← Chapters

အခန်း (၈၀၁-၈၀၄)

Vol. 42 Ch. 801-804

အခန်း (၈၀၁-၈၀၄)

Vol. 42 Ch. 801-804

အခန်း ၈၀၁။ အချစ်၏စွမ်းအား

သုန့်ယိယွင်အတွက်ဆိုလျှင် သူမအသက်ရှင်စဉ်က ဖြစ်ပျက်ခဲ့သည်များက အလွန်ကိုဝေးကွာသွားပုံရသည်။

လွန်ခဲ့သည့်ရက်ပိုင်းလောက်ကသာဆိုပေမဲ့ တကယ်ကိုဘဝချင်းခြားသွားခဲ့ပြီဖြစ်ကာ သူမဘယ်တော့မှ ပြန်သွားလို့မရနိုင်တော့။

ရှဲ့ချောင်သည် သူမဘေးမှာရှိနေသည့်ရှဲ့ဖင်းကန်းကိုတစ်ချက်ကြည့်၍ အသံတိုးတိုးနှင့်မေးလိုက်၏။ “အစ်ကိုကြီးသူ့ကိုပြောစရာရှိသေးလား၊ မရှိတော့ဘူးဆိုရင် သူရဲ့ဝိဉာဉ်ကိုဖမ်းတော့မလို့”

ရှဲ့ဖင်းကန်း ခဏလောက်စဉ်းစားကာ “ငါ့မှာ ဘာမှတော့သိပ်ပြီးပြောစရာမရှိတော့ဘူး၊ မင်းလည်း သေသွားပြီပဲဟာ လူ့လောကမှနေနေလို့ ဘာထူးတော့

မှာ‌လဲ။ အောက်ဘုံကိုသာ မြန်မြန်ဆင်းသွား၊ နောက်ဘဝအတွက် ကြင်နာတတ်တဲ့မိသားစုကိုရှာ။ မင်းအောက်ဘုံမှာ ရှိနေတုန်း ငါ့ကိုကာကွယ်ဖို့လည်း သတိရနော်။ ဘာပဲဖြစ်ဖြစ် မင်းကငါ့ဇနီးလေ၊ ငါ့အားလပ်ရက်တွေမှာမင်းအတွက် စက္ကူ‌မီးရှို့ပေးပါ့မယ်”

ရှဲ့ချောင် ရှဲ့ဖင်းကန်းအား မျက်လုံးလှိမ့်ပြလိုက်သည်။

အဲ့တာတောင် သုန့်ယိယွင်က တကယ်ကြီး ခေါင်းညိတ်နေတယ်တဲ့လား!

၎င်းသည် အချစ်ရဲ့စွမ်းအားဆိုတာကို ရှဲ့ချောင်သိ၏။

သုန့်ယိယွင် ရှဲ့ဖင်းကန်းဆီကနေ အကြည့်လွဲ

လိုက်၏။

ရှဲ့ချောင်လည်း သူမရဲ့ဝိဉာဉ်ကိုအောင်အောင်မြင်မြင် ဖမ်းနိုင်ခဲ့၏။

သူမရဲ့ ခံစားချက်တို့ရှုပ်ထွေးနေခဲ့၏။ သုန့်ယိယွင်သည် ကောင်းမွန်တဲ့ဘဝ၌ နေနိုင်သေးသည့်တိုင် နောက်ဆုံးမှာ သေလမ်းကိုသာလျှောက်ခဲ့သည်။ ထိုအချက်က သူမကိုစိတ်မချမ်းမသာဖြစ်စေ၏။ သို့သော်လည်း သူမသည် ဆယ်စုနှစ်တစ်စုကျော်ကျော်လောက်သာ အသက်ရှင်ရသေးပေမဲ့ ငယ်ငယ်လေးကတည်း မရေမတွက်နိုင်သည့် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းများစွာကို မြင်တွေ့ခဲ့ရပြီးပြီဖြစ်ရာ အခုချိန်၌ အရမ်းကြီးခံစားနေရတာမျိုးတော့မဖြစ်ခဲ့ချေ။

သုန့်ယိယွင်၏ ဝိဉာဉ်ကို သိမ်းယူပြီးသွားတဲ့‌နောက် အဒေါ်သန့်ဆိုသူရဲ့ ခြေထောက်နားမှာ ယီလေးခိုနေသည့်ဝိဉာဉ်အား ရှဲ့ချောင်ကြည့်လိုက်၏။

“ နင်ရော ဘယ်လိုလုပ်မှာလဲ၊ လိုက်မှာလား”

ထိုစကားကြောင့် သုန့်သခင်ကြီး ကြောင်အမ်းသွားရသည်။

စုန်းမမော့သည် ကမ္ဘာနှစ်ခုစလုံးနှင့် ဆက်သွယ်နိုင်သူဟု သူကြားဖူးသည်။ မဟုတ်မှလွဲရော.. ဒီအိမ်ထဲမှာ သူ့သမီးအပြင်… တခြားမသန့်ရှင်းတဲ့အရာတွေရော ရှိနေတာများလား?

သုန့်သခင်ကြီး သူ့ရဲ့ကိုယ်လုပ်တော်ကိုကြည့်လိုက်သည်။

အဒေါ်သန့်သည် မြေကြီးပေါ်တွင်ဒူးထောက်လို့နေကာ မျက်ရည်များလည်း ပါးပြင်ထက်မှာ စီးကျလို့နေလျက်။ သို့သော် သူမသည်ကွယ်လွန်သွားတဲ့

ဒုတိယသခင်မလေးအတွက်ဝမ်းနည်းနေတာမဟုတ်သလို သုန့်ရှီးယွင်အတွက် စိတ်မကောင်းဖြစ်နေခြင်းလည်းမဟုတ်။

သူမ ဝမ်းနည်းနေရသည့်အကြောင်းက အခုဆိုလျှင် သူမရဲ့ ကျောထောက်နောက်ခံဖြစ်သည့် သုန့်ရှီးယွင်မရှိတော့တဲ့အတွက် သုန့်သခင်ကြီးသူမကိုအထင်မြင်သေးလာတော့မည်ဖြစ်တာကြောင့်ပင်။

သူမရဲ့ အနာဂတ်ကိုခန့်မှန်းကြည့်လို့တောင်ရနေပြီ၊ သေချာပေါက် ဝမ်းနည်းစရာကောင်းမှာ!

