← Chapters

အခန်း (၉၃၂-၉၃၃)

Vol. 53 Ch. 932-933

အခန်း (၉၃၂-၉၃၃)

Vol. 53 Ch. 932-933

Chapter 932

အမှောင်စွမ်းအင် သလင်းကျောက် ၁

ထိုစကားကို ကြားသောအခါ လူတိုင်း၏ မျက်နှာများမှာ လေးလံသွားကြသည်။ အကယ်၍ သာမန် ထူးဆန်းသည့် သတ္တဝါများပါ ကာကွယ်ရေးစွမ်းအင်နယ်ပယ်များရှိလာပြီဆိုပါက အသက်ရှင်ကျန်ရစ်သူများအတွက် သတင်းဆိုးပင်ဖြစ်သည်။

“ထူးဆန်းတဲ့ သတ္တဝါတွေရဲ့ တိုးတက်ပြောင်းလဲမှုနှုန်းက ဒီလောက်တောင် မြန်လိမ့်မယ်လို့ မယုံနိုင်စရာပဲ’’ ချန်ဆီရွှမ် မျက်မှောင်ကြုတ်လိုက်သည်။

“လူသားတွေရဲ့ တိုးတက်မှုကလည်း မနှေးပါဘူး’’

လင်းရှန်က ပြန်ပြောလိုက်ပြီး ဗန်နက်ဆာနှင့် ဂေဒီကို ကြည့်ကာ မေးလိုက်သည်၊၊

“နင်တို့ကို ဘယ်သူက တိုက်ခိုက်ခဲ့တာလဲ၊၊ ပြီးတော့ ပင်လယ်ကျောက်ဆောင်ကျွန်းရဲ့ အကြောင်းကို အသေးစိတ်ပြောပြပေးနိုင်မလား’’

“ရတာပေါ့’’

ဗန်နက်ဆာက ပြန်ဖြေသည်၊၊

“ငါတို့ မပြောပြရင်တောင် မကြာခင်မှာ နင်တို့က သူတို့ရဲ့ ပစ်မှတ်ဖြစ်လာမှာပဲ’’

“ဘာကိုဆိုလိုတာလဲ’’

ဗန်နက်ဆာက လင်းရှန်တို့ကို အံ့သြတကြီးကြည့်ကာ ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်၊၊

“အမ်... နင်က လင်းရှန်လေ၊၊ ဓားကိုင်ဆောင်သူတစ်ယောက်ပဲ၊၊ ဒါ့အပြင် နင့်အဖွဲ့ထဲမှာလည်း ဒီလောက် အားကောင်းတဲ့ စွမ်းအားရှင်တွေ ပါနေတာဆိုတော့ ပစ်မှတ်ထားခံရတာက ပုံမှန်ပါပဲ’’

လင်းရှန်က နားမလည်သလို ကြည့်နေသော်လည်း ဂေဒီက သူ့ကို သေချာကြည့်ကာ ပြောလိုက်သည်။

“ငါပြောနေတဲ့လူက ဗေလန်ပဲ၊၊ သူက မြင့်မြတ်မြို့တော်အဖွဲ့အစည်းရဲ့ ခေါင်းဆောင် အမှောင်ဂိုဏ်းကပဲ၊၊ သူက ထူးဆန်းတဲ့ သတ္တဝါတွေနဲ့ တခြားစွမ်းအားရှင်တွေရဲ့ သလင်းကျောက်တွေကို အမဲလိုက်ပြီး အင်အားတောင့်တင်းအောင် လုပ်တယ်၊၊ သူတို့က အနီရောင်ကမ္ဘာ၊ ဗျာဒိတ်တော်ဂိုဏ်းတို့နဲ့ ဆက်စပ်နေတယ်’’

“ခဏလေး’’

ချန်ဒေလီက ရှေ့သို့တိုးလာပြီး မျက်မှောင်ကြုတ်ကာ မေးသည်၊၊

“နင်တို့ ပင်လယ်ပေါ်က သတင်းတွေက ငါတို့ ကုန်းပေါ်က ကျန်ရစ်သူတွေနဲ့ နည်းနည်း ကွဲပြားနေသလားလို့၊ နင်ပြောတဲ့ သလင်းကျောက်ဆိုတာက... ဒီမြင့်မြတ်မြို့တော်အဖွဲ့ကလူက စွမ်းအားရှင်တွေကို အမဲလိုက်တာဟာ ကိုယ့်ရဲ့ စွမ်းအားတိုးတက်မှုအတွက် အထောက်အကူသိပ်မဖြစ်ဘူးဆိုတာ မသိဘူးလား’’

