← Chapters

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

Chapter 19

တစ်ဖက်တွင်မူ ကမ်းချန်ချန်သည် နှင်းလုံးလေးမှာ သူများ၏ အိမ်မွေးတိရစ္ဆာန် ဖြစ်သောကြောင့် နေကောင်းလာသည်နှင့် လီစဲ့ဖူထံ ပြန်ပေးရန်တွေးထားခဲ့ပြီး ဖြစ်သည်။ သို့သော် သူမ ထိုနေရာသို့ မသွားရသေးမီမှာပင် ကျန်းတာ့နျန်နှင့် သူ့လူများ ရောက်ရှိလာပြီး ကြောင်ကိုယူဆောင်သွားကာ သူမကိုလည်း အတင်းအကျပ် ခေါ်ဆောင်သွားတော့သည်။

သူတို့ လမ်းလျှောက်နေစဉ် နှင်းလုံးလေးမှာ ကမ်းချန်ချန်၏ ရင်ခွင်ထဲတွင် ပျင်းရိစွာမှီတွယ်နေပြီး မျက်လုံးများတစ်ဝက်ပိတ်ကာ အိပ်ပျော်တော့မည့်ပုံ ပေါက်နေသည်။ ကမ်းချန်ချန်က "မိန်းမစိုးကျန်း... အရှင်မင်းသားက ကျမကို ဘာကိစ္စနဲ့များ တွေ့ချင်ရတာလဲဟင်"

ကျန်းတာ့နျန် ကြောင်လေးကို သေချာစွာ တစ်ချက်ကြည့်ပြီးနောက် "ရောက်ရင် သိပါလိမ့်မယ် ကိုယ်လုပ်တော်"

ကမ်းချန်ချန် တွေးမိသည်မှာ မိန်းမစိုးကျန်းမှာ အတော်လေး သဘောကောင်းသည်ဟုပင်။ သူ ဘာမှ မပြောသော်လည်း နှင်းလုံးလေးကိုကြည့်သွားပုံအရ သူမကို အရိပ်အမြွက်ပေး လိုက်ခြင်းဖြစ်သည်။

လွန်ခဲ့သော လဝက်ခန့်က သူမ၏နှလုံးသားမဲ့ပြီး အသုံးမကျသော ဖခင်ဖြစ်သူက သူမထံ ငွေနှစ်တုံးပို့ပေးခဲ့ပြီးကောင်း ကောင်းစား၊ ကောင်းကောင်းဝတ်ရန်နှင့် ယခုအခါ မိသားစု အခြေအနေမှာလည်း ကောင်းမွန်လာပြီဖြစ်သဖြင့် ခက်ခက်ခဲခဲမနေရန် သတင်းပါးခဲ့သည်။ သူမ ဖခင်သည် စတုတ္ထမင်း သားနှင့် ကျန်းတာ့နျန်တို့ကို အလွန်ကျေးဇူးတင်နေခဲ့သည်။

ဟူး... သူမရဲ့ ခံစားချက်တွေက အတော်လေး ရှုပ်ထွေးနေဆဲပဲ။

မူလပိုင်ရှင်၏မိသားစုသည်လည်း သမီးများထက် သားများကို ပို၍ မျက်နှာသာပေးတတ်သော်ငြား သူမအပေါ်ခေါင်းပုံ ဖြတ်ရခြင်းမှာ မိခင်ဖြစ်သူ၏ဆေးဖိုးဝါးခအတွက်သာ ဖြစ်သည်။

သူမမိခင်သည် မောင်လေးကို မွေးဖွားပြီးနောက် သွေးအား နည်းရောဂါနှင့် အားအင်ကုန်ခမ်းမှုတို့ကို ခံစားနေသဖြင့် သမားတော်က ပြန်လည်ကျန်းမာလာစေရန် ဆေးဝါးများ ညွှန်းပေးခဲ့သည်။ ဤဆေးတွင် ငှကိသိုက်ကဲ့သို့သောအဖိုး တန်ပါဝင်ပစ္စည်းများပါဝင်သဖြင့် တစ်လလျှင် ငွေနှစ်တုံးခန့်ကုန်ပေမည်။ ဤသည်က သူတို့၏စုဆောင်းငွေများကို လျင်မြန်စွာ ကုန်ခမ်းသွားစေခဲ့သည်။