အခုလို တာအိုဆရာရဲ့စကားများကိုကြားရတော့ သူမဘာကိုမှဂရုမစိုက်နိုင်တော့။

“အခုလိုဖြစ်ရတာ စုန်းမ, နင့်ကြောင့်! ဒါတွေအကုန် နင်ဒုက္ခပေးလို့။ တစ်ယောက်မှမကောင်းဘူး။ ဒီလိုမိသားစုမှာ ဆယ်နှစ်ကျော်လောက် ကျွန်ခံလာခဲ့တဲ့ ငါ့ကိုယ်ငါပဲသနားတယ်..”

သူမသည် သဲကြီးမဲကြီးတိုက်ခတ်နေသည့် မုန်တိုင်းပမာ ငိုကြွေးလို့နေလျက်။လှပမှုဆိုတာလည်း တစ်စက်ကလေးတောင်ရှိမနေတော့ချေ။

သုန့်သခင်ကြီးခမျာ ခေတ္တခဏ ကြက်သေသေသွားရသည်။

တစ်ချိန်တုန်းက၊ ဤကိုယ်လုပ်တော်ဟာ အသိမ်မွေ့ဆုံးနှင့် ယဉ်ကျေးမှုအရှိဆုံးသူတစ်‌ယောက်ဖြစ်ခဲ့၏။ သူမသည် သူ့ပထမဇနီးရဲ့ ညီမဖြစ်တာကြောင့် သူ့မျက်လုံးထဲမှာတော့ သူမဟာ အိမ်တော်ရဲ့သခင်မတစ်ယောက်လိုပင်!

သူမမှာ ဒီလိုအပေါက်ဆိုးတဲ့ဘက်အခြမ်းရှိနေလိမ့်မည်ဟု … သူမမျှော်လင့်ထားခဲ့…

သုန့်သခင်ကြီးမှာ ဒီနေ့တစ်နေ့လုံး သွေးတက်စရာတွေကြီးကြုံခဲ့ရပြီဖြစ်၍ ဒီလောက်လေးကတော့ သူဖြုံတောင်မဖြုံမိတော့။

ရှဲ့ချောင် မကောင်းဆိုးဝါးဝိဉာဉ်ကို လက်ယမ်းပြလိုက်၏။ ထိုဝိဉာဉ်မှာ ငယ်သေးသည့်အပြင် အတော်လေးလည်း ရိုး,အ, ရှာ၏။ သူ ရှဲ့ချောင်ဆီကို တကယ်ကြီး လျှောက်သွားခဲ့သည်။

“ ငါက သူ့ရဲ‌မောင်လေး၊ ငါက ဟိုးအရင်ကတည်းကသေသွားတာ… နင်ကအရမ်းအင်အားကြီးတာပဲ” မကောင်းဆိုးဝါးဝိဉာဉ်သည် သာမန်လူတစ်ယောက်ပုံစံနှင့်တောင် သိပ်ပြီးကွာခြားမှုရှိမနေချေ။

သူ့ရဲ့မျက်လုံးများက ကြည်လင်နေပေမဲ့ မျက်နှာကတော့ ဖြူဖျော့နေသည်။

ရှဲ့ချောင် မျက်မှောင်ကြုတ်၍ အဒေါ်သန့်ကိုကြည့်ကာမေးလိုက်၏။ “ရှင့်မှာ မောင်ရှိတာလား”

ထိုစကားကြောင့် အဒေါ်သန့်နှုတ်ဆိတ်သွားသည်။

သုန့်သခင်ကြီးသည်လည်း အံ့ဩသွားခဲ့ကာ အမြန်ပြန်ဖြေခဲ့သည်။ “ငါ့ဇနီး လက်မထပ်ခင်က၊ သူ့မှာ အမေတစ်ယောက်တည်းကနေမွေးတဲ့ မောင်လေးတစ်ယောက်ရှိခဲ့ဖူးတယ်၊ ဒါပေမဲ့ သူ့မောင်ရဲ့ ကံတရားကမကောင်းရှာတော့ သေသွားပြီ။ ရေတွင်းထဲ ပြုတ်ကျပြီး သေသွားတာလေ”

ထိုကလေးဟာ ငယ်သေး၏။ သူသည် သူ့‌‌ယောက္ခထီးရဲ့ သားဖြစ်တာကြောင့် သူ့အသက်ရှင်စဉ်ကဆိုလျှင် သူ့ကို အတော်လေး အလိုလိုက်ပေးခဲ့သည်။ ဝမ်းနည်းဖွယ် သေဆုံးသွားရလိမ့်မယ်ဟု သူ မမျှော်လင့်ထားခဲ့ချေ။

ရှဲ့ချောင်သည် မကောင်းဆိုးဝါးဝိဉာဉ်ရဲ့စကားများကို ပြန်ပြောပေးခဲ့၏။ “သူက မတရားသဖြင့်သေသွားခဲ့ရတာ။ သူပြောတာက သူတောင်ကုန်းအတုပေါ်မှာ ကစားနေတုန်း သူ့အစ်မ အစေခံတစ်ယောက်နဲ့ အချစ်ဇာတ်ခင်းနေတာကိုမတော်တဆမြင်လိုက်မိတော့၊ သူ့ကို တွန်းချလိုက်ကြတာတဲ့”

သုန့်သခင်ကြီးမှာ ယိုင်လဲကျလုနီးနီးပင်။

•••••

အခန်း ၈၀၂။ ဘယ်သူကမှမပိုင်တော့

သုန့်သခင်ကြီးမှာ အသက်ကြီးနေပြီဖြစ်၍ သူရဲ့စိတ်ဓာတ်ကဘယ်လောက်ပဲမာတယ်ဆိုဆို တစ်နေ့တည်းမှာ အကြိမ်ပေါင်းများစွာထိုးနှက်ခံနေရတာကိုတော့ သည်းခံနိုင်စွမ်းမရှိတော့!

