← Chapters

အခန်း (၈၀၅-၈၀၈)

Vol. 42 Ch. 805-808

အခန်း (၈၀၅-၈၀၈)

Vol. 42 Ch. 805-808

အခန်း ၈၀၅။ မင်းပြောတာတွေ ငါ နားမလည်ဘူး

မှောင်မိုက်နေသည့် အကျဉ်းထောင်အတွင်း၌

အပြင်ကို အလုပ်လုပ်ဖို့အတွက် ဆွဲထုတ်သွားခံရတာမှမဟုတ်လျှင် နေ့အလင်းရောင်ကိုမြင်နိုင်ဖို့ရာခဲယဉ်းလှ၏။

ရှားယာ့ယွင်သည် သူမကိုဒုက္ခရောက်‌စေခဲ့တဲ့လက်သည်ကို ရှာတွေ့နေ့ပြီဖြစ်ရာ ဘယ်လိုလုပ်ပြီး လွယ်လွယ်နဲ့လွှတ်ပေးနိုင်တော့မည်နည်း။ သုန့်သခင်မလေးရဲ့ အရှေ့၌ သူမဟာ အရူးမတစ်ယောက်ပမာ ဖြစ်ခဲ့ရသည်။ အခွင့်အရေးရလာတာနဲ့ သူမခံစားခဲ့ရတဲ့ အရှက်ကွဲမှုတိုင်းကို ပြန်ပေးဆပ်ရအောင် လုပ်မှာ!

အကျဉ်းခန်းများအတွင်း၌ နာကျင်မှုကြောင့် အော်ဟစ်သံများမှာ နေ့တိုင်းနီးပါး ကြားနေရသည်။

တစ်ခါတစ်လေ ‌ရန်ဖြစ်လိုစိတ်ကြွလာတဲ့အချိန်ဆိုလျှင် နှစ်ယောက်သားက တစ်ယောက်ကိုတစ်ယောက်ဆွဲပြီး နပမ်းလုံးနေတတ်ကြသည်။

သုန့်မိသားစုဘက်မှာတော့ ထောင်စောင့်ပြောခဲ့သည့်အတိုင်း အခြေနေကိုနည်းနည်းလောက်ပဲဖြစ်ဖြစ် အဖတ်ဆယ်နိုင်ရန်အတွက် ငွေတချို့သုံးခဲ့သည်။ ဆောင်းဦးကုန်လို့ ခေါင်းဖြတ်ကွပ်မျက်သည့်အခါ သူမရဲ့ ခေါင်းကို အဝတ်နှင့် ဖုံးထားမည်ဖြစ်၏။ သူမ အကျဉ်းထောင်ထဲမှာ သေသွားခဲ့လျှင်လည်း သူမရဲ့အလောင်းကိုကောက်ပေးဖို့ ထောင်စောင့်များအား ဒုက္ခပေးရလိမ့်မည်။

သူမ သေသွားတာကို ဂရုမစိုက်ဘဲနေတာတော့မဟုတ်ခဲ့ပေ။

နောက်ဆုံး၌ သုန့်ရှီးယွင်ခမျာ ကွပ်မျက်သည့်နေ့မ

ရောက်ခင်ထိတောင် မရှင်သန်နိုင်ခဲ့ချေ။

ကွပ်မျက်မခံရခင် ရက်ပိုင်းလောက်အလို၌ ရှားယာ့ယွင်ဆီကနေ လည်ပင်းညှစ်ခြင်းကိုခံခဲ့ရကာ အသက်ရှုကျပ်ပြီး သေဆုံးသွားခဲ့ရသည်။

သူမ သေပြီးပြီးချင်း မကောင်းဆိုးဝါးဝိဉာဉ်ဖြစ်လာခဲ့၏။ သူမကို ဒုက္ခပေးခဲ့ကြသည့် ရှဲ့ချောင်၊ ဆရာမော့နှင့် ရှားယာ့ယွင်တို့ကို လက်စားပြန်ချေနိုင်တော့မယ်လို့ ထင်လိုက်သော်လည်း သူမရဲ့ဝိဉာဉ်က ချက်ချင်း ပျောက်ဆုံးသွားခဲ့ရသည်။

ဤနေရာသည် မှုခင်းစီရင်ရေးဌာနဖြစ်၏။

မရေမတွက်နိုင်သည့် လူများစွာသည် ‌ဤနေရာတွင်သေဆုံးခဲ့ကြကာ သူမရဲ့ဝိဉာဉ်ထက် ပိုပြီးအင်အားကြီးတဲ့ဝိဉာဉ်များရှိကြသလို အရာရှိများ၏ ဖိအား

ကြောင့် သူမရဲ့ဝိဉာဉ်က ပြောရလောက်အောင် အစွမ်းမရှိခဲ့။

သို့သော်လည်း ဝိဉာဉ်များကြားက အချင်းချင်း ပြန်လည်စားသုံးခြင်းကတော့ ရပ်တန့်မသွားခဲ့ချေ။

သူတို့သည် အသက်ရှင်တုန်ကလည်း တိုက်ခိုက်ကြသလို သေဆုံးသွားတော့လည်း တိုက်ခိုက်နေကြဆဲ။ စွဲလမ်းမှုတစ်စုံတစ်ရာမှမရှိသည့် မကောင်းဆိုးဝါးဝိဉာဉ်များက မြန်မြန်ပြေးနိုင်ကြ၏။ သူတို့သည် မျက်စိတစ်မှိတိစာအတွင်း ထွက်ပြေးကနေ ဒုက္ခတွင်းကနေ လွတ်မြောက်နိုင်ကြသည်။

တခြားသူများအတွက်ကတော့၊ သူတို့ရဲ့ ဝိဉာဉ်ကျန်ရှိနေသေးတယ်ဆိုလျှင်တောင်၊ ဤနေရာကနေ ထွက်ပြေးလွတ်မြောက်နိုင်ကြလိမ့်မည်မဟုတ်။ နောက်ဆုံး၌ ယောင်ချာချာဖြစ်ကုန်ကြကာ သူတို့ကိုယ်သူတို့ ဘယ်သူလဲဆိုတာတောင် မသိကြတော့။ သူတို့ဘယ်အချိန်ကစပြီး နောက်ကျိနေတဲ့စွမ်းအင်

ပုံစံအဖြစ်ပြောင်းသွားရသလဲ မသိကြသလို ပုံစံအတိအကျရယ်လို့တောင်မရှိကြချေ။ ဟင်းလင်းပြင်တစ်ခုပမာပင်။

….

