အခန်း (၉၅-၉၆)
Vol. 10 Ch. 95-96
🌻 Chapter 95
ကျန်းမားမားက သူ့ကို အစာကျွေးပြီး အဝတ်အစား လဲပေးပြီးချိန်တွင် ကမ်းကော်ကော်ကို မြင်လိုက်ရသည်။ သူမက ခပ်တိုတို နှုတ်ဆက်ပြီးနောက် တံခါးဝတွင် အစောင့်အဖြစ် သွားရပ်နေသည်။
စုဖေးရှန်က ကမ်းကော်ကော်နှင့် ယွင်ကျွမ်းတို့ မျက်နှာအမူအရာများကို မြင်သောအခါ ကိစ္စပေါ်သွားပြီဖြစ်ကြောင်း သိလိုက်သည်။
သူက လည်ပင်းကို မတ်မတ်ထားကာ "သူမကို လုပ်ခိုင်းခဲ့တာ တကယ်ပဲ ကျွန်တော်ပါ၊ အပြစ်တင်ချင်ရင် ကျွန်တော့်ကိုပဲ အပြစ်တင်ပါ"
အိမ်တော်က ကမ်းကော်ကော်ကို ကုသရန် သမားတော်ကျန်းကို ပင့်လာသည်ဟု ကြားကတည်းက ဤကိစ္စကို လျှို့ဝှက်ထား၍ မရနိုင်တော့ကြောင်း သူ ကြိုတင် ခန့်မှန်းမိခဲ့သည်။
ကမ်းကော်ကော်က စတုတ္ထမင်းသားထံ သွားမတိုင်ဘဲ ယခုမှ သူ့ထံသို့ အဘယ်ကြောင့် လာရသနည်းဆိုသည်ကို သူ နားမလည်နိုင်အောင် ဖြစ်နေသည်။
အကယ်၍ သူမသာ စတုတ္ထမင်းသားထံ တိုင်ကြားခဲ့ပါက သူက ဓားဝင်ခံပေးခဲ့ဖူးသည်ဆိုသော်ငြား မင်းသား အနားတွင် နေခွင့်ရမည့် အခွင့်အရေး ဆုံးရှုံးသွားပြီး ခြံစောင့်အဖြစ် အပို့ခံရဖို့ သေချာသလောက်ပင်။
ကမ်းကော်ကော် "ငါ နင်တို့နှစ်ယောက်လုံးကို အခက်တွေ့အောင် လုပ်ဖို့ ရည်ရွယ်ချက် မရှိဘူး၊ လူတိုင်းမှာ ကိုယ်စီ အခက်အခဲတွေ ရှိကြတာပဲ၊ ပြီးတော့ နင်နဲ့ နင့်အစ်မကြားက သံယောဇဉ်က ငါ့ကို တကယ် ရင်နင့်စေမိပါတယ်
ငါ သိချင်တာက... အဲဒီ ပန်းထိုးအမွှေးအိတ်အကြောင်းကို စတုတ္ထမင်းသားကို ပြောပြခဲ့တာ ငါလို့ နင်က ဘာလို့ ထင်ရတာလဲ"
စုဖေးရှန်က မဖြေဘဲ ပြန်မေးသည်။
"ဒါက မမှန်လို့လား"
ကမ်းကော်ကော်က သူ့ကို ရိုးသားပွင့်လင်းစွာ ပြန်ကြည့်လိုက်သည်။
"သေချာပေါက် မမှန်ဘူးပေါ့၊ အဲဒီနေ့က စတုတ္ထမင်းသား ငါ့ဆီ လာခဲ့တာ မှန်တယ်၊ ဒါပေမဲ့ စကားနည်းနည်းပဲပြောပြီး ဒေါသတကြီးနဲ့ ထွက်သွားလို့ ငါ့ကိုတောင် မတော်တဆ ထိခိုက်မိသွားသေးတယ်၊ အဲဒီကိစ္စကို ငါကြားခဲ့ပေမယ့် စတုတ္ထမင်းသားကို တစ်ခွန်းမှထုတ်မပြောခဲ့ဘူး"
စုဖေးရှန် မယုံကြည်သေးဘဲ "အဲဒီအချိန်က အခြေအနေတွေအရဆိုရင် ကော်ကော် သွားပြောခဲ့တာ ဖြစ်နိုင်ခြေအများဆုံးပဲ၊ ကော်ကော် ကျွန်တော့်ကို မလိမ်ဘူးဆိုတာ ဘယ်လိုသက် သေပြမလဲ"
ကမ်းကော်ကော်မှာ ဒေါသထွက်ပြီး ရယ်လိုက်မိသည်။
"သက်သေပြရမယ် ဟုတ်လား၊ ငါ မလုပ်ခဲ့တာကို ဘာသွားပြီး သက်သေပြစရာ လိုလို့လဲ၊ နင် ငါ့ကို မယုံဘူးဆိုရင် စတုတ္ထမင်းသားကိုသာ သွားမေးလိုက်"
