အခန်း (၈၂၅-၈၂၈)
Vol. 43 Ch. 825-828
အခန်း ၈၂၅။ ကျိုးကြောင်းမသင့်သော။
ယွီရှန်းသည် ထရပ်ကာ ချက်ချင်းဆိုသလို စင်ပေါ်သို့တက်သွားခဲ့၏။
စင်ပေါ်တွင် ကပြတင်ဆက်နေကြသူများအားလုံးထိတ်လန့်သွားကြသည်။ သူတို့ဆိုင်ရှင်ကိုလှည့်ကြည့်လိုက်တဲ့အချိန်၊ ဆိုင်ရှင်မှာလည်း ကြောင်အမ်းနေလျက်သား။
“သီချင်းဆိုတာ ရပ်လိုက်ကြ၊ ဒီလှံက ပျော့လွန်းတယ်၊ စင်နောက်ကိုလာခဲ့ချည်။ စစ်မြေပြင်မှာ လှံကိုဘယ်လိုသုံးရလဲဆိုတာ ကျွန်မကိုယ်တိုင်သင်ပေးမယ်” ယွီရှန်းသည် အော်လိုက်ရင်းနှင့် သူမအနောက်မှာရှိတဲ့လူတွေကို တွန်းထုတ်လိုက်၏။
ဖုန်ယင်းယင်း မှင်တက်သွားရသည်။
ယွီရှန်း အခုလိုလုပ်ချလိုက်လိမ့်မယ်လို့ ရှဲ့ချောင် မထင်ထားခဲ့။ သူမက သူတို့ကို မောင်းထုတ်ချင်နေရုံသာမက လစ်လျူပင်ရှုထားလိုက်သေးသည်။
သူတို့သည် သီချင်းဆိုဖို့ကိုသာ သင်ထားကြသည့် သရုပ်ဆောင်များ ဖြစ်၏။ သူတို့လက်ထဲက လက်နက်များမှာ လှံအစစ်တွေမဟုတ်ကြ။ ထိုလှံတံအတုလောက်ကတင် ဖျော်ဖြေတင်ဆက်ဖို့လုံလောက်နေလေပြီ။
သို့သော် ယွီရှန်းသည် စင်ပေါ်ကိုတက်သွားနှင့်ပြီဖြစ်၍ ရှဲ့ချောင်အနေနဲ့ ဒီအတိုင်းထိုင်ကြည့်နေလို့မဖြစ်တော့။
“နောက်ထက်တစ်လှမ်းလောက်တော့ နောက်ဆုတ်မှရမယ်” ရှဲ့ချောင် မတ်တပ်ထရပ်ကာ ထိုလူများအား စိုက်ကြည့်လိုက်သည်။ “တစ်ယောက်ယောက်ကသာ စင်ပေါ်ကထပ်တက်လာလို့ကတော့ ကျွန်မအဖေကို ဒီကိုမကြာမကြာလာဖို့ပြောပြီး ခြောက်ခိုင်းရလိမ့်မယ်”
ယွီရှန်း၏ နှုတ်ခမ်းထောင့်တို့ တွန့်သွားခဲ့သည်။
ဆိုင်ရှင်မှာ ဗျာများသွားရသည်။ “မင်း ဘာလုပ်နေတာလဲ?! မိန်းကလေး၊ ငါတို့ ဟယ်သယ့် ဥယျာဉ်ရဲ့နောက်မှာ ဘယ်သူမှမရှိဘူးလို့ထင်နေတာလား၊ မိန်းကလေးထပ်ပြီး ပြဿနာရှာမယ်ဆိုလို့ကတော့၊ အပြင်ထုတ်ပစ်ဖို့ လူခေါ်လိုက်မယ်၊ အဲ့တော့မှ ကျုပ်ကို အပြစ်မတင်ပါနဲ့”
“ကျွန်မအဖေက ရှဲ့နျိုရှန်း” ရှဲ့ချောင်သည်
လေတိုက်လျှင် လွင့်သွားတော့မည့်ပုံနှင့်ရပ်ပြီးပြောနေသည့်တိုင် သူမ၏ စကားလုံးများက အင်မတန်ကြောက်စရာကောင်းနေ၏။
ဆိုင်ရှင်၏ ခြေထောက်တို့ တန့်သွားခဲ့ကာ သူမကို စိုက်ကြည့်လိုက်၏။
သူ တံတွေးမျိုချလိုက်သည်။
“ ကျွန်တော်တို့ ဘာအမှားလုပ်ခဲ့မိလဲဆိုတာ မသိပေမဲ့ နောက်ရက်ကျ သခင်မလေးရဲ့ အိမ်တော်ဆီ တောင်းပန်လက်ဆောင်ပို့ပေးလိုက်ပါ့မယ်.. ဒါက ကျွန်တော့်ရဲ့ လုပ်ငန်းဖြစ်နေတော့…သခင်မလေး သက်ညှာပေးဖို့ မျှော်လင့်ပါတယ်”
သူသည် ရှဲ့ချောင်ရဲ့စကားများကို သံသယမဝင်ခဲ့။
ဒီလောကကြီးထဲ၌ ဘယ်သူကမှ ကြင်ရာတော်မင်းသမီး အယောင်မဆောင်ရဲကြသလို၊ ကြင်ရာတော်မင်းသမီးရဲ့ မိသားစုဝင်အဖြစ်လည်း ဟန်မဆောင်ရဲကြ။