သုန့်ရှီးယွင်ဆိုသည့်နာမည်သည် တော်ဝင်ကျောင်းတော်၌ တားမြစ်ချက်တစ်ခုပင်ဖြစ်လာခဲ့သည်။

အဆုံးအဖြတ်ပြုသည့်နေ့ကဆိုလျှင် ကျောင်းတော်က ရှိရှိသမျှ လူတိုင်း ဆွံ့အသွားကြရသည်။

မြို့တော်ရဲ့ နံပါတ်တစ်ပါရမီရှင် သုန့်ရှီးယွင်ဆိုတာကို မသိတဲ့သူ ဘယ်သူရှိလို့လဲ?

သူမသည် ကြင်နာပြီး မြင့်မြတ်တဲ့သူတစ်ယောက်ဖြစ်ရုံမက သိက္ခာရှိပြီး အရည်အချင်းအပြည့်ရှိသူတစ်

ယောက်ဖြစ်သည်။ စတုတ္ထမင်းသားနှငိ့ သူမရဲ့ ‌မင်္ဂလာပွဲ ပျက်သွားသည့်အချိန်ကဆိုလျှင် သုန့်ရှီးယွင်အတွက်စိတ်မကောင်းဖြစ်ပေးနေကြသူများတောင်ရှိကြ၏။ သူမ စိတ်ဖောက်ပြန်သွားသည်ဟု ကြားတုန်းကတောင်မှ ဂရုဏာသက်ပေးနေကြသေးသည်။

မမျှော်လင့်ထားခဲ့သည်က

သူမဟာ အလှလေးတစ်ယောက်ဟု ထင်ခဲ့ပေမဲ့ ယုတ်မာရက်စက်တဲ့သူတစ်ယောက် ဖြစ်နေတာကိုပင်။

သနားစရာကောင်းလိုက်တဲ့ ဒုတိယသခင်မလေးသုန့် ဘာအပြစ်မှမရှိတဲ့သူမက အဖြစ်ဆိုးနဲ့ သေသွားခဲ့ရတယ်။

ပျိုနီပန်းခြံဝန်း၏ ဂုဏ်သရေမှာ သိသိသာသာကြီးကို ကျဆင်းသွားခဲ့ရသည်။

ချီဟွိုက်သည်လည်း အတူတူပင်။ ထိုနေ့က သုန့်ရှီးယွင်ကိုမြင်ပြီး ထွက်ပြေးလာရခဲ့ရာကနေ အိမ်ပြန်ရောက်ကတည်းက နေမကောင်းဖြစ်နေခဲ့၏။ သူ အခုထိ အပြင်ကို မထွက်လာနိုင်ခဲ့သလို အပြင်ထွက်ဖို့ကိုလည်း ရှက်ရွံ့နေမိခဲ့သည်။

ဒီလို ရှုပ်ထွေးနေတဲ့ အခြေနေကြီးမှာတောင် တော်ဝင်ကျောင်းတော်က စာမေးပွဲကျင်းပခဲ့၏။

“‌ညီ‌လေး မင်းရဲ့အစ်မက ဒီတစ်ခေါက်စာမေးပွဲအတွက် အမျိုးသမီးကျောင်းတော်က နာမည်အကြီးဆုံးအနိုင်ရနိုင်ချေရှိတဲ့သူနော်..”

ချူကျန်းမှာ ပဟေဠိဖြစ်နေ၏။

ဤကလေးသည် သူ့ရဲ့အကြီးဆုံးအစ်မအကြောင်း ကြွားဝါပြောဆိုလေ့ရှိ၏။

သူမက ကြည့်ကောင်းတဲ့သူတစ်ယောက်ဟု အမြဲတမ်းပြောတတ်သည်။

အခုတလော သူ့အစ်မအကြောင်းကိုသိပ်ပြီးမပြောသလို သူရဲ့စာလေ့လာမှုသာ ဝီရိယရှိနေလေသည်။ သူ့အစ်မအကြောင်း ပြောလိုက်တဲ့အချိန်တိုင်း ရှဲ့ဖင်းဟွိုက်သည် သူ့စကားမဆုံးခင်မှာ‌တင် ဒေါသထွက်နေသည်။

ထူးဆန်းလိုက်တာ!

တကယ်တော့… ရှဲ့ချောင်သည် ရှဲ့ဖင်းဟွိုက်ကို ဒီလောက်အကြာကြီး ဖုံးကွယ်ထားနိုင်လိမ့်မယ်လို့ မထင်ထားခဲ့။

ရက်ပိုင်းလောက်သာကြာလိမ့်ဟု ထင်ထားပေမဲ့ ဒီ

ကလေးက အရမ်းကိုမှ လိမ္မာရေးခြားရှိသွားခဲ့၏။ သူတခြားသူတွေနဲ့လည်း စကားမပြောသလို လျှောက်ပတ်သွားနေတာမျိုးလည်းမရှိ။ ဆရာရှောင်းဆီမှာနေပြီး စာပေလေ့လာတာ ဒါမှမဟုတ် အိမ်ပြန်ပြီး ကိုယ်ခံပညာလေ့ကျင့်နေတာမျိူးသာ လုပ်တတ်သည်။ အမှန်တရားကို ရှာတွေ့နိုင်မယ့် အခွင့်အရေးလေးတစ်ခုတောင်မရှိခဲ့။

“ မင်း ခုနကဘာပြောလိုက်တာလဲ?” ရှဲ့ဖင်းဟွိုက် မျက်မှောင်ကြုတ်လိုက်၏။ “မင်းပြောလို့ပြီးပြီလား။ ငါ့အစ်မ မရှိတော့ဘူးဆိုတာ သိရဲ့သားနဲ့‌တောင် မင်းက ဒီစကားတွေပြောထွက်တယ်ပေါ့။ ဘာလဲ မင်းက အရိုက်ခံချင်နေတာလား?”

