အခန်း ၁၆၅
Vol. 17 Ch. 165
🌻 Chapter 165
ယွင်ကျွမ်းကမူ ခေါင်းယမ်းလာသည်။
"ဆွေမျိုးအရင်းအချာတွေ မရှိတာထက် ရှိနေတာက အမြဲတမ်း ပိုကောင်းပါတယ်၊ သေတာထက် ရှင်နေတာက ပိုကောင်းတယ်၊ လူတစ်ယောက် သေသွားပြီဆိုရင်... သူတို့ရဲ့ ကောင်းကွက်တွေကိုပဲ ငါတို့ စပြီး သတိရလာတတ်ကြတယ်လေ"
ဟွာစန်းသည် ကွေ့ဟွာပန်းမုန့် နောက်တစ်ချပ်ကို စားလိုက်ရာ သူမ ခေါင်းကြီးထဲတွင် မေးခွန်းသင်္ကေတကြီးများဖြင့် ပြည့်နှက်နေလေသည်။ နံရံမှာ ချိတ်ဆွဲထားတယ်ဆိုတာက ငါးဆားနယ်အသားနဲ့ ငါးခြောက်တွေပဲ မဟုတ်ဘူးလား
သူမသည် ဤအရာများကို မည်သည့်အခါမှ နားမလည်ခဲ့ပေ။ သူမ နားမလည်နိုင်ခြင်းကြောင့်ပင် မည်သူကမျှ သူမကို နားလည်ရန် မတောင်းဆိုခဲ့ကြပေ။
ပြင်းထန်သော ဖျားနာမှုမှ နာလန်ထခါစဖြစ်၍ အားနည်းနေဆဲဖြစ်သော ကမ်းချန်ချန်သည် ပြီးခဲ့သော ရက်အနည်းငယ်အတွင်း ချင်မင်းဆက်ဥပဒေကို ဖတ်ရှုရန် ညဉ့်နက်သည်အထိ အလုပ်ရှုပ်နေခဲ့သည်။
သူမ အလွန်အိပ်ရေးမဝဖြစ်နေသော်လည်း ဆက်၍ သည်းခံရသည်။
ယင်ကျန်းက သူမကို ဤနေရာသို့ ခေါ်ထားသော်လည်း အခြားလုပ်စရာ ဘာမျှမရှိသဖြင့် ကမ်းချန်ချန်သည် ယင်ကျန်း ပုံမှန် အနားယူလေ့ရှိသော ကုတင်ပေါ်တွင် လှဲလျောင်းကာ အိပ်ပျော်သွားသည်။
ချင်မင်းဆက်ဥပဒေသည် ထိုခေတ်အခါက အာဏာအရှိဆုံး ဥပဒေပြဋ္ဌာန်းချက်ဖြစ်ပြီး ကမ်းချန်ချန်သည် စုန့်ကော်ကော်ထံတွင် ရှေးဟောင်းတရုတ်စာပေများကို လေ့လာသင်ယူခဲ့ဖူးသောကြောင့် ဖတ်ရှုရာတွင် အလွန်အမင်း ခက်ခဲသည်ဟု မခံစားရပေ။
ယင်ကျန်းသည် တစ်နာရီကျော်ကြာ အလုပ်ရှုပ်နေပြီးနောက် အရေးတကြီး ရုံးတော်ကိစ္စများကို ပြီးစီးသွားခဲ့ရာ နေ့လယ် စာယူလာရန် ခိုင်းလိုက်သော်လည်း ကမ်းချန်ချန် ထွက်မလာသည်ကို တွေ့လိုက်ရသည်။
သူ လိုက်ကာကို မကာ အတွင်းခန်းသို့ ဝင်သွားလိုက်ရာ သူမက အလင်းရောင်ကိုကွယ်ရန် ယပ်တောင်ဝိုင်းလေးဖြင့် မျက်နှာကို ဖုံးကာ အိပ်နေဆဲဖြစ်သည်ကို တွေ့လိုက်ရသဖြင့် သူ ဒေါသထွက်လွန်း၍ ရယ်ပင်ရယ်မိသည်။
သူမသည် အတော်လေး ပူပင်သောကကင်းပုံရပြီး သူ့ကို ရုံးကိစ္စများ ဖြေရှင်းရန်တစ်ယောက်တည်း ထားခဲ့သည်။ သူမက သူ့ကို သိပ်ဂရုမစိုက်တော့သည့်ပုံပင်။