သူ ဟယ်သယ့်ဥယျာဉ်မှာ အလုပ်လုပ်နေသည့်ကာလတစ်လျှောက် သူ ပြောဆိုဆက်ဆံခဲ့ရသူများမှာ မှူးမတ်အရာရှိများနှင့် အထက်တန်းလွှာတွေချည်းဖြစ်ကြ၏။ ရိုးရိုးရှင်းရှင်း အဝတ်အစားဝတ်ထားတဲ့သူဆိုလျှင်တောင် သူအတတ်နိုင်ဆုံး ယဉ်ယဉ်ကျေးကျေးဆက်ဆံသည်။ တစ်ဖက်လူရဲ့ သရုပ်မှန်ကိုသေချာမသိပါက တော်ရုံတန်ရုံ အပြစ်မပြုရဲချေ။
“ သူတို့ သီချင်းဆိုနေတာတော်တော်ကြာနေပြီမလို့ နားခိုင်းမလို့လေ၊ မရဘူးလား” ရှဲ့ချောင်ရဲ့အသံမှာ နွေဦးအလား ကြည်လင်နေသလို နွေး
ထွေးသည့်ပုံလည်း မပေါ်။
ဥယျာဉ်ထဲက တခြားဧည့်သည့်များကတော့ စိတ်မကြည်မလင်ဖြစ်သွားကြသည်။
အနှီသခင်မလေးသည် သူမအဖေက ရှဲ့နျိုရှန်းဟု ပြောနေပြီဖြစ်၍ သူမဘယ်သူလဲဆိုတာခန့်မှန်းနေစရာတောင်မလိုတော့။
ကြင်ရာတော်မင်းသမီးလောင်းသည် ပါရမီရှိကာ ကြင်နာတတ်တဲ့သူတစ်ယောက်ဟုဆိုကြပေမဲ့… အခုပုံစံကတော့...ကျိူးကြောင့်မသင့်တဲ့သူတစ်ယောက်ဖြစ်နေတာပင်။ စင်ပေါ်မှ သရုပ်ဆောင်များမှာ သီချင်းကောင်းကောင်းဆိုနေကြသည့်တိုင် သူမက တမင်ပြဿနာရှာနေသည်။ တကယ်ကို ဆီလျော်မှုရှိမနေဘူး!
ဆိုင်ရှင်ခမျာ ကူကယ်ရှာမဲ့နေရှာကာ ကြိတ်ပြီးသာ ညည်းညူနေရှာ၏။ သူ ခဏလေးသည်းခံပြီးတဲ့နောက် မတတ်နိုင်တော့ဘဲ မေးလိုက်ရတော့သည်။
“သခင်မလေး သူတို့ကို ဘယ်လောက်လောက်နားစေချင်တာပါလဲ”
“အပေါ်ကဟာ ပြုတ်ကျပြီးတဲ့အထိ”
ဆိုင်ရှင်မပြောနှင့် ယွီရှန်းတောင်မှာ ရှဲ့ချောင်ရဲ့စကားတွေက သည်းမခံချင်စရာကောင်းသည်ဟု တွေးမိပေမဲ့….
အကြောင်းအရင်းတစ်ခုခုရှိလို့ပဲနေမှာ။
“ရှဲ့သခင်မလေး .. ကျွန်တော်တို့လည်း ဒီမှာ
စီးပွားရေးလုပ်ရတာက လွယ်တာမဟုတ်ဘူး.. သခင်မလေး သက်ညှာပေးဖို တောင်းဆို…”
ဗုန်း! သူ့စကားမဆုံးခင်မှာတင် ရုတ်တရက် အသံကျယ်ကြီးတစ်ခုကို ကြားလိုက်ရလေသည်။
သူစင်ဘက်ကို ကြည့်လိုက်တဲ့အချိန် အပေါ်မှာ ချိတ်ဆွဲထားသည့် ဘုတ်ပြားကတကယ်ကြီး စင်ရဲ့အလယ်တည့်တည့်ဆီပြုတ်ကျလာတာကို မြင်လိုက်ရလေသည်။
ယွီရှန်းသည် သရုပ်ဆောင်များကိုထောင့်တစ်နေရာဆီ တွန်းပို့ထားပြီးဖြစ်၏။
ဘုတ်ပြားသည် သူတို့ခြေထောက်နားဆီ ပြုတ်ကျလာခြင်းဖြစ်ကာ ကပ်သီးလေးသာလိုတော့သည်။
ဆိုင်ရှင်မှာ ကြက်သေသေသွားရကာ အခြားသောဧည့်သည်များအားလုံးလည်း ထိတ်လန့်ကုန်ကြသည်။
ယွီရှန်း၏ မျက်လုံးတို့အရောင်ကလက်သွားသည်။
“ပြုတ်ကျလာပြီ၊ တကယ်ကြီး ပြုတ်ကျလာတာ၊ မြင်လား၊ ရှဲ့သခင်မလေး ဘာပြောခဲ့လဲ? တစ်,နှစ်,သုံး ရှင်တို့သုံးယောက်စလုံး အသက်ရှင်တာကံကောင်းလို့ပေါ့၊ ရှဲ့သခင်မလေးကို ကျေးဇူးမတင်ကြဘူးလား”
ယွီရှန်း၏ ပြောဆိုနေပုံက အနည်းငယ် ပျော်ရွှင်နေသည့်ပုံပေါ်နေလေသည်။
စင်က ကြေမွသွားခဲ့ပြီဖြစ်ရာ သူတို့ ဒီနေ့ ဘယ်လိုလုပ်ပြီး အလုပ်ဆက်လုပ်လို့ရတော့မှာလဲ?
