← Chapters

အခန်း (၈၁၇-၈၂၀)

Vol. 42 Ch. 817-820

အခန်း (၈၁၇-၈၂၀)

Vol. 42 Ch. 817-820

၈၁၇။ အသက်ရှည်မယ့် မျက်နှာ

ဝမ်လန်ချန်း၏ လက်ထပ်ထိမ်းမြားမှုမှာ အတော်လေးထူးခြားလှသည်ပင်။ သူ၏ ဇနီးလောင်းမှာ သူ့ထံသို့ အပို့ခံရပြီးဖြစ်ပေသည်။ အကယ်၍ ၎င်းတို့သည်သာ လက်မထပ်ခဲ့ပါက ၎င်းတို့အတွက် ခေါင်မိုးတစ်ခုတည်းအောက်တွင် နေထိုင်ရန်မှာ သင့်တော်လိမ့်မည်မဟုတ်ပေ။

ထို့ကြောင့် ၎င်းတို့မှာ တတ်နိုင်သမျှအမြန် လက်ထပ်ထိမ်းမြားကြရမည်ဖြစ်‌လေသည်။

ရှဲ့ချောင်မှာ ဤကိစ္စတွင် ပါဝင်ရန် မလိုအပ်ချေ။ သူမသည် လူလွတ်မိန်းမပျိုတစ်ဦးဖြစ်၏။ ထိုကဲ့သို့သော ပွဲအခမ်းအနားအား သူမ အစကတည်းက မတက်ရောက်သင့်ပေ။

သူတို့မှ တန်ဖိုးကြီးလက်ဆောင်အား ပေးမည်ဟု ရှဲ့ရှီကြားလိုက်သော် နာကျင်စွာဖြင့် ခေါင်းညိတ်လိုက်၏။

ဂျူလိုင်လသည် လက်ထပ်ထိမ်းမြားခြင်းအတွက် မသင့်လျော်သောကြောင့် ဝမ်လန်ချန်း၏ လက်ထပ်ပွဲအား ဩဂုတ်လသို့ သတ်မှတ်လိုက်ကြလေသည်။

သူ့ဇနီးလောင်း၏ အမည်မှာ ဖုန်ယင်းယင်းဖြစ်ကာ သူမသည် မြို့တော်ရှိ မည်သူ့ကိုမှ မသိချေ။ ရှဲ့နျိုရှန်းသည် သူ၏ခေါင်းကိုင်သားအပေါ် ကောင်းသောကြောင့် ဖုန်ယင်းယင်းအား သူ ဂရုစိုက်ပေးမည်ဟု ပြောခဲ့လေသည်။ သေချာသည်က သူသည် ဤမိန်းမငယ်လေးအား အချိန်ကုန်မြန်စေရန်အလို့ငှာ ကူညီပေးရန် ရှဲ့ချောင်နှင့် ဖုန်ယင်းယင်းအား သူငယ်ချင်းကောင်း

များဖြစ်သွားကြရန်လုပ်မည်ဖြစ်သည်။

သူသည် ဝမ်လန်ချန်းအား ဖုန်ယင်းယင်းကို အိမ်တော်ဆီသို့ တိုက်ရိုက်ခေါ်လာရန်ပင် ပြောခဲ့လေသည်။

ရှဲ့ချောင်သည် အိမ်တော်၌ ပန်းချီဆွဲနေကာ ငွေစအချို့ရရန်အတွက် ရောင်းချရန်ပြင်ဆင်နေပေသည်။

ငွေစများသည် အလွန်အသုံးတည့်လိမ့်မည်ပင်။

ထိုသည်မှာ သူမ၏ ဆရာသခင်နှစ်ဦးအား ကူညီထောက်ပံ့ပေးရန် အဓိကဖြစ်သည်။

ရွှေယွဲ့တာအိုဘုရားကျောင်းမှ အဝေးသို့ရောက်

နေသည်မှာ အချိန်အတော်ကြာပြီဖြစ်သောကြောင့် ဘုရားကျောင်း၏ ရန်ပုံငွေများ ကုန်ဆုံးသွားလောက်ပြီဖြစ်မည်ဟု သူမ ခန့်မှန်းလိုက်သည်။ လူအိုကြီး အငြိမ်းစားယူရန်အတွက် သူမ ငွေစအချို့စုဆောင်းရမည်ပင်။ ထို့အပြင် သူမ၏ဆရာ လီရှီးယန် မြို့တော်သို့ မည်သည့်အချိန်တွင် ရောက်ရှိမည်အား သူမ မသိပေ။ အကြီးဆုံးတပည့်အနေနှင့် ရက်ရောသည့်လက်ဆောင်အား သူမ ပြင်ဆင်ထားရပေမည်။ သူမ၏ ဆရာတူမောင်လေးများထံမှ သူမ အကျောမခံနိုင်ပါ။

ထိုအကြောင်းအား တွေးပြီးနောက် ရှဲ့ချောင် အနည်းငယ်ဝမ်းနည်းသွားသည်။

ယခင်က သူမ အလွန်များပြားသည့် ငွေစများအား ရှာခဲ့ပေသည်။ မည်သို့ပင်ဖြစ်စေ သူမ၏ မောင်နှမငယ်များအတွက် စုဆောင်းထားပြီး သူမအတွက်သူမ ဆေးဝယ်ကာ အချို့ငွေစများအား

အခြားအရာများအတွက် အသုံးပြုခဲ့သည်။ သောင်းပြောင်းထွေလာအရာအားလုံးအပေါ် သုံးစွဲပြီးနောက်တွင် များများစားစား မကျန်တော့ပေ!

ရှဲ့ချောင် ရင်ထဲ၌ စူးအောင့်သွားလေသည်။

“ သခင်မလေး၊ သခင်ကြီးက ဖုန်သခင်မလေးရောက်လာပြီလို့ ပြောလိုက်ပါတယ်” ချွင်းအာမှာ ရှဲ့ချောင် ပန်းချီဆွဲနေသည်အား မနှောင့်ယှက်ရဲချေ။ သူမ အချိန်တစ်ခုမျှ မှင်တက်တွေဝေနေသည်အား မြင်လိုက်ရသော် ထိုအကြောင်းအား ပြောရန် ဆုံးဖြတ်လိုက်၏။

ဖုန်ယင်းယင်း၏စာမှာ နှစ်ရက်စော၍ ရောက်ရှိလာခဲ့သည်။ ထို့ကြောင့်ပင် ယနေ့တွင် ရှဲ့ချောင် အိမ်တော်၌ စောင့်ဆိုင်းနေခြင်းဖြစ်သည်။

