အခန်း (၈၃၇-၈၄၀)
Vol. 43 Ch. 837-840
အခန်း ၈၃၇။ အသုံးမဝင်
ရှဲ့ချောင် သူမရဲ့ဝါးခြင်းတောင်းထဲကိုမွှေနှောက်ရှာဖွေရင်း နောက်ဆုံးတော့ မီးအိမ်တစ်လုံးကိုရှာတွေ့သွား၏။ မီးအိမ်သည်အလွန်ဟောင်းနွမ်းနေပြီဖြစ်ကာ ဘယ်လောက်ကြာကြာအသုံးပြုထားပြီးမှန်းမသိနိုင်။
ရှဲ့ချောင်လက်ကိုင်ပုဝါတစ်ထည်ကိုထုတ်၍ သုတ်လိုက်၏။ မီးအိမ်ဆီကိုမီးညှိလိုက်သည်နှင့် ပတ်ဝန်းကျင်မှာ အလင်းရောင်ရသွားခဲ့သည်။
မီးအိမ်သေးသေးလေးတစ်လုံးသည် အံ့ဩစရာကောင်းလောက်အောင်ကို တောက်ပနေ၏။
ဒါတင်မက အနားဝန်းကျင်ကတိုက်ခတ်နေသည့်
လေကြမ်းများကတောင် သက်ရောက်မှုမရှိစေခဲ့။
ယွီရှန်းနှင့် ဖုန်ယင်းယင်းတို့နှစ်ယောက် မယုံကြည်နိုင်ဖြစ်နေကြသည်။
“ဒါဘယ်လိုမီးအိမ်မျိုးလဲ” ယွီရှန်းခမျာ သူမကိုယ်သူမဗဟုသုတမရှိတဲ့လူတစ်ယောက်လိုပင် ခံစားလိုက်ရ၏။
“ထူးခြားတဲ့နာမည်မျိုးရယ်လို့တော့မရှိဘူး, သက်ရှည်မီးအိမ်လို့တော့ခေါ်လို့ရတယ်, လေတိုက်ရင်လည်း မငြိမ်းသွားဘူး၊ မကောင်းဆိုးဝါးဝိဉာဉ်လည်း အနားမကပ်ရဲဘူး, မသုံးတာတော်တော်ကြာပြီဆိုတော့ ရှိတာတောင်မေ့နေပြီ” ရှဲ့ချောင် ထိုသို့ပြောလိုက်ရပေမယ့် သူမနှလုံးသားကတော့ နာကျင်နေလေသည်။
ဒီမီးအိမ်ကဆီက…
သာမာန်ဆီတစ်ခုဟုတ်မနေဘူး!
၎င်းသည် ထူးခြားအပင်ပေါင်းများစွာဆီမှ ထုတ်ယူထားခြင်းဖြစ်သည်။ ရွှေယွဲ့တာအိုဘုရားကျောင်းတွင် မီးအိမ်ဆီနှင့် ပတ်သက်သည့်စာအုပ်ပေါင်းများစွာရှိသော်လည်း သူမအပင်အားလုံးကိုရှာမတွေ့ခဲ့။ ယခုအသုံးပြုလိုက်သည့်ဆီသည်လည်း သူမရွှေယွဲ့တာအိုဘုရားကျောင်းကနေ ထွက်လာချိန်က ယူလာခဲ့ခြင်းဖြစ်ရာ များများစားစားမရှိ။
မီးအိမ်လက်ကိုင်သည်လည်း အဆောင်စာရွက်များဖြင့် သန့်စင်ထားသည်။
“ဒီမီးအိမ်က ငါအရင်ကတွေ့ဖူးတဲ့ဟာတွေနဲ့မတူဘူး” ဖုန်ယင်းယင်းကဆိုသည်။
“ငါတစ်ခုပဲယူလာတာဆိုတော့, အရမ်းကြီးတော့မထိရောက်ပေမဲ့, အသုံးတော့ဝင်ပါသေးတယ်၊ သားရဲတိရစ္ဆာန်တွေဘာတွေရှိလာရင်လည်း ခဏလောက်အချိန်ဆွဲထားလို့ရတာပေါ့၊ ဆီကုန်သွားတော့မှပဲ တခြားနည်းလမ်းစဉ်းစားတော့မယ်” ရှဲ့ချောင်ပြောလိုက်သည်။
“ဒီမီးအိမ်က တခြားဘာတွေရှိသေးလဲ” ယွီရှန်းသည် မကြောက်ရုံတင်မဟုတ်ဘဲ, မီးအိမ်၏ဖွဲ့စည်းမှုပုံစံကိုလည်း တော်တော်လေးသိချင်နေသည်။
မီးအိမ်အမျိုးအစားများစွာကို ရှဲ့ချောင်သိသည်။
အခုချိန်၌ စိတ်ပူနေရတာမျိုးမဖြစ်စေရန် ရှင်းပြလိုက်သည်။
“ နင် ကြယ်မီးအိမ်ကိုသိတယ်မလား”
“ အင်း၊ အဲ့မီးအိမ်တွေက လူတွေကိုအန္တရာယ်ကင်းစေတဲ့သက်ရှည်မီးအိမ်တဲ့၊ ငါအဖိုးတောင် အဲ့မီးအိမ်နှစ်လုံးကို တာအိုဘုရားကျောင်းဆီပေးလိုက်သေးတယ်”
ယွီရှန်းခေါင်းညိတ်လိုက်၏။
“သက်ရှည်မီးအိမ်ဆိုတာက အသက်ရှည်ခြင်းနဲ့သက်ဆိုင်နေတဲ့မီးအိမ်တစ်ခု၊ တာအိုဆရာကြီးတွေက အရပ်လေးမျက်နှာကနေဆုတောင်းတယ်, စစ်မှန်တဲ့ချီစွမ်းအင်ငါးသွယ်ကိုစုဆောင်း
