← Chapters

အခန်း (၈၂၁-၈၂၄)

Vol. 43 Ch. 821-824

အခန်း (၈၂၁-၈၂၄)

Vol. 43 Ch. 821-824

အခန်း ၈၂၁။ ငါတို့က မိသားစုတွေပဲလေ

ဖုန့်ယင်းယင်းသည် အတော်လေးရိုးသားရှာ၏။

ဘာတွေဖြစ်နေတာလဲ? မင်းသားရုန်လင်းရဲ့ သမီးပြောသွားတာက‌လည်း စိတ်ထဲ ‌အောင့်သက်သက်ဖြစ်ချင်စရာကြီး။

သူမအထင်သေးခံနေရသလို ခံစားရ၏။ ဒါတင်မက သူမက အဆင့်အတန်းမြင့်တဲ့မိသားစုက မဟုတ်ပေမဲ့လို့ ဒီလိုအစားကောင်းတွေကို တစ်ခါမှမစားဖူးတာလို့တော့မဆိုလို။

ဘာလို့ ဝယ်ကျွေးခိုင်းနေစရာလိုနေမှာလဲ?

“ ကျေးဇူးတင်ပါတယ် မင်းသမီး၊ ဒါပေမဲ့ ကျွန်မနဲ့အတူ သူငယ်ချင်းတွေလည်း ပါလာတာဆိုတော့

မင်းသမီးရဲ့ ဖိတ်ကြားမှုကို လက်ခံဖို့အဆင်မပြေလို့ပါ၊ ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်”

“ ဘာလဲ၊ တခြားသူတွေက ငါ့ထက်ပိုအရေးကြီးတယ်လို့ ပြောချင်တာလား” ‌ကျောက်ကျားလင်ပြုံးလိုက်သော်ငြား၊ ထိုအပြုံးက လူကိုပိုပြီး စိတ်မသက်မသာဖြစ်စေ၏။

ရှဲ့ချောင်သည် လတ်တလောကမှ နန်း‌တော်ထဲမှအစေခံများဆီကနေ သင်ကြားမှုကို ကြားထားတာကြောင့် တော်ဝင်မိသားစုအကြောင်းတစ်စနှစ်စတော့သိသည်။

မင်းသားကြီးရုန်လင်းသည် မင်းသားကြီးနင်ပေ့နှင့် အတူတူဖြစ်၏။ သူတို့နှစ်ယောက်စလုံးက လက်ရှိဧကရာဇ်၏ ဝမ်းကွဲများဖြစ်ကြသလို

အလေးထားခြင်းခံရသူများလည်း ဖြစ်ကြသည်။တော်ဝင်မိသားစု၌ ပြောရေးဆိုခွင့်ရှိသူများဖြစ်ကြသည်။

မင်းသားရုန်လင်မိသားစုအပေါ် မင်းကြီး၏ သဘောထားမှာအတော်လေးရှုပ်ထွေးလှသည်။

သူမအရှေ့မှာရှိနေသည့် ကျောက်သခင်မလေး၏ အ‌ဖိုးဖြစ်သူသည် ဦးရီးတော်တစ်ယောက်ဖြစ်ကာ တစ်ချိန်က မူလတန်းအဆင့်စာသင်သားများအား လမ်းမပေါ်ကို တရွတ်တိုက်ဆွဲခေါ်ခဲ့သူလည်း ဖြစ်သည်။

မင်းသားကြီးသည် ပေါ့ပေါ့တန်တန်နေတတ်တဲ့သူတစ်ယောက်ဖြစ်ပေမဲ့ သူ့ရဲ့သားများမှာ အတော်လေးစွမ်းဆောင်ရည်ရှိကြသူများဖြစ်၏။ အထူးသဖြင့် အကြီးဆုံးသားပင်။ သူသည် ဧကရာဇ်နှင့်အတူကြီးပြင်းလာခဲ့ရာ နက်ရှိုင်းသည့်

ဆက်ဆံရေးရှိကြ၏။

သို့သော်လည်း မူလတန်းအဆင့်စာသင်သားများအတွက် မင်းကြီးသည် သူ့ရဲ့ဦးရီးတော်ကို သတ်ပစ်ခဲ့သည်။ ဒါကြောင့် သူ့ရဲ့ညီအစ်ကိုအပေါ် အပြစ်ရှိစိတ်တော့ ခံစားခဲ့ရသည်။

မင်းသားရုန်လင်းအား သုံးနှစ်ကြာ ခပ်တန်းတန်းဆက်ဆံခဲ့ပြီးနောက် သူ့အား အလျော်ပြန်ပေးခဲ့သည်။

လက်ရှိမင်းဆက်၏ မင်းသားအများစုမှာ နယ်မြေများစီသို့ သွားကြရ၏။

ထိုသို့မသွားရလျှင်တောင် မင်းကြီး၏ စီစဉ်ပေးမှု

ဖြင့် ဒေသအသီးသီးသို့ နယ်ခံအုပ်ချုပ်သူများ သို့မဟုတ် တစ်ခုခုအတွက် သွားကြရသည်

မင်းသားရုန်လင်းသည်လည်း ‌နယ်ခံအုပ်ချုပ်သူရာထူးဖြင့် မြို့တော်၏အနီးနားက မြို့တစ်မြို့ဆီ စေလွှတ်ခြင်းခံခဲ့ရသည်။ သူ့ရဲ့မိသားစုဝင်အများစုမှာ မြိုတော်တွင်နေရစ်ခဲ့ပြီး ပွဲတော်ကာလများနှင့် နှစ်တိုင်းလိုလို တန်ဖိုးကြီး‌ဆုလာဘ်ပေါင်းများစွာ ရရှိကြသည်။ မင်းကြီးသည် ထိုရာထူးအား တော်တော်လေး အလေးထားခဲ့သည်။

မင်းသားရုန်လင်း၏ တရားဝင်သမီးနှစ်ယောက်သည် ငယ်စဉ်ကတည်းက မင်းသမီးဘွဲ့ချီးမြှင့်ခြင်းခဲ့ရသည်။ တစ်ခါတစ်လေ မိဖုရားခေါင်ကြီးအားအဖော်ပြုပေး‌ရန်အတွက်ပင် နန်းတော်သို့ ဆင့်ခေါ်ခံရသည်။

