← Chapters

အခန်း (၈၀၉-၈၁၂)

Vol. 42 Ch. 809-812

အခန်း (၈၀၉-၈၁၂)

Vol. 42 Ch. 809-812

အခန်း ၈၀၉။ ကလူမြူစွယ်သည့်လှုပ်ရှားဟန်များ

ရှဲ့ချောင်၏ စကားများကြောင့် ရှဲ့ဖင်းဟွိုက်ရဲ့ မျက်လုံးတို့ အရောင်လက်သွားခဲ့သည်။ “တကယ်ပြောတာလား? အစ်မ! ကျွန်တော့်ကိုညာနေတာမဟုတ်ဘူးမလား?”

“တကယ်” ရှဲ့ချောင် ကြင်ကြင်နာနာပြုံးပြလိုက်သည်။

ရှဲ့ဖင်းဟွိုက် သက်ပြင်စချလိုက်၏။ “ကောင်းလိုက်တာ၊ ကျွန်တော်က အဒေါ်လင်းချက်ကျွေးတဲ့အစားအသောက်တွေကို စားရတာအသားကျနေပြီ။ အဒေါ်နဲ့ဝမ်းကွဲတွေမရှိရင် တစ်ခုခုလိုနေသလိုပဲ။ နောက်ပြီး ဒီလိုလုပ်ရတာက ရှီအာအတွက်ဆိုလည်းမမှားဘူး။ အဒေါ်လင်းထွက်သွားကတည်းက သူပျင်းလွန်းလို့ ဂီတပညာသင်ယူနေတာလေ။ ပထမနေရာတောင်ရသွားသေးတယ်။ စိတ်ပျက်စရာကြီး!”

ဂီတပညာ? ဒါက သူ့ညီမလုပ်နိုင်တဲ့ဟာ မလို့လား?

အတန်းထဲမှာသင်ရတဲ့ ဗုဒ္ဓတေးကတောင်မှ သူတို့မိသားစုရဲ့ စိတ်နေစိတ်ထားနဲ့ လားလားမှ ကိုက်မနေဘူး!

ရှီအာပျင်းနေလောက်တယ်ဆိုတာ အသိသာကြီး!

“ဂီတပညာသင်နေတယ်၊ ဘယ်လိုဖြစ်ပြီးတော့လဲ” ရှဲ့ချောင်မေးလိုက်သည်။

“သူ ဂီတအတန်းမှာ စာရင်းပေးထားတာလေ၊ ကျွန်တော်ကြားတာတော့ သူယူထားတဲ့ အဓိကအတန်းကို မကြိုက်ဘူးဆိုလား။ သူ အားတာနဲ့ ဂီတအတန်းဆီသွားတော့တာပဲ။ အိမ်ပြန်ရောက်တော့လည်း .. သီချင်းတညည်းညည်းနဲ့.. ပွင့်ပွင့်လင်းလင်းပြောရရင် ဆောင်ကြာမြိုင်က အမျိုးသမီးတွေ

သီချင်းဆိုတဲ့ပုံနဲ့တောင် တူနေသလိုပဲ, ရှီအာ ဘယ်ကနေတတ်လာလဲတော့ မသိဘူး. တစ်ခါတလေ သီချင်းဆိုနေရင်းနဲ့ ညုတုတုပုံစံမျိုးနဲ့ပါ လုပ်တတ်သေးတယ်” သို့သော် ရှဲ့ဖင်းဟွိုက်သည် ထိုအကြောင်း အရမ်းကြီးတွေးပူနေတာမျိုးတော့မဟုတ်။

သီချင်းလေးဆိုရုံပဲဟာ၊ အဲ့လောက်လည်း ပြဿနာရှိနေတာမဟုတ်ဘဲနဲ့!

သူညီမ သဘောကျတယ်ဆိုရင် လုပ်ရုံပေါ့ ! အသားပဲ့ပါသွားတာလည်း မဟုတ်ဘူးလေ!

တစ်ခုရှိသည်က သူမထိုပညာရပ်ကိုလေ့လာသင့်ယူသည့်အခါ တခြာားသူများရဲ့ ဝေဖန်ပြစ်တင်ခြင်းကိုခံရမှာရှောင်လွဲလို့မရနိုင်တာပင်။ သို့သော် ရှဲ့ရှီသည် အသက်ကြီးပြီဟု ယူဆ၍မရသေး။ ပုံမှန်အားဖြင့် သူမ အတန်းထဲမှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် သီချင်းဆိုနေလို့ရသည်။ အပြင်လူတွေသိမှာမဟုတ်

သည့်အတွက် ကိစ္စမရှိပေ။

သူမညီမ သီချင်းဆိုနေသည့်အခါ ဘယ်လိုပုံစံမျိုးရှိမလဲဆိုတာ ရှဲ့ချောင် စိတ်ကူးကြည့်လို့တောင်မရ။

“ကျေးလက်က သီချင်းမျိုးမဟုတ်ပဲ.. ဆောင်ကြာမြိုင်ကလိုမျိုးဆိုတာ သေချာရဲ့လား” ရှဲ့ချောင်မျက်မှောင်ကြုတ်သွားခဲ့သည်

“ အစ်မ, ကျွန်တော်လည်းဆောင်ကြာမြိုင်ကို မရောက်ဘူးတာမှမဟုတ်ဘဲ.. ဆောင်ကြာမြိုင်က အမျိုးသမီးတွေ ဘယ်လိုမျိုးလဲဆိုတာသိတာပေါ့. ဒီလိုမျိုး.. ရှဲ့ဖင်းဟွိုက်က ပြောနေရင်းနှင့် သူ့ရဲ့လက်တစ်ဖက်ကိုဆန့်ကာ လေထဲမှာ ညှို့ယူဖမ်းစားသည့် ပုံမျိုးဆွဲလိုက်ရင်း သူ့ရဲ့တင်ပါးကိုစောင်း၊ မျက်နှာတစ်ဝက်လောက်ကို လက်နှင့် အုပ်လိုက်သည်။ ရှက်ကိုးရှက်ကန်းနှင့်မျက်ခုံးပင့်လျက် “ သီချင်းတွေအကုန်လုံးက ‌ယောကျာ်းတွေ၊ ကိုယ်လုပ်တော်တွေနဲ့ အချစ်နာကျနေတဲ့အကြောင်းတွေချည်း၊ အဲ့ဒါတွေ

က ဆောင်ကြာမြိုင်က သီချင်းတွေမဟုတ်လား..”

