အခန်း (၈၂၉-၈၃၂)
Vol. 43 Ch. 829-832
အခန်း ၈၂၉။
တကယ်တော့ နောက်ကျလွန်းနေတာတောင်မဟုတ်။ မှောင်တောင်မမှောင်သေးချေ။
ရှဲ့ချောင်၏ လှည်းထဲ၌အဆာပြေမုန့်နှင့်စားစရာတွေအများကြီးရှိနေသေးတာကြောင့် ဆာလောင်မှာကို စိတ်ပူနေစရာမလို။
မြင်းကိုလွှတ်လိုက်ပြီးနောက် သုံးယောက်သားသည် အနားဝန်းကျင်အခြေနေကိုလှည့်ပတ်ကြည့်နေကာ မြင်းလှည်းမောင်းသမားကတော့ နေရာတွင်သာ စောင့်ရင်းကျန်ရစ်ခဲ့၏။
သူတို့ တောင်ကြောလမ်းထဲကို ဝင်သွားခဲ့ကြသည်။
တောင်နှင့်ပတ်သက်၍ ထူးထူးခြားခြားဖြစ်နေတာမျိုးရှိပုံမပေါ်။ မြူခိုးမြူငွေ့များနှင့် တိမ်ဆိုင်တိမ်ခဲများနှင့်သာ ပြည့်နေသဖြင့် ခံစားချက်တစ်မျိုးကိုရနေခဲ့သည်။
“ဘာမှလည်း ထူးခြားတာမျိူးရှိမနေဘူး” ယွီရှန်းက လှည့်ပတ်ကြည့်၍ ခေါင်းခါလိုက်ကာ “ဘာလက္ခဏာမျိုးမှ မရှိဘူး”
“နေဝင်သွားတာနဲ့ ကွာခြားသွားလိမ့်မယ်” အန္တရာယ်အငွေ့အသက်ကို ရှဲ့ချောင်ခံစားနေမိ၏။
ကောင်းကင်မမှောင်သွားခင် ရှဲ့ချောင်ကြေးပြားတစ်ပြားကို ထုတ်ယူ၍ နမိတ်ဖတ်ခြင်းကို စတင်လုပ်ဆောင်လိုက်သည်။
ယွီရှန်းတစ်ယောက် သိချင်စိတ်တဖွားဖွားဖြစ်လို့နေလျက်….
ရှဲ့သခင်မလေးက ဒီလိုမျိုးလည်း လုပ်နိုင်တားလား?
ဒီမြင်ကွင်းက…
ယွီရှန်း အရင်တစ်ခေါက်ကတွေ့ခဲ့တဲ့ တာအိုကျင့်ကြံသူသူတော်စင်အကြောင်းတွေးမိသွား၏။ သူမလည်း အဲ့လိုမျိုးပဲ.. မျက်နှာထားတည်တည်နဲ့တစ်ခုခုကိုကိုင်ထားပြီး ရေရွတ်တာမျိုး လုပ်နေတာ…
ဟုတ်တယ်.. သူတို့ရဲ့ ကိုယ်လုံးကိုယ်ပေါက်က အတူတူလောက်ပဲ.. ပြီးတော့ လှုပ်ရှားမှုတွေကလည်း… တစ်ထပ်တည်းပဲ!
တစ်ခုခု ထူးဆန်းနေတယ်ဟုသာ ယွီရှန်းဆက်တိုက်တွေးနေမိသည်။
သို့သော်လည်း ရှဲ့ချောင်က တွက်ချက်မှုပြုလုပ်နေသည့်အတွက် သူမအနေနဲ့ အနှောင့်အယှက်လည်း မပြုရဲပေ။
အချိန်ခဏကြာသွားပြီးနောက် သူမ ခေါင်းလေးစောင်းလျက် “ရှဲ့သခင်မလေး အခြေနေဘယ်လိုလဲ”
သူမမြို့တော်ကိုမလာခင်က ရှေ့ဖြစ်ကံကြမ္မာ
ဟောတာမျိုးကို အယုံအကြည်မရှိခဲ့။ ဒါပေမဲ့ အခုတော့အခြေနေက တစ်မျိုးတစ်ဖုံပြောင်းသွားခဲ့လေပြီ။ သူမ ထိုကံကြမ္မာဟောတဲ့ဆရာကို မြင်သည့်အခါ သူမအပေါ် လေးစားသည့်စိတ်များပေါ်လာခဲ့၏။
ကံကြမ္မာသောနိုင်တဲ့သူတွေအကုန် အံ့ဩစရာကောင်းတဲ့သူတွေချည်းပဲ!!
ရှဲ့ချောင် မျက်မှောက်ကြုတ်ကာ “အရမ်းကြီးကောင်းမနေဘူး”
ဆိုးနေရုံတင်မဟုတ် ကပ်ဘေးကြီးပါရောက်လာလိမ့်မည်။
သွားပြီ! သူမ ဒီနေ့အပြင်မထွက်ခင်က တစ်ရက်
တာအခြေနေကိုမကြည့်ခဲ့ရ။သူမ ရှုံးနိုင်ချေရှိနေသည်။
သူမ တစ်ယောက်တည်းသေသွားလျှင်က ပြဿနာမဟုတ်။ ဒါပေမဲ့ အပြစ်ကင်းသည့် သခင်မလေးနှစ်ယောက်ဖြစ်သည့် ဖုန်ယင်းယင်းနှင့် ယွီရှန်းတို့ပါ ရှိနေ၏။ သူတို့သာ သူမကြောင့်သေသွားဆိုလျှင် သူမ နောက်ဘဝကျရင် ခွေး ဒါမှမဟုတ် ဝက်အနေနဲ့ ပြန်ဝင်စားလာမှာမဟုတ်လား?!
