← Chapters

အခန်း (၉၁၈-၉၁၉)

Vol. 53 Ch. 918-919

အခန်း (၉၁၈-၉၁၉)

Vol. 53 Ch. 918-919

Chapter 918

နတ်ဘုရားဖန်တီးမှု ၃

လင်းရှန် ခေါင်းငြိမ့်လိုက်သည်။ အဖြူရောင်မြို့တော်၏ ဥမင်ထဲတွင် တွေ့ခဲ့ရသည့် အဖွဲ့သားများကို အမှတ်အသားမပြုဘဲ လျင်မြန်စွာ ဆုတ်ခွာသွားသော အဖြူရောင်ပုံရိပ်အကြောင်းကို ကီကီ ရည်ညွှန်းနေခြင်းဖြစ်ကြောင်း သူသိသည်။ ဤအပြုအမူမှာ ထူးဆန်းသည့်သတ္တဝါများ၏ ပုံစံနှင့် လုံးဝကွဲပြားနေသည်။

“လင်းရှန်”

ထိုစဉ် အထက်မှ ရူဂျီက တင်းကျန်းရီ၊ ရှောင်ယွမ်တို့နှင့်အတူ ရောက်ရှိလာသည်။ သွေးနွယ်ပင်ထည့်ထားသည့် မှန်ခန်းကို ကိုင်ထားသော တင်းကျန်းရီက လင်းရှန်ကို ပြောလိုက်သည်။

“အဲဒါက ရေအောက်မှာ”

“ငါ သွားကြည့်လိုက်မယ်”

“နေဦး”

လင်းရှန်က ရူဂျီကို တားလိုက်ပြီး စင်အောက်ရှိ မှောင်မည်းနေသော ရေပြင်ကို ကြည့်ကာ ပြောလိုက်သည်။

“မြူတွေက တအားထူလွန်းတယ်… ရေအောက်က မလုံခြုံဘူး။ ဗိုင်အိုလာ… ရေအောက်ဒရုန်း (၁၀) စင်းလောက်လွှတ်ပြီး ရှာကြည့်လိုက်”

[လက်ခံရရှိပါပြီ]

ဝူး

ခဏအတွင်းမှာပင် လင်းရှန် ဆင့်ခေါ်လိုက်သော အဝါရောင် ရေအောက်ဒရုန်း (၁၀) စင်းက ရေနက်ပိုင်းအတွင်းသို့ လျင်မြန်စွာ ဆင်းသွားကြသည်။ ဗိုင်အိုလာ၏ ထိန်းချုပ်မှုအောက်တွင် ဒရုန်းများက မီးများဖွင့်ကာ ရှာဖွေရေး စတင်လိုက်သည်။

ကီကီသည် ရေနက်ထဲသို့ ဆက်တိုက်ဆင်းသွားသော ဒရုန်းများကို ကြည့်ရင်း ပြောလိုက်သည်။

“အဲဒီအရာက ကျွန်မတို့ကိုလည်း မတိုက်ခိုက်ဘူး၊၊ လိုက်တော့လည်း ချက်ချင်းပြေးသွားတယ်။ ဒါ ထူးဆန်းတဲ့ သတ္တဝါတွေရဲ့ ကင်းထောက်များလား”

သူမက လင်းရှန်ကို ကြည့်ကာ ဆက်ပြောသည်။

“စီလန်မြို့က ပင်လယ်ဖြူကောင်ဆိုတာလည်း တွင်းနက် အမှတ် ၅ အုပ်စိုးသူရဲ့ ကင်းထောက်မဟုတ်ဘူးလား”

“ဖြစ်နိုင်တယ်”

ချီလီက ခေါင်းငြိမ့်သည်၊၊

“မွန်းစတားတွေက အဖွဲ့အစည်းနဲ့ လှုပ်ရှားလာတာဆိုတော့ ငါတို့က သူတို့ရဲ့ ရေဒါထဲ ရောက်နေပြီဆိုတဲ့ သဘောပဲ”

ချန်ဆီရွှမ်က သတိကြီးသော အမူယာဖြင့် “ဒါပေမဲ့ စီလန်မြို့က ပင်လယ်ဖြူကောင်ရဲ့ ရည်ရွယ်ချက်က မြို့တစ်မြို့လုံးကို အဆင့် (၅) အဖြစ် အမှတ်အသားလုပ်ဖို့လေ။ အမှောင်သတ္တဝါတွေက အမှတ်အသားကတစ်ဆင့် ပစ်မှတ်ကို ရှာတာဆိုရင် ကျွန်မတို့ကို ဘာလို့ အဆင့် (၁) အမှတ်အသားတောင် မလုပ်တာလဲ”

