အခန်း (၈၁၃-၈၁၆)
Vol. 42 Ch. 813-816
၈၁၃။ အကြောင်းတရားနှင့် အကျိုးသက်ရောက်မှု
ရှဲ့ဖင်းဟွိုက်သည် ထိုအရာအား မျက်တောင်မခတ်စိုက်ကြည့်နေခဲ့လေသည်။ သူ၏ နှလုံးသားအတွင်း၌ တုန်လှုပ်မြည်ဟည်းနေဆဲပင်။
သူ့အကြီးဆုံးအစ်မက အဲ့တာကို တာအိုဘုရားကျောင်းက လူအိုကြီးဆီကနေ သင်ခဲ့တာပဲဖြစ်ရမယ်၊ ဟုတ်တယ်မလား? သူ့အဖေက အဲ့ဒီဆရာအိုကြီးက ငတုံးတစ်ယောက်လို့ ပြောခဲ့ဖူးတယ်။ သူက ဆိုးရွားတဲ့အရာတွေကိုလည်း ပြောလိမ့်မှာပဲ။
ဟူး၊ သူက သူ့ရဲ့ လှပတဲ့အစ်မအကြီးဆုံးကို ဒီလိုမျိုးကျွမ်းကျင်မှုတစ်ခုကို တကယ်ကြီး သင်ပေးခဲ့တာပဲ။ သူမရဲ့ဘဝကလည်း တကယ့်ကို စိတ်မချမ်းမြေ့စရာပါလား။
ရှဲ့ဖင်းဟွိုက်သည် အလွန်သနာနေမိသော်လည်း ရှဲ့ချောင်၏ မိမိကိုယ်ကိုလေးစားမှုအား မနင်းခြေပစ်ချင်သောကြောင့် ရှဲ့ချောင်အား အစွမ်းကုန်မျက်နှာချိုသွေးလေတော့သည်။ “ အကြီးဆုံးအစ်မ၊ ကျွန်တော် အတည်ပြောတာ။ အစ်မရဲ့ ဒီလှုပ်ရှားမှုက တကယ့်ကိုထူးကဲတယ်။ ဒါပေမယ့်လေ အခုအချိန်မှာ ပါးစပ်ကနေ မီးမှုတ်ထုတ်ပြတာက ပိုပြီးရေပန်းစားတယ်ရယ်။ အစ်မလုပ်ခဲ့တာက ဇာတ်လမ်းကင်းမဲ့နေတာ။ အစ်မ အဲ့တာကို ထပ်လေ့ကျင့်သင့်တယ်”
ရှဲ့ချောင်မှာ သူမနှလုံးသားအောင့်မျက်သည်အထိ အလွန်ဒေါသထွက်သွားရသည်။ “ အနားမှာ လာရှုပ်မနေနဲ့။ မင်း ဘေးနားက အဲဒီပစ္စည်းဆွဲပုံးကို မြင်လား? မင်းညီမကို အဲ့တာနဲ့ပက်လိုက်”
ရှဲ့ဖင်းဟွိုက်မှာ ပဟေဠိဖြစ်နေသော်လည်း ခေါင်းညိတ်ပြလိုက်ဆဲပင်ဖြစ်သည်။
ထိုဆွဲပုံးထဲ၌ ပစ္စည်းများစွာ ရှိလေသည်။ ၎င်းမှာ ညစ်ပတ်ရှုပ်ပွနေကာ အကျိုးနည်းအနံ့တစ်ခုရှိနေပေသည်။ ထိုသည်က မည်သည်မှန်း သူ မမှတ်မိနိုင်ချေ။
သို့သော်လည်း သူ၏အစ်မအကြီးဆုံးမှ သူ့အား ထိုအရာကိုပက်ရန်ပြောခဲ့လေရာ သူမ ပြောသည့်အတိုင်း သူ လုပ်လိုက်၏!
၎င်းအား သူ ချက်ချင်းကောက်မလိုက်ကာ ရှဲ့ရှီထံသို့ ပက်လိုက်သည်။
၎င်းတို့မှာ မကောင်းဆိုးဝါးအား တားဆီးကာကွယ်ရန် ရှဲ့ချောင်၏ ၅မျိုးသော အထူးအမှုန်ပွင့်များ
ဖြစ်ကာ ခွေးသွေးများ စွန်းထင်းနေလေသည်။ သူမ၏ ဝါးခြင်းတောင်းထဲတွင် များများစားစား မကျန်တော့သောကြောင့် မြေပေါ်သို့ ပက်ဖျန်းရန် သူမအတွက် မလုံလောက်တော့ပေ။
နောက်ဆုံးတွင် သရဲစီးခံထားရသူမှာ သူမ၏သွေးချင်းညီမအရင်းဖြစ်သောကြောင့် ဤနည်းလမ်းအား အသုံးပြုချိန်၌ သူမအား ထိခိုက်စေမှုကို ရှောင်ကြဥ်ရန် ညင်သာရမည်ဖြစ်သည်။
ရှဲ့ချောင်သည် ခေါင်းလောင်းများအားကြည့်ရန် မမေ့လျော့ခဲ့ချေ။ ၎င်းတို့မှာ သူမ၏ လက်ကောက်ဝတ်ထက်တွင် ချည်နှောင်ထားဆဲဖြစ်ပေသည်။ ၎င်းတို့သည် ယခင်ကလောက် အားကောင်းပုံမပေါ်တော့သော်လည်း အသုံးဝင်ဆဲပင်ဖြစ်၏။ သူမအား ကာကွယ်ပေးနေသည့် ဤပစ္စည်းနှင့်ဆိုလျှင် ရှဲ့ရှီ အသက်ရှင်ကျန်ရစ်နိုင်လိမ့်မည်ဖြစ်သည်။
ရှဲ့ဖင်းဟွိုက်သည် လျင်မြန်စွာလှုပ်ရှားလိုက်ကာ မကောင်းဆိုးဝါးဝိညာဥ်မှာ ရှဲ့ချောင်၏ အဆောင်ကြောင့် ချုပ်ထိန်းခံလိုက်ရပြီး တိုက်ရိုက်ပင် ပက်ဖျန်းခံလိုက်ရသည်။
၎င်းမှာ ပို၍ပင်ကြမ်းကြုတ်ရက်စက်လာခဲ့လေသည်။
ခွေးသွေး၊ အမှုန်ပွင့်များ၊ မာကျူရီကျောက်နီဖျော့နှင့် အခြားအရာများဖြင့် စွန်းထင်းသွားခဲ့သော ရှဲ့ရှီမှာ ဤအချိန်တွင် မီးပြင်းဖိုတစ်ခုနှင့် တူနေပေသည်။ မကောင်းဆိုးဝါးဝိညာဥ်အတွက် ထိုသည်မှာ နေရန် နေရာကောင်းတစ်ခု မဟုတ်ချေ။
ချက်ချင်းဆိုသလိုပင် မကောင်းဆိုးဝါးဝိညာဥ်သည် အတွင်းမှ ခုန်ထွက်လာလေ၏။
၎င်းသည် ပြေးချင်ဆဲဖြစ်သည်။
သို့သော်လည်း ၎င်းသည် အပြင်ထွက်မလာခဲ့ပါချေ။
ထိုသည်မှာ သူမအတွက် ထွက်သွားရန် မဖြစ်နိုင်အောင်လုပ်ထားသည့် အတားအဆီးတစ်ခု သူမ ပတ်ပတ်လည်တွင် ရှိနေသကဲ့သို့ပင်။
ထိုအခါမှသာ သူမ အလွန်အမင်း အထိတ်တလန့်ဖြစ်လာခဲ့လေသည်။ သူမ ရှဲ့ချောင်အား စိုးရိမ်သည့်အကြည့်စူးတစ်ခုဖြင့် ကြည့်လိုက်သည်။ “ ငါ သူမကို မသတ်ခဲ့ဘူး!”
