အခန်း (၈၃၃-၈၃၆)
Vol. 43 Ch. 833-836
အခန်း ၈၃၃။ ယွီရှန်းနှင့်ကျား
ရှဲ့ဖင်းကန်းသည် ရှဲ့ချောင်ရဲ့အခြေအနေကိုသိပ်ပြီးအာရုံမစိုက်။ သူမ ပြန်ပေးဆွဲခံရသွားရတာမဟုတ်ဘူးဆိုတာနဲ့တင် စိတ်သက်သာရာရနေလေပြီ။
သို့သော် ဝမ်လန်ချန်းမှာတော့ ရတက်မအေးခဲ့။
“သခင်မလေးသုံးယောက်တည်း တောထဲမှာနေဖို့ဆိုတာ ဘယ်သင့်တော်မှာလဲ.. အဲ့နေရာက…” ဝမ်လန်ချန်းသည် ဝောာင်တွေဘက်ညွှန်ပြလိုက်ရင်း “နောက်ပြီး အဲ့နေရာက တောထဲတောင်ထဲ။ သူတို့မီးတောင်မွေးလို့ရပါ့မလား။ တောရိုင်းတိရစ္ဆာန်တွေနဲ့တွေ့ရင်ရော”
“သူတို့ဟာသူတို့ သွားတာလေ၊ စိတ်ပူစရာလိုတယ်
လို့ မထင်ဘူး” ရှဲ့ဖင်းကန်း နားမလည်နိုင်ခဲ့။
ဝမ်လန်ချန်း ဆွံ့အသွားရသည်။
“စိတ်ပူရမယ်လေ၊ သူတို့သုံးယောက်စလုံးက အားနွဲ့တဲ့ သခင်မလေးတွေ…”
“မဟုတ်ပါဘူး၊ ဆရာယွီက သန်မာပါတယ်၊ ကျားတစ်ကောင်ကိုတောင် ချနိုင်လောက်တယ်” ရှဲ့ဖင်းကန်းတွေးမိပြန်၏။ ဘယ်သူက အားပိုကြီးလောက်မလဲ၊ ယွီရှန်းလား ကျားလား။
သူ ဆယ်ကျော်သက်အရွယ်လောက်က သူ့အဖေနဲ့အတူ ကျားတစ်ကောင်နှင့် တိုက်ခိုက်ခဲ့ဖူးသည်။ ယွီရှန်း၏ ကိုယ်ခံပညာအရည်အချင်းသည်လည်း သိပ်ပြီးမဆိုးလှတာကြောင့် သူမ ကျားတစ်
ကောင်ကို အနိုင်တိုင်နိုင်မှာပင်။
ထိုသို့တွေးလိုက်တော့ ရှဲ့ဖင်းကန်းပိုပြီးတော့ စိတ်အေးလက်အေးဖြစ်သွားရသည်။
အဲဒီဆရာက မိသားစုရဲ့ ရတနာပဲ!
သူတို့ကျားတစ်ကောင်နဲ့ တကယ်တိုးရင် ပိုတောင်ကောင်းသေး၊ မနက်ဖြန် အိမ်ကိုယူလာရင် အရေခွံခွာပြီး စားလို့မှာ!
“အစ်ကိုဖင်းကန်း၊ မဟုတ်သေးဘူးလေ၊ ဆရာယွီက သားရဲတိရစ္ဆာန်တွေကို မကြောက်ဘူးဆိုရင်တောင် ..ရှဲ့သခင်မလေးနဲ့ မိန်းကလေးယင်းကတော့ အသက်မရှင်နိုင်လောက်ဘူးလားလို့… သူတို့သုံးယောက်က မြင်းလှည်းမောင်းသမားကိုပဲခေါ်သွားတာ၊ အခု သူတို့က မြင်းကိုတောင်ပြန်ပို့
လိုက်သေးတယ်၊ တကယ်ကြီးတစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ”
ဝမ်လန်ချန်းမှာ တကယ်ကိုသောကရောက်နေတာပင်။
ရှဲ့ချောင်သည် သူ့ရဲ့ကျေးဇူးရှင်ဖြစ်၏။ သူ့မြတ်နိုးရတဲ့သူတစ်ယောက် မဟုတ်တော့ပေမဲ့ ဝမ်းကွဲညီမတစ်ယောက်လိုဖြစ်နေဆဲ။
မိန်းကလေးယင်းကိုဆို ပြောနေစရာတောင်မလိုတော့…
သူ့ရဲ့ဇနီးလောင်းနဲ့ပတ်သက်ပြီး အလွန်ကျေနပ်မိသည်။
မင်္ဂလာပွဲက ကျင်းပခါနီးနေပြီကို တစ်ခုခုသာ ဖြစ်
သွားလို့ကတော့…
နောင်တရဖို့တောင် နောက်ကျသွားလိမ့်မည်။
ဝမ်လန်ချန်းသည် မျက်မှောင်ကြုတ်လို့နေလျက်။
ရှဲ့ဖင်းကန်းသူ့ကိုကြည့်ရင်း ကူကယ်ရာမဲ့သွားရသလို ခံစားမိသွားသည်။
“ဒါဆို မင်းကဘာလုပ်ချင်လို့လဲ၊ ညသန်းခေါင်တောင်ရောက်နေပြီ သူတို့သုံးယောက်ကို သွားခေါ်မလို့လား”
“အင်းလေ” ဝမ်လန်ချန်း ခေါင်းညိတ်လိုက်သည်။
ရှဲ့ဖင်းကန်းသူ့အား မျက်လုံးသာလှိမ့်ပြလိုက်
တော့သည်။
“မင်းက မအိပ်တော့ဘူးလား၊ မနက်ဖြန် အလုပ်တတ်ရဦးမှာနော်!”
