အခန်း ၁၇၂
Vol. 18 Ch. 172
🌻 Chapter 172
"ကျွန်မ... ကျွန်မက ကျဲအတွက် စိတ်မကောင်းဖြစ်ရတာပါ၊ ကျဲက ရည်မှန်းချက်မရှိလို့ ဒေါသထွက်တာ၊ ကျဲမှာ ဒီလောက်ကောင်းတဲ့ အရည်အချင်းတွေ ရှိနေတာတောင်မှ မျက်နှာသာရဖို့ မယှဉ်ပြိုင်ဘူးလေ၊ ကျဲသာ ကိုယ်ဝန်ရှိနေရင် ကိုယ်လုပ်တော်တွေကို ဒီလောက် မောက်မာခွင့် ပေးထားမှာလား"
"မင်းသားစံအိမ်မှာ မောက်မာတဲ့ ကိုယ်လုပ်တော်ဆိုတာ မရှိဘူး၊ လူတိုင်းက စည်းကမ်းတွေကို သိကြတယ်"
ချွမ်းကျူးသည် ဒေါသတကြီး ထွက်သွားရန် ပြင်လိုက်သော်လည်း အစေခံမလေးများနှင့် အစေခံများစွာက သူမ လမ်းကို ပိတ်ဆို့ထားကြသည်။
ဖူကျင်းက ပြောသည်။
"ဒီနှစ်ရက်အတွင်း နင် စံအိမ်ရဲ့ စည်းမျဉ်းတွေကို ကူးရေးရမယ်၊ နင် အဲဒါတွေကို အပြည့်အဝ နားလည်သဘောပေါက်သွားမှ ထွက်သွားလို့ရမယ်"
ချွမ်းကျူး ထွက်သွားပြီးနောက် ချွေ့မားမားက ဖူကျင်း နားနားကပ်၍ တိုးတိုးလေး ပြောသည်။
"ဖူကျင်း... အခုထိ နားမလည်သေးဘူးလား"
ဖူကျင်း သူမ နှာခေါင်းလေးကို ညှစ်ကာ "ငါ မအပါဘူး၊ နားမလည်စရာ ဘာရှိလို့လဲ၊ ဒါပေမဲ့ ငါ နားမလည်တာက... စတုတ္ထမင်းသားက သူမထက် အသက်ဆယ့်သုံးနှစ်တောင် ကြီးတယ်၊ ပြီးတော့ သူ့မှာ မယားသုံးယောက်နဲ့ ကိုယ်လုပ် တော် လေးယောက် ရှိရုံသာမကဘူး၊ အရေးအကြီးဆုံးက သူက နာမည်ခံလင်မယားအနေနဲ့ ငါ့ရဲ့ ခင်ပွန်းဖြစ်နေတာလေ"
ချွေ့မားမား သူမ ပခုံးကို နှိပ်နယ်ပေးရင်း ပြောသည်။
"သူမ အမေက သခင်မကြီးရဲ့ယောကျ်ားကို လုယူရတာ သဘောကျခဲ့တာလေ၊ ဒါကြောင့် သဘာဝကျကျပဲ သူမကလည်း ဖူကျင်းရဲ့ယောကျ်ားကို လုယူချင်တာပေါ့၊ အသိ ဉာဏ်တိမ်တိမ်တဲ့ အဲဒီမိန်းမယုတ်လေးက တကယ်ကို အမွေဆက်ခံထားတာပဲ၊ ဒါက သူမကို အောင်မြင်မှုတစ်ခုလို ခံစားရစေတာလည်း ဖြစ်နိုင်တာပဲ"
ဖူကျင်းက လက်ဖက်ရည်တစ်ငုံ သောက်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
"ငါက စတုတ္ထမင်းသားကို ဂရုမစိုက်ပါဘူး၊ ပြီးတော့ အဲဒီငတုံးက ငါ့နေရာကို အစားထိုးနိုင်မယ်လို့လည်း ငါ မယုံဘူး"
ချွေ့မားမားက စိုးရိမ်တကြီးဖြင့် စကားပြောရန် ပါးစပ်ဟလိုက်စဉ်မှာပင် ဖူကျင်းထပ်ပြောသည်ကို ကြားလေသည်။
"ဒါပေမဲ့ ဒီကိစ္စသာ သတင်းပေါက်ကြားသွားရင် ငါတို့ ဝူလာနာလာမျိုးနွယ်စု အမျိုးသမီးတွေရဲ့ ဂုဏ်သိက္ခာကို သေချာ ပေါက် ထိခိုက်စေလိမ့်မယ်၊ အခြေအနေကို နားမလည်တဲ့သူတွေက လောကကြီးမှာ စတုတ္ထမင်းသား တစ်ယောက်တည်း ယောကျ်ားရှိတယ်လို့ ထင်သွားကြလိမ့်မယ်"
ချွေ့မားမားက ပြောသည်။
"ဖူကျင်း ပြောတာ မှန်ပါတယ်၊ မနက်ဖြန်ကျရင် အဆင့် အတန်းမြင့်ချင်နေတဲ့ သူမရဲ့ ရည်မှန်းချက်ကို ဖြတ်တောက်ဖို့ ပြန်လွှတ်လိုက်ရမယ်"
ချွမ်းကျူးသည် ဘုရားကျောင်းဆောင်ရှိ ဘုရားဆင်းတုတော်အောက်တွင် လက်ရေးကျင့်စာအုပ်တစ်အုပ်ကို တွေ့ရှိခဲ့သည်။
စာမျက်နှာတိုင်းတွင် စာလုံးများ သိပ်သည်းစွာ ပြည့်နှက်နေသော်လည်း နေရာတစ်ခုတည်းမှာပင် ကောင်းချီးမင်္ဂလာဟူသော စာလုံးနှစ်လုံး ရှိနေသည်။
ဒီလက်ရေးက... ဖြစ်နိုင်တာက...