“ နင် မလုပ်ခဲ့ဘူးလား? အဲ့တာက ဘာလို့လဲဆိုတော့ နင့်မှာ အချိန်မရသေးလို့လေ” ရှဲ့ချောင်သည် သူမနှင့်အတူ အခမ်းအနားအတွင်း၌ လုံးဝ
ရပ်မနေခဲ့ပေ။ သူမ၏ ခန္ဓာကိုယ်သို့ မိုးကြိုးအဆောင်အနည်းငယ် ရိုက်ခတ်သွားခဲ့ကာ သူမအား အဆုံးမရှိနာကျင်မှု ဖြစ်ပေါ်စေခဲ့လေသည်။
အလျင်အမြန်ပြောလိုက်သဖြင့် ထိုမကောင်းဆိုးဝါးဝိညာဥ်တွင် အတွေးတစ်ခုခုရှိနေပုံရလေသည်။ “ န-နင်က ကြမ္မာဥယျာဥ်က ဆရာမမော့လား…? ငါ-ငါ ပြန်ဝင်စားဖို့ ဆန္ဒရှိပါတယ်။ ငါ့မှာ နောက်ဆုံးဆန္ဒတစ်ခုရှိတယ်…”
သူမ၏ အသံမှာ စိုးရိမ်ကြောင့်ကြလျက်ရှိလေသည်။
သူမသာ ခြေတစ်လှမ်းအလွန်နောက်ကျသွားခဲ့ပါက ရှဲ့ချောင်ထံမှ သေအောင်အရိုက်ခံရမည်ကို ကြောက်ပါ၏။
“ ငါ့ဘဝက အရမ်းကြမ်းတမ်းခဲ့တာ! သ-သူတို့ပြောတာတော့ နင်က မကောင်းဆိုးဝါးဝိညာဥ်တွေကို ဒဏ်ခတ်အပြစ်ပေးနိုင်တယ်တဲ့။ ငါက အရမ်းကို စိတ်မချမ်းမြေ့ဖြစ်ခဲ့ရတာ။ ဆယ်နှစ်ကျော် သီချင်းဆိုခဲ့ရပြီးတော့ ငါ့ကိုယ်ငါ ပြန်ရွေးဖို့အတွက် ငွေစစုရတာ ငါ့အတွက် မလွယ်ကူခဲ့ဘူး။ ဒါပေမယ့်လည်း ဘဝသစ်မစနိုင်ခင်မှာတင် နယ်စပ်စစ်ပွဲကြောင့် တစ်ယောက်ယောက်ဆီကနေ သေတဲ့အထိ ရိုက်တာကိုခံခဲ့ရတယ်!”
သူမမှာ သေသည်အထိအရိုက်ခံရရုံသာမကပဲ ကာလရှည်ကြာနှိပ်စက်ခြင်းကိုလည်း ခံစားခဲ့ရသည်။
ထိုအချိန်က သူမသည် လမ်းမအားဖြတ်ကူးသည့် ကြွက်တစ်ကောင်ကဲ့သို့ပင်။ မည်သူကမျှ သူမအား မကူညီခဲ့ကြသလို မသနားခဲ့ကြပေ။
သူမ၏ နှလုံးသားအတွင်းမှ မကျေမချမ်းမှုအား သူမ ခံစားလိုက်ရသော်လည်း မည်သူ့အား မုန်းတီးရမည်ကိုမူ သူမ မသိပါချေ။
သူမ၏ မကျေမချမ်းဖြစ်မှုအား ထွက်ပေါက်ရှာရန် နေရာမရှိသောကြောင့် အနီးတဝိုက်တွင် တရစ်ဝဲဝဲဖြစ်နေခဲ့ရသည်။ သူမသည် အသက်ရှင်သန်နေစဥ်က ပြည်ကြီးတန်ဆာဖြစ်ခဲ့သောကြောင့် သူမ သေဆုံးပြီးနောက်တွင် မတတ်နိုင်ပဲ ကြည့်ကောင်းသည့်မိန်းကလေးတစ်ယောက်အား မြင်မိတိုင်း နောက်မှလိုက်မိလေသည်။ အမှုမဲ့အမှတ်မဲ့ဖြင့် တစ်ဖက်လူအား သူမ ထိခိုက်စေခဲ့မိလေသည်။
သူမတွင် မကျေမချမ်းမှုရှိသောကြောင့် သူမ ပစ်မှတ်ထားလိုက်သည့် လူအများစုမှာ ဖုန်မှုန့်ထဲတွင် အဆုံးသတ်သွားကြရပေသည်။
ဤအငြိုးအတေးကြီးဝိညာဥ်သည် ကံကြမ္မာ
အများစုဖြင့် စွန်းထင်းခံထားရသည်ကို ရှဲ့ချောင် မြင်နိုင်ခဲ့၏။
ထို့ကြောင့် ဤအချိန်တွင် သူမ၏စကားများအား ကြားလိုက်သောအခါ ရှဲ့ချောင်၏ သဘောထားမှာ အေးစက်နေခဲ့လေသည်။ “ ငါက များသောအားဖြင့် နင့်လို အငြိုးအတေးကြီးဝိညာဥ်တွေကို အောက်ကိုပို့လေ့ရှိတယ်၊ ဒါပေမယ့် ဒီတစ်ကြိမ်တော့ ခြွင်းချက်တစ်ခု ငါ လုပ်လိုက်ရမှာကို စိုးရိမ်မိပါရဲ့”
ဤအငြိုးအတေးကြီးဝိညာဥ်များဖြင့် မည်ကဲ့သို့ညှိနှိုင်းရမည်ကို သူမ တွေးတောခဲ့၏။
၎င်းတို့အများစုမှာ ရိုးရှင်းစွာပင်အောက်သို့ အပို့ခံကြရသည်။ ၎င်းတို့ မည်သည့်အမှားကို လုပ်ခဲ့သည်ပင်ဖြစ်စေ ပြန်လည်ပေးဆပ်ရန် ၎င်းတို့အတွက် စည်းမျဥ်းဥပဒေတစ်ခု ရှိလိမ့်မည်ပင်။
သို့သော်လည်း၊ ဤတစ်ယောက်သည်တော့…
မြေပြင်ထက်တွင် လဲလျောင်းနေသော ရှဲ့ရှီအား ရှဲ့ချောင် ကြည့်လိုက်၏။ ရှဲ့ရှီ၏ ဖြူဖျော့နေသောမျက်နှာမှာ သူမ၏ ကြင်နာမှုပျောက်ဆုံးသွားအောင် လုပ်ခဲ့လေသည်…
•••••
၈၁၄။ သူ့သွားတွေအကုန် ချိုးပစ်လိုက်
ဤအငြိုးအတေးကြီးဝိညာဉ်သည်သာ ယုတ္တိမရှိကာ ဤအရာအားလုံးအား မကျေမချမ်းမှုဖြင့် လုပ်ခဲ့သည်ဖြစ်လျှင် ရှဲ့ချောင်သည် သူမအပေါ် ပို၍သက်ညှာနိုင်လောက်မည်ဖြစ်သည်။
