← Chapters

အခန်း (၉၃၄-၉၃၅)

Vol. 53 Ch. 934-935

အခန်း (၉၃၄-၉၃၅)

Vol. 53 Ch. 934-935

Chapter 934

ပူးပေါင်းအမဲလိုက်ပွဲ ၁

“ကျွန်မ နားမလည်ဘူး”

ချန်ဆီရွှမ်က ဝင်ပြောလိုက်သည်။

“S အဆင့်နဲ့ A အဆင့်ကြားက ၃ ရာခိုင်နှုန်း ကွာခြားမှုက အဲ့လောက်တောင် ကွာခြားချက်ကြီးနေလို့လား”

“ဟုတ်တယ်”

ဂေဒီက ဆက်ပြောသည်။

“ဒီပြီးပြည့်စုံမှုကို စွမ်းအားတိုးတက်လာတဲ့ ရာခိုင်နှုန်းတစ်ခုတည်းအနေနဲ့ မမှတ်ယူလိုက်နဲ့၊၊ အဲ့ဒါက ထင်သလောက်မရိုးရှင်းဘူး၊၊ ဘာလို့လဲဆိုတော့ လူသားရဲ့ ခန္ဓာကိုယ်မှာ အလားအလာတွေ ရှိလို့ပဲ၊၊ ဥပမာ- ငါ့ရဲ့ သလင်းကျောက်က ၈၇ ရာခိုင်နှုန်းနဲ့ B အဆင့်မှာ ရှိပေမဲ့ ငါ့ရဲ့ စွမ်းအားကို အလွန်အကျွံထုတ်သုံးရင် ၉၈ ရာခိုင်နှုန်းအထိ ရောက်နိုင်တယ်၊၊ ဗန်နက်ဆာရဲ့ ၉၅ ရာခိုင်နှုန်းရှိတဲ့ A အဆင့်ကတော့ ၁၁၆ ရာခိုင်နှုန်းအထိ အလွန်အကျွံ ထုတ်သုံးနိုင်တယ်၊၊ သလင်းကျောက်က ပိုပြီး ပြီးပြည့်စုံလေလေ… အလွန်အကျွံ ထုတ်သုံးနိုင်စွမ်း ကွာခြားချက်က ပိုကြီးလေလေပဲ”

“ဝါး... အလွန်အကျွံ ထုတ်သုံးခြင်းလား… တကယ်ပဲ CPU overclock လုပ်သလိုပဲနော်”

ကီကီက အံ့အားသင့်စွာ ပြောလိုက်သည်။

“အခုတော့ ငါနားလည်သွားပြီ၊၊ ဒီသလင်းကျောက်အမြုတေကို မွေးမြူပြီး တည်ဆောက်တာက ကံတရားနဲ့ ကိုယ့်ရဲ့ ခန္ဓာကိုယ်အခြေအနေပေါ်မှာလည်း မူတည်နေတာပဲ မဟုတ်လား”

“မှန်တယ်”

“ဒါဆို ကျရှုံးနှုန်း ဒါမှမဟုတ် သေဆုံးနိုင်ခြေက ဘယ်လောက်လဲ”

ချန်ဆီရွှမ်က မေးလိုက်သည်။

“တစ်ယောက်နဲ့တစ်ယောက် မတူဘူး”

ဂေဒီက လင်းရှန်နှင့် အခြားသူများကို ကြည့်လိုက်သည်။

“ဒါပေမဲ့ ဒီအချက်အတွက်တော့ သိပ်ပြီး မစိုးရိမ်ပါနဲ့၊၊ စွမ်းအားရှင်က ပိုသန်မာလေလေ မွေးမြူဖို့ အောင်မြင်တဲ့ အခွင့်အလမ်းက ပိုများလေပဲ၊၊ ပြီးတော့... ဒီအန္တရာယ်ကြောင့်နဲ့ သလင်းကျောက် မွေးမြူတာကို ဘယ်သူမှ လက်လျှော့လိမ့်မယ်လို့ ငါမထင်ဘူး”

“ဘာလို့လဲ” လင်းရှန်က မေးလိုက်သည်။

“ရှင်သန်ဖို့အတွက်လေ” ဂေဒီက ဆက်ပြောသည်။

“သလင်းကျောက်ရဲ့ အကျိုးကျေးဇူးတွေက အများကြီးပဲ၊၊ စွမ်းအားမြှင့်တင်တာ၊ အမှောင်ထုနဲ့ အသားကျတာ၊ အမှောင်စွမ်းအင်ကို ပိုမြန်မြန်စုပ်ယူပြီး ပြောင်းလဲတိုးတက်တာတွေပေါ့၊ အရေးကြီးဆုံးက သလင်းကျောက်ရှိရင် လူသားစွမ်းအားရှင်တွေဟာ အခုလက်ရှိ တွင်းနက်က ထူးဆန်းတဲ့ သတ္တဝါတွေကို ယှဉ်တိုက်နိုင်တဲ့ အင်အားရှိလာလိမ့်မယ်၊၊ ဥပမာ- အမှတ် ၁၅၀၀၀အထိ ရောက်ရင် A အဆင့် သတ္တဝါကို တိုက်နိုင်မယ်၊၊ နှစ်သောင်းအထိ ရောက်ရင် အထူးအဆင့်ကို ပြန်တိုက်နိုင်မယ်၊၊ သတ္တဝါတစ်ကောင်ချင်းစီမှာ ကွာခြားချက်တွေ ရှိနိုင်သလို အဆင့်သတ်မှတ်ချက်ကလည်း အကြမ်းဖျင်းရှိပေမဲ့ ဒါက ကိုးကားဖို့အတွက်တော့ အသုံးဝင်တယ်”

