← Chapters

အခန်း (၈၆၈-၈၇၀)

Vol. 58 Ch. 868-870

အခန်း (၈၆၈-၈၇၀)

Vol. 58 Ch. 868-870

အခန်း (၈၆၈) - ဒုတိယအဆင့်

မှော်ရတနာ အမျိုးမျိုး သည် ၎င်းတို့၏ သခင် များထံသို့ အသီးသီး ပြန်လည် ရောက်ရှိသွားကြလေသည်။

နင်ချီ ၏ သန့်စင်ပေးမှု အပြီးတွင် ပြောင်းလဲသွားသော အရာများကို စစ်ဆေးရန် လူတိုင်း က ခေါင်းငုံ့ကာ ချက်ချင်း ကြည့်ရှုလိုက်ကြ၏။

အသစ်တဖန် ပြုပြင်ထားသော မှော်ရတနာ များကို ကြည့်ရှုလိုက်ရာ အညစ်အကြေး များ လုံးဝ ပျောက်ကွယ်သွားပြီး ဓားသွား များမှာ ပိုမို ထက်မြက်လာကာ ၎င်းတို့ အတွင်း၌ ပါဝင်သော နိယာမ စွမ်းအား များ ပင်လျှင် ပိုမို သိပ်သည်းလာကြောင်းကို လူတိုင်း သတိထားမိလိုက်ကြလေသည်။

ထိုအခါ လူတိုင်း၏ မျက်နှာပေါ်တွင် ဝမ်းသာ ပျော်ရွှင်မှု အရိပ်အယောင် များ ချက်ချင်း လင်းလက်သွားတော့သည်။

မည်သူကမျှ မိမိတို့၏ မှော်ရတနာ များ စွမ်းအား ကျဆင်းသွားသည်ကို မလိုလားကြပေ။ နင်ချီ က သူတို့၏ မှော်ရတနာ များကို ခေတ္တ ငှားရမ်း အသုံးပြုခဲ့သည် မှန်သော်ငြား ၎င်း နှင့် ထိုက်တန်သော ဆုလာဘ် များကိုလည်း ပြန်လည် ပေးအပ်ခဲ့လေသည်။

ယခုလေးတင် နင်ချီ ပြောခဲ့သော စကား ကို သူတို့ ပြန်လည် မတွေးဘဲ မနေနိုင်ကြတော့ချေ။

“ကျွန်တော်က ကျေးဇူးဆပ်ရမယ့် သူဆိုရင် အမြဲတမ်း ကျေးဇူးဆပ် ပြီး... လက်စားချေ ရမယ့် သူဆိုရင်လည်း အမြဲတမ်း လက်စားချေ တတ်တယ်”....။

ယခင်က ပြသခဲ့သော နင်ချီ ၏ ပြိုင်ဘက်ကင်း ဓားသိုင်း ပညာရပ် များနှင့် ပေါင်းစပ်လိုက်သောအခါ ဤ မှော်ရတနာ များကို ပိုင်ဆိုင်ထားသူ များ၏ ရင်ထဲတွင် နင်ချီ အပေါ် လေးစားမှု ကြီး တစ်ခု အလိုအလျောက် ဖြစ်ပေါ်လာတော့သည်။

နင်ချီ က ဤ စကားများ ဖြင့် သူ၏ ရပ်တည်ချက် ကို ဖော်ပြနေခြင်း ပင် ဖြစ်လေသည်။ သူ့ကို ဆန့်ကျင် သူတိုင်း ကောင်းသော အဆုံးသတ် ကို ရရှိမည် မဟုတ်ပေ။

တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် (သဟဇာတဖြစ်ခြင်း နယ်ပယ်) အရှင် သုံးပါး ကို အောင်မြင်စွာ အနိုင်ယူနိုင်ခဲ့ခြင်း ကြောင့် လူတိုင်း သည် နင်ချီ ၏ စရိုက်လက္ခဏာ ကို သေချာစွာ နားလည် သဘောပေါက်သွားခဲ့ကြလေပြီ။

'ဒီကောင်လေးက ရန်စလို့ ရတဲ့ သူ မဟုတ်ဘူး။'

‘သူက ပေါင်းစည်းခြင်း နယ်ပယ် အဆင့်မှာပဲ ရှိသေးတယ် ဆိုပြီးတော့ လုံးဝ အထင်မသေးလိုက်နဲ့။ သူက တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် (သဟဇာတဖြစ်ခြင်း နယ်ပယ်)အလယ်အလတ်အဆင့် ကျင့်ကြံသူ သုံးယောက်ကိုတောင် အလွယ်တကူ သတ်ပစ်နိုင်ခဲ့ပြီလေ’

လူတိုင်း တွင် ထက်မြက်သော မျက်လုံး များ ရှိကြသဖြင့် နင်ချီ ၏ စွမ်းအား သည် နယ်မြေ အရှင်သခင် တစ်ပါး ဖြစ်လာခြင်း အပေါ်တွင် သာမက မရေမတွက်နိုင်သော စည်းမျဉ်းများကို ကျင့်ကြံထားခြင်း အပေါ်တွင်လည်း တည်မှီနေကြောင်းကို မြင်တွေ့နိုင်ကြပေသည်။

‘'တာအို တစ်သောင်း နဂါးဓား' ထဲက ဓားနည်းစနစ် တစ်ခုစီတိုင်းဟာ စည်းမျဉ်းတစ်ခုကို ကိုယ်စားပြုနေပြီး နင်ချီ ၏ ကျွမ်းကျင် ပိုင်နိုင်မှု မှာ သူတို့ ထက်ပင် သာလွန်နေသေးတော့သည်။

လျိုဖူဖျင် ကို ကြည့်ပါ။ သူ သည် မျက်စိဖြင့် မမြင်ရသော လေ နိယာမ ကို ပိုင်ဆိုင်ထားသော်ငြား နင်ချီ က ထို တူညီသော လေ နိယာမ ကို အသုံးပြုကာ သူ့ကို တိတ်ဆိတ်စွာ သတ်ဖြတ်သွားခဲ့သည် မဟုတ်ပါလော။

နင်ချီ သည် မှော်ရတနာ များကို လူတိုင်း ထံ ပြန်လည် ပေးအပ်ပြီးနောက် ကျန်ရှိနေသေးသော တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် (သဟဇာတဖြစ်ခြင်း နယ်ပယ်) အရှင် ကိုးဆယ့်ခုနစ်ပါး ရှိရာ သို့ တိုက်ရိုက် ပျံသန်းသွားလေသည်။

သူ က လူအုပ်ကြီး နှင့် အနည်းငယ် ကွာဝေးသော နေရာတွင် ရပ်တန့်လိုက်ပြီး လက်များ ဆုပ်လျက် အရိုအသေ ပေးကာ ဆိုလေသည်။

“ခုနက ကျွန်တော် က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရုံ သက်သက်သာ ပြုလုပ်ခဲ့တာပါ ခင်ဗျာ ၊ လူတိုင်း ကို ရည်ရွယ်ပြီး လုပ်ခဲ့တာ လို့ မထင်မှတ်ထားဖို့ မျှော်လင့်ပါတယ်”

တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် (သဟဇာတဖြစ်ခြင်း နယ်ပယ်) ဘိုးဘေးကြီး အများအပြား ၏ နှုတ်ခမ်း များ တဆတ်ဆတ် တုန်လှုပ်သွားကြတော့သည်။