သူသည် အချိန်ဆွဲနေသည့်ကလေးမတစ်ယောက်လိုပင်။ဘာများစိတ်ပူနေစရာရှိလို့လဲ။ တစ်ညလုံးအပြင်မှာ အိပ်ရုံလေးပဲကို! ဆရာယွီသာအနားမှာရှိနေရာ ဘာမှဖြစ်လာစရာအကြောင်းမရှိဘူး။
သူတိုလည်း ပုံမှန်ဆို အမှုစုံစမ်းဖို့သွားနေကျ။ ဘယ်သူကများ အဲ့လိုမလုပ်ဖူးလို့လဲ, ဘာပြဿာနာမှမရှိဘူး!
“ကောင်းပြီလေ၊ ဒါဆိုလည်း သွားပေါ့၊ မင်းနဲ့အတူ လူနည်းနည်းလောက်ထည့်ပေးဖို့အိမ်တော်ထိန်းကို ပြောလိုက်မယ်” ရှဲ့ဖင်းကန်းသည် ပူးပေါင်းဖို့ငြင်းဆိုခဲ့၏။
သူ အိပ်ချင်တယ်..
တစ်နေ့တစ်နေ့ အမှုတွေဖြေရှင်းနေရတာ ဘယ်လောက်တောင် ပင်ပန်းလိုက်လဲ..?
ရှဲ့ဖင်းကန်းသည် အပူအပင်ကင်းကင်းနေတတ်တဲ့သူဆိုတာ ဝမ်လန်ချန်းသိပေမဲ့ ဒီလောက်ထိအပူအပင်ကင်းနေလိမ့်မယ်လို့တော့ မထင်ထားခဲ့။
ရှဲ့သခင်မလေး ဘယ်လိုတောင် ကြီးပြင်းလာတာပါလိမ့်…
အို့ဟုတ်သား..သူမက တာအိုဘုရားကျောင်းမှာ
ကြီးပြင်းလာတယ်ဆိုပြီး ကြားဖူးတယ်။ အံ့ဩစရာ မရှိတော့ဘူး။ ရှဲ့ဖင်းကန်းသာ သူ့ညီမကို ဆယ်နှစ်ကျော်လောက် စောင့်ရှောက်ခဲ့လို့ကတော့ ရှဲ့သခင်မလေးမှာ ခြေလက်လေးဖက်အစုံတောင်ရှိမှာမဟုတ်ဘူး။
“အစ်ကိုရှဲ့ သွားသွားမသွားသွား ကျွန်တော်ကတော့ အရှင့်သားကိုတင်ပြရမှာပဲ”
ဝမ်လန်ချန်းသည် စကားဆုံးတာနှင့် ယဉ်ယဉ်ကျေးကျေးထွက်သွားတော့သည်။
အိမ်ရှေ့စံမင်းသားအား တင်ပြမယ်ဆိုတဲ့အကြောင်း ကြားလိုက်ရတော့ ရှဲ့ဖင်းကန်းတစ်ယောက် ဘယ်အိပ်နိုင်တော့မှာလဲ။
သူနောက်ကနေ အမြန်လိုက်သွားခဲ့၏။
“ငါ့ညီမက တစ်ရက်လောက်ခရီးသွားရုံလေးပဲကို၊ အိမ်ရှေ့စံမင်းသားကို ပြောပြဖို့ထိလိုလို့လား၊ တကယ်ကြီး ပြောမှရမှာလား” ရှဲ့ဖင်းကန်း၏မျက်နှာမှာ တည်နေလျက်ဖြင့်။
“အစ်ကိုဖင်းကန်း အဲ့လိုပြောလို့မရဘူးလေ၊ ရှဲ့သခင်မလေးဆိုတာ ကြင်ရာတော်မင်းသမီးလောင်း။ မတော်တဆဖြစ်တာတွေဘာတွေရှိနိုင်တာပဲ၊ အိမ်ရှေ့စံမင်းသားကို အကြောင်းကြားပြီး သူမဆီ လူလွှတ်ပေးဖို့ ပြောရမယ်၊ ဒါက ကျွန်တော်တို့လုပ်သင့်တဲ့အရာ” ဝမ်လန်ချန်းကတော့ အစီအစဉ်လုပ်ပြီးနေလေပြီ။
ရှဲ့ဖင်းကန်း သက်ပြင်းချလိုက်သည်။ “ကောင်းပြီလေ၊ ဒါဆိုလည်း။ ငါ သူ့ကိုစိတ်မပူလို့မဟုတ်ဘူး။ ဒီစာမှာရေးထားတဲ့ လက်ရေးက အရမ်းသေသပ်ပြီး ရှင်းလင်းနေတယ်။ ဘာဖုန်တွေ
အညစ်အကြေးတွေမှ ရှိမနေဘူး။အဲဒါကြောင့်မလို့ သူ့ရဲ့အခြေနေကကောင်းနေတုန်းပဲ.. ဒါပေမဲ့..
