အခန်း (၉၂၄-၉၂၅)
Vol. 53 Ch. 924-925
Chapter 924
အဖွဲ့တစ်ခုလုံး ယန္တရားအဆင့်မြှင့်တင်ခြင်း ၃
လင်းရှန်က ခဏမျှ စဉ်းစားပြီး ပြောလိုက်သည်၊၊
“အလေးချိန်ကတော့ ၂၁၃ ကီလိုဂရမ်ဆိုတော့ အတော်လေး လေးတယ်၊၊ ဒါပေမဲ့ ငါ ပြင်ဆင်ထားပေးတဲ့ စွမ်းအားဝတ်စုံကို ဝတ်လိုက်မယ်ဆိုရင်တော့ ဒါက ပြဿနာမဟုတ်တော့ပါဘူး”
“ကောင်းပါပြီ’’
ချန်ဆီရွှမ်က လင်းရှန်ကို ကြည့်ကာ နူးညံ့စွာပြုံးလျက် “ဒါဆို နောက်ဆိုရင် ကျွန်မ ရှင့်ကို... ရှင်တို့အားလုံးကို ဒါနဲ့ပဲ ကာကွယ်ပေးတော့မယ်”
“ဝိုး၊၊ လန်းလိုက်တာ၊၊ တကယ်ကို မိုက်တဲ့ တိုက်ပွဲဝင်ဝတ်စုံတွေပဲ၊၊ ရှောင်ယွမ်… ကြည့်ဦး၊၊ ကပ္ပတိန်လင်းက ငါတို့အတွက်လည်း ပြင်ဆင်ပေးထားတယ်’’
မြောင်လုသည် ရှေ့ရှိ တိုက်ပွဲဝင်ဝတ်စုံများကို မြင်သောအခါ စိတ်လှုပ်ရှားမှုကို မဖုံးဖိနိုင်ဘဲ မျက်လုံးများ တောက်ပနေသည်၊၊
ရှောင်ယွမ်ကလည်း လင်းရှန်ကို ချက်ချင်း ပြန်ပြောသည်၊၊
“ကျေးဇူးတင်ပါတယ် ကပ္ပတိန်လင်း၊၊ ကျွန်မ... ကျွန်မတို့ အနန္တရထားကို သေတဲ့အထိ စောင့်ရှောက်ပါ့မယ်’’
“၂၁၃ ကီလိုဂရမ် ဟုတ်လား၊၊ ဒါက အမြောက်ကြီးပဲ မဟုတ်လား’’
ရှားရှားက မျက်လုံးပြူးကာ လင်းရှန်ကို ချက်ချင်း မေးသည်၊၊
“အစ်ကိုလင်း… ညီမအတွက်ရော’’
လက်နက်တွေ သုတေသနလုပ်ရတာ ဝါသနာပါတဲ့ ကြမ်းတမ်းသော မိန်းကလေးငယ်လေးကို လင်းရှန် ကြည့်လိုက်သည်၊၊
“မင်းလား၊၊ မင်းက ဒါကို မောင်းပြီး ပစ်အားထုတ်ပေးရမှာပေါ့’’
ဖျောက်၊၊
သူ လက်ဖျစ်တစ်ချက် တီးလိုက်သည်နှင့် ကြယ်နက်ပန်းပဲဖိုမှ ထူးဆန်းသော ပျံသန်းရေးကိရိယာတစ်ခု ပျံသန်းထွက်ပေါ်လာသည်၊၊ ၎င်း၏ ပုံစံမှာ ပျံသန်းနေသော လက်နက်တိုက်ကြီးတစ်ခုနှင့် တူသည်၊၊ ဒလက်သုံးခု၏ ရှေ့တွင် မောင်းနှင်သည့် ပလက်ဖောင်းရှိပြီး ရှားရှားအနေဖြင့် စွမ်းအားဝတ်စုံကို ဝတ်ဆင်ကာ ချိတ်ဆက်လိုက်ရုံဖြင့် ရှေ့ရှိ အမြောက်များနှင့် ပလာစမာ စွမ်းအင်မြင့် လေဆာသေနတ်နှစ်လက်ကို တိုက်ရိုက်ထိန်းချုပ်မောင်းနှင်နိုင်မည် ဖြစ်သည်၊၊ ၎င်းမှာ အပြင်ဘက်မှ ထိန်းချုပ်ရသည့် ရွေ့လျားပျံသန်းရေး အမြောက်ကြီးနှင့် တူနေသည်၊၊
“ဒါက ဘာလဲ၊၊ မီကာလား’’
ရှုချင်းနှင့် အခြားသူများလည်း ထိုထူးဆန်းသော အရာကို ကြည့်ကာ ဇဝေဇဝါဖြစ်နေကြသည်၊၊
“အတိအကျ ပြောရရင်တော့ ဒါက စက်ရုပ်တစ်ပိုင်းပေါ့’’
လင်းရှန်က ရှင်းပြသည်၊၊
“စက်ရုပ်တွေက လှုပ်ရှားမှု ကန့်သတ်ချက်ရှိတယ်၊၊ စွမ်းအားဝတ်စုံတွေကျတော့ ပစ်အားမှာ ကန့်သတ်ချက်ရှိပြန်တယ်၊၊ ဒါကြောင့် ဒီအရာက အားသာချက်နှစ်ခုလုံးကို ပေါင်းစပ်ထားတာပဲ၊၊ ရှားရှားအနေနဲ့ စွမ်းအားဝတ်စုံ ဝတ်ထားရင်း ဒီအရာကို တိုက်ခိုက်ရေးသင်္ဘောလို မောင်းနှင်နိုင်မယ်၊၊ ပျံသန်းနိုင်စွမ်းရှိသလို ပစ်အားကလည်း... ထိရောက်တယ်”
“ဝိုး..............................’’