သူ့ကိုယ်လုပ်တော်က အခြားတစ်‌ယောက်နဲ့ အချစ်ဇာတ်ခင်းနေတယ်တဲ့လား!

သူမဘက်ကိုလှည့်၍ ကြမ်းကြုတ်စွာ ကြည့်လိုက်၏။

“ အဓိပ္ပာယ်မရှိလိုက်တာ! ကျွန်မ အဲ့လိုမလုပ်ခဲ့ဘူး!” အဒေါ်သန့်က ပျာပျာသလဲနှင့် အလျင်စလို ပြန်အော်လိုက်၏။

သူမသည် ငယ်စဉ်က အတော်လေးဆင်ခြင်နိုင်စွမ်း

ကင်းမဲ့ခဲ့၏။ ထိုအစေခံ၏ပုံစံနှင့် သူ့ရဲ့ စကားလုံးချိုချိုလေးတွေကြောင့် ဖြားယောင်းခံလိုက်ရကာ သူမကိုယ်တိုင်တောင် မမျှော်လင့်ထားသည့် လုပ်ရပ်မျိုးကို လုပ်မိခဲ့သည်။

၎င်းက တစ်ကြိမ်တည်းသာဖြစ်ခဲ့တာပင်!

တစ်ယောက်ယောက်မြင်သွားလိမ့်မယ်လို့ ဘယ်ထင်မလဲ? ထိုအချိန်က သူမ အသိစိတ်ပျောက်သွားသည်အထိ ကြောက်လန့်နေခဲ့ပြီး ကြိုးဖြူပေးခံရမှာစိုးရိမ်နေခဲ့သည်။ ဒါကြောင့် သူမစိတ်လက်မာန်ပါ ပြုမူခဲ့မိသည်။

နောက်ပိုင်း အသိစိတ်ပြန်ဝင်လာတဲ့အချိန်ကျမှ သူမမောင်ကို ပြန်ကယ်ချင်လာခဲ့သည်။

သို့သော် ကြောက်စိတ်က ကြီးစိုးနေဆဲ။

သူမရဲ့အမေဆီ မောင်လေးကသာ တိုင်တန်းပြောဆိုလိုက်လျှင် သူမ တကယ်ဇာတ်သိမ်းသွားရလိမ့်မည်။

သူမ ရက်စက်စွာနှင့်ပဲ ထွက်ပြေးလာခဲ့၏။ နောက်တော့ သူ့အဒေါ် ထိုအစေခံကိုမောင်းထုတ်နိုင်လောက်မယ့် ဆင်ခြေတစ်ခုကိုရှာတွေ့သွားကာ သူ့ကိုပိုက်ဆံပေးခဲ့သည်။ ထိုလူသည်လည်း ဘာမေးခွန်းမှထပ်မထုတ်ရဲသလို၊ သူ့သခင်ကြီးရဲ့မိသားစု ဒေါသထွက်သွားမည်ကိုကြောက်တာကြောင့် တန်းပြီးထွက်သွားခဲ့၏။

နှစ်ပေါင်းများစွာ ကြာပြီးသည်နောက်၊ ဒီကိစ္စကို ဘယ်သူကမှ အစဖော်ပြီးမပြောလောက်တော့ဟု သူမထင်ခဲ့သည်။ မမျှော်လင့်ထားသည်က…..

သုန့်သခင်ကြီးသည် အဒေါ်သန့်အား ကြိုးတုပ်ဖို့ အထိန်းတော်တစ်ယောက်အားစေခိုင်းလိုက်၏။

ဒီပြဿနာက သူကိုင်တွယ်ဖြေရှင်းလို့ရသည့်ကိစ္စမဟုတ်။ သူသည် သူ့ရဲ့ ‌ယောက္ခထီးဟောင်းနှင့် ကောင်းမွန်တဲ့ဆက်ဆံရေးကို အမြဲတမ်းထိန်းထားခဲ့သည်။ အခုတော့ သူ့ကို ဒီပြဿနာအကြောင်း တင်ပြရတော့မည်ပေ။

အဒေါ်သန့်မှာ ပြန်ခုခံဖို့အခွင့်အရေးလေးတောင်မရလိုက်၊ တရွတ်တိုက်ဆွဲခေါ်ခံရပြီး သော့ပိတ်ခံလိုက်ရသည်။

ထိုမကောင်းဆိုးဝါးဝိဉာဉ်လေးအတွက် လက်စားချေပေးပြီးသွားသည့်နောက် ရှဲ့ချောင် သူ့ကိုပါ နောက်ထပ်ပုလင်းတစ်ခုထဲ အောင်အောင်မြင်မြင်ဖမ်းထည့်လိုက်နိုင်၏။

နောက်ဆုံးတော့ ကိစ္စအားလုံး ပြီးသွားခဲ့လေပြီ။

မှုခင်းစီရင်ရေးဌာနကလူများသည် သုန့်ရှီးယွင်

အပြင် မျက်မြင်သက်သေနှင့် တခြားသောသက်သေများကိုပါ ခေါ်သွားခဲ့သည်။

သူတို့ကို အကျဉ်းသားထည့်သည့်လှည်းထဲသို့ ထည့်၍မြို့တော်တစ်လျှောက်ပတ်သွားခဲ့၏။

အရင်ကဆိုလျှင် ကြမ်းကြမ်းရမ်းရမ်းပုံစံမျိုးနှင့်လူများကိုသာ မှုခင်းစီရင်ရေးဌာနက ဖမ်းလာလေ့ရှိသည်။ အခုတော့ ပိုးသားအင်္ကျီဝတ်ထားသည့် သခင်မလေးတစ်ယောက်ဖြစ်နေ၏။ အကျဉ်းသားလှည်းက လူအများရဲ့ ရှေ့ရောက်သွားသည်နှင့် အာရုံစိုက်ခံလိုက်ရသည်။ အနှီသခင်မလေး ဘယ်လိုပြစ်မှုမျိုးကိုကျူးလွန်ခဲ့လဲဆိုတာ လူတိုင်းသိချင်သွားကြသည်။