“မင်းက အိမ်ရှေ့စံမင်းသားကိုသွားရှာ ငါ ဆရာမမော့ကိုသွားရှာလိုက်မယ်..” ရှဲ့ဖင်းကန်းသည် ပြောနေရင်းနဲ့ အသံအနေအထားပြောသွားခဲ့၏။
သူ့ညီမ မကောင်းဆိုးဝါးဝိဉာဉ်တွေ မြင်တယ်ဆိုပြီး ပြောသွားတယ်ဆိုတော့ အဲဆရာမကို မကောင်းဆိုးဝါးဝိဉာဉ်တွေဖမ်းခိုင်းရမယ်။
•••••
အခန်း ၈၃၄။ ဆိုးရွားတဲ့အမြင်အာရုံ
ဝမ်လန်ချန်း၏ ပဟေဠိဆန်သည့်အကြည့်တို့အောက်တင်ပဲ ရှဲ့ဖင်းကန်းတစ်ယောက် လှည့်ထွက်သွားကာ ကြမ္မာဥယျာဉ်သို့ တန်းတန်းမတ်မတ်သွားခဲ့လေသည်။
မြို့တော်၌ညဈေးရှိပြီး ညမထွက်ရအချိန်က ညရဲ့ဒုတိယပိုင်းလောက်ရောက်မှသာဖြစ်သည်။ သို့သော် ကြမ္မာဥယျာဉ်ကတော့ အစောကြီးကတည်းက ပိတ်နေလေပြီ။
ရှဲ့ဖင်းကန်း တံခါးအား အတင်းတွန်းဖွင့်ပြီးဝင်သွားရာ ဆိုင်ရှင်ခမျာ အူကြောင်ကြောင်ဖြစ်သွားရသည်။
ဆိုင်မှာ ဆရာမမော့ရှိမနေခဲ့။
ရှဲ့ဖင်းကန်း မျက်မှောင်ကြုတ်သွားသည်။ကံဆိုးလိုက်တာ!
ရှဲ့ဖင်းကန်းက ဆရာမမော့ကို ရှာမတွေပေမဲ့ ဝမ်လန်ချန်းကတော့ ဝောာ်ဝင်ကျောင်းတော်ကို ရောက်သွားခဲ့လေပြီ။ သူ အိမ်ရှေ့စံမင်းသားကိုတွေ့ပြီး ဖြစ်ကြောင်းကုန်စဉ်အကုန်ပြောပြလိုက်သည်။
ကျောက်ရွှမ်ကျင်း၏ အတွေးများသည် ရှဲ့ဖင်းကန်းနှင့်မတူ။
ရှဲ့ချောင်ဟာ သခင်မလေးနှစ်ယောက်ကိုခေါ်ပြီး သာမန် မကောင်းဆိုးဝါးဝိဉာဉ်တစ်ကောင်အတွက်နဲ့ မြို့ပြင်ထိလိုက်သွားမည့်သူမဟုတ်။
ဤမကောင်းဆိုးဝါးဝိဉာဉ်နှင့် ပတ်သက်ပြီးတစ်ခုခုထူးခြားနေတာရှိရမည်။
ကျို့ဝေ့ကျုံးအား လူတစ်စုခေါ်၍ မြို့တော်ဂိတ်တံခါးအပြင်ကိုထွက်ဖို့ ချက်ချင်းစေခိုင်းလိုက်သည်။
ရှဲ့ဖင်းကန်းသည် အိမ်ရှေ့စံမင်းသားအားတွေ့သည်နှင့် ဘေးဘယ်ညာကြည့်လိုက်ပေမဲ့ ဆရာမမော့အား မတွေ့ခဲ့။ “အရှင့်သား၊ အဲ့ဆရာမမော့က တကယ်ကိုပဟေဠိဆန်တာပဲ၊ ခုနက ကျွန်တော် ကြမ္မာဥယျာဉ်ဆီသွားခဲ့သေးတယ် သူ့ကို မတွေ့လာခဲ့ဘူး။ မကောင်းဆိုးဝါးဝိဉာဉ်ဖမ်းဖို့
ဆို သူ့ကိုပါခါ်သွားရင် ပိုကောင်းမှာကို”
“ဆရာမမော့က နတ်ဆိုးတွေနဲ့မိစ္ဆာတွေကို သတ်နေရတာလေ၊ ဘယ်လိုလုပ်ပြီး နေ့ရက်တိုင်းအားနေမှာလဲ” ကျောက်ရွှမ်ကျင်းသည် ရှဲ့ချောင်ဆီမှ ပေါက်တတ်ကရစကားများကိုလည်း ပြောတတ်ဖို့သင်ယူထားတဲ့ပုံပင်။
သို့သော် ရှဲ့ဖင်းကန်းသည် မော့ချူးရှန်း၏ အရည်အချင်းကိုမြင်ထားဖူးသည်ဖြစ်ရာ ခေါင်းညိတ်၍ “ဟုတ်သားပဲ၊ ဆရာမက ကျွန်တော့ညီမလို ပတ်ပြေးဖို့တောင်အရည်အချင်းမရှိဘဲ အပူအပင်ကင်းကင်းနေနေတဲ့သူမှ မဟုတ်တာ”
“ဝန်ကြီးရှဲ့ရဲ့… အမြင်အာရုံက ဆိုးနေတာပဲ”
ကျောက်ရွှမ်ကျင်း သူ့ကိုကြည့်ကာငတုံး
တစ်ယောက်လို့ ထင်လိုက်မိသည်။
ရှဲ့ဖင်းကန်း ကြောင်သွားရတော့သည်။
သူ့မျက်လုံးက ဘာဖြစ်နေလို့လဲ?
