← Chapters

အခန်း (၈၅၉-၈၆၁)

Vol. 58 Ch. 859-861

အခန်း (၈၅၉-၈၆၁)

Vol. 58 Ch. 859-861

အခန်း (၈၅၉) - အကြောက်တရား ကင်းမဲ့သော ကျင့်ကြံသူ

~ခေါင်းဆောင် သုံးဦးက လူတိုင်း၏ ရှေ့မှောက်တွင် ချီခယ်ချင်း နှင့် ကျူးယန့်ချွမ်း တို့၏ ကွပ်ကဲမှုအောက်ရှိ ကျင့်ကြံသူ နှစ်ဖွဲ့ကို ဖမ်းဆီးရန် ပြင်ဆင်နေကြသည်။

သူတို့ အနီးသို့ ချဉ်းကပ်လာသည်နှင့်အမျှ ဓားဘိုးဘေးကြီး၏ မျက်ခုံးများ တွန့်ချိုးသွားတော့သည်။

'နင်ချီ မရှိတော့ဘူး ဆိုတော့... အခု ဒီနေရာမှာ တာဝန်ယူရမှာက ငါ တစ်ယောက်တည်းပဲ ရှိတော့တယ်' ဟု သူ စိတ်ထဲမှ တွေးလိုက်၏။

သူက ချက်ချင်းပင် ဓားကို ဆွဲထုတ်ကာ မတ်မတ် ရပ်လိုက်ပြီး၊ ကျင့်ကြံသူ နယ်မြေ နှစ်ခုကို ကာကွယ်ပေးမည်ဟု သစ္စာဆိုလိုက်တော့သည်။

ချီရှန်းလင် [ချီတောင်တန်း ဝိညာဉ်] နှင့် သူ၏ သူငယ်ချင်း နှစ်ဦးမှာ အနီးသို့ ရောက်ရှိနေပြီ ဖြစ်ပြီး၊ ဓားဘိုးဘေးကြီး က သူတို့၏ လမ်းကြောင်းကို ပိတ်ဆို့ထားသည်ကို မြင်လိုက်ရသောအခါ သူတို့ အားလုံး ဒေါသထွက်သွားကြတော့သည်။

'ငါတို့က သနားညှာတာပြီး အလွတ်ပေးလိုက်တဲ့ ပုရွက်ဆိတ် တွေကတောင်... ငါတို့ ရှေ့ကို ရောက်လာပြီး လမ်းလာပိတ်ရဲသေးတယ်ပေါ့လေ။ ဒါကို ဘယ်လိုလုပ် သည်းခံနိုင်မှာလဲ' ဟု သူတို့ တွေးလိုက်မိကြသည်။

ထို့အပြင် နက်ရှိုင်းသော သစ္စာတရား နယ်မြေ တစ်ခုလုံးတွင် သူတို့ အမှန်တကယ် အလေးထားသည်မှာ နင်ချီ၊ ဓားဘိုးဘေးကြီး နှင့် နက်ရှိုင်းသော သစ္စာတရား နယ်မြေ မှ အခြားသူများသာ ဖြစ်ပြီး တပည့်များ မပါဝင်ပေ။

တစ်ဖက်လူက သူတို့ကို အကြိမ်ကြိမ် ရန်စနေပြီ ဆိုမှတော့ သူတို့ ရက်စက် ကြမ်းကြုတ်သွားသည်ကို အပြစ်တင်၍ မရနိုင်တော့ချေ။

"ငါ့ရှေ့ကနေ ဖယ်စမ်း"

ချီရှန်းလင် က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး တစ်ချိန်တည်းမှာပင် ဓားဘိုးဘေးကြီး ဆီသို့ လက်ဝါး တစ်ချက် ရိုက်ချလိုက်သည်။

သူ၏ ညာဘက် လက်ပေါ်တွင် ဝါညိုရောင် စည်းမျဉ်း စွမ်းအား တစ်ခု စုစည်းလာပြီး သူ၏ ညာလက်ကို မျက်စိတစ်မှိတ် အတွင်း အပြည့်အဝ ဖုံးလွှမ်းသွားတော့သည်။

မျက်တောင်တစ်ခတ်စာ အချိန်လေး အတွင်းမှာပင် ၎င်းမှာ တဖြည်းဖြည်း ကြီးမားလာပြီး ကျောက်တောင်ကြီး တစ်တောင်အလား ဖြစ်လာနေ၏။

... နောက်ဆုံးတွင် အလွန်တရာ ကျစ်လျစ် သိပ်သည်းလှသော ဧရာမ ဝါညိုရောင် လက်ဝါးကြီး တစ်ခု အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ဧရာမ လက်ဝါးကြီး ၏ အထက်တွင် မြေကြီး စွမ်းအင်များ ပြန့်ကျဲနေပြီး၊ တာအို စည်းမျဉ်း စွမ်းအား များ စီးဆင်းနေကာ... နေရာအနှံ့ ပြန့်ကျဲနေသော ကြယ်များအလား တောက်ပသော အလင်းတန်းများ ပါဝင်နေသည်။

ကောင်းကင်နှင့် မြေကြီး ၏ အလွန်တရာ ကြီးမားလှသော စွမ်းအားများကို သယ်ဆောင်လာသည့် ဧရာမ လက်ဝါးကြီး မှာ... ဓားဘိုးဘေးကြီး ဆီသို့ တဟုန်ထိုး ရိုက်ချလာတော့သည်။

ဤ လက်ဝါး ရိုက်ချက်မှာ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသည်။ ၎င်းမှာ အရွယ်အစား အားဖြင့် ပေအနည်းငယ်သာ ရှိပြီး ဓားဘိုးဘေးကြီး တစ်ယောက်တည်း ကိုသာ ပစ်မှတ်ထား သော်ငြားလည်း... လူတိုင်း၏ စိတ်ထဲတွင်တော့ ၎င်းမှာ အဆုံးအစမဲ့ ကြီးမားလာပြီး၊ ထိုနေရာရှိ လူတိုင်း၏ စိတ်နှင့် ခန္ဓာကိုယ် ကို မည်းမှောင်နေသော တိမ်တိုက်ကြီး တစ်ခုအလား ဖုံးလွှမ်းသွားစေတော့သည်။

နက်ရှိုင်းသော သစ္စာတရား နယ်မြေ မှ လူတိုင်း၏ မျက်လုံးများ ပြူးကျယ်သွားကြတော့သည်။ 'ဒါက တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် (သဟဇာတဖြစ်ခြင်း နယ်ပယ်)ဘိုးဘေးကြီး ရဲ့ ခွန်အားပဲလား။'

သူတို့သည်လည်း စည်းမျဉ်း စွမ်းအား များကို ပိုင်ဆိုင်ထားကြသော်ငြားလည်း... ထိုအရာများမှာ တာအို ဘိုးဘေးကြီး ၏ စွမ်းရည်များနှင့် လုံးဝ (လုံးဝ) နှိုင်းယှဉ်၍ မရနိုင်ချေ။

မူလဝိညာဉ် နယ်ပယ် ကျင့်ကြံသူ များသည် ကောင်းကင်နှင့် မြေကြီး ၏ စည်းမျဉ်း စွမ်းအား များကို ငှားရမ်း အသုံးပြုရုံသာ ရှိသေးပြီး တစ်ချိန်တည်းမှာပင် ထို စည်းမျဉ်း များကို နားလည် သဘောပေါက်အောင် ကြိုးစားနေကြရဆဲ ဖြစ်သည်။

ပေါင်းစည်းခြင်း နယ်ပယ် ကျင့်ကြံသူ များ ကတော့... စည်းမျဉ်း စွမ်းအား များကို သူတို့ ကိုယ်တွင်းသို့ စတင် ပေါင်းစပ် ထည့်သွင်းလာကြပြီး၊ စည်းမျဉ်း များကို သူတို့၏ ကိုယ်ပိုင် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်၊ နတ်ဘုရား စွမ်းရည် မှော်နည်းစနစ် များ အဖြစ် အသွင်ပြောင်းလာကြသည်။

သို့သော် တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် (သဟဇာတဖြစ်ခြင်း နယ်ပယ်)သို့ ရောက်ရှိသွားသောအခါတွင်မူ... ကျင့်ကြံသူ နှင့် စည်းမျဉ်း များ အကြားတွင် ကွဲပြား ခြားနားမှု မရှိတော့ဟုပင် ဆိုနိုင်သည်။ သူတို့ ကိုယ်တိုင်က စည်းမျဉ်း များ ဖြစ်နေကြပြီ ဖြစ်သည်။

ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် ရော၊ မူလဝိညာဉ် ပါ စည်းမျဉ်း များ၏ အပြည့်အဝ အုပ်စိုးမှုကို ခံရပြီး... စည်းမျဉ်း များ၏ အရေးပါသော အစိတ်အပိုင်း တစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီဟု သတ်မှတ်၍ ရနိုင်သည်။

ကြီးမြတ်သော တာအို (၃,၀၀၀) ရှိပြီး... သူတို့က တာအို များပေါ်တွင် ရှိနေကြလေပြီ။

နတ်ဘုရား ၏ အပြစ်ပေးမှု တစ်ခုအလား ကြောက်မက်ဖွယ်ကောင်းသော ဧရာမ ဝါညိုရောင် လက်ဝါးကြီး က ဓားဘိုးဘေးကြီး အပေါ်သို့ ဖိကျလာတော့၏။

ဓားဘိုးဘေးကြီး ၏ နောက်ကွယ်ရှိ နက်ရှိုင်းသော သစ္စာတရား နယ်မြေ၊ ဖူယောင် နယ်မြေ နှင့် လန်ယာ နယ်မြေ မှ ကျင့်ကြံသူ များကလည်း ၎င်းကို အလွန်တရာ ရှင်းလင်းစွာ ခံစားနေကြရသည်။