•••••
အခန်း ၈၂၆။ မတတ်နိုင်ဘူးလို့ ထင်နေတာလား
သရုပ်ဆောင်သုံးယောက်မှာ အကြောက်လွန်နေကြကာ နေရာတွင်သာကြောင်ရပ်နေပြီး လှုပ်လည်းမလှုပ်ကြ။
ရှဲ့ချောင် ခေါင်းမော့၍ သူမရဲ့ အပေါ်မှာရှိနေတဲ့ မကောင်းဆိုးဝါးဝိဉာဉ်များကို မော့ကြည့်လိုက်သည်။
ချိတ်ထားသည့်ဘုတ်ပြားပြုတ်ကျသွားပြီးသည်နှင့်ထိုဝိဉာဉ်တစ်အုပ်မှာတန်းပြီးထွက်ပြေးသွားခဲ့ကြသည်။
ထိုမကောင်းဆိုးဝါးဝိဉာဉ်တွေနဲ့ပတ်သက်ပြီး တစ်ခုခုမူမမှန်ဘူးဟု ရှဲ့ချောင်ခံစားနေမိပေမဲ့ သူမသိပ်ပြီးတော့ တွေးမနေခဲ့။
“ဆရာယွီ၊ သခင်မလေးယင်းနဲ့ နေခဲ့လိုက်ဦး၊ ကျွန်မမှာ အရေးကြီးကိစ္စလည်းရှိ…”
“ငါလည်း နင်နဲအတူလိုက်မယ်လေ! ဒီခန္ဓာကိုယ် အခြေနေနဲ့ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ ငါ့ခန္ဓာကိုယ်က ယောကျာ်းတစ်ယောက်လိုပဲ၊ နင်ငါ့အကူအညီလိုတယ်ဆိုရင် ပြောသာပြော”
ခုနက ရှဲ့ချောင်ရဲ့ မျက်နှာထားပြောင်းသွာတာ မြင်လိုက်ရပေမဲ့ ဘာကြောင့်လဲဆိုတာ သူမ မသိ။
အရေးကြီးကိစ္စဖြစ်နိုင်နေတာကြောင့် သူမရှဲ့ချောင်ကို တစ်ယောက်တည်း လွှတ်လိုက်လို့ မဖြစ်။
ရှဲ့သခင်မလေးမှာ ရှဲ့ဖင်းဟွိုက်ကြောင့် ဒေါသထွက်ပြီး မေ့လဲလုနီးနီးပင် ဖြစ်သွားခဲ့ရတာကို..
ရှဲ့ချောင်သည် ရေခဲတောင်ပေါ်က ဆီးနှင်းပွင့်ချပ်လိုမျိုးဟု ယွီရှန်းခံစားမိ၏။ သူမသည် အလွန်လှပကာ အပြစ်ကင်းစင်ပေမဲ့ အင်မတန်ကိုမှ အထိအခိုက်လည်း လွယ်သူတစ်ယောက်ဖြစ်၏။
ဖွဖွလေး ထိလိုက်ရုံနဲ့တင် ကျိုးပဲ့သွားနိုင်သူပင်။
ယွီရှန်းသည် ဆိုင်ရှင်အားစိတ်ရှုပ်ခံပြီး စကားပြောမနေတော့။ သစ်သားပြားပေါ်ကနေ ခုန်တက်၍ ဖုန်ယင်းယင်းကို ဆွဲခေါ်ကာ ရှဲ့ချောင်နဲ့အတူလိုက်သွားခဲ့ကြသည်။
ပြဇာတ်ရုံထဲက လူတိုင်းဒွိဟဖြစ်ကုန်ကြသည်။
ဘာတွေဖြစ်ကုန်တာလဲ…
ယွီရှန်းနှင့် ဖုန်ယင်းယင်းတို့ လိုက်ချင်နေသည်ဆိုမှတော့ ရှဲ့ချောင်လည်း တားမနေတော့။
“နင့်ရဲ့ အမြင်အာရုံက အရမ်းကောင်းတာပဲ၊ သစ်သားဘုတ်ပြား ပြုတ်ကျတော့မယ်လို့ ပြောတာနဲ့ တကယ်ကြီး ပြုတ်ကျသွားတာ။ ငါဒီနေ့ နင့်နောက်လိုက်ရင် စိတ်ဝင်စားစရာကောင်းလိမ့်မယ့်ဆိုတာ အာရုံရနေတယ်” ယွီရှန်းက ခေါင်းကုတ်ရင်း ဆိုသည်။
သူမသည် ငယ်ငယ်လေးကတည်းက ယောကျာ်းလေးတစ်ယောက်ပုံစံဖြင့် လျှောက်ပတ်သွားခဲ့၏။ ရှဲ့ချောင်လုပ်နေသည့်အရာများသည် သာမန်သခင်မလေးတွေနဲ့ ကွာခြားတယ်ဆိုတာကို သူမ အတပ်ပြောနိုင်သည်။
ရှဲ့ချောင်က သူမကို ထူးဆန်းသည့်အကြည့်နှင့်ကြည့်လိုက်၏။
“စိတ်ဝင်စားစရာ မကောင်းဘဲ ကြောက်စရာကောင်းတာမျိုးဖြစ်နေနိုင်တယ်၊ ငါ့နောက်လိုက်ချင်တာသေချာလား”
“ဒါပေါ့.. ငါက နင့်လိုမျိုး.. မကြောက်တတ်…. ငါမကြောက်တတ်ဘူး”
ယွီရှန်း ပိုလို့တောင် စိတ်ဝင်စားသွားသည်။
ဈေးဝယ်ထွက်ရတာနှင့် ဥယျာဉ်ထဲမှာ ပြဇာတ်ကြည့်ရတာက … အင်မတန် ငြီးငွေ့စရာကောင်းလှ၏။
အခု ရှဲ့ချောင်က သူမနဲ့ဖုန်ယင်းယင်းကို တခြားအရာတွေ လုပ်ခိုင်းပြီး နေခဲ့စေချင်တာက တကယ်မဖြစ်နိုင်။
ရှဲ့သခင်မလေးသည် သူမတို့နှင့် လျှောက်လည်ဖို့ သဘောတူထားခဲ့၏။
ယွီရှန်းမှာ အင်မတန်ဆုံးဖြတ်ချက် ပြတ်သားနေသည်။
“ကောင်းပြီလေ၊ လိုက်ခဲ့ကြ” ရှဲ့ချောင်သူတို့ကို မတားခဲ့။
သူတို့မကောင်းဆိုးဝါးဝိဉာဥ်များရဲ့နောက်ကိုလိုက်သွားခဲ့ကြသည်။