ပြီးတော့ ခန္ဓာကိုယ်ကိုနုပျိုနေစေတဲ့ ထာဝရတည်မယ့်အလင်းရောင်ကိုဆုတောင်းကြတယ်, ချီငါးသွယ်ကိုစုဆောင်းပြီးတာနဲ့ ကောင်းကင်နဲ့မြေကြီးက ပေါင်းစည်းသွားလိမ့်မယ်”
ရှင်းရှင်းဆိုရလျှင် ထိုမီးအိမ်သည် လူတစ်ယောက်၏ သက်တမ်းအားရှည်စေလိုသည့်ရည်ရွယ်ချက်ကေယင်းဖြင့် လုပ်ထားခြင်းဖြစ်သည်။
နှစ်ယောက်သားဟာ ဆန်ကောက်နေသည့်ကြက်ပမာ ခေါင်းတဆက်ဆက်ညိတ်လိုက်ကြသည်။
ရှဲ့ချောင်ပြောသွားတာကို အရမ်းကြီးနားလည်နေတာတော့ မဟုတ်ပေမဲ့ အကြမ်းဖျင်းတော့ နားလည်လိုက်သည်။ - အင်မတန်အစွမ်းရှိသည့် မီးအိမ်တစ်လုံးဖြစ်မည့်ပုံပင်။
“ဒီမီးအိမ်အပြင် တခြားမီးအိမ်တွေလည်းရှိသေးတယ်၊ ဥပမာ ခုနစ်စင်ကြယ်မီးအိမ်, အဲ့ဒါကိုကျတော့ ကပ်ဘေးတွေကိုနှင်ထုတ်ပြီး မကောင်းတဲ့အရာတွေကို ဖယ်ရှားဖို့အတွက်သုံးတယ်၊ ပြီးတော့ ရောင်စဉ်လှည်းဘီးမီးအိမ်လည်းရှိသေးတယ်, သူကကျ ဝေဒနာတွေသက်သာအောင်, ဒုက္ခတွေဖယ်ရှားဖို့၊ ပင်ပန်းမှုတွေပျောက်ကင်းစေဖို့….”
“မီးအိမ်အမျိုးအစားက အစုံကိုရှိတာ၊ သူတို့ရဲ့နေရာနဲ့အရေအတွက်တွေကလည်း မတူဘူး၊ အစကဆို ငါ့ရဲ့မီးအိမ်က မကောင်းဆိုးဝါးတွေကို ဖယ်ရှားနိုင်တယ်,ရှောင်ရှားနိုင်တယ်၊ ဒါပေမဲ့ လုံလုံလောက်လောက်မရှိတာနဲ့ ငါ့ရဲ့စွမ်းဆောင်နိုင်စွမ်းက တော်တော်ကြီးလျော့သွားရော၊ နောက်ထပ်နည်းနည်းလောက်သာရှိလို့ကတော့ အဲ့မကောင်းဆိုးဝါးဝိဉာဉ်တွေကို ငရဲဆီတန်းပို့ပစ်လို့ရနေလောက်ပြီ”
ရှဲ့ချောင် အနားကိုကပ်မလာရဲသည့်မကောင်းဆိုးဝါးဝိဉာဉ်တွေကိုတစ်ချက်ကြည့်ပြီး ခနဲ့လိုက်သည်။
“အံ့ဩစရာကောင်းလိုက်တာ….” ဖုန်ယင်းယင်းမှာ သူမကြားလိုက်ရတာာတွေကြောင့် မှင်တက်နေမိခဲ့သည်။ “ ရှဲ့သခင်မလေးကတော်တော်လေး သိတာပဲ, ငါ ကသွားတဲ့အကရော အသုံးဝင်ရဲ့လား”.
“အလုပ်မဖြစ်ဘူး” ရှဲ့ချောင်ကတော့ တဲ့တိုးပင်။
“ဒါဆိုငါတို့မြို့က စုန်းမကလိမ်နေတာလား” ဖုန်ယင်းယင်းမျက်မှောင်ကြုတ်သွားသည်။
“အဲ့လိုတော့မဟုတ်ဘူး, ငါ ခုနကကြည့်ကြည့်
လိုက်တာ နင်ကောင်းကောင်းကသွားနိုင်တဲ့ ကကွက်နည်းနည်းရှိတယ်, ဒါပေမဲ့ ဒီလိုအကမျိုးက အခမ်းအနားသက်သက်ပဲ၊ အမှားတစ်ခုလုပ်မိပြီဆိုတာနဲ့ အသုံးမဝင်တော့ဘူး, နင်က အမှားအများကြီးလုပ်သွားခဲ့တာဆိုတော့……၊ ဝိဉာဉ်တွေကိုမောင်းမထုတ်နိုင်တာမှန်ပေမဲ့ နင့်ကိုသတ္တိရှိသွားစေခဲ့တယ်လေ၊ နင်ကောင်းကောင်းလုပ်နိုင်ခဲ့တယ်”
ရှဲ့ချောင် စကားတစ်ခွန်းချင်းစီတိုင်းကို သေချာရှင်းပြခဲ့၏။ သူမ အလွန်စိတ်ရှည်နေခဲ့သည်။
ယွီရှန်းကလည်း ရှေ့တိုးလာကာ “ ဒါဆိုငါရော”
သူမလည်း ကျမ်းစာများကိုရွတ်ဖတ်ခဲ့သည်လေ။
“အသုံးမဝင်ဘူး” ရှဲ့ချောင်ခမျာ ကူကယ်ရာမဲ့နေလေသည်။ “နင် သောက်သဲ့ချင်းကိုရွတ်လို့ရသ
လို အသုံးဝင်တာလည်းရှိတယ်ဆိုပေမဲ့ နင်က ဂနာမငြိမ်ဖြစ်ပြီး တချို့အပိုင်းတွေက မှားနေတာဆိုတော့…”