သူတို့သည် မျက်စိတစ်မှိတ် အတွင်း အသက်ရှူရ အလွန်တရာ ခက်ခဲသွားကြောင်း ခံစားလိုက်ရ၏။ ထို့အပြင်... ပြိုင်ဘက်ကင်းသော အရှိန်အဝါ ကြီးကို ပြန်လည် ခုခံ တိုက်ခိုက်ရန်အတွက် စည်းမျဉ်း စွမ်းအား များကို အသက်သွင်းရန် ကြိုးစားကြည့်မည် ဆိုလျှင်တောင်မှ... လုံးဝ လုပ်ဆောင်၍ မရနိုင်တော့သည့်အလား ခံစားလိုက်ရသည်။

ပေါင်းစည်းခြင်း နယ်ပယ် ကျင့်ကြံသူ များမှာ သူတို့၏ ခန္ဓာကိုယ် အတွင်း၌ ပုံမှန် နတ်ဘုရား စွမ်းရည် များ ရှိနေပြီး ဖြစ်ရာ အနည်းငယ်တော့ ပို၍ သက်သာသည်။

သူတို့သည် ထိုစွမ်းရည် များကို အသက်သွင်းနိုင်ကြသော်ငြားလည်း... ၎င်းတို့ ဖွဲ့စည်းပြီးသည်နှင့် တစ်ပြိုင်နက် လောကကြီး တစ်ခုလုံးက သူတို့၏ ကိုယ်တွင်းရှိ စည်းမျဉ်း များကို ဖိနှိပ် ချုပ်ချယ်နေသည့်အလား ခံစားလိုက်ရတော့၏။

သူတို့၏ ရုပ်ခန္ဓာ အတွင်း၌ စည်းမျဉ်း များကို စုစည်း

ထားနိုင်ခဲ့သော်ငြားလည်း... သူတို့သည် တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် (သဟဇာတဖြစ်ခြင်း နယ်ပယ်)ဘိုးဘေးကြီး ၏ ခေတ်တွင် ယှဉ်ပြိုင်နိုင်စွမ်း မရှိသေးသလို ထို စည်းမျဉ်း များမှာလည်း သူတို့အပေါ် အကျိုးသက်ရောက်မှု မရှိတော့သကဲ့သို့ ထင်ယောင်ထင်မှား ပင် ဖြစ်သွားကြသည်။

အကယ်၍ ၎င်းတို့ကို ဖော်ပြရမည် ဆိုပါက... ဤ ကျင့်ကြံသူ အားလုံးမှာ တောင်နှင့် ပင်လယ် ကမ္ဘာ ၏ အစိတ်အပိုင်း များ ဖြစ်ကြပေလိမ့်မည်။

သူတို့ ကျင့်ကြံ အားထုတ်နေသော စည်းမျဉ်း များမှာ တောင်နှင့် ပင်လယ် ကမ္ဘာ ၏ စွမ်းအားများမှ ဆင်းသက်လာခြင်း ဖြစ်သော်ငြားလည်း... နယ်ပယ် တစ်ခုစီတိုင်းတွင် မတူညီသော ကျင့်ကြံသူ အခွင့်အရေးများ ရှိကြ၏။

တာအို စည်းမျဉ်း တစ်ခုစီတိုင်းမှာ ကြီးမြတ်သော တာအို ရေကန်ကြီး တစ်ခု ဖြစ်ပြီး... မူလဝိညာဉ် နယ်ပယ် ကျင့်ကြံသူ များမှာ သဘာဝတရား ထဲရှိ တိရစ္ဆာန် တစ်ကောင်အလား... အသုံးပြုခွင့် အခွင့်အရေး အလွန်တရာ အကန့်အသတ် ရှိသည်။

သူတို့သည် ကြီးမြတ်သော တာအို ရေကန်ကြီး ထဲမှ ရေကို သောက်သုံးနိုင်ကြသော်ငြားလည်း... ရေ လိုအပ်တိုင်း ထိုရေကန် ဆီသို့ လာရောက်၍ ရေ လာငှားရမည်သာ ဖြစ်၏။

ပေါင်းစည်းခြင်း နယ်ပယ် ကျင့်ကြံသူ များ တွင်မူ အခွင့်အရေး ပိုမို များပြားကြသည်။ သူတို့သည် ရေကို သူတို့နှင့်အတူ ယူဆောင်သွားနိုင်ပြီး ၎င်းကို အသုံးပြုကာ ပိုမို များပြားသော မှော်ပညာများ၊ နတ်ဘုရား စွမ်းရည် များကို ဖန်တီး ဖွံ့ဖြိုးလာစေနိုင်ကြ၏။

သို့သော် တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် (သဟဇာတဖြစ်ခြင်း နယ်ပယ်)ဘိုးဘေးကြီး များ ကတော့ ကွဲပြားခြားနားသည်။ သူတို့သည် သူတို့၏ သက်ဆိုင်ရာ ရေကန်များ ပေါ်တွင် နေထိုင်ကြပြီး ထိုရေကန်များ၏ အရှင်သခင် များ အဖြစ် သတ်မှတ်၍ ရနိုင်၏။

ထို့ကြောင့် ချီရှန်းလင် တိုက်ခိုက်လိုက်သောအခါ... နယ်မြေ သုံးခု မှ ကျင့်ကြံသူ များမှာ မုန်တိုင်း ကြီးတစ်ခုကို ရင်ဆိုင်နေရသော သေမျိုး လူသား များအလား... ၎င်းကို ရှောင်တိမ်းရန် မည်သည့် နည်းလမ်းမျှ မရှိကြတော့ချေ။

သို့သော် တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် (သဟဇာတဖြစ်ခြင်း နယ်ပယ်)၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင်... ဓားဘိုးဘေးကြီး ၏ မျက်လုံးများထဲတွင် အနည်းငယ်မျှပင် မကြောက်ရွံ့ခဲ့ပေ။

ကြောက်မက်ဖွယ် ကောင်းသော ဓား အလင်းတန်း နှစ်ခုက သူ၏ မျက်လုံးများမှ မျက်စိတစ်မှိတ် အတွင်း ပစ်ထွက်သွားတော့သည်။

အခန်း (၈၆၀) - အကြောက်တရား ကင်းမဲ့သော ကျင့်ကြံသူ

နတ်ဘုရား ၏ ရည်ရွယ်ချက် က သူ၏ မျက်လုံးများကို ထိုးဖောက်သွားပြီး... သူ၏ တစ်ကိုယ်လုံးမှာ ဓားအိမ် ထဲမှ ဆွဲထုတ်လိုက်သော နတ်ဘုရား ဓား တစ်လက်အလား... ၎င်း၏ ထက်မြက်လှသော အစွန်းကို မျက်တောင်တစ်ခတ်စာ အချိန်လေး အတွင်း ထုတ်ဖော် ပြသလိုက်၏။

"ဓားတစ်လက်တည်းနဲ့ ဥပဒေ အားလုံးကို ချိုးဖျက်ပစ်မယ်"

ဓားဘိုးဘေးကြီး က အော်ဟစ်လိုက်ရာ... သူ၏ အသံမှာ ဓား အချင်းချင်း ရိုက်ခတ်သံအလား ပဲ့တင်ထပ်သွားတော့သည်။

သူသည် ချီရှန်းလင် ၏ စည်းမျဉ်း များ ဖိနှိပ် ချုပ်ချယ်မှု ကို လုံးဝ ဂရုမစိုက်သည့်အလား... မျက်စိတစ်မှိတ် အတွင်း သူ၏ လှုပ်ရှားနိုင်စွမ်း များကို ပြန်လည် ရရှိသွားတော့၏။

အနည်းငယ် တုန်ခါသွားပြီးနောက် ဓားဘိုးဘေးကြီး က ဓား တစ်ချက် ခုတ်ပိုင်းလိုက်ရာ... ၎င်း၏ ဓားသွား မှနေ၍ ပေ သုံးထောင်ခန့် ရှည်လျားသော အလင်းတန်း တစ်ခု ဖြာထွက်လာပြီး.. ဧရာမ ဝါညိုရောင် လက်ဝါးကြီး ဆီသို့ မျက်စိတစ်မှိတ် အတွင်း တဟုန်ထိုး ခုတ်ပိုင်းသွားတော့သည်။

ထိုနှစ်ဦး၏ တိုက်ပွဲက ထိုနေရာရှိ လူတိုင်း၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားခဲ့လေပြီ။

ဆင်းသက်လာကြသော တာအို ဘိုးဘေးကြီး များသည်... ဓားဘိုးဘေးကြီး က ချီရှန်းလင် ၏ ဖိနှိပ် ချုပ်ချယ်မှု မှ မျက်စိတစ်မှိတ် အတွင်း ပြန်လည် ရုန်းထွက်နိုင်ခဲ့သည်ကို မြင်လိုက်ရသောအခါ ချက်ချင်း အံ့အားသင့် မှင်သက်သွားကြတော့၏။

ထို ဓား အလင်းတန်း ကို မြင်လိုက်ရသောအခါ လူတိုင်း၏ မျက်လုံးများ နောက်တစ်ကြိမ် တလက်လက် တောက်ပသွားကြပြန်သည်။

'ဒီလူက တာအို တစ်ပါး ဖြစ်လာဖို့ စွမ်းရည်တွေ ပိုင်ဆိုင်ထားပြီးသားပဲ။ အချိန်တန်ရင် သူလည်း သေချာပေါက် ငါတို့လို အဆင့်မျိုး ရောက်လာမှာပဲ။' ဟု သူတို့ တွေးလိုက်မိကြ၏။

