ကမ်းချန်ချန်တစ်ယောက် ၂၁ ရာစုမှ စတုတ္ထမင်းသား၏ အနောက်ဆောင်သို့ ကူးပြောင်းရောက်ရှိသွားသည်။ သူရောက်သွားတဲ့နေရာက ရည်မှန်းချက်ကြီးတဲ့ ပဏာမကြင်ယာတော်ဖူကျင်းနေရာ မဟုတ်သလို၊ အချစ်တော်တွေဖြစ်တဲ့ ကြင်ယာတော်လီနဲ့ ကြင်ယာတော်နျန်နေရာလည်း မဟုတ်ပါဘူး။ အနာဂတ် ချန်လုံဧကရာဇ်ရဲ့မယ်တော်လောင်းနေရာလည်း မဟုတ်ဘဲ... ကမ်းမျိုးနွယ်ဝင် ကိုယ်လုပ်တော်သက်သက်ပါပဲ။ သတင်းကောင်းကတော့ ၁။ ကမ်းက နောင်တချိန်မှာ ချွင်းယီဘွဲ့ခံ တော်ဝင်မွန်မြတ်သောကြင်ယာတော်အဆင့်ထိ ရာထူးတိုးမှာဖြစ်ပြီး အသက် ၉၆ နှစ်အထိ ရှည်ရှည်နေရမယ့် ကံပါပါတယ်။ ၂။ သူ့မှာ သားတော် ဟုန်ကျိုးတစ်ပါးတည်းရှိပြီး၊ အဲဒီသားက အနာဂတ်ဧကရာဇ်ချန်လုံနဲ့ သူငယ်ချင်းကောင်းတွေ ဖြစ်လာမှာမို့ သားကြောင့် ဒုက္ခရောက်မှာမပူရဘဲ အိုဇာတာကောင်းမယ့်သူပါ။ သူမကတော့ ဘေးကနေ မထင်မရှားနေချင်သဖြင့် စိတ်ထဲကနေသာ ပြောရဲဆိုရဲရှိသည်ပင်။ သို့တိုင် စတုတ္ထမင်းသား သူ့ကိုကြည့်တဲ့ အကြည့်တွေက တဖြည်းဖြည်းထူးဆန်းလို့လာပါတော့တယ်။ [စတုတ္ထမင်းသားက အေးစက်တည်ငြိမ်ပြီး ချုပ်တည်းထားတဲ့ပုံစံမျိုးဆိုပေမယ့် ရုပ်ချောတယ်၊ သူနဲ့ အိပ်ရတာ မရှုံးပါဘူး!] စတုတ္ထမင်းသား : "ဘာကိစ္စလဲ ?" [ဒီနေ့ ထမင်းမစားထားဘူးလား? မြန်လိုက်တာစ်!] စတုတ္ထမင်းသား မျက်နှာမည်းမှောင်သွားလေသည်။ [ကြင်ယာတော်လီသာ ငါ့အကြောင်း မကောင်းထပ်ပြောရဲရင် သူ့ခြံထဲ ကြောင်ချေးနဲ့သွားပစ်ပေါက်ပစ်မယ်!] စတုတ္ထမင်းသား : "?" [ဂဏန်းဥမုန့်လေးက စားကောင်းလိုက်တာ၊ စတုတ္ထမင်းသား ရှေ့မို့လို့ ၃ ခုပဲ စားရဲတယ်၊ ဘယ်တော့မှ ထပ်စားရမလဲ မသိဘူး] စတုတ္ထမင်းသား : "စုဖေးရှန့်! သူ့ဆီ နေ့တိုင်း သွားပို့ပေးလိုက်!" ….. "သူတို့လက်ထဲမှာ ဇာတ်ညွှန်းကိုယ်စီနဲ့ ငါတော့ ငါ့သားပေါက်လေးကိုပဲ မွေးမြူမယ်" ကမ်းကော်ကော်က ကြည့်လိုက်ရင်တော့ လိမ္မာရေးခြားရှိပုံပေါ်ပါတယ်။ ဒါပေမယ့် စတုတ္ထမင်းသားက သူမရဲ့ စိတ်ထဲကအသံကို ကြားနိုင်မှန်း သိသွားတဲ့အခါမှာတော့ ၁။ ဒီမိန်းမ ပါးစပ်က ဘာမှအမှန်မထွက်ဘူး၊ တကယ့်ကို ရှေ့တမျိုး ကွယ်ရာတမျိုး ဟန်ဆောင်ကောင်းတဲ့သူပဲ! ၂။ ဟက်... သူ ဘာတွေ ဆက်ပြောဦးမလဲ နားထောင်ကြည့်ချင်သေးတယ် ၃။ ဒီလိုလုပ်ပေးလိုက်ရင် ဒီမိန်းမ ကျေနပ်လောက်ရောပေါ့ ? ဘာ... မကျေနပ်သေးဘူး ဟုတ်လား ?