သူမက ပြောရင်း လုရှင်းချန်ကို ကြည့်လိုက်သည်။

“နင်က အိန်ဂျယ်အဆင့် ဖြစ်ရမယ်”

လုရှင်းချန်က လက်ပိုက်လျက် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်သည်၊၊

“ငါ့ရဲ့ အမြင့်ဆုံးအမှတ်က ၁၂,၅၀၀ ပဲ”

အာရုဏ်ဦးမြို့တော်တိုက်ပွဲတွင် လုရှင်းချန်၏ တိုက်ခိုက်ရေးစွမ်းရည်မှာ တရှိန်ထိုးတက်လာခဲ့သည်။ အနန္တလက်စွပ်နှင့် ပေါင်းစပ်လိုက်လျှင် သူ၏ စွမ်းအားက အနန္တရထားအဖွဲ့အတွင်း၌ လင်းရှန်မှလွဲ၍ ထိပ်ဆုံးတွင် ရှိနေသည်။

“အကယ်၍ နှစ်ဆတိုးသွားရင်ရော”

ဂေဒီက သူ့ကို ကြည့်ကာ ဆက်ပြောသည်။

“မီးစွမ်းအား အမှတ် နှစ်သောင်းငါးထောင်နဲ့ဆိုရင် အထူးအဆင့်ရှိတဲ့ အလွန်ကြီးမားတဲ့ ထူးဆန်းတဲ့ သတ္တဝါကိုတောင် နင်က ထိပ်တိုက်ရင်ဆိုင်နိုင်လိမ့်မယ်”

ထိုစကားများကြောင့် လုရှင်းချန်၏ မျက်နှာအနည်းငယ်တင်းမာသွားသည်။ သူ တကယ်ပင် စိတ်လှုပ်ရှားသွားသည်မှာ ထင်ရှားလှသည်။

“နားထောင်လို့တော့ ကောင်းပါတယ်၊၊ ဒါပေမဲ့ အားနည်းချက်တွေက ဘာလဲဆိုတာ ငါသိချင်တယ်”

လုရှင်းချန် မနုံအပေ၊၊ ဖီးနစ်အဖွဲ့အစည်းက ဒါကို တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ မလုပ်သေးဘူးဆိုကတည်းက တစ်ခုခုတော့ ရှိရမည်ဖြစ်သည်။

လင်းရှန်ကလည်း ဗန်နက်ဆာနှင့် ဂေဒီကို ကြည့်လိုက်သည်။ သူ၏ အတွေးမှာ လုရှင်းချန်နှင့် တူညီလေသည်၊၊ အရာရာတိုင်းတွင် ပေးဆပ်ရမည့် တန်ဖိုးရှိသည်ဖြစ်ရာ ထိုတန်ဖိုးက ဘာလဲဆိုသည်ကို သူသိချင်နေသည်။

“အားနည်းချက်တွေက အများကြီးပဲ”

ဗန်နက်ဆာက တိုက်ရိုက်ပင် ပြောလိုက်သည်။

“ပထမဆုံးက အန္တရာယ်၊ ဒုတိယက အမှောင်ထဲမှာ ဒါကို သုံးရင် သွေးဆောင်ဖြားယောင်းဆေးထက် ပိုပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိလာမယ်၊၊ အနည်းဆုံးတော့ အဆင့် (၃) အမှောင်အမှတ်အသားနဲ့ ညီမျှတယ်၊၊ တတိယကတော့ အဆင့်မြင့် သွေးပဲစေ့ လိုအပ်မှု၊၊ အဲ့ဒါကို ငါပြောခဲ့ပြီးပြီ၊၊ ဒါပေမဲ့ ဖီးနစ်အဖွဲ့အစည်းအတွက် အဆိုးဆုံးကတော့ မသေချာတဲ့ အချက်နှစ်ချက်ပဲ၊၊ ပထမတစ်ခုက သလင်းကျောက်ရှိတဲ့ စွမ်းအားရှင်တွေဟာ အမှောင်ထုနဲ့ ရင်းမြစ်တစ်ခုတည်းက လာတဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတာဖြစ်လို့ သုတေသနမှာ ကြိုတင်မခန့်မှန်းနိုင်တဲ့ ဖြစ်ရပ်တွေ အများကြီးရှိနေတယ်၊ အဲ့ဒီထဲမှာ ပြန်ပြင်လို့မရတာတွေနဲ့ ပိုကြောက်စရာကောင်းတဲ့ သန္ဓေပြောင်းမှုတွေပါဝင်တယ်၊၊ လူသားတွေအနေနဲ့ သလင်းကျောက်ပုံစံအတိုင်း ပြောင်းလဲသွားရင် ဘာဖြစ်လာမလဲဆိုတာကို အခုထိ မသိနိုင်သေးဘူး၊၊ ဒုတိယအချက်ကတော့ လူသားရဲ့ သလင်းကျောက်အမြုတေနဲ့ ထူးဆန်းတဲ့ သတ္တဝါရဲ့ သွေးအဆီအနှစ် နှစ်ခုလုံးက...”