ရှဲ့ဖင်းဟွိုက်သည် သူ့ကိုယ်သူ အင်မတန်မှ သည်းခံတတ်သည့်သူဟုထင်နေမိသည်။

သူ လိမ္မာရေးခြားရှိစေဖို့သင်ယူရမည်သု သူ့အစ်မပြောခဲ့သည့်အတွက် သူ့ရဲ့ဆရာတူအစ်ကိုတွေကို မ

ရိုက်မိ‌စေရန် အတတ်နိုင်ဆုံး ရှောင်ခဲ့သည်။ သူ့အစ်မသာ သိသွားလျှင် စိတ်မသက်မသာဖြစ်နေမှာစိုး၍ပင်။

ဒါပေမဲ့ ဒီ ချူကျန်းက အရှက်ကိုမရှိဘူး! လွန်သွားပြီ!

“ မဟုတ်သေးဘူးလေ… မင်းဘာလို့ ငါ့ကိုလာအော်နေတာလဲ။ မင်းခုနက ဘာပြောလိုက်တာ?! မင်းအစ်မ? ငါ ဘာလို့ မင်းပြောနေတာတွေကို နားမလည်ရတာလဲ” ချူကျန်းတစ်ယောက် ဇဝေဇဝါဖြစ်နေခဲ့လေသည်။

•••••

အခန်း ၈၀၆။ စာမေးပွဲ

ရှဲ့ဖင်းဟွိုက်တစ်‌ယောက် ဝုန်းဒိုင်းကြဲတာရပ်သွားလောက်ပြီဟု ချူကျန်းထင်ခဲ့၏။ ဘာလို့ အခုထိမရပ်နိုင်သေးရတာလဲ?

ဒီတလောသူကြိုးစားပမ်းစားနဲ့ လုပ်နေတာကြောင့်သာ မဟုတ်ရင် ဆရာတူအစ်ကိုတစ်ယောက်အနေနဲ့ သင်ခန်းစာပေးပြီနေလောက်ပြီ!

“ မင်းမှာ ဦးနှောက်မရှိဘူးလား၊ ဒီလောက်ရှင်းနေတဲ့ စကားကိုတောင်နားမလည်နိုင်ဘူးပေါ့? ငါမင်းနဲ့ စကားမပြောချင်ဘူး” ရှဲ့ဖင်းဟွိုက် စိတ်ဆိုးဆိုးနှင့် ပြောလိုက်လေသည်။

ချူကျန်းသည်လည်း ဒေါသထောင်းခနဲထွက်သွားခဲ့၏။

“ရှဲ့ဖင်းဟွိုက်! ငါက မင်းရဲ့ဆရာတူအစ်ကိုနော်! ရိုသေမှုလည်း မရှိ၊ စည်းမျဉ်းတွေလည်း တစ်ခုမှမသိပါလား။ ငါက‌တော့ မင်းရင့်ကျက်လာပြီလို့ထင်နေတာ၊ ဒီလိုမျိုး ရမ်းကားနေလိမ့်ဦးမယ်လို့ မထင်ထားဘူး”

ရှဲ့ဖင်းဟွိုက် သူ့ကိုစိုက်ကြည့်လိုက်၏။

ရမ်းကားတဲ့သူက ဘယ်သူလဲ?

ချူကျန်းက သေပြီးတဲ့လူအကြောင်းကိုပဲ ပြန်အစဖော်နေတဲ့အပြင်ကို သူ့ရဲ့ ဒဏ်ရာပေါ်ဆားဖြူးနေတာလေ!

“တော်လိုက်တော့” ရှဲ့ဖင်းဟွိုက် ရန်မူနေခဲ့သည်။

ချူကျန်းသည် သိမ်မွေ့သူတစ်ယောက်ဖြစ်ကာ တော်ရုံ အချင်းများလေ့မရှိတတ်။ အခုချိန်မှာတော့ သူ ရှဲ့ဖင်းဟွိုက်ကို အလွန်ဒေါသထွက်နေတာကြောင့် အင်္ကျီလက်ကို ခါပြီးထွက်သွားခဲ့လေသည်။

ယနေ့စာမေးပွဲအတွက် ကျောင်းတော်ထဲ၌ ပုံမှန်နှင့်မတူအောင်ကို တိတ်ဆိတ်နေ၏။ စာမေးပွဲသည် အင်မတန်အရေးကြီးတာကြောင့် ဖြေဆိုမည့်သူအားလုံးနီးပါးလည်း စိတ်လှုပ်ရှားနေကြ၏။ ကျောင်းသားတိုင်း လက်ထဲမှာ စာအုပ်ကိုယ်စီဖြင့်။

ရှဲ့ချောင်၏ မင်္ဂလာပွဲသည် နှစ်ဝက်ကျော်လောက်လိုသေးတာကြောင့် ကျောင်းကနေထွက်ဖို့ အလျင်လိုမ

နေခဲ့။ သို့သော် ဤစာမေးပွဲကတော့ သူမအတွက် နောက်ဆုံးအရေးကြီးသည့် စာမေးပွဲဖြစ်နေခဲ့သည်။

နောက်ပိုင်း သူမ လက်ထပ်ပြီးသွားလျှင်တောင်မှ ကျောင်းတော်ကိုလာပြီး စာဖတ်လို့ရသေးသည့်အတွက် ရှဲ့ချောင် ပျော်နေမိ၏။

ယခင်စည်းမျဉ်းများအရ သူမ စာမေးပွဲရှစ်ခုဖြေဆိုဖို့တောင် စာရင်းသွင်းထားခဲ့သည်။

ဤစာမေးပွဲများသည် သူမအတွက် အခက်အခဲသိပ်ပြီးမရှိလှ။ စောစောဖြေဆိုပြီးသည်နှင့် အဖြေလွှာစာရွက်ကိုအပ်ကာ ကြမ္မာဥယျာဉ်သို့ ချက်ချင်းပြန်သွားလို့ရသည်။

နောက်ပြီး…

သူမအသက်ရှင်နေသေးသည်ဆိုသည့် သတင်းကဆက်ပြီးဖုံးကွယ်ထားလို့ရလောက်တော့မည်မဟုတ်။

သူမရဲ့ ရူးမိုက်တဲ့မောင်လေး၏ ဒေါသကိုခံနိုင်ရည်ရှိနိုင်ဖို့ ပြင်ဆင်ထားရလိမ့်မည်။

သူမ စိုးရိမ်နေမိသည်။ အဲ့ကလေး ဒေါသထွက်ပြီး သူမကို နှစ်ပိုင်းပိုင်းပစ်မှာတော့ မဟုတ်ဘူးမလား?