ရှဲ့ချောင် ဆွံ့အသွားရသည်။ “အဲဒါတွေက ဂီတာအတန်းက ဆရာတွေ သင်ပေးတာမဟုတ်လောက်ဘူး”

တော်ဝင်ကျောင်းတော်၌ ဂီတအတန်းကိုဖွင့်လှစ်နိုင်ခြင်းအကြောင်းမှာ အတန်းထဲ၌ ဆိုရသမျှ သီချင်းအားလုံးက ကျက်သရေရှိနေ၍ဆိုတာ ရှဲ့ချောင်သိသည်။

ဗုဒ္ဓဝင်တေးမပြောနှင့် ကျန်တဲ့တေးသီချင်းတွေကတောင် ကဗျာစာသားများနှင့် ရေးဖွဲ့ထကြတွေချည်း။ ‌သံဇဉ်တေးသွားတိုင်းက သာယာကြည်နူးဖွယ်ရာကောင်းလှသည်။ သီချင်းများက နားဝင်ပီယံရှိကာ ငြိမ်းချမ်းလှသည့်အပြင် အများစုက နွေဦးရှုခင်းများအကြောင်း၊ ရွာ၏ ဆောင်းရာသီအလှကို သီကုံးထားသည်များဖြစ်ပေ၏။

သီချင်းစာသားများမှာ သာမန်ပြည်သူများ၏ ငြိမ်းချမ်းစရာ ရှုမြင်ကွင်းများကိုသာ ပုံဖော်ထားသ်ာဆိုသော်ငြား ဘာတစ်ခုမှ စိတ်ကူးယာဉ်ဆန်ဆန် အချစ်အကြောင်းပါမနေပေ။

“ သွားကြစို့” ရှဲ့ချောင် ရုတ်တရက် မတ်တပိထရပ်လိုက်သည်။

“ အစ်မ ဘာဖြစ်လို့လဲ၊ ခုနကပြောတော့ နေလို့သိပ်မကောင်းသေးလို့ အ‌စ်ကိုကြီးနဲ့ နောက်မှစာရင်းရှင်းမယ်ဆို” ရှဲ့ဖင်းဟွိုက်က နောက်ကနေ လှမ်းအော်လိုက်သည်။

ရှဲ့ချောင် ခြေလှမ်းတို့ရပ်တန့်သွားကာ သူ့ကိုနောက်ပြန်လှန်ကြည့်လိုက်၏။ “စာရင်းရှင်းရမယ်? အစ်မတို့နှစ်ယောကိပေါင်းရင်တောင် သူ့ရဲ့လက်တစ်ချောင်းကို ချိုးနိူင်မှာမဟုတ်ဘူး၊ ညီမလေးကို မတွေ့

ကတာကြာနေပြီလေ၊ သူ့ဆီ သွားတွေ့လို့မရဘူးလား”

ရှဲ့ဖင်းဟွိုက် နှာခေါင်းပွတ်လိုက်၏။

သူ့ရဲ့အစ်မ ဘယ်ကဘယ်လို ရုတ်တရက်ကြီးထပြီး ရန်လိုသွားရလဲ သူနားမလည်နိုင်ခဲ့ချေ။

သို့သော်.. သူ့အစ်မရဲ့ ကြမ်းကြုတ်တဲ့သွင်ပြင်က ခြိမ်းခြောက်နိုင်သည့်ပုံစံမျိုးတစ်စက်ကလေးမှရှိမနေ။ သတ်ချင်ဖြတ်ချင်စိတ်ပြည့်နေသည့် သူ့ရဲ့ သားရဲတစ်ကောင်လို အစ်ကိုကြီးလို မဟုတ်ခဲ့ပေ။

ဒါကြောင့် ရှဲ့ချောင်၏ သဘောထားက အရင်လိုရင်းနှီးမနေသည့်တိုင် ရှဲ့ဖင်းဟွိုက် သူမနောက်ကနေ

လိုက်သွားပြီး မြင်းလှည်းပေါ်တက်ကာ အိမ်ကိုသွားခဲ့ကြသည်။

အိမ်ပြန်ရောက်သည့်အခါ မွန်းတည့်တောင်ကျော်နေလေပြီ။

သိပ်ပြီးမကြာလိုက် ရှဲ့ရှီ ပြန်ရောက်လာခဲ့၏။

ရှဲ့ဖင်းဟွိုက် ပြောထားသလိုပင်၊ ရှဲ့ရှီဟာ အိမ်ပြန်ရောက်သည်နှင့် သူမရဲ့ ခြံဝန်းဆီ ချက်ချင်းပြန်သွားခဲ့သည်။ တစ်ခဏအကြာ၌ ခြံဝန်းထဲကနေသီချင်းဆိုသံကို ကြားရလေသည်။ ဒါတင်မက လက်ထဲ‌တွင်ပါ တရုတ်မယ်ဒလင်ကိုကိုင်ထားသေးလေသည်။

•••••

အခန်း ၈၁၀။ လေ့ကျင့်ခြင်း

ရှဲ့ချောင် ခြံဝန်းအပြင်ဘက်မှာပုန်းပြီးနားထောင်နေ၏။ နားထောင်လေလေ သူမရဲ့မျက်နှာထား ဆိုးလာလေလေပင်။

သူမ၏ညီမလေးသည် အသက်ငယ်သေးတာကြောင့် အသံသည်ကြင်လင်ကာနားဝင်ချိုလှ၏။ သူမဟာ အ‌ချစ်အကြောင်းကိုမသိသေးသည့်အတွက်

ထိုစိတ်ကူးယာဉ်ဆန်သည့်အချစ်တေးသွားများကို သီဆိုနေချိန်တောင်မှ အင်မတန်ဖြူစင်ရိုးသားသည့်ပုံပေါ်နေဆဲ။

သို့သော် သူမညီမသည် ငွေမတ်တာကလွဲပြီး တခြားသောအရာတွေကို ဘယ်တုန်းမှ စိတ်မဝင်စားခဲ့ဖူး..