ဤစကားကြောင့် လူတိုင်းက ဗန်နက်ဆာနှင့် ဂေဒီကို ဝိုင်းကြည့်လိုက်ကြသည်။

ဗန်နက်ဆာ၏ အကြည့်တွင် သံသယအရိပ်အယောင်အချို့ ဖြတ်သန်းသွားပြီးနောက် သူမသည် လူတိုင်းကို ဝေ့ကြည့်ကာ နောက်ဆုံးတွင် ရှောင်ချင်းထံ၌ အကြည့်ရပ်သွားသည်။ အကြောင်းမှာ သူမသည် ရှောင်ချင်း၏ တိုက်ခိုက်မှုကို မြင်တွေ့ခဲ့ရသောကြောင့် ဖြစ်သည်။

ထို့ကြောင့် သူမသည် စကားလုံးနှစ်လုံးကို တိုးညှင်းစွာ ရွတ်လိုက်သည်။

“တိုက်ခိုက်မယ်’’

စကားမဆုံးမီမှာပင် ဗန်နက်ဆာ၏ ပုံရိပ်မှာ ရုတ်တရက် ဝေဝါးသွားပြီး လျှပ်စီးလက်သကဲ့သို့ ရှောင်ချင်း၏ ရှေ့သို့ ရောက်သွားကာ ဘယ်ကမှန်းမသိသော ဓားတစ်လက်ဖြင့် လျင်မြန်စွာ ပိုင်းချလိုက်တော့သည်။

ချွမ်

မျက်စိတစ်မှိတ်အတွင်းမှာပင် ရှောင်ချင်းက လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး သူမ၏ သေနတ်ဓားကို မျက်နှာရှေ့တွင် ကန့်လန့်ကာ၍ ဗန်နက်ဆာ၏ တိုက်ခိုက်မှုကို တိကျစွာ ခုခံလိုက်သည်။

မမျှော်လင့်ဘဲ ဗန်နက်ဆာသည် ယင်းကို မြင်သောအခါ နှုတ်ခမ်းကို အနည်းငယ် မဲ့လိုက်သည်၊၊

“တောင်းပန်ပါတယ်’’

ထိုစကားကို ကြားသည်နှင့် ရှောင်ချင်းသည် တစ်ဖက်လူ၏ စွမ်းအင် ပြောင်းလဲသွားသည်ကို ချက်ချင်း သိလိုက်ရသည်။ ခုခံထားသော ဓားမှ ဇီဝစွမ်းအင်နယ်ပယ်ပွင့်သွားသည့်အလား သဏ္ဌာန်မဲ့ရိုက်ခတ်မှုလှိုင်းတစ်ခု ထွက်ပေါ်လာပြီး ငွေရောင် မိုက်ခရိုဝေ့ဖ်လှိုင်းများ ဖျတ်ခနဲ ပေါ်လာကာ ဝုန်းခနဲ အသံနှင့်အတူ သူမကို ပေအနည်းငယ် နောက်သို့ လွင့်ထွက်သွားစေပြီးမှ အနေအထားကို ပြန်ထိန်းနိုင်ခဲ့သည်။

ဝှစ် ဝှစ် ချောက်

ချက်ချင်းဆိုသလိုပင် လူတိုင်း၏ လက်နက်များက ဗန်နက်ဆာနှင့် ဂေဒီထံသို့ ချိန်ရွယ်လိုက်ကြသော်လည်း ဗန်နက်ဆာက သူမ၏ လက်နှစ်ဖက် မြှောက်ပြလိုက်သည်။

“တောင်းပန်ပါတယ်၊၊ နင်တို့မှာ သလင်းကျောက်ရှိ၊မရှိ သိချင်ရုံတင်ပါ’’

ပြောပြီးနောက် သူမသည် နောက်သို့ လွင့်သွားသော်လည်း အရှိန်ပြန်ထိန်းနိုင်ခဲ့သည့် ရှောင်ချင်းကို ကြည့်ကာ ဆက်ပြောသည်။

“နင်က စွမ်းအားရှင် မဟုတ်လောက်ဘူး၊၊ ဒါပေမဲ့ နင့်ရဲ့ ဆင့်ကဲပြောင်းလဲမှု အမြင့်ဆုံးတန်ဖိုးက ဖျက်ဆီးခြင်းအဆင့်ကို ရောက်နေပြီး အိန်ဂျယ်အဆင့်ကို ချိုးဖျက်တော့မယ့် ပုံပဲ’’

ရှောင်ချင်းက သူမ၏ သေနတ်ဓားကို ပြန်သိမ်းလိုက်ပြီး အေးစက်စွာ ပြန်ဖြေသည်၊၊

“၇၂၀၀’’

“မိုက်တယ်’’ ဗန်နက်ဆာက တုံ့ပြန်လိုက်သည်။

လင်းရှန်သည် ဂေဒီနှင့် ဗန်နက်ဆာတို့၏ ဖုံးကွယ်ထားသော လျှို့ဝှက်ချက်ကို သိချင်နေမိသည်။ ထိုစဉ် ဂေဒီက ရှေ့သို့တိုးကာ လင်းရှန်နှင့် ရှောင်ချင်းကို ကြည့်ပြီး ပြောလိုက်သည်။

“ကပ္ပတိန်လင်း... ငါ့သူငယ်ချင်း… ဗန်နက်ဆာရဲ့ အမြင့်ဆုံး စွမ်းအားတန်ဖိုးက...’’