သို့ဖြစ်ရာ ‌ကျောက်ကျားလင်သည်မင်းကြီး၏ မွေးစားသမီးတစ်ယောက်ဟုပင် ယူဆလို့ရနေလေသည်။

သူမ အထိန်းတော်ဆီကနေ စည်းမျဉ်းစည်းကမ်းများသင်ယူချိန်က, အနှီမိန်းကလေးသည် တော်ဝင်မိသားစုထဲ၌ သူမသတိထားဆက်ဆံသင့်သည့်သူတစ်ယောက်ဟုတောင် အထိန်းတော်က သတိပေးခဲ့သေးသည်။

ဖုန်ယင်းယင်းမှာ အကျပ်ရိုက်နေလေ၏။

ရှဲ့ချောင် မမြင်ချောင်ယောင်ဆောင်ပြီး မနေနိုင်တော့။

“ နင်ပြောတာမှန်လောက်တယ်.. ငါက တကယ်လည်း နင့်ထက်ပိုအရေးပါတယ်လေ”

ရှဲ့ချောင်ရဲ့ မျက်နှာမှာ တည်ငြိမ်နေခဲ့သည်။

“ နင် တကယ်လို့ ဖုန်သခင်မလေးနဲ့ တစ်နပ်လောက် အတူစားချင်တယ်ဆိုရင် နောက်ရက်ကျမှ ဝမ်မိသားစုဆီ တရားဝင်ဖိတ်ကြားလွှာပို့တာ ပိုကောင်လိမ့်မယ်၊ သူ့ကို ဒီအတိုင်းတော့ ခေါ်သွားလို့မရဘူး”

“ နင်က ဘယ်သူလဲ” ‌ကျောက်ကျားလင်မျက်မှောင်ကြုတ်သွားသည်

သူမ ဒီနေ့ ဖုန်ယင်းယင်းကို လမ်းမှာမြင်လိုက်ရ၍ ဒီနေရာကို အရင်လာပြီး စောင့်နေခဲ့ခြင်းပင်။

ဤလမ်းမထက်ကို ဈေးဝယ်ထွက်လာကြသည့် သခင်မလေးတိုင်း ဤပန်းနှင့်သစ်သီးဆိုင်ထဲသို့

တစ်ခေါက်လောက်တော့ ဝင်ကြည့်တတ်ကြသည်။

ရှဲ့ချောင်ကို မမှတ်မိသည့်အတွက် ‌ကျောက်ကျားလင်ကိုအပြစ်တင်လို့လည်းမရ။ ရှဲ့ချောင်ကျောင်းတော်ကို ရောက်တာ တစ်နှစ်နီးပါးလောက်သာရှိသေးသည်။

သူမသည် ကျောင်းတော်ကိုနေ့တိုင်းသွားလေ့မရှိ။ သွားခဲ့လျှင်တောင် ရိအတန်းဖြစ်သည့် သစ်ခွခြံဝန်းထဲက အတန်းများကိုသာ တတ်သည်။ သို့သော် ‌ကျောက်ကျားလင်သည်ချန်အတန်းမှ ဖြစ်နေ၏။ သူမလို မင်းသမီးတစ်ပါး အတန်းတက်လို့ရရန်အတွက် ချွင်းချက်တောင်လုပ်ထားကြလေသည်။

သို့ပေမဲ့ သူမသည်ကျောင်းသူတစ်ယောက်မဟုတ်။ ဆယ်ရက် သို့မဟုတ် လဝက်လောက်နေမှ

သာ သွားတတ်သူဖြစ်ရာ ကျောင်းတော်အကြောင်း သိပ်ပြီးမသိချေ။

“ငါ့ရဲ့မျိုးရိုးနာမည်က ရှဲ့”

“ရှဲ့” ‌ကျောက်ကျားလင်မျက်မှောင်ကြုတ်လိုက်ကာ “နင်ရဲ့မျိုးရိုးနာမည်ဘယ်သူလဲ ငါဂရုမစိုက်—”

သူမစကားမဆုံးခင် ကျိုးသခင်မလေးက ‌ကျောက်ကျားလင်၏ အင်္ကျီကိုနောက်ကနေ ဆွဲလိုက်၏။

“မင်းသမီး၊ ကျွန်မကြားတာတော့ သခင်လေးဝမ်လန်ချန်းရဲ့ မွေးစာအဖေက ရှဲ့နျိုရှန်းတဲ့.. ဆိုတော့ ဒီသခင်မလေးက..”

“ကြင်ရာတော်မင်းသမီးဖြစ်လာနိုင်ချေရှိတဲ့သူ..”

‌ကျောက်ကျားလင်၏မျက်နှာထားပြောင်းလဲသွားသည်။

“ဒါဆို ငါတို့က မိသားစုတွေပဲ၊ ရှဲ့သခင်မလေးသဘောကျတဲ့ ပစ္စည်းတွေအတွက် ငါ ပိုက်ဆံပေးမယ်”

သူမက ပြောရင်းနှင့် ဆိုင်ရှင်အား အချက်ပြလိုက်၏။

“ငါတို့က မိသားစုတွေဆိုမှတော့ ညီမရှဲ့ ငါတို့နဲ့အတူလိုက်ခဲ့လို့လည်း ဘာမှမဖြစ်ဘူးမလား။ ငါက မိဖုရားခေါင်ကြီးနားမှာ ကြီးလာခဲ့တာဆိုတော့ အိမ်ရှေ့စံမင်းသားအကြောင်း အများကြီးသိတယ်” ‌ကျောက်ကျားလင် ရှဲ့ချောင်အားပြုံးပြ

လိုက်၏။ သူမပုံစံက ရိုးသားသည့်ပုံနှင့်…..