ရှဲ့ချောင်၏ မျက်နှာမှာ ရေခဲလွှာများထဲတွင် နစ်မြုပ်နေသည့်သလိုပင်။ ထို့နောက် သူမရဲ့ဝါးခြင်းထဲကနေ အဆောင်စာရွက် သုံးအုပ်ယူထုတ်လိုက်သည်။
မြင်းလှည်းမောင်းသမားအပါအဝင် သုံးယောက်သားသည် လက်မောင်းထဲကို အဆောင်စာရွက်
တစ်အုပ်စီ ထိုးထည့်ခြင်းခံရလေသည်။
“ဒါကိုသိမ်းထား၊ မပျောက်စေနဲ့၊ ဒီနေရာက ကောင်းတာမဟုတ်ဘူး၊ ကံဆိုးမှုတွေရှိလောက်တယ်” ရှဲ့ချောင် အင်မတန်ကို တည်ကြည်နေခဲ့သည်။ ထို့နောက် ဝါးခြင်းတောင်းထဲကနေ အနီရောင်ကြိုးစတချို့ကို ယူထုတ်လိုက်သည်။ ထူးဆန်းသည့်ပုံစံတစ်မျိုးချည်နှောင်ထုံးဖွဲ့ကာ မြင်းလှည်းမှာ ချိတ်ထားလိုက်သည်။
ယွီရှန်း နားမလည်နိုင်ခဲ့။
သို့သော် ရှဲ့ချောင်ရဲ့ပုံစံမှာ လေးလေးနက်နက်ဖြစ်နေလေရာ ယွီရှန်းတို့နှစ်ယောက်ကို ပိုပြီး ကြောက်လန့်စေခဲ့သည်။
ယွီရှန်းကနေ၍ “တကယ်လို့ အရမ်းအန္တရာယ်များတယ်ဆိုရင်လည်း ထွက်သွားရအောင်လေ”
“ ငါတို့ ထွက်သွားလို့်မရတော့ဘူး နင်ယုံလား” ရှဲ့ချောင် ပြန်ဖြေလိုက်သည်။
လူသားများနှင့် တိရစ္ဆာန်များမှာ မတူညီကြ။ လူသားများသည် ကံဆိုးမှုကို ပို၍သယ်ဆောင်လာနိုင်ချေများကာ သူတို့၏ အရှိန်အဝါများက ပိုပြီးရှုပ်ထွေးကြသည်။ မြင်းတစ်ကောင်တည်းသက်သက် ပြန်သွားခဲ့တာဆိုလျှင် သူ့ရဲ့အပြန်ခရီးက ချောချောမွေ့မွေ့ဖြစ်လိမ့်မည်။ သို့သော် လူတွေပါအတူခေါ်သွားလျှင်တောင် ဤနေရာတွင်သာ လည်နေလိမ့်နည်ပေ။
“နင်ပြောချင်တာက…” ယွီရှန်းရဲ့ မျက်နှာထက်မှာ ကြောက်ရွံ့မှု တစ်စက်ကလေးမှမရှိ။
“ ငါတို့ ဒီနေ့ မကောင်းဆိုးဝါးဝိဉာဉ်နဲ့ ဝင်တိုက်မိခဲ့တာဆိုတော့ ငါတို့ရဲ့ခန္ဓာကိုယ်က အနည်းနဲ့အများတော့ ကံဆိုးမှုတွေကပ်ပါလာမှာပဲ။ အဲဒါကြောင့် ဒီနေရာကိုဝင်လာလိုက်ပြီဆိုကတည်းက ငါတို့ပိတ်မိသွားပြီ။ ငါတို့ အချိန်တစ်ခုလောက်ထိတော့ ထွက်သွားလို့ရမှာမဟုတ်ဘူး” အချိန်စောနေသေးတာကြောင့် ရှဲ့ချောင်က “လောလောဆယ်တော့ ဒီမြင်းလှည်းကို ထားခဲ့လိုက်၊ နင်တို့မယုံဘူးဆိုရင်လည်း ငါ အိမ်ပြန်ခေါ်သွားပေးမယ်”
ယွီရှန်းခေါင်းညိတ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် စောနေသေးတာကြောင့် ကြိုးတော့ကြိုးစားကြည့်ရမှာပင်။
ပတ်ဝန်းကျင်အနေထားက ကြောက်စရာကောင်းနေသည်ဟု ဖုန်ယင်းယင်းမခံစားမိပေမဲ့ ရှဲ့ချောင်ရဲ့စကားကို ကြားအပြီး သူမဘာမှထပ်မပြောရဲခဲ့။
ညီအစ်မနှစ်ယောက် ဘာပြောပြော သူမလိုက်လုပ်မည်။အင်မတန် လိမ္မာပေသည်။
ယွီရှန်း မှတ်မိသလောက်ဆိုလျှင် တောင်တွေထဲကိုဝင်သွားသည့် လမ်းကြောင်းက အရမ်းကြီးမဝေးလွန်း၊ မှတ်မိဖို့ လွယ်သည်။ ဒါကြောင့် သူမကိုယ်တိုင် ဦးဆောင်ပြီး အရှေ့ကနေ သွားခဲ့သည်။
တစ်လှမ်းပြီး တစ်လှမ်း.. အပြင်ဘက်ကို ထွက်လာခဲ့ကြသည်။
သို့သော် မိနစ်သုံးဆယ်ကြာသွားပြီးနောက် မြင်းလှည်းကို ပြန်တွေ့လိုက်ရသည်။
ယွီရှန်း ဇဝေဇဝါဖြစ်သွားရသည်။ သူမ လမ်းလျှောက်လာခဲ့သည့် လမ်းကြောင်းကို လက်ညှိုးထိုးကာ မြင်းလှည်းဘက်ကို ပြန်ပြီးညွှန်ပြလိုက်ရင်း “ငါတို့… လမ်းပျောက်နေပြီလား”
“အင်း”
ပျောက်နေပြီလေ.. သူတို့ စက်ဝိုင်းပုံစံအတိုင်းသွားနေခဲ့တာ…
•••••
အခန်း ၈၃၀။ အရိုက်ခံရသင့်တယ်
ယွီရှန်းဇဝေဇဝါဖြစ်နေခဲ့သည်။
ဒီနေရာက အဲ့လောက်လည်း မကြီးဘူးလေ, ဟုတ်တယ်မလား? သူတို့ လမ်းပျောက်စရာအကြောင်းမှမရှိတာ။
ဒုတိယအနေနဲ့တွေးမိသည်က တောရိုင်းပန်းများနှင့် အပင်များဟာ ကွာခြားကြသည်။ တစ်ခါတစ်လေ, သူတို့လမ်းလျှောက်ရင်းနဲ့ ဘယ်အရပ်ကတောင်မြောက်မှန်း မပြောနိုင်ကြ။ သူတို့ခုနက အရပ်မျက်နှာကြည့်တာ လွဲသွားတာများလား?