“လုယက်ခံရနိုင်တယ်”

ရထားတွဲအတွင်းရှိ လေထုမှာ ခေတ္တမျှ တိတ်ဆိတ်သွားသည်။ လူတိုင်း၏ မျက်နှာအမူယာများ ရှုပ်ထွေးသွားကြသည်။ ဗန်နက်ဆာနှင့် ဂေဒီတို့ပြောချင်သည့်အချက်ကို သူတို့ နားလည်သွားကြပြီ ဖြစ်သည်။

“ဒါကြောင့်မို့လို့လား… ဟိုအမှောင်ဂိုဏ်းခွဲက စွမ်းအားရှင်တွေကို အမဲလိုက်ပြီး သလင်းကျောက်တွေကို လိုက်လုနေကြတာ”

လင်းရှန်က တည်ငြိမ်စွာ မေးလိုက်သည်။

ဗန်နက်ဆာက ခေါင်းညိတ်ပြပြီး ဂေဒီကလည်း တိတ်ဆိတ်စွာပင် ဝန်ခံလိုက်သည်။

“စိတ်ဝင်စားစရာပဲ”

လင်းရှန်က နားထောင်ပြီးနောက် စိတ်ဝင်တစားပင် ပြောလိုက်သည်။

“ဖီးနစ်အဖွဲ့အစည်းရဲ့ လုပ်ပုံကိုင်ပုံကို ငါနားလည်သွားပြီ၊၊ ဒါပေမဲ့ ဖီးနစ်အဖွဲ့အစည်းရဲ့ ညလမ်းလျှောက်သူအဖွဲ့အစည်းကလည်း သလင်းကျောက်ဆင့်ကဲပြောင်းလဲတိုးတတ်မှု စမ်းသပ်ချက်တွေကို လုပ်နေမယ်လို့ ငါထင်တယ်၊၊ ဒါက တကယ်တော့ သတင်းကောင်းပါပဲ၊၊ အကယ်၍ စွမ်းအားရှင်တွေရဲ့ အထွတ်ထိပ်ဆုံးစွမ်းအားကို အချိန်တိုအတွင်း နှစ်ဆ ဒါမှမဟုတ် အဲ့ဒီထက်ပိုပြီး မြှင့်တင်နိုင်မယ်ဆိုရင် စွမ်းအားရှင်တွေအနေနဲ့ အထူးအဆင့်သတ္တဝါကို တစ်ယောက်တည်း ယှဉ်တိုက်နိုင်ဖို့၊ S-Class သတ္တဝါကိုတောင် အမဲလိုက်နိုင်ဖို့ မဝေးတော့ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ၊၊ ဒါက ကြီးမားတဲ့ အောင်မြင်မှုတစ်ခုပဲ”

အာရုဏ်ဦးမြို့တော်မှာ ရှိစဉ်က လင်းရှန်သည် ဆင့်ကဲပြောင်းလဲတိုးတက်မှု အလင်းတန်း အဆင့်သတ်မှတ်ချက်ကို တွေ့ခဲ့ရသည်။ ထိုနေရာတွင် စုစုပေါင်း အမှတ်တစ်သောင်းကျော်ရှိသည့် ထိပ်တန်း အိန်ဂျယ်အဆင့်များသာ အထူးအဆင့်ကို ယှဉ်တိုက်နိုင်သည့် မှတ်တမ်းရှိပြီး ပေးဆပ်ရသည့် တန်ဖိုးကလည်း မနည်းပေ။ ယခုအခါ ထူးဆန်းသည့် သတ္တဝါများက အဆက်မပြတ် ပြောင်းလဲတိုးတက်နေချိန်တွင် အနန္တရထားအဖွဲ့ဝင်များသာ သူတို့၏ စွမ်းအားကို နှစ်ဆမြှင့်တင်နိုင်မည်ဆိုပါက ဤလူ ၂၀ ကျော်မှာ S-Class တစ်ကောင်ကို ထိပ်တိုက်ရင်ဆိုင်နိုင်လာပေမည်၊၊