စုဖေးရှန် မျက်နှာမှာ ပိုဖြူဖျော့သွားပြီး ဘာမှပြန်မပြောတော့ပေ။ ဤရက်ပိုင်းအတွင်း သူက အလင်းရောင်ထဲမှာ ပုန်းနေရသေည ကြွက်တစ်ကောင်ပမာ ကမ်းကော်ကော်ကို အငြိုး ထားနေခဲ့ရပြီး သူကိုယ်တိုင်လည်း စိတ်မသန့်မှုကို ခံစားနေရသည်။
တကယ်လို့ သူသာ မှားယွင်းတဲ့သူကို အမုန်းနေမိတာဆိုရင်...
ကမ်းကော်ကော်က လှောင်ပြောင်လာသည်။
"နင် မမေးရဲဘူး မဟုတ်လား၊ စတုတ္ထမင်းသားရှေ့မှာ နင့်အစ်မအကြောင်းကိုတောင် မဟရဲဘူးလေ၊ စတုတ္ထမင်းသားကိုမြင်တာနဲ့ သခင်ရှေ့က ခွေးပေါက်လေးလိုပဲ ဟန်ဆောင်နေတာ၊ နင်လို သတ္တိကြောင်တဲ့သူက ငါ့ကို မုန်းဖို့ပဲသိတာ"
စုဖေးရှန် မျက်လုံးများ ရုတ်တရက် နီရဲလာပြီး သူ့မျက်နှာကိုသူ အကြိမ်ကြိမ် ပြန်ရိုက်ချသည်။
"ဟုတ်တယ်... ကျွန်တော်က သတ္တိကြောင်တဲ့ကောင်၊ အသုံးမကျတဲ့ အမှိုက်ကောင်ပါ"
သူ့ရင်ဘတ်ပေါ်ရှိ အဖြူရောင် ပတ်တီးစပေါ်တွင် သွေးများ ပြန်လည် စိမ့်ထွက်လာသည်။ ကမ်းကော်ကော်နှင့် ယွင်ကျွမ်းတို့မှာ သူ့ရုတ်တရက် ပေါက်ကွဲမှုကြောင့် လန့်ဖြန့်သွားကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားကြသည်။
ယွင်ကျွမ်းက ရှေ့သို့တိုးလာပြီး သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ ညင်သာစွာဖြင့်
"ဒါ နင့်အပြစ် မဟုတ်ပါဘူး၊ နင်က ကလေးပဲ ရှိသေးတာလေ"
မှန်ပါသည်။ သူက သူမ ဤခန္ဓာကိုယ်ထက်ပင် အသက်နှစ်အနည်းငယ် ငယ်သေးပြီး မိသားစုကို ဆုံးရှုံးလိုက်ရသည့် နာကျင်မှုကို ရုတ်တရက် ခံစားလိုက်ရသည်။ သူ့အစ်မမှာ တစ်ဦးတည်းသော ဆွေမျိုးသာဖြစ်သည်။
ကမ်းကော်ကော် ရုတ်တရက် သူ့ကို အပြစ်တင်ခြင်းကို ရပ်တန့်လိုက်သည်။
စုဖေးရှန် တည်ငြိမ်သွားပြီးနောက် မျက်ရည်များ စီးကျလယသည်။
"ကျွန်တော့်အစ်မက အမှားလုပ်ခဲ့တယ်လို့ သူတို့က ပြောကြတယ်၊ သူမက အိမ်တော်ရဲ့ စည်းမျဉ်းတွေကို ဖောက်ဖျက်ခဲ့တယ်တဲ့၊ မင်းသားရဲ့ အိမ်တော်မှာ စည်းကမ်းတွေက အရမ်း တင်းကျပ်တယ်
သူမကို နှင်ထုတ်လိုက်တာကတောင် သက်ညှာတဲ့ အပြစ်ပေးမှုလို့ သတ်မှတ်ကြတယ်၊ ဒါပေမဲ့... ကျွန်တော့်အစ်မ တကယ်ပဲ မှားခဲ့လို့လား"
"သူမက အရမ်း နူးညံ့ပြီး ကျွန်တော့်အပေါ် အရမ်းကောင်းခဲ့တာ၊ ကျွန်တော်တို့ ထွက်ပြေးကြရတုန်းက ပေါက်စီတစ်ဝက်ရရင်တောင် သူမက ကျွန်တော့်ကို ကျွေးခဲ့တယ်၊ ခွေးတွေနဲ့ အစာလုပြီး ခွေးအကိုက်ခံရတာတောင် အကြိမ်ကြိမ်ပဲ..."