•••••

အခန်း ၈၂၂။ လိုက်ကစားပေးဖို့ အချိန်မရှိ

သူမ ပြောချင်တဲ့အဓိပ္ပာယ်က အရမ်းကိုမှသိသာလွန်းသည်ဟု ကျောက်ကျားလင်တွေးနေမိသည်။

မိဖုရားခေါင်ကြီးက သူမကို အရမ်းချစ်တယ်၊ အိမ်ရှေ့စံမင်းသားရဲ့ အနာဂတ်ဇနီးလောင်းတစ်ယောက်အနေနဲ့ ယောင်းမလောင်းလေးရဲ့ အကြိုက်လိုက်ပေးသင့်တယ်လေ၊ ဟုတ်တယ်မလား?

သူမအကြိုက်မလိုက်ပေးနိုင်ရင်တောင် အနည်းဆုံးတော့ အိမ်ရှေ့စံမင်းသား သဘောကျတတ်တဲ့အရာတွေကို မေးချင်မှာပဲလေ!

ဝမ်လန်ချန်းကို သူမ သဘောကျသည်။ရှဲ့မိသားစု

က ဝမ်မိသားစုနဲ့ ဆက်ဆံရေးကောင်းနေသည့်အတွက် ရှဲ့ချောင်က သူမကိုပိုလို့တောင် ကူညီသင့်သည်။ သူတို့က မိသားစုတွေဖြစ်သည့်အတွက် ဘာမှမသိနားမလည်သည့် ဖုန်ယင်းယင်းဘက်မှနေတာက သူမအတွက် မ‌ကောင်းပေ။

ရှဲ့ချောင် ထိုသခင်မလေးရဲ့မျက်နှာထက်က အပြုံးတုကို တွေ့လိုက်ရရာ သူမနဲ့ဆက်ပြီး အချိန်ဖြုန်းနေချင်စိတ်မရှိတော့။

“ငါ နင်နဲ့ရင်းနှီးတာမဟုတ်ဘူး၊ အဲ့‌တော့ နင်နဲ့လိုက်ကစားပေးဖို့ အချိန်မရှိဘူး”

ရှဲ့ချောင် ပြတ်ပြတ်သားသားပြောလိုက်၏။

ကျောက်ကျားလင် တစ်ယောက်မှင်တက်သွားခဲ့ကာ နောက်တော့မှ ရှဲ့ချောင်ဘာပြောသွားလဲဆို

တာကို တွေးမိတော့သည်။

ကစားဖို့… အချိန်မရှိဘူး?

သူမရဲ့ မျက်နှာ ရုတ်ချည်း နီရဲသွားတော့သည်။ ၎င်းက သူမရှက်သွား၍ပဲလား ဒေါသထွက်သွား၍လားဆိုတာတော့ မသိနိုင်ခဲ့။

“ရှဲ့သခင်မလေး၊ နင်နဲ့ ဖုန်သခင်မလေးက တစ်ယောက်နဲ့တစ်ယောက်သိတာ ဘယ်လောက်မှလဲကြာသေးတာမဟုတ်ဘူးမလား၊ ဘာလဲ၊ ငါ့ကိုအထင်သေးနေတာလား” ကျောက်ကျားလင်အထက်ဆီးဆန်စွာပြောလိုက်သည်။

သူမက အနာဂတ်ကြင်ရာတော်မင်းသမီးလောင်းတစ်ယောက်မလို့ ယဉ်ယဉ်ကျေးကျေးဆက်ဆံပေးနေတာလေ၊ အဲဒါကို တကယ်ကြီး အရေးပါတဲ့

သူလို့ ထင်နေတာလား?

ရှဲ့ချောင်က ကြင်ရာတော်မင်းသမီးတစ်ပါးဆိုပေမဲ့ သူမ ကြာကြာမနေရဘူးဆိုတာ လူတိုင်းအသိ။ ကံအကြောင်းမလှဘဲ အိမ်ရှေ့စံမင်းသားနဲ့ လက်မထပ်ရသေးခင် ရောဂါနဲ့သေသွားခဲ့ရင်ရော?

အိမ်ရှေ့စံမင်းသားနဲ့ လက်ထပ်ခဲ့တယ်ဆိုရင်တောင် ဘယ်နှနှစ်များ နေနိုင်မှာမလို့လဲ?

သုံးနှစ်ကနေ ငါးနှစ်လောက်ပေါ့, အဲ့လောက်လေးနဲ့ ဘာလုပ်မှာလဲ?!

သူမရဲ့ အခုလက်ရှိခန္ဓာကိုယ်မျိုးနဲ့ဆို ကလေးတစ်ယောက်‌တောင် မွေးပေးနိုင်မှာမဟုတ်သလို

တော်ဝင်မိသားစုအတွက် အမွေဆက်ခံသူတစ်ယောက်မှ မွေးပေးနိုင်မှာမဟုတ်ဘူး၊ ရှဲ့မိသားစုက နောက်နှစ်နှစ်လောက်ပဲ ကောင်းစားမှာ။ ကြင်ရာတော်မင်းသမီးသေသွားပြီဆိုတာနဲ့ ပြန်ပြီး လစ်လျူရှုတာ ခံရမှာပဲ!

ကိုယ့်အခြေအနေကိုယ် နည်းနည်းလေးတောင် မသိဘဲနဲ့များ သူမကို မတူသလိုမတန်သလို လုပ်ရဲတယ်ပေါ့?