ခဏတာမျှ လင်းရှန် စိတ်လှုပ်ရှားသွားသည်။ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ကြုံတွေ့ခဲ့ရသည့် တောင်ဘက်ကောင်းကင်ဂိတ်မှ မဖော်ထုတ်ရသေးသော အချက်အလက်များ၊ လူသားယဉ်ကျေးမှုအတွက် မျှော်လင့်ချက်မဲ့စေသည့် သတ္တုအန်စာတုံး၊ ထူးဆန်းသော သတ္တဝါများ၏ ဇီဝစွမ်းအင်နယ်ပယ် ပြောင်းလဲတိုးတက်မှုများနှင့် စိတ်ပျက်ဖွယ်သဲလွန်စများကြားတွင် ဤအရာမှာ သတင်းကောင်းတစ်ခုဖြစ်နေသည်။ ယခုအခါ လူသားများက အမှောင်ကျူးကျော်မှု၏ အဆိပ်အတောက်များကို တားဆီးနိုင်ပြီ ဖြစ်သဖြင့် ရေ၊ ဂေဟစနစ်နှင့် စိုက်ပျိုးရေးကဏ္ဍများတွင် လူသားယဉ်ကျေးမှုစနစ်ကို ပြန်လည်တည်ဆောက်နိုင်ခဲ့သည်။ သလင်းကျောက်များ ပေါ်ပေါက်လာခြင်းက စွမ်းအားရှင်များ၏ စွမ်းရည်ပြောင်းလဲတိုးတက်မှုကို အရှိန်မြှင့်တင်ပေးနိုင်သည်။ အကယ်၍ စွမ်းအားရှင်များက S-Class အဆင့် သတ္တဝါကို လက်ဗလာနှင့် ရင်ဆိုင်နိုင်မည်ဆိုလျှင် လူသားမျိုးနွယ်သည် တွင်းနက်ကို ပို၍ မြင့်မားသောအနေထားဖြင့် ရင်ဆိုင်နိုင်မည့် အင်အားရှိလာလိမ့်မည်။

မှန်ပေသည်၊၊ ဤသည်မှာ လင်းရှန်၏ ကိုယ်ပိုင်အတွေးသာဖြစ်သည်။ သူ ခေတ္တမျှ စဉ်းစားလိုက်ပြီး ဗန်နက်ဆာကို ကြည့်ကာ မေးလိုက်သည်။

“ငါ အခု တကယ်ပဲ စိတ်ဝင်စားသွားပြီ၊၊ မင်းပြောတဲ့ သလင်းကျောက်အမြုတေအစားထိုးတဲ့ ဖြစ်စဉ်က ဘယ်လိုမျိုးလဲ”

ဗန်နက်ဆာလည်း လင်းရှန်၏ တုံ့ပြန်မှုကို သတိပြုမိသွားပြီးနောက် စ၍ ရှင်းပြလေသည်။

“အဲ့ဒါကို မွေးမြူဖို့အတွက် ရွေးချယ်ထားတဲ့ သွေးပဲစေ့နဲ့ မွေးမြူမယ့်သူရဲ့ DNA ကို ထည့်သွင်းရမယ့် မွေးမြူရေးကိရိယာတစ်ခု လိုအပ်တယ်၊၊ အောင်မြင်သွားပြီဆိုရင်တော့ အဲ့ဒီသွေးပဲစေ့ကို ဝါးမျိုလို့ရပြီ၊၊ ဖြစ်စဉ်က မရှုပ်ထွေးပေမဲ့ အဲ့ဒီစက်ကိရိယာက အရမ်းတန်ဖိုးကြီးတယ်၊၊ ပြီးတော့ မွေးမြူတိုင်းလည်း ၁၀၀ ရာခိုင်နှုန်း အောင်မြင်တာမဟုတ်ဘူး၊၊ အဆင့် (၃) သွေးပဲစေ့တွေ အများကြီးရှာပြီးမှ တစ်ကြိမ်ပဲ အောင်မြင်တာမျိုးလည်း ဖြစ်နိုင်တယ်၊၊ ဒီအဆင့်ရှိတဲ့ သွေးပဲစေ့ရဲ့ တန်ဖိုးကို နင်တို့သိပြီးသားပဲဆိုတော့ ကျရှုံးသွားရင် အရှုံးကြီးလိမ့်မယ်”

“ဒါဆို သွေးပဲစေ့က အဲ့ဒီလူရဲ့ စွမ်းအားနဲ့လည်း အံဝင်ခွင်ကျဖြစ်ဖို့လိုတာပေါ့... ဟုတ်လား”

မိုနီကာက ထိုအချိန်တွင် မေးလိုက်သည်။

Chapter 935

ပူးပေါင်းအမဲလိုက်ပွဲ ၂

“မှန်တယ်၊၊ အဲ့ဒါကြောင့်မို့လို့ပဲ အခက်အခဲနဲ့ ကုန်ကျစရိတ်က အတော်လေးများနေတာပဲ” ဗန်နက်ဆာက ရှင်းပြသည်။

“ဒါပေမဲ့ နင်တို့က ငါတို့နဲ့ ပူးပေါင်းလို့ရပါတယ်၊၊ သွေးပဲစေ့ရနိုင်တဲ့ နည်းလမ်းနှစ်ခုရှိတယ်၊၊ ပထမတစ်ခုက တိုက်ရိုက်အမဲလိုက်တာ… အဆင့် (၃) သွေးပဲစေ့ရဖို့ အနည်းဆုံး A အဆင့် သန္ဓေပြောင်း မွန်းစတားကို လိုအပ်တယ်၊၊ ငါတို့ရဲ့ ပင်လယ်လင်းယုန်အုပ်စုက ဘယ်ပင်လယ်ပြင်တွေမှာ အန္တရာယ်မရှိဘဲ အမဲလိုက်လို့ရမယ့် ပစ်မှတ်တွေရှိလဲဆိုတာ သိတယ်၊၊ ဒုတိယနည်းလမ်းကတော့ မှောင်ခိုဈေးကွက်မှာ ဝယ်တာ ဒါမှမဟုတ် လဲလှယ်တာပေါ့၊၊ ဒါပေမဲ့ အံဝင်ခွင်ကျဖြစ်မဖြစ်ဆိုတာကတော့ လောင်းကစားရသလိုပဲ”