“၁၄,၀၀၀ ပါ’’

ညဥ့်သန်းခေါင်အချိန်၊ အနန္တရထား၏ တွဲအတွင်း၌ ဖြစ်သည်။

မီးများပိတ်ထားပြီး အမှတ် (၂) တွဲအတွင်း၌ အပြာရောင် အလင်းအေးမီး(ပုံမှန်မီးသီးတွေလို အပူမထွက်သောမီးသီး) အနည်းငယ်သာ ထွန်းညှိထားသည်။ အနန္တရထားအဖွဲ့ဝင်များ စုဝေးနေကြပြီး အချို့က မတ်တပ်ရပ်လျက်၊ အချို့က ထိုင်လျက်ရှိရာ သန်းခေါင်ယံည ပုံပြင်ပြောပွဲတစ်ခုနှင့် ဆင်တူနေသည်။

“၁၄၀၀၀”

ဂေဒီ၏ စကားကြောင့် အနန္တရထားအဖွဲ့ဝင်များအားလုံး အံ့အားသင့်သွားကြသည်။ အသက် ၂၀ ပင်ပြည့်သေးပုံမရသည့် ဤမိန်းကလေးသည် အိန်ဂျယ်အဆင့်ကို ကျော်ဖြတ်ရုံသာမက စိတ်ဝိညာဉ်တုန်ခါမှုလှိုင်းတန်ဖိုး အထွတ်အထိပ် အမှတ် ၁၄၀၀၀အထိ ရောက်ရှိနေသည်ကို မည်သူမှ သတိမထားမိခဲ့ကြပေ။ ဤသည်မှာ အတော်ပင် မယုံကြည်နိုင်စရာဖြစ်နေသည်။

“ဘာလို့ အဲ့လောက်တောင်မြင့်နေရတာလဲ”

နန်ကျင်းက မျက်မှောင်ကြုတ်သွားသည်၊၊

“ငါဆိုလိုတာက ခုနက သတ္တဝါတွေက အဲ့လောက်အထိ ရင်ဆိုင်ရခက်လို့လား”

သူမ၏ စကားမှာ ရှင်းလင်းလှသည်။

ဤမျှအင်အားမျိုးနှင့်ဆိုလျှင် ထိုသတ္တဝါများမှာ ဇီဝစွမ်းအင်နယ်ပယ်များ ပိုင်ဆိုင်ထားလျှင်ပင် အလွယ်တကူ ကိုင်တွယ်နိုင်ရမည် ဖြစ်သည်။

ဗန်နက်ဆာက လက်ကို ခါးထောက်လျက် နန်ကျင်းတို့အဖွဲ့ရှိ သန်မာသူများကို ကြည့်လိုက်သည်။ သူမ၏ အကြည့်မှာ လုရှင်းချန်ထံတွင် ခဏတာ ရပ်တန့်သွားပြီးနောက် ပြောလိုက်သည်၊၊

“ဖီးနစ်အဖွဲ့အစည်းက သလင်းကျောက်မွေးမြူမှုနဲ့ ပတ်သက်ရင် ရှေးရိုးစွဲအဆင့်မှာပဲ ရှိနေသေးပြီး လူသိရှင်ကြား မထုတ်ပြန်သေးဘူး၊၊ ဒါပေမဲ့ နင်တို့က ဓားကိုင်ဆောင်သူတွေဆိုတော့ ဒါကို သိလိမ့်မယ်လို့ ငါထင်ထားတာ...”

ဂေဒီက လျှောက်လာပြီး ဗန်နက်ဆာကို ပြောလိုက်သည်။

“သလင်းကျောက်မွေးမြူမှုမှာ အားနည်းချက်တွေ ရှိတယ်ဆိုတာ ငါတို့အားလုံး သိပါတယ်၊၊ အဲ့ဒါက စွမ်းအားရှင်တွေကို ထိန်းချုပ်မှု လွတ်သွားစေနိုင်တယ်၊၊ အခုလောလောဆယ်မှာတော့ မြင့်မြတ်မြို့တော်လိုမျိုး အမှောင်ဂိုဏ်းခွဲ အဖွဲ့အစည်းတွေပဲ ဒါကို ရဲရဲတင်းတင်း လုယူနေကြတယ်၊၊ အဲ့ဒါကြောင့်လည်း ဟင်းသီးဟင်းရွက်ဖျော်ရည်နဲ့ မျှခြေညှိယူနေကြရတာပဲ”