ရှားရှားမှာ ထိုမြင်ကွင်းကို မြင်သောအခါ မျက်လုံးထဲတွင် ကြယ်ပွင့်များ ဝေသွားသည်၊၊
“ညီမ ဒါနဲ့ တိုက်ရိုက် ပျံလို့ရပြီပေါ့’’
“လင်းရှန်၊၊ ဒါက ဘယ်လို အမျိုးအစားလဲ၊၊ ငါ တစ်ခါမှ မကြားဖူးပါဘူး’’
“ဒါက တိတ်ဆိတ်မြို့တော်က သုတေသနလုပ်ထားတဲ့ ပျံသန်းရေး ဗုံးကြဲလေယာဉ် ပုံစံတူပဲ’’
ထိုအချိန်တွင် စကားသိပ်မပြောသော ရူဂျီက ရုတ်တရက် ဝင်ပြောသည်၊၊
“အရင်က ရှင်းဂျီက ရှင်းဟွာရဲ့ အမြင့်ပျံ ဒရုန်းဗုံးကြဲလေယာဉ် ပုံကြမ်းကို ပြုပြင်ပြီး လုပ်ထားတာပဲ၊၊ အစကတော့ ဉာဏ်ရည်တုစနစ် ထည့်ချင်ခဲ့တယ်၊၊ ဒါပေမဲ့ စီမံကိန်းက အရမ်း ပြင်းထန်လွန်းနေပြီး ကောင်းကင်မှာ ပြဿနာတွေ ပိုတက်လာမှာ စိုးရိမ်တာကြောင့် တခြားဒရုန်းတွေနဲ့ ခေတ္တ အစားထိုးခံခဲ့ရတာပဲ’’
“ဘာ’’
“ဗုံးကြဲလေယာဉ် ဟုတ်လား’’
လော့ယန် အံ့အားသင့်နေသည်၊၊
“ဒါက ဗုံးကြဲစက်ရုပ်လား”
“အဲဒီလိုပဲ ပြောရမှာပေါ့’’
လင်းရှန်က ချောင်းတစ်ချက်ဟန့်လိုက်သည်၊၊
“အရင်က ရှင်းဂျီ ပေးထားတဲ့ ပုံကြမ်းတွေထဲမှာ စိတ်ဝင်စားစရာတွေ အများကြီးပါတယ်၊၊ ဒါက ရှားရှားရဲ့ ပုံစံနဲ့ လိုက်ဖက်မယ်ထင်လို့ ငါ တစ်စုံ တည်ဆောက်ကြည့်ထားတာ၊၊ ရှားရှား ကြိုက်မကြိုက်တော့...’’
