← Chapters

အခန်း ၁၅၀

Vol. 15 Ch. 150

အခန်း ၁၅၀

Vol. 15 Ch. 150

🌻 Chapter 150

နဝမမင်းသား အနားသို့ တိုးကပ်လာကာ သူ့မျက်ဝန်းထောင့်များ ကွေးညွတ်သွားသည်အထိ ပြုံးလာသည်။

"မင်း ကိုယ်နဲ့အတူ ပန်းခင်းကို လိုက်ကြည့်မယ်ဆိုရင် အဲဒီကျ ပြောပြမယ်"

ကမ်းချန်ချန် ရယ်လိုက်သည်။

"ပန်းခင်းတွေ သွားကြည့်ရတာ ဘာများ စိတ်ဝင်စားစရာ ရှိလို့လဲ၊ ရှင့်လက်ကို ဆန့်ထုတ်လိုက်၊ ရှင့်ကို ကျွန်မ တစ်ခုခု ပေးမယ်"

နဝမမင်းသားသည် သူ့ ညာလက်ကို သတိထား၍ ဆန့်ထုတ်လိုက်ရာ ကမ်းချန်ချန်က သူမလက်ကို လက်သီးဆုပ်ကာ သူ့ လက်ဖဝါးအထက်သို့ ရွှေ့လိုက်ပြီး ရုတ်တရက် ဖြန့်ချလိုက်သည်ကို မြင်ရလေသည်။

"အာ... ဒါက ဘာကြီးလဲ"

နဝမမင်းသားက ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး သူ့ မျက်နှာမှာ ကြောက်လန့်မှုကြောင့် ဖြူရော်သွားသည်။ သူက အမည်းရောင် စေးကပ်ကပ် ပိုးကောင်ကြီးကို ခါချလိုက်ရာ မြင်းပေါ်မှ ပြုတ်ကျလုနီးပါး ဖြစ်သွားရသည်။

လမ်းကို ပိတ်ဆို့ထားသော လူမိုက်များနှင့် ဓားပြများမှာ တိုက်ခိုက်နေခြင်းကို ရပ်တန့်ကြပြီး သူတို့ထံသို့ အားလုံး လှည့်ကြည့်လာသည်။ ကမ်းချန်ချန်က စိတ်ထဲမှ လှောင်ပြုံး ပြုံးလိုက်သည်။

[ထင်တဲ့အတိုင်းပဲ... အားလုံးက သူ့လူတွေချည်းကိုး၊ အခုတော့ သူတို့သခင်အတွက် စိုးရိမ်နေကြပြီပေါ့]

နဝမမင်းသား အောက်သို့ ငုံ့ကြည့်လိုက်ရာ ကမ်းချန်ချန် သူ့ လက်ထဲသို့ ထည့်ပေးလိုက်သောအရာမှာ ပိုးတောင်မာအစစ် မဟုတ်ဘဲ ကစားစရာအရုပ်ငယ်လေး တစ်ခုသာဖြစ်ကြောင်း သဘောပေါက်သွားသည်။

သူ သက်ပြင်းချလိုက်နိုင်သော်လည်း အနည်းငယ် အရှက်ရသွားသလို ခံစားမိသည်။ သူ့ ဖြူဖွေးသော မျက်နှာမှာ ရဲတက်နေဆဲပင်။

"ဒါ ဘာသဘောလဲ"

ကမ်းချန်ချန် ပြန်မေးခွန်းထုတ်သည်။

"ဒါဆို ရှင့်လူတွေကို ဓားပြအဖြစ် တမင်ဟန်ဆောင်ခိုင်းတာကရော ဘာသဘောလဲ"

နဝမမင်းသားဆီမှ မာနထောင်လွှားမှုများ ရပ်တန့်သွားကာ သူ့မျက်လုံးများမှာ ဟိုဟိုဒီဒီ ရွေ့လျားသွားသည်။

"ငါ့အကွက်တွေ ပေါ်သွားပြီဆိုမှတော့ ဆက်ပြီး ဟန်မဆောင်တော့ပါဘူး၊ မရီးက စတုတ္ထအစ်ကိုတော်ကိုပဲ ဂရုစိုက်ပြီး ညီတော်ဖြစ်တဲ့ ကိုယ့်ကိုကျတော့ တစ်ချက်လေးတောင် လှည့်မကြည့်ဘူး၊ ကိုယ် အရမ်းဝမ်းနည်းရလွန်းလို့ ဒီလှည့်ကွက်ကို သုံးလိုက်ရတာပါ"