ကမ်းကော်ကော် မျက်လုံးများတွင်လည်း မျက်ရည်များဝဲလာသည်။
"နင့်အစ်မ ဘာမှမမှားခဲ့ပါဘူး၊ ဒီခေတ်ကြီးက မိန်းမတွေအပေါ် လုံလောက်တဲ့ သဘောထားကြီးမှု မရှိလို့ပဲ၊ ဒီခေတ်ကြီးက မိန်းမတွေကို လွတ်လွတ်လပ်လပ် ရပ်တည်ခွင့်မပေးဘူး
ပြီးတော့ နင်နဲ့ နင့်အစ်မကလည်း အထီးကျန်ဆန်နေခဲ့တာ၊ အဲဒါကြောင့် နင့်အစ်မ ထွက်သွားပြီးတဲ့နောက်မှာ သူတို့လည်း အသက်ရှင်ရပ်တည်နိုင်မှာ မဟုတ်ဘူးလေ"
စုဖေးရှန်က သူမကို နားမလည်နိုင်စွာဖြင့် ကြည့်လယသည်။
"ဒီခေတ်ကြီး ဟုတ်လား"
ကမ်းကော်ကော်က ခေါင်းညိတ်ပြကာ
"ယောကျာ်းထက် မိန်းမတွေ ပုံမှန်ဆန္ဒတွေ ရှိခွင့်ရတဲ့ ခေတ်တစ်ခေတ်ရှိကောင်းရှိခဲ့မှာပေါ့၊ ပန်းထိုးအမွှေးအိတ် တွေ့သွားရင်တောင် အလုပ်ပြုတ်တာ၊ သရော်ခံရတာ ဒါမှမဟုတ် ကိုယ့်ကိုကိုယ် အဆုံးစီရင်ဖို့ အတင်းအကြပ် ဖိအားပေးခံရတာတွေ မရှိတဲ့ခေတ်မျိုးပေါ့"
"အဲဒီခေတ်မှာ လူတွေက မိန်းကလေးတွေရဲ့ အတွေးအခေါ်တွေကို ကန့်သတ်မထားတော့ဘူး၊ မိန်းကလေးတွေရဲ့ အခက် အခဲတွေကို နားလည်ပေးတယ်၊
သူတို့ရဲ့ ဆင်းရဲဒုက္ခတွေကို ကိုယ်ချင်းစာပေးတယ်၊ ပြီးတော့ မိန်းကလေးတွေမှာလည်း ယောကျာ်းတွေလိုပဲ ချစ်ဖို့အတွက် ဦးဆောင်နိုင်စွမ်းရှိပြီး ချစ်မလား မချစ်ဘူးလားဆိုတာ ရွေးချယ်ပိုင်ခွင့် ရှိတယ်လို့ အသိအမှတ်ပြုကြတယ်"
"ယောကျာ်း၊မိန်းမတွေက ချစ်ကြိုက်ချင်ရင် ချစ်ကြိုက်လို့ရတယ်၊ လက်မထပ်ချင်ရင်လည်း လက်မထပ်ဘဲနေလို့ရတယ်၊ အဲဒါကို ဘယ်သူကမှ ကွယ်ရာမှာ အတင်းမပြောကြဘူး"
စုဖေးရှန်က နားမလည်နိုင်စွာဖြင့် "ဒါဆို... အဲဒီခေတ်က ဘယ်မှာလဲ"
ကမ်းချန်ချန် မျက်လုံးများတွင် ကရုဏာတရားများ ပြည့်နှက်နေပြီး သူမ မျက်နှာက မြင့်မြတ်သော အလင်းရောင်တစ်ခု ဖြာထွက်နေသကဲ့သို့ပင်။
"ငါ့ရဲ့ အိမ်မက်ထဲမှာလေ၊ ပြီးတော့ နင့်ရဲ့ အိမ်မက်ထဲမှာလည်း ရှိမှာပေါ့"