'လူတိုင်း ကို ရည်ရွယ်တာ မဟုတ်ဘူး ဟုတ်လား'

'တကယ်လို့ လူတိုင်း ကို ရည်ရွယ်တာ သာ မဟုတ်ရင် ခုနက ဘာဖြစ်လို့ အဲဒီလောက် ကြီးကျယ် ခမ်းနားတဲ့ ပြကွက် ကြီး တွေကို လုပ်ပြနေရသေးလဲ'

'ထားလိုက်ပါတော့လေ၊ ခုနက တိုက်ပွဲ ကို ကမ္ဘာ့ အရှင်သခင် က သေချာပေါက် မှတ်တမ်းတင် ထားမှာပဲ ၊ ပြီးတော့ ပင်လယ် ဘိုးဘေး လည်း ဒီအကြောင်း ကို သိသွားလိမ့်မယ် ၊ အဲဒီ အချိန်ကျရင် ပင်လယ် ဘိုးဘေး က ဒီ ကောင်လေးကို သေချာပေါက် ပိုပြီး ဂရုစိုက် လာလိမ့်မယ်'

ယခုအချိန်တွင် ဤကိစ္စ နှင့် ပတ်သက်၍ သူ့ကို ဆွေးနွေး အငြင်းပွားရန် အဆင်မပြေပေ။ သို့ဖြစ်၍ ဘိုးဘေးကြီး များ အားလုံး သည် နင်ချီ ၏ စကား ကို သဘောတူ လက်ခံလိုက်ကြသည်။

သူတို့ သည် စစ်နယ်မြေ ထဲသို့ ပထမဆုံး ဝင်ရောက်လာကြသော တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် (သဟဇာတဖြစ်ခြင်း နယ်ပယ်) ကျင့်ကြံသူ များ ဖြစ်ကြသည်။ သူတို့၏ ကျင့်ကြံခြင်း အဆင့် များမှာ ယေဘုယျအားဖြင့် အစောပိုင်း အဆင့် တွင်သာ ရှိကြ၏။ အကယ်၍ အလယ်အလတ်အဆင့် တွင် ကန့်သတ်ချက် တစ်ခုခု သာ ရှိနေပါက အခြေအနေ များ က သေချာပေါက် ကောင်းမွန်မည် မဟုတ်ပေ။

ရုတ်တရက် ရန်ပေါ်ဖျင်၊ လန်ယင်းယင်း နှင့် နင်ချီ ကို ရင်းနှီးကျွမ်းဝင်သော အခြားသူ များ က အရှေ့သို့ ထွက်လာကြလေသည်။

ရန်ပေါ်ဖျင် ၏ မျက်နှာ ပေါ်တွင် အနည်းငယ် ရှက်ရွံ့နေသော အရိပ်အယောင် များ ထွက်ပေါ်နေ၏။

မည်သို့ပင် ဆိုစေကာမူ သူတို့ သည် မည်သည့် အကူအညီ ကိုမျှ မပေးန်ုခဲ့ဘူး မဟုတ်ပါလော။

သူက မေးလိုက်သည်။

"ညီအစ်ကို နင်... ခရီးစဉ်က ဘယ်လိုနေလဲ။"

ကြည့်ရသည်မှာ ၎င်းမှာ သင့်လျော်သော အစီအစဉ် တစ်ခု ဖြစ်ပုံရသည်။ တာအို ဘိုးဘေးကြီး များက နှစ်ဖက်စလုံး အကြား စေ့စပ်ပေးသူများ အဖြစ် ဆောင်ရွက်ရန် သူတို့ကို တိတ်တဆိတ် သတင်းစကား ပို့ကာ ညွှန်ကြားထားပုံ ရ၏။

နင်ချီသည် အခြားနယ်မြေများသို့ သွားရောက်ရန် ကိုယ်တိုင် အစပြုခဲ့ကြောင်းကို သူတို့၏ သားမြေးများထံမှ သူတို့ သိရှိထားခဲ့ကြပြီး... ယခု သူ ပြန်လည် ရောက်ရှိလာပြီ ဆိုမှတော့၊ သူ့ထံတွင် သတင်းအချက်အလက် အများအပြား ရှိနေမည်မှာ သေချာလှသည်။

နင်ချီက မည်သည့်အရာကိုမျှ ဖုံးကွယ်ထားရန် မကြိုးစားခဲ့ပေ။ ကမ္ဘာနှစ်ခုလုံး အကြား စစ်ပွဲက ပိုမို ပြင်းထန်လာလေလေ... သူ့အတွက် ပိုကောင်းလေလေပင်။

"အနောက်ဘက် အစွန်ဆုံး နယ်မြေကို ကျယ်ပြန့်သော ကမ္ဘာက သိမ်းပိုက်သွားပြီ။ ဘိုးဘေးကြီးတို့ အနေနဲ့ အနောက်တောင် စစ်မြေပြင်နယ်မြေထဲကို ရောက်လာပြီဆိုမှတော့... မကြာခင်မှာ အနောက်ဘက် အစွန်ဆုံး နယ်မြေက ကျယ်ပြန့်သော ကမ္ဘာက ကျင့်ကြံသူတွေနဲ့ ထိပ်တိုက် တွေ့ရတော့မယ်လို့ ကျွန်တော် ယုံကြည်တယ်။"

ထိုစကားကို ကြားလိုက်ရသောအခါ တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် (သဟဇာတဖြစ်ခြင်း နယ်ပယ်)ကျင့်ကြံသူများ၏ မျက်နှာသွင်ပြင်မှာ ချက်ချင်း တည်ကြည်လေးနက်သွားတော့သည်။

ရန်ပေါ်ဖျင် နှင့် မလှမ်းမကမ်းတွင် ရှိနေသော အဘိုးအို တစ်ဦးက မေးလိုက်၏။

"အရှင်သခင် နင်... တခြား နယ်မြေတွေရဲ့ အတိအကျ အခြေအနေက ဘယ်လို ရှိလဲ ခင်ဗျာ။"

နင်ချီက ထိုလူကို တစ်ချက် လှမ်းကြည့်လိုက်ပြီး ပြန်လည် ဖြေကြားလိုက်သည်။

"ယေဘုယျအားဖြင့်တော့ တောင်နဲ့ ပင်လယ် ကမ္ဘာက အသာစီး ရထားပါတယ်။ ဒါပေမဲ့ အခုကစပြီး စစ်ပွဲရဲ့ အဓိက အင်အားက ဘိုးဘေးကြီးတို့ အပေါ်မှာပဲ မူတည်သွားပြီလေ။"

သူက ပြုံးလိုက်ရာ သူ၏ မျက်နှာမှာ ဝင်းပနေတော့သည်။

လူတိုင်းက ထပ်ပြီး တစ်ခုခု ပြောရန် ပြင်လိုက်စဉ်မှာပင်... ကောင်းကင်ယံတွင် တောင်နှင့် ပင်လယ် ကမ္ဘာ၏ စွမ်းအင်များ ရုတ်တရက် စုစည်းလာတော့သည်။

သူတို့က ကောင်းကင်ယံသို့ မော့ကြည့်လိုက်ရာ... တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ၏ ဧရာမ မျက်နှာ ပုံရိပ်ယောင်ကြီး ကောင်းကင်ယံတွင် လွှမ်းမိုးနေသည်ကို မြင်တွေ့လိုက်ကြရသည်။

လူတိုင်းက ပြိုင်တူ အော်ဟစ်လိုက်ကြ၏။

"ကမ္ဘာ့အရှင်သခင်"

တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်က လူအုပ်ကြီးကို ငုံ့ကြည့်လိုက်ရာ... ယခုတစ်ကြိမ် သူ၏ အကြည့်များတွင် ကောင်းကင် တာအို၏ အေးစက်ပြီး လျစ်လျူရှုတတ်သော အရိပ်အယောင် အချို့ ပါဝင်နေ၏။.. နင်ချီ နှင့် ယခင်က ဆက်သွယ် ပြောဆိုခဲ့စဉ်က အခြေအနေနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။

"အခု မင်းတို့ ဒီနယ်မြေထဲကို ရောက်လာပြီ ဆိုမှတော့... ငါ့အမိန့်ကို နာခံကြ။ ငါက တောင်ဘိုးဘေးကြီး၊ ပင်လယ်ဘိုးဘေးကြီး တို့နဲ့ လှုပ်ရှားမှု အစီအစဉ်ကို ဆွေးနွေးပြီးရင်... အဲဒါကို မင်းတို့ဆီ ပြန်ပြီး အသိပေးမယ်"

လူတိုင်းက ပြိုင်တူ နာခံလိုက်ကြသည်။

တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော်က အမိန့်ကို ချက်ချင်း ချမှတ်လိုက်၏။

"မင်းတို့ တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် (သဟဇာတဖြစ်ခြင်း နယ်ပယ်) အယောက် (၉၇) ယောက်... ပြင်ဆင်ဖို့ အတွက် အမွှေးတိုင် တစ်တိုင်စာ အချိန်ပဲ ရမယ်။ အဲဒီနောက်မှာ... အနောက်ဘက် နယ်မြေ နဲ့ အနောက်တောင် နယ်မြေ အကြားက နယ်နိမိတ်ကို ငါ ဖျက်ဆီးပစ်မယ်... ပြီးရင် တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် (သဟဇာတဖြစ်ခြင်း နယ်ပယ်) နှစ်ယောက် ကြားက စစ်ပွဲ အစစ်အမှန် စတင်ပြီပဲ"

"..."

တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် (သဟဇာတဖြစ်ခြင်း နယ်ပယ်)ကျင့်ကြံသူများ အားလုံး၏ နှလုံးသားများ တဒိတ်ဒိတ် ခုန်လာကြတော့သည်။

'ဘုရားရေ... နင်ချီ စကားပြောလို့ ပြီးတာနဲ့ ချက်ချင်း ကမ္ဘာ့အရှင်သခင် ထွက်လာတာပဲ။'

'ပိုပြီး ဒေါသထွက်စရာ ကောင်းတာက... လူသုံးယောက် သေသွားတယ် ဆိုတာကို ကမ္ဘာ့အရှင်သခင် က အပြည့်အဝ သိနေပါလျက်နဲ့... နင်ချီကို အပြစ်ပေးမယ့် အရိပ်အယောင် လုံးဝ မပြတာပဲ။'

နင်ချီ၏ အဆင့်အတန်းမှာ ပေါင်းစည်းခြင်း နယ်ပယ် အဆင့်သာ ရှိသေးသော်ငြားလည်း... သူတို့ထက် မြင့်မားနေလောက်ပြီဟု လူတိုင်း ရုတ်တရက် သဘောပေါက်သွားကြတော့သည်။

သို့သော် ယခုအချိန်တွင် အများကြီး တွေးတောနေရန် အချိန်မရှိတော့ပေ။ သူတို့သည် စစ်တပ် စည်းကမ်းများကို လျင်မြန်စွာ ပြင်ဆင် မွမ်းမံလိုက်ကြပြီး တိုက်ပွဲအတွက် လိုအပ်သော ထောက်ပံ့ရေး ပစ္စည်းများ အားလုံးကို ပြင်ဆင်လိုက်ကြ၏။

အင်မော်တယ်ဂိုဏ်း မဟာမိတ် အဖွဲ့ဝင်များ ဖြစ်ကြသည့်အားလျော်စွာ... သူတို့သည် စစ်ပွဲတွင် ပါဝင် ဆင်နွှဲရန်အတွက် အင်မော်တယ်ဂိုဏ်း များ အတွင်းမှ အရင်းအမြစ် မြောက်မြားစွာကို သယ်ဆောင်လာခဲ့ကြသည်။

ချက်ချင်းပင်... မရေမတွက်နိုင်သော ဆေးလုံးများ၊ မှော်ရတနာများ နှင့် အခြားသော စစ်ရေး ထောက်ပံ့ရေး ပစ္စည်းများကို လူတိုင်းထံ ဖြန့်ဝေပေးလိုက်ကြတော့၏။

ပျောက်ဆုံးနေသည့် တစ်ခုတည်းသော အရာမှာ... နင်ချီ နှင့် သူ၏ နောက်ကွယ်ရှိ ကျင့်ကြံသူ သုံးဖွဲ့ ပင် ဖြစ်ချေသည်။

တခြား ရွေးချယ်စရာ လမ်းမှ မရှိတာလေ။ နင်ချီ နှင့် သူ၏ တပ်ဖွဲ့ သုံးခုမှာ မူလကတည်းက တောင်ဘိုးဘေးကြီး ၏ အစွန်အဖျား ဝိညာဉ်နယ်မြေ မှ ကျင့်ကြံသူများ ဖြစ်ကြသည် မဟုတ်ပါလော။

နက်ရှိုင်းသော သစ္စာတရား နယ်မြေတွင် အစကတည်းက မည်သည့် အင်မော်တယ်ဂိုဏ်းမှ မရှိခဲ့ချေ။ အရာအားလုံးမှာ အစပိုင်းကတည်းက နင်ချီ၏ ကြိုးပမ်း အားထုတ်မှုများ ကြောင့်သာ ဖြစ်သည်။

ဖူယောင်နယ်မြေ နှင့် လန်ယာနယ်မြေ တို့မှာ နင်ချီ၏ နောက်သို့ လိုက်ပါလာကြသဖြင့်... သူတို့၏ သက်ဆိုင်ရာ ဂိုဏ်းများ၏ ပူးပေါင်း ဆောင်ရွက်မှု ပြီးစီးပြီလား ဆိုသည်ကိုပင် မသိရှိကြချေ။

ထို့ကြောင့် ဤ မဟာမိတ်အဖွဲ့ များက သူတို့၏ နယ်မြေ အတွင်းရှိ အရင်းအမြစ် များကို နင်ချီ နှင့် သူ၏ အဖွဲ့ထံ ဖြန့်ဝေပေးလိမ့်မည်ဟု မျှော်လင့်ရန် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ချေ။

ဤသည်ကို မြင်လိုက်ရသောအခါ နင်ချီက သိပ်ပြီး ဂရုမစိုက်ခဲ့ပေ။

ခရီးစဉ် တစ်လျှောက်လုံးတွင် သူ ရသင့်ရထိုက်သော အရာများကို လူတိုင်းအား ပေးအပ်ခဲ့ပြီး... နက်ရှိုင်းသော သစ္စာတရား နယ်မြေ မှ လူတိုင်း၏ ကျင့်ကြံခြင်း အဆင့်အတန်း များကိုလည်း သူတို့၏ အမြင့်ဆုံး အလားအလာ အထိ မြှင့်တင်ပေးခဲ့ပြီး ဖြစ်ပါ၏။