ကျောင်းတော်၏ စာမေးပွဲကို သုံးရက်ဆက်တိုက်ကျင်းပမည်ဖြစ်၏။ ပျိုနီပန်းခြံဝန်းပဲဖြစ်ဖြစ် ကြွေပန်းခြံဝန်းပဲဖြစ်ဖြစ် အားလုံး ပါဝင်ဖြေဆိုကြရ

မှာပင်။ ထို့ကြောင့် တည်တင်းနေသည့် လေထုအနေထားကြီးက ရက်ပေါင်းများစွာ ကြာမြင့်ခဲ့လေသည်။

စာမေးပွဲပြီးသည်နှင့် အားလပ်ရက်ဖြစ်၏။ ကျောင်းတော်မှဆရာများက အဖြေလွှာစာရွက်များကို အမှတ်စစ်ကြသည်။ ကျောင်းသားများ အတွက်ကတော့ပြစ်ဒဏ်ချမှတ်မယ့်အရေးကို စောင့်ဆိူင်းနေရသည့် ခံစားချက်ကြီးပင်။

ကံကောင်းစွာဖြင့် ရလဒ်များက မြန်မြန်ဆန်ဆန်ထွက်လာခဲ့၏။၊

ရှဲ့ချောင်သည် သူမရဲ့အရည်အချင်းကိုသိနေတာကြောင့် ကျောင်းတော်ကိုသွားပြီး ရလဒ်ကိုစစ်ဆေးတာမျိူးမလုပ်ခဲ့။

ကျောင်းတော်အတွင်း၌၊ အသိပေးဆိုင်းဘုတ်အား လူပေါင်းများစွာ ဝိုင်းအုံကြည့်နေကြသည်။

“ရှဲ့သခင်မလေးက စာမေးပွဲရှစ်ခုလုံးမှာ ပထမနေရာရပြန်ပြီပဲ။ အရင်တစ်ခေါက် သူပထမရတုန်းက သူကံကောင်းသွားလို့ရတာ၊ တိုက်ဆိုက်တာပါလေဆိုပြီး ပြောနေကြတဲ့သူတွေရှိတယ်မလား၊ သူတို့ ဒီတစ်ခါတော့ ဘာမှပြောစရာရှိမှာ မဟုတ်တော့ဘူး”

“ သုန့်ရှီးယွင်ကတော့…” လူတစ်ယောက်က ပြန်အစဖော်လိုက်သည်နှင့် လူတိုင်းကသိကအောက်ဖြစ်စွာ ရယ်လိုက်ကြသည်။

သုန့်ရှီးယွင်ရှိစဉ်ကဆိုလျှင် ပျိုနီပန်းခြံဝန်းသည် လေအကျယ်ဆုံးဖြစ်ခဲ့၏။ ရှဲ့ချောင်သည် မြို့တော်၏

နံပါတ်တစ်ပါရမီရှင်မိန်းကလေးကို မယှဉ်နိုင်ဘူးဟု လူတိုင်းပြောခဲ့ကြသည်။

အခုတော့..

အရှက်မရှိပြောခဲ့တဲ့စကားများကကျစ်ရစ်နေသေးပေမဲ့ သူမကတော့ ထွက်သွားရချေပြီ။

သုန့်ရှီးယွင်က ကျောင်းသူကောင်းတစ်ယောက်ဖြစ်နေတော့ရော ဘာဖြစ်လဲ? သူ့ရဲ့ အကျင့်စရိုက်တွေက ဒီလောက်ထိဆိုးရွားနေတာ ရှဲ့သခင်မလေးကို ယှဉ်နိုင်မှာတဲ့လား?

သို့သော် လူတိုင်းအရေးတယူလုပ်နေကြသည်က စာမေးပွဲရှစ်ခု၏ ပထမနေရာမဟုတ်ဘဲ ခြံဝန်းနှစ်ခု၏ ရလဒ်စုစုပေါင်းဖြစ်လေသည်။

ရလာဒ်များကို မြင်လိုက်ရသည်နှင့် ပျိုနီပန်းခြံဝန်းကလူများ၏ နှလုံးသားမှာ အေးစက်သွားခဲ့ကြသည်။

အကြောင်းမှာ စုစုပေါင်းရလဒ်အရဆိုလျှင် သစ်ခွခြံဝန်းက ကျောင်းသားတော်တော်များများက ပျိုနီပန်းခြံဝန်းထက် သာလွန်နေတာကြောင့်ပင်။

လွန်ခဲ့တဲ့ လပိုင်းလောက်က ကြိုးစားအားထုတ်ခဲ့တာတွေကြောင့် သစ်ခွခြံဝန်းက ပျိုနီပန်းခြံဝန်းကို ယှဉ်နိုင်စေခဲ့တာလား?