သူတို့မိသားစုသည် စတုတ္ထမင်းသား၏ အစေခံကျွန်များဖြစ်ကြပြီး ခြံတစ်ခုတွင် ဝက်များမွေးမြူရန် တာဝန်ယူထားရသူများ ဖြစ်သည်။

သို့သော် ယခင်နှစ် မတ်လခန့်က ခြံရှိဝက်များမှာ ရုတ်တရက် ရောဂါဖြစ်ပွားခဲ့သည်။ တာဝန်ရှိသူများသည် အပြစ်ပေးခံရမည်ကို စိုးရိမ်သဖြင့် ကနဦးတွင် ရောဂါဖြစ်ပွားမှုကို ဖုံးကွယ်ထားခဲ့ကြသည်။ သို့သော် မည်သူသိမည်နည်း။ သူတို့ ဖုံးကွယ်လေ ဝက်များ၏ရောဂါက ပိုမိုကျယ်ပြန့်စွာကူးစက်လေဖြစ်ပြီး အဆုံးတွင် ဝက်ရာပေါင်းများစွာ သေဆုံးသွားခဲ့ရသည်။

ယင်ကျန်းလည်း အလွန်ဒေါသထွက်သွားပြီး သူတို့အားလုံးကို အလုပ်မှ မောင်းထုတ်ခဲ့သည်။ ဤသည်က သူမ ဖခင်ဖြစ်သူကို အလုပ်လက်မဲ့ ဖြစ်သွားစေပြီး မူလပိုင်ရှင်၏မိသားစုအတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခုဖြစ်လာကာ အသက်ရှင်သန်ရန်အတွက် ငွေချေးငှားခြင်းများ စတင်ပြုလုပ်လာရတော့သည်။

ထိုအချိန်တွင် ယင်ကျန်းမှ ကိုယ်လုပ်တော်များ ပြန်လည်ရွေးချယ်ရန် စတင်ခဲ့ပြီး လှပကာခန္ဓာကိုယ်အချိုးအစား ကျနသော မူလပိုင်ရှင်မှာရွေးချယ်ခံခဲ့ရသည်။ ဖခင်ဖြစ်သူသည် ငွေကြေးအတွက် သမီးဖြစ်သူကိုပေးအပ်ခဲ့ပြီး မူလပိုင်ရှင်မှာ မင်းသား၏စံအိမ်တော်သို့ ရောက်ရှိလာပြီးနောက် အိမ်သို့ ငွေပို့ရန်အတွက် အရာရာကိုခြိုးခြံချွေတာခဲ့ရသည်။

မူလပိုင်ရှင်မှာ အအေးဒဏ်ကြောင့် သေဆုံးသွားခဲ့သော် လည်း အပြန်အလှန်အားဖြင့် စတုတ္ထမင်းသားက သူမဖခင်အတွက် အသက်မွေးဝမ်းကျောင်းပြုနိုင်မည့် အလုပ်တစ်ခု စီစဉ်ပေးခဲ့သည်။

ယခုအခါ သူမဖခင်သည် စံအိမ်တော်တွင် ဘဏ္ဍာစိုးတစ်ဦးဖြစ်နေပြီဖြစ်ကာ အဆက်အသွယ်များ တည်ဆောက်ထားနိုင်ပြီဖြစ်သည်။ သူ၏ ပုံသေလစာမှာ သိပ်မများသော်လည်း အသိမိတ်ဆွေများမှတစ်ဆင့် ငှက်သိုက်ကို ရရှိနိုင်သည်။ သူ၏ အလုပ်မှ ရရှိသော အပိုဝင်ငွေများနှင့် ပေါင်းစပ်လိုက်သောအခါ သူတို့ဘဝမှာ သိသိသာသာ တိုးတက်လာခဲ့သည်။

ကမ်းချန်ချန်သည်လည်း လောဘမကြီးစေဖို့ ဖခင်ဖြစ်သူအား သတိပေးရန် လူတစ်ဦးကို စေလွှတ်ခဲ့ရသေးသည်။ စတုတ္ထမင်းသားသည် မည်သည့်အမှားအယွင်းကိုမှသည်းခံ မည်မဟုတ်ဘဲ နောက်ဆက်တွဲရလဒ်မှာ အလုပ်ပြုတ်ရုံမျှနှင့် ပြီးဆုံးသွားမည် မဟုတ်ချေ။ ယုံကျန်းသာ ဒေါသထွက်လာပါက သူ့ရဲ့ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းလိုက်ဖြစ်စေ သူ့ခေါင်းကို ဖြတ်လိုက်စမ်းဖြစ်စေ အမိန့်ပေးမှာ အသေအချာပင် မဟုတ်ပါလား။

ဟူး... ဒီ အလကားရတဲ့ အဖေကရော သူမ စကားကို နားထောင်ပါ့မလား မသိဘူး...