“ဘာပဲဖြစ်ဖြစ်… ဒီအရာက ကမ္ဘာမြေက မဟုတ်တာတော့ သေချာတယ်”

လင်းရှန်က ရှီဇီကို ကြည့်လိုက်သည်၊၊

“ရှီဇီ… မင်း အရင်က တိတ်ဆိတ်ခြင်းမြို့တော်မှာ ဒီလိုမျိုး ကြုံဖူးလား”

ရှီဇီက ခေါင်းခါပြလိုက်ပြီး အတန်ကြာမှ ပြန်လည်ခေါင်းငြိမ့်ပြသည်။

“အခြေအနေက အနည်းငယ် ကွဲပြားပေမဲ့ ကြုံဖူးပါတယ်။ အဲဒီမွန်းစတားတွေက လူမြင်တာနဲ့ ထွက်ပြေးတတ်လို့ ကျွန်မတို့လည်း နောက်က လိုက်မကြည့်ဖြစ်ခဲ့ဘူး...”

[ပစ်မှတ်ကို တွေ့ရှိပါပြီ]

ထိုစဉ် ဗိုင်အိုလာထံမှ အချက်ပေးသံ ထွက်ပေါ်လာသည်။

[ရေအောက်အနက် မီတာ ၁၂၁ မှာ ထူးဆန်းသည့်သတ္တဝါတွေရဲ့ ပြင်းထန်တဲ့ လှုပ်ရှားမှုကို ဒရုန်းတွေက ဖမ်းမိထားပါတယ်။ သတိထားပြီး ဆောင်ရွက်ပါ]

ဗိုင်အိုလာ၏ စကားကြောင့် အားလုံး တင်းမာသွားကြသည်။ လင်းရှန်က အလျင်အမြန် မေးလိုက်သည်။

“စောစောက အကောင်လား”

[မဟုတ်ပါဘူး။ ဒရုန်းတွေက မီတာ ၅၀ ထက်ကြီးတဲ့ ဂြိုဟ်သား ပင်လယ်နက်သတ္တဝါ အမြောက်အမြားကို စကင်ဖတ်မိတာပါ။ လောလောဆယ်တော့ သူတို့ဘက်က ဘာနှောင့်ယှက်မှုမှ မရှိသေးပါဘူး]

“နှောင့်ယှက်မှုမရှိဘူးဆိုတာ ဘာကိုဆိုလိုတာလဲ… ငါတို့ဆီ ချဉ်းကပ်မလာတာလား”

ဗိုင်အိုလာက လှည့်လိုက်ပြီး ရေအောက်ပုံရိပ်များကို ဟိုလိုဂရမ်ဖြင့် လင်းရှန်တို့ကို ပြသလိုက်သည်။

[မဟုတ်ပါဘူး။ ဒီသတ္တဝါတွေက ကျွန်မတို့ကို သတိမပြုမိသေးတဲ့ ပုံစံပါပဲ]

လင်းရှန်နှင့် အခြားသူများ လှမ်းကြည့်လိုက်သောအခါ ၎င်းတို့၏ မျက်နှာများ ချက်ချင်း ပျက်သွားပြီး ဦးနှောက်ထဲအထိ စိမ့်တက်သွားသော ထိတ်လန့်မှုကို ခံစားလိုက်ရသည်။

မှောင်မည်းနေသော သမုဒ္ဒရာအောက်ခြေတွင် ပြည်ကြီးငါးကဲ့သို့ လက်တံများစွာ ပါရှိပြီး လူသားပုံစံ ကိုယ်ထည်ရှိသော ထူးဆန်းသည့် သတ္တဝါပေါင်းများစွာမှာ ရေနက်ပိုင်းတွင် ချောက်ချားဖွယ်ရာ မျောပါနေကြသည်။ ၎င်းတို့၏ ဦးခေါင်းများမှာ အကြည်ရောင် ငါးတစ်မျိုးနှင့် တူနေသည်။ ထောင်နှင့်ချီသော ထိုသတ္တဝါများမှာ ရေစီးကြောင်းအတိုင်း လုံးဝမလှုပ်မယှက်ဘဲ ငြိမ်သက်စွာ မျောပါနေကြသည်မှာ ပင်လယ်နက်ထဲမှ ပြောင်းပြန်ပေါက်နေသော သစ်တောကြီးတစ်ခုနှင့်ပင် တူနေသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အားလုံးမှာ အသက်ရှူမှားသွားကြပြီး ကြက်သီးတဖြန်းဖြန်း ထသွားကြသည်။

“ဒီလောက်အများကြီးလား...”