ရှဲ့ဖင်းကန်းသည် အမှုများကိုစုံစမ်းစစ်ဆေးနိုင်စွမ်းရှိ၏။ မှုခင်းစီရင်ရေးဌာနမှာဆိုလျှင် သူ့လက်ထဲကိုရောက်သွားသမျှ အမှုဟောင်းအားလုံး မြန်မြန်ဆန်ဆန် ဖြေရှင်းပြီးနိုင်သည်။ သူသည် အမှုစုံစမ်းရာ၌ ဝီရိယရှိကာ စေ့စပ်တိကျသည်။ သို့သော် ပြဿနာကြီးတစ်ခုတော့ရှိနေ၏။
အမှုနှင့်သက်ဆိုင်သည့်ကိစ္စသာမဟုတ်လျှင် သူ့ဦးနှောက်မှာ မြည်းတစ်ကောင်အကန်ခံထားရ
သည့်အလား၊ အသုံးမကျပေ။
တစ်နည်းဆိုရင်လျှင် ရှဲ့ဖင်းကန်းရဲ့စိတ်က ရုံးအလုပ်များကိုသာအာရုံစိုက်သည်။ အိမ်မှာဖြစ်လေ့ဖြစ်ထရှိသည့် အသေးအမွှားကိစ္စများကို မစဉ်းစားကြည့်ချင်။ ထိုအချက်က ပြဿနာဖြစ်နေလေသည်။
ကျောက်ရွှမ်ကျင်းလည်း များများစားစားပြောမနေတော့ဘဲ မြင်းစီး၍ ထွက်သွားခဲ့သည်။
ဝမ်လန်ချန်း၏ မြင်းစီးအတတ်မှာ သာမန်သာဖြစ်ပြီး အိမ်ရှေ့စံမင်းသား၏ အရှိန်ကိုအမှီမလိုက်နိုင်ခဲ့။ တုန်ခါမှုကြောင့် မူးနောက်နောက်ပင်ဖြစ်လာပြီး ခုနကစားလာခဲ့သည့် အစာများပင် ပြန်အန်ထွက်လုနီးနီး။
…
ဖုန်ယင်းယင်းနှင့် ယွီရှန်းတို့နှစ်ယောက်သားသည် အနွေးဓာတ်ရရန်အတွက် ပူးကပ်ပြီးနေနေကြ၏။
မြင်းလှည်းမောင်းသမားသည် အသက်၅၀အရွယ်ရောက်နေပြီဖြစ်ပေမဲ့ ဘယ်လိုပဲနေနေ ယောကျာ်းသားတစ်ယောင်ပင်မို့၊ အဝေးတစ်နေရာမှာ နေနေခဲ့သည်။ မြင်းလှည်း၏တစ်ဖက်ခြမ်းတွင်သာ ဣန္ဒြေရရနေခဲ့ပြီး ရှိလို့ရှိနေမှန်းတောင် မသိရ။
ထိုအချိန် ဝောာထဲ၌ ချမ်းစိမ့်စရာ လေအေးများဖြင့် ပြည့်နေလေပြီး လူတစ်ယောက်အား ခေါင်းကိုက်သွားစေနိုင်သည်။
“နေ့ခင်းတုန်းက ဒီလောက်လေမပြင်းဘူးလားလို့” မြင်းလှည်းလှုပ်ယမ်းနေတာကို ယွီရှန်းခံစားမိလိုက်၏။
ရှဲ့ချောင် သူမခေါင်းပေါ်က အနက်ရောင်စွမ်းအင်များနှင့် ပွဲတော်တစ်ခုကျင်းပနေသည့်အလားစုဝေးဝေသည့် မကောင်းဆိုးဝါးဝိဉာဉ်အုပ်လိုက်ကြီးကို မော့ကြည့်လိုက်သည်။ သူမ သတ္တိမွေး၍ “ဘာမှမဟုတ်ဘူး၊ နွေရာသီဆို ရာသီဥတုကပြောင်းလဲနေတတ်တာ၊ ပုံမှန်ပါပဲ”
“ဒီနေ့ ကောင်းကင်မှာ ကြယ်တစ်လုံးတောင်ရှိမနေဘူးပဲ” ယွီရှန်း သက်ပြင်းချလိုက်သည်။ “မည်းမှောင်နေလိုက်တာများ အရပ်မျက်နှာတောင် ပြောဖို့ခက်တယ်။ ငါတို့ ဒီညတကယ်ဂရုစိုက်မှ ဖြစ်မယ်.. မီးလည်းမရှိတော့.. မြွေတစ်ကောင်လာနေရင်တောင် မြင်ရမှာမဟုတ်ဘူး”
သူတို့ အစောပိုင်းကမီးမွှေးသေးပေမဲ့ လေကပြင်းလွန်းနေသည်။ မျက်စိတစ်မှိတ်အတွင်း မီးငြိမ်းသွားရုံတင်မဟုတ် သူတို့ရဲ့မျက်နှာများပါ မီးခိုးငွေ့တွေစင်သွားသေးသည်။
ပုံမှန်ဆို ရှဲ့ချောင် မကောင်းဆိုးဝါးဝိဉာဉ်တွေကို တန်းပြီး ဖမ်းပစ်လို့ရနိုင်သည်။
သို့သော် ဒီနေရာမှာ မကောင်းဆိုးဝါးဝိဉာဉ်ဘယ်လောက်ရှိနေလဲဆိုတာ မသချောတာကြောင့် သူမ ကောင်းကောင်းမပြင်ဆင်ထားရ၊ ခြေချော်လက်ချော်သာဖြစ်သွားလျှင် ဒုက္ခရောက်လိမ့်မည်ပေ။
ဒါတင်မက ထိုမကောင်းဆိုးဝါးဝိဉာဉ်များ တစ်စု
တစ်ဝေးတည်းရှိနေသည်မှာလည်း နည်းနည်းတော့ ထူးဆန်း၏။ သူမ အကြောင်းအရင်းကို အရင်ရှာရလိမ့်မည်။