ချွမ်းကျူး ငယ်ငယ်တုန်းက တစ်နေ့တွင် သူမ အစ်ဖြစ်သူ ချွမ်းရှုသည် နန်းတော်မှပြန်လာကာ အလွန်ချိုသာစွာပြုံးနေခဲ့သည်ကို ပြန်လည် အမှတ်ရသွားသည်။ ထို့နောက် သူမသည် စာသင်ကျောင်းဆောင်သို့ သွားကာ ကဗျာလင်္ကာကျမ်းစာအုပ်ကို တိတ်တဆိတ်ထုတ်ယူ၍ ဖတ်ရှုရွတ်ဆိုနေပြီး သူမ လက်ချောင်းများက သဲပြင်ပေါ်တွင် ကောင်းချီးဟူသော စာလုံးကို ထပ်ခါတလဲလဲ ရေးဆွဲနေသည်။
ထိုအချိန်က သူမသည် လေးနှစ်အရွယ်သာရှိသေးပြီး ရပ်တန့် ဟူသော စာလုံးကိုသာ သိလေသည်။ သူမက မော့ကြည့်ကာမေးသည်။
"ကျဲ... ဒီစာလုံးက ဘယ်လိုအသံထွက်လဲ"
ချွမ်းရှုက သူမ ဖိနပ်အောက်ခံဖြင့် ထိုစာလုံးကို အမြန်ဖျက်ပစ်လိုက်ပြီး ရှက်ရွံ့စွာဖြင့် မျက်နှာနီရဲသွားသည်။ ပထမဆုံးအကြိမ်အဖြစ် သူမက ချွမ်းကျူကို အေးစက်စက်အကြည့်ဖြင့် မကြည့်ဘဲ သူမ ပိုက်ဆံအိတ်ထဲမှ ကွေ့ဟွာပန်းသကြား လုံး တစ်ဆုပ်ကိုထုတ်ယူလာသည်။
"ရော့... ဟိုဘက်မှာ သွားဆော့ချေ"
ထိုအရည်အသွေးကောင်းမွန်သော ကွေ့ဟွာပန်းသကြားလုံးကို သူမ လိုချင်တပ်မက်နေခဲ့သည်မှာ ကြာပြီဖြစ်သော ကြောင့် ဤအဖြစ်အပျက်က သူမအပေါ် အထူးနက်ရှိုင်း သော မှတ်ဉာဏ်တစ်ခု ချန်ထားခဲ့ခြင်း ဖြစ်သည်။
ဒီလိုကိုး၊ သူမက စတုတ္ထမင်းသားကို ဂရုမစိုက်တာ အံ့သြစရာ မရှိတော့ပါဘူး၊ သူမက တတိယမင်းသားကို တိတ်တ ဆိတ် ချစ်မြတ်နိုးနေခဲ့တာပဲ...