“ဒါပေမဲ့ သလင်းကျောက်မွေးမြူမှုက ထူးဆန်းတဲ့ သတ္တဝါတွေကို ရင်ဆိုင်ဖို့ စွမ်းအားရှင်တွေရဲ့ စွမ်းအားသိပ်သည်းဆကို မြှင့်တင်နိုင်မယ့် အကန့်အသတ်ရှိတဲ့ နည်းလမ်းတစ်ခုပဲ၊၊ အဲ့ဒီအားနည်းချက်တွေက သေရတာထက် ပိုဆိုးလို့လား… ငါတော့ အဲ့လိုမထင်ဘူး”

ဗန်နက်ဆာက တုံ့ပြန်သည်။

လင်းရှန်က ထိုသူနှစ်ဦး ဆွေးနွေးနေသည်ကို ကြည့်ရင်း အဓိကအချက်အလက်အချို့ကို ကြားလိုက်ရသဖြင့် မေးလိုက်သည်။

“သလင်းကျောက်မွေးမြူမှု ဟုတ်လား၊၊ အဲ့ဒါကြောင့်မို့လို့ မင်းရဲ့ စိတ်ဝိညာဉ်တုန်ခါမှုလှိုင်းတန်ဖိုးက ၁၄၀၀၀အထိ တက်သွားတာလား”

“ဟုတ်တယ်”

ဂေဒီက ပြန်ဖြေရန် ပြင်စဉ် ဗန်နက်ဆာက သူမကို တားလိုက်ပြီး လင်းရှန်ကို အဓိပ္ပာယ်အပြည့်နှင့် ကြည့်ကာ ရှေ့သို့ တိုးလာခဲ့သည်။

“ဓားကိုင်ဆောင်သူ… ငါတို့နဲ့ ပူးပေါင်းပါ၊၊ ငါ နင်တို့ကို အချက်အလက်အားလုံး ပေးမယ်၊၊ ပြီးတော့...”

သူမက ပတ်ဝန်းကျင်ကို စိတ်ဝင်တစား ကြည့်ရင်း “နင်တို့အားလုံး သလင်းကျောက်မွေးမြူမှု အောင်မြင်အောင် ငါတို့ ကူညီနိုင်တယ်၊၊ ဒါက နင်တို့ရဲ့ အထွတ်အထိပ်ဆုံးစွမ်းအားကို အနည်းဆုံး နှစ်ဆလောက် မြှင့်တင်ပေးနိုင်တယ်ဆိုတာ နင်သိသင့်တယ်”

ထိုစကားထွက်လာသည်နှင့် မိုနီကာ၊ နန်ကျင်း၊ ချန်ဆီရွှမ်၊ ကီကီနှင့် အခြားသူများအားလုံး မျက်မှောင်ကြုတ်သွားကြသည်။ တစ်ဖက်တွင်လည်း ချီလီ၊ လုရှင်းချန်၊ လော့ယန်နှင့် ရူဂျီတို့၏ မျက်နှာအမူအရာများမှာ အနည်းငယ် ပြောင်းလဲသွားကြသည်။ လူတိုင်းက ဗန်နက်ဆာ ပြောလိုက်သည့်အရာအပေါ် စိတ်ဝင်စားလာကြသည်မှာ ထင်ရှားသည်။

“နှစ်ဆတောင်လား”

ရှုချင်းက ထိုအချိန်တွင် ဝင်ပြောလိုက်သည်။

“ဇီဝဗေဒဆိုင်ရာ ပြုပြင်မွမ်းမံမှုလား”

လင်းရှန်က အနန္တရထား၏ စနစ်မြင်ကွင်းအတွင်းရှိ သတင်းအချက်အလက်ဗဟိုစင်တာ၏ တိတ်ဆိတ်နေမှုကို ကြည့်လိုက်ပြီးနောက် ပြန်လှည့်လာကာ ပြောလိုက်သည်။

“ဆက်ပြောပါဦး၊၊ ဪ ဒါနဲ့...”

လင်းရှန်က သူ၏ နားကြပ်ကို နှိပ်လိုက်ပြီး တင်းကျန်းရီ၊ ရှောင်ယွမ်နှင့် စွန်းယုကျန်းတို့ကို ခေါ်လိုက်သည်။ ထိုနှစ်ဦးက အမှတ် (၃) တွဲတွင် ဒါရိုက်တာတင်းကို ကာကွယ်ပေးနေခြင်းဖြစ်သော်လည်း အခြေအနေအရ အားလုံးအတူတူ ဆွေးနွေးကြသည်မှာ ပိုကောင်းမည်ဟု လင်းရှန်က ယူဆသည်။

Chapter 933

အမှောင်စွမ်းအင် သလင်းကျောက် ၂

မကြာမီ တင်းကျန်းရီတို့ သုံးဦးက မှောင်မည်းနေသော ရထားတွဲအတွင်းမှ ဝင်လာကြသည်။ ၎င်းကိုမြင်လျှင် လင်းရှန်က ပြောလိုက်သည်၊၊

“ငါ့အဖွဲ့သားတွေ အကုန်ရောက်ပြီ၊၊ ဒါရိုက်တာတင်းက အမှောင်စွမ်းအင်သုတေသနမှာ ကျွမ်းကျင်သူတစ်ယောက်ပဲ၊၊ သူလည်း ဒါကို အရမ်းစိတ်ဝင်စားနေတယ်”