“သူတို့ အိပ်ပျော်နေတာလား၊၊ ဒါမှမဟုတ်...”

“အမှောင်ဒီရေ မရောက်သေးလို့ သူတို့ မလှုပ်ရှားသေးတာ ဖြစ်နိုင်တယ်”

တင်းကျန်းရီက မှတ်ချက်ချသည်။

“ဒါမှမဟုတ် ကျွန်မတို့မှာ အမှောင်အမှတ်အသားမရှိလို့ သူတို့ မသိသေးတာလည်း ဖြစ်နိုင်တယ်”

“ဒါရိုက်တာတင်း”

ထိုစဉ် ရှောင်ယွမ်က သူမလက်ထဲရှိ မှန်ခန်းကို ညွှန်ပြကာ ပြောလိုက်သည်။

“သွေးနွယ်ပင်က လှုပ်ရှားမှု ရပ်သွားပြီ”

တင်းကျန်းရီ ကြည့်လိုက်သောအခါ ဆက်တိုက်ကြီးထွားနေသော သွေးနွယ်ပင်မှာ ယခုအခါတွင်မူ ပြန်လည် တွန့်လိမ်ကျုံ့ဝင်သွားသည်ကို တွေ့လိုက်ရသည်။ သူမသည် လင်းရှန်ကို ချက်ချင်း လှမ်းကြည့်လိုက်သည်။

“ပျောက်သွားပြီ”

“ချက်ချင်း ထွက်ခွာရမယ်”

လင်းရှန်က အားလုံးကို အမြန်ပြောလိုက်သည်။

“လမ်းကြောင်းကို ရှင်းလိုက်ပြီ။ ဒီရေနက်ပိုင်းဆိပ်ကမ်းကနေ ထွက်ပြီး ပင်လယ်ကျောက်ဆောင်ကျွန်းဆီကို ဦးတည်ကြမယ်။ ဒီနေရာက တစ်ခုခု နိမိတ်မကောင်းသလို ခံစားရတယ်၊ ကျွန်းပေါ်ရောက်တာက ပိုဘေးကင်းလိမ့်မယ်”

အားလုံးက သဘောတူညီကြပြီး ထွက်ခွာရန် ပြင်ဆင်လိုက်ကြသည်။

လင်းရှန်သည် နန်ကျင်းနှင့် မီးတောက်တို့ကို အနန္တရထားပေါ်သို့ အမြန်ပြန်လာရန် ခေါ်လိုက်သည်။ အပြန်လမ်းတွင် သူသည် မပျက်စီးသေးသော တိုက်လေယာဉ်တစ်စင်းကို နောင်တွင် အသုံးချရန်အတွက် ကြယ်နက်ပန်းပဲဖိုအတွင်းသို့ သိမ်းဆည်းလိုက်သည်။

ကုန်တင်စင်္ကြံပလက်ဖောင်းသို့ အဝင်တွင် လင်းရှန်၏ ယန္တရားနှလုံးသားက ရုတ်တရက် ပြင်းထန်စွာ တုန်ခါလာပြီး အားကောင်းလှသော စွမ်းအင်စီးဆင်းမှုကြောင့် သူ လန့်သွားသည်။

“ဘာဖြစ်တာလဲ...”

လင်းရှန် ရပ်တန့်လိုက်ပြီး ရင်ဘတ်ကို ဖိထားလိုက်သည်။ ခဏအကြာတွင် ယန္တရားနှလုံးသားက ပြန်လည်တည်ငြိမ်သွားသော်လည်း စောစောက သူ၏ နှလုံးသားမှာ ထိန်းချုပ်မရအောင် စွမ်းအင်များ လွန်ကဲနေခဲ့သည်ကို သူ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။

ထိုအခိုက်တွင် လင်းရှန် လှည့်ကြည့်လိုက်ရာ သတ္တုဖြင့် ပြုလုပ်ထားသော ကုန်တင်ပလက်ဖောင်းပေါ်ရှိ ပုပ်သိုးနေသော အလောင်းပုံကြားတွင် လက်ဝါးခန့်ရှိသော အက်ကြောင်းတစ်ခုကို တွေ့လိုက်ရသည်။ ၎င်းမှာ ချွန်ထက်သောအရာတစ်ခုဖြင့် ထိုးဖောက်ခံထားရသကဲ့သို့ရှိပြီး ထိုနေရာမှာ စောစောက ထူးဆန်းသော လူသားပုံစံ သတ္တဝါ ရပ်နေခဲ့သည့် နေရာပင် ဖြစ်သည်။