နောက်ဆက်တွဲ တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် (သဟဇာတဖြစ်ခြင်း နယ်ပယ်)တိုက်ပွဲ နှင့် ပတ်သက်၍ ပြောရမည် ဆိုလျှင်... ၎င်းကို စစ်တလင်း နှစ်ခု အဖြစ် ခွဲခြားသင့်သည်။

တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် (သဟဇာတဖြစ်ခြင်း နယ်ပယ်)အဆင့်ရှိသူများက သူတို့၏ သီးခြား စစ်တလင်း ကိုယ်စီ ရှိကြပြီး... ထိုအဆင့် အောက်ရှိ သူများ ကတော့ အချင်းချင်း ဆက်လက် တိုက်ခိုက်ကြရမည် ဖြစ်ရာ၊ ယခင်ကထက် များစွာ ပိုမို ရက်စက် ကြမ်းကြုတ်လာနိုင်ချေ ရှိသည်။

နင်ချီက နယ်မြေ သုံးခု မှ စစ်တပ်ကြီးကို ဘေးသို့ ခေါ်ထုတ်သွားလိုက်၏။

လူတိုင်းက သူ့ကို စူးစိုက် ကြည့်နေကြပြီး မျက်လုံးများမှာ တလက်လက် တောက်ပနေကြတော့သည်။

နင်ချီက နက်ရှိုင်းသော သစ္စာတရား နယ်မြေ စစ်တပ်ကြီးကို အရင်ဆုံး တစ်ချက် ဝေ့ကြည့်လိုက်ပြီး... ထို့နောက် သူ၏ အကြည့်များက ချီခယ်ချင်း၊ ကျူးယန့်ချွမ်း နှင့် အခြား လူအချို့ဆီသို့ ပြောင်းလဲသွားသည်။

"မင်းတို့ အားလုံး ငါ့နောက်ကို လိုက်လာခဲ့တာ ရက်ပေါင်းများစွာ ရှိနေပြီပဲ။ အခု ကြီးမြတ်တဲ့ တာအို ဘိုးဘေးကြီးတွေ ရောက်လာပြီ ဆိုတော့... မင်းတို့ ဘယ်လို စဉ်းစားထားလဲ"

ချီခယ်ချင်း နှင့် ကျူးယန့်ချွမ်း တို့က တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်လိုက်ကြ၏။

သူတို့၏ မျက်နှာများပေါ်တွင် တုံ့ဆိုင်းနေသော အရိပ်အယောင် အချို့ ပေါ်လွင်နေသည်။ ဤနေ့ ရောက်လာမည်ကို သူတို့ သိထားခဲ့သော်ငြားလည်း... အနည်းငယ်တော့ စောလွန်းနေသေးသည် မဟုတ်ပါလော။

ချီခယ်ချင်း က ဆိုလိုက်သည်။

"အရှင်သခင် နင် က တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် (သဟဇာတဖြစ်ခြင်း နယ်ပယ်)တွေမှာ သူတို့ရဲ့ ကိုယ်ပိုင် စစ်တလင်း ရှိလိမ့်မယ်လို့ ပြောခဲ့တယ် ဆိုတော့... ကျွန်မ.. ခယ်ချင်း ကတော့ စစ်တပ်ကြီးကို ဦးဆောင်ပြီး အရှင်သခင် နင် ရဲ့ နောက်ကိုပဲ ဆက်လိုက်ဖို့ ဆုံးဖြတ်ထားပါတယ်။ အရှင်သခင် နင် ကရော ခွင့်ပြုချင်ပါ့မလား ရှင်"

သူမသည် အမျိုးသမီး စစ်သူကြီး တစ်ဦး၏ ငွေရောင် ချပ်ဝတ်အား ဆင်မြန်းထားပြီး... ငွေရောင် ချပ်ဝတ်များက တလက်လက် တောက်ပနေ၏။ သူမ၏ မီးခိုးရောင် ဆံပင်များကို ရိုးရှင်းစွာ မြင်းမြီးပုံစံ စည်းနှောင်ထားသဖြင့်... သူမကို သူရဲကောင်းဆန်ပြီး တက်ကြွနေပုံ ပေါက်စေသည်။

ချီခယ်ချင်း ၏ စကားများမှာ ခိုင်မာ ပြတ်သားပြီး မယိမ်းမယိုင် ရှိလှကာ... နင်ချီ က ငြင်းပယ်သွားမည်ကို စိုးရိမ်နေသည့်အလား သူမ၏ အကြည့်များက နင်ချီ အပေါ်သို့သာ စူးစိုက် ကျရောက်နေ၏။

နင်ချီ က ရယ်မောလိုက်ပြီး...

"မင်းရဲ့ ကိုယ်ပိုင် ဌာန ကို ရောင်းစားနေတာလား"

ချီခယ်ချင်း မှာ အကူအညီမဲ့ သွားသလို ခံစားလိုက်ရသည်။

"အကယ်လို့ သူတို့ကသာ ကျွန်မတို့ကို တကယ် ဂရုစိုက်တယ် ဆိုရင်... ခယ်ချင်း ရဲ့ ချဉ်းကပ်ပုံကို သူတို့ သဘောတူကြလိမ့်မယ်လို့ ကျွန်မ ထင်ပါတယ်"

အခန်း (၈၆‌၉) - ဒုတိယအဆင့်

ချီခယ်ချင်းသည် အမျိုးသမီး ကျင့်ကြံသူ တစ်ဦး ဖြစ်သော်ငြားလည်း... အလွန်တရာ ကိုယ်ပိုင် အယူအဆ ခိုင်မာပြီး အရေးကြီးသော ကိစ္စရပ်များကို ကိုင်တွယ် ဖြေရှင်းရာတွင် အလွန်တရာ ကျွမ်းကျင်သူ တစ်ဦး ဖြစ်သည်။

ချီခယ်ချင်း က သူမ၏ ရပ်တည်ချက်ကို ဖော်ပြ ပြီးစီးသွားပြီးနောက်... သူမ၏ နောက်ကွယ်ရှိ စစ်တပ်ကြီးဆီသို့ တိုက်ရိုက် လှည့်လိုက်ပြီး...

"ငါ့ရဲ့ ဆုံးဖြတ်ချက်ကိုပဲ ပြောတာပါ။ နယ်နိမိတ်ကို ဖြတ်ကျော်ပြီး တာအိုရဲ့ ကွပ်ကဲမှုအောက်က ဂိုဏ်းဆီ ပြန်ချင်တဲ့သူ ဘယ်သူမဆို လွတ်လွတ်လပ်လပ် သွားခွင့်ရှိပါတယ်။"

လူတိုင်းကို အံ့အားသင့်သွားစေမည့် အချက်မှာ ဖူယောင်နယ်မြေ စစ်တပ်ကြီး တစ်ခုလုံးက သူတို့၏ ခေါင်းများကို အခိုင်အမာ ခါယမ်းပြလိုက်ခြင်းပင်။

"ကျွန်တော်တို့ (ကျွန်မတို့) အနေနဲ့ စီနီယာ အစ်မကြီး ချီ နဲ့ အရှင်သခင် နင် ရဲ့ နောက်ကိုပဲ ဆက်ပြီး လိုက်ပါသွားဖို့ ဆန္ဒရှိပါတယ် ခင်ဗျာ (ရှင်)"

ထို့အခါ၊ နင်ချီက ဆိုလိုက်၏။ "အခြေအနေက ဒီလိုဆိုမှတော့ မင်းတို့ အားလုံး ကျန်ခဲ့လို့ ရပါတယ်။"