ယင်ကျန်း အကြည့်များအောက်သို့ ကျဆင်းသွားပြီး မီးဖိုထဲရှိ မီးခဲများမှိန်ဖျော့နေသည်ကို သတိပြုမိလိုက်သည်။ သူ စိတ်ထဲမှ သက်ပြင်းမချဘဲ မနေနိုင်ခဲ့ပေ။
"ဒီလိုအိပ်နေရင် အအေးမိသွားတော့မှာပဲ"
ယင်ကျန်းသည် စောင်ပါးတစ်ထည်ယူကာ သူမကို လွှမ်းခြုံပေးပြီးနောက် အတွင်းခန်းမှ တန်းတန်းမတ်မတ် ထွက်လာခဲ့ကာ စားပွဲပေါ်ရှိ ကိုယ်ရေးကိုယ်တာ စာလွှာများကို ဆက် လက်လှန်လှောကြည့်ရှုရင်း ညီတော်ဆယ့်သုံး ပေးထားသော စာကို ကောက်ယူကြည့်သည်။
သူ စာကို ဖွင့်ရန် ပြင်လိုက်စဉ်မှာပင် ကမ်းချန်ချန် နိုးလာကာ လက်မောင်းများကို ဆန့်ထုတ်လိုက်ရာ အနည်းငယ် ပိုသက်တောင့်သက်သာ ရှိသွားသည်ဟု ခံစားလိုက်ရသော်လည်း သူမ ကိုယ်ပိုင်အခန်းတွင် အိပ်ရသလောက် သက်တောင့်သက်သာ မရှိကြောင်းသတိပြုမိသည်။
နောက်ဆုံးတွင် သူမ တွေးမိသည်။
[ဒီကုတင်က အရမ်းမာတာပဲ]
ယင်ကျန်း လက်ချောင်းများ တန့်သွားသည်။
"နိုးလာပြီဆိုရင်လည်း လာစားတော့လေ၊ တခြားတစ် ယောက်ယောက်က လာဖိတ်ခေါ်ပေးမှာကို မျှော်လင့်နေတာလား"
ကမ်းချန်ချန်သည် ရှုပ်ပွနေသော ဆံပင်များကို နားနောက်သို့ သပ်တင်လိုက်ပြီး အနားသို့ လျှောက်လာသည်။
"ရှင်က ဘာလို့ ဒီလောက် ရွဲ့စောင်းနေရတာလဲ၊ ဘာတွေ မပျော်မရွှင်ဖြစ်နေတာလဲဆိုတာသာ ပြောစမ်းပါ"
ယင်ကျန်း "ကိုယ် ဘာမပျော်မရွှင် ဖြစ်နေရမှာလဲ၊ မင်းကိုယ်မင်း မသိဘူးလား"
ကမ်းချန်ချန်က ပြောသည်။
"ကျွန်မက ဘယ်လိုလုပ် သိမှာလဲ၊ ရှင်က စိတ်ပြောင်းလွယ်လို့နေမှာပေါ့"
[ယောကျ်ားတွေအားလုံးက ဒီလိုချည်းပဲ မဟုတ်ဘူးလား]
ယင်ကျန်း လှောင်ပြောင်လိုက်သည်။
"ကိုယ်က စိတ်ပြောင်းလွယ်တဲ့သူဆို မင်းကိုတောင် ကြည့်မှာမဟုတ်ဘူး"
ကမ်းချန်ချန်က ပြန်လည်ချေပသည်။
"အဲဒီလိုဆိုရင်လည်း ဘေးဘက်အခန်းက လူက ရှင့်အတွက် ဘယ်လောက်တောင် ဝေဒနာခံစားနေရသလဲဆိုတာကို သွားမကြည့်ဘူးလား"
ယင်ကျန်းက ပြန်ဖြေသည်။
"မင်းက သစ်တုံးတစ်တုံးလို အိပ်မောကျနေတာ၊ ကိုယ် မင်းကို လာမကြည့်ဘူးဆိုတာကို မင်းက ဘယ်လိုလုပ် သိမှာလဲ"
ကမ်းချန်ချန်သည် လည်ချောင်းထဲတွင် တစ်ဆို့သွားသလို ခံစားလိုက်ရပြီး သူ့ကို လျစ်လျူရှုကာ တူကိုကောက်ကိုင်၍ စားတော့သည်။