“နင်ပြောတဲ့ အံဝင်ခွင်ကျဖြစ်မှုဆိုတာက သန္ဓေပြောင်း မွန်းစတားရဲ့ စွမ်းရည်နဲ့ စွမ်းအားရှင်ရဲ့ စွမ်းရည် တူညီတာကို ပြောတာလား၊၊ ဥပမာ- မီးမှုတ်တဲ့သတ္တဝါနဲ့ မီးစွမ်းအားရှင်လိုမျိုးလား”

ရှုချင်းက မေးသည်။

“ဟုတ်တယ်” ဂေဒီက ထိုအချိန်တွင် ဝင်ဖြေသည်။

“ဒါပေမဲ့ ဒါတွေက ကောလာဟလတွေနဲ့ အတွေ့အကြုံအရ သိထားတဲ့ အချက်တွေပဲ၊၊ လုံးဝကြီး စိတ်ချရတာမျိုးတော့ မဟုတ်ဘူး”

သူမက တင်းကျန်းရီကို ကြည့်လိုက်သည်။

“နင်တို့ဆီမှာ ပညာရှင်တွေရှိတာပဲ၊၊ နင်တို့ဘာသာ ဆန်းစစ်ကြည့်လို့ရပါတယ်”

“ဒါဆို မင်းပြောတဲ့ မွေးမြူရေးကိရိယာကရော” လင်းရှန်က မေးလိုက်သည်။

“အဲ့ဒါအတွက်တော့ မပူပါနဲ့၊၊ ငါတို့ရဲ့ ပင်လယ်လင်းယုန်အုပ်စုက နင်တို့ပြဿနာကို ဖြေရှင်းပေးနိုင်ပါတယ်၊၊ ဖျက်ဆီးခြင်းအဆင့် ၅၀၀၀ အထက်ရှိရင် သလင်းကျောက်ကို နိုးထစေဖို့ အနည်းဆုံး ၉၀ ရာခိုင်နှုန်း သေချာတယ်”

ဗန်နက်ဆာက ပြန်ဖြေသည်။

“ကောင်းပြီ”

လင်းရှန်က ခေါင်းညိတ်ပြပြီး သူမကို ကြည့်လိုက်သည်၊၊

“ဒါဆို ငါတို့ဘက်က ဘာပြန်ပေးရမလဲဆိုတာ ပြောပါဦး”

ဗန်နက်ဆာက လင်းရှန်ကို တစ်ချက်ကြည့်လိုက်သည်။ သူမ၏ နုနယ်သောမျက်နှာထက်တွင် လေးနက်သော အမူအရာတစ်ခုပေါ်လာပြီးနောက် လင်းရှန်ကို ပြောလိုက်သည်။

“ငါတို့က အထူးအဆင့်သတ္တဝါတစ်အုပ်ကို အမဲလိုက်ဖို့ စီစဉ်နေတယ်၊၊ နင်တို့ကိုလည်း ပါဝင်ဖို့ ဖိတ်ခေါ်ချင်တယ်၊၊ အကယ်၍ အောင်မြင်ခဲ့ရင် အနည်းဆုံး အဆင့် (၄) သွေးပဲစေ့ ၅ ခုလောက် ရနိုင်မယ်”

လင်းရှန်၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။

“တစ်အုပ်လုံး ဟုတ်လား”

သူ အသုံးအနှုန်းကို နားကြားမှားလိုက်သလားဆိုသည်ကို အတည်ပြုချင်နေသည်။ လင်းရှန်သည် အာရုဏ်ဦးမြို့တော်တိုက်ပွဲတွင် အထူးအဆင့်တစ်ကောင်ထက်မက သတ်ခဲ့ဖူးသော်လည်း ၎င်းမှာ မြူမီးခိုး၏ အကူအညီကြောင့်ဖြစ်ပြီး ထိုကဲ့သို့ ဧရာမ အထူးအဆင့်များကို ရင်ဆိုင်ရခြင်းမှာ အလွန်အမင်း မွန်းကျပ်ဖွယ်ကောင်းလှသည်။ မြို့တော်ကို အကြီးအကျယ် ကပ်ဆိုက်စေခဲ့သည့် စီလန်မှ တွင်းနက်ပိုးကောင်…

“ဟုတ်တယ်၊ ဒါပေမဲ့ ငါတို့အဖွဲ့တစ်ခုထဲမဟုတ်ဘူး၊၊ အခြားအင်အားစုတွေလည်း ပါမယ်၊၊ အနည်းဆုံး သလင်းကျောက်ဆင့်ကဲပြောင်းလဲတိုးတက်မှုရှိပြီး စွမ်းအားအထွတ်ထိပ် တစ်သောင်းကျော်ရှိတဲ့သူ ၇ ယောက် ဒါမှမဟုတ် ၈ ယောက်လောက် ပါလိမ့်မယ်၊၊ ပြီးတော့ ငါတို့မှာ အကြီးစားလက်နက်တွေလည်းရှိတယ်၊၊ အကယ်၍ နင်တို့သာ ပါလာမယ်ဆိုရင် အခွင့်အလမ်းက ပိုများသွားမှာပါ”