လင်းရှန်သည် စိတ်မသက်မသာဖြင့် ထိုနေရာသို့ လမ်းလျှောက်သွားလိုက်သည်။ သတ္တုမျက်နှာပြင်ပေါ်ရှိ ထိုအက်ကြောင်းမှာ ပြင်းထန်သော ဆွဲဆန့်မှုဒဏ်ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သူ၏ စွမ်းအားဝတ်စုံရှိ အာရုံခံကိရိယာများက ဖော်ပြနေသည်။ သူသည် ကိုယ်ကိုကိုင်းကာ ထိုအက်ကြောင်းအတွင်းသို့ အလင်းဖြင့် ထိုးကြည့်လိုက်ရာ တွေ့လိုက်ရသည့်အရာကြောင့် သူ၏ မျက်လုံးများမှာ မယုံနိုင်လောက်အောင် ပြူးကျယ်သွားသည်။

အက်ကြောင်းမှာ (၁၀) စင်တီမီတာခန့် နက်ရှိုင်းပြီး အောက်ခြေတွင် သံချေးများနှင့် သံမှုန်များ ဖုံးလွှမ်းနေသော အံစာတုံးပုံစံ သတ္တုတုံးလေးတစ်ခု ရှိနေသည်။

လင်းရှန် အံ့ဩသွားသည်မှာ လက်မခန့်သာရှိသော ဤသတ္တုတုံးလေးက ထိုကဲ့သို့ နက်ရှိုင်းသော အက်ကြောင်းကို ဖန်တီးခဲ့ခြင်းပင်။ ထိုကဲ့သို့ သံမဏိကြမ်းပြင်ကို အလွယ်တကူ ထိုးဖောက်နိုင်ရန်မှာ အရှိန်တင်မကပဲ အလွန်အမင်း မာကျောသော ဂုဏ်သတ္တိကြောင့်လည်း ဖြစ်ရမည်။

သူသည် ညှပ်ဖြင့် ညှပ်ယူရန် ကြိုးစားသော်လည်း ထိုအရာမှာ လုံးဝ မရွေ့လျားပေ။ ထို့နောက် သတ္တုနန်းကြိုးများစွာဖြင့် ရစ်ပတ်ကာ မကြည့်သော်လည်း ထိုသတ္တုတုံးလေးမှာ ကျောက်ရုပ်ကဲ့သို့ ငြိမ်သက်နေဆဲပင်။

ထိုအခါမှသာ လင်းရှန်သည် တစ်ခုခု ထူးခြားနေပြီဖြစ်ကြောင်း သတိပြုမိသွားသည်။

“လင်းရှန်… ဘာလို့ ရထားပေါ် မတက်သေးတာလဲ”

ကီကီက ရထားတံခါးဝမှ လှမ်းခေါ်လိုက်သည်။ လင်းရှန်က သူမကို လက်ယပ်ခေါ်လိုက်သည်။

“ကောင်မလေး… ဒီဘက်လာဦး”

ကီကီ အနားသို့ ရောက်လာပြီး ဇဝေဇဝါဖြင့် မေးလိုက်သည်။

“ဘာဖြစ်လို့လဲ”

လင်းရှန်က မြေကြီးထဲတွင် နစ်ဝင်နေသော သတ္တုတုံးလေးကို ညွှန်ပြလိုက်သည်၊၊

“မင်းရဲ့ စွမ်းအားကို သုံးပြီး ဒါကို ဆွဲထုတ်ပေးဦး”

“ဘာလို့လဲ...”

ကီကီသည် လှမ်းကြည့်လိုက်ပြီးနောက် သူမ၏ စွမ်းအားကို အသုံးပြုလိုက်သည်။ ထူးဆန်းသည်မှာ လေထုမှာ အနည်းငယ် တုန်ခါသွားသော်လည်း ပထမအကြိမ်တွင် မအောင်မြင်ခဲ့ပေ။ သူမသည် လင်းရှန်နှင့် သတ္တုတုံးကို တစ်လှည့်စီကြည့်ကာ လေးနက်သွားသည်။ သူမ၏ မျက်လုံးများ အရောင်တောက်လာပြီး သတ္တုတုံးလေးကို သူမ၏ စွမ်းအားများဖြင့် ဝန်းရံလိုက်သည်။

မြေပြင်မှ စူးရှသော မြည်သံများ ထွက်ပေါ်လာပြီးနောက် ကီကီ၏ ပြင်းထန်သော စွမ်းအားအောက်တွင် ထိုသတ္တုတုံးလေးမှာ တဖြည်းဖြည်းချင်း အထက်သို့ လွင့်မျောတက်လာသည်။