ဝမ်လန်ချန်းသည် သူမ၏အဖေအား သူ၏ခေါင်းကိုင်ဖခင်အဖြစ် တရားဝင် အသိအမှတ်ပြုထားသောကြောင့် သူမ၏ ခေါင်းကိုင်ယောက်မဖြစ်သူအား ရှဲ့ချောင် တွေ့ဆုံရမည်ဖြစ်သည်။

ထို့အပြင် ရှဲ့ချောင်ကိုယ်တိုင်သည်လည်း ဖုန်ယင်းယင်းအား အတော်လေးသိချင်ကာ သူငယ်ချင်းများ ပိုမိတ်ဖွဲ့ရန် လိုလားပေသည်။

“ သွားပြီး ဆရာယွီကို ဖိတ်ခဲ့လိုက်။ ဖုန်ယင်းယင်းကို အတူသွားတွေ့ကြရအောင်” ရှဲ့ချောင် တစ်ခဏမျှ စဥ်းစားလိုက်ကာ သူမတစ်ယောက်တည်းသည်သာ ဖုန်ယင်းယင်းနှင့် စကားပြောလျှင် အနည်းငယ် အနေခက်လိမ့်မည်အား တွေးလိုက်မိသည်။

မိသားစုအရေးကိစ္စများနှင့် ပတ်သက်၍ မည်

ကဲ့သို့ပြောဆိုရမည်အား သူမ မသိပေ။ သူမသည်သာ ဂရုမစိုက်ခဲ့ပါက စကားဝိုင်းတွင် မကောင်းဆိုးဝါးဝိညာဥ်များနှင့် အင်္ဂါရုပ်များပါဝင်လာမည်ကို စိုးရိမ်မိပါ၏။ မိန်းမငယ်လေးအား သူမ ခြောက်လှန့်မိပါက ဆိုးရွားလိမ့်မည်ပင်။

ချွင်းအာမှာ အလွန်ပျော်ရွှင်နေ၏။ အခြားသခင်မလေးများနှင့် သခင်မလေး ရယ်မောကာ စကားပြောဆိုနေကြသည်အား မြင်ရသည်ကို သူမ နှစ်သက်ပေသည်။ သူမအား ကြည့်ရသည်မှာ အလွန်တက်ကြွနေလိမ့်မည်ပင်။

မိသားစုထဲမှ လူများမှာ ယွီရှန်း၏ အထောက်အထားအား သိထားပြီးသားဖြစ်ကြလေသည်။ သို့သော်လည်း နောက်ဆုံးတွင် သူမသည် ကိုယ်ခံပညာဆရာတစ်ယောက်ဖြစ်ပေသည်။ သူမအတွက် အိမ်တော်ထဲတွင် ယောက်ျားတစ်ယောက်ကဲ့သို့ ဝတ်ဆင်ရသည်မှာ

ပို၍အဆင်ပြေလေသည်။

ယခုအချိန်တွင် ရှဲ့ချောင်ထံမှ ဖိတ်ကြားခံရသောကြောင့် ဧည့်သည်အား တွေ့ဆုံရန် ယွီရှန်း ခြံဝင်းထဲမှ ထွက်လာခဲ့သည်။

ခန်းမထဲသို့ သူမ ရောက်သောအခါ ဖုန်ယင်းယင်းအား တွေးလိုက်ရကာ သူမမျက်လုံးများ တောက်ပသွားလေသည်။

ဘယ်လို ပြည့်ပြည့်ဖြိုးဖြိုးမိန်းမငယ်လေးလဲ၊ သူမက အရမ်းချစ်ဖို့ကောင်းတာပဲ!

ကံမကောင်းစွာဖြင့်ပင် သူမသည်လည်း ဧည့်သည်တစ်ယောက်ဖြစ်သောကြောင့် စိတ်အားထက်သန်လွန်းနေရန်မှာ မသင့်တော်ချေ။

ရှဲ့ချောင် ဖုန်ယင်းယင်းအား အရမ်းမကြည့်ရဲပဲ တစ်ချက်မျှသာ ကြည့်လိုက်၏။

မည်သို့ပင်ဖြစ်စေ အကြည့်တစ်ချက်ဖြင့်ပင် ဤမိန်းမငယ်လေးသည် ကောင်းသောကံများဖြင့် ကောင်းချီးပေးခံထားရကြောင်းအား ပြောနိုင်ပေသည်။ သူမထံတွင် လခြမ်းသဏ္ဍာန်မျက်ခုံးတစ်စုံရှိကာ သူမ၏ မျက်ခုံးစွန်းများမှာ ကောင်းကင်သို့ ညွှန်ပြနေလေသည်။ သူမသည် သူမ၏ခင်ပွန်းအား အင်ပါယာတရားရုံးတော်၌ ကောင်းချီးပေးလိမ့်မည်ဖြစ်ကာ သူမ၏ မျက်နှာထက်တွင် ငြိမ်းချမ်းမှုရှိနေပေသည်။ ထို့အပြင် အသက်ရှည်ခြင်း၏ ရှားပါးသောမျက်နှာဖြစ်ပေသည်။

ဖုန်ယင်းယင်းသည် ငယ်ရွယ်ကာ ၁၆ နှစ်သာ ရှိပေသေး၏။ သူမသည် ရှဲ့ချောင်ထက် အနည်းငယ်ပြည့်ဖြိုးကာ သူမ၏ ပါးပြင်များမှာ နီမြန်းနေပြီး သူမ၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှု

အနည်းငယ် ရှိနေပေသည်။ သို့သော်လည်း သူမသည် ရဲရင့်သူတစ်ယောက်ဖြစ်ကြောင်းအား မြင်နိုင်လေသည်။

ဝမ်လန်ချန်းအတွက်မူ…

သူသည် မသိစိတ်၏ စေ့ဆော်မှုအရ ရှဲ့ချောင်အား တစ်ချက်ကြည့်လိုက်၏။

ထို့နောက် သူ၏အကြည့်အား အလျင်အမြန် ရွေ့ပြောင်းလိုက်လေသည်။ “ ယင်းမိန်းကလေးက မြို့တော်ကို မရောက်တာ အတော်ကြာပြီးတော့ သူမ အခုထိ ဘာကိုမှမမြင်ဖူးသေးဘူး… ကျွန်တော်က အလုပ်များနေတော့ သူမကို အနားတစ်ဝိုက် လိုက်ပြပေးလို့မရနိုင်ဘူးဖြစ်နေတယ်။ သူမကို ဂရုစိုက်ပေးဖို့ အကြီးဆုံးညီမကိုပဲ ကျွန်တော် ဒုက္ခပေးရတော့မယ်…”