"တကယ်လို့ ငါတို့က ကိုယ့်ဘေးနားက လူတွေကို တကယ်ချစ်မြတ်နိုးပြီး ကိုယ်ခံစားခဲ့ရတဲ့ ဆင်းရဲဒုက္ခတွေကြောင့် အပြစ်ကင်းတဲ့သူတွေအပေါ် အငြိုးမထားတော့ဘူးဆိုရင် ကိုယ့်ဘေးနားက လူတွေရဲ့ ဘဝကို ပိုပြီးသက်သောင့် သက်သာဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားပေးလို့ရတယ် မဟုတ်လား”
🌻 Chapter 96
စုဖေးရှန်က ခဏမျှ စဉ်းစားခန်းဝင်သွားသည်။
သူက အများကြီး တွေးတောကာ နားလည်မှုတစ်ချို့ ရသွားပုံရသော်လည်း နှုတ်ခမ်းကို တွန့်လျက်
"အဆုံးမှာတော့ ကိုယ့်အတွက်ပါပဲ၊ ထားလိုက်ပါတော့... ကော်ကော်အပေါ် ထားတဲ့ ကျွန်တော့်ရဲ့ အငြိုးကို စွန့်လွှတ်လိုက်ပါပြီ၊ ကော်ကော် ပြောခဲ့တယ်ဖြစ်ဖြစ်၊ မပြောခဲ့ဘူးဖြစ်ဖြစ် ကော်ကော့်ကို ထပ်ပြီး အပြစ်မတင်တော့ပါဘူး"
"အရင်က ကော်ကော့်ကို ကျွန်တော် ထိခိုက်နစ်နာအောင် လုပ်ခဲ့ဖူးတော့ အဲဒါကို ကျေးဇူးဆပ်တယ်လို့ပဲ သဘောထားလိုက်ပါ၊ ကျွန်တော့်ကို ကိစ္စသုံးခု လုပ်ခိုင်းလို့ ရပါတယ်၊ ဒါပေမဲ့ စတုတ္ထမင်းသားကိုတော့ သစ္စာမဖောက်ရဘူး"
ကမ်းချန်ချန်က မျက်လုံးလှန်လိုက်ပြီး "ငါက စတုတ္ထမင်းသားကို ဘယ်လိုလုပ် ထိခိုက်အောင် လုပ်ရက်မှာလဲ၊ ဒါပေမဲ့ နင် ကတိတည်ရမယ်နော်၊ နောင်တစ်ချိန် နင်နဲ့ တိုင်ပင်စရာ အရေးကြီးကိစ္စတွေ ရှိလာရင် စကားမတည်တာမျိုး လုပ်လို့မရဘူး"
စုဖေးရှန်က မတ်မတ်ရပ်ကာ ပြတ်သားစွာဖြင့် "ကျွန်တော် ကတိမဖျက်ပါဘူး"
အခန်းထဲ ပြန်ရောက်သောအခါ ယွင်ကျွမ်းက "ကော်ကော်... စုဖေးရှန်က ကော်ကော် အဲဒီလို တခြားခေတ်တစ်ခုကို ချီးမွမ်းနေတာကို စတုတ္ထမင်းသားဆီ သွားတိုင်ရင် ဘယ်လိုလုပ်မလဲ"
ကမ်းချန်ချန်က သူမ ပြောစဉ်ကတည်းက ဤအချက်ကို စဉ်းစားထားပြီးဖြစ်သည်။
"သူ သွားတိုင်ရင်ကော စတုတ္ထမင်းသားက သူ့ကို ယုံမှာတဲ့လား၊ အဲဒီမှာ ငါတို့ သုံးယောက်တည်း ရှိခဲ့တာလေ၊ သူ့အစ်မကိစ္စကြောင့် ငါ့ကို အငြိုးထားပြီး အပြစ်လာပုံချတယ်လို့ပဲ စတုတ္ထမင်းသားက သံသယဝင်မှာပေါ့"
ယွင်ကျွမ်း "ကော်ကော် သူ့ကို အဲဒီလို စွန့်စားပြီး စမ်းသပ်စရာ မလိုပါဘူးလို့ ကျွန်မ ထင်တယ်၊ သူက ကော်ကော်ပြောတာတွေကို နားလည်ချင်မှတောင် နားလည်မှာပါ"