ချီရှန်းလင် သည် တာအို တစ်ပါး အနေဖြင့်... ဘိုးဘေးကြီး ၏ ဒေါသတကြီး တိုက်ခိုက်မှု က တစ်ဖက်လူကို ဖိနှိပ်နိုင်ရန် ပျက်ကွက်ခဲ့ရုံသာမက တစ်ဖက်လူကို ပြန်လည် တိုက်ခိုက်ခွင့် ပေးလိုက်ရလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ကြောင်း ထင်ရှားလှသည်။

ဤအခိုက်အတန့်တွင် ဓား အလင်းတန်း က ဧရာမ လက်ဝါးကြီး နှင့် အပြင်းအထန် ဝင်တိုက်မိသွားတော့၏။

တစ်ဖက်တွင် တောင်ကြီး တစ်လုံးအလား ကြီးကျယ် ခမ်းနားပြီး နက်နဲလှသော စည်းကမ်းတကျ ရှိမှု များကို ပိုင်ဆိုင်ထားပြီး... အခြား တစ်ဖက်တွင်မူ သန့်စင်ပြီး အပြစ်အနာအဆာ ကင်းမဲ့သော ဓား အလင်းတန်း တစ်ခု ဖြစ်နေသည်။

တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် (သဟဇာတဖြစ်ခြင်း နယ်ပယ်)၏ ဖိအားများ အောက်တွင်... ဓားဘိုးဘေးကြီး ၏ ဓားမှာ ပြိုင်ဘက်ကင်းလောက်အောင် ထက်မြက်နေပြီး သူ ပိုင်ဆိုင်သမျှ အရာအားလုံးကို ထည့်သွင်း ပုံဖော်ထား၏။

သူ၏ ဘဝ တစ်သက်တာလုံး စုဆောင်းလာခဲ့သော ဓား ကျင့်စဉ် များ၊ ဓားပညာ စည်းမျဉ်း များအပေါ် သူ၏ နက်နဲသော နားလည် သဘောပေါက်မှု များ နှင့် သူ၏ ကိုယ်ပိုင် စိတ်ပိုင်းဆိုင်ရာ နှင့် ရုပ်ပိုင်းဆိုင်ရာ ဆန္ဒတော် များ အားလုံးကို ထိုအထဲသို့ သွင်းနှံထားခြင်းပင် ဖြစ်သည်။

“ဘုန်း…”

သူတို့ ထိတွေ့မိသည့် အခိုက်အတန့်မှာပင်... ဧရာမ ဝါညိုရောင် လက်ဝါးကြီး မှာ ဓား ၏ အစွန်း ကြောင့် ခုတ်ပိုင်း ခံလိုက်ရပြီး အထဲသို့ သုံးပုံတစ်ပုံခန့် အထိ ဝင်ရောက်သွားတော့သည်။

ချီရှန်းလင် မှာ အခြေအနေတွေ ဤသို့ ဖြစ်လာလိမ့်မည်ဟု အိပ်မက်ထဲတွင်ပင် မထင်မှတ်ထားခဲ့ချေ။

သူ၏ မျက်နှာသွင်ပြင် အနည်းငယ် ပြောင်းလဲသွားပြီး... ဤကဲ့သို့ လူအများအပြား ရှိနေသော နေရာမျိုးတွင် အတော်လေး အရှက်ကွဲသွားသလို ခံစားလိုက်ရ၏။

သူသည် တာအို အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော ကျင့်ကြံသူ တစ်ဦး ဖြစ်ပြီး... အလယ်အလတ် အဆင့် ဘိုးဘေးကြီး တစ်ဦး က ပေါင်းစည်းခြင်း နယ်ပယ် ကျင့်ကြံသူ တစ်ဦးကို တိုက်ခိုက်ရာတွင်... တစ်ဖက်လူကို မျက်စိတစ်မှိတ် အတွင်း ဖိနှိပ် ချုပ်ချယ်နိုင်ရန် ပျက်ကွက်ခဲ့ရုံသာမက၊ သူ၏ ကိုယ်ပိုင် တိုက်ခိုက်မှု ပင်လျှင် တစ်ဖက်လူ၏ ဖျက်ဆီးပစ်ခြင်းကို ခံရလုနီးပါး ဖြစ်သွားခဲ့သည် ဆိုတော့... သူ့မှာ အရှက် မရှိတော့ဘူးလား။

သူ၏ နောက်ကွယ်တွင်... သူနှင့်အတူ လိုက်ပါလာသော တာအို နှစ်ဦးမှာ ဤမြင်ကွင်းကို မြင်လိုက်ရပြီးနောက် ရှေ့သို့ နောက်ထပ် ခြေတစ်လှမ်းမျှ ထပ်မတိုးကြတော့ချေ။ ထိုအစား သူတို့က အနည်းငယ် နောက်ဆုတ်သွားကြပြီး ဓားဘိုးဘေးကြီး ကို အတော်လေး အထင်ကြီး လေးစားသော အကြည့်များဖြင့် လှမ်းကြည့်လိုက်ကြသည်။

အပြာရောင် ဝတ်ရုံနှင့် လူက ရယ်လိုက်ပြီး...

"ဒီ နက်ရှိုင်းသော သစ္စာတရား နယ်မြေ က တော်တော်လေး အံ့မခန်းပဲ။ ဒီလို ပါရမီရှင် မျိုးကိုတောင် ဖုံးကွယ်ထားသေးတာကိုး"

သူ့ဘေးရှိ လူမှာမူ ဝဝဖိုင့်ဖိုင့် အဘိုးအို တစ်ဦး ဖြစ်သည်။

အဘိုးအို ၏ အမူအရာမှာ လုံးဝ ပြောင်းလဲခြင်း မရှိဘဲ ဆိုလိုက်၏။

"ပါရမီရှင် ပဲ ဖြစ်ဖြစ်၊ သာမန် လူပဲ ဖြစ်ဖြစ်... ငါတို့ လုပ်ရမယ့် အလုပ်ကိုတော့ ဆက်လုပ်ရမှာပါပဲ"

"ညီအစ်ကို ကောင်း... ဘာလို့ ဒီလောက်တောင် လောနေရတာလဲ။ တစ်ဖက်လူက ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲ ဆိုတာကို စောင့်ကြည့်ရအောင်လေ။ ဒါက အတော်လေး စိတ်ဝင်စားဖို့ ကောင်းမှာ သေချာတယ်"

"ညီအစ်ကို လျှို က အဲဒီလို ပြောမှတော့... ငါလည်း နည်းနည်းလောက် ထပ်စောင့်ကြည့်လိုက်ပါဦးမယ်"

ချီရှန်းလင် မှာ ရှေ့ဆုံးတွင် ရှိနေပြီး... ဓား အလင်းတန်း ကြောင့် ခုတ်ပိုင်း ခံလိုက်ရသော ဧရာမ လက်ဝါးကြီး ၏ နေရာကို ပြန်လည် ပြုပြင်ရန်အတွက် စည်းမျဉ်း စွမ်းအား များကို ဧရာမ လက်ဝါးကြီး ထဲသို့ အဆက်မပြတ် ထပ်မံ သွင်းနှံနေသည်။

သူက လှောင်ပြောင် ရယ်လိုက်ပြီး...

"ဓား ကျင့်ကြံသူ... မင်းရဲ့ ဓားက ပိုထက်မလား၊ ငါ့ရဲ့ ခွန်အားက ပိုကြီးမလား ဆိုတာ ကြည့်ကြသေးတာပေါ့။ ငါ.. မင်းရဲ့ ဓားကို ဘယ်လို ချိုးဖျက်ပစ်မလဲ ဆိုတာကို သေချာ ကြည့်ထားစမ်း"

မျက်စိတစ်မှိတ် အတွင်းမှာပင်... ဧရာမ လက်ဝါးကြီး ၏ အတွင်းဘက်၌ ဓား အလင်းတန်း နှင့် မြေကြီး သဘာဝ စည်းမျဉ်း များ အဆက်မပြတ် ဝင်ရောက် ရိုက်ခတ်နေကြပြီး၊ မီးပွားများ နေရာအနှံ့ လွင့်စင်သွားကာ ဖုန်မှုန့်များနှင့် မီးခိုးများ လေထုထဲတွင် ပြည့်နှက်သွားတော့သည်။

ဓား ၏ ရှေ့သို့ တိုးဝင် တိုက်ခိုက်မှု မှာ ချက်ချင်း တားဆီးခံလိုက်ရပြီး အဆက်မပြတ် ကျုံ့ဝင်သွားတော့၏။

အကြိတ်အနယ် တိုက်ခိုက်နေရပြီး အဆက်မပြတ် ဖိနှိပ် ချုပ်ချယ် ခံနေရသော လူတစ်ယောက်အလားပင်။

ဓားဘိုးဘေးကြီး က အံကို ကြိတ်လိုက်၏။ သူသည် တစ်ဖက်လူ၏ ဧရာမ လက်ကြီး ကို မခုတ်ပိုင်းနိုင်ဟု လုံးဝ မယုံကြည်နိုင်ခဲ့ချေ။

‘တစ်ဖက်လူက တာအို တစ်ပါး ဖြစ်နေတော့ရော ဘာဖြစ်လဲ။ ငါ့ရဲ့ ဓားအောက်မှာ... နယ်ပယ် နဲ့ နယ်ပယ် အကြားမှာ ဘာကွဲပြား ခြားနားမှု မှ မရှိဘူး..