သူမ မော့ကြည့်လိုက်ရာ သူဖတ်နေသော စာအိတ်ပေါ်တွင် ယင်ရှန်ဟု ရေးထားသည်ကို သတိပြုမိလိုက်သည်။ သူမ ရင်ထဲ ထိတ်သွားကာ စားလက်စအစာ သီးသွားပြီး အကျယ်ကြီး ချောင်းဆိုးသွားတော့သည်။
သူမ အသက်ရှူကြပ်၍ မျက်နှာနီရဲလာသည်ကိုမြင်သော အခါ ယင်ကျန်းသည် စာလွှာကို အမြန်ချထားလိုက်ပြီး သူမအတွက် လက်ဖက်ရည်တစ်ခွက် ငဲ့ပေးသည်။
"မင်းက ဘာလို့ ဒီလောက် အမြန်စားနေရတာလဲ"
ကမ်းချန်ချန်သည် လက်ဖက်ရည်ကို ဖြည်းဖြည်းချင်း သောက်လိုက်ပြီး သူမ မျက်လုံးများက ဟိုဟိုဒီဒီ ကစားနေလျက် ပြန်ဖြေသည်။
"တစ်ယောက်တည်း စားရတာကြာလို့ စိတ်လှုပ်ရှားသွားလို့ပါ"
ယင်ကျန်းက နှုတ်ခမ်းကို စေ့လိုက်ပြီး သူမအတွက်ယုန်သားဟင်း တစ်ဖတ်ကို ယူပေးကာ သူမ မျက်နှာချင်းဆိုင်တွင် ထိုင်လေသည်။ ကမ်းချန်ချန်ကလည်း သူ့အတွက် မျှစ်တစ်ဖတ်ကို ယူပေးသည်။
[ဒီမျှစ်တွေက ရှင်နဲ့ အလိုက်ဖက်ဆုံးပဲ]
သူတို့နှစ်ယောက် အချင်းချင်းတစ်ချက်ကြည့်လိုက်ကြပြီးနောက် အကြည့်များကို ပြန်လွှဲကြသည်။ ထမင်းအနည်းငယ် ဆက်စားပြီးနောက် ကမ်းချန်ချန်က ပြောသည်။
"ကျွန်မ ရှင့်ကို ပြောချင်တာ တစ်ခုရှိတယ်"
"ဘာလဲ"
ကမ်းချန်ချန်က မေးသည်။
"အဲဒါက..."
ထိုအချိန်မှာပင် အပြင်ဘက်မှ ချွေ့မားမားနှင့် စုဖေးရှန်တို့ အသံများကို ကြားလိုက်ရသည်။
"စတုတ္ထမင်းသား စားနေတာလား"
"ဟုတ်ပါတယ်"
"ဒါဆို ကျွန်မ ခဏစောင့်နေလိုက်ပါ့မယ်"
ယင်ကျန်းက ပြောသည်။
"ဝင်လာခဲ့"
ချွေ့မားမား တံခါးကို တွန်းဖွင့်၍ ဝင်လာသည်။ စုဖေးရှန်က လိုက်ကာကို မပေးရန် ကူညီသည်။ ချွေ့မားမားက အရိုအသေပေးလိုက်သည်။
"နွီဟူလုစဲဖူ နိုးလာပြီဖြစ်ကြောင်း စတုတ္ထမင်းသားကို လျှောက်တင်ဖို့ ဖူကျင်းက ဒီအစေခံအိုကြီးကို စေလွှတ်လိုက်တာပါ"
ယင်ကျန်း "ကောင်းပြီ၊ ငါ အခုချက်ချင်း လိုက်ခဲ့မယ်"
သူ တူကို ချထားလိုက်ပြီး ကမ်းချန်ချန်အား ပြောသည်။
"မင်း ဒီမှာပဲ ဆက်စားနေလိုက်"
ကမ်းချန်ချန်က စာကြည့်ဆောင်ထဲမှာ တစ်ယောက်တည်း ဘယ်လိုလုပ် နေရဲမှာလဲ၊ တစ်ခုခု ဖြစ်သွားရင်ရော၊ အဲဒါ သူမရဲ့ တာဝန် ဖြစ်မသွားဘူးလား...