ထိုစကားကို ကြားသောအခါ ဗန်နက်ဆာက ဂေဒီကို တစ်ချက်ကြည့်လိုက်ပြီး လင်းရှန်ကို ပြောလိုက်သည်။

“ပထမဆုံးအနေနဲ့ အချက်တစ်ခုကို ငါရှင်းပြပါရစေ၊၊ ခုနက သလင်းကျောက်ရဲ့ စွမ်းအားကို ငါတို့ အပြည့်အဝမထုတ်ခဲ့တာက ဒီစွမ်းအားရဲ့ အရင်းမြစ်က အမှောင်စွမ်းအင်ပဲ၊၊ အတိအကျပြောရရင် အမှောင်ထုရဲ့ ကျူးကျော်မှုကနေ လာတာမို့လို့ပဲ၊၊ ဒုတိယအချက်က ဒီစွမ်းအားကို ညဘက်မှာ သုံးရတာ အရမ်းအန္တရာယ်များတယ်၊၊ အထူးသဖြင့် ငါတို့မှာ အမှောင်အမှတ်အသားမရှိဘူးဆိုရင် ဒီလိုစွမ်းအားကို ထုတ်သုံးတာက ကိုယ့်ကိုယ်ကိုယ် အမှောင်အမှတ်အသားနဲ့ အလင်းပြလိုက်သလိုပဲ၊၊ ဒီနားက ထူးဆန်းတဲ့ သတ္တဝါအားလုံးကို အပြတ်ရှင်းနိုင်မယ်လို့ သေချာမှပဲ သုံးတယ်၊၊ မဟုတ်ရင်တော့ မလိုအပ်ဘဲနဲ့ ငါတို့ ဒါကို မသုံးဘူး”

“ရှင်ပြောတဲ့ ဒီသလင်းကျောက်ဆိုတာကြီးက ဘာလို့ ရှင်တို့ ကိုယ်ပိုင်မဟုတ်သလိုမျိုး ဖြစ်နေရတာလဲ”

ကီကီက လက်ပိုက်လျက် မေးလိုက်သည်။

“အဲ့ဒါကို ပိတ်လို့ ဖွင့်လို့ ရတာလား”

ဗန်နက်ဆာက ပုခုံးတွန့်ပြလိုက်သည်။

“စိတ်မကောင်းပါဘူး၊၊ အခုက နေ့ဘက်သာဆိုရင် နင်တို့ကို ပြရတာ ပြဿနာမရှိဘူး၊၊ ဒါပေမဲ့ အခုကတော့...”

သူမက ပြောရင်းနှင့် ဂေဒီကို ကြည့်လိုက်သည်။ ဂေဒီက ခေါင်းညိတ်ပြကာ လက်ကိုမြှောက်၍ နားအနီးရှိ ယန္တရားယူနစ်တစ်ခုကို နှိပ်လိုက်သည်။ တစ်ခဏချင်းမှာပင် သူမ၏ ယန္တရားမျက်လုံးမှာ အပြာရောင်အလင်းများ လက်သွားပြီး လူတိုင်း၏ရှေ့တွင် သေးငယ်သော ဟိုလိုဂရမ်ပုံရိပ်တစ်ခု ပေါ်လာသည်။

မျက်နှာပြင်ပေါ်တွင် အလွန်ရှုပ်ထွေးလှသည့် လုံးဝန်းသော သလင်းကျောက်တစ်ခုက ဖြည်းညင်းစွာ လည်ပတ်နေသည်။ တင်းကျန်းရီက ကြည့်နေရင်း သူမ၏ အကြည့်များ တင်းမာသွားကာ တစ်စုံတစ်ခုကို သတိပြုမိသွားပုံရသော်လည်း ဘာမှမပြောသေးဘဲ ဗန်နက်ဆာ၏ မိတ်ဆက်မှုကိုသာ အရင်နားထောင်နေသည်။