“ညီမ… အရမ်း….အရမ်း ကြိုက်တယ်’’
ရှားရှားက အော်ဟစ်ကာ လင်းရှန်ကို ပြေးဖက်လိုက်သည်၊၊ ထို့နောက် ဗုံးကြဲစက်ရုပ်ပေါ် ချက်ချင်း တက်ကာ တက်ကြွစွာဖြင့် စတင်လေ့လာလိုက်သည်၊၊
ရှားရှား ကျေနပ်သွားသည်ကို မြင်မှ လင်းရှန်လည်း စိတ်သက်သာရာရကာ သက်ပြင်းချနိုင်တော့သည်၊၊
“ဟေး’’
ထိုအချိန်တွင် ကီကီက မကျေမနပ် ဖြစ်နေသည်၊၊ သူမက လက်ပိုက်ကာ ပျံသန်းလာသည်၊၊
“ဘာလို့ သူတို့ကျတော့ အဆင့်မြှင့်တင်မှုတွေ ရပြီး ရှားရှားကျတော့ ဗုံးကြဲလေယာဉ်တောင် ရတာလဲ၊၊ ကျွန်မကျတော့ ဘာလို့ စံနှုန်းမီဝတ်စုံပဲ ပေးတာလဲ’’
“မင်းက အနီးကပ် တိုက်ခိုက်တာမှ မဟုတ်တာလေ၊၊ စွမ်းအားဝတ်စုံက မင်းရဲ့ ကာကွယ်ရေးအတွက် အဓိကပဲ’’ လင်းရှန်က ပြုံးလျက် ပြန်ဖြေသည်၊၊
“ငါ ဗိုင်အိုလာနဲ့အတူ ဝတ်စုံအားလုံးမှာ အထူး လှိုင်းနှုန်းစဉ်တွေ စီစဉ်ထားသလို သွေးပဲစေ့ သတင်းပေးပို့စနစ်ကိုလည်း အဆင့်မြှင့်ထားတယ်၊၊ နေ့ဘက်မှာ အနည်းဆုံး ကီလိုမီတာ ၂၀ အထိ ဆက်သွယ်နိုင်သလို သတင်းဆင့်ကဲ ပို့လွှတ်စနစ်ကနေလည်း ချိတ်ဆက်နိုင်မယ်၊၊ ဒါက အဓိကအချက်ပဲ’’
“ဒါပေမဲ့...’’
ကီကီက တွန့်ဆုတ်နေရင်း ပါးဖောင်းသွားသည်၊၊
“လင်း… ရှန်’’
“စိတ်မပူပါနဲ့၊၊ မင်းအတွက် ဒါကို ပြင်ဆင်ထားတယ်’’
လင်းရှန်က အကူညီမဲ့စွာပြုံးကာ လက်ဖျစ်တစ်ချက် တီးလိုက်သည်၊၊ ကြယ်နက်ပန်းပဲဖို၏ ယန္တရားတံခါး ပွင့်လာပြီး အနက်ရောင်စက်လုံးပုံ ပျံသန်းရေးကိရိယာတစ်ခု ကျဆင်းလာသည်၊၊ အခန်းတံခါးများစွာ ပွင့်ထွက်လာရာ အတွင်းပိုင်းတစ်ခုလုံးတွင် လျှပ်စစ်ဓားပေါင်းများစွာ စီတန်းရှိနေသည်၊၊ ၎င်းတို့သည် ပုစဥ်းတောင်ပံကဲ့သို့ ပါးလွှာပြီး စွမ်းအင်ဖြည့်သွင်းစနစ်ကြောင့် အပြာရောင်အလင်းတန်းများ တောက်ပနေသည်၊၊
“ဒီပျံသန်းရေးကိရိယာကို ဟမ်းမင်းဘတ် ဒရုန်းအကြီးစားကနေ ပြုပြင်ထားတာပဲ၊၊ လျှပ်စစ်ဓား အလက် ၂၀၀၀ သိုလှောင်နိုင်ပြီး မင်းနောက်ကနေ ပျံသန်း လိုက်ပါလိမ့်မယ်၊၊ အရေးကြီးဆုံးကတော့ မင်း ပင်ပန်းလာရင် အဲဒီပေါ်မှာ ထိုင်ပြီး နားလို့ရတယ်’’
လင်းရှန်က လက်ညှိုးညွှန်ပြလိုက်ရာ စက်လုံးပုံ ကိရိယာ၏ အပေါ်ပိုင်းတွင် ထူးထူးဆန်းဆန်း ထိုင်ခုံတစ်ခုပေါ်လာသည်၊၊
ထို့နောက် လင်းရှန်က လက်ဟန်ပြလိုက်ရာ headset လို ထိန်းချုပ်စက် အသေးစားလေးတစ်ခု ကီကီ၏ လက်ထဲသို့ ပျံသန်းရောက်ရှိသွားသည်၊၊
“ဒါကို ဝတ်လိုက်ရုံနဲ့ ဒီကိရိယာတစ်ခုလုံးကို ထိန်းချုပ်ပြီး မင်းနောက်က လိုက်လာအောင် လုပ်လို့ရပြီ၊၊ နောက်ကျရင် မင်းရဲ့ စွမ်းအားဝတ်စုံမှာလည်း တပ်ဆင်လို့ရတယ်’’
နားကြပ်ပုံစံ ထိန်းချုပ်စက်လေးကို မြင်သောအခါ ကီကီ မပြုံးပဲ မနေနိုင်တော့ပေ၊၊ ၎င်းမှာ သာမန်ထိန်းချုပ်စက်တစ်ခုမဟုတ်ဘဲ သူမက ခရမ်းရောင်နားကြပ်များကို ကြိုက်တတ်သည်ကို လင်းရှန်က ထည့်သွင်းစဉ်းစားကာ သီးသန့်လုပ်ပေးထားခြင်း ဖြစ်သည်၊၊