မကောင်းဆိုးဝါးဝိဉာဉ် ခုနစ်ကောင် ရှစ်ကောင်လောက်ရှိနေပြီး အသက်အားဖြင့်လည်း မကြီးသေးဘဲ ဆယ်ကျော်သက်အရွယ်များသာ။
ဉယျာဉ်ကနေ ထွက်သွားပြီးနောက် ရှေးဟောင်းပစ္စည်းအရောင်းဆိုင်ထဲကို မျက်စိတစ်မှိတ်စာအတွင်း ဝင်သွားကြသည်။ ပစ္စည်းများကို လိုက်ကိုင်နေကြကာ နောက်တစ်ခါ ထပ်ပြီး ဖြတ်နေကြပြန်သည်။
ဒီတစ်ခါတော့ စင် တစ်ခုကို ဖြတ်နေကြတာပင်။
မကောင်းဆိုးဝါးဝိဉာဉ်များ၏ စနောက်လှည့်စားမှုများသည် ပုံမှန်အားဖြင့် သက်ရောက်မှုမရှိတတ်။ အများဆုံးမှ လူတွေအနားကို ကပ်ပြီ လေမှုတ်တတ်ကြချိန်၊ ယားယံသလို ခံစားရစေရုံသာ။
သက်ရောက်မှုအနည်းငယ်သာ ရှိတတ်သည်။
ဤလွှသည် ထိုနည်း၎င်းပင်။ သန်မာနေတာမျိုးမဟုတ်ပေမဲ့ အသုံးတော့ဝင်နေဆဲ။
ပစ္စည်းများကို နည်းနည်း နည်းနည်းချင်းစီနှင့် ဖြတ်ပစ်နိုင်သည်။
ရှဲ့ချောင် အလျင်လိုမနေခဲ့၊ သူမ အထဲမှာသာ ထိုင်စောင့်နေခဲ့သည်။
ရှေးဟောင်းပစ္စည်းဆိုင်မှ သူဌေးမှ အနည်းငယ် စိတ်မကြည်မလင်ဖြစ်နေပေမဲ့ ဘာမှလည်း မပြောရဲသလို မေးလဲမမေးရဲ။ ရှဲ့ချောင်တို့ကိုသာ တချိန်လုံး တကြည့်ကြည့်ဖြစ်နေခဲ့သည်။
ယွီရှန်းနှင့် ဖုန်ယင်းယင်းတို့မှာ ပို၍ပင် ဇဝေဇဝါဖြစ်နေကြသည်။
ဤ မကောင်းဆိုးဝါးဝိဉာဉ်ခုနစ်ကောင်၊ ရှစ်ကောင် ပေါင်းထားသည့်အုပ်စုက အားကောင်းနေ၍ပဲလားတော့မသိ၊ နှစ်ဆယ့်ငါးမိနစ်တောင် မကြာလိုက်.. ထိုပစ္စည်း အဖြတ်ခံနေရပြီးတာကို ရှဲ့ချောင်မြင်လိုက်ရသည်။
ကျိုးကျတော့မည်ပင်။
“စင်ပေါ်က ပစ္စည်းအားလုံး ယူလာပေး၊ ကျွန်မကြည့်ချင်တယ်”
သူဌေး မျက်ခွံလှုပ်သွားခဲ့ရသည်။
စင်ပေါ်မှာ ပစ္စည်းတွေ ဘယ်လောက်တောင်များလဲဆိုတာ ဒီသခင်မလေး သိရောသိရဲ့လား?
“အကုန်လုံးကို ကြည့်ချင်တာလား။နှစ်ခုလောက် ရွေးလိုက်ပါလား. အဲ့ဒါကို အရင်ပြပေးမယ်လေ..” ဆိုင်ရှင်ခမျာ သနားစရာကောင်းနေ၏။
ရှဲ့ချောင် ခေါင်းရမ်းလိုက်သည်။
“ကျွန်မရဲ့ အစ်ကိုလုပ်နေတဲ့ မှုခင်းစီရင်ရေးဌာနဆိုတာက ဘာမို့လို့လဲ? ကျွန်မ မတတ်နိုင်ဘူးလို့များ ထင်နေတာလား”
မှုခင်းစီရင်ရေးဌာနဆိုသည့် စကားကိုကြားလိုက်ရသည်နှင့် ဆိုင်ရှင်မှာ လန့်ဖျပ်သွားရသည်။ ထပ်ပြီးလည်း မေးခွန်းမထုတ်ရဲတော့သဖြင့် စင်ပေါ်က ရှိသမျှ ပစ္စည်းတိုင်းကို လူခေါ်ပြီး ဖယ်ခိုင်းလိုက်ရသည်။
ဂျွတ်..
•••••
အခန်း ၈၂၇။ မသန်မစွမ်း
စင်ပေါ်က ပစ္စည်းများဖယ်ပြီးသွားသည်နှင့် ဗီရိုဘက်ကနေ အသံတစ်ခုထွက်လာတာကို ကြားလိုက်ကြရသည်။
သူတို့ ကြည့်လိုက်ကြတဲ့အချိန် ဘာအကြောင်းကြောင့်ရယ်မှန်းမသိ ဗီရိုခြေထောက်ကျိုးနေသည်ကို မြင်လိုက်ရသည်။ ဗီရိုတစ်ခုလုံး အခြေမငြိမ်တော့ဘဲ ဟန်ချက်ပျက်သွားကာ ကြမ်းပြင်ပေါ်လဲကျသွားခဲ့လေသည်။ ဆိုင်ရှင် သူဌေးမှာ လန့်ဖျပ်ပြီးထခုန်မိသည်အထိ။
“ဒါကြီးက.. ထူးဆန်းလိုက်တာ!” ယွီရှန်းမှာ ပြောစရာစကား ပျောက်ဆုံးနေသည်။
ဖုန်ယင်းယင်း၏ မျက်နှာသေးသေးလေးမှာလည်း ဖြူဖျော့နေလျက်။ ဘာအကြောင်းကြောင့်မှန်းမသိပေမဲ့ ပတ်ဝန်းကျင်က မှုန်မှိုင်းနေသလို ခံစားနေရသည်။
ဗီရိုသည် မူလက အကောင်းတိုင်းရှိနေပြီး အက်ရာတစ်ခုလေးတောင် ရှိမနေတာကို ရှင်းရှင်းလင်းလင်း မြင်ခဲ့ရ၏။
ဘာလို့ ရုတ်တရက်ကြီး ကျိုးကျသွားရတာလဲ?!