“ဒါကို အမှောင်စွမ်းအင် သလင်း‌ကျောက်လို့ ခေါ်တယ်၊၊ အဲ့ဒါက ထူးဆန်းတဲ့ သတ္တဝါတွေဆီက လာတဲ့ သွေးပဲစေ့နေရာမှာ စိတ်ဝိညာဉ်စွမ်းအင်ကို အစားထိုးပြီး လူသားရဲ့ ခန္ဓာကိုယ်ထဲမှာ အမြုတေတစ်ခုအဖြစ် မွေးမြူဖွဲ့စည်းထားတယ်၊၊ ငါတို့က သလင်းကျောက်အမြုတေလို့ ခေါ်တယ်၊၊ အကယ်၍ သွေးပဲစေ့က အဲ့ဒီထူးဆန်းတဲ့ သတ္တဝါတွေအတွက် စွမ်းအားရင်းမြစ်ဆိုရင် ဒီသလင်းကျောက်က လူသားခန္ဓာကိုယ်ထဲမှာ မွေးမြူထားတဲ့ ‘ဘက်ထရီ’ နဲ့ အတူတူပဲ၊၊ ဒါကနေ ရနိုင်တဲ့ အကျိုးကျေးဇူးတွေ အများကြီးရှိတယ်၊၊ ငါသိသလောက်တော့ အခုလောလောဆယ် စွမ်းအားရှင် အနည်းငယ်ပဲ ဒါကို မွေးမြူနေကြတယ်၊၊ ဘာလို့လဲဆိုတော့ ဒါက အနည်းဆုံး စိတ်ဝိညာဉ်တုန်ခါမှုလှိုင်းတန်ဖိုး ၅,၀၀၀ ရှိဖို့ လိုအပ်လို့ပဲ၊၊ ဒီ ၅,၀၀၀ ဆိုတာက ဖီးနစ်အဖွဲ့အစည်းရဲ့ အမြင့်ဆုံးကိန်းဂဏန်းကို တွက်ထားတာမဟုတ်ဘူး၊၊ အခြေခံအကျဆုံးကို ပြောတာ”

“ဟင်” ကီကီက ချက်ချင်း မေးလိုက်သည်။

“ရှင်ဆိုလိုတာက လူသားတွေက သွေးပဲစေ့ကို ကိုယ်ထဲမှာ ထည့်သွင်းထားတာလား”

“ထည့်သွင်းတယ်ဆိုတဲ့ စကားလုံးကတော့ သိပ်မမှန်ဘူး”

ဂေဒီက တည်ငြိမ်စွာ ပြောသည်။

“တိတိကျကျပြောရရင် လူသားနဲ့ သွေးပဲစေ့ဆိုတာ အံဝင်ခွင်ကျမရှိဘူး၊၊ စွမ်းအားရယူတဲ့ နည်းလမ်းကလည်း သိပ်ပြီး ထိရောက်မှုမရှိဘူး၊၊ ဒါက လူတိုင်းလက်ခံထားတဲ့ အချက်ပဲ၊၊ လူသားတွေက အမှောင်စွမ်းအင်ကို စစ်ထုတ်ပြီး ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲတိုးတက်အောင်လုပ်နိုင်ပေမဲ့ ထူးဆန်းတဲ့ သတ္တဝါတွေနဲ့ ယှဉ်ရင် ထိရောက်မှုနှုန်းက အများကြီးနိမ့်ကျနေတုန်းပဲ၊၊ ဒါကြောင့်လည်း လူသားတွေက မြန်မြန်ဆန်ဆန် ပြောင်းလဲတိုးတက်နေပေမဲ့ စွမ်းအားရှင်တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည်တစ်ခုတည်းနဲ့ ထူးဆန်းတဲ့ သတ္တဝါတွေကို အနိုင်ယူဖို့ ခက်ခဲနေသေးတယ်၊၊ အဲ့ဒါကြောင့်ပဲ ဖီးနစ်အဖွဲ့အစည်းက အေးခဲ-အမှောင်ဆေးရည်ကို ထုတ်လုပ်ခဲ့ပြီး အမှောင်စွမ်းအင်ကို နေရောင်ခြည်နဲ့ ဟင်းသီးဟင်းရွက်ရည်တွေသုံးပြီး မျှခြေညှိဖို့ တိုက်တွန်းနေတာပဲ”

“ဟုတ်တယ်၊၊ သလင်းကျောက်ဆိုတာ အမှောင်ထုထဲမှာ လူသားတွေ ပြောင်းလဲတိုးတက်လာတဲ့ စွမ်းအားစုစည်းမှု အင်္ဂါအစိတ်အပိုင်းအသစ်တစ်ခုလို့ တွေးကြည့်လို့ရတယ်”

ဗန်နက်ဆာက ရှင်းပြသည်။

“သလင်းကျောက်ရှိရင် လူသားတွေရဲ့ အမှောင်စွမ်းအင်ကို စုပ်ယူနိုင်စွမ်းနဲ့ ပြောင်းလဲနိုင်စွမ်းက အများကြီး တိုးတက်လာလိမ့်မယ်၊၊ ဖီးနစ်အဖွဲ့အစည်းရဲ့ အရင်က ခန့်မှန်းချက်အရဆိုရင် အမြင့်ဆုံး သန့်စင်စစ်ထုတ်နိုင်နှုန်းက ၁၈ ရာခိုင်နှုန်းပဲ ရှိတယ်၊၊ ဒါက လူသားခန္ဓာကိုယ်အတွက် အတူတူပဲ၊၊ ဒါပေမဲ့ သလင်းကျောက်ရှိရင် ဒီထိရောက်မှုက ၅၀ ရာခိုင်နှုန်းကနေ ၆၀၊ ၇၀ ရာခိုင်နှုန်းအထိ တက်သွားနိုင်တယ်၊၊ အရေးကြီးဆုံးအချက်က သလင်းကျောက်က အမှောင်စွမ်းအင်ကို သိုလှောင်ထားနိုင်လို့ စွမ်းအားတွေရဲ့ သိပ်သည်းဆကို သိသိသာသာမြင့်တက်စေတာပဲ၊၊ ဒါက ငါ့ရဲ့ အထွတ်အထိပ်စွမ်းအား ၇,၁၀၀ ကနေ ၁၄,၀၀၀ အထိ ဖြစ်သွားရတဲ့ အဓိကအကြောင်းရင်းပဲ”