ပျိူနီပန်းခြံဝန်းထက်သာလွန်နေသူ အများစုမှာ သစ်ခွခြံဝန်းမှ ကျောင်းသူများဖြစ်ကြ၏။ ကျောင်းသားများလည်း ရှိတယ်ဆိုသော်ငြား မိန်းကလေးတွေထက်တော့ နည်းနေသေးသည်။

နောက်ပြီး ပျိုနီပန်းခြံဝန်းသည် အတော်ဆုံးဆိုသည့်

ကျောင်းသားများကိုသာ ရွေးချယ်ထားခြင်းဖြစ်ရာ လပိုင်းလောက်နဲ့ သူတို့ကို ကျော်နိုင်ဖို့ဆိုတာ တကယ်ခက်ခဲပေသည်။

သို့သော် ချွင်းချက်အနည်းငယ်တော့ရှိခဲ့၏။ ကျောင်းသားအများစုအတွက် ဒီလောက်နဲ့တင် စိတ်လှုပ်စရာကောင်းနေပြီဖြစ်သည်။

သစ်ခွခြံဝန်းမှာကျောင်းသားများမှာ အခုဆိုလျှင် သင်ယူလိုစိတ်ပိုလို့တောင် ပြင်းထန်လာကြပေမဲ့ ပျိုနီးပန်းခြံဝန်းကလူများအတွက်ကတော့ ကပ်ဘေးကြီးတစ်ခုပမာပင်။

သစ်ခွခြံဝန်းမှ ရှဲ့ချောင်၏ အဆင့်က ပိုလို့တောင် မြင့်သေးသည်။ ဖန်းမုရွှယ်နှင် တခြားသူများ၏ အဆင့်သတ်မှတ်ချက်များသည်ပင် အလွန်မြင့်နေကြ

ရာ မယုံကြည်နိုင်စွာဖြင့် ကြောင်ကြည့်နေရသည်အထိပင်။

•••••

အခန်း ၈၀၇။ အရူး

သူတို့လုပ်နိုင်လိမ့်မယ်လို့ တကယ်ကြီး မမျှော်လင့်ထားခဲ့ကြ။

“ဒီမှာကြည့်လိုက်…” ချင်လျို့၏ မျက်လုံးများမှာ အဆင့်သတ်မှတ်ချက်စာရင်းပေါ်တွင် ကပ်လို့နေလျက်။ နောက်ဆုံးတော့ အနိုင်ရရှိသူ၏ နာမည်ကိုသူမ မြင်သွားခဲ့ချိန် အနည်းငယ် အံ့ဩသွားခဲ့ရလေသည်။

လူနည်းစုသည်လည်း မှင်တက်ကုန်ကြ၏။ “ရှဲ့ရှီ? ရှဲ့ချောင်ရဲ့ ညီမလား? ရှဲ့ရှီက ပထမနေရာကိုရသွားတယ်တဲ့လား?”

သူတို့ရဲ့ မျက်နှာထက်မှာ မယုံကြည့်ခြင်းများအပြည့်

သူမက ဂီတဘာသာရပ်မှာ ပထမနေရာရသွားတာတဲ့လေ!

ထိုအတန်းကို လျှောက်ထားကြသည့်သူများမှာ သိပ်ပြီးမများသော်ငြား၊ ပထမနေရာကို ရယူဖို့အတွက် ထိုသို့သောမထင်မရှားဘာသာရပ်များကို သင်ယူတတ်သည့်သူများရှိလေရာ ပြိုင်ဆိုင်မှုက ပြင်းထန်ပေသည်။

ရှဲ့ရှီသည် ကြွေပန်းခြံဝန်းမှဖြစ်၏။ ကြွေပန်းခြံဝန်းမှ ကျောင်းသူများမှာ အသက်အရွယ်အားဖြင့် ငယ်‌ေသးသလို ဗဟုသုတလည်း သိပ်ပြီးမရှိကြသေး။ ရှင်းရှင်းပြောရမယ်ဆိုလျှင် သူတို့ဟာ ဖြတ်သွားဖြတ်လာ အဆင့်လောက်သာ—

တကယ်ကို မယုံကြည်ချင်စရာကောင်းနေတာပင်!

သို့သော် နာမည်စာရင်း၏ ရှေ့၌ တွေဝေစွာနှင့် ရပ်ကြည့်နေကာ ပိုပြီး မယုံကြည်နိုင်ဖြစ်နေခဲ့သည့် သူတစ်ယောက်ရှိ၏။

နာမည်များကိုကြည့်ရင်း သူ ဇဝေဇဝါလည်း ဖြစ်နေသလို အံ့လည်းအံ့ဩနေခဲ့သည်။

“ငါ့အစ်မနာမည်က ဘာလို့အဲ့မှာရောက်နေရတာလဲ” ရှဲ့ဖင်းဟွိုက်သည် သူ့ဘေးနားက လူတစ်ယောက်အားဆွဲ၍ နာမည်အားလက်ညှိုးထိုးပြရင်း မေးလိုက်သည်။

ထိုလူက ရှဲ့ဖင်းဟွိုက်ကိုမှတ်မိနေတာကြောင့် “အင်းလေ၊ မင်းအစ်မက စာမေးပွဲရှစ်ခုစလုံးမှာ ပထမနေရာရပြန်လို့မလား”

“မဖြစ်နိုင်တာ… ဘယ်လိုလုပ်ပြီး သေသွားတဲ့လူတစ်‌ယောက်က..” ရှဲ့ဖင်းဟွိုက် စကားစတစ်ဝက်နှင့်

ရပ်သွားခဲ့၏။ “သေစမ်း! အဲ့ လူယုတ်မာ ရှဲ့ဖင်းကန်း! ငါ့ကို လိမ်သွားတာ!”

သူ့ဘေးနားကလူမှာ ထိတ်လန့်သွားပြီး တစ်ခုခုပြောမလို့ လုပ်လိုက်ပေမဲ့ ရှဲ့ဖင်းဟွိုက်တစ်ယောက် လေအလျင်နဲ့ ပြေးထွက်သွားတတာကိုသာ မြင်လိုက်ရသည်။

သူသည် ကျောင်းတံခါးဝဆီ တန်းတန်းမတ်မတ်ပြေးလို့သွားကာခွင့်ယူရန်အတွက်ပင် တောင်းဆိုနေခြင်းမျိုးမရှိ။

ရှဲ့ဖင်းဟွိုက်၏ နှလုံးခုန်သံတို့မှာ မိုးကြိုးမုန်တိုင်းများအလား။ မြင်းလှည်းမောင်းသမားအား တောက်လျှောက်မောင်းနှင်သွားဖို့ကိုသာ တိုက်တွန်းနေခဲ့သည်။