အရမ်းထူးဆန်းတယ်… မမြင်နိုင်တဲ့အရာတစ်ခုခုက.. လူတွေကို ဒုက္ခပေးနေသလိုမျိုး..
နောက်ပြီး တစ်ရက်ထဲမှာတင် တစ်ပုံစံတည်း နှစ်ခါတောင်ဖြစ်သွားခဲ့တာ!
“သခင်မလေး၊ သခင်မလေး သဘောကျတာများရှိလား။ ကျ- ကျွန်တော် သုံးဆယ်ရာခိုင်နှုန်း လျှော့ပေးပါ့မယ်” ဆိုင်ရှင်ခမျာ ကပ်ဘေးကနေ လွတ်မြောက်သွားတဲ့ ရတနာများကိုကြည့်ပြီး ငိုမဲ့မဲ့ဖြစ်နေလေသည်။
စင်ပေါ်တင်ထားသည့် ပစ္စည်းအားလုံးမှာ တန်ဖိုးကြီးကြပြီး အထိအခိုက်မခံသောပစ္စည်းများဖြစ်ကြသည်။
အားလုံးသာ ပြုတ်ကျသွားခဲ့ပါက ငွေစ တစ်သောင်းနီးပါးတောင် ဆုံးရှုံးရလိမ့်မည်ပေ!
လွန်လွန်ကျူးကျူး ပြောနေခြင်းမဟုတ်.. အားလုံးက ရှေးဟောင်းပစ္စည်းတွေချည်းသာ။
တချို့ဆို တော်ဝင်မျိုးနွယ်များကတောင် ထိန်းသိမ်းထားကြလေသည်။
၅၀ ရာခိုင်နှုန်း လျှော့ပေးတယ်ဆိုလျှင်တောင် ရှဲ့ချောင်မှာ ဝယ်ဖို့ပိုက်ဆံရှိမနေချေ။
ပြဿနာကို ဖြေရှင်းပြီးသွားသည်နှင့် သူမတို့အားလုံး လှည့်တောင်မကြည့်ဘဲ ထွက်သွားခဲ့ကြလေသည်။
သို့သော်၊ ဒီတစ်ခါတွင်တော့ ထိုမကောင်းဆိုးဝါးဝိဉာဉ်များသည် လျှောက်ပတ်သွားမနေတော့ဘဲ ရှဲ့ချောင်နောက်ကနေ လိုက်လာခဲ့ကြသည်။ အချင်းချင်း တီးတိုးပင် ပြောဆိုနေကြသေး၏။
“ခုနက ကြားဝင်ရှုပ်တာသူ မလား၊ ငါတို့အဲ့ဟာကို ချိူးဖြတ်မယ်ဆိုတာ သူ ဘယ်လိုလုပ်ပြီး သိတာ
လဲ?!”
“ငါတို့ကို မြင်နေရတာများလား...ဒီမြို့တော်မှာ လောကနှစ်ခုလုံးနဲ့ ဆက်သွယ်နိုင်ပြီးတော့ အရမ်းအစွမ်းထက်တဲ့ ဆရာတစ်ယောက်ရှိတယ်ဆိုပြီး ငါကြားဖူးတယ်”
“စိတ်ပူမနေနဲ့. ညီလေး..ငါမေးကြည့်ရသလောက်ဆို အဲ့ဆရာဆိုတဲ့သူက အသက်ကြီးနေပြီ.. ဒီအလှလေးကိုကြည့်ပါလား...ငါတို့ကို မြင်တယ်ဆိုတာလည်း ...တိုက်ဆိုင်တာပဲနေမှာ...ဟုတ်တယ်မလား? တချို့လူတွေက အာရုံခံစားလွယ်တယ်လေ”
“ဒါဆို ငါတို့ လူတွေကို ဆက်ပြီး စနောက်ဦးမှာလား”
“ သူ့နောက်ကို.. လိုက်သွားရင်ရော?”
“...”
ဒီလိုနှင့် မကောင်းဆိုးဝါးဝိဉာဉ်တစ်စုဟာ ရှဲ့ချောင်တို့ကို ဝန်းရံလိုက်ကြ၏။
သူတို့ထဲက တစ်ကောင်ဆိုလျှင် လွှကိုတောင် ယူထုတ်လိုက်ကာ ပြုံးလျက် “ငါတို့ သူ့ကိုဒုက္ခိတဖြစ်အောင် လုပ်လိုက်ကြမလား”
ကျန်တဲ့ မကောင်းဆိုးဝါးဝိဉာဉ်များက စိတ်လှုပ်ရှားစွာနှင့် ခေါင်းညိတ်လိုက်ကြ၏။
မသန်မစွမ်းကိုမှ အလှလေးတစ်ယောက်။ လမ်းလျှောက်လိုက်တာနဲ့ ပျော့ခွေသွားမှာ...
တကယ် စိတ်ဝင်စားဖို့ကောင်းတယ်!