ဒီလိုမျိူး ရုတ်ဆရက်ကြီး ပြုမူလာတာ…

ရှဲ့ချောင် အထဲကိုဝင်သွားခဲ့၏။

ရှဲ့ဖင်းဟွိုက် ဦးနှောက်ခြောက်သွားပေမဲ့ သူ့အစ်မနောက်ကနေ ပိုးကောင်တစ်ကောင်ပမာကပ်ပြီး လိုက်သွားခဲ့သည်။

ရှဲ့ချောင် ခြံဝန်းထဲကိုကြည့်လိုက်ချိန် အနက်ရောင်စွမ်းအင်က အတော်လေးသိပ်သည်းနေတာကို သတိထားမိလိုက်၏။ သူမ အိမ်ပြန်မလာဖြစ်တာကြာနေပြီဆိုတာ မှန်ပေမဲ့၊ သူမရဲ့ ခေါင်းလောင်းတွေနဲ့ ကာကွယ်ပေးထားတာတောင် မလုံလောက်မယ်မှန်း မမျှော်လင့်ထားခဲ့ပေ။

သူမ ‌နောင်တလည်းရမိ၏။ ထိုခေါင်းလောင်းများကို ငယ်ငယ်ကတည်းကသူမနားမှာသာ ထားထားခဲ့ပြီး

တစ်ခါတစ်ရံ အစောင့်အရှောက်စွမ်းအင်များတိုးစေရန်အတွက် နတ်ဘုရားရုပ်တုရှေ့မှာ ထားလေ့ရှိသည်။ ဒါကြောင့် အရည်အသွေးမြင့် ပစ္စည်းတစ်ခုဟုဆိုလိုရ၏။ ထိုပစ္စည်းအား ရှဲ့ရှီကိုပေးလိုက်ပြီးနောက်ပိုင်း.. ရှဲ့ရှီရဲ့ အခြေအနေနှင့် ပတ်သက်ပြီး သူမ အနည်းနဲ့အများတော့ စိတ်ချနေမိခဲ့သည်။

ဒီကပ်ဘေးက သူမမှန်းထားတာထက်အဆမတန် ပြင်းထန်နေလိမ့်မယ်လို့ မထင်ထားခဲ့ချေ!

သူမ ထိုအငြိုးကြီးဝိဉာဉ်ကိုဘယ်နေရာမှာ ရန်စခဲ့မိလည်းဆိုတာ မသိ။

ရှဲ့ရှီသည်လျှောက်လမ်းဘေးတွင်ထိုင်ကာ လက်မောင်းထဲ၌ မယ်ဒလင်ကိုကိုင်ထားသည်။ မျက်နှာထားမှာလည်း ဝမ်းနည်းညှိးငယ်နေသည့် ပုံဖြင့်။ မသိတဲ့သူဆိုလျှင် သနားစရာကလေးမတစ်

ယောက်ဟုတောင် ထင်သွားနိုင်သည်။

“အရူးမလေး၊ သီချင်းဆိုမနေနဲ့တော့၊ ကျမ်းစာဖတ်နေတဲ့အတိုင်းပဲ”

ရှဲ့ရှီ မယ်ဒလင်တီးခတ်နေခြင်းအား ရပ်တန့်လိုက်၏။ထို့နောက် သူမခေါင်းမော့လာ၍ ရှဲ့ဖင်းဟွိုက်အား စပ်ဆုပ်သည့်ပုံဖြင့်ကြည့်ကာ “နင်ဘာပြောလိုက်တာလဲ”

သူမ၏ အသံမှာ မစိုစလောက်တိုးနေခဲ့ကာ လုံးဝကိုတခြားလူတစ်ယောက်ဖြစ်သွားသည့်အတိုင်းပင်။

“စိတ်ပျက်စရာကြီးလေ၊ နင် နားများကန်နေတာလား?” ရှဲ့ဖင်းဟွိုက် မျက်လုံးလှိမ့်လိုက်၏။

“နင် ဘာလို့ဗုံတီးမသင်တာလဲ။ စစ်ပွဲမှာတီးတဲ့ဗုံ တွေ

လည်း သိပ်မဆိုးပါဘူး၊ နင်ဘာလို့ အဲ့တာကို မသင်တာလဲ။ နောက်ပိုင်း ငါ အစ်ကိုကြီးနဲ့တိုက်တဲ့ အချိန်ကျရင် နင်ဗုံတီးပြီးငါ့ကိုကူညီလို့ရတာပေါ့”

ရှဲ့ဖင်းဟွိုက်သည် ရှဲ့ရှီပြောလိုက်တဲ့စကားများ၏ ကွဲပြားချက်ကို သတိမထားမိခဲ့။

သူမအနားကိုတောင် လျှောက်သွားလိုက်ပြီး မယ်ဒလင် ကိုကြည့်လိုက်၏။ ရှဲ့ရှီရဲ့ လက်ချောင်းတွေ သွေးထွက်နေတာကိုမြင်သည့်အခါ ချက်ချင်းမျက်မှောင်ကြုတ်သွားခဲ့ကာ သူမအား ထူးဆန်းသည့်အကြည့်နှင့် ကြည့်လိုက်၏။

“ရှီအာ၊ နင် ရူးနေလား။ နင့်လက်တွေ သွေးထွက်နေတာတောင် ဒီဟာကိုဆက်ပြီး လေ့ကျင့်နေတယ်ပေါ့၊ ဒီပစ္စည်းစုတ်က ဘယာများ အသုံးဝင်နေလို့လဲ” ရှဲ့ဖင်းဟွိုက်မှာ နားမလည်နိုင်တာကြောင့် မယ်ဒလင်ကိုဆွဲယူလိုက်ပြီး စုန်ချည်ဆန်ချည် ကြည့်လိုက်သည်။ ထို့နောက် မနှစ်မြို့စွာနှင့် ဘေးကိုဖယ်ပစ်လိုက်ပြီး

ဗျစ်တောက်‌ဗျစ်တောက် ပြောတော့သည်

ရှဲ့ရှီ ရုတ်တရက် မတ်တပ်ထရပ်လိုက်၏။ “ ငါ့ရဲ့ မယ်ဒလင်ကိုမထိနဲ့”

“ ဘယ်မှာထိလို့လဲ၊ မြေကြပေါ်မှာလေ!” ရှဲ့ဖင်းဟွိုက် ရှဲ့ရှီကိုစိုက်ကြည့်လိုက်ပြီးနောက် လက်ဆန့်ကာ သူမရဲ့ နဖူးကိုလှမ်းတောက်လိုက်သည်။ “နင်ရူးများသွားလား၊ ငါ့ကို ဒေါသထွက်ပြလို့ကတော့ ရိုက်ပစ်မှာနော်”

ရှဲ့ရှီ၏ မျက်လုံးတို့ မှောင်ရိပ်သန်းသွားခဲ့သည်။

ရှဲ့ချောင်ရဲ့ မျက်နှာထားမှာ ပိုလို့တောင် ဆိုးရွားလာခဲ့သည်။

သူ့ညီမက အငြိုးကြီးဝိဉာဉ် ဝင်ပူးတာခံနေရာတာပဲ!