•••••
အခန်း ၈၃၈။ အားနည်းသော
ယွီရှန်းတို့လုပ်ခဲ့တာ ဆိုးရွားနေတယ်လို့တော့ ရှဲ့ချောင်မထင်ခဲ့။ သူတို့ရဲရင့်ကြတယ်လို့တောင် တွေးမိနေသေးသည်။
ယနေ့ညအဖြစ်အပျက်များသည် အင်မတန်ဆန်းကြယ်လှတာကြောင့် မြင်လိုက်ရတဲ့သူတိုင်း ကြောက်လန့်သွားကြမှာပင်။
ဥပမာ မြင်းလှည်းမောင်းသမား၊ သူသည် ရှဲ့ချောင်တို့နဲ့ ခပ်ဝေးဝေးမှာရှိနေသည့်တိုင် သူရဲ့တုန်ယင်နေတဲ့အသံကိုကြားနေရလေသည်။
သို့သော် သူမတို့ကတော့ ကြောက်နေခြင်းမရှိ, တစ်ယောက်နဲ့တစ်ယောက် စလိုက်နောက်လိုက် စကားပြောဆိုနေခဲ့ကြပြီး ဝိဉာဉ်များကိုထွက်မလာရဲအောင်လုပ်ခဲ့သေးသည်။ ရှဲ့ချောင် အထင်ကြီးသွားမိသည်။
“ငါ အဲ့ကျမ်းစာကိုကူးရေးတုန်းက သိပ်ပြီး အားစိုက်ခဲ့တာမဟုတ်ဘူး.. ပြန်ရောက်မှပဲ နောက်တစ်ခေါက်ထပ်ဖတ်ကြည့်ရမယ်, မေ့သွားလို့မဖြစ်ဘူး” ယွီရှန်းသည်ရှက်လည်းရှက်နေကာ “'ငါတို့ အခု ဒီမီးအိမ်ကိုအားကိုးပြီးနေလို့ရတယ်မလား၊ ဘယ်လောက်လောက်ခံနိုင်လဲ”
“ဝိဉာဉ်တွေကိုတော့ စိတ်ပူစရာမလိုဘူး, ဒါပေမဲ့ သားရဲတိရစ္ဆာန်တွေကိုဒီနားဝန်းကျင်မှာရှိနေကြတာ, မီးအိမ်ငြိမ်းသွားတာနဲ့ အကုန်အနားကပ်လာရင်တော့ ပြဿနာတက်မှာ”
ရှဲ့ချောင်ပြောလိုက်သည်။
သားရဲတိရစ္ဆာန်များသည် လူသားတွေလိုအသိဉာဏ်မရှိတာကြောင့် မကောင်းဆိုးဝါးဝိဉာဉ်များရဲ့အရှိန်အဝါဖြင့် အလွယ်တကူလွှမ်းမိုးခံရတတ်သည်။
ဒါတင်မက တောင်တစ်ခုလုံးရှိအနက်ရောင်စွမ်းအင်မှာ အလွန်အားကောင်းနေသဖြင့် တောရိုင်းတိရစ္ဆန်များ ပိုပြီး စိတ်ဆိုးမာန်ဆိုးဖြစ်နေလောက်ရာ ရန်စလို့မဖြစ်။
“ဒါများ အလွယ်လေး.. သူတို့ ငါတို့ဆီလာတော့လည်း….” ယွီရှန်းပြုံးလိုက်၍ “ဒီနေရာတစ်ခုလုံးကို မီးရှို့ပစ်လိုက်ရုံပေါ့၊ ဒီလိုလေပြင်းနေပုံမျိုးနဲ့ဆို သူတို့ကိုချက်ပစ်ပြီး မနက်ဖြန်ပွဲတော်တည်လို့တောင်ရတယ်”
“တကယ်လို့ မီးကအရမ်းပြင်းပြီး တစ်ယောက်ယောက်ကိုဟပ်မိသွားရင်ရော” ဖုန်ယင်းယင်းက အလျင်အမြန်ခေါင်းခါလိုက်၏။
“ငါ့မှာ ဒူးလေးနဲ့မြှားက သိပ်ပြီးမပါလာဘူး, ခဏတဖြုတ်လောက်တော့ တစ်ကောင်နှစ်ကောင်လောက်ကို ရှင်းလို့ရပေမဲ့၊ ပြီးရင်တော့…. ငါလုပ်နိုင်တာ ဘာမှမရှိတော့ဘူး” ရှဲ့ချောင်လည်း ကူကယ်ရာမဲ့နေ၏။
မကောင်းဆိုးဝါးဝိဉာဉ်တွေကိုဆိုရင် ဖြေရှင်းလို့ရသေးပေမဲ့ သူ့မရဲ့ လက်သီးတစ်စုံတည်နဲ့ တိုက်ခိုက်ဖို့ကတော့ သူမအတွက် ပိုပြီးခက်ခဲသည်။
မကောင်းဆိုးဝါးဝိဉာဉ်ကိုရော သားရဲတိရိစ္ဆာန်ရောကို သူမ တစ်ချိန်တည်းမှာမဖြေရှင်းနိုင်။
ဒ့ါအပြင် ဒီနေရာက မကောင်းဆိုးဝါးဝိဉာဉ်တွေကို ဖြေရှင်းဖို့ဆို ပိုလို့တောင်မဖြစ်နိုင်သေး။ ပျံဝဲပြီးထွက်ပြေးနေကြတာကြောင့် တစ်ကြိမ်တည်းနဲ့ အကုန်လုံးကို ဖမ်းပစ်လိုက်လို့မရပေ။
သူတို့ရဲ့အသိုက်ကို ရှာရလိမ့်မည်။
မကောင်းဆိုးဝါးဝိဉာဉ်များ တစ်နေရာတည်းမှာစုပြီးနေနေရသည့် အကြောင်းရင်းရှိသည်။