•••••

၈၁၈။ မိတ်ဆွေဖွဲ့ခြင်း

ထိုသည်မှာ အမှန်တကယ်တွင် ဝမ်လန်ချန်း၏ ရှဲ့ချောင်အား ပထမဆုံးတွေ့ဆုံခြင်းဖြစ်ပေသည်။ သူသည် ယခင်က သူမအား ကြားရုံမျှသာကြားဖူးပေသည်။

သူမအား သူ လက်ထပ်ခွင့်တောင်းချင်သော်လည်း သူ့ထံတွင် ထိုကဲ့သို့လုပ်ရန် အချိန်မရှိချေ။

သူ့အတွက် မည်သည့်ဝမ်းနည်းမှုမှ မရှိရန်မှာ မဖြစ်နိုင်ပေ။

သို့သော်လည်း သူသည် လက်မလွှတ်နိုင်သည့်တစ်စုံတစ်ယောက် မဟုတ်ပါချေ။

ရှဲ့သခင်မလေးသည် ယခုအချိန်တွင် အနာဂတ်ကြင်ရာတော်မင်းသမီးဖြစ်ကာ သူသည် သူမ၏ ခေါင်းကိုင်အစ်ကိုဖြစ်ပေသည်။ သူမ၏ ခေါင်းကိုင်အစ်ကိုအနေနှင့် သူ့ထံတွင် မည်ကဲ့သို့သော မသင့်လျော်သည့်အတွေးမျိုးမှ ကျိန်းသေပေါက် မရှိနိုင်ပါပေ။ ထို့အပြင် မျိုးနွယ်စုသည် သူ့အတွက် တွဲဖက်ညီသူတစ်ယောက်အား ရွေးချယ်ပြီးဖြစ်သောကြောင့် အစောပိုင်းကရှိခဲ့သည့် နောင်တများ ပျောက်ကွယ်သွားလေသည်။

ထိုသည်မှာ ရှဲ့သခင်မလေးအကြောင်းအား အမြဲသိချင်နေခဲ့သောကြောင့်သာဖြစ်ကာ ဤအချိန်တွင် သူ မတတ်နိုင်ပဲ သူမထံသို့ နောက်တစ်ကြိမ်ကြည့်မိပြန်သည်။

“ ယင်းယင်း အစ်မရှဲ့ကို နှုတ်ဆက်ပါတယ်၊ ပြီးတော့…” ဖုန်ယင်းယင်းသည် ယွီရှန်းအား မည်သူ

မှန်းမသိပဲ သိချင်စွာဖြင့် နောက်တစ်ကြိမ်ကြည့်လိုက်လေသည်။

သူက အစ်ကိုဝမ် ပြောဖူးတဲ့ ရှဲ့မိသားစုရဲ့ ပထမသခင်ငယ်လေးများလား?

ထိုကဲ့သို့ ဖြစ်ပုံမပေါ်ပေ၊ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သည့်ရက်အနည်းငယ်က အစေခံများဆီမှ ရှဲ့မိသားစု၏ ပထမသခင်ငယ်လေးသည် ခက်ထန်ကာ ထိတ်လန့်ဖွယ်ရာ ပြောဆိုပြုမူပုံရှိသည်ဟု ကြားခဲ့ရသောကြောင့်ဖြစ်သည်။

ထိုအချိန်တွင် သူမ၏ ရှေ့မှောက်မှ ဤသခင်လေးသည်တော့ အတော်လေးကြည့်ကောင်းပေသည်။ သူသည် အနည်းငယ်ပင် မိန်းမဆန်ကာ အနည်းငယ် ဒွိလိင်ဆန်လေသည်။

“ ငါ့နာမည်က ယွီရှန်းပါ၊ ပြီးတော့ ငါက ဒီမိသားစုရဲ့ ကိုယ်ခံပညာဆရာပါ” ယွီရှန်းသည် အလွန်တဲ့တိုးဆန်ကာ ဖုန်ယင်းယင်းအား အထူးတလည်တောက်ပသည့်အပြုံးဖြင့် ပြုံးပြလိုက်လေ၏။ မည်သို့ပင်ဖြစ်စေ သူမသည် ‌နောက်ဆုံးတွင် ယောကျ်ားအဝတ်များအား ဝတ်ဆင်ထားလေရာ အနည်းငယ် တဏှာရူးပုံစံ ပေါက်နေလေသည်။

ဖုန်ယင်းယင်း၏ မျက်နှာမှာ နီမြန်းသွားလေကာ အနည်းငယ်မလွယ်ကူဟု ခံစားလိုက်ရသည်။ ယွီရှန်းသည် ရုတ်ခြည်းပင် သူမ ဝတ်ဆင်ထားသည့် အဝတ်များအား သတိရသွားကာ သက်ပြင်းချလိုက်၏။ “ ဟေး၊ မလန့်ပါနဲ့။ ငါက မိန်းကလေးတစ်ယောက်ပါ။ ငါ… ဒီအဝတ်တွေကို ဝတ်ထားတာက သက်သောင့်သက်သာရှိလို့ပါ”

ထိုသည်အား သူမ ပြောလိုက်သောအခါ ဖုန်ယင်းယင်းမှာ စိတ်သက်သာရာရသည့် သက်ပြင်းတစ်ချက်အား မှုတ်ထုတ်လိုက်လေသည်။ “ နှုတ်ဆက်

ပါတယ်၊ အစ်မယွီ”

သူမ၏ ဦးညွှတ်ဂါဝရပြုမှုအား မြင်သောအခါ ယွီရှန်းမှာ ကူကယ်ရာမဲ့သွားလေကာ အနေခက်စွာဖြင့် ပြန်လည်ဦးညွှတ်လိုက်လေသည်။

“ ကျွန်တော့်မှာ အရေးကြီးတဲ့လုပ်စရာတစ်ခု ရှိနေသေးလို့…” ဝမ်လန်ချန်းသည် ဖုန်ယင်းယင်းအား တစ်ချက်ကြည့်လိုက်၏။ “ မင်း မြို့တော်ကို ရှဲ့သခင်မလေးရယ်၊ ဆရာယွီရယ်နဲ့ ပတ်ကြည့်လို့ရတယ်။ ညနေကျရင် ကိုယ် မင်းကိုလာကြိုဖို့ တစ်ယောက်ယောက်ကို ပို့လိုက်မယ်။ ပြီးတော့… ဒီနေ့ အကြီးဆုံးညီမနဲ့ ဆရာယွီတို့ ပင်ပန်းကြမှာပဲ။ ဒီနေ့အတွက် ကုန်ကျသမျှအရာအားလုံးကို ကျွန်တော် တာဝန်ယူပါ့မယ်။ တကယ်လို့ အကြီးဆုံးညီမ ကောင်းတဲ့တစ်ခုခုကို သဘောကျတယ်ဆိုရင် အဲတာကို လွတ်လွတ်လပ်လပ် ဝယ်နိုင်ပါတယ်။ မပူပါနဲ့။ အဲတာကို မင်းရဲ့အစ်ကိုဆီက လက်ဆောင်လို့ သဘောထားလိုက်ပါ”