“ခဏလေး”

နန်ကျင်း၏ မျက်နှာတွင် အံ့အားသင့်မှုများ ပေါ်လာသည်။

“နင်တို့က အဆင့် (၄) သွေးပဲစေ့သက်သက်နဲ့ အထူးအဆင့်တွေကို အမဲလိုက်ဖို့ ကြံနေတာလား”

“မှန်တယ်”

ဂေဒီက ခေါင်းငြိမ့်ပြသည်၊၊

“တစ်ခါတလေကျရင် အန္တရာယ်ကို ကျော်လွှားဖို့ ရွေးချယ်တာက ဆင့်ကဲပြောင်းလဲပြီးနောက်မှာ အဲ့ဒီအန္တရာယ်ကို မကြောက်ရတော့ဖို့ပဲ”

နန်ကျင်းမှာ ထိုစကားကို ကြားရသောအခါ ဆွံ့အသွားသည်။ သူမအနေဖြင့် ထိုယုတ္တိဗေဒကို နားလည်သော်လည်း သလင်းကျောက်အပေါ် နားလည်မှုက မရှင်းလင်းသေးပေ။ အကယ်၍ ၎င်းမှာ အမှောင်အမှတ်အသားသာဖြစ်လျှင် သူမ အပြည့်အဝနားလည်နိုင်မည်ဖြစ်သည်။ မဟုတ်လျှင်မူ သွေးပဲစေ့ကို အရင်းအမြစ်များနှင့် လဲလှယ်ရန်သာ ရယူတတ်ကြသဖြင့် သာမန် D အဆင့် သို့မဟုတ် C အဆင့် သတ္တဝါများကိုသာ အမဲလိုက်လေ့ရှိကြသည်။ အထူးအဆင့်သတ္တဝါများသည် မြို့ဖျက်အဆင့် ကပ်ဘေးများဖြစ်ရာ မည်သည့်ယာဉ်တန်းမှ ထိုဧရာမ သတ္တဝါများကို မလိုအပ်ဘဲ သွားမနှောင့်ယှက်လိုကြပေ။

“မင်းတို့ ဒါကို စီစဉ်ထားတာ ကြာပြီထင်တယ်၊၊ အတိအကျပြောရရင် အထူးအဆင့် ဘယ်နှစ်ကောင်လဲ၊၊ ဘယ်လို အန္တရာယ် အခြေအနေမျိုးလဲ၊၊ မွန်းစတားလှိုင်းဖြစ်လာနိုင်တာခြေကိုရော ထည့်တွက်ထားရဲ့လား”

လင်းရှန်က စေ့စေ့စပ်စပ်မေးလိုက်သည်။

လင်းရှန်သည် နန်ကျင်းနှင့် အတွေးတူသည်။ အထူးအဆင့်များကို တကူးတကလိုက်ရှာခြင်းမှာ ဉာဏ်ကောင်းသော ဆုံးဖြတ်ချက်မဟုတ်ပေ။ သလင်းကျောက်အမြုတေကို စိတ်ဝင်စားသော်လည်း လင်းရှန်သည် အမြဲတမ်း အေးအေးဆေးဆေးလှုပ်ရှားတတ်သူဖြစ်သည်။ ထိုသို့သော စွန့်စားမှု၏ အန္တရာယ်နှင့် အကျိုးအမြတ်ကို သေချာတွက်ချက်ရန် လိုအပ်သည်။

“တိကျတဲ့ အခြေအနေကတော့...”

“ဗန်နက်ဆာ”

ဂေဒီက ဗန်နက်ဆာကို ဝင်တားလိုက်ပြီး မျက်ရိပ်ပြလိုက်သည်။

“သူတို့ သလင်းကျောကိအကြောင်းကို တိတိကျကျမသိသေးဘူး၊၊ ပိုပြီး နားလည်ဖို့ လိုဦးမယ်”

ဂေဒီလည်း လင်းရှန်၏ အမူအရာကို ကြည့်ပြီး လင်းရှန်၏ အတွေးအချို့ကို ခန့်မှန်းမိသွားကာ ဆက်ပြောသည်။

“ဘာမှ မထူးခြားရင်တော့ ပင်လယ်ကျောက်ဆောင်ကျွန်းပတ်ဝန်းကျင်မှာ မြင့်မြတ်မြို့တော်နဲ့ အခြားအဖွဲ့အစည်းတွေ အများကြီးရောက်နေလိမ့်မယ်၊၊ မနက်ကျရင် သူတို့နဲ့ တွေ့နိုင်တယ်၊၊ အကယ်၍ မနက်ဖြန် ကျွန်းပေါ်ကနေ မထွက်သေးဘူးဆိုရင် ငါတို့ရဲ့ ပင်လယ်လင်းယုန်အုပ်စုကို လာခဲ့လို့ရတယ်၊၊ အဲ့ဒီမှာ နင်တို့သိချင်တဲ့ အဖြေတွေ အများကြီးရှိလိမ့်မယ်”

“ကောင်းပြီလေ”