အရင်းအမြစ်ကိုရှာမတွေ့နိုင်လျှင် မကောင်းဆိုးဝါးဝိဉာဉ်အနည်းငယ်ကိုသာဖမ်းလို့ရပြီး ကျန်နေတဲ့အကောင်များက ပြဿနာရှာကြလိမ့်မည်။
ယွီရှန်းလည်း အခြေအနေတင်းမာနေတာကို အာရုံရနေတာကြောင့် သူမခေါင်းညိတ်လိုက်၍ “တကယ်လို့ အားကောင်းတဲ့ သားရဲတွေဘာတွေရှိရင် ငါ့တာဝန်သာထားလိုက်၊ ငါ တိတိကျကျပစ်ပေးနိုင်တယ်”
“နင်က ဓားကိုယူ, ငါက လေးကိုယူမယ်, ယင်းယင်းကတော့ မီးကိုစောင့်ကြည့်နေ၊ ‘ယင်း’လေက မငြိမ်းနိုင်ပေမဲ့ ‘ယန်’ လေကတော့ ငြိမ်းနိုင်တယ်၊ အဲဒါကြောင့် မီးငြိမ်းစေမယ့် ဖြစ်နိုင်ချေတွေအကုန်လုံးကို ငါတို့ရှောင်ရမယ်”
ရှဲ့ချောင်ထပ်ပြောလိုက်သည်။
ယွီရှန်းနှင့် ဖုန်ယင်းယင်းတို့ လိမ်လိမ်မာမာနားထောင်နေကြသည်။
ဖုန်ယင်းယင်း၏ နှလုံးမှာ တဒိတ်ဒိတ်ခုန်နေပြီး
သူမရဲ့လက်တို့သည်လည်း မဆိုစလောက်တုန်နေခဲ့သည်။ သို့သော် သူမနားမှာ လူတွေရှိနေတာကိုမြင်နေရ၍ ပြောရလောက်အောင်တော့ ကြောက်မနေတော့။
ယွီရှန်းကတော့…. သူမမျက်နှာထက်မှာ ဘာအမူအရာမှပြခြင်းမရှိ။
ရှဲ့ချောင်စကားဆုံးပြီးသိပ်မကြာ မြက်ပင်ကြားထဲမှ အသံတစ်ခုကိုကြားလိုက်ကြရသည်။
ဆေးဖက်ဝင်အမှုန့်သည် မြွေများ, အင်းစက်ပိုးကောင်များ၊ ကြွက်များ အနားကပ်လာခြင်းကနေ တားဆီးပေးထားသဖြင့် ပြဿာနာတော်တော်များများကို လျှော့ချပေးနိုင်ခဲ့၏။
သို့သော်… သူတို့သုံးယောက်မြင်လိုက်ရသည်က .
အစိမ်းရောင်အလင်းရောင်တစ်စုံ။
ဘာလို့ မြေခွေးရှိနေရတာလဲ..
ယွီရှန်၏ နှလုံးသားတုန်ယင်သွားခဲ့သည်။
သားရဲတိရိစ္ဆာန်တွေတဟုန်ထိုးပြေးလာခဲ့ရင်ကာကွယ်နိုင်ဖို့အတွက် ဓားကိုင်ထားဖို့ ရှဲ့ချောင်ကပြောထားခဲ့သည်။ ထိုအကောင်များသည် မီးအိမ်အလင်းရောင် အပြင်ဘက်ကဖြစ်နေလျှင် သူမပြေးသွားပြီးတိုက်ခိုက်လို့မရ။
“ငါ လေးကိုအရင်ယူလိုက်ရင်…” သူမ ရှဲ့ချောင်ဘက်ကိုလှည့်ပြောလိုက်၏။
သို့သော် သူမစကားတောင်မဆုံးသေး, ဝှစ်ခနဲမြည်သံနဲ့အတူ ရှဲ့ချောင်မြှားတစ်စင်းကို ပစ်လိုက်လေသည်။
ထူးဆန်းသောအသံကြီးဖြင့်၊ မြေခွေးသည် မြေကြီးပေါ်သို့ လဲကျသွားတော့သည်။
ယွီရှန်းနှင့် ဖုန်ယင်းယင်းတို့၏ မျက်နှာများမှာ တောင့်တင်းကုန်လျက်၊ အထူးသဖြင့် ခုနကပစ်လိုက်သည့်မြှားက ကြောက်စရာကောင်းအောင် ကွက်တိကျနေသည်ဟုခံစားမိနေသည့် ယွီရှန်းပင်။
“နင် ဒူးလေးလည်းပစ်တတ်တာလား…. ငါက နင့်ကိုအားနည်းတဲ့သူတစ်ယောက်လိုထင်နေတာ!” ယွီရှန်း ဆွံ့အနေမိသည်။
သူမ ရှဲ့ဖင်းဟွိုက်ကိုသင်ပြပေးခဲ့တဲ့အချိန်ကစလို့၊ ထိုကလေး မကြာခဏပြောတတ်သည်က သူမရဲ့အစ်မကြီးက သိမ်မွေ့ကြောင်း၊ သိက္ခာရှိကြောင်း၊ အားနည်းလွန်းသဖြင့် နည်းနည်းလောက်တောင် အားမသုံးနိုင်ဘူးဟု…
သူမကို လန့်အောင်လုပ်မိလို့လည်း မဖြစ်…အချိန်မရွေး သတိလစ်သွားနိုင်သည့် မိန်းကလေးတစ်ယောက်ဆိုပြီးလေ..