ကမ်းချန်ချန် "သူက သူ့အမုန်းတွေအတွက် ပစ်မှတ်တစ်ခု လိုအပ်နေတာလေ၊ သူ ငါ့ကို မုန်းနေလို့လည်း မဖြစ်ဘူး၊ စတုတ္ထမင်းသားကို မုန်းလို့လည်း မဖြစ်ဘူး၊ အဲဒီတော့ သူက ဒီခေတ်ကြီးကိုပဲ မုန်းလို့ ရတော့မှာပေါ့"
—————
မေလတွင် ယင်ကျန်းသည် ကမ်းချန်ချန်ခြံဝင်းအတွင်းသို့ ထပ်မံ ခြေချလာခဲ့သည်။
ကမ်းချန်ချန်က အရိုအသေပေးပြီးနောက် ခေါင်းမော့ကြည့်မိချိန် တွေးမိသွားသည်။
[ဝိုး... ဒါ ဘယ်ကတောင့်တောင့်ဖြောင့်ဖြောင့် လူချောလေးလဲ၊ သူ တော်တော်လေးတော့ အသားမည်းသွားတာပဲ၊ ငါ့ရဲ့ မြင့်မြတ်ပြီး အေးစက်စက်နိုင်တဲ့ စတုတ္ထမင်းသားကို ပြန်ပေးစမ်း]
ကမ်းချန်ချန်က မျက်တောင်လေး ပုတ်ခတ်ကာ နောက်ပြောင်သည့်ဟန်ဖြင့် ပြုံးလာသည်။
"အရှင်မင်းသား ကျွန်မကို စိတ်မဆိုးတော့ဘူးလားဟင်၊ ပြီးခဲ့တဲ့တစ်ခေါက်က ကျွန်မ မှားသွားပါတယ်၊ အရှင်မင်းသားကို လှည့်စားခဲ့မိတာ ကျွန်မအပြစ်ပါ၊ ကံကောင်းလို့ အရှင်မင်းသားက ဆက်ပြီး အပြစ်မယူခဲ့တာ"
ယင်ကျန်းလည်း ပြုံးလိုက်ကာ ရှေ့သို့တိုးလာပြီး သူမ သွယ်လျသော ခါးလေးကို ဖက်လိုက်သည်။
"ကိုယ် ဒီရက်ပိုင်း ဒုက္ခသည်တွေကို နေရာချထားရေး လုပ်နေရလို့ အတွင်းဆောင်ဘက် သိပ်မလာဖြစ်ဘူး၊ မင်း ကိုယ့်ကို လွမ်းနေပြီလား"
သူါ တောက်ပနေသော မျက်လုံးနက်ကြီးများက ကမ်းချန်ချန်ကို စူးစိုက်ကြည့်နေသည်။ သူမ ခါးတစ်ဝိုက်တွင် အချိန်ယူကာ ဝဖြိုးအောင် လုပ်ထားခဲ့ရသော အသားလေးများပင် ပျောက်ကွယ်သွားခဲ့သည်။ သူမ သူ့အတွက် စိုးရိမ်ပူပန်လွန်း၍ ပိန်သွားခဲ့တာလား။
ကမ်းချန်ချန်မှာ သူ့ထံမှ လက်တစ်ကမ်းအကွာတွင်သာ ရှိနေသဖြင့် ရှက်ရွံ့စွာ ခေါင်းငုံ့မိသွားသည်။
"ဟုတ်... ကျွန်မ သေချာပေါက် လွမ်းတာပေါ့ရှင်၊ အရှင်က တိုင်းပြည်အတွက် အရေးကြီးတဲ့ အလုပ်တွေ လုပ်နေရတယ်ဆိုတာသိလို့ အရှင့်ရဲ့ ခံစားချက်ကို ကျွန်မ နားလည်ပေးနိုင်ပါတယ်"
ယင်ကျန်း သူမနဖူးကို နမ်းရှိုက်လာသည်။