သူမ ချက်ချင်းပင် ယင်ကျန်းနောက်မှ လိုက်သွားသည်။
"ကျွန်မလည်း ညီမစုယန်ကို သွားကြည့်ချင်တယ်"
ထို့ကြောင့် သူတို့နှစ်ယောက် ဘေးဘက်အခန်းသို့ အတူတကွ သွားကြသည်။ ဖူကျင်းသည် စုယန်နှင့် စကားပြောနေပြီး ယင်ကျန်း ရောက်လာသည်ကို မြင်သောအခါ သူမက ဘေးသို့ ဖယ်ပေးလိုက်သည်။ ယင်ကျန်းက ကုတင်စောင်းတွင် ထိုင်လေသည်။
"နာနေသေးလား"
စုယန် သူမပခုံးကို ဖိကိုင်ထားရင်း ပြောသည်။
"အများကြီး ပိုသက်သာပါတယ်"
"ဒါဆိုလည်း ကောင်းတာပေါ့"
သူတို့နှစ်ယောက်လုံး ဘာမှဆက်မပြောကြသဖြင့် လေထုမှာ အနည်းငယ်အနေရခက်စရာ ဖြစ်သွားလေသည်။
ကမ်းချန်ချန်: [ငါလေး တွေးလွန်သွားတာ ဖြစ်မယ်၊ ဒီနှစ်ယောက်က တစ်လလောက်အတူတူ နှစ်ယောက်တည်း ရှိနေခဲ့တာတောင် အရမ်းကိုယဉ်ကျေးနေကြတုန်းပဲ]
စုယန်က ကမ်းချန်ချန်ကိုကြည့်ကာ "စဲဖူ... ရှင့်အဖေရဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မ ကူညီပေးနိုင်ကောင်း ကူညီပေးနိုင်ပါလိမ့်မယ်"
ထိုစကားကို ကြားသောအခါ ယင်ကျန်းမျက်လုံးများ ကျဉ်း မြောင်းသွားကာ ကမ်းချန်ချန်ကိုကြည့်လျက် မေးသည်။
"မင်းအဖေ ဟုတ်လား၊ သူက ဘာဖြစ်လို့လဲ"
ကမ်းချန်ချန် ရင်ထဲ ထိတ်သွားသည်။
"သူ မှုခင်းရေးရာဝန်ကြီးဌာနရဲ့ ထောင်ထဲမှာ အကျဉ်းချခံထားရတယ်"
"ဘာ"
ဖူကျင်းက နားမလည်နိုင်စွာဖြင့် မေးသည်။
"ကျွန်မ ဒီကိစ္စကိုသိပေမဲ့ အရှင်မင်းသားရဲ့ ကျန်းမာရေးကို ထိခိုက်မှာစိုးလို့ အိမ်ပြန်စာတွေထဲမှာ မပြောခဲ့တာပါ၊ ခုနက စာကြည့်ဆောင်ထဲမှာ ရှင်တို့နှစ်ယောက် ဒါကို ဘာလို့မဆွေး နွေးခဲ့ကြတာလဲ"
ကမ်းချန်ချန် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။ သူမက ချင်မင်းဆက်ဥပဒေထဲတွင် ဖြေရှင်းနည်းတစ်ခုကို ရှာဖွေပြီးမှ ယင်ကျန်းကို ပြောပြချင်ခဲ့ခြင်းဖြစ်ရာ ယင်းကများစွာပို၍ လက်ခံနိုင်ဖွယ် ရှိပေလိမ့်မည်။