မူလပိုင်ရှင်သည် သူမ မိသားစုကို အလွန်ချစ်သည်။ သူမသည် မူလပိုင်ရှင်၏ခန္ဓာကိုယ်ကို နေရာယူလိုက်ပြီဖြစ်ရာ မိဘများကို လုပ်ကျွေးပြုစုခြင်း မပြုနိုင်လျှင်တောင် သူတို့အတွက် ဝန်ထုပ်ဝန်ပိုးတော့ မဖြစ်စေရချေ။ ထို့ကြောင့်လည်း သူမသည် သတိထား၍ပြုမူနေထိုင်ခဲ့သည်။

သူမသည် မနေ့ညတွင် အရက်အရှိန်ဖြင့် ရဲတင်းလာကာ မကျေနပ်ချက်ကိုဖော်ပြရန် ဟာသတစ်ခုပြောခဲ့သည်မှလွဲ၍ ဘာအမှားအယွင်းမှ မလုပ်ခဲ့ပေ။ သူမကြိုသိ‌နေသော အနာဂတ်အရ ယင်ကျန်းနန်းတက်လာသောအခါ သူမ ဘဝလည်း ပိုမိုကောင်းမွန်လာလိမ့်မည်ဟု ယုံကြည်သည်။

မကြာမီ သူတို့သည် လီစဲ့ဖူအဆောင်သို့ ရောက်ရှိလာကြသည်။ သူမ အထဲသို့ဝင်လာသောအခါ ယင်ကျန်းနှင့် လီစဲ့ဖူတို့သာမက အခြားသော လူငယ်လေးတစ်ဦးကိုလည်း တွေ့ရပြီး ထိုအမျိုးသားမှာ ချောမောသလိုတက်ကြွတက်ပုံရသည်။ သူ၏လှပသောမက်မွန်ပွင့်ပုံစံ မျက်ဝန်းများက သူ့ဆွဲဆောင်မှုရှိသော ရုပ်ရည်ကိုပါပိုမိုပေါ်လွင်တောက်ပစေသည်။

【ဒီလူ တကယ် ချောတာပဲ၊ သူက မင်းသား ၈ လား ဒါမှမဟုတ် မင်းသား ၁၃ လား၊ အင်း... ဖြစ်နိုင်ခြေတွေကို ဖယ်ထုတ်စဉ်းစားကြည့်ရင် သူက မင်းသား ၁၃ ဖြစ်ရမယ်၊ ယင်ကျန်းနဲ့ အနီးကပ်ဆုံးတစ်ယောက်ပေါ့】

【ဟီးဟီး၊ တီဗီကြည့်တုန်းက သူက ယင်ကျန်းထက်ရှစ်နှစ်၊ ကိုးနှစ်လောက် ငယ်ပေမယ့် သူတို့ရဲ့ဆက်ဆံရေးက ယင်ကျန်းရဲ့ ညီအရင်းဖြစ်တဲ့ မင်းသား ၁၄ ထက်တောင် ပိုရင်းနှီးနေသေးတယ်၊ ပြီးတော့ နောက်ပိုင်းကျရင်...】

ယင်ကျန်းမှာ ထိုအတွေးသံများကိုကြားလိုက်ရသဖြင့် မျက် မှောင်ကြုတ်သွားသည်။ ဒီမိန်းမ တစ်နေ့လုံး ဘာတွေများ တွေးနေတာလဲ၊ သူမ ကြည့်ရတာ အရမ်းလိမ္မာသယောင်ရှိပေမယ့် တကယ်တော့ ငါ့ညီအစ်ကိုအပေါ် ဒီလောက်တောင် သဘောကျနေတာလား။

"ကမ်းချန်ချန်၊ နင့်အပြစ်ကို နင်သိလား!"