“နင်တို့ဒီမှာ စောင့်နေဦး၊ ငါ အရင်လမ်းသွားရှာကြည့်လိုက်ဦးမယ်” ယွီရှန်းကတွေးပြီး ပြောလိုက်သည်
ရှဲ့ချောင်နှင့် ဖုန်ယင်းယင်းသည်သူမလောက် မသန်မာကြ။ တကယ်သာလမ်းပျောက်နေတာဆိုလျှင် အားအင်ကိုချွေတာထားဖို့လိုပေသည်။
ရှဲ့ချောင်သူမကို မတားခဲ့။
ယွီရှန်း လမ်းကြောင်းရှာဖို့ထွက်သွားသည်နှင့် ရှဲ့ချောင်လည်း လှည်းထဲကပစ္စည်းများကို သေသေသပ်သပ်ဖြစ်အောင်လုပ်လိုက်သည်။
သူတို့ ပျော်ပွဲစားထွက်လာကြသလိုပင်။
ဖုန်ယင်းယင်းမှာ အစက စိတ်လှုပ်ရှားနေခဲ့ပေမဲ့ ရှဲ့ချောင်ရဲ့ တည်ငြိမ်နေတဲ့ပုံကိုမြင်ရသည့်အခါ သူမ စိတ်သက်သာရာရသွားခဲ့ရသည်။
“ရှဲ့သခင်မလေးရဲ့ ဝါးခြင်းထဲမှာ အကုန်လုံးရှိနေတာပဲနော်” ရှဲ့ချောင်တစ်ယောက် ဝါးခြင်းထဲနေ ဓားတစ်လက်ထုတ်တာကို မြင်လိုက်ရသည့်အခါ ယွီရှန်း ထိတ်လန့်သွားခဲ့ရသည်။
ရှဲ့သခင်မလေးက မိန်းကလေးတစ်ယောက်လေ.. အပြင်သွားတဲ့အချိန်မှာ ဒီလိုပစ္စည်းမျိုးကို တကယ်ကြီးယူလာတာလား…
ထူးဆန်းလိုက်တာ..
“ဓားလေးတစ်ချောင်းပဲဟာ, ငါက အင်းအားလည်းမရှိတော့ ငါသယ်သွားမယ့်ပစ္စည်းတွေကို သေချာရွေးထားရတာ၊ ငါ့အစ်ကိုလောက်သာ
သတ္တိရှိလို့ကဝောာ့ အပြင်တွက်တဲ့အချိန် ရွက်ဖျင်တဲ့ကို ယူခဲ့ပြီးနေပြီ။ ညကျရင် လှည်းထဲမှာ အိပ်နေရမှာမဟုတ်ဘူး” ရှဲ့ချောင်သက်ပြင်းချလိုက်သည်။
သူမတို့က အမေတစ်ယောက်တည်းကနေမွေးလာကြတဲ့သူတွေ သူမအစ်ကိုကြီးကိုကျတော့ အားကောင်းမောင်းသန်သူတစ်ယောက်အနေနဲ့မွေးခဲ့ပြီး သူမကျတော့ရော?
အသက်ဝောာင် ကောင်းကောင်းမရှုနိုင်ဘူး
ကွာခြားချက်က ကြီးမားလွန်းသည်။ သူမအစ်ကိုကို မနာလိုဖြစ်မိသည့်နောက်တစ်နေ့ပင်။
“ရွက်ဖျင်တဲ… ငါတို့က ဒီနေ့ဈေးဝယ်ထွက်ရုံပဲလေ….”