ထို့နောက် သူသည် ကျူးယန့်ချွမ်းတို့ထံသို့ အကြည့်တစ်ချက် ပစ်လွှတ်လိုက်၏။

ကျူးယန့်ချွမ်းတို့အဖွဲ့မှာ ခဏတဖြုတ် တီးတိုးတိုင်ပင်လိုက်ကြပြီးနောက် မျက်နှာသွင်ပြင်များက အနည်းငယ် အနေရခက်သွားဟန် ရှိချေသည်။ ထို့နောက်မှ နင်ချီ့ဘက်သို့ လှည့်ကာ အားနာပါးနာဖြင့် ဆိုလာတော့သည်။

“အရှင်သခင်နင်... လမ်းခရီးတစ်လျှောက်လုံး ကူညီပေးခဲ့တာတွေကို ကျွန်တော်တို့ အရမ်းကျေးဇူးတင်ပါတယ်ခင်ဗျာ။ ကျေးဇူးဆပ်ဖို့တောင် ဘယ်လိုလုပ်ရမှန်း မသိအောင်ပါပဲ။ ဒါပေမဲ့လေ... ကျွန်တော်တို့က လန်ယာနယ်မြေဂိုဏ်းက ကျင့်ကြံသူတွေ ဖြစ်နေတယ်။ အခု ဂိုဏ်းက တာအိုဘိုးဘေးကြီးတွေ ဆင်းသက်လာပြီဆိုတော့... ပြန်မသွားလို့ မဖြစ်တော့ဘူး။ နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်ဗျာ”

ရင်တွင်း၌ကား 'ဒီလိုပြန်သွားရတာ တကယ်တော့လည်း လိပ်ပြာမလုံပါဘူး... ဒါပေမဲ့ ဂိုဏ်းက လူကြီးတွေ မျက်မုန်းကျိုးခံရရင် သေဖို့သာပြင်ထားရမှာပဲ' ဟု ကိုယ့်ကိုယ်ကိုယ် ဖြေတွေး တွေးနေကြလေ၏။

“ရပါတယ်ဗျာ။ ကိစ္စမရှိပါဘူး။ မဟုတ်ရင် ခင်ဗျားတို့ရဲ့ ဘိုးဘေးကြီး နှစ်ယောက်စလုံး ကျွန်တော့်ကို လာရှာရင် ဒုက္ခရောက်ကုန်လိမ့်မယ်”

နင်ချီက ရယ်သွမ်းသွေးကာ ဆိုသည်။

နင်ချီက ဤမျှ သဘောထားကြီးစွာဖြင့် ခွင့်ပြုလိုက်သည်ကို မြင်တွေ့ရသောအခါ ချီခယ်ချင်းရော၊ ကျူးယန့်ချွမ်းပါ ရင်ထဲမှ အလုံးကြီး ကျသွားသည့်အလား သက်သာရာ ရသွားကြတော့၏။

၎င်းနောက်တွင်ကား နင်ချီသည် လူအများ၏ နောက်ထပ်တာဝန်များအတွက် အသေးစိတ် အစီအစဉ်များကို ချမှတ်ပေးလိုက်လေသည်။

အရှေ့တောင် စစ်မြေပြင်နယ်မြေ။

ဖူယောင်နယ်မြေနှင့် လန်ယာနယ်မြေ နှစ်ခုတို့မှာ ပေါင်းစည်းသွားခဲ့ပြီး တာအိုဘိုးဘေးကြီးများသည် ဤနယ်မြေအတွင်းသို့ ဆင်းသက်လာကြချေပြီ။ ၎င်းတို့သည် အနောက်တောင် နယ်မြေမှ လူများနှင့် အချိန်တပြေးညီလောက်ပင် ဟင်းလင်းပြင်တံခါးပေါက်ကို ဖြတ်ကျော်ကာ ရောက်ရှိလာကြခြင်း ဖြစ်သည်။

ဤတာအိုနှင့်ပေါင်းစည်းခြင်းနယ်ပယ်မှ ဘိုးဘေးကြီးများ ရောက်ရှိလာသောအခါ အံ့အားသင့်ဖွယ် ကောင်းလှစွာပင် သူတို့ဂိုဏ်းမှ တပည့်များ တစ်ယောက်မျှ ရှိမနေချေ။

စိမ်းပြာနက်ရှိုင်းအင်မော်တယ်ဂိုဏ်းမှ စစ်ခုန်ရွှမ်ဆိုလျှင် မျက်နှာထက်၌ မည်သည့်ခံစားချက်ကိုမျှ မဖော်ပြသော်ငြား မျက်လုံးအစုံကမူ အလွန်တရာ အေးစက်စူးရှနေလေ၏။

'ငါ့လက်အောက်က တပည့်တွေ တစ်ယောက်မှ အသက်မရှင်တော့ဘူးလား'

သူ တွေးတောရင်း ဒေါသမီးတို့ တဟုန်းဟုန်း တောက်လောင်နေလောက်ချေပြီ။

မကြာသေးမီကမှ အင်မော်တယ်ဂိုဏ်းအဖြစ် အဆင့်တက်ထားသော စိမ်းပြာနက်ရှိုင်းအင်မော်တယ်ဂိုဏ်း၏ တစ်ဦးတည်းသော တာအိုကျင့်ကြံသူဖြစ်သည့် စစ်ခုန်ရွှမ်သည် စစ်မြေပြင်နယ်မြေထဲသို့ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် အထီးကျန်ကာ အကူအညီမဲ့သွားသကဲ့သို့ ခံစားလိုက်ရသည်။ ယခုဆိုလျှင် သူ့ထံ သတင်းပေးမည့်သူ၊ ခိုင်းစေမည့်သူ တစ်ယောက်မျှ ရှိမနေတော့ချေ။ သူ၏ ရင်တွင်း၌ မည်မျှပင် ပူလောင်နေမည်ကို စဉ်းစားကြည့်ရုံဖြင့် သိနိုင်သည်။

'ငါ့ရဲ့ ကျင့်ကြံသူတွေ အားလုံးကို နင်ချီများ သတ်ပစ်လိုက်တာလား'

သူသည် စိတ်ထဲမှနေ၍ ကြိတ်ကာ ကျိန်ဆဲနေလေ၏။

'ဒီကောင်... ဒီကောင်လုပ်တာ သေချာတယ်။ ငါ့လူတွေကို သူအကုန်သတ်ပစ်တာပဲ ဖြစ်ရမယ်'

သူ၏ ပထမဆုံးအတွေးမှာ ကျယ်ပြန့်သောကမ္ဘာမှ ကျင့်ကြံသူများ၏ လက်ချက်ဟု မတွေးတောဘဲ နင်ချီကိုသာ တန်း၍ သံသယဝင်နေခြင်းပင်။ ဒါက သူတို့၏ စိတ်သဘောထားချင်း တိုက်ဆိုင်နေ၍လော၊ သို့တည်းမဟုတ် လူဆိုးတစ်ယောက်၏ အထင်အမြင်လွဲမှားမှုကြောင့်လော ဆိုသည်ကိုကား ပြောရခက်လှသည်။

သူနှင့် မလှမ်းမကမ်း၌ကား ဖူယောင်နယ်မြေ၏ အကြီးဆုံးဂိုဏ်းဖြစ်သော ယောင်ကွမ်အင်မော်တယ်ဂိုဏ်းမှ ပူးပေါင်းတပ်ဖွဲ့များ ရှိနေလေ၏။ ထိုအဖွဲ့၏ ခေါင်းဆောင်မှာ ဖန်တောက်မင် ဖြစ်ကြောင်းကို စစ်ခုန်ရွှမ်က ချက်ချင်းပင် မှတ်မိလိုက်တော့သည်။