ရှဲ့ချောင်သည် ဟိုးအရင်ကတည်းက တခြားသူများနဲ့ ပတ်သက်ပြီး စိတ်ရှုပ်ခံနေတတ်တဲ့သူမဟုတ်။ ကျောက်ကျားလင်စကားများကိုကြားသည့်အခါ အေးအေးလူလူနင့်သာ တုံ့ပြန်လိုက်သည်

“မင်းသမီးသတိထားမိတယ်ဆိုရင် ကောင်းတာပေါ့၊ ကိုယ့်ရဲ့အတိုင်းအတာကိုသိတယ်ဆိုရင် နောက်တစ်ခါထပ်ပြီး တခြားသူတွေ‌အပေါ် မလေး

မစားမလုပ်မိပါစေနဲ့”

သူမ၏အဆင့်အတန်းနဲ့ဆိုလျှင် တော်ဝင်မိသားစုက သမီးတစ်ယောက်အတွက် သူမရဲ့အသံကို နှိမ့်နေစရာမလို။

အိမ်ရှေ့စံမင်းသားနှင့်ပတ်သက်လို့ ကောင်းတဲ့တစ်ချက်ကိုပြောရမည်ဆိုလျှင်, ထိုအချက်ဖြစ်၏။

သူမသည် မျက်နှာသာပေးခြင်းခံထားရသည်။ မတရားသဖြင့် ခံစားနေရစရာမလိုပေ။

ရှဲ့ချောင်က ထိုသို‌ပြေလိုက်၍ ‌ကျောက်ကျားလင်ရဲ့ အနောက်မှာရှိနေကြသည့်သူနှစ်ယောက်မှာ ပို၍ စိုးရိမ်လာကြလေသည်။

ကျောက်ကျားလင်သည်လည်း မခံမရပ်နိုင်ဖြစ်လို့နေလျက်… သို့သော်လည်း သူမ ရှဲ့ချောင်ကို ဘာမှလုပ်လို့ရမနေခဲ့ချေ!

ရှဲ့ချောင် ဖုန်ယင်းယင်းနဲ့အတူ အနောက်ကိုတစ်ချက်လေးမှ လှည့်မကြည့်ဘဲ ထွက်သွားတာကိုသာ ကြည့်နေခဲ့ရသည်။

“ မင်းသမီး၊ ဒေါသမထွက်ပါနဲ့၊ ကျွန်မကြားတာတော့ ရှဲ့သခင်မလေးက အေးတိအေးစက်နဲ့ တခြားသူတွေနဲ့ တော်ရုံအဆက်အဆံမလုပ်တတ်ဘူးတဲ့” သူမရဲ့အနောက်မှာရှိနေသည့် ကျိုးသခင်မလေးက ဂရုတစိုက်နဲ့ပြောလာခဲ့သည်။

ထိုစကားကြောင့် ကျောက်ကျားလင်ခနဲလိုက်ကာ “နင်ငါ့ကို လာပြီး‌နှစ်သိမ့်ပေးနေစရာမလိုဘူး။ ငါလည်း သူ့အကြောင်းအနည်းနဲ့အများတော့ကြား

ဖူးတယ်။ သူက ကျောင်းတော်မှာဆို နာမည်အရမ်းကြီးတယ်လေ။ ဘယ်နေရာမှာများ စကားပြောရတာမကြိုက်တဲ့ တသီးတသန့်နေနေတတ်တဲ့သူနဲ့ တူနေလို့လဲ?”

ရှင်းရှင်းပြောရမယ်ဆိုရင် ကြက်ရာတော်မင်းသမီးလောင်းဆိုပြီး သူမကို အထင်သေးခဲ့တာ!

“ ငါသူ့ကို စိတ်မဆိုးပါဘူး၊ အနာဂတ်မှာ ဘယ်လိုဖြစ်လာမလဲလည်း မသိဘူးလေ။ ဒါပေမဲ့ ဖုန်ယင်းယင်းက…” ကျောက်ကျားလင်‌စိုးရိမ်စိတ်တော့ဝင်နေမိ၏။ “မင်္ဂလာပွဲက ၈လပိုင်းမှာ လုပ်မှာဆို….”

တစ်လလောက်သာလိုပေတော့သည်..

တကယ်သာ ဖြစ်သွားခဲ့ရင် သူမ ဘယ်လိုဖြစ်သွားမလဲ?

“ ဒါပေမဲ့ ကျွန်မတို့လည်း မင်္ငလာပွဲကို ဆုံးဖြတ်ပေးနိုင်တာမှ မဟုတ်တာ… မင်းသမီး အရှင့်သားဆီမှာ…”

“ ငါ့အဖေကို မပြောပြခဲ့ဘူးလို့များထင်နေတာလား” ကျောက်ကျားလင်က ကျိုးသခင်မလေးအား မျက်လုံးလှိမ့်ပြလေသည်။

သူမ ဝမ်လန်ချန်းကိုပထမဆုံးစတွေ့ခဲ့တာက သူထိပ်တန်းစာသင်သားတစ်ယောက်အဖြစ် လမ်းမထက်မှာ လှည့်ပတ်သွားခဲ့စဉ်ကပင်။ သူမ သူ့ကို မြင်မြင်ချင်းကတည်းကသဘောကျသွားခဲ့ပေမဲ့ သူ့ရဲ့အကျင့်စရိုက် ဘယ်လိုပုံစံမျိုးရှိလဲဆိုတာကိုမသိရတာကြောင့် သူမ မိဘတွေဆီမှာ

အလောတကြီးနဲ့ ဆုံးဖြတ်ချက်ချပေးဖို့ မတောင်းဆိုရဲခဲ့။

နောက်‌ပိုင်း သူမ တိုးတိုးတိတ်တိတ် စုံစမ်းကြည့်ခဲ့သည်။

ထိုနယ်ပယ်ကလူတိုင်းက သူဟာ လူကောင်းတစ်ယောက်ဖြစ်သည်ဟုသာ ပြောကြသည်။ သူမ သူနဲ့တွေ့နိုင်ဖို့ အခွင့်အရေး နှစ်ခါတောင်ဖန်တီးခဲ့ကာ တကယ်ကို လူရည်မွန်တစ်‌ယောက်ဖြစ်မှန်းသိခဲ့ရသည်။

သူမတို့နှစ်ယောက်စလုံး လူလွတ်တွေဟုထင်ခဲ့ကြပေမဲ့ ဝမ်လန်ချန်းက မွေးရပ်မြို့မှာ ဇနီးလောင်းတစ်ယောက်ရှိနေလိမ့်မယ်လို့ သူမ မမျှော်လင့်ထားခဲ့ချေ။

သူမအဖေ ဘယ်လောက်ပဲ အာဏာရှိတယ်ဆိုဆို, ကွာရှင်းရအောင်လို့တော့ ဖိအားပေးလို့မရ…

ဒါကြောင့် သူမအဖေကို ပြောပြခဲ့တာတောင် သူမကို လုံးဝလစ်လျူရှုထားခဲ့သည်– ဒီစိတ်ကူးကို လက်လျှော့လိုက်ဖို့ပင် ပြောခဲ့သေးလေသည်။

•••••

အခန်း ၈၂၃။ မိသားစုကိုကောင်းချီးပေးမည့်သူ

ကျောက်ကျားလင်မှာ အားမလိုအားမရဖြစ်နေလေပြီး ထိုသို့လက်လျော့လိုက်ရမှာကိုလည်းဆန္ဒမရှိခဲ့။

သူမက မင်းသမီးတစ်ပါး၊ ဖုန်ယင်းယင်းလိုသာမန်ပြည်သူတစ်ယောက်ကို နောက်ယောက်ခံလိုက်ပြီး စောင့်ကြည့်နေရမှာတဲ့လား?