•••••
အခန်း ၈၃၉။ ရန်မဖြစ်ကြနဲ့
ရှဲ့ဖင်းဟွိုက်မှာ သနားရာကောင်းသည့်သူတစ်ယောက်လို့တောင် ယွီရှန်းထင်မိသွားသည်။ သူ့အစ်မအကြောင်း ဘာမှမသိရှာဘူး!
ရှဲ့ချောင်သာ အားနည်းတယ်ဆိုလို့ကတော့ ကမ္ဘာပေါ်က ရှိသမျှ သခင်မလေးတိုင်း အထိမခံတဲ့ ကြွေပုလင်းတွေဖြစ်နေလောက်ပြီ!
“ ပစ်ချက်က အရမ်းတိကျတာပဲ….” ယွီရှန်းတစ်ယောက် တံတွေးမျိုချလိုက်၏။ အံ့ဩတကြီးနှင့် ချီးကျူးရင်း လက်မထောင်ပြလိုက်ပြီးနောက် “တော်တယ်၊ နင့်အရည်အချင်းက ငါ့နဲ့တောင် ယှဉ်နိုင်လောက်တယ်”
“ဘယ်ကသာ, ဒီအတိုင်းလှည့်စားမှုသေးသေး
လေးရယ်ပါ” ရှဲ့ချောင်က သူမရဲ့မျက်နှာသေးသေးလေးကိုမော့လျက် ပြောလညလေသည်။
ရှဲ့ချောင်၏ နှိမ့်ချနေသည့် ပုံစံကြောင့် ယွီရှန်းမှာ အနိုင်လိုချင်စိတ်ပိုပြီး ပြင်းပြသွားသလို ခံစားလိုက်ရသည်။
“နောက်တစ်ခေါက်က ငါပစ်ရမယ့်အလှည့်” ယွီရှန်းလက်ဆန့်လိုက်၍ ဒူးလေးကို လှမ်းယူမလို့လုပ်လိုက်သည်။
ရှဲ့ချောင်မျက်မှောင်ကြုတ်၍ ဒူးလေးအားကျစ်ကျစ်ပါအောင်ဆုပ်ထားကာ လွှတ်မပေးခဲ့။
ယွီရှန်းသည် ရှဲ့ချောင်ပေါ်အားမသုံးချင်ပေမဲ့ ရှဲ့ချောင်ရဲ့ တည်ကြည်ပြီး ဂုဏ်ယူနေတဲ့ပုံစံကိုမြင်ရ
သည့်အခါ ယွီရှန်း၏စိတ်ထဲ အားသုံးချင်မိသွားသည်။
ရုပ်ရည်အရကြည့်မယ်ဆိုလျှင် သူမသည် ရှဲ့ချောင်လောက်ကြည့်မကောင်းတာကိုဝန်ခံသည်။
ကဗျာနှင့်စာပေပညာတွင်လည်း ရှဲ့ချောင်လောက် မတော်လျှင်တောင် သူမ ဂရုမစိုက်။
သူမမှာကျန်တာဆိုလို့ ကိုယ်ခံပညာသာရှိတော့သည်ကို ထိုပညာရပ်တွင်ပါ ရှဲ့ချောင်ကသူမကို အနိုင်ယူသွားလျှင် အနာဂတ်မှာ ကိုယ်ခံပညာဆရာ ဘယ်လိုလုပ်ရတော့မည်နည်း။
ယွီရှန်းက ဒူးလေးကိုယူဖို့မကြိုးစားတော့ဘဲ မြေကြီးကို ငုံ့ကြည့်လိုက်၏။ မြေကြီးပေါ်၌ ကျောက်ခဲများစွာရှိသည်။ သူမ ခြေထောက်ကို
ရွှေ့၍ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ခဲတစ်လုံးကိုရွေးကောက်လိုက်၏။ ထို့နောက် မလှမ်းမကမ်းတစ်နေရာဆီသို့ စိုက်ကြည့်နေလေသည်။
အလင်းရောင်အပြင်ဘက်မှအရာများမှာ အမှောင်အတိဖြစ်နေကာ ရှင်းရှင်းလင်းလင်း မမြင်ရ။
သို့သော် စိတ်ငြိမ်သွားသည့်အချိန်၌ အသံတစ်ခုကို ယွီရှန်းကြားလိုက်ရသည်။
သူမ လက်ကိုမြှောက်လိုက်ကာ ကျောက်ခဲကိုရုတ်တရက်ပစ်ထုတ်လိုက်သည်။
ဗုန်းခနဲမြည်သံနဲ့အတူ တစ်ခုခုမြေကြီးပေါ်လဲကျသွားသည့် အသံကိုကြားလိုက်ကြရသည်။
“ဆရာယွီပစ်လိုက်တာလား” ဖုန်ယင်းယင်းသည် သူမ ငြိမ်ငြိမ်လေးထိုင်နေလို့မဖြစ်သလိုမျိုးခံစားနေ၏။
သူမ ရှက်မိ၏။
ရှဲ့သခင်မလေးက မြှားပစ်နိုင်ပြီး၊ ဆရာယွီက ကျောက်ခဲကိုပစ်နိုင်သည်။
သူမကရော ဘာလုပ်တတ်လဲ?
သူမလည်း မလျှော့စတမ်း ဘယ်ပြန်ညာပြန်ကြည့်ကြည့်လိုက်သေးသည်။ သူမ သိတာ ဘာမှရှိမနေခဲ့….
သူမရဲ့ လက်ဖဝါးတွေက… နူးညံ့ပြီးထူတော့…
မီးအိမ်မီးမငြိမ်းသွားအောင် လေကာပေးလို့ရတာလား?