သူ အိမ်ကိုပြန်ရောက်၍ အိမ်တော်ထိန်းကိုမြင်သည်နှင့် တရှိန်ထိုးပြေးသွားပြီး အိမ်တော်ထိန်းရဲ့အင်္ကျီစ

အား ဖမ်းဆွဲလိုက်၏။

“ ကျွန်တော့်အစ်မ ဘယ်မှာလဲ။ ခင်ဗျားသူ့ကို ဘယ်မှာဖွက်ထားတာလဲ။ ခင်ဗျား ကျွန်တော့အစ်ကိုကြီးနဲ့ပေါင်းပြီး ကျွန်တော့်ကို လိမ်ခဲ့တာမလား”

အိမ်တော်ထိန်း၏ မျက်နှာထား အနည်းငယ် ပြောင်းသွားကာ သူ စိတ်သက်သာရာရသွားခဲ့၏။

နောက်ဆုံးတော့ ဒီရူးမိုက်တဲ့ဒု‌တိယသခင်လေး သိသွားခဲ့ပြပီပဲ!

သူတို့မှာ နေ့ရက်တိုင်းလျို့ဝှက်ချက်ကို ထိန်းသိမ်းပြီးနေခဲ့ရကာ အမှန်တရားကိုထုတ်မပြောရဲခဲ့။ ပထမသခင်မလေး တကယ်ကြီးသေသွားပြီလို့‌တောင် တွေးမိကြသည်။

ပင်ပန်းတယ်!

ဒုတိယသခင်လေးကိုတွေ့သည်နှင့် ဝမ်းနည်းချင်ယောင်ဆောင်ပြရတာလည်း အမော! စိတ်ပင်ပန်းစရာ!

“ ကျ-ကျွန်တော်လည်း မသိပါဘူး၊ ပထမသခင်မလေးကို မတွေ့ဖြစ်တာ တော်တော်ကြာနေပြီ…”

သူပြောတာတွေအကုန် အမှန်တွေချည်းပဲ!

ပထမသခင်မလေး သေချင်ဟန်ဆောင်ပါပြီဆိုကတည်းက အိမ်ကနေပါ ထွက်သွားခဲ့တာလေ!

မနေ့ကလေးတင် ချွင်းအာက ပြောဆိုနေသေး။ သခင်မလေးခ‌မျာ ဒုတိယသခင်လေးကြောင့် အိမ်ကိုပြန်မလာရဲတာတဲ့! ဘယ်လောက် သနားစရာကောင်းလိုက်လဲ!

“ ခင်ဗျား လိမ်နေတာ၊ ကျုပ်ကို ပြော! ကျုပ်အစ်မ ဘယ်မှာလဲ! မဟုတ်လို့ကတော့ ခင်ဗျားကို မီးရှို့ပစ်မယ်မှတ်! ရှဲ့ဖင်းဟွိုက်မှာ ဒေါသကြောင့် ပေါက်ကွဲထွက်လုနီးနီး။

အိမ်တော်ထိန်းသည် ခဏ စဉ်းစားလိုက်၍

“ သခင်လေး သူ့ကို … ကြမ္မာဥယျာဉ်မှာသွားရှာကြည့်ရင်ရော? ပထမသခင်မလေးကို အဲ့ကိုမကြာမကြာသွားတတ်တာဆိုတော့ အဲ့မှာ ရှိရင်…..”

သူတောင်စကားမဆုံးသေး၊ ရှဲ့ဖင်းဟွိုက်က ထွက်သွားနှင့်လေပြီ။

သူ ကြမ္မာဥယျာဉ်သို့ရောက်သွားခဲ့သည်။ ရှဲ့ချောင်သည် အပေါ်ထပ်မှာရှိနေစဉ် ဆူညံသံများကို ကြားလိုက်ရ၏။

သူမ ခြံအနောက်ဘက်သို့သွား၍ ရှဲ့ချောင်ရဲ့အဝတ်အစားများကို ပြောင်းဝတ်လိုက်ပြီးမှ ရူးမိုက်တဲ့မောင်လေးကို သွားတွေ့ခဲ့သည်။

“မောင်လေး.. မတွေ့တာတောင် ကြာပြီ၊ အ-အစ်ကိုကြီးကို အစ်မကို အိမ်မပြန်ခိုင်းဘူး…” ရှဲ့ချောင်သည် ရင်ဘတ်လေးကိုအုပ်၍ ထွက်လာခြင်းဖြစ်ရာ အင်မတန် သနားစရာကောင်းသည့်ပုံပေါ်လေသည်။

ရှဲ့ဖင်းဟွိုက်မှာ အစက ဒေါသထွက်နေသည့်တိုင် သူ့အစ်ရဲ့ပုံမှန်မဟုတ်တဲ့သွင်ပြင်ကို မြင်လိုက်ရတာကြောင့် သူ့ဒေါသကို ဘယ်သွားပြီး ပုံချရမယ်မှန်းမသိတော့ချေ။

“အ-အစ်မ အသက်ရှင်နေသေးတယ်ဆိုတာ ဘာလို့ကျွန်တော့်ကို မပြောခဲ့တာလဲ”

“အာ?! အစ်မသေသွားပြီဆိုပြီး အစ်ကိုကြီးက

ပြောထားတာလား” ရှဲ့ချောင် အံ့ဩသွားသည့်ပုံဖြင့်။ “ဒါတော့ သူလွန်သွားပြီ! အစ်မ အသက်ရှင်နေသေးတာဆိုတာအသိသာကြီးကို ဘာလို့များ သေသွားပြီဆိုပြီးပြောထွက်ရတာလဲ၊ မဖြစ်ဘူး၊ ဒီကိစ္စ သူနဲ့စာရင်းရှင်းမှရမယ်”

ရှဲ့ချောင်က ပြောပြောဆိုဆိုနှင့် အရှေ့ကိုလျှောက်သွားခဲ့သည်။

သို့သော် သူမခြေနှစ်လှမ်းလောက်သာလျှောက်ရုံရှိသေး၊ သူမ နားထင်ကိုပွတ်ကာ အားနည်းသည့်ပုံဖြစ်သွားခဲ့၏။