"မင်း ဒီလောက် နားလည်မှုရှိပေးတာ သိပ်ကောင်းမှာပဲ"
သူမက လျှာထုတ်ပြလိုက်ပြီး သူ့ကို ကုတင်ပေါ်သို့ ဆွဲခေါ်သွားကာ ပခုံးများကို နှိပ်နယ်ပေးရင်း
"အရှင်မင်းသား... သက်သောင့်သက်သာ ရှိရဲ့လား"
ယင်ကျန်းက အကြောဆန့်ကာ သက်တောင့်သက်သာ ထိုင်လေသည်။
"တော်တော် သက်သောင့်သက်သာ ရှိတာပဲ၊ ဒီရက်ပိုင်း အလုပ်တွေ များလွန်းလို့ ပခုံးတွေ ညောင်းနေတာ၊ မင်း ဒီလောက် နှိပ်တတ်မှန်းသိရင် ကိုယ် စောစောကတည်းက လာခဲ့မှာပေါ့"
[စောစောလာလို့ ရရက်နဲ့ မလာခဲ့တာကို ကြည့်ရင် ရှင်က ကျွန်မကို မတွေ့ချင်ခဲ့ဘူးဆိုတဲ့ သဘောပေါ့လေ]
[ဘယ်လိုလုပ် သက်သောင့်သက်သာ မရှိဘဲ နေမလဲ၊ အရင်တုန်းက ခြံထဲက ပန်ဒါတွေ အကုန်လုံးကလည်း ကောင်းတယ်လို့ ပြောကြတာချည်းပဲ၊ ငါလေး နှိပ်ပေးတာခံဖို့ သူတို့တွေ အမြဲ လာလာနေကြတာလေ]
ယင်ကျန်းမှာ သူမစိတ်ထဲတွင် အမျိုးမျိုးသော ထူးဆန်းသည့် သတ္တဝါများနှင့် နှိုင်းယှဉ်ခံရခြင်းကို ကျင့်သားရနေပြီ ဖြစ်သည်။
"နောက်ရက်အနည်းငယ်နေရင် ကိုယ် မင်းကို အပြင်ခေါ်သွားပြီး လည်ပတ်ရင်ကော ဘယ်လိုလဲ"
"တကယ်လား"
ကမ်းချန်ချန် အလွန်စိတ်လှုပ်ရှားသွားသော်လည်း သတိရမိသွားသည်။
"အရှင်မင်းသားက တိုင်းပြည်ကိစ္စတွေနဲ့ အလုပ်ရှုပ်နေရမှာလေ၊ အဲဒီ ဒုက္ခသည်တွေကို သေချာနေရာချထားပေးဖို့ လိုသေးတယ် မဟုတ်လား"
ယင်ကျန်း "အခု ရေတွေ ကျသွားပြီလေ၊ ပြီးတော့ သူတို့ အိမ်ပြန်နိုင်အောင် ငွေပြားတွေ ပေးနေပါတယ်"
ကမ်းချန်ချန် မျက်လုံးများက ဟိုဟိုဒီဒီ ဝေ့ကြည့်ကာ မမေးပဲမနေနိုင်တော့ချေ။
"ဒါပေမဲ့ အိမ်တော်ထဲမှာ အစ်မတော်တွေ အများကြီး ရှိတာကို အရှင်မင်းသားက ကျွန်မကိုပဲ ခေါ်သွားရင် နည်းနည်းတော့ မသင့်တော်ဘူး မဟုတ်လား"
ယင်ကျန်းက မျက်ခုံးပင့်လေသည်။
"ဒါဆို ကိုယ်က ဘယ်လိုလုပ်ပေးရမလဲ"
ကမ်းချန်ချန်က စကားကို သေချာ ရွေးချယ်ကာ "ကျွန်မတို့ အပြင်ထွက်လည်ရင်း သူတို့အတွက် လက်ဆောင်လေးတွေ ဝယ်သွားရင်ကော ဘယ်လိုလဲ၊ အဲဒါဆိုရင် ကျွန်မ စိတ်လည်း ပိုအဆင်ပြေသွားမှာ"