သူမက ၎င်းကို ဦးခေါင်းတွင် ချက်ချင်း တပ်လိုက်ပြီး လင်းရှန်ကို မျက်မှောင်ကုတ်ကြည့်ရင်း ပြုံးပြသည်၊၊
“အိုကေ၊၊ ဒါက ပိုကောင်းတယ်၊၊ ကျွန်မ လက်ခံလိုက်ပြီ၊၊ ကျေးဇူးပါ’’
လင်းရှန် ပြုံးလိုက်ပြီး ကျန်ရှိသူများကို ပြောသည်၊၊
“တာလို့လည်း အသင့်ဖြစ်ပြီ၊၊ လော့ယန်၊ ဒါရိုက်တာတင်း၊ မီးတောက်တို့ အားလုံးက ကြယ်တာရာအဆင့် စံနှုန်းမီ နာနိုမီတာ တိုက်ပွဲဝင်ဝတ်စုံတွေပဲ၊၊ လော့ယန်ရဲ့ စွမ်းအားက သီးသန့် စီစဉ်ပေးစရာ မလိုတော့ အများကြီး ပြုပြင်မထားဘူး’’
“ပြဿနာမရှိပါဘူး ကပ္ပတိန်လင်း… ဒီတိုက်ပွဲဝင်ဝတ်စုံက ဒီတိုင်းနဲ့ကို ပြည့်စုံနေပါပြီ’’
လော့ယန်က စိတ်လှုပ်ရှားစွာဖြင့် ပြောသည်၊၊
“မိုနီကာ’’
လူအုပ်နောက်တွင် အားကစားဝတ်စုံဖြင့် ကျော့ရှင်းစွာ ရပ်နေသော မိုနီကာကို လင်းရှန် ကြည့်ကာ ပြောသည်၊၊
“မင်းအတွက် ပြင်ဆင်ပေးထားတာကလည်း နာနိုနည်းပညာသုံး ဝတ်စုံပဲ၊၊ ထူးခြားတဲ့ လုပ်ဆောင်ချက်တွေတော့ မပါဘူး၊၊ လှုပ်ရှားမှုနဲ့ ကာကွယ်ရေးက အလယ်အလတ်အဆင့်ပဲ၊၊ အခြေခံလက်နက်အချို့ကလွဲရင် အများကြီး တပ်ဆင်မပေးထားဘူး’’
“ရှင်က ကျွန်မကို ဒီအတိုင်းသာမန်ပဲ လုပ်ထားပေးတာလား’’
မိုနီကာက နွေးထွေးစွာ ပြုံးပြသည်၊၊
“ဒါပေမဲ့ ဒီတိုက်ပွဲဝင်ဝတ်စုံက ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်အောင် ညှိနှိုင်းနိုင်စွမ်းနဲ့ အပြင်ဘက် ဝတ်စုံအရောင်ကို ကိုယ်တိုင် ပြောင်းလဲနိုင်တဲ့ စနစ်ပါတယ်၊၊ မင်းရဲ့ လိုအပ်ချက်ပေါ် မူတည်ပြီး အတွင်းဝတ်စုံရဲ့ သက်သောင့်သက်သာရှိမှုကိုလည်း ညှိလို့ရတယ်၊၊ မင်း အရင်က စွမ်းအားဝတ်စုံနဲ့အတူ သီးသန့်အတွင်းဝတ်စုံတွေ ဝတ်တတ်တာကို ငါတွေ့ဖူးလို့ မင်း ဒါကို လိုချင်လိမ့်မယ်လို့ ငါ ထင်တယ်’’
မိုနီကာ၏ အကြည့်က လင်းရှန်ကို စူးစိုက်ကြည့်လိုက်ပြီးနောက် သူမ၏ နှုတ်ခမ်းများက အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်၊၊
Chapter 925
နေ့ဘက် လှည့်လည်ခြင်း ၁
“တကယ်ကို အသုံးဝင်တဲ့ လုပ်ဆောင်ချက်တွေပဲ၊၊ ကျေးဇူးပါပဲ’’
“ရပါတယ်”
“လင်းရှန်’’
ထိုအချိန်တွင် ချန်ဆီရွှမ်က လင်းရှန်ကို ရုတ်တရက် ခေါ်လိုက်သည်၊၊ သူ လှည့်ကြည့်လိုက်ရာ လူအုပ်နောက်တွင် အားငယ်စွာ ရပ်နေသော ရှီဇီကို ချန်ဆီရွှမ်က ကြည့်နေသည်ကို တွေ့ရသည်၊၊
“ရှင်က ရှီဇီအတွက်ရော ဘာမှမလုပ်ထားပေးဘူးလား’’
“ဘယ်သူက မလုပ်ထားဘူး ပြောလဲ”
လင်းရှန်က ချက်ချင်း ပြန်ပြောသည်၊၊
“ရှင်းဂျီက ရှီဇီနဲ့ ရူဂျီကို ငါ့လက်ထဲ အပ်ထားတာဆိုတော့ ငါ သေချာပေါက် ပြင်ဆင်ထားပါတယ်၊၊ ရူဂျီမှာက သူ့ဝတ်စုံ ရှိနှင့်ပြီးသားဆိုတော့ ရှီဇီအတွက်ကျတော့...’’