သို့သော်ငြား ထို ဖန်တောက်မင်သည် အလွန်တရာ ဖြောင့်မတ်မှန်ကန်လွန်းသဖြင့် စစ်ခုန်ရွှမ်၏ စရိုက်နှင့်ကား လုံးဝကို ဆန့်ကျင်ဘက်ပင် ဖြစ်ချေသည်။ လန်ယာနယ်မြေမှ တာအိုဘိုးဘေးကြီးများကိုမူ သူ တစ်ယောက်ကိုမျှ မသိရှိပေ။

ဖန်တောက်မင်သည် သူ့ရှေ့မှလူကို မှတ်မိသွားဟန် ရှိလေ၏။ ဟင် ဟု ခပ်တိုးတိုး ရေရွတ်လိုက်ပြီးနောက် စကားစတင်လိုက်တော့သည်။

“ညီအစ်ကိုထိန်ဟိုင်... လန်ယာနယ်မြေက ကျင့်ကြံသူတွေရော မရှိကြဘူးလား”

တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ဝမ်ထိန်ဟိုင်သည် ပတ်ဝန်းကျင်ကို အကဲခတ်နေဆဲ ဖန်တောက်မင်၏ အသံကို ကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်လေ၏။

“ညီအစ်ကိုဖန်... ခင်ဗျားရဲ့ ယောင်ကွမ်အင်မော်တယ်ဂိုဏ်းက လူတွေရော တစ်ယောက်မှ မရှိကြဘူးလား”

သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် မေးခွန်းထုတ်နေကြခြင်းက အခြားသော တာအိုဘိုးဘေးကြီးများကိုပါ စိုးရိမ်ပူပန်လာစေတော့၏။

“ကျုပ်တို့ နယ်မြေနှစ်ခုလုံးက ကျင့်ကြံသူတွေ အကုန်လုံး ကျယ်ပြန့်သောကမ္ဘာက ကောင်တွေလက်ချက်နဲ့ သေကုန်ကြပြီဆိုရင်တော့ တကယ့်ကို ဆိုးရွားတာပဲ”

ဖန်တောက်မင်က ခေါင်းခါယမ်းပြလိုက်လေ၏။

“ဒါ လုံးဝ မဖြစ်နိုင်ဘူး။ စစ်မြေပြင်နယ်မြေထဲကို လွှတ်လိုက်တဲ့ ကျုပ်ရဲ့ ယောင်ကွမ်အင်မော်တယ်ဂိုဏ်းက လူတွေကို ချီခယ်ချင်းက ဦးဆောင်သွားတာလေ။ သူက အလုပ်လုပ်တဲ့နေရာမှာ အရမ်းကို စေ့စပ်သေချာပြီး မဟာစစ်သူကြီး တစ်ယောက်ရဲ့ ဟန်ပန်မျိုး ရှိတယ်။ သူမက ဘယ်သူ့ကိုမှ ဒီတိုင်း လုံးဝ အသေခံမှာ မဟုတ်ဘူး”

'ချီခယ်ချင်းက ဘယ်လောက်တော်လဲ ငါအသိဆုံးပဲ'

သူသည် စိတ်ထဲမှနေ၍ ယုံယုံကြည်ကြည် တွေးတောနေလေ၏။

ဝမ်ထိန်ဟိုင်၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားတော့သည်။

“ချီခယ်ချင်း အကြောင်းကို ကျုပ်လည်း ကြားဖူးပါတယ်။ ဖူယောင်နယ်မြေရဲ့ သေမျိုးလောကကို ငြိမ်းချမ်းအောင် လုပ်ပေးခဲ့တဲ့သူ မဟုတ်ဘူးလား”

“သူပါပဲဗျာ”

အခန်း (၈၇၀) - ဒုတိယအဆင့်

ဝမ်ထိန်ဟိုင်က ခေါင်းညိတ်လိုက်ပြီးနောက် ဆိုလေ၏။

“ကျုပ်ရဲ့ လက်အောက်ငယ်သား ကျူးယန့်ချွမ်းကလည်း ကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်းတဲ့ နေရာမှာ တော်တော်လေး စွမ်းဆောင်နိုင်တယ်။ သူလည်း ဘယ်သူ့ကိုမှ ဒီတိုင်း အသေခံမှာ မဟုတ်ဘူး”

“သူတို့ ဘယ်တွေကိုများ သွားကြတာလဲ။ ဒီဧရိယာ တစ်ဝိုက်ကို ကျုပ်တို့ အနှံ့ လိုက်ရှာကြည့်ရအောင်။ ပြီးရင် အမွှေးတိုင် တစ်ဝက်စာ အချိန်လောက်နေရင် ဒီမှာ ပြန်ဆုံကြမလား”

“ကောင်းပြီလေ”

ထို့ကြောင့် ဤဝင်ရောက်လာခါစ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ကြီးများ ပထမဆုံး လုပ်ဆောင်ခဲ့သည့် အရာမှာ တိုက်ပွဲဝင်ရန် မဟုတ်ဘဲ သူတို့၏ ကိုယ်ပိုင် တပည့်များကို လိုက်လံရှာဖွေခြင်းပင် ဖြစ်တော့သည်။

၎င်းက စစ်မြေပြင်နယ်မြေ အတွင်း၌ အတော်လေးကို ထူးခြားဆန်းပြားလှသော မြင်ကွင်းတစ်ခုဟု ဆိုရပေမည်။

အခြားသူများနှင့် အလွန်အမင်း ကွဲပြားမနေစေရန်အတွက် စစ်ခုန်ရွှမ် သည်လည်း နေရာအနှံ့ လိုက်လံရှာဖွေခဲ့လေ၏။

သို့သော်ငြား အခြားသော ဂိုဏ်းများနှင့် တာအိုကျင့်ကြံသူများနှင့် မတူညီသည်ကား သူသည် သူ၏ ကျင့်ကြံသူများအပေါ်၌ နက်နဲသော သံယောဇဉ် မရှိခြင်းပင်။

စိမ်းပြာနက်ရှိုင်းအင်မော်တယ်ဂိုဏ်းမှ တပည့်များကို ရှာမတွေ့သည်တိုင်အောင် သူသည် ဝမ်းနည်းပူဆွေးခြင်းမျိုး၊ စိတ်အနှောင့်အယှက် ဖြစ်ခြင်းမျိုး လုံးဝ မရှိခဲ့ချေ။ ဆန့်ကျင်ဘက်အနေဖြင့် စစ်မြေပြင်နယ်မြေထဲသို့ ရောက်ရှိလာပြီးကတည်းက သူ၏ ရင်တွင်း၌ နင်ချီနှင့် ပတ်သက်သော အတွေးများဖြင့်သာ ပြည့်နှက်နေတော့သည်။

'နင်ချီ... နင်ချီ... မင်း ဘယ်မှာလဲ။ ပြီးခဲ့တဲ့ အကြိမ်တုန်းက အရှင်သခင်ကျန့်ရွှမ်.. ငါ့ကို သတ်မလို ဖြစ်ခဲ့တာ... အဲဒါ မင်းကြောင့် သေချာပေါက် ဖြစ်ရမယ်။ ဒီတစ်ကြိမ်တော့ ငါ မင်းကို ရှာတွေ့အောင်ရှာပြီး အဲဒီနေ့က ကိစ္စအတွက် လက်စားချေဖို့ မင်းရဲ့ အရေခွံကို အရှင်လတ်လတ် ခွာပစ်မယ်။ အဲဒီအချိန်ကျရင် အရှင်သခင်ကျန့်ရွှမ် ငါ့ကို ဘာလုပ်နိုင်မလဲ ကြည့်ကြသေးတာပေါ့'

