကျွန်တော် ပြောထားပါ့မယ်။

ဒါပေမဲ့ ဒီနေရာက နှစ်ပေါင်း ရာနဲ့ချီပြီး စစ်ဖြစ်ထားတာဆိုတော့ မသေမျိုးကျောက်တုံးတွေ သိပ်အများကြီး ထွက်လာဖို့တော့ မလွယ်ဘူး။ အားလုံးပဲ စိတ်ပြင်ဆင်ထားကြပါ"

ဖန့်ချန်၏ အမိန့်ပေးသံအဆုံးတွင် နဂါးနက်အစီရင်မှာ ချက်ချင်းပင် လူစုခွဲလိုက်ကြသည်။ နယ်မြေရှာဖွေရေးအဖွဲ့ဝင် ကျင့်ကြံသူများသည် ထိုစကားကြောင့် မျက်နှာများ အနည်းငယ် ပျက်သွားကြသော်လည်း မည်သူမျှ မကျေမနပ် မပြောရဲကြပေ။

အနည်းဆုံးတော့ ထိုအမာခံတပည့်နောက်သို့ လိုက်ပါခြင်းဖြင့် ရန်သူနှင့် တွေ့သည့်အခါ သူတို့သည် အသက်စတေးခံ အမြောက်စာ ဘဝ မရောက်နိုင်တော့သည်မှာ သေချာနေသောကြောင့် ဖြစ်သည်။

"စီနီယာကျိ... မင်းတို့ ဒီမှာပဲ စောင့်နေကြ။ ကျွန်တော် အပြင် ခဏ သွားဦးမယ်"

ဖန့်ချန်က နှုတ်ဆက်လိုက်သည်။

"ဖန့်အမာခံ... အဆင့် ၆ ယင်မသေမျိုးက အနားမှာ ပုန်းနေနိုင်သေးတယ်လေ။ ကျွန်တော်တို့ နှစ်ယောက်ပါ လိုက်ခဲ့ပေးရမလား "

ကျိကန်းက မေးလိုက်သည်။

ယင်မသေမျိုးနှင့် ဝမ်ကျန့်ချီတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူတို့၏ အမူအရာများမှာ လှုပ်ရှားသွားသည်။

ဒါဟာ အခွင့်အရေးကောင်း တစ်ခုပဲ။

နဂါးနက်အစီရင်ကနေ ထွက်သွားပြီဆိုရင် ဒီအမာခံတပည့်ဟာ ဘယ်လောက်အထိ အစွမ်းထက်နေဦးမှာလဲ။

ဒါပေမဲ့...

'ဖန့်အမာခံ သူက မျိုးရိုးနာမည် ဝမ် လား ဖန့် လား ဝမ်ယဲ့ လို့ ခေါ်တာ မဟုတ်ဘူးလား ငါ မှားမှတ်မိနေတာလား'

ဝမ်ကျန့်ချီက မျက်မှောင်ကြုတ်လိုက်မိသည်။

"မလိုပါဘူး၊ မိယွီက ကျွန်တော့်ဆီမှာ ရှိနေတာပဲ"

ဖန့်ချန်က လက်ကာပြလိုက်ပြီးနောက် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ မိုးကုတ်စက်ဝိုင်းဆီသို့ ပျောက်ကွယ်သွားတော့သည်။

ယင်မသေမျိုးသည် ထိုမြင်ကွင်းကို မြင်သည်နှင့် ဝမ်ကျန့်ချီကို ဆွဲ၍ ချက်ချင်းပင် နောက်မှ လိုက်သွားတော့သည်။

All Chapters