လင်းရှန်က အချိန်ကို ကြည့်လိုက်သည်၊၊

“အသုံးဝင်တဲ့ အချက်အလက်တွေ အများကြီးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊၊ ငါတို့လည်း အန္တရာယ်ထဲက လွတ်ပြီလို့ မပြောနိုင်သေးဘူး၊၊ မင်းတို့ ရထားပေါ်မှာပဲ အနားယူလိုက်ပါ၊ မိုးလင်းမှ ဆက်ဆွေးနွေးကြတာပေါ့”

ပြောပြီးနောက် သူက ချန်ဆီရွှမ်နှင့် စွန်းယုကျန်းကို အချက်ပြလိုက်သည်။

“ဆရာမချန်၊ ယုကျန်း... ဒီက မိတ်ဆွေနှစ်ယောက် အနားယူဖို့ နေရာစီစဉ်ပေးလိုက်ပါ”

…

ညဥ့်နက်ပိုင်း၊ လူသူကင်းမဲ့နေသော ရထားဘူတာဟောင်းအတွင်း၌ အမှောင်ထုက နေရာအနှံ့ ဖုံးလွှမ်းထားသည်။ ထူးဆန်းသော အသံများက အရိပ်မည်းများရှိသည့် လမ်းကြားများအတွင်းမှ ပဲ့တင်ထပ်နေသည်။ အနန္တရထားသည် ပလက်ဖောင်းတစ်ခုပေါ်တွင် တိတ်ဆိတ်စွာ ဆိုက်ကပ်ထားပြီး ကိုယ်ထည်တစ်ခုလုံးကို သံချပ်ကာများဖြင့် တင်းကျပ်စွာ ရစ်ပတ်ထားသဖြင့် အေးစက်စက် အသွင်ဆောင်နေသည်။ မီးများ ပိတ်ထားသော်လည်း အကာအကွယ်ကြားမှ အေးစက်သော မီးချောင်းလေးများ၏ အလင်းဖျော့ဖျော့သာ ထွက်ပေါ်နေသည်။

ရထားတွဲအတွင်း၌ လူ ၂၀ ကျော်မှာ တိတ်ဆိတ်စွာ အနားယူနေကြသည်။ ယနေ့ညတွင် ချီလီ၏အဖွဲ့က ကင်းစောင့်ရပြီး ရှုချင်း၊ လုချန်၊ လော့ယန်နှင့် အခြားသူများမှာ ရထားပြင်ပရှိ အမှောင်ထုကို အာရုံစိုက်၍ စောင့်ကြည့်နေကြသည်။ ထို့ပြင် ဗိုင်အိုလာကလည်း ရထားတစ်စင်းလုံး၏ ကင်းစောင့်စနစ်ကို ထိန်းချုပ်ကာ စောင့်ကြည့်နေသည်။ ဗန်နက်ဆာနှင့် ဂေဒီတို့ အနားယူနေသည့် အမှတ် (၆) တွဲတွင် ရထားအတွင်းရှိ ကောင်းမွန်စွာ တပ်ဆင်ထားသော လက်နက်များနှင့် ဒရုန်းစနစ်များကို ကြည့်ရင်း ဂေဒီက တည်ငြိမ်စွာ မှတ်ချက်ပေးလိုက်သည်။

“ဒီအနန္တရထားက အင်အားအရမ်းကောင်းတယ်၊၊ ဒီလူ ၂၀ ထဲမှာ အနည်းဆုံး ၃ ယောက်က အိန်ဂျယ်အဆင့်တွေပဲ၊၊ ကျန်တဲ့သူတွေလည်း အနည်းဆုံးတော့ ရူးသွပ်ခြင်းအဆင့်နဲ့ ဖျက်ဆီးခြင်းအဆင့်လောက် ရှိမယ်လို့ ငါခန့်မှန်းတယ်၊၊ ဒီလို အထူးအဖွဲ့ရဲ့ ရှင်သန်နိုင်စွမ်းက တကယ်ပဲ အားကောင်းတာပဲ”

“ငါလည်း သတိထားမိတယ်”

ဗန်နက်ဆာက နားကြပ်တပ်လျက် လက်ထဲရှိ ဂိမ်းစက်ကို ကစားရင်း အချိန်ဖြုန်းနေရင်းမှ ပြောလိုက်သည်။

“အဲ့ဒီ မီးစွမ်းအားရှင်က လက်တစ်ချက်လှုပ်ရုံနဲ့တင် အနီရောင်အရိုးစုသုံးကောင်ကို အပြတ်ရှင်းပစ်နိုင်တယ်၊၊ အဲ့ဒီထဲက သူက အိန်ဂျယ်အဆင့်ပဲ ဖြစ်မယ်လို့ ငါထင်ခဲ့တယ်… ငါဆိုရင် သလင်းကျောက်ကို အသုံးမပြုဘဲနဲ့ အဲ့ဒီအဆင့်အထိ မလုပ်နိုင်ဘူး”

“ဗန်နက်ဆာ၊၊ နင်က ဘာလို့ သူ့ကို အမဲလိုက်ဖို့ ဖိတ်ခေါ်ချင်ရတာလဲ”

ဂေဒီက မေးလိုက်သည်။

“သူက သာမန်လူမဟုတ်ဘူး၊ ဖီးနစ်အဖွဲ့အစည်းရဲ့ ဓားကိုင်ဆောင်သူလေ”