“ရပါတယ်၊၊ ကျွန်မမှာလည်း ရူဂျီလိုမျိုး စွမ်းအားဝတ်စုံရှိပါတယ်၊၊ သီးသန့် ပြင်ဆင်ပေးဖို့... မလိုပါဘူး’’
ရှီဇီက ရှေ့သို့ တက်လာပြီး ရှက်ကိုးရှက်ကန်းဖြင့် ပြောသည်၊၊
“မတူဘူးလေ၊၊ မင်းရဲ့ စွမ်းအားက အားကောင်းတယ်၊၊ သာမန် စွမ်းအားဝတ်စုံတွေက အကာအကွယ်မပေးနိုင်ဘူး၊၊ အခု ငါတို့က ပင်လယ်ပြင်မှာဆိုတော့ မင်းအတွက် ဒါကို ပြင်ဆင်ပေးထားတယ်’’
လင်းရှန် ကိုယ်ကို လှည့်လိုက်သည်၊၊ ထိုအချိန်တွင် အလွန်ထူးခြားသော ဒီဇိုင်းရှိပြီး ချစ်စရာကောင်းသည့် စွမ်းအားဝတ်စုံတစ်ခုသည် အလိုအလျောက်ပျံသန်းလာသည်၊၊
“ဒါ... ဒါက ဘယ်လိုမျိုး စွမ်းအားဝတ်စုံလဲ”
နီးကပ်လာတဲ့ စွမ်းအားဝတ်စုံကို ကြည့်ပြီး ကီကီရဲ့ ပထမဆုံး တုံ့ပြန်မှုက
“ကြည့်ရတာ အရမ်းချစ်ဖို့ကောင်းတာပဲ”
လူတိုင်း အံ့အားသင့်နေကြပြီး ရှီဇီက ပို၍တောင် ဇဝေဇဝါဖြစ်နေသည်၊၊
“ဒါက... ကျွန်မအတွက်လား”
“ဒါက ရှီဇီအတွက် သီးသန့်လုပ်ပေးထားတာလား” ချန်ဆီရွှမ်ကလည်း နားမလည်နိုင်စွာ မေးလိုက်သည်။
“လုံးဝကြီးတော့ မမှန်ဘူး၊၊ ဒါပေမဲ့ တစ်ဝက်လောက်တော့ မှန်တယ်”
“ဒီစွမ်းအားဝတ်စုံကို ကချေသည် အမှတ် ၁ ရဲ့ မောင်းနှင်မှုစနစ်ဟောင်းကို အသုံးပြုပြီး မွမ်းမံထားတယ်။ တွက်ချက်မှုစနစ်နဲ့ ကာကွယ်ရေးချပ်ဝတ်တွေကို ပေါင်းစပ်ထားတယ်။ သွားလာလှုပ်ရှားမှုနဲ့ ကာကွယ်ရေးစွမ်းအား ကောင်းမွန်တဲ့အပြင် အရေးပေါ်အခြေအနေတွေမှာ တိုက်ပွဲနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ပေးနိုင်တဲ့ အသိဉာဏ်တု Ai စနစ်လည်း ပါဝင်ပါတယ်”
“ဒါဆို မီကာနဲ့ ပိုတူတာပေါ့”
“ဟုတ်တယ်၊၊ ရှီဇီရဲ့ စွမ်းရည်တွေက ပံ့ပိုးကူညီမှုအပိုင်းမှာ ပိုအားသာပြီး သွားလာလှုပ်ရှားမှုအပိုင်းမှာတော့ ကန့်သတ်ချက်ရှိတယ်။ တခြားသူတွေက သူမကို ကူညီပေးနိုင်ပေမဲ့ သူမကိုယ်တိုင် ဦးဆောင်လှုပ်ရှားရမယ့် အခြေအနေတွေလည်း အများကြီးရှိတယ်။ ဒီစွမ်းအားဝတ်စုံက သွားလာလှုပ်ရှားမှုတွေကို ကူညီပေးနိုင်သလို ရှီဇီရဲ့ လှုပ်ရှားမှုကျွမ်းကျင်မှုကို လေ့ကျင့်ပေးရာမှာလည်း အထောက်အကူပြုလိမ့်မယ်”
ရှီဇီလည်း ထိုစကားကို ကြားတဲ့အခါ အံ့အားသင့်သွားပြီး “အော်” လို့ ရှည်လျားစွာ ရေရွတ်လိုက်မိသည်။ သူမအံ့ဩသွားသော်လည်း လင်းရှန်ရဲ့ ရှင်းပြချက်ကို ကြားပြီးနောက် အလွန်စိတ်ဝင်စားသွားလေသည်။