နောက်ဆုံးတွင်တော့ ရှဲ့နျိုရှန်း အဘယ်ကြောင့် ဝမ်လန်ချန်းအကြောင်း လေလုံးထွားနေသည်ကို ရှဲ့ချောင် နားလည်သွား၏။

ဒီလူက… ရိုးရိုးရှင်းရှင်းပဲ တတ်နိုင်သမျှ ယဥ်ကျေးဖို့ လုပ်နေတာပဲ။

သူသည် အလျင်စလိုလည်းမဟုတ်၊ နှေးကွေးသည်လည်း မဟုတ်သောပုံစံဖြင့် စကားပြောပေသည်။ သူ၏ မျက်နှာအမူအရာမှာ ဖော်ရွေလေကာ သူမ သူ့အား တစ်ချက်ကြည့်လိုက်ချိန်၌ ပေါ်လာသည့် တစ်လုံးတည်းသော စကားလုံးမှာ – ရည်မွန်ကြော့ရှင်းမှုပင်။

“ ကျေးဇူးတင်ပါတယ်၊ ခေါင်းကိုင်အစ်ကို” သူသည် ကောင်းမွန်သောကြောင့် ရှဲ့ချောင် ထိုသည်

အား ယဥ်ယဥ်ကျေးကျေး လက်ခံလိုက်၏။

ထိုအခါမှသာ ထွက်ခွာရန် ဝမ်လန်ချန်း စိတ်သက်သာရာရသွားလေတော့သည်။ သူသည် ယနေ့ ဟန်လင်းကျောင်းတော်သို့ သွားရန် မလိုအပ်သော်လည်း အိမ်ရှေ့စံမင်းသား၊ ရှဲ့ဖင်းကန်းနှင့် အခြားသူများဖြင့်တွေ့ရန် ချိန်းဆိုထားမှုတစ်ခုရှိလေသည်။ သူ့ထံတွင် အာရုံစိုက်လုပ်ဆောင်ရမည့် အခြားကိစ္စများ ရှိနေသေးပေသည်။

သူ အလျင်စလိုထွက်ခွာသွားခဲ့၏။

ရှဲ့ချောင် တစ်ခဏမျှတွေးလိုက်ပြီးနောက် တစ်စုံတစ်ယောက်အား ရထားလုံးတစ်ခုပြင်ဆင်ခိုင်းလိုက်သည်။ သူမ ဖုန်ယင်းယင်းအား စိတ်အေးလက်အေးလမ်းလျှောက်ရန် ခေါ်သွားမည်ဖြစ်သည်။

ယွီရှန်းသည် သဘာဝကျစွာပင် လိုက်ပါလာခဲ့လေသည်။

၎င်းတို့သုံးယောက် မြို့တော်အတွင်းရှိ အစည်ကားဆုံးလမ်းမဆီသို့ အတူသွားခဲ့ကြလေသည်။ ယွီရှန်းသည်လည်း အမျိုးသမီးဝတ်စုံသို့ ပြောင်းလဲဝတ်ဆင်လိုက်ပေသည်။

ယွီရှန်း၏ ပုံပန်းသွင်ပြင်မှာ အလွန်အမင်းလှပသည်ဟု သတ်မှတ်၍မရနိုင်သော်လည်း မမေ့နိုင်စရာဖြစ်သည်။ သူမထံတွင် သူရဲကောင်းဆန်သည့် ပြုမူပြောဆိုပုံရှိကာ သူမ၏ ဖီးနစ်ပုံမျက်လုံးတစ်စုံမှာ အထူးသဖြင့် အေးစက်ကာ မာန်ပါပေသည်။ သူမတွင် ယောက်ျားတစ်ယောက်နှင့် ရိုးရှင်းစွာပင် မယှဥ်နိုင်သော ရဲစွမ်းသတ္တိရှိသည့် ဟန်အမူအရာတစ်ခုရှိလေသည်။

“ ငါ ဒီလိုအရမ်းလှပသိမ်မွေ့တဲ့ အဝတ်တွေဝတ်ခဲ့တာတောင် အချိန်တော်တော်ကြာပြီ။ ဒါက တကယ့်ကို နေရခက်တာပဲ။ ယောကျ်ားတစ်ယောက်ဖြစ်ရတာက ပိုကောင်းတယ်။ လမ်းလျှောက်တာကို ငါ စိတ်ပူဖို့မလိုတော့ဘူး။ ငါ့ရဲ့ ဘယ်ခြေထောက်ကို ငါ့ညာခြေထောက်နဲ့ ချည်ထားသလို အမြဲတမ်းခံစားရတဲ့ အခုလိုမျိုး မဟုတ်ပဲလေ” အချိန်အများစုတွင် သူတို့သည် ရထားလုံးနှင့် ခရီးသွားကြသော်လည်း လမ်းမပေါ်တွင်မူ လမ်းလျှောက်ခြင်းက ပိုကောင်းလေသည်။

လမ်းမထက်တွင် လူများစွာ ရှိနေလေကာ ရထားလုံးများမှာ ကူးလူးသွားလာမှုကြားတွင် ညှပ်နေကြလေသည်။

“ ဘယ်ခြေထောက်က ရှင့်ရဲ့ညာခြေထောက်ကို ချည်ထားတယ်…” ရှဲ့ချောင် ခေါင်းငုံ့လိုက်ကာ ယွီ

ရှန်း၏ ခြေကျင်းဝတ်တစ်ဝိုက်တွင် ကြိုးတစ်ချောင်းနှင့် ချည်နှောင်နေသော မကောင်းဆိုးဝါးဝိညာဥ်အား ကြည့်လိုက်ရင်း အနည်းငယ် ကူကယ်ရာမဲ့သွားလေသည်။

လမ်းမထက်တွင် ကျီစယ်တတ်သည့် မကောင်းဆိုးဝါးဝိညာဥ်များစွာ ရှိပေသည်၊ ထို့ကြောင့်…

ယွီရှန်းသည် သူမ လမ်းမလျှောက်နိုင်ဟု ထင်နေသော်လည်း အမှန်တကယ်တွင် သူမအား လှည့်စားနေသည့် မကောင်းဆိုးဝါးဝိညာဥ်တစ်ကောင် ရှိနေပေသည်။