“ငါသူနဲ့တွေ့ကြည့်ပြီး စကားပြောကြည့်ပြီးသွားပြီလေ၊ တခြား ဘာလုပ်နိုင်ဦးမှာမလို့လဲ၊ ဒီလောက် အချိန်တိုလေးအတွင်းမှာ ကောင်းကင်ဘုံကနေ ဖုန်ယင်းယင်းရဲ့တန်ဖိုးမရှိတဲ့အသက်ကိုယူသွားတာမှမဟုတ်ရင် သခင်လေးဝမ်လို စရိုက်မျိုးနဲ့က သူမကို ကျိန်းသေပေါက် လက်ထပ်မှာ၊ ငါ့အတွက် နည်းလမ်းသာ စဉ်းစားပေးကြစမ်းပါ…” ကျောက်ကျားလင်သည် သူမရဲ့လူများကို

ဦးဆောင်ကာ တိတ်ဆိတ်သောနေရာတစ်ခုသို့သွားခဲ့ကြသည်။သက်ပြင်းလည်း တဖွဖွချ၍မပြတ်။

ကျိုးသခင်မလေးမှာ အာရုံထွေပြားနေခဲ့၏။ သူမသည် ဖုန်ယးင်ယင်းနှင့် ရှဲ့ချောင်အကြောင်းကို တွေးနေတာမဟုတ်ဘဲ.. တခြားသခင်မလေးတစ်ယောက်အကြောင်း စဉ်းစားနေခဲ့ခြင်းဖြစ်သည်။

သူမက ဘယ်သူနဲ့တူနေတာပါလိမ့်…?

မမှတ်မိဘူး….

ကျောက်ကျားလင်ရဲ့အနားမှာရှိကြတဲ့သခင်မလေးများမှာ သူမအတွက် ဘယ်လိုလုပ်ပြီးဖြေရှင်းနည်းစဉ်းစားပေးနိုင်မှာလဲ? သူတို့ရဲ့ လက်တွေ

ကအဲ့လောက်ကြီးရှည်နေတာမဟုတ်သလို၊ ဝမ်လန်ချန်းနှင့်လည်း ဆက်စပ်မှုရှိနေတာမဟုတ်, ဒါကြောင့် သူတို့လုပ်ချင်ရင်တောင် လုပ်လို့ရမနေချေ!

သို့သော် ရေငုံနှုတ်ပိတ်ပြီးလည်း မနေနိုင်ကြ။ စဉ်းစားကြည့်နေကြရင်းနှင့် အိမ်ရှေ့စံမင်းသားကို တွေးမိသွားကြသည်။ “အရှင့်သားအိမ်ရှေ့စံက သခင်လေးဝမ်ရဲ့ အသက်သခင်ကျေးဇူးရှင်မလား၊ မင်းသမီး အရှင့်သားဆီမှာ တောင်းဆိုကြည့်ရင်ရော? အရှင့်သားသာ သဘောတူရင်.. အဲ့ဖုန်ယင်းယင်းရဲ့ မိသားစုအဆင့်အတန်းက မြင့်တာမှမဟုတ်တာ.. သူ ကိုယ်လုပ်တော်တစ်ယောက်ဖြစ်လာနိုင်တယ်.. သူအခြေနေနဲ့ သခင်လေးဝမ်ရဲ့ ဇနီးတစ်ယောက်ဖြစ်နိုင်ဖို့ဆိုတာကတော့ များသွားပြီ”

ကျောက်ကျားလင်၏မျက်လုံးတို့အရောင်လက်သွားခဲ့သည်။

သို့‌တိုင် သူမရဲ့ စိတ်ခံစားချက်များက ရှုပ်ထွေးနေဆဲ။

သူမငယ်စဉ်က အိမ်ရှေ့စံမင်းသားသည် သူမအပေါ်ကောင်းကောင်းဆက်ဆံပေးခဲ့သည်။ ထိုအချိန်ကဆိုလျှင် သူမ နန်းတော်ထဲကိုမကြာမကြာသွားလေ့ရှိတတ်ပြီး အိမ်ရှေ့စံမင်းသားဆီကနေ လက်ဆောင်ကောင်းတွေရတတ်သည်။

သို့သော်လည်း သူမအရွယ်ရောက်လာကတည်းက အိမ်ရှေ့စံမင်းသား သူမအပေါ်ဆက်ဆံပုံမှာ တခြားလူတွေနှင့် မကွာခြားတော့ချေ။

ဘာပဲဖြစ်ဖြစ်… ဒါလည်းနည်းလမ်းတစ်ခုပဲဟာ.. မကြိုးစားကြည့်ပဲနဲ့ အလုပ်ဖြစ်လား မဖြစ်လား

ဘယ်လို သိနိုင်မှာလဲ?