Chapter 919

ဖြိုခွဲ၍ မရသော ၁

“လင်းရှန်”

ကီကီက သူမ၏ မျက်လုံးများက တောက်ပလျက် လေးနက်စွာ ပြောလိုက်သည်။

“ဒီအရာက ဘယ်လောက်လေးလဲ ရှင်သိလား”

“အနည်းဆုံး တန်တစ်ထောင်လောက် ရှိတယ်”

လင်းရှန် ထိတ်လန့်သွားပြီး လေထဲတွင် မျောနေသော သတ္တုတုံးလေးကို ကြည့်ကာ ကျောရိုးထဲထိ အေးစိမ့်သွားသည်။ ၁ ကုဗစင်တီမီတာခန့်သာရှိသော ဤသတ္တုတုံးလေး၏ ဒြပ်ထုမှာ တန်တစ်ထောင်ခန့် ရှိနေခြင်းသည် နျူထရွန်ကြယ်တစ်လုံး၏ သိပ်သည်းဆမျိုးနှင့် နီးစပ်နေသည်။

အထူးဆန်းဆုံးအချက်မှာ ထိုသတ္တုတုံးပေါ်တွင် အံစာတုံးကဲ့သို့ အစက်အပြောက်ပုံစံများကို ရေးထိုးထားခြင်းပင်။ ၎င်းမှာ လူသားမျိုးနွယ်အပေါ် လှောင်ပြောင် သရော်နေသည့် ဘုရားသခင်၏ ဖန်ဆင်းမှုတစ်ခုအလား...

ဝူးးးး

မှောင်မိုက်နေသော ပင်လယ်မြူထုအတွင်း၌ အနန္တရထားသည် အချိန်ဆွဲမနေဘဲ အသင့်ပြင်ဆင်မှုများကို ကျစ်လျစ်စွာ ပြုလုပ်ထားသည်၊၊ ရထားလမ်းပေါ်ရှိ ပိတ်ဆို့မှုများကို ရှင်းလင်းပြီးနောက် ခြောက်ကပ်နေသော ထိုရေနက်ဆိပ်ကမ်းမှ ချက်ချင်းပင် ထွက်ခွာခဲ့တော့သည်၊၊ လူတိုင်း အထူးသတိထားနေကြပြီး မည်သူကမျှ ထိုကြောက်မက်ဖွယ်ကောင်းသော ရေအောက်သတ္တဝါများကို သွားရောက်မနှောင့်ယှက်လိုကြပေ၊၊

အနန္တရထားပေါ်ရှိ ထူးဆန်းသောကုဗတုံးသည် ဆိပ်ကမ်း၏ အအေးဒဏ်ကို ကာကွယ်ပေးထားပြီး အင်ဂျင်သံများ တဝူးဝူးမြည်လျက် ပင်လယ်မြူများ ဖုံးလွှမ်းနေသော သမုဒ္ဒရာဖြတ်ကျော်ရထားလမ်းပေါ်သို့ အရှိန်အဟုန်ဖြင့် ခုတ်မောင်းသွားခဲ့သည်၊၊

ရထားလမ်းတစ်လျှောက်တွင် တိုက်ပွဲဖြစ်ပွားခဲ့သော အမှတ်အသားများစွာ ရှိနေသည်၊၊ ထိုအမှောင်ရိပ်များကြားတွင် လုံးဝ လောင်ကျွမ်းနေသည့် ကမ္ဘာပျက်ကပ်ရထားတစ်စင်းက လမ်းမကြီးကို ပိတ်ဆို့လျက် ရုတ်တရက် ပေါ်လာသည်၊၊ ၎င်းကို မြင်သည်နှင့် လင်းရှန်က ချက်ချင်းပင် အော်ဟစ်လိုက်သည်၊၊

“ရူဂျီ လမ်းရှင်းလိုက်”

“ကောင်းပြီ”

စက်ခေါင်းအထက်တွင် ရူဂျီက ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်၊၊ သူသည် ဓားလက်ချောင်းကို နဖူး၌ကပ်ကာ ရှေ့သို့ ညွှန်ပြလိုက်ပြီး ခပ်တိုးတိုး အော်ဟစ်ကာ လက်ကို ဝေ့ယမ်းလိုက်သည်၊၊ အားကောင်းသော စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး လမ်းပိတ်နေသော ရထားတွဲများကို ပင်လယ်ထဲသို့ တိုက်ရိုက်တွန်းထုတ်လိုက်ရာ ကြီးမားသော အရှိန်ကြောင့် ရှေ့တွဲများပါ ပင်လယ်နက်ထဲသို့ ဆွဲခေါ်သွားခြင်း ခံလိုက်ရသည်၊၊