သို့သော်လည်း ထိုသည်မှာ အလွန်တွေ့နေကျဖြစ်သည်ပင်။

ဥပမာအားဖြင့်…

မလှမ်းမကမ်းတွင် မတတ်နိုင်ပဲ နှာချေနေသည့် ကလေးမလေးအား ရှဲ့ချောင် တစ်ချက်ကြည့်လိုက်၏… သူမ၏ ရှေ့တွင် လက်ထဲ၌ ငှက်မွှေးတစ်ချောင်း ကိုင်ထားကာ သူမ၏ နှာခေါင်းအား ကုတ်ခြစ်နေသည့် မကောင်းဆိုးဝါးဝိညာဥ်တစ်ကောင် ရှိနေပေသည်…

•••••

၈၁၉။ လှောင်ပြောင်သရော်မှု

ဤကဲ့သို့သော မကောင်းဆိုးဝါးဝိညာဥ်မျိုးထံတွင် ထိရောက်သော အကျိုးသက်ရောက်မှု များများစားစား မရှိပါချေ။ ၎င်းသည် အများဆုံးမှ လူတစ်ဦး၏ ဘဝ သို့မဟုတ် ကံကြမ္မာအား ထိခိုက်လိမ့်မည်မဟုတ်သော နောက်ပြောင်မှုမျိုးကိုသာ လုပ်နိုင်ပေသည်။

ရှဲ့ချောင်မှာ ထိုသည်အား မမြင်ချင်ယောင်ဆောင်ထားရုံသာ တတ်နိုင်လေသည်။

ယွီရှင်း၏ ခြေထောက်အောက်မှ မကောင်းဆိုးဝါးဝိညာဥ်သည် ကြိုးအား မဖယ်ရှားမီတွင် တစ်ခဏမျှ လှည့်ပတ်ကစားနေခဲ့လေသည်။

၎င်းသည် ကြိုးနီအား ယူလိုက်ကာ ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်၏ လက်ကောက်ဝတ်များတစ်ဝိုက်တွင် ချည်လိုက်လေသည်။ ထိုနှစ်ဦးမှာ အလွန်မရင်းနှီးသော်လည်း ကြိုးနီကြောင့် မသိစိတ်၏ စေ့ဆော်မှုအရ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

ထိုယောက်ျား၏ မျက်လုံးများမှာ တောက်ပသွားလေကာ မိန်းကလေးမှာ သူမ၏ခေါင်းအား ရှက်ရွံ့စွာ ငုံ့ထားခဲ့လေသည်။

ရှဲ့ချောင် မျက်ဆံလှန်လိုက်၏။

လက်ထပ်ခြင်းနတ်ဘုရားမှလွဲ၍ ချစ်သူများအား ဆက်သွယ်ပေးသည့်သူများမှာ အထီးကျန်ဝိညာဥ်များလည်း ဖြစ်နိုင်ပေသည်။

ရထားလုံးတစ်စီး လမ်းမပေါ်မှလာနေချိန်၌ ရှဲ့ချောင်မှာ ကြည့်နေခဲ့လေသည်။

ရထားလုံးသည် သက်ရှိလူတစ်ယောက်၏ ခန္ဓာကိုယ်ဘေးမှ ဖြတ်သွားခဲ့ကာ ရထားလုံး၏ ဘေးဘက်၌ မျောလွင့်နေသော စက္ကူရုပ်အချို့ ရှိနေပေသည်။ ထိုသည်အား ကြည့်ရသည်မှာ အလွန်အမင်းထူးဆန်းလှသည်ပင်။

“ ရှဲ့သခင်မလေး၊ မင်း ဘာကိုကြည့်နေတာလဲ? မင်း ကြက်သေသေနေတာ” ယွီရှန်းသည် သူမ၏ ခြေထောက်အားမကာ သူမဘေးမှ ဆိုင်အတွင်းသို့ ဝင်တော့မည့်ဆဲဆဲဖြစ်သော်လည်း ရှဲ့ချောင်သည် ရပ်နေဆဲဖြစ်ကြောင်း မြင်လိုက်ရလေသည်။

ရှဲ့ချောင် သူမ၏အသိစိတ်များအား ပြန်လည်ရရှိလာကာ ပြောလိုက်သည်။ “ ဘာမှမဟုတ်ပါဘူး။ ဈေးက အတော်လေးသက်ဝင်လှုပ်ရှားနေတာပဲ။ ဘယ်လောက်တောင် အံ့ဩဖို့ကောင်းလိုက်သလဲ”

သူမ တွေ့ရှိခဲ့သည့် အံ့ဩစရာမှာ ဈေးမဟုတ်ပဲ ယခုကလေးတင် သူမ မြင်ခဲ့ရသည့် တစ္ဆေရထားလုံးပင်ဖြစ်သည်။

တစ္ဆေရထားလုံးအပေါ်တွင် ထိုင်နေသော အမျိုးသားဝိညာဥ်တစ်ခုရှိပေသည်။ ၎င်းက မည်ကဲ့သို့သောပုံစံရှိသည်အား သူမ မမြင်နိုင်မီတွင် ရထားလုံးမှာ ထွက်ခွာသွားလေသည်။

“ ငါ မြို့တော်ကို လာတုန်းက ဒီနေရာရဲ့ ကြွယ်ဝချမ်းသာမှုကို ငါလည်း အရမ်းအံ့ဩသွားခဲ့တာ။ ဒါပေမယ့် အဲဒီအချိန်တုန်းက ငါ့မှာ စားဖို့ ငွေစလေးတောင် မရှိခဲ့ဘူး၊ အဲတာကြောင့်

ကောင်းကောင်းပတ်ကြည့်ဖို့ အခွင့်အရေးမရခဲ့ဘူး” ယွီရှန်း အနည်းငယ်ဝမ်းနည်းသွားသည်။ သူမ မိသားစု၏ စီးပွားရေးမှာ ဦးလေးဖြစ်သူထံမှ လုယူခံခဲ့ရပေသည်။ သို့မဟုတ်လျှင် ယခုအချိန်၌ သူမ တစ်ခုခုအား မြင်လိုက်ရလျှင် သူမ၏ လက်တစ်ချက်အဝှေ့ဖြင့် အရာအားလုံးအား ဝယ်ယူနိုင်မည်ဖြစ်သည်!