ဝိဉာဉ်အများစုသည် သက်ရှိလူသားများအား စနောက်ရုံလောက်သာ ‌လုပ်တတ်ကြသည်။ လွန်လွန်ကြူးကြူးမလုပ်တတ်ကြသလို၊ ထိုလူမှာ အနက်ရောင်စွမ်းအင်ရှိနေတာမျိုးမှ မဟုတ်လျှင် ဝင်ပူးတာမျိူး၊ အသက်အန္တရာယ်ပေးတာမျိုး မလုပ်တတ်ကြ။

သူမသည် လောကနှစ်ခုစလုံးနှင့် ဆက်သွယ်နိုင်သူဖြစ်ရာ ဝိဉာဉ်များကို ဖြေရှင်းရသူဆိုလည်း မမှား။ ဒါကြောင့် ဝိဉာဉ်တစ်ကောင်က သူမကို ဝင်ပူးတယ်ဆိုလျှင်တောင် ထိုဝိဉာဉ်သည်ဖြစ်လာမယ့် အကျိူးဆက်တွေကိုခံရလိမ့်မည်မဟုတ်။

သို့သော် အငြိုးကြီးဝိဉာဉ်ဆိုလျှင်တော့ တစ်မျိုးတစ်ဖုံပြောင်းသွားလေပြီ။

အငြိုးကြီးဝိဉာဉ်များ၏ စွဲလမ်းမှုက ကွာခြားသလို

သူတို့ရဲ့စွမ်းရည်များသည်လည်း မတူကြပေ။

တချို့ကလူတွေကို ပြုစားနိုင်ကြသလို တချို့ကလည်း အငြိုးကြီးဝိဉာဉ်ဖြစ်နေတာတောင်မှ သူတို့အသက်ရှင်စဉ်ကဖြစ်ခဲ့သည့် အရာများကိုသာ စွဲလမ်းတတ်ကြပြီး အခြားသူများကို အန္တရာယ်မပြုတတ်ကြ။

ဒါတင်မက သူတို့မှာ ပြန်ပေးဆပ်ရမယ့် အကြွေးတစ်ခုလည်းရှိကြ၏။ အငြိုးကြီးဝိဉာဉ်က တိုက်ခိုက်လာတယ်ဆိုရင်တော့ အများစုကအပြစ်မရှိသည့်သူများကို သွားမထိတတ်ကြချေ။

သူမ၏ ညီမလေးသည် စက္ကူတစ်ရွက်ပမာ ဖြူစင်အပြစ်ကင်းသည့်သူတစ်ယောက်။ သို့ဖြစ်ရာ ရှီအာ အငြိုးကြီးဝိဉာဉ်ဆီကနေ ပစ်မှတ်ထားခြင်းခံရတဲ့အပေါ် ရှဲ့ချောင် တကယ်ပဟေဠိဖြစ်နေမိခဲ့သည်။

သို့သော် ထိုအကြောင်းတွေ တွေးနေလို့ ဘာမှအသုံး

မဝင်။ အငြိုးကြီးဝိဉာဉ်တစ်ကောင် ဝင်ပူးတာခံရနေပြီဆိုကတည်းကိုက အသက်အန္တရာယ်ရှိနေပြီဖြစ်သည်။

သူမ အမြန်ဖြေရှင်းရလိမ့်မည်။

ရှဲ့ချောင် ရှဲ့ဖင်းဟွိုက်ကို လက်ယမ်းပြလိုက်၏။

ရှဲ့ဖင်းဟွိုက်တစ်ယောက် ဇဝေဇဝါဖြစ်စွာနှင့် လျှောက်သွားလိုက်ရင်း “အစ်မ၊ ဘာဖြစ်လို့လဲ”

“ အစ်မ… ဒီတစ်လော ဆရာမမော့ဆီကနေပညာတချို့ သင်ထားတယ်။ အဲ့တော့ အစ်မလေ့ကျင့်မလို့.. ခဏနေ မင်းဆူဆူညံညံတွေမလုပ်ရဘူး.. အစ်မပြောသမျှ အကုန်လိုက်လုပ်ရမယ်.. နားလည်လား”

•••••

၈၁၁။ သရဲပူးခံရသည်။

သို့သော်လည်း ရှဲ့ဖင်းဟွိုက်သည် မနာခံတတ်သူဖြစ်လေရာ သူ့ခေါင်းအား ခါယမ်းလိုက်ရင်း “ ကျွန်တော် နားမလည်ဘူး။ အစ်မအကြီးဆုံး၊ အစ်မကျန်းမာရေးက ချို့တဲ့နေတာကို ဘာကျွမ်းကျင်မှုတွေ သင်ယူခဲ့တာလဲ? အစ်မက ဒီအတိုင်းဟိုလိုဒီလိုလေးလောက်ပဲ လုပ်တတ်တာ။ သူ့ကို မညှာမတာရိုက်ချင်တာလို့တော့ ကျွန်တော့်ကို မပြောနဲ့နော်? ဟုတ်တယ်၊ အဲဒါကိုသင်ယူဖို့ ရှီအာအတွက် မကောင်းဘူး၊ ဒါပေမယ့် ကျွန်တော်တို့က ကိုယ်ပိုင်ခြံဝင်းထဲမှာ နေကြတာလေ။ ဘာကို ကြောက်နေစရာရှိလို့လဲ? သူ့ကို ပိုဂရုစိုက်ခိုင်းပြီး သူစိမ်းတွေကို သီချင်းဆိုမပြခိုင်းဖို့သာ ပြောလိုက်ပါ”

ရှဲ့ရှီသည် ကျောင်းတော်၌ရှိချိန်တွင် အတော်လေးစဥ်းစားချင့်ချိန်တတ်ဆဲပင်ဖြစ်သည်။ သူမသည်

ထိုကဲ့သို့သောအရာများအကြောင်း သီဆိုခဲ၏။

ရှဲ့ချောင် သူ့အား မျက်ဆံလှန်ပြလိုက်သည်။ “ ငါတို့ညီမက သရဲစီးခံထားရတာ”

ရှဲ့ချောင်မှာ သူမ၏အဝတ်များအားလဲကာ တဖန်ပြန်လာ၍ရနိုင်သော်လည်း ရှဲ့ရှီအား စိတ်ပူနေခဲ့လေသည်။

“ သရဲစီးခံရတယ်?” ရှဲ့ဖင်းဟွိုက် ရှဲ့ချောင်အား ထူးဆန်းစွာကြည့်လိုက်၏။ “ အစ်မအကြီးဆုံး၊ ကျွန်တော်ထင်တာတော့ အစ်မကမှ သရဲစီးခံထားရတာထင်တယ်။ သူကကျ တော်တော်လေးကောင်းနေတယ်မဟုတ်ဘူးလား?”