ယင်ကျန်း ရယ်မောလိုက်သည်။
"တကယ်တော့ လက်ဆောင်လိုချင်နေတာက မင်း မဟုတ်လား"
[ဟွန်း... ရှင် ကျွန်မအကြောင်းကို ဘယ်လိုလုပ် ဒီလောက် သိနေရတာလဲ]
"အရှင်မင်းသားက ကျွန်မကို အဲဒီလိုပဲ မြင်တာလား"
ကမ်းချန်ချန် သူ့မျက်နှာကို ပွတ်သီးပွတ်သပ်လုပ်ရင်း အပြစ်ရှိသလို တီးတိုးမေးသည်။
"တကယ်တော့ ကျွန်မ လိုချင်တာဖြစ်ဖြစ်၊ မလိုချင်တာဖြစ်ဖြစ် အရေးမကြီးပါဘူး၊ ဒါပေမဲ့ အရှင်မင်းသားက ဒီလောက် သဘောထားကြီးတာဆိုတော့ ကျွန်မကို ချန်ထားမှာ မဟုတ်ဘူးဆိုတာ သေချာတယ်"
"အား..."
ကမ်းချန်ချန် အလန့်တကြား အော်မိချိန်တွင် ယင်ကျန်းက လှည့်ကာ သူမကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး သူမ ကိုယ်အလေးချိန်ကို ခန့်မှန်းကြည့်ရင်း မေးသည်။
"ဒါဆို မင်း ဘာလုပ်ချင်လဲ ပြော"
ကမ်းချန်ချန်မှာ ဤရက်ပိုင်း အပျင်းထူနေပြီး အပြင်ထွက်လည်ရန် စိတ်ကူးယဉ်နေခဲ့သည်ဖြစ်ရာ ယုံကြည်မှုရှိရှိပင် ပြန် ဖြေသည်။
"ကန်ထဲမှာ လှေစီးချင်တယ်၊ ပြီးတော့ အရှင်မင်းသားက ကျွန်မကို မြင်းဘယ်လိုစီးရမလဲဆိုတာ သင်ပေးရမယ်"
[ဖြစ်နိုင်ရင် ယွမ်မင်ယွမ် ပန်းခြံကိုလည်း သွားလည်ချင်တယ်၊ ဒါပေမဲ့ သူက အခု ဧကရာဇ်မဖြစ်သေးတော့ ဒီတောင်းဆိုမှုက သူ့အတွက် နည်းနည်းတော့ ခက်ခဲလိမ့်မယ်]
ယင်ကျန်း ခေါင်းထဲတွင် မေးခွန်းများ ပြည့်နှက်သွားသည်။
[ယွမ်မင်ယွမ် ပန်းခြံဆိုတာ ဘယ်မှာလဲ၊ မြို့တော်မှာ ငါမသိတဲ့ ပန်းခြံတွေ ရှိသေးလို့လား]
သို့သော် သူက ရိုးရိုးလေးပင် ပြန်ဖြေသည်။
"ကောင်းပြီလေ"
ထို့နောက် သူ သူမကို မှောက်ချကာ ကုတင်ပေါ်တွင် ဖိကပ် ထားလိုက်သည်။ ကမ်းချန်ချန်က သူ ဘာလုပ်တော့မည်ကို သိသော်လည်း သူ ဤမျှလောက် စိတ်မရှည်ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ထို့ကြောင့် သူမက သူ့လည်ပင်းကို လက်ဖြင့် သိုင်းဖက်ကာ သတိပေးသည်။
"အရှင်မင်းသား... မိုးမချုပ်သေးဘူးလေ၊ ဒါ နေ့ခင်းကြောင် တောင်ကြီး နှာဗူးကျတာနော်... အား..."