သုန့်ရှီးယွင် ဒီတလော ကျောင်းတော်ကိုရောက်မလာ၍ ချီဟွိုက်စိုးရိမ်နေမိ၏။

မနေ့က မှုခင်းစီရင်ရေးဌာနမှာဖြစ်ခဲ့တာကို ပြန်တွေးကြည့်ပြီး အခြေနေကြည့်ကြည့်ဖို့အတွက် မနက်စောစောရောက်လာခဲ့တာပင်။

သို့သော် သူတွေးနေသည့်လူက အကျဉ်းသားလှည်းထဲရောက်နေတာကို တွေ့လိုက်ရလေသည်။

သူ အကြီးအကျယ်တုန်လှုပ်သွားရသည်။

“ဒီလောက်ငယ်တဲ့ မိန်းကလေးက ဘယ်လိုပြစ်မှုမျိူးကျူးလွန်ခဲ့တာပါလိမ့်”

“ ငါကြားတာတော့ သူက သူ့ညီမအရင်းကို ပြန်သတ်တာဆိုပဲ! တကယ်ကိုရက်စက်တာ။ အမေတစ်‌ယောက်တည်းကနေ မွေးတဲ့ညီမကိုတော့ ဒုက္ခပေးရက်တယ်။ သူကလေ အရိုးတောင် ပြန်မထွေး

ထုတ်တဲ့ ဆာလောင်နေတဲ့ဝံပုလွေပဲနေမှာ”

“သူက အရာရှိမိသားစုက သခင်မလေးတစ်ယောက်တဲ့..”

“...”

စကားလုံးတိုင်းက ချီဟွိုက်နားထဲဝင်လာခဲ့သည်။

တစ်ခဏလောကိ ချီတွုချတုံဖြစ်နေခဲ့ပြီးနောက် သူ လှည့်ထွက်ကာ ထွက်ပြေးသွားတော့သည်။

သုန့်ရှီးယွင် သူ့ကို မြင်လိုက်၏။သူ့ကို မြင်လိုက်ရသည့်အခိုက်အတန့် သူမအနည်းငယ် စိတ်လှုပ်ရှားသွားရသည်။ သူ့ကို စကားနည်းနည်းလောက် ပြောချင်ခဲ့သည်။ သူမ အခုလိုအခြေနေဖြစ်သွားတာ

တောင်လာကြည့်ဖော်ရသည့် တစ်ဦးတည်းသောသူပင်…

သို့သော် ချီဟွိုက်ထွက်ပြေးသွားလိ့မ်မယ်လို့ သူမ မထင်ထားခဲ့..

သူ မထွက်သွားခင် သူ့မျက်လုံးထဲက ထိတ်လန့်မှုနှင့် စက်ဆုပ်မှုတို့ကို သူမ ရှင်းရှင်းလင်းလင်းကြီး မြင်လိုက်ရသည်။

သူမ ခြောက်အက်အက်နှင့် ရယ်လိုက်၏။

အတိတ်တုန်းကဆိုလျှင် လူတိုင်း သူမကို မနာလိုဖြစ်ကြသည်။

စတုတ္ထမင်းသား၌ သူမလိုအံ့ဩစရာကောင်းတဲ့ကြင်ဖက်လောင်းတစ်ယောက်ရှိသည့်အပြင် သူမတွင်လည်း ချီဟွိုက်လိုထူးချွန်သည့် လူယုံတော်တစ်ယောက်ရှိနေသေးသည်ဟု ဆိုကြ၏။

သို့သော် အခုတော့.. ဘယ်သူ့ကိုမှ သူမ မပိုင်ဆိုင်တော့ချေ…

သူတို့ အားလုံး အတုယောင်တွချည်းပဲ.. သူမကို လက်လျှော့ပြီး စွန့်ပစ်ခဲ့ကြတဲ့သူတွေ…

သုန့်ရှီးယွင် ရယ်ပြီးသွားတဲ့‌နောက် သူမရဲ့ မျက်နှာထားသုန်မှုန်သွားခဲ့သည်။ လမ်းမထက်က ကလေးများမှာ ထိုအခြင်းအရာအားမြင်ရသည့်အခါ လန့်ဖျပ်ပြီး သူတို့မိဘတွေရဲ့ လက်မောင်းထဲတိုးဝင်ကုန်ကြ၏။

လူတစ်‌ယောက်သာ တကယ် ပြစ်မှူကျူးလွန်ခဲ့တာ

ဆိုလျှင် မှုခင်းစီရင်ရေးဌာနကနေ ဘယ်တော့မှ ပြန်ထွက်လာနိုင်လိမ့်မည်မဟုတ်။

သုန့်ရှီးယွင်သည် နူးနူးညံ့ညံ့သခင်မလေးတစ်ယောက် ဖြစ်လေရာ ဒီလို ကြောက်မက်ဖွယ်နေရာမျိူးကို အရင်က တစ်ခါမှ မရောက်ခဲ့ဖူးပေ။

အကျဉ်းထောင်ထဲ၌ မကောင်းဆိုးဝါးဝိဉာဉ်များရဲ့ အော်ဟစ်သံများထက်တောင် ကြောက်ဖို့ကောင်းသည့် အော်သံများကို သူမ ကြားနေရသည်။ထိုအသံများက သူမနားထဲတရစပ်တိုးဝင်နေကာ မေ့ဖျောက်လို့ရလိမ့်မည်မဟုတ်။