သူ အိပ်နိုင်စားနိုင်တယ်လေ။ အခုတလော သူ့

ကြည့်ရတာ ဝိတ်တောင်တက်လာသလိုပဲကို။ ဘယ်လိုလုပ်ပြီး သူက သရဲစီးခံရမှာလဲ?

ရှဲ့ချောင် ရှဲ့ဖင်းဟွိုက်ကြောင့် ဒေါသထွက်သွားခဲ့သည်။ “ မင်း ငါ့စကားကို နားမထောင်ဘူးဆိုရင် ငါသေပဲ သေလိုက်သင့်တယ်! အသက်ရှင်နေရတာက ဘာအတွက်ကြောင့်များလဲ? ငါ့မောင်လေးကတောင် ငါ့စကားကို နားမထောင်တော့တာကိုလေ!”

“ ကျွန်တော် ပြောတာကိုနားထောင်ပါဦး! လောလိုက်တာဗျာ…” ရှဲ့ဖင်းဟွိုက် နှုတ်ခမ်းစူသွားလေသည်။ “ ဟုတ်ပြီ၊ အကြီးဆုံးအစ်မ၊ စီစဥ်မှုတွေကို အစ်မ လုပ်နိုင်တယ်။ ကျွန်တော် ယုန်လေးတစ်ကောင်လိုမျိုး နာခံမယ်လို့ ကတိပေးတယ်။ ဘယ်နေရာမှာဖြစ်ဖြစ် အစ်မ ကျွန်တော့်ကို ခုန်ဖို့ပြောရင် ကျွန်တော် ခုန်မယ်!”

ထိုအခါမှသာ ရှဲ့ချောင် စိတ်ကျေနပ်သွားလေသည်။

“ အိမ်တော်ထိန်းကို ပစ္စည်းနည်းနည်းလောက်ပြင်ခိုင်းလိုက်ပြီးတော့ ယူလာခဲ့ခိုင်းလိုက်” ထိုသည်အား ရှဲ့ချောင်ပြောပြီးနောက်တွင် ခြင်းတောင်းထဲမှ စုတ်တံတစ်ချောင်းနဲ့ စက္ကူအား ရုတ်တရက်ထုတ်ယူလိုက်ကာ စီစဥ်မှုအချို့အား ပြုလုပ်ခဲ့သည်။

ရှဲ့ဖင်းဟွိုက်သည် ၎င်းတို့အားကြည့်ရန် စိတ်ရှုပ်ခံမနေပဲ လမ်းလျှောက်ထွက်သွားခဲ့လေသည်။

ထိုအချိန်တွင် ခြံဝန်းထဲ၌ ရှဲ့ချောင်နှင့် ရှဲ့ရှီသာ ကျန်နေခဲ့လေ၏။

ထိုနေရာတွင် အမျိုးသမီးအစေခံတစ်ယောက်ပင်

ရှိမနေချေ။

ကြောက်ရွံ့မှုအရိပ်အငွေ့တစ်ခုနှင့် ရှဲ့ရှီသည် သူမအား ကြည့်လိုက်၏။ သို့သော်လည်း သူမသည် နာခံကျိုးနွံဟန်ဆောင်ထားလေကာ သူမ၏လက်မောင်းများအတွင်းမှ တရုတ်မယ်ဒလင်နှင့် မတ်တပ်ရပ်နေခဲ့လေသည်။

ရှဲ့ချောင် သူမအား လျစ်လျူရှုထားလိုက်ကာ ခြံဝန်းပတ်ပတ်လည်အား စက်ဝိုင်းပုံပတ်လိုက်၏။ သူမ မည်သည်ကို လုပ်နေသည်အား ရှဲ့ရှီ မမြင်နိုင်ပါချေ။

ရှဲ့ချောင် မကောင်းဆိုးဝါးအား တားဆီးကာကွယ်ရန် အမှုန်ပွင့်အချို့အား ဆုပ်လိုက်ကာ မာကျူရီကျောက်နီဖျော့နှင့်အတူ ရောနှောလိုက်သည်။ ထို့နောက် ၎င်းတို့အား စက်ဝိုင်းကြီးတစ်ခုဖြစ်အောင် သူမ လုပ်လိုက်၏။ ခြံဝန်း၏အနောက်

ဘက်သို့ သူမ လျှောက်သွားလိုက်ကာ အဆောင်အချို့အား ပစ်ထုတ်လိုက်သည်။

ထိုသည်မှာ ဤအငြိုးကြီးဝိညာဥ် ထွက်ပြေးခြင်းမှ ကာကွယ်ရန်လည်းဖြစ်ပေသည်။

“ ဘာလုပ်နေတာလဲ?!” ရှဲ့ရှီ စိုးရိမ်ပူပန်မှုခပ်ဖျော့ဖျော့အား ခံစားလိုက်ရကာ အန္တရာယ်အာရုံတစ်ခု သူမနှလုံးသားထဲတွင် ထွက်ပေါ်လာခဲ့သည်။

ရှဲ့ချောင် အေးစက်စွာ ပြောလိုက်သည်။ “ ငါ့ညီမရဲ့ ခန္ဓာကိုယ်ထဲမှာ ပျော်နေရဲ့လား? ဓမ္မတူရိယာကြောင့် လောင်ကျွမ်းခံရတဲ့ ခံစားချက်ကိုတောင် နင် ကြံ့ကြံ့ခံနိုင်တာပဲ”

သူမ ထိုသည်အားပြောလိုက်သည်နှင့် ရှဲ့ချောင် ရှဲ့ရှီအားဖြတ်၍ သူမ၏ခန္ဓာကိုယ်အား တွယ်ကပ်နေ

သော မျက်နှာကို မြင်လိုက်ရသည်။ သူမ ကြမ်းကြုတ်ရက်စက်သည့်အကြည့်အား လှစ်ဟပြသလိုက်သည်။