ဖုန်ယင်းယင်း အံ့ဩသွားမိသည်။
သူမမှတ်မိသလောက်ဆိုရင် ရွက်ဖျင်တဲဆိုတာ ကြီးမားသည့်အရာတစ်ခု။နောက်ပြီး ၎င်းတို့က စစ်စခန်းတို့လို့ တိုက်ခိုက်ရေးနေရာမှာ သုံးတဲ့ပစ္စည်းတွေဖြစ်ပြီး ဈေးလည်းကြီးသည်။ ဒါတင်မက တပ်ဆင်ဖို့ရာကလည်း ခက်သေးသည်။
“ငါအရင်က သိုးရေခွံရယ် ဝါးလုံးတွေရယ်နဲ့ ရိုးရိုးရှင်းရှင်း လုပ်ထားတဲ့ဟာတစ်ခုရှိတယ် ဖြစ်ချင်တော့ အဲဒါကို မယူလာလိုက်ရဘူး၊ ဒါပေမဲ့ ဒီလှည်းလည်း အဆင်တော့ပြေပါတယ်လေ၊ နင် ညဘက်ပျင်းလာတဲ့အချိန် အပြင်ထွက်ပြီး လေလေးဘာလေးရှူပေါ့၊ ငါကတော့ ဒီညအိပ်ပျော်မယ်မထင်ဘူး”
ရှဲ့ချောင် အပြစ်ရှိသလိုခံစားမိနေသည်။
“ ငါ အဲ့လောက်ကြောက်တတ်သူမဟုတ်ပါဘူး” ဖုန်ယင်းယင်း အမြန်ဝင်ပြောလိုက်၏။
ဖုန်ယင်းယင်းသည် သာမန်လူတစ်ယောက်ထက်ပိုပြီး သတ္တိရှိတာကို ရှဲ့ချောင်လည်း မြင်မိသည်။
မဟုတ်လျှင် သူမနောက်ကို လိုက်လာမှာတောင်မဟုတ်။
“ဒါနဲ့ ရှဲ့သခင်မလေး ခုနကအာရုံခံမိနေတဲ့ မကောင်းတဲ့အရာဆိုတာက တောင်ပေါ်မှာရှိနေတာလား၊ မဟုတ်မှလွဲရော တောင်မိစ္ဆာတွေဘာတွေများလား” ဖုန်ယင်းယင်း သိချင်စိတ်နှင့် မေးလိုက်သည်
ယခင်က သူမ ရှဲ့ချောင်ကို အားနည်းတဲ့အမျိုးသမီးတစ်ယောက်ဟု ထင်ခဲ့မိသည်။ အခုတော့…
သူမက ဓားပြလိုလူတစ်ယောက်ဟု တွေးမိသွားလေသည်။
သူမ မကောင်းတဲ့သဘောနဲ့ဆိုလိုခြင်းမဟုတ်။ ဒီနေ့ မြင်လိုက်ရတဲ့ ရှဲ့ချောင်ရဲ့ပင်ကိုယ်စရိုက်က ဦးလေးရှဲ့နဲ့ တော်တော်လေးဆင်တူနေတယ်ဟု တွေးမိခြင်းသာ။
မကောင်းဆိုးဝါးဝိဉာဉ်များနောက်ကနေ လိုက်ဖမ်းခြင်းသည်ဟုဆိုတုန်းက သူမရဲ့မျက်လုံးတို့လက်သွားခဲ့သည်။ သူမ ခံစားလိုက်ရသည်က ရှဲ့
ချောင်သည် မကောင်းသည့်အရာများနောက်ကိုလိုက်နေခြင်းမဟုတ်ဘဲ ပိုက်ဆံနောက်ကို လိုက်နေခြင်းဆိုတာ
ဒါတင်မက ကောလဟာလများအရ သူမဟာ သက်တမ်းတိုတဲ့လူတစ်ယောက်ဆိုပေမဲ့ လမ်းကြောင်းလိုက်ရှာနေသည့်အချိန်က ခြေလှမ်းများဟာ သူမထက်တောင်မှ ပေါ့ပါးသွက်လက်နေသေးသည်။
ရှဲ့ချောင်က: “တကယ်တော့ သေသွားတဲ့သူတွေဆိုတာလည်း အသက်ရှင်နေတဲ့သူတွေနဲ့ မခြားဘူး, အထူးသဖြင့် အသိဉာဏ်ရှိတဲ့ဝိဉာဉ်တွေ။ သူတို့ရဲ့ ဘဝတွေက အသက်ရှင်တုန်းကနဲ့ သိပ်ပြီးမကွာတာမျိုးလည်း ဖြစ်လောက်တယ်၊ ဒါပေမဲ့လည်း သေသွားတဲ့လူမပြောနဲ့ သက်ရှိလူတွေကြားမှာတော့ မကြည့်ရဲလောက်တဲ့ထိ ဆိုးသွမ်းတဲ့ လူယုတ်မာတွေ ရှိတာပဲလေ”
“ အမှန်ပဲ၊ပုံပြင်ပြောတဲ့သူတွေပြောကြသလိုပေါ့၊ တကယ်တော့ မိစ္ဆာတွေဆိုလည်း ကောင်းကြတယ်တဲ့” ဖုန်ယင်းယင်းက သဘောတူကြောင်း ခေါင်းညိတ်ကာဆို၏။
ထိုစကားများကြောင့် သူမကြောက်လန့်နေတာမျိုး မရှိတော့။
“ဒါပေမဲ့ နင်ဘာလို့ သူတို့နောက်ကိုလိုက်ဖမ်းရတာလဲ။ သူတို့ ခုနကမကောင်းတာတွေ လုပ်သွားတာ. သေချာပေါက် ကောင်းတာမဖြစ်နိုင်ဘူး ၊ ဘာလို့ လိုက်ဖမ်းနေတာလဲ”
ရှဲ့ချောင် ခဏတာနှုတ်ဆိတ်သွားခဲ့သည်။