ထိုသို့ ထက်မြက်လှသော အကြံအစည်ကို တွေးမိလိုက်သည်နှင့် စစ်ခုန်ရွှမ်သည် အေးစက်စက်နှင့် ကောက်ကျစ်စွာ ရယ်လိုက်လေ၏။

'မင်း သေဖို့သာ ပြင်ထားတော့ ခွေးသားလေး'

အမွှေးတိုင် တစ်ဝက်စာ အချိန် ကြာမြင့်ပြီးနောက်၊

တာအိုနှင့် ပေါင်းစည်းခြင်း နယ်ပယ် (သဟဇာတဖြစ်ခြင်း နယ်ပယ်) ကျင့်ကြံသူများ ပြန်လည် စုစည်းလာကြလေ၏။

“မိတ်ဆွေတို့... သဲလွန်စ တစ်ခုခုများ တွေ့ခဲ့ကြလား”

လူတိုင်းက ခေါင်းများကို ခါယမ်းပြလိုက်ကြသည်။

ဖန်တောက်မင်၏ မျက်လုံးများမှာ ပိုမို၍ စိုးရိမ်ပူပန်လာဟန် ရှိ၏။ ထိုအခိုက် သူသည် တောင်ဘိုးဘေးကြီး ချီးမြှင့်ထားသော အမှတ်အသားတစ်ခုဖြစ်သည့် တောင်တန်းခရီးစဉ်ပုံစံ ရေးထွင်းထားသော အဆောင်ပြား တစ်ခုကို ရုတ်တရက် ထုတ်ယူလိုက်တော့သည်။

'ဒါကိုပဲ အားကိုးရတော့မယ် ထင်တယ်'

ဝိညာဉ်စွမ်းအင်များ သွင်းနှံလိုက်သည်နှင့် တစ်ပြိုင်နက် ဤနယ်မြေအတွင်းရှိ တောင်နှင့်ပင်လယ်ကမ္ဘာ၏ စွမ်းအင်များက တစ်ခုခုကို ရုတ်တရက် အာရုံခံမိသွားပြီး ပုံရိပ်ယောင်ကြီးတစ်ခု လူအများ၏ ရှေ့မှောက်၌ ပေါ်ထွက်လာတော့သည်။

ပုံရိပ်ယောင်ကြီးကို မြင်လိုက်ရသည်နှင့် လူအများက အလျင်အမြန် ဦးညွှတ်လိုက်ကြပြီး အော်ဟစ်လိုက်ကြလေ၏။

“ကမ္ဘာ့အရှင်သခင်”

တောင်နှင့်ပင်လယ်ကမ္ဘာ့ဆန္ဒတော်က လူအုပ်ကြီးကို တစ်ချက် ဝေ့ကြည့်လိုက်ရာ ၎င်း၏ အမူအရာမှာ လုံးဝကို အေးစက်နေသည်။

“ငါက မင်းတို့ကို ညွှန်ကြားချက် တချို့ ပေးဖို့ ရှိနေတာ အတော်ပဲ။ ဒါပေမဲ့ အဲဒါ မတိုင်ခင်...”

ပုံရိပ်ယောင်ကြီးက ဖန်တောက်မင်အား စူးစိုက်ကြည့်လိုက်ပြီး စကားဆက်လေ၏။

“ဖန်တောက်မင်... တကယ့် အစစ်အမှန် ငါနဲ့ ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံနိုင်မယ့် အဖိုးတန် အခွင့်အရေး တစ်ခုကို မင်း အသုံးပြုလိုက်တယ်။ အဲဒါ ဘာရည်ရွယ်ချက် နဲ့လဲ”

ဖန်တောက်မင်က ရိုသေစွာဖြင့် ပြန်လည် ပန်ကြားလိုက်သည်။

“ကမ္ဘာ့အရှင်သခင်... ကျွန်တော်တို့ ဒီနယ်မြေထဲကို ရောက်လာခဲ့ပေမဲ့ ကျွန်တော်တို့ ဂိုဏ်းက တပည့်တွေကို တစ်ယောက်မှ မတွေ့ရဘူး။ ကမ္ဘာ့အရှင်သခင် အနေနဲ့ သူတို့ အသက်ရှင်သေးရဲ့လား ဆိုတာကို ပြောပြပေးနိုင်မလား ခင်ဗျာ”

ပုံရိပ်ယောင်ကြီးက လူအုပ်ကြီးကို တစ်ချက် ဝေ့ကြည့်လိုက်လေ၏။

တာအို၏ အေးစက်စက် အမူအရာမှာ ရုတ်တရက် နူးညံ့သွားပြီး စိတ်လှုပ်ရှားမှု အချို့ ပေါ်လွင်လာကာ ပြန်လည်ဖြေကြားသည်။

“သူတို့ အရမ်းကို နေကောင်းကျန်းမာကြပါတယ်”

“အခု သူတို့ ဘယ်မှာ ရှိနေကြတာလဲ ခင်ဗျာ”

ပုံရိပ်ယောင်ကြီးက ပြုံးလိုက်သော်ငြား ပြန်လည်မဖြေကြားခဲ့ဘဲ ဆိုလေ၏။

“မင်းတို့ အားလုံး မကြာခင် သိရမှာပါ။ ငါ့ရဲ့ အမိန့်ကို အရင် နားထောင်ကြဦး”

လူအများက တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်လိုက်ကြပြီး တောင်နှင့်ပင်လယ်ကမ္ဘာ့ဆန္ဒတော်က မည်သည့်အကြောင်းကို ပြောနေသနည်း ဆိုသည်ကို နားမလည်နိုင်အောင် ဖြစ်သွားကြရသည်။ ၎င်း၏ မျက်နှာသွင်ပြင်ကို ကြည့်ခြင်းအားဖြင့် သူတို့၏ တပည့်များမှာ အသက်ရှင်လျက် ရှိနေသေးကြောင်းကိုကား လူတိုင်း ယုံကြည်သွားကြချေပြီ။

'အဲဒီလို ဆိုမှတော့... အဲဒီ ကိစ္စကို နောက်မှပဲ ဆက်ပြောကြတာပေါ့လေ'

အတွေးကိုယ်စီဖြင့် ငြိမ်သက်သွားကြတော့သည်။

လူအများ အမိန့်များကို လက်ခံရရှိပြီးနောက် တောင်နှင့်ပင်လယ်ကမ္ဘာ့ဆန္ဒတော်က သူတို့အား လောလောဆယ် ထိုနေရာ၌သာ စောင့်ဆိုင်းနေရန် ညွှန်ကြားခဲ့ပြီး သူတို့၏ တပည့်များ မကြာမီ ရောက်ရှိလာမည်ဟု မိန့်ဆိုခဲ့လေ၏။

လူတိုင်းမှာ စိတ်ပူပန်စွာဖြင့် စောင့်ဆိုင်းနေကြသော်ငြား မည်သူမျှ ပေါ်မလာခဲ့ချေ။

ထိုအခိုက် ရုတ်တရက် အနောက်ဘက် နယ်နိမိတ်၌ တံခါးတစ်ပေါက် ပွင့်ဟလာသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။