အငြိုးအတေးကြီးဝိညာဥ်မှာ အတော်လေးကြည့်ကောင်းသည်ပင်။

သူမသည် အသက်သုံးဆယ် မိန်းမတစ်ယောက်ဖြစ်လေသည်။ အထူးသဖြင့် သူမ၏ အနီရောင်နှုတ်ခမ်းများမှာ မျက်စိဖမ်းစားဖွယ်ပင်။ သူမ၏ မျက်လုံးများမှာ ဆွဲဆောင်မှုရှိကာ စိတ်ဝိညာဥ်အား ထိုးဖောက်နိုင်လေ၏။ ၎င်းတို့မှာ အနည်းငယ်ပြာနေလေကာ သွေးနှောဖြစ်ပုံပင်။

သူမ၏မျက်နှာမှာ အတော်လေးလှပသော်လည်း သူမ၏ခန္ဓာကိုယ်မှာတော့ အနည်းငယ်ကြောက်လန့်စရာကောင်းပေသည်။

သူမ၏ခန္ဓာကိုယ်မှာ ပျက်စီးနေသည့် လေတံခွန်တစ်ခုကဲ့သို့ပင်။ ၎င်းမှာ ပြုပြင်ထားကာ အစိမ်းနှင့် ခရမ်းရောင်ဖြစ်နေသည့် နေရာတစ်ချို့ပင် ရှိလေသည်။ သူမမှာ တစ်စုံတစ်ယောက်ထံမှ သေသည်အထိ အရိုက်ခံခဲ့ရခြင်း ဖြစ်နိုင်သည်။

သွေးနှော…

ရှဲ့ချောင် တစ်ခဏမျှတွေးကာ ပြောလိုက်သည်။ “ ရှင်က ရုန်က လူများလား?”

ရုန်သည် ချင်းယွမ်မှလူများအတွက် လူရိုင်းများဖြစ်ကြလေ၏။ ထိုအချိန်က သူမ၏ဖခင်သည် ၎င်းတို့အား ရိုက်နှက်ခဲ့ပေသည်။

ထိုသည်အား ရှဲ့ချောင် ပြောပြီးသောအခါ ဤ

အငြိုးအတေးကြီးဝိညာဥ်၏ ရောင်ဝါလက္ခဏာမှာ ပို၍ပင်ပြင်းထန်လာခဲ့လေသည်။

ရုန်မှ မကောင်းဆိုးဝါးဝိညာဥ်တစ်ကောင်၏ ချင်းယွမ်ဆီသို့ သွားနိုင်သည့် ဖြစ်နိုင်စွမ်းမှာ နိမ့်ကျသည်ဟု ရှဲ့ချောင် ထင်ခဲ့သည်ဖြစ်၏။ ထိုအမျိုးသမီးအား ကြည့်လိုက်ရင်း သူမ၏ သီဆိုမှုအတွက် ခုံမင်နှစ်သက်ခြင်းအရ သူမသည် ချင်းယွမ်မှဖြစ်သည်ဟု ရှဲ့ချောင် ခန့်မှန်းလိုက်သည်။

တိုင်းပြည်နှစ်ခုကြားမှ ဆက်ဆံရေးမှာ ဤလတ်တလောနှစ်များအတွင်း ဆိုးဝါးနေခဲ့ပေသည်။ ၎င်းတို့၏ ပြည်သူပြည်သားများအား တစ်ဖက်နှင့်တစ်ဖက် လုယက်ကြသည်မှာ သာမန်ဖြစ်နေခဲ့၏။

ရုန်၌ အချောအလှများစွာရှိသောကြောင့် ချင်းယွမ်တွင် ယောက်ျားများအား ဖျော်ဖြေရန် မိန်းမ

ကျွန်အရေအတွက်မှာ အတော်အသင့် ပေါ်ထွက်လာခဲ့လေသည်။

“ ရုန်က ကျွန်တစ်ယောက်အနေနဲ့ ရှင် အများကြီးခံစားခဲ့ရမှာပေါ့၊ ဟုတ်တယ်မလား?” ရှဲ့ချောင်၏ အသံမှာ တိမ်ဝင်သွားလေသည်။ “ ရှင့်ခေါင်းဆောင်ကို သတ်ခဲ့တဲ့အတွက် ကျွန်မအဖေကို ရှင် မုန်းနေတာများလား? ဒါပေမယ့် ခေါင်းဆောင်က ရှင်နဲ့ဘာများ သက်ဆိုင်လို့လဲ? သူ အသက်ရှင်နေရင်တောင်မှ ရှင် အကယ်ခံရမှာတဲ့လား? ကျွန်မအဖေကို ပြဿနာရှာမယ့်အစား ရှင်က ကျွန်မညီမလေးကို ရန်စခဲ့တယ်နော်။ ကြည့်ရတာ ရှင့်ရဲ့သေဆုံးမှုက အလဟဿမဟုတ်ဘူးထင်ပါရဲ့”

ဤကဲ့သို့သော အနိုင်ကျင့်သူအား အကြိမ်ပေါင်းထောင်ပေါင်းများစွာသတ်လျှင်ပင် သနားစရာကောင်းလိမ့်မည်မဟုတ်ချေ။

ထိုအချိန်က လူရိုင်းများသည် ကျူးကျော်ဝင်ရောက်ရန် လက်ဦးမှုယူခဲ့ကာ ချင်းယွမ်မှလူများမှာ မိမိကိုယ်ကိုအားကိုးရန် ချန်ထားခံခဲ့ကြရလေသည်။

အမှန်တကယ်တွင် ရုန်၏ အဖမ်းခံခဲ့ရသော ချင်းယွမ်မှလူများနှင့် နှိုင်းယှဥ်ပါက ချင်းယွမ်ပိုင်နက်ထဲသို့ ကျရောက်ခဲ့သည့် ရုန်မှလူများတွင် နှိုင်းယှဉ်ချက်အားဖြင့် ဘဝကောင်းတစ်ခု ရှိပေသည်။ အနည်းဆုံးတော့ ၎င်းတို့သည် အရှင်လတ်လတ်စားခြင်း မခံခဲ့ရပေ။

•••••

၈၁၂။ အံ့ဩစရာပဲ!