ယွီရှန်း ခေါင်းမော့လာ၏။ “ ဘာလဲဆိုတာတော့ ငါလည်းမသိဘူး၊ တောကြက် ဒါမှမဟုတ် တောယုန်ဖြစ်လောက်တယ်၊ နေရာကို ငါမှတ်ထားတယ်, မနက်ဖြန်မနက်ကျမှသွားကြည့်ကြည့်လိုက်မယ်”
ရှဲ့ချောင် မျက်မှောင်ကြုတ်သွားသည်။ ကိုယ်ခံပညာအရယှဉ်မယ်ဆိုလျှင် သူမ မနိုင်မှန်းသိသည်။
ဒူးလေးများသည် ကျောက်ခဲများထက် ပိုပြီးထိန်းချုပ်ရလွယ်ကူသည်။ ဒါ့အပြင် ယွီရှန်းက အားတောင်သုံးလိုက်ခြင်းမရှိဘဲ ကျောက်ခဲကိုပစ်လိုက်၍ တိရစ္ဆာန်ကို အလဲထိုးပစ်လိုက်နိုင်သည်။ သူမကတော့ ထိုအရည်အချင်းတွေကို
သင်ယူနိုင်ဖို့ ကံမပါလာခဲ့ပေ။
သူမလေ့လာလို့ရတဲ့ တခြားအရာတွေအများကြီးရှိသေးတယ်…
ရှဲ့ချောင်က ‘ဟွန့်’ ခနဲ့လုပ်လေသည်။
“ရှဲ့သခင်မလေးလည်း မဆိုးပါဘူး၊ ငါကကျတော့မွေးကတည်းက အားကောင်းမောင်းသန်ဆိုတော့၊ နောက်ပြီး ငါ့အဖေနဲ့လည်း ဆယ်နှစ်ကျော်လောက် လေ့ကျင့်ခဲ့သေးတယ်လေ..နင်ငါ့ကို ဒီပညာမှာကျော်နိုင်ဖို့ဆိုရင်တော့ ပြန်မွေးဖွားလာမှပဲရမယ်ထင်တယ်” ယွီရှန်းတစ်ယောက် ဂုဏ်ယူမဆုံးဖြစ်နေလေသည်။
“ငါပြန်မွေးဖွားလာရင်တောင်မှ သောက်သဲ့ချင်းကို ဘယ်လိုရွတ်ရမလဲသိမှာမဟုတ်ဘူး” ရှဲ့ချောင်
ရဲ့လေသံက ဂရုမစိုက်ဟန်များပါနေပေမဲ့ အားနည်းသည့်အရိပ်အယောင်မျိုးတစ်ခုမှမပြ။
ဖုန်ယင်းယင်း သူတို့နှစ်ယောက်ကို ကြည့်ပြီး “ နင်တို့နှစ်ယောက်… ရန်မဖြစ်ကြပါနဲ့လား”
“မဖြစ်ပါဘူး, ဒီအတိုင်းအရည်အချင်းပြိုင်နေရုံပါနော်” ယွီရှန်းက ချက်ချင်းပြန်ချေပလိုက်သည်။ သူမ ရှဲ့ချောင်ကိုကြည့်သည့်အကြည့်များက အံ့ဩမှုများဖြင့် ပြည့်နေဆဲ။
ဒါကို ရန်ဖြစ်တယ်လို့ဘယ်ခေါ်မှာလဲ?
သူမ ရှဲ့ချောင်ကိုတကယ်သဘောကျသည်။ သို့သော် သဘောကျတာမှန်တယ်ဆိုရင်တောင်မှ
အတိုက်အခိုက်၊ မြှားပစ်နှင့်ပတ်သက်လာလျှင်တော့ တစ်မျိုးတစ်မည်ပြောင်းသွားလေပြီ။
“ အင်း ဟုတ်တယ်” ရှဲ့ချောင်ကလည်းခေါင်းညိတ်လိုက်သည်။
သူတို့ ဘာမှလုပ်နေကြတာမဟုတ်၊ စကားပြောနေတယ်ဆိုရုံလေးသာ။
သူမလို ပဟေဠိဆန်သည့်ပညာရှင်တစ်ယောက်သည် သင်ကြားမှုကိုသာ သိကာ အာရုံစိုက်ခံရတဲ့အပြုအမှုမျိုးကိုမဖန်တီးတတ်။
ဖုန်ယင်းယင်းမှာ ကသိကအောက်ဖြစ်စွာနှင့် တခစ်ခစ်ရယ်လိုက်၍ သူမရဲ့တည်ရှိမှုကို တတ်နိုင်သမျှ လျှော့ချထားလေသည်။ သူမရှေ့က လူနှစ်ယောက်သည် ရက်စက်သည့်သားရဲများအတိုင်းပင်။
အစက တောရိုင်းတိရစ္ဆာန်များမှာ အများကြီးရှိနေတာမဟုတ်။ တောင်ငယ်တစ်ခုသာဖြစ်၍ ကြီးမားသည့်အကောင်များမရှိချေ။ ဝံပုလွေများကလွဲလျှင် ကျန်တာအားလုံးက အကောင်ငယ်လေးများသာ ဖြစ်ကြသည်။
မြွေ၊ အင်းစက်၊ ကြွက်များသည်လည်း ရှဲ့ချောင်ဖြူးထားခဲ့သော အမှုန့်ကြောင့် အနားကိုချဉ်းကပ်မလာရဲကြ။ သို့သော် အနားတွင်တော့ လှည့်ပတ်သွားနေကြဆဲ။
ရှဲ့ချောင်၌ မြားအနည်းငယ်ကျန်သေး၏။
ထိုတိုက်ခိုက်ဖို့မတန်သည့် အကောင်များအတွက် သူမ လှုပ်ရှားနေမှာမဟုတ်သော်လည်း ယွီရှန်းကတော့ ထိုသို့မဟုတ်ခဲ့။ သူမနားမှာ ကျောက်ခဲသေးသေးလေးတွေအများကြီးရှိနေတာကိုမြင်၍