လီစဲ့ဖူ ရုတ်တရက် အော်မေးလိုက်သည်။

ဤကျယ်လောင်သောအသံက ကမ်းချန်ချန်၏ အတွေးများကို လွင့်စင်သွားစေသည်။ သူမ နှင်းလုံးလေးကို ယင်းလော့ထံပေးလိုက်ပြီးနောက်၊ အလျင်အမြန် ဦးညွှတ်ကာ "ကျွန်တော်မျိုးမ ဘာအပြစ်များလုပ်မိလို့လဲ မသိပါဘူး"

လီစဲ့ဖူက ဒေါသတကြီးဖြင့် "သူခိုးမ! မနေ့က နင် နှင်းလုံးလေးကို ပြုစုဖို့ပေါ့ဆခဲ့လို့ ဒီမနက် သူ စိတ်မကြည်မလင်ဖြစ်ပြီး အိမ်ထဲက ငါ့ရဲ့ကြွေထည်တွေနဲ့ လက်ဝတ်ရတနာတွေကို ခွဲပစ်ခဲ့တာဟဲ့၊ ပြီးတော့ နင်က အဲ့အခွင့်အရေးကိုယူပြီး ငါ့ရဲ့ နှင်းလုံးလေးကိုခိုးသွားတာ မဟုတ်လား"

🌻 Chapter 20

【နေပါဦး၊ ဒီမနက် သူမ ဆေးသောက်ဖို့များ မေ့သွားများတာလား၊ ငါလေးကို ဘာလို့များ စွပ်စွဲနေတာလဲ】

[သူ့ဦးနှောက်က ဖင်ထဲများ ရောက်နေတာလား၊ ဒီလောက်မျက်နှာထူကြီးက ပေါင် ၁၅၀ကိုတောင် သယ်ထားနိုင်လောက်ပေမယ့် ငါ့လို ကိုယ်လုပ်တော်တစ်ပါးကိုကျတော့ သည်းမခံနိုင်ဘူးပေါ့လေ]

ယင်ကျန်းက သူ့လက်ထဲရှိ လက်ဖက်ရည်ပန်းကန်ကို စားပွဲပေါ်သို့ ရုတ်တရက် ဆောင့်ချလိုက်သည်။ ထို့နောက် ကန်းချန်ချန်အား စူးရှစွာ စိုက်ကြည့်လာသည်။

သူမက အရမ်းရိုင်းစိုင်းတာပဲ။

ကန်းချန်ချန်သည် သူမကိုယ်ပေါ်မှ နှင်းစက်များကို အသာခါချလိုက်ပြီး တည်ငြိမ်စွာပြန်လည်တုံ့ပြန်လိုက်သည်။

"ဒုတိယဖူကျင်း... ခိုင်လုံတဲ့ အထောက်အထားမရှိဘဲ စွပ်စွဲတာမျိုးတော့ မလုပ်ပါနဲ့ရှင်၊ စွပ်စွဲတဲ့သူက သက်သေပြရပါတယ်၊ ကျွန်တော်မျိုးမက နှင်းလုံးလေးကို ဂရုမစိုက်ဘူးဆိုတဲ့ သက်သေက ဘယ်မှာလဲ၊ ပြီးတော့ မနက်က ကြွေပန်းအိုးတွေ ကွဲကုန်တာနဲ့ ကျွန်တော်မျိုးမ ဂရုမစိုက်တာနဲ့က ဘာများ ဆက်စပ်နေလို့လဲရှင်"

လီစဲ့ဖူ အသံကိုမြှင့်ကာ "သက်သေက ငါ့ပန်းအိုးတွေ၊ လက်ဝတ်ရတနာတွေ ကြမ်းပြင်ပေါ်မှာ ကွဲကြေပျက်စီးကုန်တာပဲ၊ အဲဒီအချိန် နင်လည်း အဝေးမှာရှိနေခဲ့တာမှ မဟုတ်တာ၊ မဟုတ်ရင် နှင်းလုံးလေးအပြင်ရောက်တာနဲ့ နင်က ဘာလို့ ချက်ချင်းခေါ်သွားရတာလဲ"

[သူက မွေးကတည်းက ဒီလောက်တုံးတာလား ဒါမှမဟုတ် ဟန်ဆောင်နေတာလားဟ၊ မဖြစ်နိုင်ပါဘူး... သူသာ တကယ်ကြီး အဲ့လောက်တုံးအနေရင် ယုံကျန်း ထီးနန်းတက်တာကို မြင်ရတဲ့အထိ ဘယ်လိုလုပ် အသက်ရှင်နေနိုင်မှာလဲ]

ထီးနန်းတက်ရမယ် ?