“ငါတို့ လမ်းကြောင်းရှာနေရင်းနဲ့ ဆေးဖက်ဝင် အမှုန့်တွေ ဖြူးထားခဲ့တယ်၊ မြွေတို့ အင်းဆက်တို့ ကြွက်တို့ လာမှမဟုတ်ဘူး” ရှဲ့ချောင် နှစ်သိမ့်ပေးလိုက်၏။
ထိုစကားကြောင့် ယွီရှန်းစိတ်သက်သာရာရသွားခဲ့သည်။
“စိုးရိမ်စရာတော့ မရှိပါဘူး၊ လေနည်းနည်းကြမ်းနေတော့ ငါတို့ ခဏခဏနိုးနေလိမ့်မယ်၊ နင် စိတ်ပူတယ်ဆိုရင် မြင်းလှည်းကို ထောက်ထားလို့ရအောင် သစ်ကိုင်းတွေသွားရှာလိုက်မယ်, အဲဒါဆို လှည်းထဲမှာ နေလို့ရပြီ”
လေပြင်းတိုက်ခတ်နေသည့်အတွက် မြင်းလှည်းမှာ ခါယမ်းနေခဲ့၏။- လှည်း ပြုတ်ထွက်သွားမည်ကိုကြောက်ပြီး အထဲမဝင်ရဲကြချေ။
•••••
အခန်း ၈၃၅။ နင်က ကျမ်းစာရွတ် ငါက ကမယ်
ယွီရှန်းက ပြောရုံတင်မဟုတ် ချက်ချင်းမတ်တပ်ထရပ်လိုက်၏။
ရှဲ့ချောင်က သူမလက်မောင်းကိုလှမ်းဆွဲ၍ မြေကြီးပေါ်ပြန်ဆွဲချလိုက်သည်။ “ဘယ်ကိုမှမသွားနဲ့ အခုကစပြီး ဒီမှာပဲနေ”
ယွီရှန်းသာ နေရာကနေမရွေ့ဘဲ မကောင်းဆိုးဝါးဝိဉာဉ်ရှာတွေ့တာမခံရဘူးဆိုလျှင် ဒီနေ့ည သူမသိပ်ပြီးခံစားရလိမ့်မည်မဟုတ်။
“အင်း..” ရှဲ့ချောင်ဆိုလိုချင်တာကို ယွီရှန်းနားမလည်ပေမဲ့ သူမပြောတာကိုနားထောင်ဖို့ဆုံးဖြတ်ခဲ့သည်။
သူတို့သုံးယောက်းသည် ထူထူထဲထဲဝတ်မလာကြသည့်တိုင် မြင်းလှည်းထဲ၌ စောင်အပိုတစ်ထည်ရှိနေလေရာ လေပြင်းနေတာတောင် မအေးခဲ့။
ရှဲ့ချောင် ဘေးပတ်ဝန်းကျင်ကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။
သူမကြည့်ရသလောက် မကောင်းဆိုးဝါးဝိဉာဉ်များမှာ အကောင်၂၀ထက်မနည်း။ ဟိုဟိုဒီဒီပျံသန်းသွားလာနေကြသည့် မကောင်းဆိုးဝါးဝိဉာဉ်မျိုးစုံရှိ၏။ မကောင်းဆိုးဝါးဝိဉာဉ်များရဲ့ စွမ်းရည်ကို ပိုပြီးရှင်းရှင်းလင်းလင်းခံစားလာရတာကြောင့် သူတို့လွင့်မျောသွားသည့်အခါတိုင်း သူမ သက်တောင့်သက်သာမရှိသလိုခံစားရသည်။
တရှဲရှဲ မြည်သံများကို တစ်ချိန်လုံးကြားနေရသည်။
လေသံလား ဒါမှမဟုတ် အခြားတစ်ခုပဲလားဆိုတာ သူမကိုယ်တိုင်ပင်မပြောနိုင်တော့။
“တောထဲမှာ တောရိုင်းတိရစ္ဆာန်တစ်ကောင်ရှိနေတယ်လို့ အာရုံရနေပေမဲ့ လေသံက ကျယ်လွန်းတော့ ဘာမှန်းသေချာမသိဘူးရယ်” ယွီရှန်းမျက်မှောင်ကြုတ်နေသည်။
မြို့တော်ကိုလာတဲ့အချိန်က တောရိုင်းတိရစ္ဆာန်တစ်ကောင်နှင့် ကြုံခဲ့ပေမဲ့ တောဝက်ထီးတစ်ကောင်သာဖြစ်သည်။ ထိုအချိန်က သူမ အမြန်ပြေးခဲ့ပြီး ချွန်ထက်တဲ့လက်နက်မျိူးလည်း ပါမလာသည့်အတွက် ထိုတောဝက်ထီးကို ဘာမှမလုပ်ခဲ့ရ။
အခု ရှဲ့ချောင်မှာ ဓားမြှောင်တစ်ချောင်းအပြင် ဒူးလေးပါရှိနေ၏။
တောဝက်ထီးသာဆိုလို့ကတော့ သူမကိုင်တွယ်နိုင်လောက်သည်။
သို့သော် ပတ်ဝန်းကျင်က အနည်းငယ် မှောင်နေ၍…
ဒီနေ့က လဆန်းအစပိုင်းလည်းမဟုတ်သလို လဆုတ်နောက်ဆုံးရက်လည်းမဟုတ်။ ယေဘုယျကျကျပြောရလျှင် လရောင်တချို့တော့ရှိသင့်သော်လည်း တိမ်ထူနေသဖြင့် လကိုဖုံးနေခဲ့သည်။ မှောင်လွန်းတာကြောင့် ကိုယ်ရဲ့လက်ချောင်းကိုတောင် ပြန်မမြင်ချေ။
အသံတွေက…
တဖြည်းဖြည်းပိုနီးလာတယ်..