မကောင်းဆိုးဝါးဝိဉာဉ်တချို့က ရှဲ့ချောင်ရဲ့ ခြေထောက်ကို တိုက်ခိုက်မလို့ လုပ်လိုက်ကြသည်။
သို့သော် သူတို့ရဲ့လက်က ရှဲ့ချောင်ရဲ့ ခြေထောက်ကို ထိလိုက်သည်နှင့် သူတိုရဲ့ အစီအစဉ်မှာချက်ချင်း ကျရှုံးသွားခဲ့ရသည်။ သူတို့ တစ်ကိုယ်လုံး ကိုင်ပေါက်ခံလိုက်ရ၏။
“သူ-သူက မမကောင်းဆိုးဝါးပဲ! နာလိုက်တာ!” ဝိဉာဉ်ရှစ်ကောင်စလုံး အထိတ်တလန့်ဖြစ်ကုန်ပြီး ရှဲ့ချောင်ကို စိုက်ကြည့်ရင်း ဒေါသထွက်နေကြသည်။
ရှဲ့ချောင် ပြောစရာစကားပျောက်ဆုံးသွားသည်။
သူမက နစ်နာသူလေ!
မကောင်းဆိုးဝါး? ဘယ်သူကလဲ? သူတို့ကမှ မကောင်းဆိုးဝါးဆိုတာရော သိရဲ့လား?
သူတို့ဟာသူတို့ သေလမ်းရှာတာ၊ ဒီလောက် ဒဏ်ရာသေးသေးလေးနဲ့ အဖြစ်သည်းနေစရာလိုလို့လား! သူမကိုကျတော့ ဒုက္ခိတဖြစ်အောင် လုပ်ချင်နေပြီးတော့!
“ ငါ ရုတ်တရက်ကြီး ချမ်းလာသလိုပဲ” ဖုန်ယင်းယင်းသည် လက်ဖဝါးများကိုပွတ်လျက် “ဒီနေ့ နေလည်းသာရဲ့သားနဲ့၊ ငါ နေမကောင်းများဖြစ်နေပြီလား?”
သူမက ပြောရင်းနှင့် နဖူးကို စမ်းကြည့်လိုက်၏။
ခေါင်းလည်း.. နောက်နေတာမျိုးမရှိပါဘူး
“ငါရောပဲ...ခုနက ငါ့မျက်စိရှေ့မှာ ရေခဲတုံးတစ်တုံး ရောက်လာတဲအတိုင်း...အေးစိမ့်နေတာ...နည်းနည်းတော့ကြောက်စရာကောင်းတယ်”
ယွီရှန်းလည်း တစ်ခုခုလွဲနေသည်ဟု ခံစားနေရသည်။
ခုနက ထူးဆန်းသည့် အဖြစ်အပျက်ကိုပြန်တွေးကြည့်လိုက်လျှင် နစ်ယောက်သား စိတ်ထဲမသက်မသာဖြစ်သွားရသည်။
“ရှဲ့သခင်မလေး၊ နည်းနည်း ထူးဆန်းမနေဘူးလား”
မကောင်းဆိုးဝါးဝိဉာဉ်သည် ရှစ်ကောင်ရှိနေခြင်းဖြစ်ကာ အခြေနေချင်းကလည်း ကွာခြားကြသည်။
တစ်ကောင်ဆိုလျှင် ရေခဲတုံးထဲရောက်နေကာ သူ့တစ်ကိုယ်လုံး ဆီးနင်းခဲများဖြစ် ဖုံးလွှမ်းနေသည်။
နောက်တစ်ကောက်ကျတော့ သေတဲ့အထိ မီးမြှိုက်ခံထားရပုံပေါ်က တစ်ကိုယ်လုံး ပျော့ပြဲနေလျက်။ တခြားသူများလည်း ထူးမခြားနားပင်။
“ ငါ ယူစရာရှိလို့ လှည်းဆီ ခဏသွားလိုက်ဦးမယ်” ရှဲ့ချောင် ပြောလိုက်သည်။
ရှဲ့ချောင်သည် လောကနှစ်ခုလုံး၌ ကျွမ်းကျင်နှံ့စပ်သည့် သူတစ်ယောက်ဆိုတာသိတဲ့သူ အများ
ကြီး မရှိသော်လည်း သိတဲ့သူတချို့ကတော့ ရှိနေဆဲ။
သူမကိုယ်သူမ ထိန်းထိန်းသိမ်းသိမ်းသာ နေလျှင် ဘာပြဿနာမှ ရှိလာလိမ့်မည်မဟုတ်။
အခုလို အခြေနေမျိုးတွင်တော့ ရှဲ့ချောင်နှုတ်ဆိတ်ပြီး မနေနိုင်တော့။ သူမ ပွင့်ပွင့်လင်းလင်း ရှင်းပြလိုက်သည်။
“ငါ ငယ်ငယ်က တာအိုဘုရားကျောင်းမှာ ကြီးလာတဲ့ဆိုတော့ ပညာတချို့တတ်ထားတယ်။ မကောင်းဆိုးဝါးဝိဉာဉ်တွေက ဒီနားတစ်ဝိုက်မှာ ရှိနေတာ, အဲဒါကြောင့်မလို့ နင်တို့နှစ်ယောက် အဆင်မပြေဖြစ်နေကြတာ...ဟိုဖြစ်ရပ်နှစ်ခုကလည်း သူတို့လုပ်တာပဲ”
ဖုန်ယင်းယင်းမှာ အင်မတန်ကြောက်လန့်သွားပြီး ကြက်သီးမွေးညင်းများပင် ထလာရလေသည်။
•••••
အခန်း ၈၂၈။ နောက်ကနေလိုက်ခြင်း
ယွီရှန်းသည် ရှဲ့ချောင်ရဲ့စကားများကိုကြားသည့်အခါ ပထမတော့ထိတ်လန့်သွားခဲ့ပေမဲ့ စိတ်လှုပ်ရှားမှာကို အတတ်နိုင်ဆုံးထိန်းချုပ်ကာ ဆိုလိုက်၏။ “ဒီလောကကြီးထဲမှာ မသန့်ရှင်းတဲ့အရာတွေ အများကြီးရှိနေမှန်းတော့ ငါလည်း ကြားဖူးတယ်။ အရင်က ငါ မြို့တော်ကိုလာတဲ့လမ်းတစ်လျှောက်လုံး.. ထူးထူးဆန်းဆန်းအရာတွေချည်း ကြုံခဲ့ရတာ..”