ဘုန်း ဘုန်း ဘုန်း၊၊

သတ္တုများ ပေါက်ကွဲသံကြီးများ ဟိန်းထွက်လာပြီးနောက် ရထားတွဲများ ပင်လယ်ရေပြင်ပေါ်သို့ ကျသွားသည့် အသံနှင့်အတူ ကြီးမားသော လှိုင်းလုံးကြီးများ ထွက်ပေါ်လာသည်၊၊

အနန္တရထား၏ ထိန်းချုပ်ခန်းအတွင်း၌ လင်းရှန်သည် ရထားကို အရှိန်အကုန်မြှင့်ရန် ချက်ချင်းပင် နှိုးဆော်လိုက်သည်၊၊ အနန္တရထား၏ သံချပ်ကာနှင့် ရေခဲဒိုင်းကာတို့သည် အမှိုက်သရိုက်မျိုးစုံကို တိုးဝှေ့ကျော်ဖြတ်သွားရာ မီးပွားများ တဖျတ်ဖျတ်လွင့်စင်လျက် ရှေ့သို့ အရှိန်ပြင်းစွာ ပြေးလွှားနေသည်၊၊

ထိုအချိန်တွင် ကျယ်လောင်သော အသံဗလံများကြောင့် သမုဒ္ဒရာအတွင်း အပြောင်းအလဲများ ဖြစ်ပေါ်လာပုံရပြီး လှိုင်းလုံးကြီးများ ထကြွလာသည်၊၊ အနောက်ဘက်ရှိ ရေနက်ဆိပ်ကမ်းတစ်ခုလုံးမှ ကြီးမားသောအရာတစ်ခုခု၏ တွန်းတင်မှုကို ခံနေရသကဲ့သို့ စူးရှသော မြည်ဟီးသံကြီးများ ထွက်ပေါ်လာသည်၊၊

“တစ်ခုခုက တာ့ကူးရေနက်ဆိပ်ကမ်းပေါ်ကို တက်လာနေတယ်”

ချန်ဆီရွှမ်က ထိုအချိန်တွင် ပြောလိုက်သည်၊၊

“ဂရုမစိုက်နဲ့”

လင်းရှန် အနောက်ဘက်ကို လှည့်မကြည့်တော့ဘဲ အနန္တရထားကို အမြန်ဆုံး အရှိန်မြှင့်လိုက်သည်၊၊ အဖွဲ့သားများမှာလည်း ပတ်ဝန်းကျင်ရှိ ပင်လယ်မြူများကို သတိကြီးစွာ စောင့်ကြည့်နေကြသည်၊၊

“ရေထဲမှာ လှုပ်ရှားမှုတစ်ခုရှိနေတယ်”

နောက်ဆုံးတွဲဖြစ်သော ဝေးလ် 03E အကြီးစား ဓာတ်ငွေ့အင်ဂျင်စက်ခေါင်း၏ ထိန်းချုပ်ခန်းအတွင်း၌ မိုနီကာသည် သူမ၏ စွမ်းအားကို အသုံးပြု၍ ပင်လယ်မြူအတွင်းရှိ အပြောင်းအလဲအားလုံးကို အာရုံခံကြည့်ပြီးနောက် ဆက်သွယ်ရေးစက်မှတစ်ဆင့် ပြောလိုက်သည်၊၊

“ဒါပေမဲ့ အဲဒါက ကျွန်မတို့ဆီကို လာနေတာတော့ မဟုတ်ဘူး”

မိုနီကာ၏ စကားကို ကြားသော်လည်း လင်းရှန်မှာ စိတ်မချသေးဘဲ အနန္တရထားကို မောင်းနှင်ခြင်း၌သာ အာရုံစိုက်ထားသည်၊၊

ပျက်စီးနေသော ရေနက်ဆိပ်ကမ်း ဧရိယာမှ လွတ်မြောက်လာသောအခါ ရှေ့ရှိ ရထားလမ်းများမှာ တဖြည်းဖြည်း ရှင်းလင်းလာသည်၊၊ ဆယ်မိနစ်ခန့် အရှိန်ပြင်းပြင်း မောင်းနှင်ပြီးနောက် ထကြွနေသော လှိုင်းလုံးများ ငြိမ်သက်သွားကာ ပတ်ဝန်းကျင်ရှိ မြူများမှာလည်း တဖြည်းဖြည်း ပါးလျလာသည်၊၊ မကြာမီတွင် အလင်းရောင်မှာ ပိုမိုတောက်ပလာပြီး လင်းရှန်သည် ကြည်လင်သော ကောင်းကင်နှင့် ပြာလွင်သော ပင်လယ်ပြင်ကို တစ်ဖန် ပြန်လည် မြင်တွေ့လိုက်ရသည်၊၊