ထိုစကားများ ထွက်လာသည်နှင့် လူတိုင်း၏ မျက်နှာအမူအရာများမှာ သိသိသာသာပြောင်းလဲသွားသည်။ လုရှင်းချန်နှင့် အခြားသူအချို့လည်း မျက်လုံးများပြူးကျယ်သွားကြသည်။ ၇,၆၀၀ မှ ၁၄,၀၀၀ အထိ တိုးသွားခြင်းမှာ တိုက်ရိုက်ပင် နှစ်ဆတိုးခြင်းဖြစ်ရာ အတော်ပင် အံ့ဩစရာကောင်းလှသည်။

“ရှင်ဆိုလိုတာက ဒီအရာက Power Bank လိုမျိုးလား” ရှားရှားက မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။

“မဟုတ်ဘူး”

တင်းကျန်းရီက ဗန်နက်ဆာကို ကြည့်ရင်း ပြောလိုက်သည်။

“ကျွန်မအနေနဲ့ တင်စားရရင်တော့ အဲ့ဒါက လူသားတွေရဲ့ ဒုတိယ...”

“စွမ်းအားအင်ဂျင်ပဲ”

“အိုး... အတော်လေး ထိမိတဲ့ တင်စားချက်ပဲ”

ဗန်နက်ဆာက သက်ပြင်းအရှည်ကြီး ချလိုက်ပြီး လူတိုင်းကို ကြည့်ကာ ပြောလိုက်သည်။

“ဟုတ်ပါတယ်၊၊ သလင်းကျောက်ဆိုတာ စွမ်းအားရှင်တွေအတွက် ဒုတိယအင်ဂျင်လိုပဲ၊၊ အခုဆိုရင် အာရုဏ်ဦးမြို့တော်နဲ့ ရေဂျာဗစ်ကနေ လာတဲ့ S-Class တွေရဲ့ တိုက်ပွဲသတင်းတွေအရ သူတို့တွေဟာ အလားတူ အမှောင်စွမ်းအင်တွေကို စုပ်ယူပြီး စွမ်းအင်ပြန်ဖြည့်တာ ဒါမှမဟုတ် စွမ်းအင်သိပ်သည်းဆနဲ့ ဖျက်ဆီးအားကို မြှင့်တင်တာတွေ လုပ်နေကြပြီ၊၊ ဒါက တကယ်တော့ ထူးဆန်းတဲ့ သတ္တဝါတွေဆီကနေ သင်ယူခဲ့တာပဲ၊၊ စွမ်းအားအထွတ်အထိပ်တန်ဖိုး တိုးလာတာက ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာစွမ်းအားကို တိုက်ရိုက်သက်ရောက်မှုရှိစေတာမို့ အရမ်းကို ထိရောက်တယ်”

“ဒါဆို... ငါတို့ ခန္ဓာကိုယ်ထဲမှာ အဲ့လိုအရာကြီးရှိနေတော့မှာလား”

ချီလီက ဆိုဖာပေါ်သို့ မှီချလိုက်ပြီး သံသယများပြည့်နေသော မျက်နှာအမူယာဖြင့် ဆက်ပြောသည်၊၊

“နားထောင်လို့တော့ သိပ်မကောင်းဘူး”

မိုနီကာက ဘေးတွင် လက်ပိုက်ရပ်လျက် ပေါ့ပါးစွာ ပြောသည်။

“နင်ပြောတဲ့ အစားထိုးတာနဲ့ သလင်းကျောက်အမြု‌တေဆိုတာကြီးက အတော်လေး ဒုက္ခများမယ့်ပုံပဲနော်”

“ဒုက္ခများရုံတင်မကဘူး၊၊ အန္တရာယ်လည်း အရမ်းများတယ်”

ဂေဒီက ထိုအချိန်တွင် ဝင်ပြောသည်။ သူမရှေ့ရှိ ဟိုလိုဂရမ်ပုံရိပ်မှာ ပြောင်းလဲသွားသည်။ လုံးဝန်းသော သလင်းကျောက်က အဆုတ်နှစ်ခုကြား ရင်ဘတ်အလယ်တည့်တည့်တွင် တည်ရှိနေပြီး လက်မအရွယ်ခန့်သာရှိသော်လည်း အတော်လေး အားကောင်းသော စွမ်းအင်ထုတ်လွှတ်မှုကို ပြသနေသည်။