ခွက်.. ခွက်..
အသံကခြေလှမ်းသံပမာ စည်းချက်ကျနေသလို.. တောကို စုတ်ဖြဲနေသည့်အသံလိုမျိုး…
ယွီရှန်းသည်လက်တစ်ဖက်ဖြင့် တစ်စုံတစ်ယောက်ကိုကာကွယ်ထားပြီး မလှမ်းမကမ်းမှာရှိတဲ့နေရာတစ်ခုကို မမှိတ်သုန်မှုန်စိုက်ကြည့်ကာ ရှင်းရှင်းလင်းလင်းမြင်နိုင်ဖို့ကြိုးစားနေ၏။
သူမ အချိန်မီမတုံ့ပြန်လိုက်နိုင်မှာကိုစိုးရိမ်တာကြောင့် နောက်လက်တစ်ဖက်ကနေ ဓားမြှောင်ကိုကိုင်ထားလိုက်ရာ စစ်ပွဲအတွက်အသင့်ဖြစ်နေသည့် စစ်သည်တစ်ယောက်နှင့်ပင် တူနေလေသည်။
သူမကို မကောင်းဆိုးဝါးဝိဉာဉ်တစ်ကောင်ကိုစောင့်ကြည့်နေသလိုမျိုး ရှဲ့ချောင်ခံစားမိနေသည်။
“ငါ အသံတစ်ခုကြားလိုက်တယ်, ဒါပေမဲ့…” ဘာမှရှိမနေခဲ့။
ယွီရှန်းလည်း ခြောက်ခြားစရာကောင်းလွန်နေသည်ဟု ခံစားမိနေ၏။ ရန်သူတွေ အနားမှာဝိုင်းနေပေမဲ့ သူတို့ကို မမြင်ရခဲ့။ တစ်ဖက်ကနေ ရုတ်တရက်ကြီး သူမဆီ ပြေးဝင်လာမှာကို စိတ်ပူနေခဲ့သည်
တကယ်ကို အဆင်ပြေမနေ..
“အဲဒါ မကောင်းဆိုးဝါးဝိဉာဉ်တစ်ကောင်” ရှဲ့ချောင်အမှန်အတိုင်းပြောပြလိုက်သည်။
“နင် ခုနကြားလိုက်တဲ့အသံက သူ့ပါးစပ်ကနေ အရိုးဝါးနေတာ”
ဘယ်လိုအရိုးမျိုးလဲဆိုတာတော့ သူမ မသိ။
ဖုန်ယင်းယင်း ကြက်သီးထသွားခဲ့သည်။
ယွီရှန်း မနေနိုင်ဘဲကျိန်ဆဲလိုက်မိ၏။
“ဆိုတော့ မမြင်ရတဲ့အရာပေါ့။ အဲဒါကြောင့်
ကြောက်စရာကောင်းနေတာကိုး၊ သေပြီးနေတာတောင် အပြင်ထွက်လာပြီး တခြားသူတွေကို ရန်စရဲနေတုန်း, ဆရာမဆီကနေ ဖမ်းတာခံရပြီး လေထဲမပျောက်သွားအောင်သာ ဂရုစိုက်စမ်းပါ”
သူမ လုံးဝမကြောက်။
သူမက အသက်ရှင်နေတဲ့သူ၊ တစ်ဖက်က သေပြီးသားလူလေ.. သူမလောက်တောင်မကောင်းဘဲနဲ့များ!
ရှဲ့ချောင်ရဲ့လက်တို့တုန်ယင်နေခဲ့ကာ “နှလုံးသားသန့်စင်ခြင်းကျမ်းစာ “ကိုရွတ်လိုက်၏။
ယွီရှန်းနားမလည်ခဲ့။
နတ်ဘုရား, ဘုရားသခင်၊ အတိတ်နမိတ်ဆိုးစတဲ့ ဗလုံးဗထွေးရေရွတ်နေခြင်းကိုသာ ကြားနေရသည်။ စကားလုံးတစ်လုံးလေးကိုတောင် နားမလည်နိုင်ခဲ့ချေ။
“ငါရဲ့ ဇာတိမြို့မှာတုန်းက မန္တာန်တွေ ဘာတွေရွတ်တဲ့ စုန်းမတစ်ယောက်ရှိတယ်, သူက အဲ့လိုတွေရွတ်တဲ့အပြင်ကို မကောင်းဆိုးဝါးနှင်တဲ့အကတွေလည်း ကသေးတယ်… ငါ ငယ်ငယ်တုန်းက သူ့ဆီကနေ တိတ်တိတ်လေးကြည့်ပြီးသင်ထားတာ.. ငါ လုပ်ကြည့်ရင်ရော..?” ဖုန်ယင်းယင်းမှာ အနည်းငယ်ချီတုံချတုံဖြစ်နေခဲ့သည်။
သူမ အသက်ငါးနှစ်ခြောက်နှစ်အရွယ်က သူမတို့နယ်မြေကလူတွေနဲ့ကစားခဲ့ပြီး ထိုစုန်းမ မကောင်းဆိုးဝါးနှင်နေတဲ့ပုံကို ခိုးကြည့်ခဲ့ကြသည်။
ရှဲ့ချောင် ဖုန်ယင်းယင်းပြောတာကြားလိုက်ပေမဲ့ မန္တန်ရွတ်နေတဲ့အတွက် အာရုံလွင့်သွားလို့မဖြစ်။
မကောင်းဆိုးဝါးဝိဉာဉ်တွေက သူမကိုရှာတွေ့သွားပြီဖြစ်လို့ သူတို့ကို အဝေးနှင်ထုတ်ပြီး သူမနားမကပ်ရဲအောင် လုပ်ရလိမ့်မည်။
“ဒါဆို … စမ်းကြည့်ရင်ရော” ယွီရှန်း ခဏလောက်စဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။
အသုံးဝင်တာပဲဖြစ်ဖြစ်၊ မဝင်တာပဲဖြစ်ဖြစ် ဖုန်ယင်းယင်းအဲ့လိုလုပ်တာနဲ့ နည်းနည်းတော့ စိတ်အဆင်ပြေသွားမယ်ဟုတ်?