ရန်သူက ဘယ်သူပဲ ဖြစ်နေပါစေ၊ ရန်သူက ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ... တိုက်ခိုက်ရမယ့် အချိန် ရောက်လာရင်တော့ တိုက်ရမှာပဲ။ တစ်ဖက်လူကို ဓား တစ်ချက်တည်းနဲ့ သတ်ပစ်မယ်’

သူ အသက်ရှင်သည် ဖြစ်စေ၊ သေဆုံးသည် ဖြစ်စေ... လုံးဝ တုံ့ဆိုင်းမနေဘဲ ရှေ့သို့ ဆက်လက် ချီတက်သွားမည် ဖြစ်ပြီး ဘယ်တော့မှ နောက်ဆုတ်မည် မဟုတ်ချေ။

ဓားဘိုးဘေးကြီး နှင့် တိုက်ခိုက်နေသော ချီရှန်းလင် မှာ သူ ထိန်းချုပ်ထားသော တာအို အားလုံးကို ဧရာမ လက်ဝါးကြီး ထဲသို့ အပြည့်အဝ ပေါင်းစပ် ထည့်သွင်းထားပြီး ဖြစ်ကြောင်း ထင်ရှားလှ၏။

သို့သော် ၎င်းမှာ ဓားဘိုးဘေးကြီး ၏ ဓား အရှိန်အဝါ ကို လုံးဝ မချေမွနိုင်၊ မဖျက်ဆီးပစ်နိုင်ခဲ့သလို... တစ်ဖက်လူ၏ ဓားချီ ကိုလည်း လုံးဝ မချိုးဖျက်နိုင်ခဲ့ချေ။

သူသည် ဓားဘိုးဘေးကြီး ၏ ကြံ့ကြံ့ခံနိုင်စွမ်း နှင့် ခွန်အားကို ကိုယ်တိုင်ကိုယ်ကျ ခံစားလိုက်ရပြီး၊ တွေဝေ မိန်းမော နေစဉ် အတွင်းမှာပင်... သူသည် ပေါင်းစည်းခြင်း နယ်ပယ် ကျင့်ကြံသူ တစ်ဦးကို ရင်ဆိုင်နေရခြင်း မဟုတ်ဘဲ၊ ထွန်းသစ်စ အထွတ်အထိပ် တာအို တစ်ပါးကို ရင်ဆိုင်နေရသကဲ့သို့ ခံစားလိုက်ရသည်။

ချီရှန်းလင် ကိုယ်တိုင်က တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် (သဟဇာတဖြစ်ခြင်း နယ်ပယ်)အလယ်အလတ် အဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်ပြီး... တာအို ဘိုးဘေးကြီး များ အကြားတွင်တော့ သူတို့မှာ သာမန် လူတန်းစား များသာ ဖြစ်ကြသည်။

သူသည် ဆေးလုံး များကို အဆက်မပြတ် မျိုချခြင်းဖြင့် တာအို ကို ချိုးဖျက်နိုင်ခဲ့ခြင်း ဖြစ်ပြီး... သခင် ၏ အကူအညီဖြင့်သာ ချိုးဖျက်နိုင်ခဲ့ခြင်း ပင် ဖြစ်၏။

ထို့ကြောင့် သူ၏ ဘဝ တစ်သက်တာ အတွင်း အထွတ်အထိပ် တာအိုနှင့် ပေါင်းစည်းခြင်း သို့ တက်လှမ်းနိုင်မည့် ဖြစ်နိုင်ခြေ မှာ အလွန်တရာ နည်းပါးလှသည်။

နှစ်ပေါင်း သောင်းချီ ကြာမြင့်ခဲ့ပြီ ဖြစ်သော်ငြားလည်း သူသည် တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် (သဟဇာတဖြစ်ခြင်း နယ်ပယ်)အလယ်အလတ် အဆင့် တွင်သာ ဆက်လက် ရပ်တည်နေခဲ့ရ၏။

ယခုအခါ သူ၏ ရှေ့တွင် ရှိနေသော ပေါင်းစည်းခြင်း နယ်ပယ် မှာ အထွတ်အထိပ် တာအို ကို ဖန်တီးနိုင်မည့် ပါရမီ အရည်အချင်း ရှိနေကြောင်း သူ ခံစားလိုက်ရသောအခါ... ချီရှန်းလင် မှာ ဒေါသထွက်ရုံသာမက ကြီးမားလှသော မနာလို ငြူစူမှု များကိုပါ ခံစားလိုက်ရတော့သည်။

ချီရှန်းလင် [မူရင်းတွင် 'ချီလျန်ရှန်း' ဟု ရေးထားသော်လည်း အထက်ပါအမည်နှင့် တစ်ဦးတည်း ဖြစ်နိုင်ပါသည်] က ဓားဘိုးဘေးကြီး ကို စူးစိုက် ကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းတန်း တစ်ခု လျှပ်တစ်ပြက် ဖြတ်ပြေးသွားတော့၏။

တစ်ဖက်လူက သူ့ကို အရှက်ကွဲအောင် လုပ်ခဲ့ပြီး... အနာဂတ်မှာ သူ့ကို ကျော်လွန်သွားနိုင်သည် ဆိုမှတော့... သူတို့ မကြီးထွားလာခင်မှာ သူတို့ကို ရှင်းလင်းပစ်လိုက်တာက သူ့အပြစ် မဟုတ်ချေ။

သူ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ် များ ပေါ်ထွက်လာခဲ့လေပြီ။

အဆုံးအစမဲ့သော စည်းမျဉ်း စွမ်းအား များက ချီရှန်းလင် ၏ ခန္ဓာကိုယ် အတွင်းမှ တဟုန်ထိုး ထွက်ပေါ်လာပြီး သူ၏ တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားတော့၏။

မျက်တောင်တစ်ခတ်စာ အချိန်လေး အတွင်းမှာပင်... သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ တဖြည်းဖြည်း ကြီးမားလာပြီး၊ သူ၏ ညာဘက် လက် ကဲ့သို့ပင်... မြေကြီး များနှင့် ကျောက်တုံး များဖြင့် အဆက်မပြတ် ဖုံးလွှမ်းခံလိုက်ရကာ၊ စည်းမျဉ်း ဧရာမ လူဆိုးကြီး တစ်ကောင် အဖြစ် လုံးလုံးလျားလျား အသွင်ပြောင်းသွားတော့သည်။

ကောင်းကင်နှင့် မြေကြီး ၏ စွမ်းအား များနှင့် စည်းမျဉ်း စွမ်းအား များကို သယ်ဆောင်လာကာ... သူက ဓားဘိုးဘေးကြီး ဆီသို့ ဆက်လက် တဟုန်ထိုး ပြေးဝင်လာတော့၏။

ဧရာမ လက်ဝါးကြီး ၏ အတွင်းဘက်၌ ဓား အလင်းတန်း မှာ ပို၍ပို၍ တိုတောင်း သေးငယ်လာပြီး၊ အဆက်မပြတ် တုန်ခါကာ အသံများ ထွက်ပေါ်နေတော့သည်။

ဓားဘိုးဘေးကြီး မှာ ဓား ၏ အစွန်း နှင့်အတူ အသက်ရှင် လျက် သေဆုံး လုမတတ် ဖြစ်နေပုံ ရသည်။ သူက သွေးတစ်ပွက် အန်ထုတ်လိုက်ပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်၏။

"ခုတ်စမ်း"

စိတ်နှင့် ဝိညာဉ် ပေါင်းစပ် ညီညွတ်သွားပြီး စည်းမျဉ်း များ ပေါင်းစည်းသွားသည်နှင့် တစ်ပြိုင်နက်... ရှေ့သို့ တဟုန်ထိုး ပြေးဝင်လာနေသော စည်းမျဉ်း ဧရာမ လူဆိုးကြီး ၏ ညာဘက် လက်ဝါးကြီး မှာ ပခုံးမှနေ၍ ပြတ်ထွက်သွား၏။ ထို့နောက်၊ ကောင်းကင်နှင့် မြေကြီး အတွင်းသို့ လွင့်စင် ပျောက်ကွယ်သွားသော စည်းမျဉ်း အပိုင်းအစ များ အဖြစ် အသွင်ပြောင်းသွားတော့သည်။

ချီရှန်းလင် မှာ နာကျင်စွာ အော်ဟစ်လိုက်ပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်၏။

"မင်းက ငါ့ကို နာကျင်အောင် လုပ်ရဲတယ်ပေါ့လေ။ မင်းရဲ့ မျိုးနွယ် တစ်ခုလုံးကို ငါ မျိုးတုံး သတ်ပစ်မယ်... မင်းရဲ့ ဂိုဏ်း တစ်ခုလုံးကိုလည်း အပြတ် ရှင်းပစ်မယ်"

ဓားဘိုးဘေးကြီး မှာ သူ၏ စွမ်းအင် အားလုံး ကုန်ဆုံးသွားသည့်အလား... သူ၏ မျက်နှာမှာ သွေးရောင် တစ်စက်မျှ မရှိတော့ဘဲ သေမင်းတမန် ဖြူရော်နေတော့သည်။

သူက မိမိကိုယ်ကို အတင်းအကျပ် တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီး ရယ်လိုက်၏။

"တောင်းပန်ပါတယ်။ ငါက ကျင့်ကြံခြင်း လမ်းစဉ် ပေါ်ကို စတင် လျှောက်လှမ်း ကတည်းက... သံယောဇဉ် ကြိုးတွေ အားလုံးကို ဖြတ်တောက်ခဲ့တာ ကြာပါပြီ။ ငါ့မှာ ဆွေမျိုးတွေ၊ သားမြေးတွေ မရှိဘူး။ ငါ့ရဲ့ ဂိုဏ်း ကို ဖျက်ဆီးပစ်ချင်တဲ့ မင်းရဲ့ ဆန္ဒ နဲ့ ပတ်သက်ပြီး ပြောရရင်တော့... ဟား... မင်း တကယ်ပဲ လုပ်နိုင်မှာ မဟုတ်ဘူး... အဟွတ်"