“ထူးဆန်းတဲ့ သတ္တဝါရဲ့ သွေးပဲစေ့ကို အစားထိုးချင်ရင် အဲ့ဒါက အနည်းဆုံး အဆင့် (၃) သွေးအဆီအနှစ် ဖြစ်ရမယ်၊၊ မူလစွမ်းအားနဲ့လည်း အံဝင်ခွင်ကျဖြစ်ရမယ်လို့ ပြောကြတယ်၊၊ သလင်းကျောက်အမြုတေကို မွေးမြူတာကလည်း အန္တရာယ်ရှိတယ်၊၊ ဘာလို့လဲဆိုတော့ အဲ့ဒါက ခန္ဓာကိုယ်ထဲက အမှောင်စွမ်းအင် မျှခြေကို ပျက်စီးစေလို့ပဲ၊၊ ဒီဖြစ်စဉ်က အရမ်းနာကျင်ရသလို စိတ်ပိုင်းဆိုင်ရာ စွမ်းအားကိုလည်း ပြင်းပြင်းထန်ထန် စမ်းသပ်တာဖြစ်လို့ သေဆုံးနိုင်တဲ့ အန္တရာယ်လည်း ရှိတယ်၊၊ ငါတို့ရဲ့ အတွေ့အကြုံအရ သလင်းကျောက်အမြုတေဖြစ်တည်ဖို့ အနည်းဆုံး ၇၂ နာရီ ကြာတတ်ပြီး တစ်ယောက်နဲ့တစ်ယောက်တော့ မတူနိုင်ဘူး၊၊ နောက်ဆုံး သလင်းကျောက်အမြုတေဖြစ်တည်ပြီးသွားရင်လည်း ကွာခြားမှုတွေ အများကြီးရှိလာနိုင်တယ်၊၊ အဲ့ဒီကွာခြားမှုကိုတော့ ငါတို့က ပြီးပြည့်စုံမှုလို့ ခေါ်တယ်”

“ပြီးပြည့်စုံမှု ဟုတ်လား”

လင်းရှန် မျက်မှောင်ကြုတ်သွားသည်၊၊

“ကျရှုံးနိုင်တဲ့ အခြေအနေမျိုးရော ရှိလား”

“မရှိဘူး” ဗန်နက်ဆာက ခေါင်းခါပြသည်။

“ကျရှုံးတာက သေတာပဲ၊၊ အသက်ရှင်ကျန်ရစ်တဲ့သူက အရည်အချင်းပြည့်မီတယ်၊၊ ပြီးပြည့်စုံမှုဆိုတာက သလင်းကျောက်အမြုတေရဲ့ အရည်အသွေးနဲ့ ဖွဲ့စည်းပုံကို ဆိုလိုတာပဲ၊၊ ဆီလီကွန်အခြေခံ CPU တွေလိုပေါ့၊၊ အဆင့်မြင့်ဆုံး စက်မှုစနစ်တွေနဲ့ ထုတ်လုပ်ရင်တောင် ရုပ်ပိုင်းဆိုင်ရာ ကွာခြားမှုတွေ ရှိတတ်သလို လူသား DNA ကနေ ပိုကောင်းတဲ့ မျိုးဆက်တွေ မွေးဖွားနိုင်သလို ညံ့တဲ့သူတွေလည်း ရှိနိုင်တာမျိုးပေါ့”

“အတိုချုပ်ပြောရရင် ဒီပြီးပြည့်စုံမှုကို အဆင့် လေးဆင့် ခွဲထားတယ်၊၊ အဲ့ဒါတွေကတော့ C, B, A နဲ့ S ပဲ၊၊ C အဆင့်က ၇၀ ရာခိုင်နှုန်းကနေ ၈၅ ရာခိုင်နှုန်းအထိ ရှိပြီး သလင်းကျောက်က စုပ်ယူနိုင်တဲ့ အမှောင်စွမ်းအင်ကလည်း အတူတူပဲ၊ ဒါကြောင့် အညံ့ဆုံး C အဆင့် သလင်းကျောက်အမြုတေတောင်မှ စွမ်းအားရှင်ရဲ့ စွမ်းအားအထွတ်ထိပ်တန်ဖိုးကို အနည်းဆုံး ၇၀ ရာခိုင်နှုန်းလောက် မြှင့်တင်ပေးနိုင်တယ်၊၊ B အဆင့်က ၈၅ ကနေ ၉၅ ရာခိုင်နှုန်း၊ A အဆင့်က ၉၅ ကနေ ၉၈ ရာခိုင်နှုန်းနဲ့ နောက်ဆုံး S အဆင့်ကတော့ ၉၈ ရာခိုင်နှုန်းနဲ့ အထက်၊ ၁၀၀ ရာခိုင်နှုန်းနီးပါး ပြီးပြည့်စုံတာကို ဆိုလိုတယ်”

All Chapters