← Chapters

အခန်း ၁၂၇

Vol. 13 Ch. 127

အခန်း ၁၂၇

Vol. 13 Ch. 127

🌻 Chapter 127

သူ့ ဇနီးကလည်း အလားတူ အပူရှိန်မျိုးကို ခံစားနေပုံရသည်။ ယင်ကျန်းကို စိုက်ကြည့်ရင်း သူမရင်ထဲတွင် ချစ်ခင်ယုယမှုများ တဖွားဖွား ပေါ်ပေါက်လာကာ သူ့ မျက်နှာက တတိယမင်းသားနှင့် ပိုတူနေသည်ဟုပင် ထင်မှတ်လာသည်။

သို့သော် သူမက ခေါင်းခါလိုက်ပြီး သူမ ခန္ဓာကိုယ်တွင် တစ်ခုခု မှားယွင်းနေကြောင်း ချက်ချင်း သတိပြုမိသည်။

"အရှင်..."

ထိုစကားလုံးများ ပါးစပ်မှ ထွက်လုနီးပါးတွင် သူမ နှုတ်ခမ်းကိုပြန်ကိုက်ထားမိသည်။ သူမသာ ပြောလိုက်လျှင် သူမ ခြံဝင်းထဲရှိ လူများအတွက် သူမတွင် တာဝန်ရှိသည်ဟု သတ် မှတ်ခံရမည်ဖြစ်ပြီး အရာအားလုံးက သူမ၏စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့်ဟု ဖြစ်သွားလိမ့်မည်။ အဲဒါက ကိုယ့်ခြေထောက်ကိုယ် ပြန်ပစ်ချသလို ဖြစ်မနေဘူးလား...

ယင်ကျန်းကလည်း မတုံးအပေ။ သူကလည်း ချက်ချင်း သိလိုက်သဖြင့် မျက်နှာတစ်ခုလုံး မည်းမှောင်သွားသည်။

"ကျန်းတာ့နျန်"

ကျန်းတာ့နျန်၏ဝဝဖိုင့်ဖိုင့် ကိုယ်လုံးကြီးက ချက်ချင်း ပြေးဝင်လာသည်။

"အရှင်မင်းသား"

ဖူကျင်းမှာ လန့်သွားပြီး ကပျာကယာ "အရှင်... အရှင်က..."

ယင်ကျန်း အေးစက်စွာဖြင့် အမိန့်ပေးသည်။

"သမားတော်ကျန်းကို ခေါ်လာခဲ့၊ ပြီးတော့ ဒီလက်ဖက်ရည်နဲ့ ဟင်းပွဲတွေကို စစ်ဆေးဖို့ ယူသွားစမ်း"

ကျန်းတာ့နျန် ဦးညွှတ်ကာ "ဟုတ်ကဲ့ပါ"

သမားတော်ကျန်း သွေးခုန်နှုန်းကို စမ်းသပ်ပြီးနောက် ပြောသည်။

"ဒါတွေက သာမန်ပျော်ရွှင်မှုဖြစ်စေတဲ့ အရာတွေပါ၊ ခန္ဓာကိုယ်ကိုတော့ အန္တရာယ် မပြုပါဘူး"

ဖူကျင်း သက်ပြင်းတစ်ချက်ချလိုက်ပြီး ယင်ကျန်းကို ကြည့်လာသည်။ ယင်ကျန်းက ဖူကျင်းဘေးရှိ ချွေ့မားမားကို တစ်ချက်ကြည့်လာသည်။

"ဖူကျင်း ကိုယ့်လူတွေကို ကိုယ် သေချာ စီမံခန့်ခွဲသင့်တယ်"

ထိုသို့ပြောပြီးနောက် သူက လှည့်ထွက်သွားသည်။ ယင်ကျန်း လီစဲဖူ၏ ခြံဝင်းသို့ ရောက်သွားသောအခါ လီစဲဖူက လမ်း လျှောက်နေသည်။ သူ့ကို မြင်သောအခါ သူမက ဝမ်းသာအားရဖြင့် ပြောသည်။

"အရှင် ထပ်ရောက်လာပြန်တာလား"

ယင်ကျန်း "ကိုယ့်ကို မကြိုဆိုဘူးလား"

လီစဲဖူက ခပ်မြန်မြန် ပြန်ဖြေသည်။

"ဘယ်လိုလုပ် မကြိုဆိုဘဲ နေပါ့မလဲ၊ ဒီရက်ပိုင်း အရှင်က မကြာခဏ လာလည်နေတော့ ကျွန်မမှာ ကျေးဇူးတင်လွန်းလို့ ဘာပြောရမှန်းတောင် မသိတော့ပါဘူး၊ နှမြောစရာကောင်းတာက ကျွန်မ ဗိုက်က အရမ်းကြီးနေတော့ အရှင့်ကိုအလုပ် အကျွေး မပြုနိုင်တာပါပဲ"

ယင်ကျန်းက သူမကို ထိုင်ရန် ကူညီပေးပြီး သူမ ဗိုက်ကို အကဲခတ်ကြည့်သည်။

"ဒီတစ်ခါက အရင်တစ်ခါတွေထက် ပိုကြီးနေတယ် မသိတဲ့သူဆိုရင် အမြွှာလို့တောင် ထင်သွားမှာပဲ"