သို့သော်လည်း သူမအရှေ့မှ ဤတစ်ယောက်သည်တော့ သိသိသာပင် မဟုတ်ချေ။
သူမသည် နှစ်ပေါင်းများစွာကြာ နေရာအနှံ့လျှောက်သွားနေခဲ့သည်ဖြစ်၏။
သူမသည် နေရာတစ်ခုအတွင်း၌ ပိတ်ထားခြင်းခံရသည့် ထိုအငြိုးအတေးကြီးဝိညာဥ်များနှင့် မတူပေ။ သူမ အငြိုးအတေးကြီးဝိညာဥ်ဖြစ်လာရ
ခြင်း၏ အကြောင်းအရင်းမှာ သူမ၏ လက်များအတွင်း၌ များပြားလှစွာသော ကံကြမ္မာများရှိနေသောကြောင့်ဖြစ်သည်! ထို့အပြင် သူမသည် အတော်လေးသန်မာ၏။ တော်ဝင်ကျောင်းတော်ကိုပင် သူမ အလိုရှိသလို ဝင်နိုင်ထွက်နိုင်ပေသည်။
ရှဲ့ချောင် အေးစက်သွား၏။
အငြိုးအတေးကြီးဝိညာဥ်သည် အလွန်ကြောက်ရွံ့နေပုံပေါ်ပြီး ရှဲ့ချောင်၏ သတ်ရန်ရည်ရွယ်ချက်အား ခံစားမိသွားကာ ဂနာမငြိမ်ဖြစ်လာခဲ့လေသည်။
ရှဲ့ဖင်းဟွိုက်သည် ရှဲ့ချောင်စကားပြောသည်အား နားထောင်နေခဲ့သော်လည်း ရှင်းလင်းစွာပင် ထိုနေရာ၌ မည်သူမျှ ရှိမနေခဲ့ပေ…
ဒါကြီးက ထူးဆန်းလိုက်တာ…
ဘန်းဟူသော အသံတစ်ချက်ဖြင့် စားပွဲပေါ်မှ ပစ္စည်းများ ပြုတ်ကျသွားခဲ့လေသည်။
ရှဲ့ဖင်းဟွိုက်၏ မျက်ခွံများ လှုပ်ခါသွားခဲ့၏။
ဘာတွေဖြစ်နေတာလဲ?
“ ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေရဲ့ ရှင်ဘုရင်၊ စိတ်ဝိညာဥ်ကို အစိတ်စိတ်အမြွှာမြွှာခွဲတဲ့ ငရဲက စစ်သည်တော်ငါးယောက်၊ ကျွန်ုပ်ရဲ့ အမိန့်ကို ကြားနာကြလော့… ဝိညာဥ်ကို ဖမ်းယူကာ ရှင်သန်ခွင့်မပေးပါနဲ့! မျိုးဖြုတ်ပစ်လိုက်ပါ!” ရှဲ့ချောင် ဂါထာမန္တရားရွတ်ဆိုလိုက်၏။
သူမသည် ရွတ်ဆိုနေရင်း အဆောင်တစ်စုံအား ပစ်မြှောက်လိုက်လေသည်။ မျက်စိတစ်မှိတ်အတွင်း၌ပင် မကောင်းဆိုးဝါးဝိညာဥ် ကွယ်ပျောက်သွားခဲ့၏။ မကျေမချမ်းမှုရောင်ဝါလက္ခဏာလည်း ပျောက်ကွယ်သွားခဲ့သည်။
ရှဲ့ချောင်၏ မျက်ခုံးများ ပြေလျော့သွား၏။ သူမ အနည်းငယ်မသက်မသာ ခံစားရပေသည်။
ဂါထာမန္တရားသည် ကြားရသည်မှာ ရိုးရှင်းသော်လည်း ထိုသည်အား ရွတ်ဆိုရန်မှာ အင်အားလိုအပ်လေသည်။
ထို့အပြင် မကောင်းဆိုးဝါးဝိညာဥ်၏ နာကြည်းချက်မှာ အလွန်လေးလံလှသည်ပင်။ ၎င်းသည် ဤရက်များတွင် ရှဲ့ရှီ၏ ခန္ဓာကိုယ်အား
အတင်းအကျပ်အပိုင်စီးထားခဲ့ကာ သူမ၏ ခေါင်းလောင်းများကြောင့် ထိခိုက်သွားခဲ့သည့် အချက်ကြောင့်သာမဟုတ်ပါက ဂါထာမန္တရားသည် ကျိန်းသေပေါက် လုံလောက်မည်မဟုတ်ချေ။ သူမ ပို၍အားထုတ်ကြိုးပမ်းရန် လိုအပ်ပေလိမ့်မည်ဖြစ်သည်။
ရှဲ့ဖင်းဟွိုက်မှာ တစ်စုံတစ်ခု ကွဲပြားသွားသည်အား ခံစားမိသော်လည်း အတိအကျ မည်သည်ဖြစ်သည်ကို မဖော်ထုတ်နိုင်ချေ။
သူ့အစ်မအကြီးဆုံးက ဒီမန္တန်ကို အရင်ကလည်း ရွတ်ခဲ့ဖူးသလိုပဲ။ အဲဒီအချိန်တုန်းက သူက အိမ်တော်ရဲ့ ရိုက်ချိုးတာကိုခံခဲ့ရပြီးတော့ သူ့အစ်မအကြီးဆုံးက သူမကိုယ်သူမ တတွတ်တွတ်ရေရွတ်နေတာကိုတောင် ကြားခဲ့ရတယ်…
ရှဲ့ဖင်းဟွိုက်သည် အနည်းငယ်မေ့လျော့တတ်သည်ပင်။ “ အကြီးဆုံးအစ်မ၊ အစ်မ တာအို
ဆရာအိုကြီးနောက်ကို လိုက်ခဲ့ပြီးတော့ ဝိညာဥ်တွေဘယ်လိုဖမ်းရလဲဆိုတာကို သင်ယူခဲ့တာ၊ ဟုတ်တယ်မလား?”
ရှဲ့ချောင် သူ့အား ဖျတ်ခနဲကြည့်လိုက်၏။ “ အဲ့တာက အရမ်းကြောက်ဖို့ကောင်းတာပဲ။ မင်း ဘာပြောလိုက်တာလဲ?”
ရှဲ့ဖင်းဟွိုက်၏ မျက်နှာထက်တွင် ထူးဆန်းသည့်အမူအရာတစ်ခု ရှိနေခဲ့သည်။
သူ့အစ်မအကြီးဆုံးနဲ့ ပတ်သက်ပြီး တစ်ခုခုတော့မှားနေပြီ!
သူမက အခုလေးတင် အရမ်းကြမ်းကြုတ်ခက်ထန်နေပြီး တစ်ယောက်ယောက်ကို သတ်နေခဲ့သလိုတောင် ဖြစ်နေခဲ့တာကို။ သူ့စိတ်လေးနေတာ
က သေချာပေါက်ကို မှန်တာပဲ!