ကမ်းချန်ချန် မျက်လုံးများလှန်မိကာ ရေရွတ်လေသည်။

"တကယ့် လှည့်ကွက်ပဲ"

နဝမမင်းသား ယပ်တောင် လက်ကိုင်ကို ဆုပ်ကိုင်လိုက်ပြီး သူ့ အိတ်ကပ်ထဲမှ ငွေစက္ကူ ငါးရွက်ကို ထုတ်ယူလာသည်။

"ဒါတွေကို မရီးအတွက် ကျွန်တော့်ရဲ့ တောင်းပန်မှုအဖြစ် မှတ်ယူပေးပါ၊ နည်းလွန်းတယ်လို့ မထင်ဖို့ မျှော်လင့်ပါတယ်"

ကမ်းချန်ချန် ငွေစက္ကူများကို တစ်ချက်ကြည့်လေသည်။ အို ဘုရားရေ... သူ တကယ့်ကို ရက်ရောလွန်းတာပဲ၊ တစ်ရွက်ကို ငွေတစ်တေးတောင် ဟေ့။

သို့သော် သူမ လက်ခံ၍မရနိုင်သဖြင့် ရိုးရှင်းစွာပင် ငြင်းဆို လိုက်သည်။

"ထားလိုက်ပါတော့၊ တကယ်လို့ ရှင့်ပစ္စည်းတွေကို ကျွန်မ လက်ခံလိုက်ရင် ရှင့်ရဲ့စတုတ္ထအစ်ကိုတော် ပြန်လာတဲ့အခါ သေချာပေါက် ဒေါသထွက်လိမ့်မယ်"

နဝမမင်းသား လှောင်ပြုံးပြုံးလာသည်။

"ဟက်... ကိုယ့်ရဲ့ စတုတ္ထအစ်ကိုတော်က ပုံမှန်ဆို အကပ်စေးအနှဲဆုံးပဲ၊ တောင်းဆိုရင်တောင် သူက ဘယ်သူ့ကိုမှ ဒကာမခံဘူး၊ ပြီးတော့ လက်ဆောင်ပေးရမှာကို ရှောင်ချင်လို့ တစ်ယောက်ယောက်က ပွဲဖိတ်ရင်တောင် မသွားဘူး

သူက အပေါ်အင်္ကျီ တစ်ထည်တည်းကို မလဲဘဲ တစ်နှစ်လုံး ဝတ်နိုင်တဲ့သူပဲ၊ မင်းကို သူက ဘာပြောစရာ အခွင့်အရေးများရှိလို့လဲ"

ကမ်းချန်ချန် မျက်နှာသည် ချက်ချင်းအေးစက်သွားသည်။

"ရှင် ဘယ်လိုလုပ် အဲဒီလိုပြောထွက်ရတာလဲ"

ထိုသို့ပြောပြီးနောက် သူမက ကုလားကာကို ချလိုက်ကာ အပြင်ဘက်သို့ အော်ပြောသည်။

"သွားကြစို့"

န၀မမင်းသားက တစ်စုံတစ်ယောက်ကို မြေကြီးပေါ်မှ ပိုးတောင်မာရုပ်လေးကို ကောက်ယူခိုင်းပြီး ပိုးသားလက်ကိုင် ပဝါဖြင့် သန့်ရှင်းသွားအောင် သုတ်ခိုင်းကာ သူ့အား ကမ်းပေးလာသည်။

သူက ပိုးတောင်မာလေးကို လက်ချောင်းများကြားတွင် ညှပ်ထားကာ ရယ်မောလျက် ဆိုလေသည်။

"တကယ် စိတ်ဝင်စားစရာပဲ"

နောက်တစ်နေ့တွင် ကမ်းချန်ချန်သည် ဆေးဆိုင်မှ လိုအပ်သည်များကို ရယူပြီးနောက် စုန့်ကော်ကော် အဆောင်သို့ သွားခဲ့သည်။

အံ့သြစရာကောင်းသည်မှာ သူမသည် စုန့်ကော်ကော်ပြတင်း ပေါက်နားတွင် ထိုင်ကာ မျက်ရည်များ စီးကျနေသည်ကို မြင်တွေ့လိုက်ရခြင်းပင်။

သူမ မျက်လုံးများမှာ မက်မွန်သီးများကဲ့သို့ မို့အစ်နေပြီး အရပ် ၁.၆ မီတာကျော် ရှိသော်လည်း ကိုယ်အလေးချိန်မှာ ၈၀ ကီလိုဂရမ်မျှသာ ရှိလောက်မည်ဖြစ်သည်။