သည်မြင်ကွင်အား မြင်လိုက်ရသောအခါ လူတိုင်းမှာ ဓားဘိုးဘေးကြီး ၏ ရဲစွမ်းသတ္တိ ကြောင့် အလွန်တရာ အံ့အားသင့် မှင်သက်သွားကြပြီး လေးစား အားကျသွားကြတော့သည်။

ပင်လယ်ဘိုးဘေးကြီး ၏ ကွပ်ကဲမှုအောက်ရှိ ကျင့်ကြံသူ များ အနက်မှ တစ်စုံတစ်ယောက်က ရုတ်တရက် အံ့အားသင့်စွာ ရေရွတ်လိုက်၏။

"အဲဒီလူက တကယ်ပဲ ပေါင်းစည်းခြင်း နယ်ပယ် အဆင့်ပဲ ရှိတာလား"

ဘေးရှိ တာအို ဘိုးဘေးကြီး မှာ စိတ်ဝင်စားသွားပုံ ရပြီး တာအို သို့ ပြန်လည် ဖြေကြားလိုက်သည်။

"သူက အချိန်မရွေး အဆင့်တက်လှမ်းနိုင်တယ်။ ဒါပေမဲ့ သူ တစ်ခုခု မှားယွင်းနေတယ် လို့ ငါ ထင်တယ်"

သူ၏ စကားများမှာ တိုးညင်းပြီး ပီပီပြင်ပြင် မရှိသဖြင့် အခြားသူများ နားမလည်နိုင်ခဲ့ကြချေ။ ထို့ကြောင့် သူတို့သည် ထိုနှစ်ဦး တိုက်ခိုက်နေကြသည်ကိုသာ ဆက်လက် စောင့်ကြည့်နေကြတော့၏။

ဓားဘိုးဘေးကြီး ၏ နောက်ကွယ်တွင်...

ဓားဘိုးဘေးကြီး ဤမျှအထိ ကြံ့ကြံ့ခံနိုင်သည်ကို မြင်လိုက်ရသောအခါ... နက်ရှိုင်းသော သစ္စာတရား နယ်မြေ၊ ဖူယောင် နယ်မြေ နှင့် လန်ယာ နယ်မြေ တို့မှ ကျင့်ကြံသူ များမှာ မည်သည့် အကြောင်းကြောင့်မှန်း မသိဘဲ သူတို့၏ နှလုံးသားထဲတွင် တစ်ခုခု အမြစ်တွယ်ပြီး ရှင်သန် ကြီးထွားလာသကဲ့သို့ ခံစားလိုက်ကြရသည်။

အစပိုင်းက ကြောက်ရွံ့မှု များမှာ လွင့်စင် ပျောက်ကွယ်သွားပြီး... လူတိုင်းက သူတို့၏ နှလုံးသားထဲတွင် တစ်ခုခု ပိုမို ပြည့်စုံလာသကဲ့သို့ ခံစားလိုက်ရကာ၊ သူတို့၏ မျက်လုံးများထဲတွင် အလင်းတန်း အနည်းငယ် ပေါ်ထွက်လာတော့၏။

ထို့နောက် သူတို့သည် နယ်မြေအရှင်သခင် နင်ချီ ကို ပြန်လည် သတိရသွားကြသည်။ သူတို့သည် နင်ချီ ၏ နောက်သို့ စတင် လိုက်ပါလာကတည်းက... နင်ချီ အပေါ် အလွန်အမင်း မှီခို အားထားလွန်းနေခဲ့ကြသဖြင့်၊ နင်ချီ အမြဲတမ်း သင်ကြားပေးခဲ့သော သွန်သင်ဆုံးမမှု များကို မေ့လျော့နေခဲ့ကြခြင်း ဖြစ်ကောင်း ဖြစ်နိုင်သည်။

နင်ချီ က မကြာခဏ ဆိုသလို ပြောလေ့ ရှိ၏။

"ကျင့်ကြံသူ တွေ ဆိုတာ အကြောက်တရား ကင်းမဲ့ရတယ်" ဟူ၍။

ဆိုလိုသည်မှာ ဝိညာဉ်ရေးရာ ကျင့်ကြံခြင်း လမ်းစဉ် တွင် မည်သည့် အကြောက်တရား မျှ မရှိသင့်ကြောင်း ပင် ဖြစ်ချေ။ အကယ်၍ တစ်စုံတစ်ယောက်သည် အကြောက်တရား ကို မကျော်လွှားနိုင်ပါက... ထိုသူကို ကျင့်ကြံသူ တစ်ဦး အဖြစ် သတ်မှတ်၍ မရနိုင်ချေ။

ထင်ရှားသည်မှာ... ရှေ့ဘက်ရှိ ဓားဘိုးဘေးကြီး သည် နင်ချီ ၏ အတွေးအခေါ် များကို လိုက်နာ ကျင့်သုံးနေခြင်း ပင် ဖြစ်ပြီး၊ သူနှင့် နင်ချီ မှာ တူညီသော လူစားမျိုး များ ပင် ဖြစ်ကြသည်။

နယ်မြေအရှင်သခင် က ဤသို့လည်း ပြောခဲ့ဖူးသေးသည်။

"မင်းရဲ့ ရန်သူထက် ပိုပြီး အစွမ်းထက်နေတဲ့ အချိန်မှာပဲ သတ္တိ ရှိတာ မဟုတ်ဘူး။ များသောအားဖြင့်... အစွမ်းထက်တဲ့ ရန်သူကို ရင်ဆိုင်ရချိန်မှာ မှသာ မင်းရဲ့ ကျင့်ကြံခြင်း အခြေခံ အုတ်မြစ်ကို အမှန်တကယ် ထုတ်ဖော် ပြသနိုင်တာပဲ"

ဤအချက်ကို သဘောပေါက်သွားသောအခါ... လူတိုင်း ရုတ်တရက် တစ်ခုခုကို နားလည် သဘောပေါက်သွားကြတော့သည်။

ဓားဘိုးဘေးကြီး ကလည်း အဲဒီလိုပဲ မဟုတ်ဘူးလား။

ပေါင်းစည်းခြင်း နယ်ပယ် အဆင့်သာ ရှိသေးသော်ငြားလည်း... တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် (သဟဇာတဖြစ်ခြင်း နယ်ပယ်)နှင့် နှိုင်းယှဉ်နိုင်သော တိုက်ခိုက်ရေး စွမ်းအား များကို ထုတ်လွှတ်နိုင်ခဲ့လေပြီ။ ဤ စွမ်းအား များမှာ နယ်မြေအရှင်သခင် ပြောခဲ့ဖူးသော ကျင့်ကြံသူ များ၏ အကြောက်တရား ကင်းမဲ့မှု မှ ဆင်းသက်လာခြင်း ဖြစ်ကောင်း ဖြစ်နိုင်၏။

ချီရှန်းလင် က သူတို့အပေါ် ဖိနှိပ် ချုပ်ချယ်ထားမှု များကို ရုပ်သိမ်းလိုက်ခြင်း ကြောင့်သာမက... ဓားဘိုးဘေးကြီး ၏ လုပ်ရပ်များက သူတို့၏ အတွင်းဘက်ရှိ နင်ချီ ၏ မျိုးစေ့ ကို နိုးကြားလာစေခဲ့သောကြောင့်... သူတို့၏ ကိုယ်တွင်း စွမ်းအင်များ တဟုန်ထိုး ပေါက်ကွဲ ထွက်လာတော့သည်။

ချီရှန်းလင် မှာ ရပ်တန့်သွားပြီး သူ၏ ပြတ်ထွက်သွားသော ညာဘက် လက် ကို ထိတွေ့ကြည့်လိုက်ရာ... ၎င်းကို လုံးဝ (လုံးဝ) မယုံကြည်နိုင်အောင် ဖြစ်နေပုံ ရ၏။

သို့သော် သူသည် တာအို နှင့် ပေါင်းစပ်သွားသော သက်ရှိ တစ်ခု ဖြစ်ပြီး... စည်းမျဉ်း များဖြင့် လုံးလုံးလျားလျား ထိန်းချုပ်ထားသော သက်ရှိ ပုံစံ တစ်ခု အဖြစ်သို့ အပြည့်အဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သူ၏ ပြတ်ထွက်သွားသော ညာဘက် လက်မောင်း မှာ တစ်ချက် တုန်ခါသွားပြီး မျက်စိတစ်မှိတ် အတွင်း ၎င်း၏ ပြီးပြည့်စုံသော ပုံသဏ္ဌာန် သို့ ပြန်လည် ရောက်ရှိသွားတော့၏။

"နင်ချီ က ပင်လယ်ဘိုးဘေးကြီး ဆီကို တိုင်ကြားမယ် ဆိုရင်တောင်မှ... ငါ မင်းကို သတ်ပစ်ဦးမှာပဲ"

နင်ချီ ကို ပင်လယ်ဘိုးဘေးကြီး က တန်ဖိုးထားသောကြောင့် ဓားဘိုးဘေးကြီး ပြောသည့်အတိုင်း သူ မလုပ်နိုင်ဘူး ဟု ချီရှန်းလင် က တွေးထင်ထားခဲ့သည်။

သူက နောက်ထပ် ခြေတစ်လှမ်း ရှေ့သို့ တက်လှမ်းလိုက်ပြန်၏။ ဤတစ်ကြိမ်တွင်မူ မြေကြီး ကြီး တုန်ခါသွားပြီး... သူ၏ စည်းမျဉ်း များကို တုံ့ပြန်နေသည့်အလားပင်။