“ ရှီအာက ဘာလို့သတိလစ်သွားတာလဲ?” ရှဲ့ဖင်းဟွိုက်မှာ ယခုအချိန်တွင် သူ့ညီမလေးကိုသာ ဂရုစိုက်ပေသည်။ ရှဲ့ချောင်မှ သူ့ကို မတားသည်အားမြင်သောအခါ အလျင်အမြန်ပင် ရှေ့တိုးသွားလိုက်သည်။ သူ ရှဲ့ရှီအား ဆက်လက်လှုပ်ခါနေသော်လည်း သူမသည် နိုးမလာခဲ့ချေ။
ရှဲ့ချောင်မှ အိမ်တော်ထိန်းအား စိတ်ငြိမ်စေသည့် စွပ်ပြုတ်အချို့လုပ်ရန် ပြောလိုက်သည်။
ထို့နောက် သူမ၏ အခန်းတွင်း၌ ကံဆိုးမှုများအား ရှင်းလင်းရန် အဆောင်တစ်ချို့အား တိတ်တဆိတ်နေရာချလိုက်သည်။
နှစ်နာရီကြာပြီးနောက်တွင် ရှဲ့ရှီ နိုးလာခဲ့လေ
သည်။
“ အစ်မအကြီးဆုံး အိမ်မှာရှိတာလား?” ရှဲ့ချောင်အား ရှဲ့ရှီ မြင်လိုက်သောအခါ သူမ၏ အကြည့်စူးမှာ ပို၍လှုပ်ရှားတက်ကြွလာခဲ့လေသည်။
“ နင်တောင် အစ်မအကြီးဆုံး အသက်ရှင်နေခဲ့တာကို သိပြီးတော့ ငါ့ကို ပြောမပြခဲ့ဘူးနော်?!” ရှဲ့ဖင်းဟွိုက် ခံစားသွားရသည်။ သူ့အစ်မအကြီးဆုံး အသက်ရှင်နေတုန်းဆိုတာကို လူတိုင်းသိကြပေမယ့် သူတစ်ယောက်တည်း *အမှောင်ထဲမှာ အထားခံထားရတာပဲ!
(သတင်းအမှောင်ဖုံးတာကို ပြောတာပါ)
ရှဲ့ရှီ သူမခေါင်းအား စောင်အောက်သို့ ဝှက်လိုက်ကာ အလွန်အမင်းသနားချင့်စဖွယ်ကောင်း
နေလေသည်။
ရှဲ့ချောင် ရှဲ့ဖင်းဟွိုက်အား မျက်လုံးလှိမ့်ပြလိုက်ကာ “ ရှဲ့ရှီမှာ မင်းကိုပြောပြဖို့ သတ္တိတွေရှိမှာတဲ့လား? အစ်ကိုအကြီးဆုံးက သူ့ကိုလည်း သတ်လိုက်မှာကို မင်း မစိုးရိမ်ခဲ့ဘူးလား?”
“ အမှန်ပဲ” ရှဲ့ဖင်းဟွိုက် သူ၏နှုတ်ခမ်းများအား တွန့်လိုက်၏။ “ အစ်မတို့ အကုန်လုံးက ငကြောက်တွေပဲ၊ သူ့ကို ဘာအတွက်များ ကြောက်နေကြတာတုန်း?! အစ်မက ကျွန်တော့်ထက် ပိုကောင်းကောင်းတိုက်ခိုက်နိုင်တယ် မဟုတ်ဘူးလား? ကျွန်တော်က ငယ်ရွယ်နေသေးတုန်းပဲ။ နောက်ထပ်နှစ်နည်းနည်းလောက်ကြာရင် ကျွန်တော် သေချာပေါက် သူ့သွားတွေအကုန်လုံးကို ချိုးပစ်မယ်!”
“ ဟီးဟီး” ရှဲ့ချောင် ရယ်လိုက်၏။
သူ့သွားတွေအကုန်လုံးကို ချိုးပစ်မယ်?
အခုအချိန်မှာ ရှဲ့ဖင်းဟွိုက်ရဲ့ သွားတွေက ကောင်းနေတုန်းပဲ။ ဒါတွေအကုန်လုံး ရှဲ့ဖင်းကန်းရဲ့ သက်ညှာမှုကို ကျေးဇူးတင်ရမှာ!
သူ ပိုပြီးကျေးဇူးသိတတ်သင့်တယ်!
ဒါပေမယ့်လည်း ဒီတစ်ကြိမ် သူ ရှဲ့ဖင်းဟွိုက်ကို သင်ပေးလိုက်တဲ့ သင်ခန်းစာက ကောင်းတယ်လို့ယူဆလို့ ရနိုင်တယ်။ သူ အနာဂတ်မှာ ဒီလိုအမှားမျိုး ထပ်လုပ်မယ်ဆိုရင်… သူ့အစ်ကိုအကြီးဆုံးက ပြစ်ဒဏ်အနေနဲ့ တကယ်ကြီး သူ့လက်နဲ့ ခြေထောက်တွေကို ခုတ်ဖြတ်ပစ်လောက်တယ်။
ရှဲ့ချောင်မှာ အိမ်တော်သို့ လဝက်ကျော်မျှ ပြန်မလာခဲ့ချေ။ ယခုအချိန်တွင် သူမ ပြန်ရောက်ကာစဖြစ်သောကြောင့် အိမ်တော်မှ အစားအသောက်များမှာ ခမ်းနားနေလေသည်။ ညအချိန်တွင် မိသားစုတစ်ခုလုံးသည် ညစာအတူစားရန် စုဝေးခဲ့ကြ၏။
“ အဖေ၊ အခုတလော အဖေ့ရဲ့ အချစ်ဘဝနဲ့ပတ်သက်ပြီး ကံကောင်းမှုရခဲ့လား?” ရှဲ့ချောင်သည် ထမင်းစားပွဲ၌ သာမန်ကာလျှံကာ မေးလိုက်၏။
ထိုသည်အား သူမ ပြောလိုက်သောအခါ ရှဲ့ဖင်းကန်း၏ လှုပ်ရှားမှုများ ရပ်တန့်သွားလေသည်။
သူ့အဖေအား သူ ကြည့်လိုက်သည်။
ရှဲ့နျိုရှန်း၏ မျက်နှာထက်တွင် အပြစ်ကင်းသည့်ပုံစံရှိနေခဲ့လေသည်။ “ ငါ့ရဲ့ အချစ်ဘဝနဲ့ပတ်သက်ပြီး ဘယ်လိုကံကောင်းမှုမျိုးများလဲ!”
သူသည် မိန်းမတစ်ယောက်အား လက်ထပ်ချင်ခဲ့သော်လည်း အိမ်တော်ရှိ အခြေအနေအား တွေးကြည့်ရင်း သာမန်ကာလျှံကာ လက်မထပ်ရဲခဲ့ပါချေ။ အောင်သွယ်တော်များစွာ လာရောက်ခဲ့ကြကာ သူ့အား ချဥ်းကပ်ရန် လက်ဦးမှုရယူသည့် မိန်းမများစွာပင် ရှိခဲ့ပေသည်။ ဤသည်မှာ သူ့အား အမှန်ပင် စိတ်အနှောင့်အယှက်ဖြစ်စေလေသည်။
ဒီတစ်ချိန်လုံးမှာ သူ့ကို အလုပ်အကျွေးပြုဖို့ တစ်ယောက်မှမရှိခဲ့ပဲ သူ မအီမသာခံစားခဲ့ရတယ်!