“ ငါ ဒီအတိုင်းထိုင်နေလို့ မဖြစ်ဘူးထင်လို့၊ သူတို့က အရိုက်တော့ ခံရသင့်တယ် တွေးမိလို့” ရှဲ့ချောင် ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်၏။
•••••
အခန်း ၈၃၁။ အမတအရှင်က လက္ခဏာဖတ်ပေးတယ်
ဖုန်ယင်းယင်းမှာ မနေနိုင်ဘဲရယ်မိတော့သည်။ ရှဲ့ချောင်ရဲ့ တည်တင်းနေတဲ့မျက်နှာထားက ချစ်ရာကောင်းနေသည်ဟု မြင်မိ၏။
ရှဲ့ချောင်သည် ခေါင်းကိုတစ်ဖက်လွှဲလိုက်ကာ အနည်းငယ်မော့၍ “ငါက အမတအရှင်တစ်ယောက်လေ၊ ဒီလို မတရားမှုမျိုးနဲ့ကြုံလာရင် တစ်ခုခုတော့လုပ်ရမှာပဲ, အကုန်လုံးကိုသတ်ပစ်ပြီး အဲ့ဝိဉာဉ်တွေ ကြောက်ဒူးတုန်သွားအောင်လုပ်ပြမယ်”
“ညီမရှဲ့စာတွေတော်တော်လေးဖတ်ထားတယ်ဟုတ်” ဖုန်ယင်းယင်းတစ်ယောက် ပါးစပ်ကိုအုပ်ထားရင်း တရစပ်ရယ်နေခဲ့၏။ အခုချိန်၌ သူမ လုံးဝကိုကြောက်မနေတော့ပေ။
ရှဲ့ချောင်ကနေ၍ “နင်ငါ့ကိုမယုံတာလား”
“ယုံပါတယ်” ဖုန်ယင်းယင်းက ယဉ်ယဉ်ကျေးကျေး ပြန်ဖြေလိုက်သည်။ “ဒါပေမဲ့ အခုငါတို့ပိတ်မိနေပြီလေ”
ဒါကြောင့် တာအိုဆရာတစ်ယောက်အနေနဲက မသန့်ရှင်းတဲ့အရာတွေကို အာရုံခံစားမိမှာမှန်ပေမဲ့.. သွားသမျှနေရာတိုင်းမှာရှိတဲ့သူကို သတ်ပစ်ဖို့ကတော့… လူဝတ်ကြောင်တစ်ယောက်ရဲ့တပည့်ဖြစ်တဲ့ညီအစ်မရှဲ့ရဲ့.. ဖြစ်ချင်စိတ်သက်သက်သာ …
ရှဲ့ချောင်မှာ စော်ကားခံလိုက်ရသလို ခံစားလိုက်ရသည်။
“ပိတ်မိတယ်ဆိုတာပုံမှန်ပဲ၊ နေဝင်သွားတာနဲ့ အနက်ရောင်စွမ်းအင်တွေ အားပြည့်လာပြီး ယန်စွမ်းအင် ကျဆင်းသွားတာ၊ ခုနက မကောင်းဆိုးဝါးဝိဉာဉ်တွေနောက်ကိုလိုက်ဖို့ပဲ စိတ်ရောက်နေတော့ ဒီနေရာကို မတော်တဆဝင်လာမိသွားတာ…”
“ဟုတ်ပါပြီ” ဖုန်ယင်းယင်းခေါင်းညိတ်လိုက်သည်။
“ညီမရှဲ့ ငါနားလည်တယ်၊ အစ်မယွီရော ငါရောရှိနေတာပဲ နင်ဘာမှကြောက်နေစရာမလိုဘူး”
ရှဲ့ချောင် မျက်လုံးပြူးသွားရပြန်သည်။
ကြောက်တယ်?! သူမက ကြောက်တယ်တဲ့လား?! မဖြစ်နိုင်တာ!
သူမ ဒေါသထွက်နေခြင်းမဟုတ်၊ ဘာမှမသိနားမလည်သည့် သခင်မလေးတစ်ယောက်က သူမဘယ်လောက်အစွမ်းရှိလဲဆိုတာ မသိတာက ပုံမှန်ပင်။
သို့ပေမဲ့…
ဖုန်ယင်းယင်းရဲ့ ကြည်လင်နေတဲ့မျက်လုံးများကြောင့် ရှဲ့ချောင်မာနထိခိုက်သလို ခံစားသွားရသည်။
သူတို့ သူမကိုပြောချင်သလိုပြောလို့ရတယ်.. စွမ်းဆောင်နိုင်စွမ်းမရှိဘူးလို့ပြောတာကြီးကတော့….မဖြစ်သင့်။
ရှဲ့ချောင် တင်ပျဉ်ခွေထိုင်လိုက်၍ ဖုန်ယင်းယင်းအား လက်ယမ်းပြလိုက်သည်။ “အမတအရှင်ဖြစ်တဲ့ ငါ၊ နင့်ရဲ့ လက္ခဏာကိုကြည့်ပေးမယ်လေ၊ ဘယ်လိုလဲ”
“အမတအရှင်? ညီမရှဲ့ နင်ဘယ်တုန်းက လူလိမ်တစ်ယောက်ပုံစံ ဟန်ဆောင်တတ်သွားတာလဲ” ဖုန်ယင်းယင်း၏ မျက်လုံးတို့အရောင်လက်သွားခဲ့သည်။ “ညီမရှဲ့က ငါရဲ့ လက္ခဏာကိုဖတ်၊ငါက ညီမရှဲ့ရဲ့ဟာကိုဖတ်ပေးမယ်၊ ငါ လူတွေရဲ့ကံကြမ္မာကို တိတိကျကျဟောပေးနိုင်တယ်နော်”
ရှဲ့ချောင် သူမကိုစိုက်ကြည့်နေရင်း နှုတ်ခမ်း
ထောင့်စွန်းတို့လှုပ်သွားခဲ့သည်။