သူ၏ ရှေ့တွင် မြေကြီး သဘာဝ စည်းမျဉ်း များ အဆက်မပြတ် စုစည်းလာပြီး... နတ်ဘုရား တောင်ကြီး တစ်လုံး၏ ပုံရိပ်ယောင် ကို ဖန်တီးတော့မည့်အလား ဖြစ်နေသည်။

သူက ဓားဘိုးဘေးကြီး ကို စူးစိုက် ကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် ဖုံးကွယ်၍ မရနိုင်သော သတ်ဖြတ်လိုစိတ် များ တဟုန်းဟုန်း တောက်လောင်နေတော့၏။

ဖူယောင် နယ်မြေ ၏ စစ်တပ်ကြီး။

ချီခယ်ချင်း က ချီရှန်းလင် ကို ဖျတ်ခနဲ.. တစ်ချက်ကြည့်လိုက်ပြီးနောက်... ဓားဘိုးဘေးကြီး ၏ ကျောပြင်ကို စူးစိုက် ကြည့်နေသည်။ သူရဲကောင်းဆန်သော အမူအရာ အနည်းငယ် ဖြင့်... သူမသည် အတိတ် ကို ပြန်လည် အမှတ်ရနေသည်ထင့်။

ထိုအချိန်က သူမသည် သာမန် သေမျိုး တစ်ဦးမျှသာ ဖြစ်သော်ငြားလည်း... ဓားပြ တပ်ဖွဲ့ ကို တစ်ယောက်တည်း ရင်ဆိုင် တိုက်ခိုက်ခဲ့ပြီး ကျင့်ကြံခြင်း လမ်းစဉ် ပေါ်သို့ ရောက်ရှိလာခဲ့သည်။

နောက်ဆုံးတွင် သူမ၏ ရန်သူများကို သတ်ဖြတ်ပြီး သူတို့၏ တိုင်းပြည်ကို ဖျက်ဆီးပစ်နိုင်ခဲ့၏။

ဤသည်က ဒဏ္ဍာရီ တစ်ခုကိုလည်း ဖန်တီးပေးခဲ့သည်။ ဖူယောင် နယ်မြေ အတွင်းရှိ သေမျိုး လောက တွင် မည်သည့် စစ်ပွဲမျှ မရှိတော့ပါ ဆိုသည့် ဒဏ္ဍာရီ ပင် ဖြစ်သည်။

တစ်ချိန်က သူမ၏ နှလုံးသားထဲတွင် ရှိခဲ့သော အရာများကို ယခုအခါ ဓားဘိုးဘေးကြီး ထံတွင် သူမ ပြန်လည် မြင်တွေ့လိုက်ရလေပြီ။

ချီခယ်ချင်း က သူရဲကောင်းဆန်သော စိတ်ဓာတ်ဖြင့် ရုတ်တရက် အော်ဟစ်လိုက်၏။

"ဓားဘိုးဘေးကြီး ကို ကူညီကြ”

ထိုစကားကို ကြားလိုက်ရသောအခါ မည်သူကမျှ ပြန်လည် မဖြေကြားကြသော်ငြားလည်း... သူတို့ အားလုံးက လက်တွေ့ အကောင်အထည်ဖော် လိုက်ကြ၏။

ကျင့်ကြံသူ သုံးဖွဲ့စလုံး သူတို့၏ လှုပ်ရှားမှု များကို ပြန်လည် စတင်လိုက်ကြပြီး... စစ်တလင်း ဖွဲ့စည်းပုံ တစ်ခုကို မျက်စိတစ်မှိတ် အတွင်း ဖန်တီးလိုက်ကြတော့သည်။

သူတို့ကို ဤကဲ့သို့ မြင်လိုက်ရသောအခါ ချီရှန်းလင် က ဟားတိုက် ရယ်လိုက်၏။

"မင်းတို့ ကောင်တွေ က ကြီးမြတ်တဲ့ တာအို ရဲ့ အစစ်အမှန် စွမ်းအားကို မသိကြသေးဘူး ထင်တယ်။ မင်းတို့က ရထားလုံး တစ်စီးကို တားဖို့ ကြိုးစားနေတဲ့ ပုရွက်ဆိတ် လေးတွေ၊ ဒါမှမဟုတ် သစ်ပင် တစ်ပင်ကို လှုပ်ခါဖို့ ကြိုးစားနေတဲ့ ပုရွက်ဆိတ် လေးတွေ လိုပဲ။ ခွန်အား တွေ ဘယ်လောက်တောင် ကွာခြားလဲ ဆိုတာကို မင်းတို့ကို ငါ ပြသပေးမယ်... ပြီးတော့ လုံးဝ မျှော်လင့်ချက် ကင်းမဲ့သွားတဲ့ ခံစားချက် ကို ခံစားကြည့်လိုက်စမ်း"

နယ်မြေ သုံးခု ၏ စစ်တပ်ကြီးမှာ သူတို့၏ ကြောက်ရွံ့မှု များကို ကျော်လွှားနိုင်ခဲ့ကြလေပြီ။

ဓားဘိုးဘေးကြီး က နောက်သို့ လှည့်ကြည့်လိုက်ရာ သူ၏ မျက်နှာမှာ ဖြူရော်နေဆဲ ဖြစ်သော်ငြားလည်း ပြုံးလိုက်ပြီး ဆိုလိုက်၏။

"ကောင်းတယ်... မင်းတို့ အားလုံး နယ်မြေအရှင်သခင် ရဲ့ သွန်သင်ဆုံးမမှု တွေကို အရှက်မခွဲခဲ့ဘူးပဲ"

လူအုပ်ကြီး၏ စိတ်ဓာတ်များ တဟုန်ထိုး မြင့်တက်သွားပြီး... နယ်မြေ သုံးခု ၏ စစ်တပ်ကြီးများမှာ တစ်သားတည်း အဖြစ် ရုတ်တရက် ပူးပေါင်း တိုက်ခိုက်လိုက်ကြတော့သည်။

မည်သည့် နတ်ဘုရား စွမ်းရည် မှ ထွက်ပေါ်မလာဘဲ... ကျင့်ကြံသူ သုံးဖွဲ့ ၏ မှော်စွမ်းအားများ စုစည်းသွားပြီး၊ စစ်တပ်ကြီး ၏ အထက်တွင် ကောင်းကင်ယံကို ခုတ်ပိုင်းနိုင်စွမ်း ရှိသော ဓားတစ်လက် အဖြစ် ရုတ်တရက် စုစည်းသွားတော့၏။

ထို တာအို ဓား မှာ အလွန်တရာ သန့်စင်ပြီး... လူတိုင်း၏ စွမ်းအား များနှင့် ဆန္ဒတော် များကို ပိုင်ဆိုင်ထားသော်ငြားလည်း၊ အနည်းငယ်မျှပင် ထက်မြက်သော အရိပ်အယောင် မပြသခဲ့ချေ။

ဓား ၏ အစွန်း က ဆက်လက် ရယ်နေသော ချီရှန်းလင် ဆီသို့ ချိန်ရွယ်ထားသည်။

"လာစမ်း... မင်းတို့ရဲ့ ခွန်အားတွေက ဘယ်လောက်တောင် ရယ်စရာ ကောင်းလဲ ဆိုတာကို ငါ့ကို ပြစမ်းပါ"

သူက ကောင်းကင်ယံသို့ ပျံတက်သွားပြီး... သူ၏ ပတ်လည်ရှိ စည်းမျဉ်း များ အားလုံးကို ခြယ်လှယ်လိုက်ရာ၊ သူ၏ ရှေ့ရှိ နတ်ဘုရား တောင်ကြီး ၏ ပုံရိပ်ယောင် မှာ ပို၍၊ ပို၍ ရှင်းလင်း ပီပြင်လာတော့၏။

နယ်မြေ သုံးခု ၏ စစ်တပ်ကြီးများ ပူးပေါင်း ဖန်တီးထားသော ကောင်းကင် ဓားကြီး ကို ကြည့်ရင်း... သူနှင့်အတူ လိုက်ပါလာသော စစ်သူကြီး နှစ်ဦး ၏ မျက်ခုံးတန်းများ အနည်းငယ် တွန့်ချိုးသွားတော့သည်။

"ညီအစ်ကို ကောင်း... မင်း ဘယ်လို ထင်လဲ”

ဝဝဖိုင့်ဖိုင့် အဘိုးအို ကောင်းချိုး ၏ မျက်နှာပေါ်တွင် အနည်းငယ် သတိထားနေသော အမူအရာတစ်ခု ပေါ်လွင်နေ၏။

"ညီအစ်ကို ချီ က အရမ်းကို ပေါ့ဆနေတာပဲ။ အကယ်လို့ ထူးခြားတဲ့ အခြေအနေ တစ်ခုခု ဖြစ်လာရင်... ငါတို့ ဝင်ပါမှ ရမယ်"

လျိုဖူဖျင် က ထောက်ခံလိုက်သည်။

"အဲဒါက မှန်သင့်တာပေါ့"

သူတို့ စကားပြော၍ပင် မဆုံးသေးခင်မှာ... နှစ်ဖက်စလုံးက သူတို့၏ စွမ်းအားများကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်လိုက်ကြလေ၏။

ချီရှန်းလင် ၏ လက်ထဲရှိ နတ်ဘုရား တောင်ကြီး ၏ ပုံရိပ်ယောင် မှာ အမှန်တကယ်ပင် သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားတော့သည်။