•••••
၈၁၅။ အဲဒီအမျိုးသမီးကို လွှတ်ပေးလိုက်ပါ
ရှဲ့ချောင်သည် အတော်လေးလုပ်နိုင်စွမ်းရှိသည်အား ရှဲ့ဖင်းကန်း သိထားပေသည်။ သူမအဖေက အချစ်မှာ ကံကောင်းသည်ဟု သူမ ပြောခဲ့သောအခါ ဖြစ်နိုင်သည်က…
“ အဖေ နောက်တစ်ကြိမ် လက်ထပ်ချင်တယ်ဆိုရင် အဆင်ပြေတယ်၊ ဒါပေမယ့် အဖေ့ရဲ့ အကဲဖြတ်မှုနဲ့ပတ်သက်ပြီး ပိုဂရုစိုက်ရမယ်။ ဘယ်လိုပြုမူရမလဲဆိုတာကို မသိတဲ့တစ်ယောက်ယောက်ကို လက်ထပ်မယ်ဆိုရင် အဖေ အိမ်တော်ကနေ ဆင်းသွားသင့်တယ်” ရှဲ့ဖင်းကန်းမှာ ပို၍ပင် အဖေတစ်ယောက်နှင့် တူနေပေ၏။
ထိုသည်အား ရှဲ့နျိုရှန်း ကြားလိုက်သောအခါ အလွန်စိတ်ဆိုးသွားသောကြောင့် သူ၏ မုတ်ဆိတ်
အား မှုတ်ထုတ်လိုက်ကာ သူ့အား စိန်းစိန်းဝါးဝါးကြည့်လိုက်သည်။ “ငါက မင်းအဖေနော်။ မင်း စကားပြောတဲ့အချိန်မှာ ဘယ်လိုမျိုးယဥ်ကျေးရမလဲဆိုတာ မသိဘူးဆိုရင် မင်း ပါးစပ်ကိုပိတ်ထားလိုက်!”
ရှဲ့ဖင်းကန်းသည် အရေထူသည်ဖြစ်၏။ အနည်းငယ် ကြိမ်းမောင်းခံရပြီးနောက်တွင်ပင် သူ၏ မျက်နှာအမူအရာမှာ ပြောင်းလဲမသွားချေ။
“ ကျွန်တော်တို့မိသားစုက အရင်ကနဲ့ မတူတော့ဘူး။ အဖေ လက်ထပ်ချင်တာနဲ့ပဲ ဒီအတိုင်း လက်ထပ်လိုက်လို့မရတော့ဘူး။ အဖေ ကောင်းကောင်းမွန်မွန် လက်မထပ်ဘူးဆိုရင်… အိမ်ရှေ့စံမင်းသားရဲ့ ယောက္ခမက ဘယ်သူဖြစ်လာမလဲဆိုတာကိုသာ သေချာတွေးကြည့်လိုက်” ရှဲ့ဖင်းကန်း၏ အသံနေအသံထားမှာ အေးစက်နေလေသည်။
အတိတ်၌ သူတို့၏မိသားစုနောက်ခံမှာ ရိုးရှင်းပေသည်။ သူတို့၏ ဖခင်သည်သာ တစ်စုံတစ်ယောက်အား အမှန်တကယ်ကြိုက်နှစ်သက်ပါက ထိုအမျိုးသမီးအား လက်ထပ်နိုင်ကာ အိမ်တော်၌ သူမအတွက် ထောက်ပံ့နိုင်ပေသည်။
သို့သော်လည်း ကိစ္စများမှာ ယခုအချိန်တွင် ကွဲပြားသွားပြီဖြစ်သည်။ မိသားစုသေးလေလေ ပိုကောင်းလေပင်ဖြစ်သည်။ ထိုသည်မှာ သူတို့အား အနာဂတ်တွင် ပြဿနာများစွာအား လျှော့ချပေးနိုင်မည်ဖြစ်၏။
အချိန်တစ်ခဏမျှ ရှဲ့နျိုရှန်း တိတ်ဆိတ်သွားလေသည်။
“ အဖေ တကယ်ပဲ မိန်းမတစ်ယောက်ကို လက်ထပ်ချင်တယ်ဆိုရင် ဘာလို့… မိဘတွေနဲ့ မောင်နှမတွေမရှိတဲ့ မိဘမဲ့တစ်ယောက်ကို မရှာတာလဲ? သူမက ညင်သာပြီး နူးညံ့တဲ့ ပင်ကိုစရိုက်ရှိမှဖြစ်မယ်။ ကျွန်တော်တို့က အိမ်တော်မှာ တူအသစ်တစ်စုံပဲ လိုအပ်တာ။ သူမကသာ မိသားစုကို တာဝန်ယူစီမံနိုင်မယ်ဆိုရင် သူမကို စီမံခိုင်းလိုက်ပါ။ သူမ မလုပ်နိုင်ဘူးဆိုရင်လည်း တွန်းအားမပေးပါနဲ့။ သူမကို ကနေရီ(စာဝါငှက်)လေးလိုသာ ဆက်ဆံလိုက်ပေါ့” ရှဲ့ဖင်းကန်း တွေးတောကာ ပြောလိုက်သည်။
မိသားစုအတွင်းရှိ မောင်နှမငယ်များအားလုံးမှာ ယခုအချိန်တွင် အရွယ်ရောက်ပြီးဖြစ်ကြကာ သခင်မလု မိသားစုထဲသို့ လက်ထပ်ဝင်လာချိန်နှင့် မတူချေ။ ထိုအချိန်က မောင်နှမငယ်များမှာ ခုနစ်နှစ်၊ ရှစ်နှစ်ခန့်သာ ရှိခဲ့ကြလေ၏။
ရှဲ့ဖင်းကန်း၏ စကားလုံးများမှာ တည့်တိုးဆန်လှ
သော်လည်း ရှဲ့ချောင် ကြားသောအခါ ထိုသည်က အကြံဆိုးတစ်ခုဖြစ်ကြောင်း သူမ သိလိုက်သည်။
တကယ်လို့ တစ်ဖက်လူရဲ့အဆင့်အတန်းကို မကြည့်ပဲ ဇနီးတစ်ယောက်ကို သူ လက်ထပ်ခဲ့မယ်ဆိုရင် မိသားစုထဲကို ဝင်ရောက်လာတဲ့လူက မိသားစုရဲ့ သခင်မကြီးဖြစ်လာလိမ့်မယ်။ သူက ဘယ်လိုလုပ် သူမကို လျစ်လျူရှုထားနိုင်မှာလဲ?