“ငါရဲ့ကံကြမ္မာကိုဟောပေးချင်တာလား” သူမဘဝမှာ ပထမဆုံးအကြိမ်ထိုသို့ပြောရဲတဲ့သူပင်။
“အင်းလေ၊ ဘာပဲဖြစ်ဖြစ် အပျော်သဘောပဲကို…” သူမထိုသို့ပြောလိုက်သည်နှင့် ရှဲ့ချောင်၏မူလက တည်ငြိမ်နေခဲ့တဲ့မျက်နှာထားက အမူအရာပျက်လုနီးနီးဖြစ်သွားတာကို တွေ့လိုက်ရသည်။ သူမ ပဟေဠိဖြစ်သွားရကာ “ငါအရင်.. စလိုက်ရင်ရော”
သူမ ရှဲ့ချောင်၏လက်ကိုကိုင်လိုက်သည်။
သူမရဲ့လက်ချောင်းတို့က ရှဲ့ချောင်ရဲ့လက်ဖဝါးကို ထိရင်း “နင်ရဲ့လက်တွေက လှတယ်၊ ငယ်ငယ်လေးကတည်းက ပင်ပင်ပန်းပန်း အလုပ်တွေ လုပ်
ခဲ့ဖူးမှာမဟုတ်ဘူး။ ဒီနားက အသားမာတွေက…. စာရေးလို့ဖြစ်လာတွေ ဟုတ်တယ်ဟုတ်။ ပြီးတော့ ဒီမှာ၊ ငါ့အမေပြောဖူတယ် သန်မာတဲ့လက်တွေက ကောင်းချီးပေးခံရတာတဲ့။အဲဒါကြောင့် ညီမရှဲ့ရဲ့ဘဝက တော်တော်လေးကောင်းမှာ။ အို့,ဒီမှာရော, လက်ဖဝါးက နီပြီး နူးညံ့နေတာ.. သေချာပေါက် ငယ်ငယ်ရွယ်ရွယ်နဲ့သေရမှာမဟုတ်ဘူး.. စိတ်မပူနဲ့”
ရှဲ့ချောင် သူမရဲ့လက်ကို တဖြည်းဖြည်းချင်း ပြန်ရုတ်လိုက်၏
သူမရဲ့အကြည့်တို့က ဝါးခြင်းတောင်းဆီ တဖြည်းဖြည်းရွေ့သွားခဲ့သည်။
ထိုခြင်းတောင်းထဲ၌ ကျင့်ကြံခြင်းအဆောင်
စာတန်းစည်းနှစ်ခုရှိနေသည်။
၎င်းတို့က သူမရဲ့အသက်မွေးဝမ်းကြောင်းပင်။
“မှန်တော့မှန်တယ်.. ဒါပေမဲ့ သိပ်ပြီးမတိကျသေးဘူး” ရှဲ့ချောင်ရဲ့အသံက မသဲမကွဲဖြစ်နေကာ “လက္ခဏာဖတ်တယ်ဆိုရင် ဒီတစ်ခုတည်းကိုပဲ ကြည့်လို့ဘယ်ဖြစ်မလဲ၊ ဒါက လိုတာတော့မှန်တယ်.. ဒါပေမဲ့ တခြားအရာတွေနဲ့ပေါင်းစပ်ပြီးမှ ….”
ရှဲ့ချောင် စကားကိုတစ်ဝက်တစ်ပြတ်နှင့်ရပ်လိုက်ကာ ဆက်ပြီးမပြောတော့။
ပုံမှန်အားဖြင့် တခြားနေရာတွေမှာ ပြဿာနမရှိသည့်သူများဟာ လက်ဖဝါး၏အပြင်ပန်းပုံစံ
လောက်ကိုသာ ကြည့်တတ်ကြသည်။
ဥပမာ ဖုန်ယင်းယင်းလိုမျိုး။
သူမသည် ကောင်းသောအရိုးဖွဲ့စည်းပုံနှင့် မွေးဖွားလာသူဖြစ်ကာ ကြည့်ကောင်းသည်။ နဖူးအပြည့်ရှိရုံမက ကြန်အင်လက္ခဏာများနှင့်လည်း ပြည့်စုံသည်။ တက်ကြွသူတစ်ယောက်ဖြစ်ပြီး ဘက်ပေါင်းစုံက ပြည့်စုံနေသူတစ်ယောက်။ ဒါကြောင့် သူမရဲ့ ကံကြမ္မာသည်လည်း အထူးတလည်ပြောနေစရာတောင်မလို ကောင်းမွန်ပေသည်။ သူမရဲ့ မိဘများနှင့်လည်း သင့်သင့်မြတ်မြတ်ရှိလောက်သည်။ မိဘများက မချမ်းသာလျှင်တောင် ငယ်စဉ်ကတည်းက စားစရာလုံလုံလောက်လောက်ရှိခဲ့မည်ပေ။
လက္ခဏာဖတ်ခြင်းနှင့် စိတ်ဖတ်ခြင်းပညာ
တို့သည် ပတ်ဝန်းကျင်၊ စိတ်အခြေနေတို့နှင့် ဆက်စပ်နေ၏။
ဖုန်ယင်းယင်း၏လက်တို့သည် နူးညံပျော့ပြောင်းပြီး လှပသည်မှာ နွေဦးမျှစ်တစ်ခုလို။ လက်ဖဝါး၏ လေးဖက်လေးခြမ်းစလုံးက ပြည့်ပြည့်ဖြိုးဖြိုးရှိ၍ သူမရဲ့ဘဝဟာ ချမ်းချမ်းသာသာ မကြောင့်မကြနှင့် အဆင့်အတန်းမြင့်မြင့်နေနိုင်မှာ မလွဲမသွေပင်။
စကားလုံးကောင်းတွေ ဘယ်လောက်ပဲရှိနေပါစေ နောက်ဆုံးမှာတော့ တစ်ခွန်းတည်းနှင့်ဖော်ပြလို့ရသည်က - အံ့ဩဖွယ်ရာ!