“ငါ သိပါတယ်”

ဗန်နက်ဆာက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်၊၊

“သူက ဓားကိုင်ဆောင်သူမှန်းသိလို့လည်း ငါက ဒီပူးပေါင်းမှုကို ကမ်းလှမ်းတာပေါ့၊၊ ဘာလို့လဲဆိုတော့ သူလည်း သူ့ရဲ့ စွမ်းအားတွေကို ဒီလိုမျိုး မြှင့်တင်ဖို့ စိတ်ဝင်စားမှာ သေချာတယ်၊၊ နောက်ဆုံးတော့ သူရင်ဆိုင်နေရတာတွေက S-Class တွေ ဒါမှမဟုတ် ဖုတ်ကောင်သိုးထိန်းတွေလေ၊၊ သူရင်ဆိုင်နေရတဲ့ မျှော်လင့်ချက်မဲ့မှုနဲ့ ဖိအားတွေက ငါတို့ထက် အများကြီး ပိုကြီးတယ်၊၊၊ ဒါကြောင့် အထူးအဆင့်ဆိုတာက သူ့အတွက်တော့ စိန်ခေါ်မှုမဟုတ်ဘူး”

“ငါ ဆိုလိုတာက အဲ့ဒါမဟုတ်ဘူး”

ဂေဒီက ဆက်ပြောသည်။

“သူက ဓားကိုင်ဆောင်သူတစ်ယောက်… ငါတို့ စိတ်ကူးကြည့်လို့ မရတဲ့ အရင်းအမြစ်တွေ သူ့မှာ ရှိနေတယ်၊၊ ဖီးနစ်အဖွဲ့အစည်းနဲ့ စတားဖလိ့တပ်ဖွဲ့တွေက သူ့နောက်မှာ ရှိနေတယ်၊၊ ငါတို့လို ပင်လယ်ထဲက အဖွဲ့လေးနဲ့ သူက ဘာလို့ ပူးပေါင်းလိမ့်မယ်လို့ နင်ထင်နေတာလဲ”

ဗန်နက်ဆာက ပုခုံးတွန့်ပြလိုက်သည်။

“ငါလည်း မသိဘူး၊၊ ဒါပေမဲ့ သူက ငါတို့ကို ကယ်ခဲ့တယ်လေ၊၊၊ ငါသဘောကျတဲ့ လူကောင်းတစ်ယောက်ပဲ၊၊ အရမ်းလည်း မိုက်တယ်~”

“ဒါကြောင့် မြင့်မြတ်မြို့တော်က သူတို့ကို ပစ်မှတ်ထားလာနိုင်တယ်ဆိုတာရော နင်ထည့်တွက်ထားလား”

“အဲ့ဒါကတော့ လင်းရှန်က ဘယ်လိုပဲဖြစ်ဖြစ် ကြိုတွေးထားမှာပါ... ငါကတော့ ဓားကိုင်ဆောင်သူရဲ့ ခြေထောက်ကို အခွင့်အရေးရတုန်း အမိအရဆွဲထားပြီး ငါတို့ရဲ့ အမဲလိုက်ပွဲအောင်မြင်ဖို့ အခွင့်အလမ်းကို မြှင့်တင်ချင်တယ်၊၊ ပြီးတော့ ဟိုမောက်မာလှချည်ရဲ့ဆိုတဲ့ အဖြူရောင်ညသူရဲကောင်းအဖွဲ့က ကောင်တွေ ဒါကို သိသွားရင် ဘယ်လိုနေမလဲဆိုတာ ငါသိချင်သေးတယ်၊၊ ဝါး...”

သူမက သန်းဝေလိုက်ရင်း ဆက်ပြောသည်၊၊

“ဒီလိုအခွင့်အရေးမျိုးကို ငါအရယူကြည့်ရမှာပဲ”

ဂေဒီက ရယ်လိုက်သည်။

“အဲ့ဒါဆိုရင်တော့ ရိုင်ယန်တစ်ယောက် ရူးသွားလိမ့်မယ်၊၊ ဖီးနစ်အဖွဲ့အစည်းရဲ့ ဓားကိုင်ဆောင်သူ လင်းရှန်ကို အရန်အင်အားအနေနဲ့ ခေါ်လာနိုင်တယ်ဆိုတော့လေ”

ဗန်နက်ဆာက ဂိမ်းစက်ကို ချလိုက်ပြီး ဂေဒီကို ကြည့်လိုက်သည်။

“ဂေဒီ… နင် လင်းရှန်ကို သတိထားမိလား”

“ဘာကိုလဲ”

“ခေါင်းဆောင်တစ်ယောက်အနေနဲ့ သူ့ရဲ့ စိတ်ဝိညာဉ်တုန်ခါမှုလှိုင်းတန်ဖိုးက အဖွဲ့ထဲမှာ အမြင့်ဆုံးဖြစ်သင့်တယ်လေ၊၊ ဒါပေမဲ့ ဘာလို့ ငါသူ့ဆီကနေ ဘာမှ မခံစားရတာလဲ”

“ယန္တရားစွမ်းအားရှင်... ဆိုတာက တကယ်ပဲ အဲ့လောက်တောင် လျှို့ဝှက်ဆန်းကြယ်တာလား”

All Chapters