•••••
အခန်း ၈၃၆။ ပုံစံတူလိုက်လုပ်ခြင်း
ဖုန်ယင်းယင်း မတ်တပ်ထရပ်လိုက်သည်။ သူမ မြင်ခဲ့ဖူးသည့် ကကွက်ခြေလှမ်းများကို ပြန်မြင်ယောင်ကြည့်၍ စပြီး ကတော့သည် ။
ယွီရှန်း မျက်လုံးပြူးသွားရသည်။
သူမ ထင်ထားသည်က..
အကဆိုတာ အင်မတန်လှပတဲ့အရာ ဖုန်ယင်းယင်းသည်လည်း မိန်းမလှလေးတစ်ယောက်ဖြစ်တာမို့ သူမ ရဲ့ကကွက်တွေက မျက်စိပသာဒဖြစ်လောက်လိမ့်မယ်ဟု..
သို့သော် သူမစိတ်ကူးထားတာနှင့် လုံးဝကိုကွာခြားနေလေသည်။
ဖုန်ယင်းယင်း ရှေ့ကို ခြေတစ်လှမ်းလိုက်တိုင်း သူမရဲ့လှုပ်ရှားဟန်တွေက အမျိုးသားတစ်ယောက်အလား လွန်လွန်ကြူးကြူးဖြစ်နေ၏။ သူမ လက်တို့ စက်ဝိုင်းခြမ်းသဏ္ဍာန်ကွေးနေသည့်ဟန်ကလည်း ယွီရှန်းငယ်စဉ်ကနေခဲ့သည့် ရေတပ်စခန်းက အရက်မူးနေတဲ့စစ်သည်များပမာ။
“ဒါက… မကောင်းတဲ့ဝိဉာဉ်တွေကို တကယ်နှင်ထုတ်နိုင်တယ်မလား”
ယွီရှန်းမရေမရာဖြစ်နေခဲ့သည် ။
အဲ့ဒီကကွက်တွေက ညအမှောင်ထဲမှာ ပိုလို့တောင် ကြောက်စရာကောင်းနေလေသည်။
“ငါလည်းမသိဘူး, စုန်းမကတော့ ဒီလိုကသွားတာပဲ.. တကယ်လို့ အလုပ်မဖြစ်ဘူးဆိုရင်လည်း .. ဆရာယွီ ကျမ်းဂန်တွေရွတ်နိုင်လား”
“သောက်သဲ့ချင်း ဒါမှမဟုတ် စိန်ဓမ္မကျမ်းစာ, ငါ အဲ့နှစ်ခုပဲသိတယ်” ယွီရှန်း အတော်လေးရှက်သွားခဲ့သည်။
အစကဆိုလျှင် သူမထိုအရာတွေကို ဘယ်လိုရွတ်ရမယ်မှန်းမသိခဲ့၊ သို့သော် သူမ အဖိုးအဖွားတွေ၊ ဦးလေးတွေရဲ့ သုံးနှစ်တာ အုပ်ထိန်းမှုအောက်၌ ခြံဝန်းထဲနေတောင်ထွက်ခွင့်မရခဲ့။ သူမအား ပန်းထိုးခြင်းအတတ်ကို အတင်းအကျပ်သင်ကြားစေခဲ့ပြီးအမျိုးသမီးများအတွက် သင်ခန်းစာများကိုလည်း ဖတ်ခိုင်းသလို ကျမ်းဂန်
များကိုကူးရေးပြီး ဆုတောင်းရသည်များလည်း ရှိသည်။
“ရတယ်, ရှဲ့သခင်မလေးက တာအိုကျမ်းဂန်တွေ ရွတ်နေတာဆိုတော့ နင်က သောက်သဲ့ချင်း ကိုရွတ်လိုက်လေ၊ အဲဒါဆိုပိုကောင်းလိမ့်မယ်”
ဖုန်ယင်းယင်း အကြံပြုလိုက်သည်။
ယွီရှန်းခေါင်းညိတ်လိုက်သည်။
သူမ တင်ပျဉ်ခွေထိုင်နေတဲ့ရှဲ့ချောင်ကို လှမ်းကြည့်ပြီး မသိမသာ သူမအတိုင်းလိုက်လုပ်လေသည်။
သူမ ရှဲ့ချောင်ထိုင်နေသည့် ကိုယ်နေဟန်ထားအတိုင်းလိုက်လုပ်ခဲ့၏။ သူမ ဒွိဟဖြစ်နေပြီး ရှဲ့
ချောင်ရဲ့လက်ချောင်းတို့ကို ကြည့်နေခဲ့သည်။
“ ရှဲ့သခင်မလေး၊ နင့်ရဲလက်တွေက ခေါက်ဆွဲနဲ့လုပ်ထားတာလား၊ နူးညံ့နေတာပဲ၊ ငါ လိုက်မလုပ်နိုင်ဘူး”
သူမရဲ့လက်ချောင်းတို့က ရောယှက်နေကြပြီး ဖော်ပြလို့မရတဲ့အလှတစ်မျိုးရှိနေ၏။
ခြိမ်းခြောက်နိုင်စွမ်းရှိသည့် အလှမျိုး။
ယွီရှန်း လက်လျှော့လိုက်ပြီး ဂါထာမန္တာန်များကိုသာ လိမ်လိမ်မာမာနှင့်စပြီး ရွတ်ဆိုတော့သည်။