“မဖြစ်သေးပါဘူး၊စာမေးပွဲပြီးတာသိပ်မကြာသေးဘူး။ ငါ့ရဲ့ အားအင်တွေ သုံးလိုက်ရတော့ ပင်ပန်းနေပြီ… နောက်ထပ်ရက်နည်းနည်းလောက်နားပြီးတော့မှပဲ.. သူ့ကိုပြဿနာသွားရှာတော့မယ်…မဟုတ်ရင် သူ တစ်ချက်လောက်ပုတ်လိုက်ရုံနဲ့တင် လဲသွားလိမ့်မယ်”

•••••

အခန်း ၈၀၈။ အိုနေသောအရိုးများ

ရှဲ့ချောင် ရင်ဘတ်ကိုဖိဆုပ်လို့ထားရင်း မျက်မှောင်ကြုတ်နေ၏။

ဆိုင်ရှင်ချန်ကတော့ ဘယ်ကနေ ဘယ်လိုပေါ်လာမှန်းမသိသည့် ရှဲ့သခင်မလေးကိုကြည့်ပြီး တစ်ခုခုထူးဆန်းနေသည်ဟု တွေးလိုက်မိ၏။

ရှဲ့သခင်မလေး၌ ဆိုင်တံခါးသော့လည်းရှိသလို တံခါးတိုင်းရဲ့သော့တွေလည်းရှိသည်။ သူမ၏အိမ်သည် အနောက်ဘက်ခြံဝန်းထဲတွင်ဖြစ်ကာ ဘယ်သူ့ကိုမှဝင်ခွင့်မပြုထား။ ဒါကြောင့် ဆိုင်ရှင်ချန်မှာ ထိုသခင်မဘေးဘယ်အချိန်ရောက်လာတယ်ဆိုတာကိုလည်းမသိ၊ ဘယ်အချိန်ပြန်ထွက်သွားတယ်ဆိုတာကိုလည်း မသိခဲ့၊ ဆိုင်ပိုင်ရှင်သူဌေးလိုပင်…. နှစ်ယောက်စလုံး ပဟေဠိဆန်

ကြပေသည်။

“အစ်မ၊ ကျွန်တော့်ကို ညာမနေနဲ့၊ စာမေးပွဲဖြေဖို့တောင် ကျောင်းတော်ဆီသွားခဲ့သေးတဲ့ဟာကို ဘာလို့ ကျွန်တော့်ကို မတွေ့ရတာလဲ?”

ရှဲ့ဖင်းဟွိုက် မေးလိုက်ပြန်၏။

ဒီကောင်လေးက ဉာဏ်ပြေးသားပဲ..

ရှဲ့ချောင်ရဲ့ မျက်လုံးတို့ပြူးကျယ်သွားသည်။

“အင်း.. အစ်ကိုကြီးက အစ်မရဲ့အသက်ကိုအသုံးချပြီး ခြိမ်းခြောက်ခဲ့တာ.. အစ်မသာ သူ့စကားကို နားမထောင်ရင်, အခုချိန်. မင်းကိုတောင် မတွေ့နိုင်လောက်ဘူး..”

ရှဲ့ဖင်းဟွိုက် ခဏတာနှုတ်ဆိတ်သွားခဲ့ပြီး သူဘာတွေတွေးနေလဲဆိုတာ ဘယ်သူမှမသိနိုင်ခဲ့ချေ။

ရှဲ့ချောင်မှာ ခေါင်းစူးခနဲကိုက်သလိုခံစားလိုက်ရ၏။

“ဟူး ဒီအိုရင့်နေတဲ့အရိုးတွေနဲ့တော့ ပင်ပန်းလိုက်တာ”

ဆိုင်ရှင်ချန်ခမျာ ရင့်ဘတ်ထဲအောင့်သွားရရှာသည်။

ရှဲ့သခင်မလေးရဲ့ အရိုးတွေက အိုမင်းနေတာဆိုရင် သူကရော? ပြာအဖြစ်ကိုရောက်နေပြီလား?

“ အစ်မ ကျွန်တော်ပြောတာ အဲ့သဘောမဟုတ်ဘူးလေ၊ အစ်မ အသက်ရှင်နေသေးတာ ဘယ်လောက်ကောင်းလိုက်လဲ၊ သေသွားနဲ့စာရင်တော့ တော်သေးတယ်လေ၊ အရင်တစ်ခေါက်က အစ်မကို ဒေါသထွက်မိတာကျွန်တော့အမှားပါ။ ကျွန်တော့်ကို စိတိမ

ဆိုးပါနဲ့။ ကျွန်တော် လက်ဆောင်တွေလည်း ပြန်ပေးပြီးသွားပြီ၊ ကတိပေးတယ်။ နောက်နောင်အဲ့လိုထပ်မလုပ်တော့ဘူး”

ရှဲ့ဖင်းဟွိုက်မှာ ရန်တွေ့ချင်ပေမဲ့ သူ့ရဲ့အစ်မကိုကြည့်ပြီး အလျှော့ပေးလိုက်ဖို့ကိုသာ ရွေးချယ်ခဲ့သည်။

ဘာပဲဖြစ်ဖြစ် သူ့အစ်မသည် သူကောင်းဖို့အတွက် လုပ်ခဲ့တာပင်။

“အစ်မ၊ ဒီတလော နေလို့ထိုင်လို့ရော ကောင်းရဲ့လား။ ဒေါသနဲ့ပတ်သက်ပြီး ပြဿနာတွေဘာတွေရောရှိသေးလား” ရှဲ့ဖင်းဟွိုက်သည် ရှဲ့ချောင်အား ဂရုစိုက်ဆဲ။