ထိုစကားလုံးကြောင့် ယင်ကျန်း ရုတ်တရက်ချောင်းဆိုးသွားကာ သူ့ခန့်ညားသော နဖူးပြင်ထက် ချွေးသီးများပင် စို့တက်လာခဲ့သည်။

"အရှင်မင်းသား၊ ဘာဖြစ်လို့လဲ"

လီစဲ့ဖူက သူ့ကျောပြင်ကို ပြာပြာသလဲ ပုတ်ပေးလိုက်သည်။

ယင်ကျန်း လက်ကာပြလိုက်ပြီး ကန်းချန်ချန်အား ဤနေရာတွင်ပင် တိတ်တဆိတ် အစဖျောက်ရှင်းပစ်လိုက်ရမည်လားဟုပင် တွေးနေမိသည်။ လေထုတစ်ခုလုံး ချက်ချင်းဆိုသလို တင်းကျပ်သွား၏။

ကန်းချန်ချန် သတိမထားမိဟန်ဖြင့် ဆက်ပြောသည်။

"အာ... ဒါဆို လီဖူကျင်းဆိုလိုချင်တာက ကျွန်တော်မျိုးမက နှင်းလုံးလေးကို မခေါ်သွားသင့်ဘူးပေါ့၊ နှင်းလုံးလေး အအေးပတ်ပြီး တစ်ခုခုဖြစ်သွားရင်ကော ဘယ်သူ တာဝန်ယူမှာလဲ"

ယင်ရှန်းကမူ ထိုအဖြစ်အပျက်တစ်ခုလုံးကို ခြေချိတ်ထိုင်ရင်း အလွန်တရာ စိတ်ဝင်တစား စောင့်ကြည့်နေသည်။

သူ့ စတုတ္ထနောင်တော်အကြောင်းကို သူ အူမချေးခါးမကျန် သိသည်ဟု အမြဲထင်ခဲ့သော်လည်း ဤတစ်ကြိမ်တွင်မူ သူ့နောင်တော်သည် ကြင်ယာတော်အားအဘယ်ကြောင့် ဤမျှ အလိုလိုက်နေသနည်းကို နားမလည်နိုင်အောင်ဖြစ်ရသည်။

ထိုသည်မှာ ကြင်ယာတော်က မျက်နှာသာရရန် အသုံးပြုနေသောလှည့်ကွက်တစ်ခုဖြစ်ကြောင်း သိသာထင်ရှားလှသည်။ နောင်တော်သာ သူမကို သနားလျှင် သူမ စိတ်ကျေနပ်သွားစေရန်ပန်းအိုးများနှင့် လက်ဝတ်ရတနာအချို့ ထပ်ဝယ်ပေးလိုက်ရုံဖြင့် ပြီးနိုင်ပါလျက် ဤကိစ္စအတွက် အဘယ့် ကြောင့် အချိန်ကုန်ခံနေရသနည်း။

ဒါ မိန်းကလေးတစ်ဦးကို အနိုင်ကျင့်နေတာပဲ မဟုတ်ပါလား။

"ညီ၁၃... မင်းရော ဘယ်လိုထင်လဲ"

ယင်ကျန်း ရုတ်တရက် လှည့်မေးလိုက်သည်။

ယင်ရှန်း ပြုံး၍ ပြောလိုက်သည်။

"မရီးတော်မှာ တကယ်ပဲ အခုလိုစွမ်းရည်တွေရှိနေရင် ပန်းအိုးလို အရာတွေပေါ်မှာပဲ သုံးနေတာ နည်းနည်းတော့ နှမြောစရာကောင်းတယ်၊ စစ်မြေပြင်မှာသာဆိုရင် ပိုပြီး အသုံးဝင်ကောင်း အသုံးဝင်မှာပါ"

[ဆယ့်သုံးမင်းသားက တကယ့်ကို သူရဲကောင်းမင်းသားဆိုတဲ့နာမည်နဲ့ လိုက်ဖက်တာပဲ၊ သူ့ဟန်ပန်ကိုပဲ ကြည့်ဦး၊ ငါနဲ့ ပထမဆုံးအကြိမ် တွေ့တာတောင် ငါ့ဘက်ကနေ ကာကွယ်ပြောပေးတယ်]

[ဟားဟား... သူက စစ်မြေပြင်အကြောင်းကို ဘယ်တော့မှ မမေ့ဘူးပဲ၊ မင်းသား၁၃ရဲ့ စစ်ရေးစွမ်းရည်တွေက တော်တော်လေး အားကောင်းတယ်လို့ ငါမှတ်မိတယ်၊ ယုံကျန်းနဲ့တော့ တခြားစီပဲ...]