“ငါ့ကို လွှတ်ပေး! ငါ့ကို ထွက်ခွင့်ပေးကြပါ! ငါ ဒီလို ‌ပုပ်စော်နံနေတဲ့နေရာမျိုးမှာ မနေချင်ဘူး” သူမရင်ထဲ တုန်လှုပ်နေခဲ့စ။ အကျဉ်းထောင်ထဲ ခြေချလိုက်သည်နှင့် ထောင့်စောင့်ဆီပြေးသွားပြီး အော်ပြော

တော့သည်။

•••••

အခန်း ၈၀၃။ သတ်ဖြတ်ခြင်းသည်သတ်တဲ့သူရဲ့အသက်ဖြင့်ပေးဆပ်ရမည်။

သို့သော်လည်း ထောင်စောင့်များသည် သူမလိုလူမျိုးများကို မတွေ့ဖူးဘဲနေမည်လား။

သခင်မလေးများ သူတို့ရဲ့ရင်ခွင်ထဲတိုးဝင်လာတဲ့အချိန် သူတို့ရဲ့တုံ့ပြန်မှုက အော်ရယ်ပစ်လိုက်ခြင်းသာ။ ထို့နောက် သူမရဲ့ ခါးကိုဆွဲဖက်ပြီးသည်နှင့် ကန်ထုတ်ကစ်လိုက်လေသည်။

“ထောင်ထဲမှာ အဖမ်းခံလိုက်ရရင်ပြန်ထွက်သွားနိုင်လိမ့်ဦးမယ်များ ထင်နေလား။ အင်း, မင်း သေဒဏ်ပေးခံရတယ်ဆိုရင်တော့ ဒီကနေထွက်သွားနိုင်မှာပေါ့! ဟားဟားဟား!” ထောင်စောင့်များမှာ ဆိုးသွမ်းလှ၏။

သဘောကောင်းသည့် ထောင်စောင့်တချို့တောင်မှ

အပြစ်သားတွေကို ခြိမ်းခြောက်နိုင်ရန် ကြမ်းရမ်းပြကြရသည်။

“ ငါ့အဖေက အဆင့်သုံးအရာရှိ။ နောက်ပြီး ငါကလည်း ကြင်ရာတော်မင်းသမီးတစ်ယောက်။ နင်တို့သာ ငါ့ကိုလွှတ်ပေးရင် ငွေတွေပေးမယ်.. အများကြီးပေးမှာ..” သုန့်ရှီးယွင်သည် ‌ကြမ်းပြင်ပေါ်လဲကျသွားရုံရှိသေး မြက်ခြောက်တွေထဲကနေ တစ်စုံတစ်ရာ လှုပ်ရှားသွားတာကို ခံစားမိလိုက်၏။

ရုတ်တရက် ‌ကြွက်ကြီးတစ်ကောင် သူမနားကနေ သုတ်သီးသုတ်ပျာနှင့် ပြေးသွား၍ သူမခြေထောက်ပေါ် တက်လာလေသည်။

သူမ အထိတ်တလန့်နှင့် ငိုကြွေးကာ ခန္ဓာကိုယ်ပေါ်က နာကျင်မှုကိုတောင်ဂရုမစိုက်အားတော့ဘဲ နောက်ကိုအမြန်ပြေးဆုတ်သွားသည်။

“စတုတ္ထမင်းသားက ငါ့ကိုလာကယ်မှာ။ နင်တို့သာ ငါ့ကိုလွှတ်ပေးရင် စတုတ္ထမင်းသားက နင်တို့ကိုကျေးဇူးတင်မှာနော်!” သုန့်ရှီးယွင်တစ်ယောက် ဘာတွေပြောလို့ ပြောနေမှန်းမသိတော့ချေ။

ဒီနေရာကြီးက အရမ်းကြောက်စရာကောင်းတာပဲ!

ဒီလိုနေရာမှာ မနေချင်ဘူး!

“ဟားဟား! စတုတ္ထမင်းသား? အဲ့ဒါတွေက အရင်တုန်းကဟာတွေမဟုတ်ဘူးလား? မှုခင်းစီရင်ရေးဌာနကိုရောက်လာတဲ့သူဆိုလို့ လူယုတ်မာတွေကလွဲရင် ဘာမှအသုံးမကျတဲ့လူငယ်တွေပဲရှိတယ်။ ငါ လူပေါင်းစုံကို တွေ့ဖူးပြီးသား။ မင်းက ဝင်လာပြီးမှ ထွက်သွားချင်နေတယ်ပေါ့? ရတယ်လေ၊ ငါ့ဆီကို တော်ဝင်အမိန့်တော်သာ ယူလာခဲ့”

ထောင်စောင့်၏ စကားများမှာ ထေ့လုံးငေါ့လုံးများ အပြည့်ဖြင့်။

မှုခင်းစီရင်ရေးဌာနဆိုတာ ဘယ်လိုနေရာမလို့လဲ?

တိုင်းပြည်ကိုတည်တောင်သည့်အချိန်က အုပ်ချုပ်ရေးရုံးမှအရာရှိများ ပြဿာနမရှာရဲမှာနှင့် အမှုကြီးတွေကို မဖြေရှင်းနိုင်မှာစိုးရိမ်တာကြောင့်

လူများကို ခြိမ်းခြောက်နိုင်ရန် မှုခင်းစီရင်ရေးဌာနကိုဖွဲ့စည်းခဲ့တာပင်။

သူတို့က ဓားပြများနှင့် သူခိုးများဖြစ်ကြပေမဲ့ အများစုမှာ တကယ်တော့ ဆွေမျိူးများကြောင့် အာဏာတချို့ရှိနေကြသူများဖြစ်၏။

မှုခင်းစီရင်ရေးဌာနမှ ရာထူးအမြင့်ဆုံးအရာရှိများဆို

လျှင် ဧကရာဇ်က ကိုယ်တိုင်တာဝန်ပေးခံထားသူများ ဖြစ်ကြ၏။ သူတို့ရဲ့ တံဆိပ်ပြားနှင့် နန်းတော်ထဲကိုဝင်ကာ မင်းကြီးအား အချိန်မရွေး တွေ့နိုင်ကြသည်။