သူမ၏ ဖခင်မှ ကိုယ်လုပ်တော် မယူထားသရွေ့ ကိုယ်လုပ်တော်၏ တည်ရှိမှုမှာ နည်းပါးလိမ့်မည်ဖြစ်သောကြောင့် ထိုသည်က အဆင်ပြေလိမ့်မည်ပင်။
သို့သော်လည်း သူမ၏ မိခင်မှ အမိန့်များပေးခဲ့လေသည်။ သူသည် နောက်အိမ်ထောင်ပြု၍ရသော်လည်း ကိုယ်လုပ်တော်ထားရန် ခွင့်ပြုထား
ခြင်း မခံရပေ။ သူသည် သူနှစ်သက်သည့် တစ်စုံတစ်ယောက်အား လက်ထပ်နိုင်သော်လည်း မည်သည့်ကိုယ်လုပ်တော်မှ ထားရန်ခွင့်မပြုခဲ့ချေ။
အကျိုးသင့်အကြောင်းသင့်ပြောရလျှင် သူမ၏ မိခင်သည် သူမ၏ ဖခင်အား နောက်ထပ်သောဇနီးများယူရန် ခွင့်မပြုထားခဲ့သင့်ပေ။ သို့သော်လည်း နှစ်ပေါင်းများစွာကြာ ထိုအကြောင်းအား ဂရုတစိုက်တွေးကြည့်ပြီးနောက်တွင် သူမမိခင်၏ ရည်ရွယ်ချက်များအား သူမ အကြမ်းဖျင်း နားလည်လာနိုင်ခဲ့လေသည်။
သူသည် တစ်ကြိမ်လျှင် ဇနီးတစ်ယောက်သာ ယူနိုင်ပေသည်။ အိမ်တော်သည် အတော်လေး အေးချမ်းနေလိမ့်မည်ဖြစ်သည်။ သို့သော်လည်း ကိုယ်လုပ်တော်များ ကောက်ယူလိုက်ပါက… သူမဖခင်သည် စိတ်မချအားမကိုးရသူဖြစ်သွားမည်ဖြစ်၏။ သူ သဘောကျသည့်
တစ်ယောက်ယောက်အား တွေ့ပါက တစ်ယောက်မြင်သည့်အချိန်တိုင်း ကိုယ်လုပ်တော်တစ်ယောက် ကောက်ယူလောက်မည်ဖြစ်သည်။ အကယ်၍ သူ့ထံတွင် ကိုယ်လုပ်တော်များ၏ မောင်းမဆောင်တစ်ဆောင်သာ ရှိခဲ့ပါက ထိုသည်မှာ ကြောက်မက်ဖွယ်ရာ ဖြစ်လိမ့်မည်ပင်။
ရှဲ့နျိုရှန်း နှာမှုတ်လိုက်၏။ “ ငါက ဇနီးတစ်ယောက်ကို လက်ထပ်မှာ၊ ကိုယ်လုပ်တော်တွေ ယူမှာမဟုတ်ဘူး။ အဲ့တာနဲ့ပတ်သက်ပြီး မင်း စိတ်ပူစရာမလိုဘူး”
“ ညီမလေး၊ မင်း ဘာလို့ အဖေ့အတွက် အနာဂတ်မှာ သူ ဘယ်လိုဇနီးမျိုးကို လက်ထပ်ရမလဲဆိုတာကို ဂမ္ဘီရဉာဏ်နဲ့ ကြည့်မပေးတာလဲ?” ရှဲ့ဖင်းကန်း တစ်ခဏမျှ တွေးတောလိုက်ပြီးနောက် ရှဲ့ချောင်အား မေးလိုက်၏။
ထိုသည်အား သူ ပြောလိုက်သောအခါ ရှဲ့နျိုရှန်းနှင့် အခြားသူများမှာ သူမအား စိုက်ကြည့်လာကြလေသည်။
ရှဲ့ဖင်းဟွိုက်၏ စိတ်မှာ ရှုပ်ထွေးနေလေ၏။ ယနေ့ သူ့အစ်မ၏ လျှို့ဝှက်ဆန်းကြယ် အသွင်အပြင်အား တွေးကြည့်လိုက်ချိန်တွင် သူ့အစ်မတွင် လျှို့ဝှက်ချက်တစ်ခု ရှိနေပုံပေါက်သည်ဟု သူ ခံစားလိုက်ရသည်။
ထိုကဲ့သို့ သူတွေးရသည့် အကြောင်းအရင်းမှာ သူ၏ အစ်မအကြီးဆုံးသည် တော်တော်များများပြောင်းလဲသွားသောကြောင့်ဖြစ်၏။
တစ်ချို့အချိန်များတွင် သူမသည် အထူးတလည် ညင်သာကာ တစ်ချို့အချိန်များတွင်တော့ မဟုတ်ပေ။ ယခုအချိန်တွင် သူမအား လှမ်းကြည့်လိုက်ချိန်၌ သူမအား နားမလည်နိုင်သလို ခံစားလိုက်ရ
သည်။ ဟုတ်သည်၊ အထူးဆန်းဆုံးအရာမှာ ကွယ်လွန်သူများအတွက် ပစ္စည်းများရောင်းချသော ဆိုင်ပင်ဖြစ်သည်။ သူ၏ အစ်မအကြီးဆုံး ဆိုင်တွင်ရှိနေခဲ့စဥ်က၊ ထိုသည်မှာ…
ထိုသည်မှာ သူမ၏ ကိုယ်ပိုင်အိမ်ထဲ၌ သူမ ရှိနေသကဲ့သို့ပင်ဖြစ်သည်။ သူမသည် ဆိုင်အတွင်းမှ ပစ္စည်းများအကြောင်းအား လုံးဝဂရုမစိုက်ပါချေ။ သူမသည် ၎င်းတို့အား ကြည့်ပင်မကြည့်ခဲ့ပေ…
သူမက သူဌေးကို သိတယ်ဆိုရင်တောင်မှပဲ အရမ်းမယဥ်မကျေး ဖြစ်မနေသင့်ဘူးလေ၊ ဟုတ်တယ်မလား?
ရှဲ့ဖင်းဟွိုက် ထိုသည်အား အဖြေမထုတ်နိုင်ခဲ့ပါချေ။
ထိုအချိန်တွင် ရှဲ့ချောင်သည် သူမ၏ဖခင်အားကြည့်ရန် ခေါင်းလှည့်လိုက်ကာ သာမန်ကာလျှံကာ ပြောလိုက်၏။ “ အဖေ၊ အဖေ ဘာလို့ ခွေးတစ်ကောင်လောက် မမွေးတာလဲ? အဲ့တာက တော်တော်လေးကောင်းတယ်ရယ်”
ရှဲ့နျိုရှန်း၏ မျက်လုံးများ ပြူးကျယ်သွားခဲ့၏။
သို့သော်လည်း ရှဲ့ဖင်းကန်းသည် ပြုံးရယ်လိုက်ကာ ပြောလိုက်၏။ “ အကြီးဆုံးညီမ၊ သူ ဘယ်သူ့ကိုမှ လက်မထပ်ရဘူးလို့ မင်း ပြောနေတာလား?”