ကျောက်ကျားလင်၏မျှော်လင့်ချက်တို့ တစ်ဖန်ပြန်မြင့်လာခဲ့ပြန်သည်။

ရှဲ့ချောင် ပန်းနှင့်သစ်သီးဆိုင်ကနေ ထွက်လာခဲ့ပြီးနောက် ပြဇာတ်ကြည့်ရန်အတွက် ပြဇာတ်ရုံသို့ ဖုန်ယင်းယင်းတို့ကို ခေါ်သွားခဲ့သည်။

ရှဲ့ချောင်သည် ဖုန်ယင်းယင်းကိုလေ့လာနေခဲ့ကာ အနှီသခင်မလေးရဲ့စိတ်ဓာတ်မှာ သိပ်ပြီးမဆိုးတာကိုတွေ့ခဲ့ရသည်။ မင်းသမီးလို ရန်သူတစ်ယောက်ကိုတောင် ကိုင်တွယ်နိုင်စွမ်းရှိနေသည်။

“သခင်မလေးနဲ့ ယင်းယင်း ခုနကမင်းသမီးရဲ့ပုံစံကလည်း သိပ်မဆိုးဘူးလားလို့။ သခင်လေးဝမ်

သူ့ကို တွေ့ပြီးလောက်နေမှာတောင်စိုးတယ်။ သူ အရင်ကမင်းသမီးအကြောင်းကိုပြောတာမျိုး ကြားဖူးသေးလား” ယွီရှန်းကတော့ ဖုန်းသခင်မလေးသည် အနည်းငယ်နုံအသူဖြစ်နေမည်ဟု ထင်နေမိ၏။

အနိုင်ကျင့်ခံရပြီးတာတောင် ဘယ်လိုမှနေတဲ့ပုံ ပေါ်မနေဘူး..

“ သူပြောဖူးတယ် ၊ လန်ချန်းပြောတာက ကျွန်မက နောင်တစ်ချိန်မှာ သေချာပေါက်ဇနီးကောင်းတစ်ယောက်ဖြစ်လာမှာတဲ့။ သူဇနီးတစ်ယောက်ယူတဲ့အချိန်မှာ အာဏာတွေ စည်းစိမ်ဥစ္စာတွေကို မကြည့်ဘူး။ သူလိုချင်တာက သူ့ရဲ့နောက်မျိုးဆက်တွေ အခြေခိုင်ပြီး ကြွယ်ဝဖို့ပဲ။ ကျွန်မက မိသားစုကိုကောင်းချီးပေးမယ့်သူဆိုပြီးတောင်ပြောနေသေးတယ်” ဖုန်ယင်းယင်းသည် အခုဆိုလျှင် ပိုပြီးပွင့်လင်းလာခဲ့ကာ သူမရဲ့စကားများဟာလည်း တဲ့တိုးဆန်လာခဲ့သည်။

“ အမှန်ပဲ၊ နင့်မှာက ‌ယောကျာ်းဖြစ်သူကို ကောင်းချီးယူဆောက်လာပေးမယ့်ကံကြမ္မာမျိုးရှိတယ်” ရှဲ့ချောင်က သူမ၏ စကားများကို ခေါင်းညိတ်သဘောလိုက်သည်။

ဝမ်လန်ချန်းရဲ့ အကြိုက်က ကောင်းသားပဲ..

“ ရှဲ့သခင်မလေးကလည်း ကြည့်ကောင်းပါတယ်။ လူတိုင်းက နင် အသက်ရှည်ရှည်မနေရဘူးလို့ပဲ ပြောနေကြတယ်၊ ငါတော့ အဲ့လိုမထင်ဘူး။ ငါ့မွေးရပ်မြေမှာတုန်းက သေလောက်အောင် နာမကျန်းဖြစ်နေကြတဲ့ လူနာတွေကို တွေ့ဖူးတယ်၊ သူတို့က နင့်လိုမဟု‌တ်ကြဘူး”

သေခါနီးလူများ၌ ထိုသို့သော တောက်ပသည့်မျက်လုံးများ မရှိတတ်ကြ။

သူတို့ ဘယ်လောက်ပဲ ကြည့်ကောင်းတဲ့သူတွေ ဖြစ်နေပါစေ နှစ်များစွာ ရောဂါဝေဒနာရဲ့ နှိပ်စက်ခံရပြီး သေမင်းတံခါးဝကို လှမ်းနေကြရသူအဖို့ သူတို့ရဲ့မျက်လုံးများဟာ မှေးမှိန်သွားကြတာတွေချည်း။

သို့သော် ရှဲ့သခင်မလေးကတော့ မတူ။ သူမရဲ့မျက်လုံးများက လူတွေကို သက်တောင့်သက်သာဖြစ်စေသည်။

ဖုန်ယင်းယင်းသည် သူမဆီကနေ သင်ယူဖို့သင့်တော်သည့်တပည့်ကောင်းတစ်ယောက်ဟု ရှဲ့ချောင်တွေးနေမိသည်။

“နင့်ရဲ့ စကားကောင်းတွေကြောင့် ငါကျိန်းသေ

ပေါက် အသက်ရှည်ရှည် နေဦးမှာ” ရှဲ့ချောင် စိတ်အခြေနေကောင်းနေလေသည်။

ပြဇာတ်ရုံမှာ အတော်လေးအသက်ဝင်လှ၏။ မျက်စိပသာဒဖြစ်စရာဥယျာဉ်တစ်ခုလည်းရှိသလို ပြဇာတ်ကြည့်ဖို့ လာကြသည့် အမျိုးသမီးများလည်း များစွာရှိသည်။

ယွီရှန်းအတွက်တော့ ဒီလိုနေရာမျိုးကို ပထမဆုံးအကြိမ်ရောက်ဖူးခြင်းဖြစ်ရာ ဟိုဟိုဒီဒီလိုက်ကြည့်နေခဲ့၏။

ဗလုံးဗထွေးပြောနေသည်များက ဘာမှန်းသူမ မသိပေမဲ့ အဆာပြေစားစရာမုန့်များကောင်းသည့် နေရာတစ်ခုဟုတော့တွေးမိလေသည်။ ဒါတင်မက စင်ပေါ်မှာ လှံတံများနှင့်ကစားနေကြသူများ

လည်း ရှိလေသည်။ ပြဇာတ်တစ်ခုဆိုသော်ငြား ဘာမှမဟုတ်တာထက်တော့ ကောင်းသေးသည်။

ယွီရှန်း ကြောင်အမ်းနေမိကာ မော့ကြည့်လိုက်၏။

“ အဲဒါ လျှော်ပင်ကြိုးနဲ့ ချည်ထားတာမဟုတ်လား၊ တော်တော် ခိုင်တာပဲ”