“ကျွန်မရဲ့ လှုပ်ရှားမှုတွေကို ကူညီပေးနိုင်မှာလား”
“ဟုတ်တယ်၊၊ တိုက်ပွဲဝင်လှုပ်ရှားမှုစနစ် အပြည့်အစုံလည်း ပါဝင်တယ်”
လင်းရှန်က ပြုံးလျက် ပြောပါတယ်။
“ဒါပေမဲ့ အထင်မမှားနဲ့ဦး၊၊ မင်းထင်သလိုမျိုးတော့ မဟုတ်ဘူး။ အသိဉာဏ်တုစနစ်က ဘယ်လောက်အထိ ပါဝင်ပတ်သက်မလဲဆိုတာကို မင်းကိုယ်တိုင် ချိန်ညှိလို့ရတယ်။ ဒါရဲ့ အဓိကရည်ရွယ်ချက်က မင်းကို စစ်မြေပြင်နဲ့ ကျင့်သားရစေဖို့နဲ့ နည်းဗျူဟာအများကြီးကို သင်ယူနိုင်စေဖို့ပဲ”
ရှီဇီ၏ မျက်လုံးများ တောက်ပလာသည်။ လင်းရှန်၏ ဆိုလိုရင်းကို သူမ နားလည်သွားပြီး ချက်ချင်းပင် ပြောလိုက်သည်။
“ပုံမှန်တိုက်ပွဲတွေမှာ ရူဂျီတို့၊ တိုင်ရီလန်တို့က ကျွန်မကို အမြဲဂရုစိုက်ကြတယ်။ ရွှန်းကလည်း ကျွန်မကိုကာကွယ်ဖို့ မီကာတစ်ခု သီးသန့်စီစဉ်ပေးတယ်။ တကယ်တော့... ကျွန်မလည်း တိုက်ခိုက်ရေးစွမ်းရည်တွေကို မြှင့်တင်ချင်နေတာ...”
ရှီဇီ၏ အသံမှာ ပြောရင်းနှင့် တိမ်ဝင်သွားသော်လည်း လင်းရှန်၏ စွမ်းအားဝတ်စုံက သူမကို စစ်မြေပြင်တွင် ဆက်လက်ရှင်သန်နိုင်ရန် အခွင့်အလမ်းပေးလိုက်သည်မှာ ထင်ရှားလှပေသည်။ တစ်ဝက်တစ်ပျက် အလိုအလျောက်စနစ်ဟု ဆိုနိုင်သော်လည်း အစပိုင်းတွင်မူ အမြဲတမ်း ခက်ခဲတတ်သည် မဟုတ်ပါလား။ ရှင်းဂျီက သူမနှင့် ရူဂျီကို အနန္တရထားပေါ်တွင် ထားရှိခြင်းမှာ သူမ၏ တိုးတတ်လာမှုကို မျှော်လင့်သောကြောင့်ပင် ဖြစ်သည်။
လင်းရှန်လည်း သူ၏ ရည်ရွယ်ချက်ကို ရှီဇီ နားလည်သွားသည်ကို မြင်သောအခါ ခေါင်းငြိမ့်ပြလိုက်ပြီး အားလုံးကို ဆက်ပြောလိုက်သည်။
“နောက်ပြီးတော့ ငါတို့အဖွဲ့ရဲ့ စွမ်းအားဝတ်စုံ အသိဉာဏ်တုစနစ်အားလုံးကို ဗိုင်အိုလာကို ဗဟိုပြုချိတ်ဆက်ပေးထားတယ်။ ဒီလိုနည်းနဲ့ ငါတို့ရဲ့ အချက်အလက်တွေကို မြန်မြန်ဆန်ဆန် ဖလှယ်နိုင်ပြီး အနန္တရထားဆီကနေ ပစ်အားအကူညီကို တိုက်ရိုက်တောင်းဆိုနိုင်မယ်”
“ပစ်အားအကူညီလား”
လင်းရှန်က ခေါင်းငြိမ့်ပြကာ လူတိုင်းကို ကြည့်ပြီး လက်ဖျောက်တစ်ချက် တီးလိုက်သည်။
ဖျောက် ဝူး—
ထိုအချိန်တွင် သူ၏ နောက်ကွယ်ရှိ အနန္တရထားတွဲ အချို့၏ အမိုးများမှာ ဖြည်းညှင်းစွာ ပွင့်လာပြီး လျှပ်စစ်သံလိုက်အမြောက်များနှင့် ဒုံးကျည်စနစ်များ ပဲ့ထိန်းစွမ်းအင်အမြောက် နှစ်လက်ပင် ပါရှိနေပေသည်။