“ဒါဆို အခု.. သူတို့ကို ဖမ်းဖို့နည်းလမ်းစဉ်းစားသင့်လား ဒါမှမဟုတ် ဆရာတစ်ယောက်ရှာသင့်လား” ယွီရှန်းက အလျင်စလိုမေးလိုက်ပြန်၏။
သူမ ဆရာတစ်ယောက်ကို သိသည်။ ထိုဆရာကပဲ တစ်ချိန်က သူမကို ရှဲ့အိမ်တော်ဆီဝင်ဖို့ လမ်း
ညျွန်ပေးခဲ့တာပင်။
ကံဆိုးချင်တော့ သူတော်စင်သည် မျက်စိတစ်မှိတ်စာအတွင်း ပျောက်ကွယ်သွားခဲ့ကာ ဘယ်တော့မှ ထပ်မတွေ့ဖြစ်တော့။
ရှဲ့ချောင် အမှန်အတိုင်းအကုန်ပြောပြခဲ့၏။ ထို့နောက်တွင်မှ သူမနဲ့အတူယူလာခဲ့တဲ့ အဆောင်စာရွက်တစ်ရွက်ကိုထုတ်လိုက်သည်။
အနှီမကောင်းဆိုးဝါးဝိဉာဉ်များသည်လည်း တုံးအနေကြသည်မဟုတ်။ ရှဲ့ချောင်နှင့် တခြားနှစ်ယောက် ပြောဆိုနေကြသည်ကို ကြားတာနဲ့ ချက်ချင်းထွက်ပြေးသွားခဲ့ကြသည်။
အဆောင်စာရွက်မှာ လေတိုက်ခတ်မှုကြောင့်အတူလွင့်ပါသွားသည်ဟုထင်ရ၏။ မြေကြီးပေါ်ကျလိုက် ပြန်လွင့်လိုက်နှင့် မကောင်းဆိုးဝါးဝိဉာဉ်သွားရာနောက်ကို လိုက်သွားလေသည်။
တစ်အောင့်အကြာ၌ အဆောင်စာရွက်ပေါ်မှာ ပုံစံကွက်သည် မကောင်းဆိုးဝါးဝိဉာဉ်၏ ကိုယ်ပေါ်တင်သွားခဲ့၏။ ထိုအခါမှသာ အဝါရောင်စာရွက်က မြေကြီးပေါ် ပြုတ်ကျသွားခဲ့ကာ လုံးဝ ရွေ့လျားခြင်းမရှိတော့။
ထိုအဆောင်စာရွက်နှင့်ဆိုလျှင် မကောင်းဆိုးဝါးဝိဉာဉ်တွေ ဘယ်ကိုထွက်သွားလဲဆိုတာ သူမ ရှာနိုင်သည်။
ဒီလို မကောင်းတဲ့အရာတွေလုပ်နေတဲ့ မကောင်းဆိုးဝါးဝိဉာဉ်တွေကို သူမ မတွေ့လျှင်
တော့ကိစ္စမရှိ။ သို့သော် အခုတော့ မြင်ပြီးနေပြီမလို့ သူမ မျက်ကွယ်ပြုထားလို့မရတော့ချေ။
သူမသည် ဝိဉာဉ်များကို ဖမ်းရန်အတွက်ကျင့်ကြံခဲ့ကာ ပညာရပ်များကို သင်ယူခဲ့သူတစ်ယောက်ဖြစ်၍ ရပ်ပြီး ကြည့်မနေနိုင်။
“ဒီဝိဉာဉ်တွေရဲ့ အခြေအနေက ထူးခြားတယ်, အရင်ဆုံး သူတို့ ဘယ်ကိုသွားလဲဆိုတာ ခြေရာခံလိုက်ကြည့်မလို့၊ နောက်မှ ဘယ်လိုဖြေရှင်းရမလဲဆိုတာ စဉ်းစားမယ်”
တစ်ခါတစ်လေ ဒီလိုအခြေနေမျိုးကို သူမကိုယ်တိုင်သာကိုင်တွယ်တတ်သည်။
သို့သော် ဒီတစ်ခါတော့မတူပေ။ သူတို့ပြေးသွားတဲ့ လမ်းကြောင်းကိုခြေရာခံပြီးတာနှင့် ကျောက်ရွှမ်ကျင်းကိုပါ သူမနဲ့အတူခေါ်သွားကာ နဂါးစွမ်းအင်ကို အားပြည့်လာအောင်လုပ်ပေးမည်။
ဒါမှသာ နောက်တစ်ချိန်..
သူ့ကို...လိုအပ်တဲ့အခါ ပိုပြီး အသုံးချလို့ လွယ်ကူမှာပင်...