မှုခင်းစီရင်ရေးဌာနသည် စုံစမ်းစစ်‌ဆေးရခက်သည့်အမှုများကို ကိုင်တွယ်ဖြေရှင်းတယ်ဆိုပေမဲ့ မှူးမတ်အရာရှိများကို ကြီးကြပ်ပေးဖို့တာဝန်တော့သူတို့မရှိ။ သို့တိုင် မှုခင်းစီရင်ရေးဌာနကို မကြောက်တဲ့သူဆို‌တာ နန်းတွင်းရုံးတော်မှာတစ်‌ယောက်မှ ရှိမနေချေ။ သူတို့ရဲ့ အသုံးမကျတဲ့ သားသမီးတွေ မဟုတ်တရုတ်တွေလုပ်ပြီး အဲဒီ မှုခင်းစီရင်ရေးဌာနရဲ့လက်ထဲမှာ အဆုံးသတ်သွားမှာကိုကြောက်နေကြသည်။

စတုတ္ထမင်းသားကိုယ်တိုင် တကယ်ရောက်လာရင်တောင် သူမကိုခေါ်ထုတ်သွားနိုင်စွမ်း သူ့မှာမရှိပေ။

ဒါဟာ သုန့်ရှီးယွင်အတွက် ပထမဆုံးအကြိမ် လူပေါင်းများစွာဆီကနေ ပျက်ရယ်ပြုစော်ကားခြင်းခံရတာပင်။

ထိုလူများဟာ သူမကို မရိုး‌ဖြောင့်သည့်မျက်လုံးများနှင့် စိုက်ကြည့်နေကြပြီး သူမရဲ့ သိက္ခာကိုနင်းချေပစ်နေကြသည်။

ဒါတင်မက….

ဟိုဟိုဒီဒီ လွင့်မျောနေသည့် …. မကောင်းဆိုးဝါးဝိဉာဉ်ပေါင်းများစွာကိုလည်း သူမ မြင်နေရလေသည်။

သူမ အကြောက်လွန်ပြီးဘောလုံးတစ်လုံးပမာကွေးကွေးလေနေနေမိသည်အထိ။

“တော်တော့၊ဒီတစ်ယောက်က တစ်ခုခုဖြစ်နေတာနေ

မှာ။ ပထမဆုံးဝင်လာတဲ့ရက်ကတည်းက စိတ်လွတ်နေပြီ။ အသုံးကိုမကျဘူး။ အစောပိုင်းက သူနဲ့အသက်တူတဲ့ သခင်မလေးတစ်‌ယောက် ဝင်လာတယ်မလား။ အဲ့သခင်မလေးတောင် အခုထိမရူးသွားသေးဘူး”

“သူတို့က အသက်အတူတူလောက်ပဲဆိုတော့၊ အမှုပြီးသွားမှပဲ သူတို့နှစ်ယောက်ကို တစ်ခန်းထဲ အတူတူထည့်လိုက်ကြတာပေါ့၊ အဲ့လိုဆို ငါတို့လည်း အချိန်ကုန်သက်သာတယ်”

အိမ်ရှေ့စံမင်းသား မှုခင်းစီရင်ရေးဌာနကို ရောက်လာပြီးနောက်ပိုင်း၊ သူတို့ရဲ့ အမှုဖြေရှင်းသည့်နှုန်းမှာ အလင်းအလျှင်အတိုင်းပင်။ လတိုင်းလတိုင်း၌၊ ထောင်ထဲထည့်ခံရသည့် လူအသစ်များစွာရှိ၏။ သူ့တိုသာ အကျဉ်းထောင်ထဲကအခန်း‌ေတွကို ချွေတာမသုံးလျှင် လောက်ငှလိမ့်မည်မဟုတ်။

ပြစ်မှုများအရဆိုလျှင် သတ်ဖြတ်ခြင်းသည်သတ်တဲ့

သူရဲ့အသက်ဖြင့်ပေးဆပ်ရ၏။ အနှီသခင်မလေးမှာ သေဒဏ်ချမှတ်ခံရလောက်သည်။

သို့သော် သူတို့ဆောင်းဦးကုန်သည်အထိ သုံးလလေးလလောက်တောင် စောင့်ကြရမည်ပေ။

အနှီသခင်မလေးရဲ့ မိသားစုကသာပိုက်ဆံသုံးမယ်ဆိုလျှင် ပြစ်မှုအားပြေရာပြေကြောင်း လုပ်ပစ်လိုက်လို့ရသည်။သို့သော် သေဒဏ်သည် အကြီးလေးဆုံး ပြစ်ဒဏ်ဖြစ်ရာ ငွေကုန်ကြေးကျ ပိုများပေလိမ့်မည်။ သေဒဏ်ကို ပယ်ဖျက်နိုင်လိုက်လျှင်တောင် ဘာမှအသုံးမဝင်။ အသက်ရှင်လျက် လွတ်မြောက်နိုင်မှာ မဟုတ်သလို သူတို့ရဲ့နေ့ရက်တွေက ပိုပြီးခက်ခဲလာရုံသာရှိသည်။

ယေဘုယျကျကျပြောရလျှင် မိုင်းတွင်းဆီပို့ပြီးအသေခံခိုင်းရတာထက် သိက္ခာရှိရှိ သေခိုင်းလိုက်တာကမှ ပိုကောင်းသေးသည်။

ဒါကြောင့် အသိုင်းအဝိုင်းကြီးသည့် မိသားစုက မိသားစုဝင်တစ်ယောက်သာ မှုခင်းစီရင်ရေးဌာနသို့ ဖမ်းခေါ်ခံလာရပါက သေဒဏ်နည်းလမ်းကိုသာ ညှိနှိုင်းဖို့ ငွေသုံးတတ်ကြသည်။

သူတို့ကို အပြင်ထုတ်ပြီး ခေါင်းဖျက်ကွပ်မျက်ခြင်းက အရှက်ရမည်ဖြစ်တာကြောင့်…

ဤသခင်မလေး၏ ဖခင်သည်လည်း သူမကို အကျဉ်းထောင်ထဲမှာရှိနေတုန်း သေစေဖို့အရေးကိုသာ ငွေသုံးပြီးညှိနှိုင်းလိမ့်မည်။ ဒါဆိုလျှင် သူတို့လည်း စိတ်ပူနေစရာမလိုတော့ပေ။