ယုံကျန်းနဲ့ တခြားစီတဲ့လား?

ယင်ကျန်း နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားကာ လှောင် ပြုံးတစ်ခု ပေါ်လာသည်။

"ကမ်းကော်ကော်... မင်း ကြောင်ကို ပေါ်တင်ကြီးခေါ်သွားတာတောင် ကြင်ယာတော်ကို အသိပေးဖို့ အစေခံတစ်ယောက်တောင် ဘာလို့ မလွှတ်လိုက်ရတာလဲ၊ မင်း အိမ်တော်ထဲ ရောက်နေတာ နှစ်ဝက်ကျော်နေပြီ ဒီလောက် စည်းကမ်းလေးတောင် နားမလည်ဘူးလား"

ယင်ရှန်း၏စကားကို ကြားသောအခါ လီစဲ့ဖူသည် အစပိုင်းတွင် မပျော်မရွှင်ဖြစ်သွားသော်လည်း ဟန်မပျက်နေခဲ့ပေ။ မည်သို့ပင်ဆိုစေ မင်းသား ၁၃ သည် အရှင်မင်းသားအချစ်မြတ်နိုးဆုံး ညီတော်ဖြစ်သည် မဟုတ်ပါလား။

သို့သော် မင်းသားက သူမ ဘက်မှနေ၍ကာကွယ်ပေးလိုက်သည်ကို ကြားလိုက်ရချိန်တွင် သူမရင်ထဲ၌နွေးထွေးသွားပြီး ကမ်းချန်ချန်သည် ထိုမျှလောက် ရွံစရာမကောင်းတော့ဟု ရုတ်တရက် ခံစားလိုက်ရသည်။ ကမ်းချန်ချန်သည် မင်းသားဆီမှ ဆူပူကြိမ်းမောင်းခံရချိန်တွင် သူမမှာ အနည်းငယ်ပင် သနားမိလိုက်သည်။

[စည်းကမ်း! စည်းကမ်းတဲ့လား? ရှင်က စည်းကမ်းကို တန်ဖိုးထားမှန်း ငါလေး သိပါတယ် ယုံကျန်းရယ်၊ ဒါပေမဲ့ တွေ့တိုင်း အကြိမ်တစ်ထောင်လောက် ထပ်ခါတလဲလဲ ပြောနေစရာတော့ မလိုပါဘူး]

[အဲဒီလောက်တောင် အပြစ်ရှာချင်နေရင်လည်း အရိုးပဲကိုက်နေပါလား]

ကမ်းချန်ချန်သည် ခဏတာတွေးတောပြီးနောက် သူမ၏ ပုံမှန်သာ အညံ့ခံသည့် နည်းဗျူဟာကို ဆက်သုံးရန်ဆုံးဖြတ်လိုက်သည်။

"အရှင်မင်းသား... ကျွန်တော်မျိုးမက နှင်းလုံးလေးကျန်းမာ ရေးအတွက် စိုးရိမ်လွန်သွားပြီး သေချာမတွေးမိလိုက်ပါဘူး၊ ကျွန်တော်မျိုးမရဲ့ အမှားပါ"

[ကိုယ့်ကို မတရားလုပ်တဲ့သူတွေပဲ ကိုယ်ဘယ်လောက် မတရားခံရလဲဆိုတာ သိတာ၊ ငါလေးက တုံ့အယ်ထက်တောင် မတရားခံရသေးတယ်။]

[ယုံကျန်းက တရားမျှတပြီး ပညာရှိတဲ့ အုပ်စိုးရှင်ဆိုတော့ ငါ့ရဲ့ အမှားသေးသေးလေးကို ဆက်ပြီး အပြစ်မယူလောက်ပါဘူး... နော်]

ကမ်းချန်ချန် ကိုယ်တိုင်လည်း မသေချာပေ။

ယင်ကျန်းသည် အုပ်စိုးရှင်ဟူသော စကားလုံးကိုကြားလိုက်ရသောအခါ သူ့စိတ်များ ပိုမိုတောင့်တင်းသွားသည်။ ဤကဲ့သို့သော စကားများကို ပေါ့ပေါ့ဆဆမပြောသင့်ပေ။ အကယ်၍ သူသာ အနာဂတ်တွင် ဧကရာဇ်ဖြစ်လာလျှင် အိမ်ရှေ့စံမင်းသားမှာ ဘာဖြစ်သွားမည်နည်း။