သူသည် တောရိုင်း တောင်တန်း ဝိညာဉ် တစ်ခုအလား အမှန်တကယ်ပင် ဖြစ်လာခဲ့၏။ သူ၏ ပေါင်းစပ်ထားသော ခန္ဓာကိုယ် ကို အားကိုးကာ... နတ်ဘုရား တောင်ကြီး တစ်လုံး အဖြစ် အသွင်ပြောင်းသွားပြီး ကောင်းကင်ယံမှ နေ၍ လူအုပ်ကြီးကို တိုက်ရိုက် တိုက်ခိုက်လိုက်တော့သည်။

ချီရှန်းလင်က တာအို ၏ သေဆုံးခြင်း ကင်းမဲ့သော ခန္ဓာကိုယ် နှင့် တာအို နတ်ဘုရား စွမ်းရည် များကို ပေါင်းစပ်ပြီး လူတိုင်းကို အံ့အားသင့်သွားစေချင်နေ၏။

ယခုအခါ ဒေါသစိတ် များ လွှမ်းမိုးခံထားရသဖြင့်... သူ၏ မူလ ရည်ရွယ်ချက် များကို လုံးလုံးလျားလျား မေ့လျော့နေခဲ့လေပြီ။

စစ်မြေပြင်နယ်မြေ အတွင်းရှိ တောင်နှင့် ပင်လယ် ကမ္ဘာ မှ ကျင့်ကြံသူ များ အချင်းချင်း တိုက်ခိုက်ခြင်း မပြုရ ဆိုသည့် စည်းကမ်းချက် ကရော။ ၎င်းမှာ အားနည်းသော အဖွဲ့အတွက်သာ အကျုံးဝင်သည်။ (သူတို့က တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် (သဟဇာတဖြစ်ခြင်း နယ်ပယ်)က လာတာလေ။)

ဘိုးဘေးကြီး တွေ ထိုအထဲမှာ မပါ။

ယွဲ့ဖေး [တရုတ် သမိုင်းဝင် စစ်သူကြီး] က ရှေ့တန်း မှာ ရန်သူတွေကို တိုက်ခိုက်နေတုန်း... သူ့လူတွေ ကိုယ်တိုင်က သူ့ကို နောက်ကျောမှ ဓားနှင့် ထိုးခဲ့တာကို တွေ့ဖူးကြသည် မဟုတ်ပါလော။

အခန်း (၈၆၁) - ကောင်းကင်ကြာပန်း

~ပြောင်းပြန် ခုတ်ပိုင်း ဓား

ချီရှန်းလင် [ချီတောင်တန်း ဝိညာဉ်] သည် တောရိုင်း တောင်တန်း ဝိညာဉ် တစ်ခုအလား သူ၏ ခန္ဓာကိုယ်ကို နတ်ဘုရား တောင်ကြီး ၏ ပုံရိပ်ယောင် ဖြင့် လွှမ်းခြုံထားသည်။

သူသည် အလွန်တရာ မာနထောင်လွှားနေပြီး နယ်မြေ သုံးခု ၏ စစ်တပ်ကြီးကို မျိုးတုံး သတ်ပစ်မည်ဟု သစ္စာဆိုထား၏။

စိတ်ပျက်စရာ ကောင်းသည့် အချက်မှာ... သူနှင့်အတူ လိုက်ပါလာသော ကောင်းချိုး နှင့် လျိုဖူဖျင် တို့ သာမက၊ နောက်ကွယ်မှ စောင့်ကြည့်နေကြသော အခြား တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် (သဟဇာတဖြစ်ခြင်း နယ်ပယ်)အယောက် (၉၇) ယောက် စလုံးက သူ့ကို တားဆီးမည့် အရိပ်အယောင် လုံးဝ မပြသကြခြင်းပင် ဖြစ်သည်။

သူတို့သည် သူတို့၏ သားမြေးများကို မတားဆီးခဲ့ကြရာ... ရန်ပေါ်ဖျင်၊ ချင်းချူလန် နှင့် အခြားသူများမှာလည်း သဘာဝကျကျပင် ဘာမှ မတတ်နိုင်အောင် ဖြစ်နေကြရ၏။

လန်ယင်းယင်း ၏ ကျက်သရေ ရှိပြီး အပြစ်ကင်းစင်သော မျက်နှာလေးပေါ်တွင်... ဝန်လေးနေသော အရိပ်အယောင် အချို့ လျှပ်တစ်ပြက် ဖြတ်ပြေးသွားတော့သည်။

သူမက ဘေးသို့ လှည့်ကာ တာအို ဘိုးဘေးကြီး ကို လှမ်းကြည့်ပြီး တာအို သို့ မေးလိုက်၏။

"ငါးမန်း ဘိုးဘေးကြီး... အရှင် က သူတို့ကို မကူညီပေးနိုင်ဘူးလား ဟင်"

ငါးမန်း ဘိုးဘေးကြီး မှာ အရပ်ရှည်ရှည် နှင့် မီးခိုးရောင် အသားအရေ ရှိပြီး... တစ်စိတ်တစ်ပိုင်း ပေါ်လွင်နေသော ထက်မြက်သည့် အဖြူရောင် သွားတန်း များကို ပိုင်ဆိုင်ထားသည်။

သူက ခေါင်းခါယမ်းပြလိုက်ပြီး ဆိုလိုက်၏။

"ဟူး... လောကကြီး က ခွေး အချင်းချင်း ပြန်ကိုက်နေကြတဲ့ လောကကြီးပဲလေ။ ခွန်အားကြီးတဲ့ သူက အားနည်းတဲ့ သူကို အနိုင်ကျင့်ပြီး... အစွမ်းအထက်ဆုံး သူတွေကပဲ အသက်ရှင် ကျန်ရစ်နိုင်တာ။ ဒီလို ရေစီးကြောင်း ကို ငါတို့က ဘယ်လိုလုပ်ပြီး ဆန့်ကျင် တိုက်ခိုက်နိုင်မှာလဲ"

ထိုစကားကို ကြားလိုက်ရသောအခါ လန်ယင်းယင်း က နင်ချီ ယခင်က ကယ်တင်ခဲ့သော လူများကို လှမ်းကြည့်လိုက်သည်။

ရန်ပေါ်ဖျင်၊ ကျန်းယွီယွဲ့ နှင့် ချင်းချူလန် တို့ကလည်း လှမ်းကြည့်လာကြပြီး... မျှော်လင့်ချက် ကင်းမဲ့စွာဖြင့် ခေါင်းခါပြလိုက်ကြ၏။

သူတို့မှာ ကူညီချင်စိတ် ရှိသော်ငြားလည်း၊ ချီရှန်းလင် က မဟာမိတ် ဘိုးဘေးကြီး တစ်ဦး ဖြစ်နေသည် မဟုတ်ပါလော... သူတို့၏ ဆရာ စီနီယာ များကလည်း အားလုံး တာအို နှင့် ပေါင်းစပ်ထားသူများ ဖြစ်ကြရာ၊ တာအို ဘိုးဘေးကြီး များ အချင်းချင်း ပေါင်းစည်းကြသည်မှာ သဘာဝကျလှသည်။

သူတို့သည် ယခင်က နက်ရှိုင်းသော သစ္စာတရား နယ်မြေ မှ ကျင့်ကြံသူ များ အပေါ် သဘောကောင်းကောင်း ထားခဲ့ကောင်း ထားခဲ့နိုင်သော်ငြားလည်း... ယခုအခါ တစ်ဖက်လူက ချီရှန်းလင် ကို တိုက်ခိုက်ရဲသည် ဆိုမှတော့ ကြီးလေးသော ပြစ်မှု တစ်ခုကို ကျူးလွန်လိုက်ခြင်းပင် ဖြစ်သည်။

တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် (သဟဇာတဖြစ်ခြင်း နယ်ပယ်)ကျင့်ကြံသူ များတွင် သူတို့၏ ကိုယ်ပိုင် ဂုဏ်သိက္ခာ ရှိကြပြီး... ပုရွက်ဆိတ် များ၏ စော်ကားမှုကို ခံရပါက သဘာဝကျကျပင် အပြစ်ပေးကြမည်သာ ဖြစ်၏။

အပြင်းအထန် ဒဏ်ရာရသူများ ကို မှုန့်မှုန့်ညက်ညက် ကြိတ်ချေပစ်မည် ဖြစ်ပြီး... ဒဏ်ရာ သိပ်မပြင်းထန်သူများ ကိုမူ လုံလောက်သော သင်ခန်းစာ တစ်ခု ပေးကြမည်သာ။

သို့သော် သူတို့ မေ့နေသော အချက်တစ်ခုမှာ... သူတို့ ကိုယ်တိုင်လည်း ပြာပုံထဲမှ ရုန်းကန် တက်လှမ်းလာခဲ့ရသူများ ဖြစ်ကြောင်းပင်။

ရိုင်းစိုင်းပြီး ရည်ရွယ်ချက် ရှိရှိ စော်ကားသူ များကို အပြစ်ပေးခြင်းက သေချာပေါက် မှန်ကန်သော်ငြားလည်း... အကယ်၍ အားကြီးသူက အားနည်းသူကို အရင်ဆုံး အနိုင်ကျင့် ဗိုလ်ကျမည် ဆိုပါက၊ အားနည်းသူက ပြန်လည် ခုခံ တိုက်ခိုက်ခြင်းကရော ပြစ်မှု တစ်ခု ဖြစ်သွားနိုင်သလား။

ထင်ရှားသည်မှာ... လူအများအပြား က ဤအယူအဆ ကို သဘောတူ လက်ခံကြသည်။

လူတိုင်းက သူတို့၏ အာရုံစိုက်မှု များကို တိုက်ပွဲကွင်းပြင် ဆီသို့ ပြောင်းလဲလိုက်ကြ၏။