ရှဲ့ချောင် တခစ်ခစ်ရယ်လိုက်သည်။

လျှော်ပင်ကြိုးနှင့် ချည်ထားတာမှန်ပေမဲ့ မကောင်းဆိုးဝါးဝိဉာဉ်တစ်စုက ထိုပေါ်မှာထိုင်ကာ ကြိုးကိုဖြတ်နေကြလေသည်…

•••••

အခန်း ၈၂၄။ ပြဿနာရှာခြင်း

ယွီရှန်း ခေါင်းမော့၍ စင်ပေါ်ကအရာကို မော့ကြည့်လိုက်၏။ ဘာမှလွဲနေတာမျိုး မတွေ့။ လေနည်းနည်းပြင်းနေပြီး လှုပ်ယမ်း‌နေတယ်ဆိုရုံ..?

ဒါပေမဲ့..?

ဒါက အတွင်းခန်းကြီးလေ!

ဘယ်နားက လေဝင်နေလို့လဲ? ယွီရှန်းသံသယဖြစ်နေမိ၏။ ထို့နောက် သူမ ရှဲ့ချောင်ဘက်ကိုလှည့်၍ “ဒါကြီးက တကယ်ပြုတ်ကြတော့မှာလား? မဟုတ်လောက်ဘူးမလား?ဆိုင်ရှင်ကိုခေါ်ပြီး စင်ပေါ်က‌လူတွေကို အန္တရယ်ကင်းတဲ့နေရာကိုပြောင်းဖို့ပြောလိုက်ရင်ရော?”

ဆိုင်ရှင်သည် ထိုသို့လုပ်ဖို့သဘောတူမှာမဟုတ်လောက်ဟု ရှဲ့ချောင်ထင်မိသည်။

ဒါပေမဲ့လည်း ကြိုးတော့ကြိုးစားကြည့်သင့်တာကြောင့် ခေါင်းညိတ်လိုက်ကာ အကူတစ်ယောက်အား လက်ယက်ခေါ်လိုက်၏။

ယွီရှန်းအနေဖြင့် ထိုဘုတ်ပြားပြုတ်ကျလိမ့်မယ်ဆိုတာ မယုံပေမဲ့ ရှဲ့ချောင်သည် သခင်မလေးတစ်ယောက်ဖြစ်ရာ သူမအနေနဲ့ စနောက်နေစရာ အကြောင်းမရှိ။

“မိန်းကလေးတို့ ဘာများဆောင်ရွက်ပေးရမလဲ”

ယွီရှန်းသည် အပေါ်မှာချိတ်ဆဲထားသည့် ဘုတ်ပြားအား လက်ညှိုးထိုးပြလိုက်၍

“အဲ့ဘုတ်ပြားက ပြုတ်ကျတော့မယ်၊ ရှင် ဆိုင်ရှင်ကို စင်ပေါ်က ပြဇာတ်ကိုရပ်ခိုင်းလိုက်ဖို့ ပြောလိုက်ပါလား”

ဆိုင်အကူမှာ ဆွံ့အသွားခဲ့၏။

အပေါ်မှာ ချိတ်ဆွဲထားသည့် ဘုတ်ပြားသည့် အသုံးဝင်နေတာမျိုးမဟုတ်သော်ငြား လိုတော့လိုအပ်သည်။ ပန်းပွင့်များ၊ ဖဲပြားများ စသည့်အရာမျိူးကို တင်ထားရန်အတွက် ထားထားခြင်းဖြစ်ကာ ၊လိုအပ်တဲ့အခါမျိုး၌ ပန်းပွင့်များကြဲချပြီး လှပသည့် မြင်ကွင်းတစ်ခုကို ဖန်တီးဖို့ပင်။

သူတို့ရဲ့ ပြဇာတ်ဥယျာဉ် စီးပွားဖြစ်နေခြင်း၏ အဓိကအကြောင်းရင်းမှာ အလှအပ ဖန်တီးနိုင်စွမ်းကြောင့်ဆိုလည်းမမှား။

နာမည်ကြီးအော်ပရာပြဇာတ်များအပြင် ရံဖန်ရံခါ အခြားသောဖျော်ဖြေတင်ဆက်မှုများလည်း ရှိတတ်သည်။

“အာ.. မိန်းကလေးတို့၊ ဒီဘုတ်ပြားက.. ခိုင်တဲ့ပုံပါပဲ.. အဲ့တာကြောင့်မလို့. ပြဇာတ်ကို ရပ်လိုက်ဖို့ကတော့.. မဖြစ်နိုင်လောက်ဘူး” အကူလေးခမျာ အခက်တွေ့နေသည့်ပုံပင်။

“ဆိုင်ရှင်ကိုသာ ခေါ်လာခဲ့” ရှဲ့ချောင် ပြောလိုက်သည်။

အကူလေးမှာလည်း တာဝန်မခံနိုင်တာကြောင့် ဆိုင်ရှင်အား အမြန်သွားခေါ်လေသည်။

ဆိုင်ရှင် ရောက်လာသည့်အခါ ယဉ်ယဉ်ကျေးကျေးနှင့် တလေးတစား ဆိုလေ၏။

“ မိန်းကလေးတို့ အရမ်းစိတ်ပူနေကြတာ၊ ကျွန်တော် ခုနကလေးတင် စစ်ကြည့်ခဲ့ပြီးပြီ။ အပေါ်မှာ ချည်ထားတဲ့ကြိုးက အရမ်းခိုင်တယ်၊ အဲ့တော့ ဘာမှဖြစ်လာမှာမဟုတ်ဘူး၊ မစိုးရိမ်ပါနဲ့”

ဆိုင်ရှင်သည် မျက်နှာလိုမျက်နှာရလုပ်ကာ ပြုံးလေသည်။

“လူတွေရဲ့အသက်က ချိန်ခွင်ပေါ်မှာရှိနေတာ၊ ပြဇာတ်ကို ခဏလောက်လေးပဲဖြစ်ဖြစ် ရပ်လိုက်လို့မရဘူးလား” ယွီရှန်း မေးလိုက်သည်။