“ သုံးယောက်က လုံလောက်ပါပြီ။ တခြားလူတွေအတွက် သူတို့ရဲ့ ဘဝတစ်လျှောက်လုံးမှာ ဇနီးနှစ်ယောက်ရှိတာကကို အတော်လေးစိတ်မချမ်းမြေ့စရာဖြစ်နေပြီ။ အဲ့တာကို အဖေက လေးယောက်
မြောက်ကို လက်ထပ်ချင်တယ်ပေါ့။ အဖေ၊ အဲဒီအမျိုးသမီးကို လွှတ်ပေးလိုက်ပါ။ ဘဝခက်ခဲပါတယ်” ရှဲ့ချောင်၏ အသံနေအသံထားမှာ တုံးတိဖြစ်ကာ သမားတော်မှ ကျွမ်းနေသောရောဂါတစ်ခုအား ရှာဖွေဖော်ထုတ်လိုက်သကဲ့သို့ပင်ဖြစ်လေသည်…
•••••
၈၁၆။ သူမ ကုန်ကျငွေကို ပြန်ရနိုင်ပါ့မလားဆိုတာ မသေချာဘူး
ရှဲ့နျိုရှန်း သူ၏နှလုံးသားအတွင်း၌ အေးစိမ့်မှုတစ်ခုအား ခံစားလိုက်ရသည်။
သူ ဇနီးတစ်ယောက်ပြီးတစ်ယောက် မလက်ထပ်ချင်ခဲ့ပါဘူးနော်၊ သူ လက်ထပ်ချင်ခဲ့လို့လား? ပထမဇနီးနှစ်ယောက်ရဲ့ သက်တမ်းတိုလေးတွေနဲ့ သခင်မလုရဲ့ မရိုးသားမှုသာ မရှိခဲ့ဘူးဆိုရင် သူ ဇနီးတစ်ယောက်တည်းနဲ့တင် တော်တော်လေးစိတ်ကျေနပ်ပျော်ရွှင်နေခဲ့လောက်မှာ!
“ ဒါဆို ငါတို့အဖေမှာ အချစ်ရေးကံကောင်းမှုရှိတယ်လို့ ဘာလို့ ပြောခဲ့တာလဲ?” ရှဲ့ဖင်းကန်း တိတ်တဆိတ် စိတ်သက်သာရာရသွားလေသည်။
သူ့အသက်အရွယ်တွင် မိန်းမတစ်ယောက်ပင် မယူရသေးချေ။ သူ၏ဖခင်ဖြစ်သူ မိန်းမတစ်ယောက်ပြီးတစ်ယောက် ယူနေသည်အား ကြည့်နေရင်း သက်သောင့်သက်သာခံစားရသည်ဆိုမှသာ ထူးဆန်းနေပေလိမ့်မည်။
ချိုမြိန်သည့်စွပ်ပြုတ်အား ရှဲ့ချောင် ပါးစပ်အပြည့်သောက်လိုက်ကာ မြိုချလိုက်သည်။ ထို့နောက် သူမ ပြန်ပြောလိုက်၏။ “ အဲ့တာက အချစ်ရေးကံကောင်းမှုလေးတင်ပါပဲ။ အဖေ့မှာ ရှိပြီး၊ အစ်ကိုကြီးမှာလည်း ရှိတယ်။ ဒါနဲ့ပတ်သက်ပြီး ဘာမှမထူးဆန်းပါဘူး။ ညီမက အဖေ့ကို အချိန်အကြာကြီးမတွေ့ခဲ့ရဘူးဆိုတော့ သူနဲ့ ပုံမှန်အတိုင်း အာလ္လပသာလ္လပပြောရုံတင်ပါပဲ”
သူမရဲ့အဖေမှာ အချစ်ရေးကံကောင်းမှုရှိတာလေးကြောင့် တစ်ယောက်ယောက်က သူ့ကို လက်ထပ်
လိမ့်မယ်လို့ သူမ တွေးတာလား?
ထိုသည်မှာ မဖြစ်နိုင်ပေ။
သူမ၏ဖခင်မှာ ဤဘဝတွင် နောက်ထပ်ဇနီးတစ်ယောက်အား ရှာတွေ့နိုင်လောက်မည်မဟုတ်တော့ချေ။ သူ့ထံတွင် ထိုကဲ့သို့သော ကံကြမ္မာမရှိပေ။
“ ညီမလေးက ငါတို့အဖေကို ဘာမှမဟုတ်ပဲ ပျော်အောင်လုပ်ခဲ့တာပဲ” ရှဲ့ဖင်းကန်း ကျယ်လောင်စွာ ရယ်မောလိုက်၏။ ထို့နောက် သူ၏ခွက်အား မြှောက်လိုက်ကာ ရှဲ့နျိုရှန်းနှင့် မျက်နှာချင်းဆိုင်လိုက်လေသည်။ “ အဖေ! ကျွန်တော် အဖေ့အတွက် သောက်ပေးမယ်။ လာ၊ သောက်ကြရအောင်လေ!”
ရှဲ့နျိုရှန်း ဒေါသထွက်သွားလေသည်။ “ ငါ မိန်းမ
တွေအများကြီးယူခဲ့ဖူးတယ်။ ဘယ်သူက ဂရုစိုက်လို့လဲ! မင်းလို မဟုတ်ဘူး၊ ခွေးကောင်ရဲ့။ မင်းအသက်အရွယ်လူတွေမှာ အိမ်ထဲပတ်ပြေးနေတဲ့ ကလေးတွေရှိကြတယ်။ မင်းကရော? ဟား၊ ငါဘယ်အချိန်မှ မြေးချီနိုင်မလဲဆိုတာကိုတောင် ငါမသိဘူး!”
အဖေနှင့် သားဖြစ်သူမှာ တစ်ယောက်ကိုတစ်ယောက် သည်းမခံချင်ကြကာ တစ်ယောက်ကိုတစ်ယောက် သဘောမကျကြပေ။
“ သေချာပေါက် ကျွန်တော်က အစ်ကိုကြီးထက်အရင် မိသားစုတစ်ခုရလိမ့်မယ်။ အဖေ၊ အဲဒီအချိန်ရောက်လာရင် အတူဆော့လို့ရအောင် အဖေ့အတွက် ကျွန်တော် သားတစ်ယောက်မွေးပေးမယ်” ရှဲ့ဖင်းဟွိုက် ထိုအကြောင်းအား တွေးလိုက်ကာ စတင်၍ မျက်နှာချိုသွေးလေတော့သည်။
သူ၏အစ်ကိုကြီးအား အဆင်မပြေဖြစ်စေရန် သူ လုပ်ရမည်ပင်။
သူ့အစ်ကိုအကြီးဆုံးကို သူ အလဲမထိုးနိုင်ဘူးဆိုရင် မျက်နှာလိုမျက်နှာရလုပ်တဲ့နေရာမှာ သူ ဘယ်လိုလုပ် အရှုံးခံနိုင်ရမှာလဲ?
သူ့အစ်ကိုကြီးနဲ့ အစ်မကြီးကို ပိုပိုပြီးမျက်နှာချိုသွေးနေသမျှ အနာဂတ်မှာ မိသားစုပိုင်ဆိုင်မှုတွေအကုန်လုံးကို သူ့ကိုပေးမှာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ အဲဒီအချိန်ရောက်လာရင် သူ့အစ်ကိုကြီးမှာ ဘာမှမရှိတော့ပဲ အရာရှိငယ်လေးတစ်ယောက် ဖြစ်နေလောက်တယ်။ အဲဒီလစာနည်းနည်းလေးနဲ့ သူ ဇနီးတစ်ယောက်ကို လက်ထပ်ထိမ်းမြားနိုင်မှာမဟုတ်လောက်ဘူး!
ဟုတ်တယ်! သူ့အစ်ကိုကြီး မိန်းမယူနိုင်လောက်မှာ
မဟုတ်ဘူး!