“ဒါဆို ဒီအတောအတွင်း မင်းက ကောင်းကင်အမိုးခုံးရထားကို ပြင်နေတာမဟုတ်ဘဲ… အနန္တရထားကို အဆင့်မြှင့်နေတာပေါ့”
ချီလီက မတ်တပ်ရပ်ကာ သူ၏ နေကာမျက်မှန်ကို ပင့်တင်ရင်း စိတ်ဝင်တစား ပြောလိုက်သည်။
“မဆိုးဘူး၊၊ ဒီလောက် လက်နက်အင်အားဆိုရင် ငါတို့အဖွဲ့တွေက S-Class နဲ့တောင် ယှဉ်နိုင်မှာပဲ”
“S-Class ကို အနိုင်ယူနိုင်မလားဆိုတာတော့ စောင့်ကြည့်ရဦးမယ်၊၊ ဒါပေမဲ့ ဒီစွမ်းအားဝတ်စုံတွေနဲ့ အနန္တရထား၏ ပံ့ပိုးမှုသာရှိရင် S-Class နဲ့ ရင်ဆိုင်ရတဲ့အခါ ငါတို့ရဲ့ ရှင်သန်နိုင်စွမ်းက သိသိသာသာတိုးလာမှာပါ”
နန်ကျင်းကလည်း ခေါင်းငြိမ့်လိုက်သည်၊၊
“ကပ္ပတိန်လင်းရဲ့ ပြင်ဆင်မှုတွေက အရမ်းပြည့်စုံတယ်။ ဒါကြောင့် ဒီအတိုင်းပဲ ဆက်လုပ်ကြရအောင်”
“ကောင်းပါပြီ..”
ရှီဇီက ထိုစကားကို ခေါင်းငြိမ့်ထောက်ခံကာ စွမ်းအားဝတ်စုံရှေ့တွင် သွားရပ်လိုက်သည်။
“ကောင်းပြီ”
လင်းရှန်က သူ၏ နားကြပ်ကို ဖိလိုက်ပြီး “ဒါဆို အစ်မနန်၊ မိုနီကာ၊ ချီလီ၊ မင်းတို့သုံးဖွဲ့က လမ်းကြောင်းသုံးခုခွဲပြီး ကင်းထောက်လိုက်ကြ… ငါ အနန္တရထားကို ရှေ့တိုးလိုက်မယ်”
“ပြဿနာမရှိဘူး”
ခဏအတွင်းမှာပင် လူတိုင်း စတင်လှုပ်ရှားလာကြသည်။ စွမ်းအားဝတ်စုံအချို့ဆီမှ စက်ပစ္စည်းများ စတင်လည်ပတ်သံများ ထွက်ပေါ်လာပြီး လူများမှာ ဝတ်စုံများကို စတင်ဝတ်ဆင်လိုက်ကြသည်။ နဂါးနက်တိုက်ပွဲဝတ်စုံကို ဝတ်ဆင်ထားသည့် တာလို့လည်း ပူးပေါင်းပါဝင်လာသည်။ အဖွဲ့သုံးဖွဲ့က ချက်ချင်းပင် အချက်အလက်များ ချိတ်ဆက်လိုက်ကြပြီး လူတိုင်း၏ တည်နေရာနှင့် အရေးကြီးအချက်အလက်များကို အဖွဲ့စနစ်မြင်ကွင်းတွင် ရှင်းရှင်းလင်းလင်း မြင်တွေ့နေရသည်။
လင်းရှန်သည် သူ၏ နာနိုစွမ်းအားဝတ်စုံကို ကြယ်နက်ပန်းပဲဖို အာကာသထဲတွင် သိမ်းဆည်းထားပြီး လိုအပ်သည့်အချိန်တိုင်း အလိုအလျောက် ဝတ်ဆင်နိုင်ရန် ပြင်ဆင်ထားသည်။ အဖွဲ့သုံးဖွဲ့ ခွဲထွက်သွားသည်ကို မြင်သောအခါ သူသည် ရှေ့မှ ပိတ်ဆို့နေသည့် ရထားတွဲများကို ချက်ချင်းပင် ဝါးမျိုလိုက်သည်။ အချိန်က အကန့်အသတ်ရှိနေပြီး ညမမှောင်ခင် တစ်နာရီခန့်သာ လိုတော့သဖြင့် ကီကီကို စိတ်စွမ်းအားသုံးကာ အနန္တရထားရှေ့မှ ရထားများကို အားသုံးပြီး ဖယ်ရှားခိုင်းလိုက်ရသည်။ ထို့နောက်မှ အနန္တရထားကို ကြားကွက်လပ်များမှတစ်ဆင့် ဖြည်းဖြည်းချင်း ရှေ့တိုးစေခဲ့သည်။