ရုန်မှလူများမှာ ပညာတတ်မြောက်မှုမရှိကြကာ အမှန်တကယ်ပင် လူသားစားသည့်ဓလေ့ ရှိပေ၏။

ရှဲ့ချောင် ရွှေယွဲ့တာအိုဘုရားကျောင်းတွင်ရှိစဥ်က ရုန်မှလူများအကြောင်းကို များပြားလှသောကုန်သည်များ ပြောနေကြသည်ကိုလည်း ကြားဖူးပေသည်။

ထိုနေရာသည် စစ်ရေးကျွမ်းကျင်ကာ ရုပ်ပိုင်းဆိုင်ရာခွန်အားအပေါ် ကိုးကွယ်ကြသည်ပင်။ မြင်းများနှင့် လက်နက်များမှာ ၎င်းတို့၏ ကောင်းမွန်သည့်အရည်အသွေးကြောင့် ကျော်ကြားကြသော်လည်း များစွာမမွေးမြူကြပဲ အဓိကအားဖြင့် စားကျက်မြေတွင်သာ လွှတ်ထားကြလေ

သည်။ ဘေးဒုက္ခကျရောက်လာသောအခါတွင် ၎င်းတို့မှာ ဓားပြတိုက်လုယက်ရန်သာ တတ်နိုင်တော့လေ၏။ ၎င်းတို့သည် ရုပ်ဝတ္ထုပစ္စည်းများကို လုယက်သည်သာမဟုတ်တော့ပဲ လူများကိုပါ လုယက်လာခဲ့ကြလေသည်။

ထိုသည်မှာ ယခင်မင်းဆက်မှ လက်ဆင့်ကမ်းအမွေပေးခဲ့သည့် အလေ့အထတစ်ခုဟု ဆိုခဲ့ကြသည်။

ယခင်မင်းဆက် ဖျက်ဆီးခံခဲ့ရသည့် တစ်စိတ်တစ်ပိုင်းမှာ ဧကရာဇ်သည် အသုံးမကျဖြစ်ကာ လူများအား မကူညီနိုင်သောကြောင့်ဖြစ်သည်။ အကြောင်းအရင်း၏ အခြားတစ်စိတ်တစ်ပိုင်းမှာ များပြားလှစွာသော ဒုက္ခကပ်ဘေးများ ရှိနေခဲ့သောကြောင့်ဖြစ်သည်။

နေရာတိုင်းတွင် ဒုက္ခကပ်ဘေးများရှိနေခဲ့ပြီး အိမ်နီးချင်းတိုင်းပြည်များအတွက်လည်း အတူတူပင်ဖြစ်သည်။

ဒေသခံလူများမှာ ဒုက္ခရောက်လျှင်ပင် အဆင်ပြေသော်လည်း အသက်ဆက်ရန်အတွက်မူ လူများအား လုယက်ကာ ချက်စားသည့် ရုန်မှလူများ ရှိနေခဲ့လေသည်။ မည်သို့ပင်ဖြစ်စေ အင်ပါယာတရားရုံးတော်သည် ထိုအခြင်းအရာအား ဂရုမစိုက်ကာ လူများအား အသက်ဆက်ရန်နည်းလမ်းမရှိ ဖြစ်စေခဲ့သည်။ ထိုသည်မှာ အဘယ်ကြောင့်မင်းဆက်ပြောင်းလဲရခြင်းပင် ဖြစ်သည်။

လက်ရှိမင်းဆက်၏ ရုန်အပေါ်သဘောထားမှာ အမြဲတစေ တင်းမာခဲ့လေသည်။ အဆိုးဆုံးအခြေအနေမှာ စစ်ပွဲတစ်ခုသာဖြစ်နိုင်ပေသည်။

တိုင်းပြည်များအတွင်းရှိ အရာအားလုံးမှာ အဆင်ပြေကောင်းမွန်နေသဖြင့် တိုင်းပြည်နှစ်ခုကြားရှိ ဆက်ဆံရေးမှာ ရံဖန်ရံခါမှသာ ယိုယွင်းဆိုးရွားတတ်လေသည်။

၎င်းတို့သည် ၎င်းတို့၏ဘက်ခြမ်းမှ လူသားစားသည့်စည်းမျဥ်းများအား ပြောင်းလဲ၍ မပြီးသေးချေ။

ချင်းယွမ်တွင် ရေကြည်ရာမြက်နုရာ လှည့်လည်နေထိုင်သည့်လူမျိုးများ ရှိပေသည်။ ရုန်မှလူများနှင့် ဤလူများ ကြုံကြိုက်၍ဆုံမိသွားကြသည်နှင့် ရလဒ်မှာ ဆိုးဝါးလိမ့်မည်ပင်ဖြစ်သည်။ ဤအကြောင်းကြောင့် ရုန်မှမိန်းမကျွန်များ ချင်းယွမ်နယ်မြေတွင် အရှက်ခွဲခံခဲ့ရခြင်းအား ဖြစ်စေခဲ့လေသည်။

ထိုလူများမှာ အပြစ်ကင်းကြသော်လည်း မျက်လုံး

တစ်လုံးအတွက်မျက်လုံးဟုလည်း ယူဆနိုင်ပေသည်။

ဤအချိန်တွင် မကောင်းဆိုးဝါးဝိညာဥ်သည် ရှဲ့ချောင်၏ စကားများကြောင့် ဒေါသထွက်သွားခဲ့ကာ ထပ်မံမကွယ်ဝှက်ထားနိုင်တော့ပေ။

သူမသည် ရှဲ့ချောင်အား အေးစက်စက်ကြည့်လိုက်ကာ အမှန်တကယ်ပင် မာနကြီးစွာရယ်မောလာခဲ့လေသည်။ “ ရုန်ကလူတွေက သေဖို့ထိုက်တန်တာလား?! ငါ့အသက်ဆယ်နှစ်မှာ ဒီနေရာကို ရောင်းစားခံခဲ့ရပြီးတော့ ယောက်ျားတွေကို ဘယ်လိုစိတ်ကျေနပ်အောင်လုပ်ပေးရမယ်ဆိုတာကို သင်ယူခဲ့ရတယ်။ ငါ့မှာ ရုန်က ဘယ်လိုပုံစံမျိုးလဲဆိုတာကို မေ့နေတာကြာပြီ! ဒါပေမယ့် ဒီမျက်လုံးတွေကြောင့် ငါ သေတဲ့အထိ အရိုက်ခံခဲ့ရတယ်!”

“ အဲဒါ ငါ့ညီမနဲ့ ဘာဆိုင်လို့လဲ?” မည်သည့်ညှာတာထောက်ထားမှုကိုမျှ ရှဲ့ချောင် မပြသခဲ့ချေ။

ဒါပေါ့၊ ရောင်းစားခံခဲ့ရတာက သူမအတွက် တကယ့်ကို သနားစရာကောင်းပါတယ်။

ဒါပေမဲ့လည်း ရှဲ့ရှီက သူမကို မစော်ကားခဲ့ဘူးလေ၊ ဟုတ်တယ်မလား?