အသံကို နားစွင့်ပြီး တိရိစ္ဆာန်အကောင်ငယ်များစွာကိုပစ်ခဲ့သည်။
မသေခင် ကျယ်လောင်စွာအော်ဟစ်နေကြသည့် ကြွက်ကြီးများရဲ့ အသံများကို ကြားနေရသည်…
•••••
အခန်း ၈၄၀။ သွေးသောက်ညီအစ်မလုပ်ရအောင်
သာမန်တောရိုင်းကောင်များသည် ရှဲ့ချောင်ရဲ့မီးအိမ်ကိုကြောက်မှာမဟုတ်ပေမဲ့ တောထဲကတိရိစ္ဆာန်များ မကောင်းဆိုးဝါးစွမ်းအင်နှင့် လွှမ်းမိုးခံထားရလျှင်တော့ မတူတော့ပေ။
စွမ်းအင်နှစ်ခုသည် တစ်ခုနှင့်တစ်ခုထိပ်တိုက်တွေ့နေကြ၏။ ထိုသားရဲများသည် အနားကိုကပ်လာမိပါက သူတို့ရဲ့ မသက်မသာဖြစ်မှုကိုသည်းခံနိုင်လိမ့်မည်မဟုတ်။
တိရိစ္ဆာန်များတစ်စတစ်စပိုပိုပြီးများလာတာကို ရှဲ့ချောင်ခံစားမိ၏။
သူတို့နားကို ပတ်ပတ်လည်ဝိုင်းနေကြသည်။
အစပိုင်း၌ ယွီရှန်းသည် အေးအေးလူလူ ဂုဏ်ယူနေသည့်မျက်နှာဖြင့် ကျောက်ခဲများကိုပစ်နိုင်နေသော်လည်း ဆက်ပြီးလုပ်ရမှာကို တွန့်ဆုတ်သလိုဖြစ်လာခဲ့သည်။
နှစ်နာရီကျော်ကြာသွားပြီးသည့်နောက် အစိမ်းရောင်မျက်လုံးများသည် ညအမှောင်ထဲ၌ ပိုပြီးများလာလေသည်။
“ ငါတို့သုံးယောက် သွေးသောက်ညီအစ်မလုပ်ကြရင်ရော၊ ငါတို့က တစ်နေ့တည်းမှာမွေးလာတာမဟုတ်ပေမဲ့ တစ်နှစ်တည်း၊ တစ်ချိန်တည်း၊ တစ်လတည်းမှာ သေလို့ရတယ်” ယွီရှန်းသည် အပြင်ဘက်က တောကောင်အရေအတွက်နှင့် ရှဲ့ချောင်ရဲ့မြားအရေအတွက်ကိုကြည့်ပြီး သူမရဲ့အသံကတည်ကြည်သွားလေသည်။
“မလုပ်ချင်ပါဘူး” ရှဲ့ချောင်ငြင်းလိုက်သည်။
“ဘာလို့လဲ၊ ငါတို့အတူတူ အခက်အခဲတွေကိုရင်ဆိုင်ခဲ့ကြတယ်လေ” ယွီရှန်း ပဟေဠိဖြစ်နေမိ၏။
“ ငါက အသက်တစ်ရာလောက်နေဦးမှာ” ရှဲ့ချောင်က ရုပ်တည်နှင့် “နောက်ပိုင်း နင်တို့နှစ်ယောက်က ငါ့ရဲ့သက်တမ်းကို လျော့သွားအောင်လုပ်မှာကြောက်တယ်”
ယွီရှန်း စွံ့အသွားရသည်။
ဖုန်ယင်းယင်းကတော့ အပြစ်ကင်းသည့်ပုံစံဖြင့်။
သူတို့သုံးယောက်ထဲမှာဆိုရင် သူမရဲ့သက်တမ်းကိုနိမ့်အောင်လုပ်မယ်လို့ပြောခွင့်မရှိဆုံးသူက ရှဲ့ချောင်ပဲ!
“ ကြည့်ပါဦး၊ တောရိုင်းကောင်တွေမှ အများကြီးရယ်၊ ငါတို့ဒီည အသက်ရှင်နိုင်မယ်မထင်ဘူး၊ အရိုးတောင်မကျန်တဲ့အထိ ဝါးစားတာတောင် ခံရလောက်တယ်၊ ငါကတော့ စွမ်းဆောင်နိုင်စွမ်းရှိတယ်၊ ငါ့လမ်းငါဖောက်ထွက်ပြီး မြန်မြန်ပြေးမယ်ဆိုရင် အသက်ရှင်လောက်တယ်၊ ဒါပေမဲ့ နင်တို့နှစ်ယောက်ကတော့ လက်တွေခြေထောက်တွေက အလုပ်ဖြစ်မှာမဟုတ်ဘူး၊ ပြေးလည်းမပြေးနိုင်သလို တိုက်ခိုက်နိုင်မှာလည်းမဟုတ်ဘူး၊ သားရဲကောင်တွေရဲ့လက်ထဲသာကျသွားလို့ကတော့ အသက်ရှင်နိုင်ဖို့ အခွင့်အရေးတစ်စက်လေးတောင်မရှိဘူး”
ယွီရှန်းက ချက်ကျလက်ကျပြောလာလေသည်။
သူမ ရှဲ့ချောင်နှင့် ဖုန်ယင်းယင်းကိုကာကွယ်လို့ရပေမဲ့ သူမမှာ လက်နှစ်ဖက်ထဲသာရှိသည်။
သူမဘေးနားကသခင်မလေးနှစ်ယောက်သည် ပုန်းလိုက်တာနဲ့ ရှာမတွေ့နိုင်တော့မည့် နှံကောင်တွေလည်း ဟုတ်မနေကြ။
သူတို့နှစ်ယောက်ကို အန္တရာယ်ကင်းစေရပါမယ်လို့ အာမခံချက်ပေးနိုင်လောက်တဲ့ထိတော့ သူမမှာအရည်အချင်းရှိမနေဘူး!