ရှဲ့ချောင် သက်ပြင်းချလိုက်၏။ “ဒါက အရင်ကပြဿာနာပါလေ၊ အစ်မ မင်းကိုအပြစ်မတင်ပါဘူး၊

တကယ်လို့မင်းဒေါသထွက်လို့ သေသွားရတယ်ဆိုရင်တောင်မှ အဲဒါက အစ်မရဲ့အားနည်းနေတဲ့ ခန္ဓာကိုယ်ကြောင့်၊ သေချာပြန်စဉ်စားကြည့်မယ်ဆိုရင် ဒါတွေအားလူံက အကြီးတစ်ယောက်ဖြစ်တဲ့အစ်မရဲ့ အမှားပဲ။ ဆိုရိုးရှိတယ်မလား၊ အစ်မကြီး အမိရာတဲ့။ အစ်မတို့ မောင်နှမနှစ်ယောက်စလုံးက အ‌မေမရှိကြဘူး။ အစ်မက အရမ်းအားနည်းတယ်။ ငယ်ငယ်လေးကတည်းင မင်းကို ကောင်းကောင်းမစောင့်ရှောက်ပေးခဲ့ရဘူး။ တစ်ခါတစ်လေ ဒီလိုမျိူးရှင်သန်ဖို့ ရုန်းကန်နေရတာကို တွေးမိရင် ကိုယ်ကိုကိုယ် ကြိုးဆွဲချ လိုက်တာမှ ကောင်းမလားလို့…”

ရှဲ့ချောင်သည် ပြောနေရင်းနှင့် သူမမျက်လုံးထက်က မျကရည်များကို သုတ်လိူက်၏။

တကယ်တော့ ဘာမှရှိမနေချေ။

သူမရဲ့မိုက်မဲတဲ့မောင်လေးကသာ လိုက်ပြီးပူပန်နေစရာမလိုတဲ့ လိမ္မာရေးခြားရှိတဲ့ကလေးတစ်ယောက်

ဆိုရင် ဒီလိုမျိူ လှည့်စားနေစရာမလိုဘူး!

အစ်မတစ်ယောက်အနေနဲ့ ဒီလို သရူပ်ဆောင်တတ်ဖို့ သင်ယူရတာလည်း လွယ်နေတာမဟုတ်ဘူး!

မျှော်သင့်ထားသလိုပင်၊ သူမရဲ့စကားများကြောင့် ရှဲ့ဖင်းဟွိုက်စိတ်ထဲ အပြစ်ရှိစိတိ ချက်ချင်းခံစားသွားခဲ့ရသည်။ “အစ်မ! အစ်မက ကျွန်တော့်ထကိ အသက်အများကြီး ကြီးနေတာမဟုတ်တာတောင် စဥ်းစားချင့်ချိန်နိုင်စွမ်းပိုရှိတယ်။ ကျွန်တော်က ယောကျာ်လေးတစိယောက်လေ၊ ဒီလောင်ကတော့ခံစားရသင့်တယ်ပေါ့၊ အစ်မ ဒီကိစ္စကို စိတ်ထဲထားမနေနဲ့။ အစ်မ ဆန္ဒရှိသလောက် အသက်ရှည်ရှည်နေသွားလို့ရတယ်။ တကယ်လို့ အစ်မ တစ်နေ့မှာသေသွားတယ်ဆိုရင်လည်း ကျွန်တော်က ဂုဏ်သရေအပြည့်နဲ့ မြှုပ်နှံပေးမှာ၊ ဘာပဲဖြစ်နေနေ၊ အစ်မ မတရားခံရမှာမဟုတ်ဘူး”

သူ့အစ်မက သူ့ကြောင့်နဲ့ သေသွားတာမဟုတ်မှန်း သိလိုက်ရပြီဖြစိ၍ နေသာထိုင်သာရှိသွားခဲ့သည်။

ဒီအမှားတွေအကုန် သူ့ရဲ့အစ်ကိုကြီးကြောင့်!

သူ့ကိုလှည့်စားဖို့အတွက်နဲ့ အစ်မရဲ့အသက်ကို ဘယ်လိုတောင် အသုံးချရက်ရတာလဲ?

မတော်တရော်တွေ အရမ်းလုပ်လွန်းတယ်!

ရှဲ့ချောင် စိတ်သက်သာရာရစွာနှင့် ပြုံးလိုက်ကာ “လိမ္မာလိုက်တဲ့မောင်လေး”

ရှဲ့ဖင်းဟွိုက် သက်ပြင်းချလိုက်သည်။ “ကျွမ်တော်အရင်တစ်ခေါက်က ဒီမှာ ပိုက်ဆံတော်တော်သူံလိုက်သေးတယ်။ အဲ့တုန်းက အစ်မဒီမှာမရှိဘူးမလား?”

“ မရှိဘူးလေ!” ရှဲ့ချောင်သည် ခါးမတ်မတ်ထိုင်လိုက်ကာ သူမရဲ့မောင်ဖြစ်သူအား ကြည့်နေခဲ့၏။

ရှဲ့ဖင်းဟွိုက် ပိုပြီး စိတ်သက်သာရာရသွားခဲ့ရသည်။

သူရဲ့မျက်လုံးများသည်လည်း အနည်းငယ်နီဆွေးလို့နေလျက်။

ဟိုတလောတုန်းက သူတော်တော်လေး ခံစားခဲ့ရ၏။

“ အစ်မ မသိလောက်ဘူး၊ အဒေါ်လင်း ပြန်သွားပြီ၊ ကျွန်တော်ကြားတာတော့ သူ့မွေးရပ်မြို့ကို ပြန်သွားတာတဲ့။ အဒေါ်လင်းလည်း ကျွန်တော့ကို တော်တော်ကြီးမုန်းနေလောက်တယ်..”

လင်းယာ့ရှန်းသည် မြို့‌တော်၏ ဆင်ခြေဖုံးပိုင်းက ရွာလေးတစ်ရွာမှာ နေနေတယ်ဆိုတဲ့အကြောင်း ရှဲ့ချောင်မပြောရဲခဲ့ချေ။

“ကြိုးစားမှပေါ့၊ မင်းသာ ကောင်းကောင်း‌လုပ်မယ်ဆိုရင် အစ်မ အစ်ကိုကြီးကို ပြောပေးမယ်။ နှစ်သစ်ကူးကာလရောက်ရင် အဒေါ်လင်းကို ဖိတ်ပြီး မင်းဆီ မကြာမကြာလာတွေ့ခိုင်းမယ်လေ.. ဘယ်လိုလဲ” ရှဲ့ချောင်မေးလိုက်သည်။

•••••

All Chapters