“ ဒါပေါ့၊ အဲ့တာက သူနဲ့ ဘာမှမဆိုင်ပါဘူး” ထိုမကောင်းဆိုးဝါးဝိညာဥ်သည် ထပ်မံရယ်မောလိုက်ပြန်၏။ “ ငါက ဒီအတိုင်း… ဒီကောင်မလေးကို ကြည့်လိုက်ရုံပါ။ ငါ သူ့ကို အရမ်းသဘောကျတာပဲ။ သူ့အသံက နှစ်သက်ဖို့ကောင်းတယ်။ သူ့အဖေက လူရိုင်းတွေကိုသတ်ခဲ့တဲ့ သူရဲကောင်းလေ။ ငါ သူမ ဖြစ်ချင်တယ်!”

ဘာလို့ သူမက လူရိုင်းတစ်ယောက်ဖြစ်ဖို့ ကံဇာတာပါခဲ့ရတာလဲ? ရုန်က သောက်ကျိုးနည်းလူတစ်ယောက်ဖြစ်ဖို့ကိုလေ?

သူမ ဆန္ဒမရှိခဲ့ပါ။ သူမသည် ချမ်းသာသောမိသားစုတစ်ခုမှ သခင်မလေးဖြစ်ချင်သည်!

ရှဲ့ချောင်သည် မကောင်းဆိုးဝါးဝိညာဥ်၏ စကားများကြောင့် ဒေါသထွက်သွားခဲ့ကာ ရယ်လိုက်သည်။

“ နင်က ကောင်းကင်ဘုံကို သွားချင်တာလား? နင့်ကို အဲ့ဒီဆီ ငါ့ကို ပို့ပေးစေချင်လား?” ရှဲ့ချောင် နှာမှုတ်လိုက်၏။ “ နင်က အများကြီးလိုချင်နေတာပဲ။ နင် အသက်ရှင်နေတုန်းက အဲဒါတွေကို မရယူနိုင်ခဲ့ဘူးလို့ ငါ ယူဆတယ်၊ ဆိုတော့ နင်က နင်သေသွားတဲ့အချိန်မှာ ရနိုင်အောင် ဒါကို လုပ်

နေတာပေါ့”

“ ငါ နင့်ကို မကြောက်ဘူး။ ငါက သူမခန္ဓာကိုယ်ထဲမှာနော်။ နင် ငါ့ကိုဖြေရှင်းဖို့ တစ်ယောက်ယောက်ကို ရှာရဲမယ်ဆိုရင် နင့်ညီမရဲ့ဘဝကတော့… ကျစ်,ကျစ်,ကျစ်…” မကောင်းဆိုးဝါးဝိညာဥ်သည် အတော်လေးစိတ်ကြီးဝင်နေပေ၏။

ရှဲ့ချောင်သည် အလျင်လိုမနေပါချေ။

ဒီလိုမျိုး ကိစ္စအသေးလေးကိုတောင် မကိုင်တွယ်နိုင်ဘူးဆိုရင် သူမက ဘယ်လိုဆရာမျိုး ဖြစ်သွားမလဲ?

မကြာမီတွင် အိမ်တော်ထိန်းသည် ပစ္စည်းများအား သယ်ယူလာခဲ့လေသည်။

ပစ္စည်းများအားလုံးမှာ သူမ၏ ခြံဝန်းထဲမှ ရွေ့ပြောင်းလာခဲ့ခြင်းဖြစ်ကာ အသုံးဝင်ကြလေသည်။

“ နင် ဘာလုပ်နေတာလဲ?” အငြိုးကြီးဝိညာဥ်မှာ အနည်းငယ်စိုးရိမ်သွားလေ၏။ ဤမိန်းမငယ်လေးသည် အနည်းငယ်ကြောက်ဖို့ကောင်းသည်ဟု သူမ ထင်မိသည်။ အထူးသဖြင့် သူမ(ရှဲ့ချောင်) ခန္ဓာကိုယ်ထက်မှ အရောင်အဝါပင်။ မည်သည့်အကြောင်းကြောင့်မှန်း သူမ မသိသော်လည်း သူမ(ရှဲ့ချောင်)အနားသို့ တိုးမသွားရဲပေ။

ရှဲ့ချောင်သည် တစ်စုံတစ်ယောက်အား စားပွဲကိုပြင်ဆင်ခိုင်းလိုက်ကာ အခမ်းအနားအား စတင်ရန် အသင့်ဖြစ်နေ၏။

သူမ၏မျက်နှာမှာ တည်ငြိမ်နေလေသည်။ အမွှေး

တိုင်အား မီးညှိပြီးနောက်တွင် သူမလက်ထဲမှ တာအိုခေါင်းလောင်းအား စတင်၍ တီးလိုက်၏။

အသံအား ကြားလိုက်သည်နှင့် အငြိုးကြီးဝိညာဥ်မှာ တစ်စုံတစ်ခုမှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။

“ အကြီးဆုံးအစ်မ၊ အစ်မ လုပ်နိုင်ရဲ့လား? အစ်မက ဘာလို့များ လမ်းပေါ်ကလူလိမ်နဲ့ တူနေရတာလဲ?” ရှဲ့ဖင်းဟွိုက်သည် သံသယအပြည့်ရှိသော မျက်နှာနှင့် သူမဘေးတွင် ထိုင်နေခဲ့လေသည်။

ရှဲ့ချောင် အဆောင်တစ်ခုအား ပစ်ထုတ်လိုက်၏။

သူမ၏ မက်မွန်ပွင့်ဓားအား ညွှန်ပြလိုက်သည်နှင့် အဆောင်သည် လေထဲ၌ အမှန်တကယ်ပေါက်ကွဲသွားခဲ့လေသည်။

ရှဲ့ဖင်းဟွိုက်သည် ထိုအခြင်းအရာအား ကြည့်ကာ အံ့ဩတကြီး လက်ခုပ်တီးလေ၏။ “ အရမ်းမိုက်တာပဲ! အစ်မကြီး၊ လမ်းပေါ်က လက်လှည့်ဆရာတွေတောင် အစ်မလောက် မကောင်းကြဘူးဗျ!”

သူ့အကြီးဆုံးအစ်မသာ လောကတစ်ခွင် လှည့်လည်သွားလာမယ်ဆိုရင် သေချာပေါက်ကို သူမ ဆာလောင်ပြီး သေမှာမဟုတ်ဘူး!

သူမရဲ့ ကျွမ်းကျင်မှုကို ကြည့်ပါဦး၊ အဲ့တာကို မြင်တဲ့အချိန်မှာ ဘယ်သူကများ သူမကို ငွေစမပေးပဲနေမှာလဲ?

•••••

All Chapters