ချွမ်းကျူသည် လက်ရေးကျင့်စာအုပ်မှ စာမျက်နှာတစ်ခုကို ဆုတ်ဖြဲယူလိုက်ပြီးနောက် မူလနေရာတွင် ပြန်ထားသည်။ နောက်တစ်နေ့တွင် ဖူကျင်းသည် ထမ်းစင်ကို ပြင်ဆင်ထားပြီး အစေခံမလေးများကို ချွမ်းကျူးအား ခေါ်ဆောင်လာစေခဲ့သည်။
"ငါ အဖေ့ကို ပြောပြီးသွားပြီ၊ နင် ပြန်သင့်ပြီ၊ ဒီမှာ နင့်အတွက် နေရာမရှိဘူး"
ချွမ်းကျူး လှောင်ပြောင်စွာဖြင့် "ဘာလို့ ငါ့အတွက် နေရာမရှိရမှာလဲ"
ချွေ့မားမားက ပြောသည်။
"ဖူကျင်းကို အရမ်းရက်စက်တဲ့ စကားတွေ ပြောထွက်လာအောင် မလုပ်ပါနဲ့၊ သခင်မလေးက အရမ်း ရိုးအလွန်းပါတယ်
သခင်မလေးရဲ့ မြှူဆွယ်တဲ့ လှည့်ကွက်လေးတွေကို ဖူကျင်းက မမြင်ဘဲ နေမှာမဟုတ်ဘူး"
ချွမ်းကျူးက ပြန်လည်ချေပလေသည်။
"မြှူဆွယ်တယ် ဟုတ်လား၊ ငါက ဘယ်လို မြှူဆွယ်ခဲ့လို့လဲ"
ချွေ့မားမားက မျက်ရိပ်ပြလိုက်ရာ အခြားအစေခံမလေးများ ထွက်သွားကြပြီး အခန်းထဲတွင် သူတို့သုံးယောက်သာ ကျန်ရစ်ခဲ့သည်။
ဖူကျင်း "ငါ ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်၊ ငါ ဒီမှာ ရှိနေသရွေ့ နင် မင်းသားစံအိမ်ရဲ့တံခါးဝကိုဝင်ခွင့်မရှိဘူး"
ချွမ်းကျူးက ပြောသည်။
"ဘာလဲ၊ အစ်မ ဟန်မဆောင်တော့ဘူးလား၊ ချစ်ရတဲ့အစ်မကြီးက... ကျွန်မနဲ့ ညီအစ်မတွေလို ဟန်ဆောင်တာ အရမ်းတော်တယ် မဟုတ်ဘူးလား"
ဖူကျင်း "ဘယ်ညီမကမှ ကိုယ့်အစ်မရဲ့ ယောကျ်ားကို တပ်မက်မှာ မဟုတ်ဘူး"
ချွေ့မားမား "အဲဒီညီမက ယောကျ်ားတွေကို မြှူဆွယ်ရတာ သဘောကျတဲ့ မိန်းမယုတ်လေး မဟုတ်ဘူးဆိုရင်ပေါ့"
ချွမ်းကျူး ရွဲ့ကာ ပြန်လည်ချေပသည်။
"ပြီးတော့ ဘယ်ဇနီးကမှလည်း ကိုယ့်ခင်ပွန်းရဲ့ ညီအစ်ကိုအရင်းကိုတပ်မက်မှာ မဟုတ်ဘူးလေ"
ဖူကျင်းနှင့် ချွေ့မားမားတို့ မျက်နှာအမူအရာမှာ တစ်ပြိုင်နက်တည်း ပြောင်းလဲသွားသည်။
"နင် ဘာပြောလိုက်တယ်"
ချွမ်းကျူး ခေါင်းယမ်းကာ အခန်းထဲတွင် ခေါက်တုံ့ခေါက် ပြန် လမ်းလျှောက်နေသည်။
"ဟွန်း... လူတွေ သိမှာ မလိုချင်ရင် အစတည်းက မလုပ်နဲ့လေ"
"ကျဲက တကယ့်ကို အကျင့်စာရိတ္တကောင်းတာပဲ"
"ဝူလာနာလာ မျိုးနွယ်စု အမျိုးသမီးတွေအတွက် ကိုယ်ကျင့် တရား စံပြပုဂ္ဂိုလ်ဖြစ်တဲ့ ကျဲက ဒီလို ညစ်ပတ်တဲ့ အတွေးတွေကို ရင်ဘတ်ထဲ ထည့်ထားလိမ့်မယ်လို့ ကျွန်မ ဘယ်တုန်း ကမှ မထင်ခဲ့ဘူး၊ အဖေသာ သိသွားရင် ဘယ်လိုလုပ်မလဲ ကျွတ် ကျွတ် ကျွတ်..."
ဖူကျင်းသည် ဒေါသကြောင့် သူမ၏ ကုလားထိုင် လက်တန်းကိုတင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီးနောက် အမြန်လွှတ်ပေးကာ အတင်းပြုံးသည်။
"နင် အဲဒီလို ကောလာဟလတွေ ဖြန့်ရင်တောင် ဘယ်သူမှ ယုံမှာ မဟုတ်ဘူး"