မိန်းမလှလေးတစ်ဦး မျက်ရည်ကျနေခြင်းက ကဗျာဆန်လှသော်လည်း သူမ ကျန်းမာရေးအတွက်တော့ မကောင်းလှပေ။

ထိုအရာကိုမြင်သောအခါ ကမ်းချန်ချန်မှာ အပြစ်ရှိသလို ခံစားရပြီး နောင်တရမိသည်။ သူမ မျက်နှာသာ မရခင်က လီစဲဖူသည် အချစ်တော်ဆုံးဖြစ်ပြီး စုန့်ကော်ကော်က ဒုတိယနေရာတွင် ရှိခဲ့သည်။

သို့သော် သူမ မျက်နှာသာရလာပြီးနောက် လီစဲဖူက ဒုတိယနေရာသို့ ရောက်သွားကာ လနှင့်ချီ၍ ယင်ကျန်းက စုန့်ကော်ကော်ထံသို့ သွားလည်ရန်ပင် မတွေးတော့ပေ။

စုန့်ကော်ကော် မျက်ရည်များမှာ အဝေးကြီးဖြစ်သော ကျန်နန်မှ သူမ မိသားစုကို လွမ်းဆွတ်ခြင်းနှင့် ပတ်သက်နေသော် လည်း ယင်ကျန်းကသာ သူမကို ပိုပြီးဂရုစိုက်ပေးခဲ့မည်ဆိုလျှင် သူမ စိတ်သက်သာရာရနိုင်မည် ဖြစ်သည်။

ကမ်းချန်ချန်သည် တစ်ခါတရံ အလွန် တစ်ကိုယ်ကောင်းဆန်တတ်သည်မှာ မှန်လေသည်။ သူမ နှလုံးသားထဲတွင် ဤယောက်ျားကို နေရာပေးထားမိသောကြောင့် သူ့ကို တခြားဘယ်သူနဲ့မှ မမျှဝေချင်ခဲ့သလို ယင်ကျန်းကို လူတိုင်းအပေါ် တန်းတူညီမျှ ဆက်ဆံရန်ပင် သူမ ဖျောင်းဖျမပြောဆိုရက်ပေ။

သေချာသည်မှာ စုန့်ကော်ကော်လည်း ဤအရာကို လက်ခံနိုင်ရန်လိုအပ်ပေသည်။ မည်သို့ပင်ဖြစ်စေ သူမ ကျန်းမာရေးက အရေးကြီးဆုံးသာ။ စုန့်ကော်ကော်က သူမ လာသည်ကို မြင်သောအခါ မျက်ရည်များကို အမြန်သုတ်လိုက်သည်။

"နင့်ကို ရယ်စရာ ဖြစ်အောင် လုပ်မိပြန်ပြီ"

ကမ်းချန်ချန် သူမလက်ထဲရှိ နွယ်ချိုနှင့် တရုတ်ဇီးမုန့်တို့ကို ကမ်းပေးသည်။

"ဒါက ညီမဇာတိမြေက ဆေးနည်းအတိုင်းလုပ်ထားတဲ့ ချောင်းဆိုးပျောက်ဆေးလေးပါ၊ အထဲမှာ နွယ်ချို၊ တရုတ်ဇီး၊ ပျားရည်ပန်းနဲ့ တခြား ဆေးဘက်ဝင် အပင်တွေပါတယ်

အစ်မတော် သန်းခေါင်ယံမှာ ချောင်းဆိုးရင် တစ်လုံးလောက် စားလိုက်ပါ၊ ချောင်းဆိုးလွန်းလို့ တစ်ညလုံး အိပ်မရတာမျိုး မဖြစ်တော့ဘူးပေါ့"

စုန့်ကော်ကော် ၎င်းကို ယူလိုက်ပြီး အတင်းပြုံးထားရသော အပြုံးဖြင့် ပြောလာသည်။

"နင်က တကယ့်ကို ဂရုစိုက်တတ်တာပဲ၊ တကယ်တော့ ငါ့ရဲ့ ချောင်းဆိုးတာက အရင်က ဒီလောက် မဆိုးရွားပါဘူး၊ ဒါပေမဲ့ မနှစ်က ငါ့ရဲ့ အဘိုးဆုံးပါးသွားပြီးတဲ့နောက် ငါ ငယ်ငယ်တုန်းက သူနဲ့ ဆော့ကစားခဲ့ရတာတွေကို တွေးမိတိုင်း တစ်ခုခု ဆုံးရှုံးသွားသလို ခံစားရပြီး ငါ့ရဲ့ အဝတ်အစားတွေက မျက်ရည်တွေနဲ့ ရွှဲရွှဲစိုနေတတ်တယ်

ဟူး... ငါ ဒီကို ရောက်လာကတည်းက တစ်ခေါက်လေးတောင် ပြန်မသွားရသေးဘူး၊ မနေ့ကပဲ အိမ်ကနေ စာတစ်စောင် ရတယ်၊ ငါ့အမေလည်း ကျန်းမာရေး အရမ်းဆိုးနေတယ်တဲ့၊ ပြီးတော့ ငါက..."