နောက်တစ်ကြိမ် ပြန်လည် ကြည့်ရှုလိုက်သောအခါ ရှေ့ဆုံး၌ အဖြူရောင် ဝတ်ရုံနှင့် ပုံရိပ်တစ်ခု ရှိနေပြီး ၎င်း၏နောက်တွင် ကျင့်ကြံသူ အုပ်စုကြီး တစ်ခု လိုက်ပါလာသည်ကို မြင်တွေ့လိုက်ရတော့သည်။

လန်ယာနယ်မြေမှ ဝမ်ထိန်ဟိုင်သည် ထိုအဖွဲ့ကို မြင်လိုက်ရသောအခါ အနည်းငယ် အံ့အားသင့်သွားရလေ၏။

ဒါ.. ငါတို့ လန်ယာနယ်မြေက ကျင့်ကြံသူတွေ မဟုတ်ဘူးလား။

ထို့အပြင် ထိုအရှေ့ဆုံးမှ အဖြူရောင် ဝတ်ရုံနှင့် ပုံရိပ်ကရော ဘယ်သူလဲ။

'ဘယ်လိုလုပ် ငါ့လူတွေက တခြားတစ်ယောက်နောက်ကို လိုက်နေရတာလဲ'

သူသည် ဒေါသတစ်ဝက် အံ့သြမှုတစ်ဝက်ဖြင့် တွေးတောနေသည်။

မကြာမီမှာပင် နင်ချီသည် ကျူးယန့်ချွမ်းနှင့် လန်ယာနယ်မြေ စစ်တပ်ကြီးကို ဦးဆောင်ကာ ထိုနေရာသို့ ရောက်ရှိလာခဲ့တော့သည်။

ကျူးယန့်ချွမ်း၏ မျက်နှာသွင်ပြင်မှာ ဝမ်ထိန်ဟိုင်ကို မြင်တွေ့လိုက်ရသောအခါ အလွန်တရာ ရိုသေလေးစားသော အမူအရာများ ပေါ်လွင်နေ၏။

“ဆရာ”

ဝမ်ထိန်ဟိုင်က တည်ကြည်လေးနက်စွာဖြင့် ဆူပူလိုက်သည်။

“မင်းတို့ ဘယ်သွားနေကြတာလဲ။ သူတို့ကို ဘာလို့ အဲဒီလို လိုက်ပို့နေရတာလဲ။ စစ်မြေပြင်နယ်မြေထဲ ရောက်တာနဲ့ အသက်ရှင် ရှင်သန်ရေးက အရေးအကြီးဆုံးပဲလို့ ငါ မင်းကို မပြောခဲ့ဘူးလား။ အကယ်လို့ မင်းသာ တစ်ခုခု ဖြစ်သွားရင်... တာဝန်ယူနိုင်မလား။ ငါ့စကားတွေကို မင်း လုံးဝ ဂရုမစိုက်တော့ဘူးလား...”

သူ စကားပြောနေရင်းမှ ကျူးယန့်ချွမ်း၏ နောက်ကွယ်သို့ လှမ်းကြည့်လိုက်ရာ ရုတ်တရက် စကားဆက်မပြောနိုင်တော့ချေ။

“ဟင်... ငါ့ရဲ့ လန်ယာနယ်မြေ စစ်တပ်ကြီးမှာ ဒီလောက်တောင် လူတွေ အများကြီး ကျန်နေသေးတာလား”

ဤအရာများ အားလုံးမှာ နင်ချီ၏ ကျေးဇူးကြောင့်ဖြစ်ကြောင်းကို ကျူးယန့်ချွမ်းက ရှင်းပြရန် ပြင်လိုက်လေ၏။

သို့သော်ငြား ဖန်တောက်မင်ကမူ နင်ချီ၏ ဘေး၌ ရပ်နေသော ချီခယ်ချင်းကို စူးစိုက်ကြည့်နေပြီး ကြားဖြတ် မေးလိုက်တော့သည်။

“ချီခယ်ချင်း... မင်းက ဘာလို့ တစ်ယောက်တည်း ဖြစ်နေတာလဲ”

ချီခယ်ချင်းက ဖန်တောက်မင်ကို လှမ်းကြည့်ကာ ဆိုလေ၏။

“အကြီးအကဲဖန်... စိတ်မပူပါနဲ့ရှင်။ ကျွန်မတို့ရဲ့ ကျင့်ကြံသူတွေ အားလုံး အသက်ရှင်လျက် ရှိနေကြဆဲ ဖြစ်ပြီး... လုံးဝ နီးပါး အထိအခိုက် မရှိကြပါဘူး”

“သူတို့ အခု ဘယ်မှာလဲ”

ဟု ဖန်တောက်မင်က စိုးရိမ်တကြီး မေးလိုက်သည်။

ချီခယ်ချင်းက နင်ချီအား တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် ဖန်တောက်မင်ဘက်သို့ လှည့်ကာ ဆိုလေ၏။

“တောင်းပန်ပါတယ် အကြီးအကဲဖန်... သူတို့ရဲ့ အနာဂတ်အတွက် ကျွန်မ သူတို့ကို အနောက်တောင် စစ်မြေပြင်နယ်မြေ ထဲမှာ ချန်ထားခဲ့ပါတယ်ရှင်။ ကျွန်မ ဒီကို လာခဲ့တာက အဲဒီအကြောင်းကို အကြီးအကဲဖန်ကို အတိအကျ လာရှင်းပြဖို့ သက်သက်ပါပဲ”

“မင်း ဘာပြောလိုက်တာလဲ”

ဟု ဖန်တောက်မင်က အံ့အားသင့်စွာ အော်ဟစ်လိုက်တော့သည်။

ဘေး၌ ရပ်နေသော နင်ချီကမူ သူတို့၏ စကားပြောဆိုမှုများကို ဝင်ရောက် စွက်ဖက်ခြင်း မပြုခဲ့ဘဲ အရှေ့တောင် ဒေသကိုသာ ပေါ့ပေါ့ပါးပါး အကဲခတ် ကြည့်ရှုနေခဲ့လေ၏။

ဤ အရှေ့တောင် စစ်မြေပြင်နယ်မြေသည် နက်ရှိုင်းသောသစ္စာတရားနယ်မြေ ပထမဆုံး ဝင်ရောက်ခဲ့သည့် စစ်မြေပြင်နယ်မြေ ပင် ဖြစ်သည်။ သို့သော် နယ်မြေငယ် နှစ်ခုကို သိမ်းပိုက်ပြီးသည့်နောက်တွင်မူ နင်ချီသည် တောင်ဘက် တည့်တည့်၌ရှိသော နယ်မြေဆီသို့ နယ်မြေဖြတ်ကျော် သွားခဲ့ခြင်း ဖြစ်ချေ၏။

အရှေ့တောင် ဒေသသည် ယခုအခါ တောင်နှင့်ပင်လယ်ကမ္ဘာ၏ လက်အောက်သို့ ကျရောက်သွားပြီ ဖြစ်ကြောင်းကို နင်ချီ လုံးဝ အံ့အားမသင့်ခဲ့ချေ။

ထိုအချိန်လေးမှာပင် နင်ချီ၏ ရှေ့တည့်တည့်၌ အစိမ်းရောင် ပုံရိပ်ယောင် တစ်ခု ရုတ်တရက် ပျံသန်းလာတော့၏။

“မင်းက နင်ချီ လား”

All Chapters