ချီရှန်းလင် က ကောင်းကင်ယံမှ ဆင်းသက်လာပြီး... သူ၏ ခန္ဓာကိုယ်မှာ ပို၍ပို၍ ကြီးမားလာကာ၊ နယ်မြေ သုံးခု ၏ စစ်တပ်ကြီးများကို ဖုံးလွှမ်းသွားရုံသာမက နေရာပင် အတော်လေး ကျန်နေသေးသည်အထိ ဖြစ်လာတော့သည်။

သူ၏ ခန္ဓာကိုယ်ပေါ်တွင် နတ်ဘုရား တောင်ကြီး ၏ ပုံရိပ်ယောင် ပေါ်ထွက်လာပြီး၊ သူ၏ ကြောက်မက်ဖွယ်ကောင်းသော တာအို စည်းမျဉ်း ခန္ဓာကိုယ် နှင့် ပေါင်းစပ်သွားသောအခါ... လူတိုင်းက နယ်မြေ သုံးခု ၏ စစ်တပ်ကြီး တစ်ခုလုံး အသားတုံး အဖြစ်သို့ ပြောင်းလဲသွားတော့မည့် မြင်ကွင်းကို ကြိုတင် မြင်ယောင်နေကြလေပြီ။

နယ်မြေ သုံးခု ၏ စစ်တပ်ကြီး အထက်တွင် ဖွဲ့စည်းထားသော ကောင်းကင် ဓားကြီး မှာ ယခုအခါ အပြည့်အဝ ရုပ်လုံးပေါ်လာခဲ့ပြီ ဖြစ်ပြီး... ပို၍ပို၍ ခိုင်မာ သိပ်သည်းလာကာ လေးလံလာတော့သည်။

၎င်း၏ ထက်မြက်လှသော အစွန်း များကို ဖုံးကွယ်ထားသဖြင့်၊ ၎င်း၏ စွမ်းအားများကို မည်သူကမျှ ခန့်မှန်း တွက်ချက်၍ မရနိုင်ခဲ့ချေ။

အစွမ်းအထက်ဆုံး သူတွေမှာတောင် သူတို့၏ ကန့်သတ်ချက် တွေ ရှိကြသည်ပဲလေ။ တာအို အဆင့်ကို ရောက်ရှိသွားသူများ မှာ စည်းမျဉ်း များ၏ ချည်နှောင်မှုကို ခံထားရပြီ ဖြစ်ပြီး သတ်ဖြတ်၍ မရနိုင်တော့ချေ။ သူတို့ကတော့ ပွဲကြည့်ရတာကို ပျော်နေကြသည်။

"ဝီ..."

ချီရှန်းလင် အသွင်ပြောင်းထားသော နတ်ဘုရား တောင်ထွတ် ကြီးက... နယ်မြေ သုံးခု စစ်တပ်ကြီး၏ အထက် မီတာ တစ်ထောင် အကွာအဝေးသို့ ရောက်ရှိလာချိန်လေးမှာပင်... ကောင်းကင် ဓားကြီး က တဝီဝီ မြည်သံ တစ်ခု ထုတ်လွှတ်လိုက်လေတော့၏။ ၎င်း၏ ဓားဖျား က ချီရှန်းလင် ဆီသို့ တန်းတန်းမတ်မတ် ချိန်ရွယ်သွားတော့၏။

ချီရှန်းလင် က လှောင်ရယ်လိုက်သည်။

"ဟားဟား၊ ပိုးစုန်းကြူး လေးရဲ့ အလင်းရောင် က... နေမင်းကြီး ရဲ့ တောက်ပမှု ကို ယှဉ်ပြိုင်ရဲတယ်ပေါ့လေ"

အောက်ဘက်ရှိ စစ်တပ်ကြီးမှာ တိတ်ဆိတ်နေကြသည်။ ဓားဘိုးဘေးကြီး ၏ မျက်နှာမှာ ဖြူရော်နေပြီး၊ ချီခယ်ချင်း မှာ တည်ကြည် လေးနက်နေကာ၊ ကျူးယန့်ချွမ်း ၏ မျက်လုံးများကမူ တလက်လက် တောက်ပနေတော့၏။

လူတိုင်းက မော့ကြည့်နေကြပြီး... သူတို့၏ မျက်နှာသွင်ပြင် များက မျှော်လင့်ချက် အရိပ်အယောင် အချို့ကို ထုတ်ဖော် ပြသနေကြသည်။

နင်ချီ က သူတို့ကို 'ကောင်းကင်ကြာပန်း ပြောင်းပြန် ခုတ်ပိုင်း ဓား' နည်းစနစ်ကို သင်ကြားပေးထားခဲ့သည်မှာ အချိန်အတော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။ ၎င်းက တိုက်ခိုက်မှု အများအပြားကို ဓားတစ်ချက်တည်းဖြင့် ခုခံ တိုက်ခိုက်နိုင်စွမ်း ရှိသော်ငြားလည်း... ယခုမှ သူတို့ ပထမဆုံးအကြိမ် အသုံးပြုရခြင်း ပင် ဖြစ်၏။

နင်ချီ ပေးအပ်ထားသော နည်းလမ်း ၏ စွမ်းအားမှာ မည်မျှအထိ အစွမ်းထက်သနည်း ဆိုတာကို လူတိုင်းကလည်း စပ်စုချင်စိတ် ပြင်းပြနေကြသည်။

နယ်မြေ သုံးခု ၏ စစ်တပ်ကြီးများ အတွင်း၌ ပုန်းအောင်းနေသော အစစ်အမှန်သိုင်းကမ္ဘာ မှ ကျင့်ကြံသူ များမှာလည်း အလွန်တရာ တည်တင်းနေကြတော့၏။

သူတို့သည် တောင်နှင့် ပင်လယ် ကမ္ဘာ တွင် လူဝင်စား အဖြစ် ပြန်လည် မွေးဖွားလာကြသော ပါရမီရှင် များ ဖြစ်ကြပြီး... ယခုအခါ စစ်တပ်ကြီး အတွင်း၌ အဓိက နေရာများကို တာဝန်ယူထားကြသည်။

တောင်နှင့် ပင်လယ် ကမ္ဘာ မှ ကျင့်ကြံသူ များ အကြားတွင် ပုန်းအောင်းနေကြရသော်ငြားလည်း... ယခင်က အဖွဲ့အစည်း ၏ စုပေါင်း စိတ်ဓာတ် နှင့်အတူ ခိုင်မာသော ပဲ့တင်ထပ်မှု တစ်ခု ရှိနေ၏။

အကယ်၍ စစ်တပ်ကြီး သုံးခုလုံး သာ တစ်သားတည်း စည်းလုံး ညီညွတ်သွားမည် ဆိုပါက... လောကတွင် သူတို့ကို မည်သူက အနိုင်ယူနိုင်ပါတော့မည်နည်း။

သူတို့သည် အစစ်အမှန်သိုင်းကမ္ဘာ မှ ကျင့်ကြံသူ များ ဖြစ်ကြပြီး... အခြားသူများ ကဲ့သို့ပင်၊ သူတို့၏ ကိုယ်ပိုင် ဘေးကင်းရေး နှင့် အစစ်အမှန်သိုင်းကမ္ဘာ ၏ ဘေးကင်းရေး အတွက်... အားနည်းသူများက အားကြီးသူများကို အနိုင်ယူနိုင်မည့် လမ်းစဉ် တစ်ခုကို စတင် လျှောက်လှမ်းခဲ့ကြခြင်း ပင် ဖြစ်သည်။

ထို့ကြောင့် မိမိတို့၏ စွမ်းအား အပြည့်အဝ ကို တိတ်တဆိတ် ထုတ်လွှတ်လိုက်ကြရာ... ပုံမှန် ထုတ်ဖော် ပြသလေ့ ရှိသော စွမ်းအားများထက် အဆပေါင်းများစွာ ပိုမို အစွမ်းထက်သွားစေတော့၏။

ခေါင်းပေါ်ရှိ ကောင်းကင် ဓားကြီး က ဟင်းလင်းပြင် ကို အလွန်တရာ မြန်ဆန်သော အရှိန်ဖြင့် မျက်စိတစ်မှိတ် အတွင်း ထိုးဖောက် ဖြတ်သန်းသွားတော့သည်။

ရန်သူကို ဖိနှိပ်နေသော ချီရှန်းလင် မှာလည်း အံ့အားသင့်သွားသော်ငြားလည်း... တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် (သဟဇာတဖြစ်ခြင်း နယ်ပယ်)သည် ပြိုင်ဘက်ကင်း ဖြစ်သည်ဟု သူ အခိုင်အမာ ယုံကြည်ထားဆဲပင်။

သို့သော် နောက်တစ်စက္ကန့်တွင်... မရေမတွက်နိုင်သော အံ့အားသင့် အော်ဟစ်သံများ ထွက်ပေါ်လာတော့၏။

ချီရှန်းလင် သည် သူ၏ ရင်ဘတ်တွင် ပြင်းထန်သော နာကျင်မှု တစ်ခုကို ခံစားလိုက်ရပြီး... အံ့ဩတကြီး ငုံ့ကြည့်လိုက်သည်။

ဧရာမ ကောင်းကင် ဓားကြီး မှာ ခန့်မှန်း၍ မရနိုင်အောင် ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေပြီး၊ သူ့ကို တိုက်ရိုက် ထိုးဖောက် ဖြတ်သန်းသွားခဲ့လေပြီ။

ကောင်းကင် ဓားကြီး မှာ တိုင်လုံးကြီး တစ်ခုအလား မတ်မတ်ကြီး ရပ်နေပြီး... တဟုန်ထိုး တက်လာသော အဖြူရောင် အလင်းတန်းများ ဖြာထွက်နေတော့၏။

All Chapters