ရှဲ့ချောင် သူမဘေးနားကလူနှစ်ယောက်ရဲ့ပြောနေတဲ့စကားတွေကို နားထောင်ပြီး ယိုင်လဲလုမတတ်ဖြစ်သွားရသည်။
ကံကောင်းလို့ ထိုနှစ်ယောက် ဆွေးနွေးပြီးတဲ့နောက် ပေါက်တတ်ကရတွေ လျှောက်မပြောတော့၍သာ။ မဟုတ်လျှင် သူမဆက်ပြီး ဂါထာရွတ်နေနိုင်လိမ့်တော့မည်မဟုတ်။
ရှဲ့ချောင် ဂါထာရွတ်နေသည့်အချိန်၌ သူတို့ကိုချဉ်းကပ်ဖို့ကြိုးစားနေသည့် မကောင်းဆိုးဝိဉာဉ်သည် အကြောက်တရားများဖြင့် သူတို့ရှိရာဘက်ကို ကြည့်နေခဲ့ကာအနားကို ကပ်မလာရဲခဲ့။
သို့သော် အခုသူတို့ကို သတိထားမိသွားပြီဖြစ်၍
ဂါထာရွတ်ဖတ်ခြင်းကြောင့်ရုတ်တရက်ပေါ်လာသည့် ထူးခြားတဲ့အရှိန်အဝါသည် တခြားသောဝိဉာဉ်များကိုလည်း တဖြည်းဖြည်းချင်းဆွဲဆောင်နေခဲ့လေသည်။
သူတို့ စပြီး ပျံသန်းလာကြသည်။
သေခြင်းတရားထဲဖိနှိပ်ခံရသည့်ဗုံသံများအလား တချွတ်ချွတ်မြည်နေသည့် သစ်ရွက်တို့၏ အသံက လူကို မသက်မသာဖြစ်စေခဲ့သည်။
“အဲ့သုံးယောက်က ငါတို့နောက်ကို နေ့ခင်းကတည်းကလိုက်နေတာ” အုပ်စုထဲက မကောင်းဆိုးဝါးဝိဉာဉ်တစ်ကောင်ကညခုန်ထွက်လာပြီး ရှဲ့ချောင်တို့ကို လက်ညှိုးထိုးပြီး ပြောလေသည်။
ထိုမကောင်းဆိုးဝါးဝိဉာဉ်များသည် ရှဲ့ချောင်ရဲ့အနား၌ ပတ်ပတ်လည်ဝိုင်းပတ်လို့နေ၏။
လက်မောင်းတစ်ဖက်က မြွေတစ်ကောင်
ပမာ တဖြည်းဖြည်းချင်းစီချဉ်းကပ်လာခဲ့သည်။
ရှဲ့ချောင်နားကို ကပ်လာခဲ့ရင်း…
မဝံ့မရဲနှင့် ထိကြည့်လေသည်။
ထို့နောက် ရုတ်ချည်းဆိုသလိုပျောက်ကွယ်သွားလိုက်ရသည်။
ဆရာမရဲ့ အဆောင်စာရွက်များနှင့် ဂါထာမန္တန်များက ပေါ့သေးသေးမဟုတ်။
“ ငါ့လက်မောင်းမရှိတော့ဘူး…” ထို မကောင်းဆိုးဝါးဝိဉာဉ်သည် ဒေါသထွက်သွားကာ ရှဲ့ချောင်အား တရပ်စပ်ပြောဆိုတော့သည်။
“ ငါ့ရဲ့လက်ကို ပြန်ပေး… ငါ့လက်, ငါ့လက်!!”
ရှဲ့ချောင် မကြားချင်ယောင်သာဆောင်နေခဲ့သည်။
“ငါတို့ အော်နေလည်း အလကားပဲ, ဒီတစ်ယောက်ရဲ့ အဆောင်စာရွက်က တော်တော်အစွမ်းထက်တယ်၊ ဝိဉာဉ်တွေကိုဖမ်းတဲ့ဆရာဖြစ်လောက်တယ်.”
“ဒါပေမဲ့ တာအိုဆရာတစ်ယောက်နဲ့လည်း တူမနေဘူး!”
“ငါတို့ အခုဘာလုပ်ကြမလဲ”
“ငါတို့ အနားမကပ်နိုင်ရင်တောင်, သက်ရှိတွေအတွက်ကတော့ …., ကျစ် ကျစ်..”
မကောင်းဆိုးဝါးဝိဉာဉ်အုပ်စုဟာ အန္တရာယ်ပြုတော့မည့်အရိပ်အယောင်များနှင့် ပြုံးဖြဲဖြဲလုပ်နေကြကာ လင်းနို့များသည်လည်း လေထဲတွင် ဝဲနေကြလျက်။
“ဒီနားတစ်ဝိုက်က ပိုပြီးမည်းမှောင်လာသလိုပဲ”
ယွီရှန်း သောကရောက်နေ၏။ ခုနလေးတင် နှစ်မီတာ သုံးမီတာလောက်မြင်နေရသေးပေမဲ့ အခု ဖုန်ယင်းယင်းရဲ့မျက်နှာကိုတောင် ရှင်းရှင်းလင်းလင်း မမြင်ရတော့။
ရှဲ့ချောင် ဂါထာရွတ်နေတာ ရပ်တန့်သွားခဲ့သည်။
•••••