ဤချောမောလှပသည့် မိန်းကလေးနှစ်ယောက်နှင့် ငွေစမရှိပဲ ဈေးဝယ်ထွက်ရသည်က သူမသည် သူတို့အား အရှက်ရအောင်လုပ်မိသည်ဟု တကယ်ကြီး ခံစားနေရလေသည်။

၎င်းတို့သုံးယောက်သည် ပန်းနှင့်သစ်သီးဆိုင်သို့ သွားခဲ့ကြ၏။ ထိုနေရာ၌ လတ်ဆတ်သောသစ်သီးများနှင့် ပန်းများ၊ သစ်သီးများဖြင့်ပြုလုပ်ထားသည့် သရေစာများရှိကာ ချိုမြိန်သောမွှေးရနံ့သည် နှာခေါင်းအား စိတ်ကျေနပ်အောင် လုပ်နေခဲ့လေသည်။

ဖုန်ယင်းယင်းသည် ချိုမြိန်သောအရာများအား ကြိုက်ပေသည်။ ဤအရာများထံမှ သူမ၏ မျက်လုံးများအား မခွာနိုင်တော့ချေ။

သူမသည် ထိုအရာများအား ကြိုက်နှစ်သက်သောကြောင့် ဤအချိန်တွင် အနည်းငယ်ညှို့ယူခံနေရပုံပေါ်လေသည်။ သို့သော်လည်း သူမသည် လက်မထပ်ရသေးသောကြောင့် သူမမိသားစုမှ သူမအတွက် ပြင်ဆင်ပေးထားသည့် ခန်းဝင်ပစ္စည်းအား သုံးရန် အလွန်ရှက်ရွံ့နေပေသည်။ ထို့ကြောင့် ဤအရာအနည်းငယ်ကိုသာ သူမ ဝယ်ယူရဲလေသည်။ ထိုသည်မှာ ဝမ်လန်ချန်း၏ ငွေစများကိုပါ စုဆောင်းပြီးသားပင်ဖြစ်သည်။

ယွီရှန်းတွင် ငွေစအများအပြားရှိသော်လည်း သူမ၏ အငြိမ်းစားယူမှုအတွက် သူမ စုဆောင်း

ထားရမည်ဖြစ်သည်။

ရှဲ့ချောင်သည်မူ… ပို၍ပင် ကပ်စေးနှဲပါသေး၏။

လတ်ဆတ်မှုအား မြည်းစမ်းရန် သစ်သီးသရေစာနှစ်ခုအား ဝယ်ယူရန်မှာ အဆင်ပြေပေသည်။ နောက်ဆုံးတွင် ၎င်းတို့သည် ချွင်းအာ၏ သရေစာများကဲ့သို့ အရသာမကောင်းခဲ့ပေ။

သုံးယောက်သားမှာ အချိန်ယူခဲ့ကြသော်လည်း အဆုံးတွင် များများစားစားမဝယ်ယူခဲ့ကြပါချေ။ သူတို့၏ဘေးမှ တစ်စုံတစ်ယောက်သည် တခစ်ခစ်ရယ်မောနေခဲ့လေသည်။

ရှဲ့ချောင်နှင့် ကျန်နှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။

ယွီရှန်းသည် ပို၍တဲ့တိုးဆန်ပေသည်။ သူမသည် ထိုမိန်းမငယ်အား စိုက်ကြည့်ကာ မေးလိုက်၏။ “ ဘာက အရမ်းရယ်ရနေတာလဲ?”

“ ဒီဆိုင်ထဲက ပစ္စည်းတွေက နည်းနည်းဈေးကြီးတယ်လေ။ နင်တို့တွေ ဈေးပေါတဲ့ဟာတွေ ဝယ်ချင်တယ်ဆိုရင် ဒီလမ်းကို မလာသင့်ဘူး။ နင် တတိယအနောက်လမ်းကဈေးကို သွားသင့်တာ” မိန်းမငယ်လေးသည် ယွီရှန်းအား ချိုသာစွာ ပြုံးပြခဲ့လေသည်။

ရှဲ့ချောင် ၎င်းတို့အား တစ်ချက်ကြည့်လိုက်ကာ သုံးယောက်ရှိကြောင်း သိလိုက်ရ၏။

မည်သို့ပင်ဖြစ်စေ ကွဲပြားချက်မှာ ထိုမိန်းမငယ်သုံးယောက်သည် အလွန်တန်ဖိုးကြီးစွာ ဝတ်ဆင်ထားကြသောကြောင့် ၎င်းတို့၏ မိသားစုများမှာ

ချမ်းသာရမည်ပင်ဖြစ်သည်။

မြို့တော်အတွင်းတွင် အဆင့်မြင့်အရာရှိများစွာရှိကြကာ ရှဲ့ချောင်မြင်ဖူးသည့် လူအရေအတွက်မှာ လက်တစ်ဖက်တည်းဖြင့်ပင် ရေတွက်၍ရလေသည်။

တော်ဝင်ကျောင်းတော်၌ပင် ချန်အတန်းနှင့် ခွင် အတန်းတွင် ချမ်းသာကြွယ်ဝသည့် မိန်းမငယ်လေးများစွာ ရှိပေသည်။

“ ငါတို့ဝယ်တာ အရမ်းနည်းတာလား?” ယွီရှန်းသည် တစ်ဖက်လူ၏ စကားများအားကြားလိုက်ရသောအခါ ပထမဦးစွာ အံ့အားသင့်သွားခဲ့၏။ ထို့နောက် သူမ ဆိုင်ရှင်အားကြည့်ကာ မေးလိုက်၏။ “ တကယ်လား? ဒီနေရာမှာ အနိမ့်ဆုံးသုံးစွဲမှုရှိတာလား?”

ဆိုင်ရှင်မှာ ရှက်ရွံ့သွားလေသည်။

ထိုသည်အား မည်ကဲ့သို့ပြန်ဖြေရမည်ကို သူ မသိပါချေ။

စီးပွားရေးလုပ်ငန်းတွင် ဝင်လာသမျှလူတိုင်းမှာ ကြိုဆိုခံရပေသည်။

သို့သော်လည်း…

“ အဲ့လိုတော့ မဟုတ်ပါဘူး၊ ဒီအတိုင်း… လူတွေက များသောအားဖြင့် ပိုဝယ်ကြတာပါ။ ဥပမာပြောရရင် ဒီကျောက်မိန်းကလေးက အများကြီး သုံးစွဲပြီးတော့ ပုံမှန်ဖောက်သည်တစ်ယောက်ပါ…” ဆိုင်ရှင်မှာ တောင့်ခံထားကာ ပြောလိုက်လေသည်။

ဒီကျောက်မိန်းကလေးရဲ့ အထောက်အထားက သာလွန်ထူးခြားပေမယ့်လည်း အဆင့်အတန်းနိမ့်တဲ့လူတစ်ယောက်က ဒီလမ်းကို ဘယ်လိုလုပ်လာမှာလဲ?