လီစဲဖူ ပြုံးကာ ပြောသည်။

"ကျွန်မမှာ အဲဒီလောက် ကံကောင်းမှုမျိုး ဘယ်လိုလုပ် ရှိနိုင်မှာလဲ၊ ဒါပေမဲ့ အရှင်က ကလေးချစ်တယ်ဆိုတာ ကျွန်မ သိပါတယ်၊ ဒီတစ်ယောက် မွေးပြီးရင် အရှင့်အတွက် မင်းသားလေးတွေ အများကြီး ထပ်မွေးပေးပါဦးမယ်"

ယင်ကျန်း သူမ လက်ကို ပုတ်ကာ ပြောသည်။

"မင်း ပင်ပန်းနေပြီ"

လီစဲဖူက "လုံးဝ မပင်ပန်းပါဘူး၊ အရှင့်ရဲ့ စကားလေးနဲ့တင် လုံလောက်နေပါပြီ"

ကမ်းချန်ချန်မှာ ပက်လက်လှန် လှဲလျက်ရှိပြီး ရှေးဟောင်းဘုရားကျောင်း၏ ပြတင်းပေါက်များမှတစ်ဆင့် တောက်ပကြည်လင်သော လရောင်များ ဖြာကျနေသည်။

လရောင်က သဘာဝအတိုင်း အလွန်လှပလှသည်။ ယင်ကျန်း လမင်းကို ဒီလောက်တောင် ငေးကြည့်ရတာကို နှစ်သက်တာ အံ့သြစရာတော့ မဟုတ်ဘူးပဲ...

[တကယ်လို့ ယင်ကျန်းကသာ လမင်းဆိုရင် ငါက သူ့ဘေးနားက ကြယ်လေးတစ်ပွင့်ပဲ။ သူ့မှာ မိဘတွေ၊ ညီအစ်ကိုတွေ၊ မယားကြီး၊ ကလေးတွေနဲ့ ကိုယ်လုပ်တော်တွေ ရှိတယ်]

[အရေးအကြီးဆုံးက သူ့မှာ ငွေကြေး၊ အာဏာနဲ့ အဆင့်အ တန်း ရှိတယ်၊ ငါမှာကျတော့ရော ဘာရှိလို့လဲ]

[ဟွန်း... ပြောရရင် ဒီခန္ဓာကိုယ်ကတောင် ငှားရမ်းထားတဲ့ အလောင်းကောင်တစ်ခုပဲ]

[ငါက ဝိညာဉ်တစ်ခုလေ ဒါပေမဲ့ အသက်ရှင်ဖို့ တွယ်တာနေပြီး သေရမှာကို ကြောက်နေမိတယ်၊ ဒါပေမဲ့ အသက်ရှင်နေရတာကလည်း ငါအတွက် ပျော်ရွှင်မှုအများကြီး ယူဆောင်လာပေးမှာ မဟုတ်ဘူး]

[ဒီဘုရားကျောင်းက အများကြီးပိုငြိမ်းချမ်းတယ်၊ ဒီမှာဆို ငါက ငါကိုယ်တိုင် ဖြစ်နိုင်တယ်၊ ဒီမှာ နောက်ထပ်ရက်အနည်းငယ်လောက်တောင် နေချင်လိုက်တာ၊ ဒါပေမဲ့ အဲဒါက စည်းမျဉ်းစည်းကမ်းတွေနဲ့ မညီဘူးဖြစ်နေတယ်]

"ဓားပြတွေဟေ့"

ကမ်းချန်ချန် ထိုအသံကို ကြားလိုက်ရပြီး အဝတ်အစား လဲလှယ်ပြီးခါစမှာပင် တံခါးကို ဖွင့်ကာ ဓားပြများ ဝင်ချလာသည်ကို မြင်လိုက်ရသည်။ ဓားပြများက သူမကို ဖမ်းဆီးကာ အပြင်သို့ ဆွဲထုတ်သွားကြသည်။ ဆရာတော် ဟွေ့ရီက သူတို့ကို တားဆီးသည်။

"မင်းတို့က ဘယ်သူတွေလဲ၊ ဘာလိုချင်လို့လဲ"

ဓားပြများက "မနက်ဖြန်ည ယင်ကျန်းကို နောက်ဖေးခြံဝင်းထဲမှာ တစ်ယောက်တည်း စောင့်နေခိုင်းလိုက်၊ မဟုတ်ရင် သူ့မိန်းမ အသက်တော့ ပြီးသွားပြီပဲ"

[ဒါ ဟွမ်ရိကျူးရဲ့ ဒုတိယအစ်ကိုများလား]

ကမ်းချန်ချန် အသံကို မှတ်မိသွားပြီး သူမ မျက်လုံးများဟိုဟိုဒီဒီ ကစားသွားကာ ခန့်မှန်းနေမိသည်။

သူမဘေးရှိ လူက သူမကို ဂရုမစိုက်ဘဲ သူမခါးစည်းကြိုးကိုသာ ဆွဲကိုင်ကာ ခေါ်ထုတ်သွားရန်ကြိုးစားလေသည်။ အစောင့်များက သူတို့ကို တားဆီးရန် ကြိုးစားကြသော် လည်း အနက်ရောင်ဝတ်ဆင်ထားသူများအတွက် နင်းတက်စရာ ကျောက်ခဲများသာဖြစ်သွားကြသည်။

All Chapters