ယင်ကျန်း နှုတ်ခမ်းများ တွန့်သွားမိကာ "မင်းရဲ့ အမှားတွေက ဒီလောက်နဲ့ မပြီးသေးဘူး"

ကမ်းချန်ချန်သည် သူ တမင်သက်သက် သူမကို အရှက်ခွဲနေသည်ဟု ခံစားလိုက်ရသည်။ မည်သူကမျှ သူမလောက် အလျှော့ပေးနိုင်တော့မည် မဟုတ်ပေ။

သူမ မျက်နှာ မှောင်မိုက်သွားပြီး "ရှင်..."

[ကောင်းပြီလေ... အသက်အန္တရာယ်မထိခိုက်ဖို့အတွက်ပဲ နည်းနည်းလောက် ထပ်သည်းခံလိုက်တာပေါ့]

[ဟွန်း.. ယင်ကျန်း၊ ရှင်က ကြောင်ရဲ့မူရင်း ပိုင်ရှင်လေ၊ တိရစ္ဆာန်လေးတွေ ဘယ်လောက်နုနယ်လဲဆိုတာ မသိဘူးလား၊ ငါလေးက စေတနာနဲ့ ကြောင်လေးကို နွေးအောင်လုပ်ပေးတာကို ရှင်က အဲဒီလောက်တောင် မျက်နှာလိုက်ပြီး ကာကွယ်ပေးနေတယ်ပေါ့]

[ငါတကယ်... စိတ်ပျက်သွားပြီ၊ ယုံကျန်းကလည်း တခြားယောင်္ကျားတွေလိုပဲကို]

ယင်ကျန်းသည် သူမ၏နီရဲနေသော မျက်ဝန်းများကို ကြည့်ကာလိပ်ပြာမလုံဖြစ်မိသည်။ သူ ၁၅နှစ်အရွယ် မိန်းကလေးတစ်ဦးကို ဘယ်လိုလုပ် အခုလိုအနိုင်ကျင့်နေမိပါလိမ့်။

သူသည် လက်ထောင်ကာတားလိုက်ပြီး "ဒီကိစ္စကို ဒီလောက်နဲ့ပဲ ထားလိုက်ကြစို့၊ နှင်းလုံးလေးက ဒုတိယမင်းသားကို ဒဏ်ရာရစေခဲ့တဲ့အတွက် အခုကစပြီး ကမ်းကော်ကော်ကပဲ သူ့ကို စောင့်ရှောက်ရမယ်"

ကမ်းချန်ချန်သည် ခဏမျှ မှင်သက်သွားပြီးနောက် ဝမ်းသာအားရဖြင့် အလျင်အမြန်ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် အရှင်မင်းသား!"

[ဝိုး... ယင်ကျန်းက တော်တော်ပညာရှိတာပဲ၊ နောက်ဆုံးတော့ ငါ နှင်းလုံးလေးကို စောင့်ရှောက်ခွင့်ရတော့မယ်၊ အိမ်ပြန်ရောက်ရင် သူ့ကို အဝနမ်းပစ်မယ်]

[ဒါပေမဲ့ ဒီနေ့တော့ စာအုပ်တစ်အုပ်ကို လှန်လိုက်တာထက်တောင် စိတ်ပြောင်းမြန်တဲ့ ယောက်ျားတစ်ယောက်က ဘယ်လိုပုံစံလဲဆိုတာ တကယ်မျက်မြင်တွေ့လိုက်ရပြီ]

ယင်းကျန်း၏ စိတ်သဘောကြီးစွာပြောင်းလဲသွားမှုသည် လီစဲ့ဖူအတွက် လက်ခံနိုင်စရာမရှိပေ။ သူမက သူ့လက်မောင်းကို ကိုင်လျက် ချွဲနွဲ့သောအသံဖြင့် "အရှင်မင်းသား..."