ရှဲ့ဖင်းဟွိုက်၏ မျက်လုံးများ ရုတ်တရက် တောက်ပသွားခဲ့၏။ “ အကြီးဆုံးအစ်ကို၊ အစ်ကိုကြီး မိန်းမမယူနိုင်ဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး။ အနာဂတ်မှာ အစ်ကိုကြီးမှာ ကလေးတွေမရှိရင်လည်း စိတ်မပူပါနဲ့။ ကျွန်တော် ကလေးတွေနည်းနည်းလောက်ပိုမွေးပေးပါ့မယ်။ အနာဂတ်မှာ အစ်ကိုကြီးသေသွားတဲ့အချိန်ကျရင် ကျွန်တော့်သားကို အစ်ကိုကြီးအတွက် ဝမ်းနည်းပူဆွေးခိုင်းလိုက်ပါ့မယ်!”
ရှဲ့ဖင်းဟွိုက်တစ်ယောက် အလွန်အမင်းပျော်ရွှင်နေပေသည်။
သူ့အတွက်တော့ အောင်မြင်ဖို့ဆိုတာက မဖြစ်နိုင်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူ့အစ်ကိုကြီးက သူ့ဘဝတစ်လျှောက်လုံး အလုပ်ကြိုးစားခဲ့တာ။
တကယ်လို့ သူ့မှာ သူ့အမွေအနှစ်တွေကို ဆက်ခံဖို့ ကလေးမရှိဘူးဆိုရင် သူ့မှာရှိသမျှ အရာအားလုံးက ရှဲ့ဖင်းဟွိုက်ရဲ့သားအတွက်ပေါ့!
ဘယ်လောက်တောင် အံ့ဩစရာကောင်းလိုက်သလဲ!
သူ့ဘဝထဲ၌ မျှော်လင့်ချက်အား တွေ့ရှိခဲ့ပြီဟု ရှဲ့ဖင်းဟွိုက် တွေးလိုက်၏။
နောက်ဆုံးတော့ သူ့အစ်ကိုအကြီးဆုံးထက် သူ ပိုသာတဲ့ အရာတစ်ခု ရှိခဲ့ပြီကွ!
ရှဲ့ဖင်းဟွိုက်၏ စိတ်လှုပ်ရှားမှုမှာ အလွန်လျင်မြန်စွာထွက်ပေါ်လာခဲ့သော်လည်း ရှဲ့ဖင်းကန်းသည် နှာမှုတ်ကာ ရယ်လိုက်လေ၏။ “ မင်း ကလေးတွေမွေးနိုင်တယ်ဆိုရင် မင်း ပိုမွေးပြီးတော့
စောစောစီးစီး မိသားစုတစ်ခု စထူထောင်သင့်တယ်။ မင်းမှာ သားတစ်ယောက်ရှိလာတဲ့အချိန်ကျရင် အောင်မြင်သူတစ်ယောက်ရှိတယ်လို့ သတ်မှတ်လို့ရနိုင်ပြီ။ ပြီးရင် မင်း အသက်ရှင်နေမယ်ဆိုရင်တောင် ကိစ္စမရှိတော့ဘူး”
ရှဲ့ဖင်းဟွိုက် သူ့အား စိန်းစိန်းဝါးဝါးကြည့်လိုက်၏။ သူသည် ဒေါသထွက်နေသော်လည်း သူ၏မျက်နှာအမူအရာသည်တော့ အတော်လေးသူရဲဘောကြောင်နေဆဲပါပင်။
ရှဲ့ချောင်နှင့် ရှဲ့ရှီသည်လည်း ထိုနေရာ၌ ထိုင်နေခဲ့ကြလေသည်။ ထိုသည်မှာ ငြိမ်းချမ်းစွာဖြင့် အချိန်များ ဖြတ်သန်းလည်ပတ်နေသကဲ့သို့ပင်ဖြစ်သည်။
ယောက်ျားသုံးယောက်မှာ တစ်ယောက်နှင့်တစ်ယောက် သဘောမကျကြပဲ ၎င်းတို့၏ ဓားသွား
များဖြင့် စတင်တိုက်ခိုက်ကြလုဆဲဆဲ ဖြစ်လေသည်။
ရှဲ့ရှီအတွက်မူ၊ သူမသည် ပို၍ပင် စိတ်ရှုပ်ထွေးနေခဲ့ပေသည်။ နောက်ဆုံးတွင် သူမသည် မကောင်းဆိုးဝါးဝိညာဥ်၏ ပူးကပ်ခြင်းအား ယခုကလေးတင် ခံခဲ့ရသည်ပင်။ ဤအချိန်၌ သူမ၏ ခန္ဓာကိုယ်မှာ အနည်းငယ်အားနည်းနေဆဲပင်ဖြစ်၏။ သူမ၏ သေးငယ်သောမျက်နှာလေးမှာ သွေးအမြောက်အမြားအား ဆုံးရှုံးထားသကဲ့သို့ ဖျော့တော့နေပေသည်။
သို့သော်လည်း သူမသည် မကောင်းဆိုးဝါးဝိညာဥ်၏ ပူးကပ်ခံခဲ့ရကြောင်းအား မသိပေ။ ယခုအချိန်မတိုင်မီအထိ ရှဲ့ချောင်သည် သူမအား သူမသည် အိမ်တော်အား စီမံဆောင်ရွက်ရာမှ အလွန်ပင်ပန်းသွားခဲ့ကာ မေ့လဲသွားခဲ့သည်ဟုသာ ပြောပြခဲ့လေသည်။
ယခုအချိန်တွင် ရှဲ့ရှီသည် စကားမပြောသော်လည်း အမှန်တကယ်တွင်မူ သူမ၏ အတွေးရေယာဥ်ကြောအား အထိန်းအကွပ်မဲ့ ပြေးလွှားနေစေခဲ့လေသည်။
အခုတလော သူမ သီချင်းဆိုရတာကို ကြိုက်သလိုပဲ…
အိမ်တော်ထိန်းကို တရုတ်မယ်ဒလင်နဲ့ ဒုံမင်းတစ်ချို့ ဝယ်ခိုင်းဖို့တောင် သူမ ငွေစတွေသုံးခဲ့သေးတယ်!
ယခုအချိန်တွင် သူမ ထပ်မံ၍ မသင်ယူချင်တော့ပါပေ… ဤပစ္စည်းများအား အပေါင်ဆိုင်သို့ ယူသွားပါက ကုန်ကျငွေအား ပြန်လည်ရရှိနိုင်မည်လားဆိုသည်ကို သူမ မသိပါချေ။ သူမ အမှန်တကယ် စိုးရိမ်နေပါ၏…
မိသားစု စကားစမြည်ပြောဆိုနေကြရင်း ရှဲ့နျိုရှန်း ရုတ်တရက် တစ်စုံတစ်ခုအား သတိရသွားခဲ့သည်။ သူ ပြောလိုက်၏။ “ ငါ့ခေါင်းကိုင်သားရဲ့ ဇနီးလောင်းက မြို့တော်ကို ရောက်နေပြီ။ သူ့မျိုးနွယ်စုက အကြီးပိုင်းတွေလည်း လာကြတယ်။ သူတို့က မင်္ဂလာပွဲကျင်းပဖို့ ပြင်ဆင်နေကြပြီ။ ရက်ရောတဲ့လက်ဆောင်ကို ပြင်ဆင်ပေးဖို့ သတိရကြနော်”
သူသည် လက်ဆောင်များ ပေးရမည်ဖြစ်ရုံသာမကပဲ အခမ်းအနားကိုလည်း တက်ရောက်ရမည်ဖြစ်လေသည်…
•••••