“ငါတို့ အဲဒီပင်လယ်မြူတွေထဲက ထွက်လာနိုင်ပြီ”

“တော်သေးတာပေါ့”

“အဲဒီမြူတွေက ထူးဆန်းလွန်းတယ်၊၊ အဲဒါတွေက ရေအောက်သတ္တဝါတွေ ထုတ်လွှတ်လိုက်တာလို့ ငါ တကယ်ပဲ ထင်မိတယ်”

“ဘေးကင်းမယ့် အရှိန်ကိုပဲ ထိန်းထားပါ၊၊ ဗိုင်အိုလာ ဒရုန်းတွေလွှတ်ပြီး ပတ်ပတ်လည်ကို စစ်ဆေးလိုက်၊၊ ရှေ့ နှစ်ကီလိုမီတာ အကွာအဝေးကို ကင်းလှည့်ပေးပါ”

လင်းရှန်သည် အရှိန်ကို လျှော့ချလိုက်ပြီး ရထားထိန်းချုပ်မှုကို ဗိုင်အိုလာထံ လွှဲပေးလိုက်သည်၊၊ ကင်းလှည့်ဒရုန်း အများအပြားသည် အနန္တရထားရှေ့ရှိ ရထားလမ်းတစ်လျှောက် အစီအရီ ပျံသန်းသွားကြပြီး လမ်းအခြေအနေကို လျင်မြန်စွာ စစ်ဆေးကာ အချက်အလက်များကို ဗိုင်အိုလာထံ ပေးပို့နေသည်၊၊

ထို့ကြောင့် အနန္တရထားသည် ကျယ်ပြန့်သော မြင်ကွင်းကို ရရှိပြီး အရှိန်ပြင်းပြင်း မောင်းနှင်နေစဉ် လမ်းကြောင်းတွင် ပြဿနာတစ်စုံတစ်ရာ ရှိပါက ချက်ချင်း တုံ့ပြန်နိုင်မည်ဖြစ်သည်၊၊

ထို့နောက် လင်းရှန်သည် အတွဲ (၂) သို့ သွားခဲ့သည်၊၊ ထိုနေရာတွင် ကီကီသည် သူမ၏ အားကောင်းသော စွမ်းအားကို အသုံးပြု၍ ထိုသတ္တုအံစာတုံးကို အထူးအာရုံစိုက် ထိန်းချုပ်နေသည်၊၊ လင်းရှန် ခေါ်လာခဲ့သော တင်းကျန်းရီလည်း ၎င်းကို အတော်ကြာ စောင့်ကြည့်နေခဲ့သည်၊၊

“ဘယ်လိုနေလဲ” လင်းရှန်က မေးလိုက်သည်၊၊

“ဘာကို ပြောတာလဲ”

ကီကီ၏ မျက်လုံးများမှ အလင်းဖျော့ဖျော့ ထွက်ပေါ်နေပြီး အလွန်အာရုံစိုက်ထားသည်၊၊

“ဒီအရာကို ကျွန်မ မ ထားနိုင်ပေမဲ့ လုံးဝ သတိလွတ်လို့မရဘူး၊၊ ထိန်းချုပ်ရမယ့် မျက်နှာပြင်က သေးလွန်းတယ်၊၊ ကျွန်မ အာရုံစိုက်မှဖြစ်မယ်၊၊ မဟုတ်လို့ ပြုတ်ကျသွားရင်တော့”

“ရထားက အပေါက်ဖြစ်သွားမှာပေါ့”

တင်းကျန်းရီက ကြားဖြတ်ပြောလိုက်သည်၊၊

လို့ရှားရှားကလည်း အနီးသို့ ရောက်လာပြီး လေထဲတွင် ဝဲပျံနေသော ထိုသတ္တုအံစာတုံးကို ကြည့်ကာ စူးစမ်းစွာ ပြောလိုက်သည်၊၊

“ဒီဟာက တကယ်ပဲ တန်ချိန် ၁၀၀၀ လောက် လေးတာလား၊၊ အဲဒါက ဘာကိုဆိုလိုတာလဲ”

“ငါတို့ ရထားတစ်စင်းလုံးတောင် တန်ချိန် ၁၀၀၀ မရှိဘူး”