ယင်ကျန်းသည် သူမကို ချော့မြူရန် သူမလက်ကောက်ဝတ်အား လက်ချောင်းလေးများဖြင့် ညင်သာစွာ ညှစ်လိုက်သည်။

"မင်း ဂိုဒေါင်ထဲသွားပြီး ကြိုက်တဲ့ ရှေးဟောင်းလက်ဝတ်ရတနာတချို့ရွေးဖို့ ကျန်းတာ့နျန်နဲ့အတူ သွားလိုက်ပါ၊ ဒီကိစ္စအတွက် စိတ်မခုနဲ့တော့"

ထိုအခါမှသာ လီစဲ့ဖူ ပြုံးရွှင်သွားကာ "အရှင်မင်းသားက ကျွန်တော်မျိုးမအပေါ် သိပ်ကောင်းတာပဲ"

[ကျစ် ကျစ် ကျစ်... ရှင်တို့နှစ်ယောက်ကို အတူတူ ပိတ်ထားလိုက်ချင်လိုက်တာ၊ သော့ကို ငါလေး မြိုချလိုက်မယ်လေ]

ကမ်းချန်ချန်သည် နှင်းလုံးလေးအားပွေ့ချီကာ အထဲသို့ ပြန်ဝင်သွားလေသည်။

သူမ အထဲသို့ ရောက်သည်နှင့် ဟွာယုက ဘာဖြစ်ခဲ့သနည်းဟု ယွင်ကျွမ်းအား ချက်ချင်းမေးသည်။ ယွင်ကျွမ်း၏ မျက်နှာသည် ကမ်းချန်ချန်လောက် သက်သောင့်သက်သာ မရှိနေ သည်မှာ ထင်ရှားလှသည်။ ခုနက ဖြစ်ပျက်ခဲ့သည်များကို ပြန်ပြောပြပြီးနောက် သူမက သက်ပြင်းချကာ ဆိုသည်။

"ဟူး... နှင်းလုံးလေးသာ ကျွန်မတို့ ခြံဝင်းထဲက ပစ္စည်းတွေ အကုန်လုံးကို ရိုက်ခွဲပစ်ခဲ့ရင် သခင်ကြီးက အစားပြန်ဝယ်ပေးမယ်လို့ ထင်လား"

မေးစရာတောင် လိုသေးလို့လား ?

ကမ်းကော်ကော် လှောင်ပြုံးပြုံးလိုက်သည်။

ဟွာယု ခါးထောက်လျက် "နင်... ပါးစပ်... ပိတ်ထားစမ်း"

ကမ်းချန်ချန် တိုးညှင်းစွာဖြင့် "မြန်မြန်... သူ အိပ်နေတုန်း အိမ်ထဲက ကွဲလွယ်တဲ့ ပစ္စည်းတွေ အကုန်လုံးသိမ်းကြရအောင်"

ဟုတ်ပေသည်။ သူမက အလွန်တွန့်တိုပေသည်။ သူမတွင် ရှိသမျှမှာ ထိုမျှသာ။ အကယ်၍ အားလုံးသာ ကွဲသွားပါက ယင်ကျန်း သူမကို အပြစ်မပေးလျှင်ပင် ကံကောင်းလှပြီဖြစ်ရာအစားထိုးပေးရန်မှာ ဝေလာဝေးစွပင်။

လီစဲ့ဖူသည်တော့ လက်ဝတ်ရတနာအသစ်များကို နည်းမျိုးစုံဖြင့် စမ်းဝတ်ကြည့်နေလေသည်။ ယင်းလော့သည် ထိုအခွင့် ကောင်းကိုယူ၍ မြှောက်ပင့်ပြောဆိုလိုက်သည်။

"လီဖူကျင်းက မွေးရာပါ လှပပြီးသားပါ၊ ဒီတန်ဖိုးကြီးရတနာ တွေက သခင်မကြီးနဲ့ပဲ ထိုက်တန်ပါတယ်"

လီစဲ့ဖူသည် ဆံထိုးပေါ်ရှိ တောက်ပသော အရောင်အသွေးနှင့် သေသပ်လှပစွာ ဖန်တီးထားသော ပိန်ညင်းငှက်မွေးအကွက်များကို သူမ၏သွယ်လျနူးညံ့သော လက်ချောင်းလေးများဖြင့် ပွတ်သပ်ကာ ပြောလိုက်သည်။

"ဒီတလော ကမ်းချန်ချန်လည်း တော်တော်လေးကြည့်ကောင်းလာတာကို ငါ သတိထားမိတယ်"

ယင်းလော့က ပြန်ဖြေသည်။

"သူ ဝလာတာပါ သခင်မရယ်၊ သခင်မရဲ့ ပြည့်ဖြိုးပြီးလှပတဲ့ပုံစံကို သခင်ကြီး သဘောကျတာမြင်လို့ သူ သခင်မကို အတုခိုးတာ နေမှာပေါ့"

All Chapters