•••••

အခန်း ၈၀၄။ မင်းအဲဒီနေရာကိုရောက်ရင် တံတားကိုဖြတ်ရလိမ့်မယ်။

ထောင်စောင့်သည် သုန့်ရှီးယွင်အား‌ သော့ပိတ်လိုက်ပြီးသည်နှင့် ထွက်သွားခဲ့၏။

သုန့်ရှီးယွင်မှာ မကောင်းဆိုးဝါးဝိဉာဉ်များအား ခပ်ရေးရေးမြင်နေရဆဲဖြစ်တာကြောင့် ‌စူးစူးဝါးဝါးအော်ဟစ်ငိုယိုနေလေရာ အနားတစ်ဝိုက်မှအခန်းထဲမှလူများအား စိတ်ဒုက္ခပေးနေခဲ့သည်။

မျက်မြင်သက်သေနှင့် သက်သေပစ္စည်းများကို မှတ်တမ်းတင်ပြီးသွားသည်နှင့် အထောက်အထားစာရွက်စာတမ်းများအား တစ်ခုပြီးတစ်ခု တင်ပြခဲ့သည်။ ရာထူးအကြီးဆုံးအရာရှိကနေ တံဆိပ်တုံးထုပေးလိုက်ပြီဖြစ်၍ သုန့်ရှီးယွင်ကို ပြဏ်ဒဏ်ချမှတ်လိုက်လေပြီ။

အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်းကို

ဆောင်းဦးမှာ ပေးဆပ်ရတော့မည်။

အမှုအား ပိတ်သိမ်းလိုက်သည်နှင့်ထောင်စောင့်များသည် သုန့်ရှီးယွင်အား အမျိုးသမီးအကျဉ်းထောင်သို့ ရွှေ့ပြောင်းပေးခဲ့ကြသည်။

နှစ်ရက် ကုန်ဆုံးသွားပြီဖြစ်၏။ သူမရဲ့မျက်လုံးများက ပိုပြီးကြည်လင်လာသလို မကောင်းဆိုးဝါးဝိဉာဉ်များကိုလည်း ထပ်ပြီးမမြင်ရတော့။ ဒါကြောင့် သူမအရင်ကထက်ပိုပြီး စိတ်အခြေနေကောင်းနေခဲ့သည်။

သူမ အကျဉ်းခန်းထဲသို့ စိတ်လှုပ်ရှားစွာဖြင့် ဝင်သွား၏။

ဆံပင်ဖရိုဖရဲဖြစ်နေသည့် အမျိုးသမီးတစ်ယောက် အခန်းထဲမှာ ငုတ်တုတ်ထိုင်နေသည်။ သူမရဲ့ဆံပင်များက မျက်နှာကိုဖုံးနေသလို လှုပ်ရှားမှုလည်း လုံးဝမရှိ။ မကြာခင်သေရတော့မည့်လူတစ်ယောက်

အလား။

“ကျ-ကျွန်မ တခြားအခန်းကို ပြောင်းလို့ရမလား” သူမ တကယ်ကိုကြောက်နေခဲ့တာပင်။

“နင် တော်တော်သတ္တိရှိနေတယ်ပေါ့၊ ဘာတွေတောင်းဆိုချင်နေသေးတယ်လဲ၊ နောက်ထပ်တစ်ခန်းမရှိတော့ဘူး။ ဒီတစ်ခန်းပဲရှိတယ်။ နင် မကြိုက်ဘူးဆိုရင်လည်း မြက်ခြောက်တွေနဲ့ ကြိုးထုံးလုပ်ပြီး ကိုယ့်ဟာကိုယ် အဆုံးစီရင်လိုက်တော့!”

အမျိုးသမီးထောင်စောင့်က ခနဲ့၍ပြောဆိုကာ ထွက်သွားတော့သည်။

သူတို့အကုန် ရာဇဝတ်သားတွေ၊ သေဖို့ပဲတန်တယ်။

သုန့်ရှီးယွင်တစ်ယောက် တုန်ယင်နေခဲ့ပြီး အခြားတစ်ဖက်ခြမ်းမှာ သွားပုန်းနေခဲ့သည်

ဆံပင်ဖရိုဖရဲနှင့် မိန်းကလေးက ခေါင်းမော့ကြည့်လာ၏။

ထိုမျက်လုံးများကနေ အလင်းရောင်တချို့ရောင်ပြန်ဟပ်နေတာကို သုန့်ရှီးယွင်ခပ်ရေးရေးမြင်နေရသည်။ ၎င်းတို့က ခြောက်ခြားစရာပင်။ သူမ သတ္တိမွေး၍ “ငါ့-ငါ့အဖေက အရာရှိတစ်ယောက်။ သူသေချာပေါက် ငါ့ကိုလာကယ်မှာ။ သူ-သူ မကယ်နိုင်ဘူးဆိုရင်တောင်၊ သူ ပိုက်ဆံသုံးမှာပဲ၊ ငါ့ကို မသေခိုင်းလောက်ဘူး၊ သူ-သူတစ်ခုခုပို့ရင်.. ငါ နင့်ကို နည်းနည်းပေးမယ်လေ…”

သူမ ဒီလိုမျိူး အဆုံးသတ်ရမယ်ဆိုတာကိုအခုထိ မယုံကြည်နိုင်သေး။

နည်းလမ်းတစ်ခုကတော့ရှိမှာ!