[သူက ဘာလို့ အဲဒီစည်းကမ်းတွေကို မလိုက်နာတော့တာလဲ၊ ဒါမှမဟုတ် လိုအပ်တဲ့အချိန်မှပဲ လိုက်နာတာလား]
အနမ်းများကြောင့် အသက်ရှူရကြပ်နေချိန်တွင် ကမ်းချန်ချန် ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး သူ့ ကျစ်ဆံမြီးကို ဖမ်းဆွဲကာ နောက်သို့ ဆွဲလိုက်ရင်း
"အရှင်... ကျွန်မက အရှင့်ကို လက်ဆောင်ပေးချင်သေးတယ်"
ယင်ကျန်း ရပ်တန့်သွားပြီး သတိပေးလိုက်သည်။
"နောက်တစ်ခါ အဲဒီလိုမဆွဲနဲ့"
"သိပါပြီ"
"ဘာ လက်ဆောင်လဲ"
ကမ်းချန်ချန်က သူ့အောက်မှနေ၍ သွက်လက်စွာ တိုးထွက်ပြီး ဗီရိုထဲမှ ဖိနပ်တစ်ရန်ကို ထုတ်ယူကာ သူ့ထံ ကမ်းပေးလာသည်။
"ကျွန်မ အရှင်မင်းသားအတွက် ဖိနပ်တစ်ရန် လုပ်ထားတယ်၊ ကွက်တိဖြစ်မဖြစ် စီးကြည့်ပါဦး"
ယင်ကျန်း မျက်နှာသေဖြင့် ဖိနပ်များကို ဘေးသို့ ဖယ်ချလိုက်ပြီး သူမကို ပွေ့ချီကာ ကုတင်ပေါ်သို့ ပြန်တင်ကာ
"ဆက်လုပ်ကြစို့"
[ဟွန့်... ငါက သူ့အတွက် တစ်လလုံးလုံး အပင်ပန်းခံပြီး ပြင်ဆင်ထားတာကို သူက တစ်ချက်တောင် မကြည့်ဘူးလား၊ ဘယ်လို လူမျိုးကြီးလဲ]
[ဘာလို့ အဲဒီလောက် အလောတကြီး ဖြစ်နေရတာလဲ၊ ငါ သေချာ ပြင်ဆင်ထားတဲ့ စကားတွေကိုတောင် ပြောခွင့်မရဘူး]
ယင်ကျန်းက ငုံ့ကိုင်းကာ ပိုပြင်းထန်စွာ ကိုက်ခဲလာသဖြင့် ကမ်းချန်ချန်မှာ အနည်းငယ် တုန်ယင်သွားပြီး အခြားဘာကိုမှ ဆက်မတွေးနိုင်တော့ချေ။
ထို့နောက် ယင်ကျန်း စိတ်ကျေနပ်သွားပြီးနောက် ဖိနပ်များကို ကောက်ကိုင်ပြီး အလိုက်တသိမေးလာသည်။
"မင်းက ကိုယ့်ကို ဖိနပ်ပေးတာဆိုတော့... အကြောင်းပြချက် တစ်ခုခုတော့ ရှိမှာပေါ့ ဟုတ်တယ်မလား"
ကမ်းချန်ချန်က အနက်ရောင် ဖိနပ်မျက်နှာပြင်ပေါ်တွင် သူမ အထူးတလည် ပန်းထိုးထားသော အနီရောင် အဝိုင်းလေးကို လက်ညှိုးထိုးပြကာ ဂုဏ်ယူဝင့်ကြွားစွာ မေးသည်။
"အရှင်မင်းသား... ဒါ ဘာလဲဆိုတာ သိလား"
ယင်ကျန်း ခေါင်းခါလိုက်သည်။
"ကိုယ် မသိဘူး၊ ဒါပေမဲ့ နည်းနည်းတော့ ထူးဆန်းသလိုပဲ"
ကမ်းချန်ချန်က ရှက်သွေးဖြာစွာ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့်
"ဒါဆို ခန့်မှန်းကြည့်လေ”