ရှဲ့ချောင်က သူမကိုယ်သူမ ဒီနေရာမှာအသေခံမှာတဲ့လား?
“ သူက အသက်ရှည်ပြီးအေးအေးချမ်းချမ်းနေတဲ့
သူတစ်ယောက်၊ သူတောင်မသေနိုင်တာ ငါတို့လည်းသေမှာမဟုတ်ဘူး” ရှဲ့ချောင်ဖြည်းဖြည်းချင်းသာပြော၍ အလျင်လိုနေပုံမပေါ်။ သူမ ဖုန်ယင်းယင်းအား လက်ညှိုးထိုးပြလိုက်ရင်းဆိုလေသည်။
ဖုန်ယင်းယင်းမှာနောက်ဆုံးတော့ သူမရဲ့တည်ရှိမှုအသုံးဝင်သွားပြီဟု ခံစားလိုက်ရသည်။
ယွီရှန်း ရှဲ့ချောင်နဲ့ဆက်ပြီးစကားနိုင်လုမနေတော့။
ဘယ်လိုလွတ်ရမလဲဆိုတာကိုသာ စဉ်းစားနေခဲ့သည်။
သူမ စိတ်ထဲအတွေးပေါင်းသောင်းခြောက်ထောင်ဖြစ်နေ၏။
ထိုအချိန်၊ ကျောက်ရွှမ်ကျင်းသည်လည်း သူ့ရဲ့လူတွေကိုခေါ်၍ ရောက်လာခဲ့သည်။ လရောင်သည် အလွန်တောက်ပနေတာမျိုးမဟုတ်ပေမဲ့ လမ်းကိုတော့ အလင်းရောင်ပေးနိုင်သည်။ အရိပ်ကွယ်နေသည့်သစ်ပင်အောက်မှ အမှောင်ထုကလွဲ၍ ပတ်ဝန်းကျင်မှရှုခင်းများကို ရှင်းရှင်းလင်းလင်းမြင်နေရသည်။
ကျောက်ရွှမ်ကျင်းခေါ်လာသည့် လူများထဲမှ တချို့ဆိုလျှင် ညဘက်အမြင်အာရုံကောင်းကြသဖြင့် လမ်းတစ်လျှောက် ဘာမတော်တဆမှုတစ်ခုမှမရှိခဲ့။
ရှဲ့ဖင်းကန်းသည် အနားတစ်ဝိုက်ကိုကြည့်လိုက်ရင်း နည်းနည်းထူးဆန်းသည်ဟုထင်နေမိ၏။ “တခြားနေရာတွေမှာ မြူတွေဘာတွေလည်း မရှိပါဘူး, ဒီနေရာတစ်ခုတည်း အရမ်းမှောင်ပြီး ထူးဆန်းနေတာ”
ကျောက်ရွှမ်ကျင်းက ဘာမှသိပ်မပြောခဲ့။ သူရဲ့လူတွေကို ခေါ်ပြီးတော့သာ တောင်အဝင်လမ်းဆီလျှောက်လာခဲ့ကြသည်။
သို့သော်, တစ်ခဏကြာလမ်းလျှောက်ပြီးသည့်နောက်, လူတစ်စုမှာ မှင်တက်သွားခဲ့ကြသည်။
“လေက.. ပြင်းနေသလားလို့”ဝမ်လန်ချန်းသည် မြင်းပေါ်ကနေ ရှဲ့ဖင်းကန်းအား လှမ်းကြည့်လိုက်၏။
“ဒီလောက်ပြင်းတာကတော့ ပုံမှန်ပါပဲ၊ ဒီနေရာမှာ မသန့်စင်တဲ့အရာတွေရှိနေရင်လည်း လေအေးတွေလောက်ပဲရှိမှာ၊ မကောင်းဆိုးဝါးဝိဉာဉ်တွေဆိုတာလည်း လေလိုမျိုးပဲလေ၊ ဟိုသွားလိုက်ဒီသွားလိုက်လွင့်နေတာ”
ဒါကြောင့် ကြောက်နေစရာဘာမှမရှိ။
ရှဲ့ဖင်းကန်းသည် အရမ်းကိုမှ ပေါ့ပေါ့ပါးပါးပြောသွားတာဖြစ်၏။ မကောင်းဆိုးဝါးဝိဉာဉ်ဘယ်လိုပုံမျိုးရှိတယ်ဆိုတာ ဝမ်လန်ချန်းတစ်ခါမှမြင်ဖူးတာမဟုတ်။ သူခံစားမိတာဆိုလို့ ဒီနေရာက သစ်ပင်တွေနဲ့တောင်ကုန်းတွေက ကောင်းကောင်းမကြီးထွားတာကြောင့်၊ လေက သူခေါင်းကိုက်လာတဲ့အထိ တိုက်ခတ်နေတယ်ဆိုရုံသာ။
“ခဏလေး” ရှဲ့ဖင်းကန်း ရုတ်တရက်ရပ်သွားပြီး အိမ်ရှေ့စံမင်းသားအားပြောလိုက်၏။ “အရှင့်သား၊ ဒီနားမှာ ဝံပုလွေတစ်ကောင်ရဲ့အော်သံကြားလိုက်သလိုပဲ”
သူသည် ငယ်ငယ်လေးကတည်းက တောင်ပေါ်မှာ
ကြီးပြင်လာခဲ့တာကြောင့် သားရဲတိရိစ္ဆာန်များဟ အသံများကို အာရုံခံလွယ်သည်။
ကျောက်ရွှမ်ကျင်း၏ မျက်လုံးတို့ တည်ကြည်သွားသည်။
တောင်ပေါ်လမ်းကို ဝင်လာချိန်ကစလို့ မြေကြီးပေါ်က လှည်းဘီးရာများကို မမြင်ရတော့ပေ..
•••••