လင်းရှန်သည် ရထားထိန်းချုပ်ခန်းအပေါ်သို့ တက်သွားပြီး အနန္တနှရထားကို ရှေ့သို့ ခုတ်မောင်းသွားသည်။ လမ်းတစ်လျှောက်ရှိ ရထားသံလမ်းပေါ်တွင် ပိတ်ဆို့နေသော ရထားတွဲအလွတ်များကို အဆက်မပြတ် ဝါးမျိုသွားသည်။ ထိုနေရာတွင် ရထားပျက်များနှင့် အမှိုက်သရိုက်များ စုပုံနေပြီး တိတ်ဆိတ်ခြောက်ကပ်ကာ ပျက်စီးယိုယွင်းနေသော မြင်ကွင်းတစ်ခုဖြစ်ပေါ်နေသည်။
တံတားပေါ်တွင် ရပ်နေရင်း သူသည် နေဝင်ချိန်အောက်ရှိ ပင်လယ်ကျောက်ဆောင်ကျွန်း၏ မြို့ပြဧရိယာနှင့် ပို၍နီးကပ်လာသည့် ဆက်သွယ်ရေးဆိပ်ကမ်းကို ကြည့်ရှုကာ အဖွဲ့အသီးသီးမှ ပေးပို့လာသော မှတ်တမ်းများကို စောင့်ကြည့်နေသည်။
နေဝင်ဆည်းဆာ၏ ရွှေရောင်အလင်းတန်းများသည် ဆက်သွယ်ရေးဆိပ်ကမ်းရှိ ရထားလမ်းပေါ်သို့ ဖြာကျနေသည်။ စွန့်ပစ်ထားသော ရထားတွဲများမှာ သံလမ်းပေါ်တွင် ပြန့်ကျဲနေပြီး သံချေးတက်နေသော ကိုယ်ထည်များက ကမ္ဘာပျက်ကပ်၏ အထီးကျန်မှုကို ပြောပြနေသယောင် ရှိပေသည်။
“ရထားတွေ အများကြီးပဲ၊၊ ပစ္စည်းတွေ ဝါးမျိုဖို့ အကောင်းဆုံးအချိန်ပဲ”
လင်းရှန်သည် ပတ်ဝန်းကျင်ကို လေ့လာရင်း ရထားတွဲများကို ဆက်၍ဝါးမျိုနေလိုက်သည်။
ဂြိုဟ်ပတ်ရထားလမ်းက ပင်လယ်ကိုဖြတ်၍ ဆိပ်ကမ်းတစ်ခုဆီသို့ သွယ်တန်းထားသည်။ ထိုနေရာတွင် ရထားဘူတာအပြင် ကွန်တိန်နာဆိပ်ကမ်းကြီးတစ်ခုလည်း ရှိသည်။ ပတ်ပတ်လည်တွင် ခြောက်သွေ့နေသော သစ်ပင်များရှိသည့် ကျွန်းငယ်လေးအချို့ ပြန့်ကျဲနေသည်။ ဆိပ်ကမ်းမှ အတွင်းဘက်သို့ လခြမ်းပုံသဏ္ဌာန် မြို့ပြဧရိယာ ဖြစ်ပေါ်နေပြီး ချိုင့်ဝှမ်းတစ်ခုမှ ကျွန်း၏ အလယ်ဗဟိုအထိ ကျယ်ပြန့်သွားကာ နီကျင်ကျင် နေဝင်ချိန်အောက်တွင် မြို့ပြအစုအဝေးကြီးတစ်ခုအဖြစ် မြင်တွေ့နေရသည်။
လင်းရှန်သည် ကမ္ဘာမပျက်ခင်က ထိုမြို့များနှင့် ရင်းနှီးပြီးသားဖြစ်သည်။ အချို့မှာ သူသွားလည်ဖူးသည့် ခရီးသွားနေရာများဖြစ်ပြီး အချို့ကိုမူ အင်တာနက်မှတစ်ဆင့် သိရှိထားခြင်းဖြစ်သည်။ လင်းရှန်သည် တက္ကသိုလ်မတက်ခင်က ပင်လယ်ကျောက်ဆောင်ကျွန်းသို့ တစ်ခေါက်သွားဖူးသည်။ ထိုစဉ်က ကမ်းခြေများသည် အလွန်လှပပြီး ပင်လယ်ကူးခရီးစဉ်များတွင်လည်း ပျော်ရွှင်စရာ လှုပ်ရှားမှုများစွာဖြင့် ပြည့်နှက်နေခဲ့ဖူးလေသည်။