သို့သော်၊ ထိုမိန်းကလေးက မတ်တပ်ထရပ်လိုက်၏။

သူမက နတ်ဆိုးဝိဉာဉ်တစ်ကောင်လို၊ ဆံပင်တို့က ဖိုသီဖတ်သီနှင့် ခန္ဓာကိုယ်ကလည်း မနှစ်မြို့စရာ အနံ့တို့ထွက်နေလျက်။ သူမ တစ်လှမ်းချင်းစီ လျှောက်လာခဲ့သည်။

“ အဲဒါနင်—နင်ပဲ!” ရုတ်ချည်းဆိုသလို သူမ တဟုန်ထိုးပြေးသွားတော့သည်။

သူမ သုန့်ရှီးယွင်ရဲ့လည်ပင်းကိုဖမ်းဆွဲ၍ ပါးစပ်ဟာက မျက်နှာကို ကိုက်ချပစ်လိုက်သည်။

“အားးး!”

ဤအကျဉ်းထောင်ထဲတွင်တော့ ဘယ်လိုအော်သံမျိုးကမှ အာရုံစိုက်ခံရလိမ့်မည်မဟုတ်ချေ။

အကျဉ်းထောင်ခန်းများထဲ၌ နေ့တိုင်းလိုလို တိုက်ခိုက်မှုတို့က ရှိတတ်စမြဲ။ ဒီနေရာမှာရှိနေကြသည့် အကျဉ်းသားများမှာ အသတ်ခံရတော့မည့် အကျဉ်းသားများ သို့မဟုတ် ကျန်ရှိတဲ့ဘဝတစ်လျှောက်လုံးထောင်ထဲမှာသာ အရိုးဆွေးရတော့မည့်သူများသာဖြစ်ကြ၏။သူတို့သည် ကြီးလေးသောပြစ်မှုများအတွက်ပြစ်ဒဏ်ချခံထားသူများဖြစ်ကြရာ သူတို့လုပ်ချင်တိုင်းကို စိတ်တိုင်းကျလုပ်နေကြသည်။

ဒါတင်မက နှစ်ပေါင်းများစွာ အကျဉ်းချခံထားရပြီးနောက် သူတို့ရဲ့စိတ်တွေဟာ ရန်လိုမှုများနှင့်သာ ပြည့်နေကြသည်။ ပြဿနာမရှာရလျှင်တောင် ခေါင်းထဲမှာ ကလိမ်ကကျစ်အကြံများနှင့် ပြည့်နေကြသူ

တွေချည်းသာ။

သိပ်တောင်မကြာလိုက်၊ သုန့်ရှီးယွင်ရဲ့ မျက်နှာမှာ ဆိုးဆိုးရွားရွားကို ပုံပျက်ပန်းပျက် ဖြစ်သွားခဲ့တော့သည်။

ထိုမိန်းကလေးရဲ့ ရယ်သံမှာ အန္တရာယ်ပြုတော့မည့်အလား “အခုတော့ နင်ငါလက်ထဲရောက်လာပြီ! နင်နဲ့တန်တယ်; ဟားဟားဟား, နင်နဲ့တန်တယ်!”

“ငါလေ ‌နေ့တိုင်းညတိုင်း နင့်အကြောင်းပဲတွေးနေခဲ့တာ။ ငါ နင့်အကြောင်းကိုတွေးနေတာ တော်တော်ကြာပြီ။ငါ အဲ့တုန်းက ပထမနေရာမရခဲ့တာ ‌နောင်တရတယ် ငါ ဘာလို့များ အဲ့တုန်းက နင်အသုံးချတာခံခဲ့ရတာလဲ”

“ ဒါပေမဲ့ ငါ ဘယ်လောက်ပဲနောင်တရနေပါစေ၊ အသုံးမှမဝင်တာ။ လက်စားချေလို့လည်း မရသလို

ဒေါသလည်း ထွက်လို့မရခဲ့ဘူး။ အဲဒါကြောင့်မို့လို့ ငါနင့်ကို တစ်နေကုန်လုံး ကျိန်ပဲ ကျိန်ဆဲနေခဲ့ရတာ၊ ကြည့်ရတာ နတ်ဘုရားက ငါပြောနေတာတွေ ကြားသွားတယ်ထင်တယ်”

“ဟား! သေဒဏ်! နင်က သေဒဏ်ကျ အပြစ်သားဆို!”

“...”

အသံသည် အက်ရှကြမ်းတမ်းနေကာ အချိန်အကြာကြီး ထိန်းချုပ်ခံနေရသည့် မီးတောင်တစ်ခုအလား။ အရှိန်အဟုန်ပြင်းသည့် မီးတောက်များက သုန့်ရှီးယွင်ကို ဝါးမျိုပစ်နိုင်လောက်သည်။

သို့သော် သုန့်ရှီးယွင်မှာ သူမရှေ့မှာရှိနေသည့်သူက ဘယ်သူလဲဆိုတာကို မမှတ်မိသေး။ သူမဘယ်တုန်းကများ အကျဉ်းထောင်ထဲကလူကို ဆန့်ကျင်ခဲ့မိလဲဆိုတာ မသိခဲ့ချေ။

သူမ အရိုက်ခံရသလို၊ အကိုက်လည်းခံရသည်။ ကန်ကျောက်ခြင်းလည်း ခံခဲ့ရသည်။ နှစ်ရက်လုံးလုံး နာကျင်ခံစားရပြီးသည့်နောက်မှာတော့ သူမ ဘယ်သူလဲဆိုတာ မှတိမိသွားခဲ့လေပြီ–ရှားယာ့ယွင်။

ရှားယာ့ယွင်လိုလူမျိုးရဲ့ လက်ထဲရောက်ရလိမ့်မယ်လို့ တစ်ခါမှ တွေးတောင်မတွေးကြည့်ခဲ့ဖူးချေ။

သူမ ဒီလိုဖြစ်‌နေလိမ့်မယ်လို့လည်း စိတ်တောင်မကူး‌ဖူး…

ရှားယာ့ယွင်

အကျဉ်းကျနေတာ ဘယ်လောက်တောင်ကြာနေပြီလဲ?

သူမကရော?

အခုချိန်၌ သုန့်ရှီးယွင်ခမျာ လုံးဝကို လက်မှိုင်ကျသွားခဲ့လေပြီ။

•••••

All Chapters