ဒါကြောင့် လူတစ်ယောက် ဘယ်လောက်ပဲ စကားလုံးထောင်ချီပြီး ပြောနေနေ လူတွေက အသုံးမဝင်သည့် စကားများဟုသာ တွေးကြလိမ့်မည်။
ဒါကြောင့်.. စကားလုံးလှလှလေးတွေ ကြားချင်လို့ဆိုတာထက် .. ကံကြမ္မာဟောတဲ့သူဆီရောက်လာသူများဟာ….မကောင်းတဲ့အရာများကို ပိုပြီးဂရုစိုက်ကြသူတွေချည်းသာ။
“ညီမရှဲ့ ငါ့ကိုသာယုံလိုက်။ ငါက ဒီပညာမှာတော်တယ်နော်” ဖုန်ယင်းယင်း ခေါင်းခါလိုက်၏။ “ငါ့အသားအရေကို ကြည့်ပါလား။ ချမ်းသာကြွယ်ဝမှုကို ထိန်းသိမ်းနိုင်စွမ်းရှိတယ်လို့… မထင်ဘူးလား”
•••••
အခန်း ၈၃၂။ လူမိုက်ကောင်တွေ!
ရှဲ့ချောင် ပြိုင်ပွဲဝင်နေရတယ်လို့တောင် တွေးမိသွားသည်။
သို့သော်လည်း သူမဘက်ကနေ ပြန်မချေပနိုင်ခဲ့။
ဖုန်ယင်းယင်းရဲ့လက်က လက္ခဏာများဟာ အကွင်းများလိုပင်။ သူမပြောခဲ့သည့်အတိုင်း စွမ်းအားနဲ့ စည်းစိမ်ဥစ္စာကိုစုဆောင်းရရှိမည်ပေ။
“ဟုတ်တယ်” ရှဲ့ချောင်သူမရဲ့ကံတရားကို ကြိတ်မှိတ်လက်ခံပြီး ခေါင်းညိတ်လိုက်သည်။
“နင်တွက်ချက်သွားတာတွေက တကယ်တိကျတယ်”
“ငါပြောသားပဲ” ဖုန်ယင်းယင်းက ပြုံးဖြီးဖြီးလုပ်နေလေသည်။
ထို့နောက် ယွီရှန်းပြန်ရောက်လာခဲ့သည်။
“ငါအခုထိ ထွက်ပေါက်မရှာနိုင်သေးဘူး။ ဒီလမ်းက တကယ်မှတ်ရခက်ချက်ပဲ၊ တခြားသူတွေ ငါတို့ဆီလာမှာကိုပဲ စောင့်ကြမလား” ယွီရှန်းမေး၏။
“ဒါပေမဲ့ မြင်းကလမ်းတစ်ဝက်မှာ အခိုးခံလိုက်ရင်ရော။ သူပြန်တဲ့လမ်းကိုရော တကယ်မှတ်မိပါ့မလား”
“မှတ်မိတယ်” ရှဲ့ချောင်သူမကိုယ်သူမ ယုံကြည်သည်။
“ဟုတ်ပြီလေ၊ ဒါပေမဲ့ မရတော့လည်း ပြဿနာမရှိဘူး၊ ငါ ဒီနားမှာသစ်ပင်နဲ့ နွယ်ပင်တွေအများကြီးတွေ့ထားတယ်။ မနက်ဖြန်ကျမှ ကြိုးစားကြည့်ရမယ်၊ ဒီတောင်က အရမ်းမှမကြီးတာ.. ထွက်သွားဖို့ခက်မှာမဟုတ်ဘူး”
တောထူထူနဲ့ ဆင်ခြေလျှောလေးပဲဟာ၊ သူမကို ပိတ်မိစေမှာတဲ့လား?
ရှဲ့ချောင်ကလည်း အားကျမခံ “မနက်ဖြန်ရောက်လို့ ယန်စွမ်းအင်သာ အားကောင်းနေတယ်ဆိုရင် ငါနင့်တို့ကို သံလိုက်အိမ်မြောင်နဲ့ လမ်းပြခေါ်သွားလို့ရတယ်”
အခုတော့ သံလိုက်အိမ်မြောင်က အသုံးမဝင်ပေ။
မကောင်းဆိုးဝါးစွမ်းအင်သည် အားကောင်းနေကာ အရှိန်အဝါသည်လည်း ပုံမှန်မဟုတ်။ ဒါကြောင့် အခုချိန်၌ သံလိုက်အိမ်မြောင်၏ ညွှန်ပြမှုသည်လည်း မတိကျနိုင်ပေ။
ယွီရှန်းနင့် ဖုန်ယင်းယင်းတို့ သဘောတူကြောင်း ခေါင်းညိတ်လိုက်ကြသည်။
“ရှဲ့သခင်မလေး နင်အရမ်းကြီးစိတ်ဖိစီးနေစရာမလိုဘူး။ နင့်နောက်ကို လိုက်ဖို့ ငါ့တို့ကိုယ်တိုင်ရွေးချယ်ခဲ့တာ၊ ငါတို့ သည်းခံနိုင်ပါတယ်” ယွီရှန်းကဆိုလေ၏။
ရှဲ့ချောင် ကူကယ်ရာမဲ့သွားရသည်။
သူမဘာလို့ မောချူးရှန်းအဖြစ် ရုပ်ဖျက်ခဲ့ရလဲ..?
ဒါလည်း အကြောင်းရင်းတွေထဲက တစ်ခုပဲ!
သူမရဲ့ ပုံပန်းသဏ္ဍာန်နှင့် စိတ်နေစိတ်ထားတို့က သခင်မလေးတစ်ယောက်လိုမျိုးသာ ဖြစ်နေရာ လူတွေကို ခြိမ်းခြောက်နိုင်စွမ်းလုံးဝမရှိ။
ကျောက်ရွှမ်ကျင်းတောင် သူမကိုပထမဆုံးတွေ့တဲ့အချိန်က လူလိမ်တစ်ယောက်လို ဆက်ဆံခဲ့ပြီး တရားရုံးစီပို့မလို့ လုပ်ခဲ့သေးသည်လေ!