•••••

၈၂၀။ ရောင်းရခက်ခြင်း

ရှဲ့ချောင်ထံ၌ မည်သည့်တုံ့ပြန်မှုမှ မရှိချေ။ သူတို့သုံးယောက်သည် ပြဿနာဖြစ်သည်အား ကြိုက်နှစ်သက်သူများ မဟုတ်ကြပေ။

သူတို့ ဆိုင်ရှင်၏စကားများအား ကြားသောအခါ တစ်ခဏမျှ တွေးလိုက်ကြကာ သူတို့ ဝယ်ယူမည့် ပစ္စည်းများအား ‌အောက်ချလိုက်ကြသည်။

သူတို့က နည်းနည်းလေးပဲဝယ်တဲ့လူတွေကို မကြိုဆိုဘူးဆိုမှတော့ သူတို့ ဒီအတိုင်းပဲ ထွက်သွားလိုက်တော့မယ်။ ပန်းနဲ့သစ်သီးရောင်းတဲ့ဆိုင်က ဒီတစ်ဆိုင်တည်းမှ မဟုတ်ပဲ။ သူတို့သုံးယောက်က ပစ္စည်းတွေအပေါ် ဇာချဲ့ကြေးများရတာကို ကြိုက်တဲ့လူတွေ မဟုတ်ပေ။

ရှဲ့ချောင်နှင့် ဖုန်ယင်းယင်းမှာ နူးညံ့ညင်သာကြပေသည်။ ယွီရှန်းမှာမူ သူမ ငယ်စဥ်ကတည်းက “သူဌေး”ဖြစ်ခဲ့ဖူးသောကြောင့် ထွက်ရပ်ကာ ပြောလိုက်လေသည်။ “ ဒါဆိုလည်း ကောင်းပြီလေ။ ပစ္စည်းတွေက ဒီမှာနော်။ ငါတို့ သွားပြီ။ နင်တို့ရဲ့ သတိပေးမှုအတွက် ကျေးဇူးပဲနော်”

သူမ ထိုသည်အား ပြောလိုက်ပြီးနောက် လှည့်လိုက်ကာ ထွက်ခွာသွားတော့မည်ပင်။

“ နေဦး” သို့သော်လည်း သူမ၏နောက်မှ ကျောက်မိန်းကလေးသည် ထပ်မံ၍ ပြောလာလေသည်။ “ ဆိုင်ရှင်က ဒါတွေကို နင်တို့အတွက် ထုပ်ပိုးပေးပြီးသားလေ။ နင်တို့ ဒါတွေကို ဘယ်လိုလုပ် ပြန်ထားနိုင်ရတာလဲ?”

ထိုစကားများအား ကြားလိုက်ရသောအခါ ယွီရှန်းနှင့် အခြားသူများမှာ အရူးများဖြစ်ကြလျှင်ပင် တစ်ဖက်လူသည် အနည်းငယ်ရန်လိုနေကြောင်းအား ခံစားနိုင်ပေသည်။

ဖုန်ယင်းယင်းမှာ ပို၍ပင် ကြောက်ရွံ့လာလေသည်။ ရှဲ့ချောင်၏ အဝတ်များအား သူမ ဂရုတစိုက်ဆွဲလိုက်ကာ ပြောလိုက်၏။ “ ညီမ အရင်က သူ့ကို တွေ့ဖူးတယ်…”

“ အဲဒီနေ့က… အစ်ကိုဝမ် ညီမကို မြို့တော်ဂိတ်ပေါက်မှာ လာခေါ်ခဲ့တုန်းက ဒီမိန်းကလေးက မလှမ်းမကမ်းကနေ ကြည့်နေခဲ့တာ” ဖုန်ယင်းယင်း ထပ်ပြောလိုက်၏။

ထိုအချိန်က သူမ မြို့တော်သို့ ဝင်ရောက်လာကာစဖြစ်ကာ ထိုသည်က အနည်းငယ်သံသယဝင်ဖွယ်ကောင်းသည်ဟု ထင်ခဲ့ပေသည်။ သို့သော်လည်း

ဝမ်လန်ချန်းအား မေးရန်အတွက် သူမ အလွန်ရှက်ရွံ့နေခဲ့သောကြောင့် သူမ၏ အတွေးများအား မျိုသိပ်ထားခဲ့ရ၏။

ယနေ့ သူမအား တွေ့ရလိမ့်မည်ဟု ဖုန်ယင်းယင်း မမျှော်လင့်ခဲ့ရုံသာဖြစ်ပြီး…

တစ်ဖက်လူ၏ အကြည့်စူးမှာ အလွန်တည့်တိုးဆန်နေကာ အနည်းငယ်စူးရှနေလေသည်။

“ အာ၊ ဆိုတော့ အဲတာက ဝမ်လန်ချန်းရဲ့ မလိုချင်တဲ့ချစ်သူပဲ” ရှဲ့ချောင် သက်ပြင်းခပ်ဖွဖွချလိုက်၏။

“ ဒီတော့ ငါတို့က ဒါကို မဝယ်နိုင်တာ ဒါမှမဟုတ် ပြန်မထားနိုင်တာလား?” ယွီရှန်း မျက်မှောင်ကြုတ်လိုက်သည်။ “ စည်းကမ်းတွေကလည်း များလိုက်

တာ။ နင့်ရဲ့မိသားစုက စီးပွားရေးတစ်ခုကို ဘယ်လိုလုပ်ရမလဲဆိုတာကို သိရဲ့လား? နင် ဘာလို့ အပြင်မှာ ဆိုင်းဘုတ်တစ်ခု တပ်မထားလိုက်တာလဲ?”

ဆိုင်ရှင်မှာ ကူကယ်ရာမဲ့နေလေသည်။ သူတို့ထံတွင် ထိုကဲ့သို့သော စည်းမျဥ်းများ မရှိပါချေ!

သို့သော်လည်း…

“ ဒါက မင်းသားရုန်လင်းရဲ့ သမီးပဲ…” ထိုသို့ဆိုလျှင် သူ ဂရုစိုက်သင့်သည်ပင်။

တော်ဝင်မိသားစုရဲ့ ဆွေမျိုးလား?