လင်းရှန်က ထိုထူးဆန်းသော အရာကို ကြည့်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်၊၊

“ပြီးတော့ ဒီအရာက အနန္တရထား တစ်စင်းလုံးကို ၁ ကုဗစင်တီမီတာ အရွယ်အစားထဲ ရောက်အောင် ဖိသိပ်ထားတာနဲ့ အတူတူပဲ”

“အဓိက အချက်က ဒီလို ဒြပ်ဝတ္ထုမျိုးဟာ အပြာရောင်ဂြိုဟ်ပေါ်မှာ မရှိသင့်ဘူး”

တင်းကျန်းရီက လက်နှစ်ဖက်ကို အိတ်ကပ်ထဲ ထည့်ထားပြီး လင်းရှန်ကို အေးဆေးစွာ ကြည့်လျက် ပြောလိုက်သည်၊၊

“အပြာရောင်ဂြိုဟ်ရဲ့ သဘာဝပတ်ဝန်းကျင်က ဒီလို အစွန်းရောက်နေတဲ့ ဒြပ်ဝတ္ထုအခြေအနေကို မထိန်းထားနိုင်ဘူး၊၊ သီအိုရီအရတော့ ဒီလောက်သိပ်သည်းဆက နျူထရွန် ဖိအား ဒါမှမဟုတ် တွင်းနက်အဆင့် ဆွဲငင်အားရှိမှ တည်ငြိမ်နိုင်မှာ၊၊ ဘာထိန်းချုပ်မှုမှ မရှိရင် ဒီသတ္တုဟာ အင်မတန် ပြင်းထန်တဲ့ အပြောင်းအလဲတွေ ဖြစ်လာပြီး နျူကလီးယားဗုံးနဲ့ ညီမျှတဲ့ ဖျက်ဆီးအား ရှိလာလိမ့်မယ်”

“အဲဒီလောက်တောင် အားကောင်းတာလား”

လင်းရှန် မျက်မှောင်ကြုတ်လျက် ထိုသတ္တုအံစာတုံးကို ကြည့်လိုက်သည်၊၊ ၎င်း၏ ကိုယ်ထည်တစ်ခုလုံးမှာ ချောမွေ့နေပြီး ငွေရောင် သတ္တုရောင်ခြည်များ တောက်ပနေသည်၊၊ အပြင်ဘက်တွင် သံမှုန့်များ ကပ်နေသကဲ့သို့ ရှိနေသည်မှလွဲ၍ ကျန်သည်မှာ အလွန်ပင် သန့်ရှင်းနေပြီး ကီကီ၏ မမြင်ရသော စိတ်စွမ်းအားအောက်တွင် ငြိမ်သက်စွာ ဝဲပျံနေသည်၊၊

“ဒီအရာက စွမ်းအင်လှိုင်း တုံ့ပြန်မှုလည်း မရှိသလို… တားမြစ်ပစ္စည်းတစ်ခုရဲ့ လက္ခဏာတွေလည်း မရှိဘူး၊၊ ဒါပေမယ့် ဘယ်လိုဖြစ်ပြီး ဒီလိုထူးခြားချက်တွေ ရှိနေရတာလဲ”

တင်းကျန်းရီက ခေါင်းခါလိုက်သည်၊၊

“ကျွန်မတို့ အရင်က တွေ့ခဲ့တဲ့ တားမြစ်ပစ္စည်းတွေက အမှောင်စွမ်းအင် ကျူးကျော်မှုကြောင့် သန္ဓေပြောင်းသွားတဲ့ အပြာရောင်ဂြိုဟ်ပေါ်က မူလပစ္စည်းတွေပဲ၊၊ ဒါပေမဲ့ ဒီအရာကတော့ အပြာရောင်ဂြိုဟ်ပေါ်မှာ မရှိနိုင်တဲ့ အမျိုးအစားမို့လို့ သေချာပေါက် အဲဒါမျိုး မဟုတ်ဘူး”

သူမက ထိုသို့ပြောရင်း ရှေ့သို့ တိုးကာ သတ္တုအံစာတုံးကို ကြည့်လျက် ဆက်ပြောသည်၊၊

“ဒါပေမဲ့ ပြဿနာက ဒီအရာဟာ သဘာဝအတိုင်းဖြစ်လာတာ မဟုတ်ဘဲ… လူက ဖန်တီးထားတာ ဖြစ်နေတာပဲ”

“အဲဒါက တကယ် စဉ်းစားရ ခက်တာပဲ” ကီကီကလည်း ပြောသည်၊၊

All Chapters