အခုလို မလုံမလောက် နဂါးစွမ်းအင် ပမာဏနဲ့ကတော့.. ကျစ်.. သူမ အဆောင်စာရွက် ရေးဆွဲဖို့တောင် နည်းနည်းလောက်သာ အကျိုးသက်ရောက်မှုရှိလိမ့်မည်ပေ။
ရှဲ့ချောင်သည် ရုပ်တည်နှင့် သူမနှာခေါင်းကိုပွတ်
သပ်လို့နေလျက်။
ယွီရှန်းသည် ရှဲ့ချောင်ကို တစ်ယောက်တည်း လွှတ်လိုက်ဖို့ဆန္ဒမရှိ။ သူမ ရှဲ့ချောင်ကိုဆွဲထားပြီး သူမလည်း အတူလိုက်ကြည့်မယ်ဟုချည်းသာ ပြောနေတော့သည်။
ဖုန်ယင်းယင်းမှာ မကောင်းဆိုးဝါးဝိဉာဉ်လိုအရာမျိုးကို တစ်ခါမှ မမြင်ဖူး။ ကြားလိုက်ရုံနဲ့ ကြက်သီးထသွားရသည်။ သို့တိုင် သူမကိုယ်သူမ သတ္တိမွေးကာလောကကြီးကို ကြည့်ချင်ခဲ့လေသည်။
သူတို့ လှည်းနှင့်သွားခဲ့ကြ၏။ ရှဲ့ချောင်၏ လက်ထဲတွင် သံလိုက်အိမ်မြှောင်တစ်လုံးကို ကိုင်ထားပြီး သံလိုက်အိမ်မြှောင်က ညွှန်ပြနေသည့် လားရာအတိုင်း ‘ညွှန်ပြ'လိုက်သည်။
သူတို့ တကယ်ကို မြို့ပြင်ထွက်လာခဲ့ကြသည်။
လမ်းမကြီးအတိုင်း လျှောက်လာခဲ့ကြကာ ဆက်ပြီးသွားနေကြဆဲ။
မြင်းလှည်းသည် လေးနာရီကြာမောင်းနှင်ခဲ့ရ၏။
အမှန်အတိုင်းပြောရလျှင် ဒီလောက်ထိ ဝေးလံလွန်းလိမ့်မယ်ဟု ရှဲ့ချောင်မမျှော်လင့်ထားခဲ့။
“ဒီရာသီဥတုနဲ့ဆို ငါတို့ ဒီညပြန်နိုင်မယ်မထင်ဘူး…” ရှဲ့ချောင် မျက်မှောင်ကြုတ်လိုက်သည်။ ဒါက မကောင်းဆိုးဝါးဝိဉာဉ်ဖမ်းရတဲ့ပြဿနာပင်။ ဖြစ်လာနိုင်ချေတွေက အမျိုးမျိုးရှိ၏။ သူမနှင့် ယွီရှန်းက အပြင်မှာ အိပ်ရလည်းကိစ္စမရှိပေမဲ့.. ဖုန်ယင်းယင်းကတော့..
ဝမ်လန်ချန် ဒေါသထွက်သွားလောက်သည်။
ဖုန်ယင်းယင်းသည်လည်း စိတ်ရှုပ်သွားရပေမဲ့ ရှဲ့ချောင်ကို အပြစ်တင်လိုစိတ်မရှိခဲ့။
သူမကိုယ်တိုင်ကိုကလိုက်လာချင်ခဲ့တာ ဖြစ်နေသည်။
“ရပါတယ်.. ဆရာယွီလည်း ရှိနေတော့.. လန်ချန်းစိတ်မဆိုးလောက်ပါဘူး” ဖုန်ယင်းယင်းအားတင်းကာ ပြောလိုက်ရသည်။
သူမ အဆင်ပြေနေဖို့ဆိုတာကတော့ မဖြစ်နိုင်တဲ့အရာပင်။
မြို့တော်ကို လာတဲ့လမ်း၌ ညအိပ်ခဲ့ရတာကလွဲလို့ သူမ တစ်ခါမှ ညဘက်အပြင်မှာအချိန်မကုန်ဖူးချေ။
“ ငါ သူတို့ကို အသိပေးဖို့ နည်းလမ်းစဉ်းစားလိုက်မယ်” ရှဲ့ချောင် သူမရဲ့ဝါးခြင်းတောင်းလေးထဲကနေ စုတ်တံနှင့်၏စာရွက်တစ်ရွက်ကိုယူကာ စာရေးလိုက်သည်။ ထို့နောက် ထိုစာအား မြင်းကုန်းနှီးတွင် ချည်ပေးလိုက်၍ မြင်းကို ပုတ်လိုက်သည်။ “ငါလာခဲ့တဲ့ လမ်းအတိုင်းပြန်သွားပြီး ငါ့အဖေကိုသွားရှာ”
“ ရှဲ့သခင်မလေး မြင်းက နားလည်ပါ့မလား?!” ယွီရှန်း သံသယဝင်မိ၏။
“ နောက်ဆုံးတစ်ခွန်းကိုတော့ နားမလည်လောက်ဘူး.. ဒါပေမဲ့ အိမ်ကိုပြန်ဖို့ကတော့ ပြဿနာရှိမှာ မဟုတ်ဘူး” ရှဲ့ချောင်သူမကိုယ်သူမ ယုံကြည်ချက်ရှိတဲ့ပုံဖြစ်အောင် အကောင်းဆုံးကြိုးစားနေ၏။
နှစ်နာရီကြာလမ်းလျှောက်ပြီးတဲ့နောက် အခြေနေကဆိုးနေပြီဟု သူမထင်လိုက်မိသည်။ သို့သော် သူမ ရောက်လာပြီးမှတော့ ဒီအတိုင်းလှည့်ပြန်သွားလိုက်ရင်က အလဟဿခရီးဖြစ်သွားလိမ့်မည်။ ဒါတင်မက အဆောင်စာရွက်၏ အသုံးဝင်သည့်အချိန်က အကန့်အသတ်ရှိသည်။ မနက်ဖြန်မှဆိုလျှင် ထိုမကောင်းဆိုးဝါးဝိဉာဉ်တွေကို ရှာနိုင်တော့မှာမဟုတ်။
သူတို့နောက်ကို ဆက်လိုက်နေရုံကလွဲပြီး ရွေးချယ်စရာမရှိ…
•••••