ရှဲ့ချောင် တစ်ဖက်လူအား အံ့အားသင့်စွာကြည့်

လိုက်ကာ ဂရုတစိုက် မကြည့်ခဲ့ပေ။ သူမထံတွင် ထိုသူ့အတွက် ခံစားချက်များများစားစား ရှိမနေပါချေ။

ယွီရှန်းသည် မြို့တော်ထဲတွင် မလောက်လေးမလောက်စားလုပ်၍မရသည့် လူများစွာရှိကြောင်းအား သိရှိပေသည်။ သူမ၏ အနောက်တွင် ကျန်းမာရေးမကောင်းသည့် ရှဲ့သခင်မလေးနှင့် လူသစ်တစ်ဦးဖြစ်သည့် ဖုန်သခင်မလေးတို့ ရှိသောကြောင့် သူမ ပြဿနာမရှာသင့်ပါချေ။

သူမသည် အသက်ပိုကြီးသောကြောင့် ပို၍ငယ်ရွယ်သော မိန်းမငယ်လေးနှစ်ယောက်အတွက် ဤသည်အား ဖြတ်သန်း၍ ရှေ့သို့ခြေလှမ်းရန်မှာ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ပင်။ ထို့ကြောင့် သူမ ယဥ်ကျေးစွာ မေးလိုက်၏။ “ ဖောက်သည်တစ်ယောက်ချင်းစီအတွက် အနည်းဆုံးသုံးစွဲမှုက ဘယ်လောက်လဲ

ရှင်?”

ဆိုင်ရှင်သည် ကျောက်မိန်းကလေးအား ကြည့်လိုက်၏။

ထိုသည်အား ကျောက်မိန်းကလေးကြားလိုက်သောအခါ ပြုံးလိုက်လေသည်။

“ ဒီနေ့ ငါ့အတွက် အဲတာကို မေ့လိုက်ကြရအောင်။ အဲတာက ဒီအတိုင်း သရေစာလေးတချို့တင်ပါပဲ။ ငါတို့မှာ နင်တို့သုံးယောက်ကို ပစ္စည်းတွေအများကြီးဝယ်ဖို့ ဖိအားပေးစရာမလိုပါဘူး” ကျောက်မိန်းကလေးမှ အပြုံးတစ်ခုဖြင့် ပြောလိုက်၏။

ဖုန်ယင်းယင်းသည် မည်ကဲ့သို့သောလူမျိုးဖြစ်သည်ကိုသာ သူမ သိချင်ခဲ့ခြင်းဖြစ်သည်။

ယခုအချိန်တွင် သူမအား မြင်လိုက်ရပါ၏။

သူမသည် ကြည့်ရမဆိုးပေ။ သူမ၏ ဝိုင်းစက်၊ သေးငယ်သောမျက်နှာသည် အတော်လေးနှစ်သက်ဖွယ်ကောင်းသော်လည်း အခြားသူများအား အမိန့်ပေးရန် သတ္တိမရှိပါချေ။

ဖုန်ယင်းယင်းသည်သာ ကျောက်မိန်းကလေးတွေးနေသည်အား သိရှိခဲ့ပါက တုန်လှုပ်သွား‌လောက်မည်ဖြစ်သည်။

အမိန့်ပေးရမယ်?

သူမ ဝမ်လန်ချန်းကို လက်မထပ်ရသေးဘူးလေ!

သူမထံ၌ မြို့တော်ထဲတွင် အိမ်မရှိပေ။ ယခုအချိန်တွင် သူမသည် အနာဂတ်ကြင်ရာတော်မင်းသမီးနှင့် အပြင်ထွက်နေခဲ့သည်ဖြစ်ကာ သူမသည် မည်သူ့အား အမိန့်ပေးရဲပါမည်နည်း?!

“ အဲတာက သရေစာလေးတစ်ချို့တင်ပါပဲ။ နင် ဘာလို့ ခက်ခက်ခဲခဲရောင်းနေရမှာလဲ? ငါတို့ကို ဆိုင်ထဲက အရာအားလုံးကို ဝယ်ခိုင်းဖို့အတွက် မေးဖို့ နင် စိတ်လွတ်သွားတာလား?” ယွီရှန်းမှာ ထိုသည်အား နားမလည်နိုင်ချေ။ သူမ၏ခေါင်းအား စောင်းငဲ့လိုက်ရင်း ရှဲ့ချောင်အား ကြည့်ကာ မေးလိုက်၏။ “ ငါ့ဝမ်းကွဲကို ဒီဆိုင်အကြောင်း… မေးကြည့်လိုက်ရင်ရော? ဒါက မသမာတဲ့ဆိုင်များလားပဲ?”

ဆိုင်ရှင်၏ နှလုံးမှာ ခုန်သံတစ်ချက်လွတ်ထွက်သွားလေ၏။ “ မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ မဟုတ်ပါဘူး…”

ကျောက်မိန်းကလေးသည် ယွီရှန်းအား အလေးအနက်မထားပေ။ သူမသည် ဖုန်ယင်းယင်းကိုသာ စိုက်ကြည့်နေလေသည်။

သို့သော်လည်း ကျောက်မိန်းကလေး၏နောက်တွင် မျက်လုံးတစ်စုံရှိနေကာ သူမသည် မတတ်နိုင်ပဲ ယွီရှန်းအား ဆက်ကြည့်နေမိလေသည်။

ယွီရှန်းအား သူမ ပိုကြည့်လေလေ ပိုရင်းနှီးလာလေပင်ဖြစ်သည်။ ယွီရှန်းအား သူမ ယခင်က တစ်နေရာရာတွင် မြင်ဖူးသည်ဟု ထင်သော်လည်း မည်သည့်နေရာမှန်း သူမ မမှတ်မိချေ…

ရှဲ့ချောင်အတွက်မူ မည်သူကမျှ သူမအား ကြည့်မနေကြပေ။

သူမသည် တိတ်တဆိတ် ခေါင်းငုံ့ထားခဲ့ကာ သူမ၏ တည်ရှိမှုမှာ အလွန်နည်းပါးနေခဲ့လေသည်။ သူမသည် ကြည့်ကောင်းလျှင်ပင် အခြားသူများ၏ အာရုံစိုက်မှုအား မဆွဲဆောင်နိုင်ချေ။

“ နင်က…ဖုန်မိန်းကလေး၊ ဟုတ်တယ်မလား?” ကျောက်မိန်းကလေးသည် လိုရင်းသို့ တည့်တည့်သွားလိုက်ကာ “ ငါ့အဖေက ဝမ်သခင်လေးကို တကယ့်ကို သဘောကျတာ။ နင်က သူ့မွေးရပ်မြေကလို့ ငါကြားတယ်။ အခု ငါတို့တွေ တွေ့ကြပြီဆိုတော့ ဘာလို့… ငါ နင့်ကို ဒီနေ့ အစားအသောက်ကောင်းတစ်ချို့ ဧည့်မခံပေးရမှာလဲ?”

•••••

All Chapters