ဤနေရာသို့ ရောက်သောအခါ သူမ စကားတစ်ခွန်းမျှ ထပ်မပြောနိုင်တော့ဘဲ ရင်ဘတ်ကို ဖိကာ တိတ်တဆိတ် ငိုကြွေးတော့သည်။ ကမ်းချန်ချန်က ပြောသည်။

"အစ်မတော်အိမ်က အရမ်းဝေးလွန်းတယ်၊ ပြီးတော့ အစ်မတော်အဖေကလည်း ကျန်နန်မှာ တာဝန်ထမ်းဆောင်နေတာလေ၊ ကျွန်မတို့က ဒီကနေ မြို့တော်ပြင်ပကိုတောင် ထွက်ခွင့်မရှိဘူး၊ အရမ်းခက်ခဲလွန်းတာပဲ"

ကမ်းချန်ချန်သည်လည်း ယန်ကျိုးနှင့် စူးကျိုး ရှေးဟောင်းမြို့တော်များကို မြင်တွေ့ရန်အတွက် ကျန်နန်သို့ သွားရောက်လည်ပတ်လိုသည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်သော် လည်း ယင်ကျန်းကို မပြောရဲခဲ့ပေ။

သေချာသည်မှာ စုန့်ကော်ကော် အိမ်လွမ်းစိတ်နှင့် သူမမိသားစုအပေါ် တမ်းတမှုတို့နှင့် ယှဉ်လျှင် ဤအရာမှာ ဘာမှမဟုတ်ပေ။ စုန့်ကော်ကော်က သက်ပြင်းချလာသည်။

" မှန်တာပေါ့၊ ငါ့တစ်သက်မှာ သူတို့ကို ထပ်ပြီး သွားမတွေ့နိုင်တော့မှာ စိုးရိမ်မိတယ်"

ကမ်းချန်ချန်မှာ မဟုတ်တဟုတ်စိတ် တစ်ချက်ဝင်လာပြီး စုန့်ကော်ကော်နှင့်အတူ မင်းသားစံအိမ်မှ ထွက်ပြေးရန် အစီအ စဉ်ဆွဲတော့မည့်ဆဲဆဲတွင် တွန့်ဆုတ်သွားရသည်။ သူမက ထွက်သွားနိုင်ပေမယ့် သူမ မိသားစုက ဘယ်လိုလုပ်မလဲ...

ကမ်းချန်အန်းက သူမအပေါ် ဆိုးရွားစွာ ဆက်ဆံခဲ့သော် လည်း ကျောက်စစ်မှာ လေးစားဖွယ်ကောင်းသော်လည်း သနားစရာကောင်းသော မိခင်တစ်ဦးဖြစ်ပြီး ကျန်းမာရေးမှာလည်း မကောင်းလှပေ။

ကမ်းချန်ချန်က ခွဲခြမ်းစိတ်ဖြာ‌နေမိသည်။

"ဒီကိစ္စကို ဖြစ်မြောက်အောင် လုပ်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းက ယင်ကျန်းကတစ်ဆင့် သွားဖို့ပဲ"

စုန့်ကော်ကော် မျက်လုံးများထဲတွင် မျှော်လင့်ချက်ရောင် ခြည်လေးတစ်ခု ပေါ်လာသော်လည်း လျင်မြန်စွာပင် ပြန်လည် ပျောက်ကွယ်သွားလေသည်။ သူမက ခေါင်းယမ်းကာ ခါးသီးစွာ ပြုံးလျက်ပြောသည်။

"ငါ မျက်နှာသာ အပေးခံရဆုံး အချိန်တုန်းက ဒါကို ပြောခဲ့ရင်တောင် အလုပ်ဖြစ်မှာ မဟုတ်ပါဘူး"

"အစ်မတော်က ဘယ်လို ပြောခဲ့တာလဲ၊ ပြီးတော့ သူက ဘယ်လို ပြန်တုံ့ပြန်ခဲ့လဲ"

စုန့်ကော်ကော် အကြည့်များက နက်ရှိုင်းသွားကာ သူမက တိုးတိုးလေးပြောလေသည်။

All Chapters