ပိုက်ဆံရှာရတာ ဘယ်လိုအရေးကြီးလဲဆိုတာသူမ သိသည်။ တစ်ဖက်လူသည် လွယ်လွယ်နဲ့‌တော့ လိုက်လျောလိမ့်မည်မဟုတ်။

“မိန်းကလေးတို့၊ ဒါက တကယ်မဖြစ်နိုင်လို့ပါ။ မင်းတို့လည်း ပြဇာတ်ကြည့်ဖို့လာလာကြတာမလား။ ကျွန်တော့တို့ပြဇာတ်ရုံက ကပွဲတိုင်းအတွက် ဧည့်သည့်တွေဆီကနေ ပိုက်ဆံယူထားတာ မင်းတို့လည်းသိကြမှာပါ။ ဘာပဲဖြစ်ဖြစ်၊ ပြဇာတ်ကတော့ ဆက်က ရမှာပဲ။ ကျွန်တော်တို့က ပြဇာတ်ရဲ့ကျန်တဲ့တစ်ဝက်ကို ဆက်ကရမှာတင်မဟုတ်ဘူး.. ဒါက အများရဲ့ ယုံကြည်လက်ခံနိုင်မှုနဲ့လည်း ဆိုင်နေတယ်” ဆိုင်ရှင်က ပြုံးလိုက်သည်။

ဤနေရာကို ပြဇာတ်ကြည့်ဖို့အတွက် ရောက်လာ

ကြသူများမှာ ငွေပြတ်လတ်နေကြသူများ မဟုတ်။ သူတို့က ဇာတ်ပွဲကြည့်ရတာကို နှစ်သက်ကြသူများသာ။

ပြဇာတ်ကိုသာ တစ်ဝက်တစ်ပျက်နဲ့ ရပ်လိုက်ရင် နောက်ပိုင်း စီးပွားရေး ဘယ်လိုလည်ပတ်နိုင်တော့မှာလဲ?

ပြီးတော့ အရေးကြီးဆုံးက ဒီသခင်မလေး သုံးယောက်ရဲ့ စကားတွေက ယုံကြည်ချင်စရာလည်း ကောင်းမနေဘူးလေ၊ ဟုတ်တယ်မလား?

အပေါ်မှာရှိနေတဲ့ ကြိုးက တင်းနေအောက်ချည်ထားတာ၊ ဘာပြဿနာတစိခုမှ မရှိဘူး၊ ဘယ်လိုလုပ် ပြတ်ကျမှာလဲ?

ဒီလို အဓိပ္ပာယ်မရှိတဲ့ စကားတွေအတွက်နဲ့ ဧည့်

သည့်တွေကို အဆုံးရှုံးခံလိုက်ဖို့ဆိုတာ ဖြစ်မှမဖြစ်နိုင်တာ!

ဆိုင်ရှင်သည် ပြောနေရင်းနှင့် အနှီမိန်းကလေး သုံးယောက်သည် ပြဇာတ်ရုံဥယျာဉ်နှင့် ပတ်သက်ပြီး စိတ်တိုင်းမကျတာကြောင့် တမင်တကာပြဿာနာရှာနေသည်ဟု တွေးမိသွားကာ “ကျွန်တော် ခဏနေကျရင် အစာသွတ်မုန့် နှစ်ပွဲထပ်ယူလာဖို့ အကူကို ပြောလိုက်ပါ့မယ်, ချို့ယွင်းချကိ တစ်ခုခုရှိလာတယ်ဆိုရင်တော့ မိန်းကလေးတို့ သုံးယောက် ကျွန်တော်တို့နဲအတူတူ ရင်ဆိုင်ဖို့ မျှော်လင့်ပါတယ်!”

ဆိုင်ရှင်သည် ထိုသို့ ပြောပြီးသည်နှင့် ထွက်သွားတော့သည်။

“ ငါတို့ကို ပြဿနာရှာဖို့ရောက်လာတဲ့သူတွေလို့

များ ဆိုင်ရှင်ကထင်နေတာလား” ယွီရှန်း ရယ်လိုက်ကာ

“ ငါ့ကို နင်တို့နှစ်ယောက်လောက်တောင် သိမ်မွေ့မှုမရှိဘူးလို့များ ထင်နေတာလား”

“ငါတို့ အခုဘယ်လိုလုပ်ကျမလဲ၊ သူတို့ကမှ မယုံတာ .. အတင်းကြီးဖိအားပေးလို့လည်း မရဘူးလေ၊ ဟုတ်တယ်မလား.. အပေါ်က ဘုတ်ပြားက အကြီးကြီးရယ်.. တကယ်သာ ပြုတ်ကျလို့ကတော့..” ဖုန်ယင်းယင်း အပေါ်ကို တစ်ချက်ကြည့်လိုက်ကာ “တစ်ယောက်ယောက်တော့ သေလောက်မယ်ထင်တယ်”

“ဘာလုပ်ရမလဲဆိုတော့.. ရှင်းပါတယ်” ယွီရှန်း မတ်တပ်ထရပ်လိုက်၍ “နင်တို့နှစ်ယောက် ဒီမှာနေခဲ့ကြ၊ ကျန်တာ ကျန်တာ ငါ့တာဝန်ထားလိုက်”

သူမသည် ရှဲ့ချောင်နှင့်မတူ။သူမမှာ မိဘလည်းမရှိ၊ ခင်ပွန်းလည်းမရှိသည့်အပြင် လက်ထပ်ရမှာတောင်မဟုတ်။ ဘာမှ ရှက်ကြောက်နေစရာမလိုဘဲ သူမ လုပ်ချင်တာကို လုပ်လိုက်လို့ရသည်။

ဒါ့အပြင်, ဘယ်သူကမှ သူမကို မသိသည့်အတွက်.. သူမပြဿနာရှာလျှင်တောင် ကိစ္စမရှိပေ…

•••••

All Chapters