မင်းသားတစ်ပါးအနေဖြင့် ကိုယ်ကျိုးအတွက် အာဏာအလွဲ သုံးစားလုပ်ခြင်းမျိုးကို သူမ မလိုလားသော်လည်း ကမ်းချန်အန်းအား ပွင့်လင်းရိုးသားစွာ တရားသေလွှတ်ပေးနိုင်ရန် ဥပဒေကို အသုံးပြုနိုင်လိမ့်မည်ဟု မျှော်လင့်သည်။
သို့သော် သူမက သူ့ကို လွှတ်ပေးရန် နည်းလမ်း မရှာတွေ့ခဲ့ပေ။ ကမ်းချန်အန်းက အခြေအနေကို မသိပါဘူးဟု ခုခံကာကွယ်ရန် ကြိုးစားလျှင်ပင် ပြည့်တန်ဆာများ ရင်ဘတ်ပေါ်ရှိ သီးသန့်နေရာတစ်ခုတွင် အမှတ်အသားအဖြစ် တက်တူးများ ရှိနေတတ်သည်။
ကမ်းချန်အန်းက သူမနဲ့ ကလေးနှစ်ယောက်တောင် ရနေပြီဆိုတော့ အဲဒါကို သူ ဘယ်လိုလုပ် မမြင်ဘဲနေမှာလဲ...
ယင်ကျန်းက ဖူကျင်းကို အေးစက်စက် တစ်ချက်ကြည့်လိုက်ရာ သူမမှာ ဖိအားတစ်ခုကို ခံစားလိုက်ရသည်။ သူမ စကားမှားသွားပြီဖြစ်ကြောင်း သတိပြုမိသည်။ ယင်ကျန်းနှင့် ကမ်းချန်ချန်တို့ စာကြည့်ဆောင်ထဲတွင် ဘာလုပ်နေသလဲဆိုတာ သူမ အပူမပါပေ။
ထို့ကြောင့် သူမက ချက်ချင်းရှင်းပြလိုက်သည်။
"အဲဒါက ဒီလိုပါ၊ အဖိုးကြကမ်းက ပြည့်တန်ဆာတစ်ယောက်နဲ့ ကလေးနှစ်ယောက် ရနေတာပါ၊ အကြီးက အသက် ၃ နှစ်တောင် ရှိနေပြီ
မကြာသေးခင်ကမှ သူက အဲဒီပြည့်တန်ဆာကို အိမ်ခေါ်လာပြီး မယားငယ်အဖြစ် တင်မြှောက်လိုက်တာ၊ အဲဒါကို အိမ်နီး ချင်းတွေက သိသွားပြီး အာဏာပိုင်တွေဆီ တိုင်ကြားခဲ့တာပါ"
"သူ အစကလုပ်ရမယ့် အလုပ်တွေကို ချွေ့မားမားရဲ့ တူကို လွှဲပေးထားလိုက်ပါပြီ၊ အဲဒီကလေးက နည်းနည်းအနေအ ထိုင်ရိုးပေမဲ့ သူက ရိုးသားတဲ့သူတစ်ယောက်ပါ၊ ကြီးကြီးမားမား အမှားတွေ လုပ်မှာမဟုတ်ပါဘူး"
ကြားရသည်မှာ ဘာအမှားမှမရှိသလို ထင်ရသော်လည်း တစ်ခုခုတော့ မှားယွင်းနေသည်မှာ သေချာလှသည်။ ကမ်းချန်ချန်က တိုးညှင်းစွာဖြင့် ဖြည့်စွက်ပြောလိုက်သည်။
"ကျွန်မအဖေက အစတုန်းက အဲဒီမိန်းမရဲ့ ဇာစ်မြစ်ကို မသိခဲ့ပါဘူး၊ အခုတော့ တရားရုံးတော်က သူ့ကို ပြစ်ဒဏ်ချမှတ်လိုက်ပြီး မှုခင်းရေးရာဝန်ကြီးဌာနမှာ အကျဉ်းချထားပါတယ်"