ဒီလူတွေ အမြင်ကိုမရှိဘူး!
ကောင်းကင်သည် တဖြည်းဖြည်းနှင့် မှောင်လာခဲ့သည်။ ရှဲ့ချောင်ပတ်ဝန်းကျင်အား ဆက်တိုက်ကြည့်နေခဲ့ကာ အခြေနေအားလုံး အဆင်ပြေနေဆဲ။
သူမ ယွီရှန်းတို့နှင့်အတူ ဗိုက်ပြည့်အောင် တစ်ခုခုစားလိုက်သည်။
ထိုအချိန် ဝမ်လန်ချန်းသည် ရှဲ့အိမ်တော်ကို ရောက်နေကာ သူ့ဇနီးလောင်းကိုကြိုဖို့အသင့်ဖြစ်နေ၏။
“ပထမသခင်မလေးနဲ့ကျန်တဲ့သူတွေ အခုထိပြန်မရောက်သေးပါဘူး…” အိမ်တော်ထိန်းမှာ စိုးရိမ်
နေသည်။
“သူတို့အပြင်မှာ နောက်ကျတယ်ဆိုရင် မြင်းလှည်းသမားကို အရင်ပြန်လွှတ်ပြီး အကြောင်းကြားခိုင်းနေကျပါ…”
ရှဲ့ဖင်းကန်းသည်လည်း ဝမ်လန်ချန်းနဲ့အတူ ပြန်ရောက်လာခဲ့ခြင်းဖြစ်သည်။ ထိုသတင်းကို ကြားသည်နှင့် ချက်ချင်း စီစဉ်လေသည်။
“ လူလွှတ်ပြီး ဈေးထဲမှာ သွားရှာခိုင်းလိုက်”
ထိုသို့ပြောပြီးနောက် သူ ဝမ်လန်ချန်းကို အိမ်ထဲမှာ စောင့်နေဖို့ပြောလိုက်သည်။
“ပထမသခင်လေး! သတင်းဆိုး။ မြင်းက ပြန်ရောက်ပြီ ဒါပေမဲ့ ပထမသခင်မလေးမပါလာ
ဘူး။ ဒီမှာ စာတစ်စောင်ပါ!”
အိမ်တော်ထိန်းခမျာ စာကိုမဖတ်ရဲ တစ်ခုခုလွဲနေသည်ဟုခံစားနေရ၏။
သခင်မလေးတို့ ဓားပြတွေနဲ့ တွေ့သွားတာများလား?
စာက ပိုက်ဆံတောင်းဖို့?
လူမိုက်တွေ!
စိတ်ထဲကနေ ကျိန်ဆဲပြီးတော့မှ ဒီမိသားစုသည်လည်း တစ်ချိန်ကဓားပြတွေဖြစ်ခဲ့ဖူးတယ်ဆိုတာ သတိရသွားကာ အမြန်ပြောလိုက်၏။ “ပထမသခင်လေးက လူတော်တော်များများကိုသိတယ်ဆိုတော့၊ မြန်မြန်လေးကြည့်ကြည့်လိုက်ပါ။ ဘယ်
အရူးကများ မြို့တော်မှာ ဒီလိုလုပ်ရပ်မျိုးလုပ်ရဲလဲဆိုတာ!”
ဝမ်လန်ချန်း အိမ်တော်ထိန်းအားကြည့်လိုက်၏။
တော်တော်အတင့်ရဲတဲ့ အိမ်တော်ထိန်းပါလား..
ရှဲ့ဖင်းကန်းကတော့ တည်တည်ငြိမ်ငြိမ်နှင့် စာကိုဖွင့်ဖတ်လိုက်သည်။
ဖတ်ပြီးသွားတဲ့နောက် ဝမ်လန်ချန်းဆီပေးလိုက်၏။
ဝမ်လန်ချန်မှာ စာကို ဖတ်အပြီး ပဟေဠိဖြစ်သွားရသည်။
“မကောင်းဆိုးဝါးဝိဉာဉ်တွေနောက်ကိုလိုက်သွား
တယ်ဆိုတာ ဘာကိုပြောချင်တာလဲ”
စာထဲ၌ သိပ်ပြီးများများစားစားမရေးထား။ ရှဲ့သခင်မလေးက ထူးဆန်းတဲ့အရာကိုမြင်၍ မမကောင်းဆိုးဝါးဝိဉာဉ်တွေနောက်ကို လိုက်သွားတယ်ဟု ဆိုထားသည်။ သို့သော် သူမ နောက်နေလိုက်ရင်းနဲ့ အဝေးကြီးကိုရောက်သွားပြီး ပြန်မလာနိုင်တော့၊ တောထဲမှာ တစ်ညအိပ်ပြီး နောက်တစ်နေ့ရောက်မှ ပြန်လာမည်ဟု။
သူမ ထိုစာကိုရေးခဲ့သည့်အချိန်က ပိတ်မိနေပြီဆိုတာ သတိမထားမိသေးသဖြင့် သူတို့အတွက် ခြောက်ချားဖွယ်ရာညတစ်ညဖြစ်ရလိမ့်မယ်ဆိုတာကို ထည့်မရေးထားခဲ့။
ဒါ့အပြင် ရှဲ့ချောင်သည် လမ်းကြောင်းပုံစံကိုပါ ဟိုခြစ်ဒီခြစ်ဆွဲထားပြီး လှည်းထဲမှာ စားစရာ သောက်စရာများရှိနေသေးသည့်အတွက် တစ်ည
လောက်အပြင်မှာနေရတာ ပြဿနာရှိလိမ့်မည်မဟုတ်ဟု ပြောထားသေးသည်။
•••••